Glow Skin Burma

Glow Skin Burma

Share

မျက်နှာအသားအရေနဲ့ ပတ်သတ်ပြီး ယုံကြည်စွာ သုံးစွဲနိုင်ပါတယ် ။ No side effect at all

13/05/2026

လုံးဝ မကြေငြာတာတောင်
Glow Skin ကို လုံးဝ အပြတ်မခံ ပဲ
လစဉ်လတိုင်း သုံးနေကျအတိုင်း မှာကြတဲ့
Customer လေးတွေ ကို ကျေးဇူးတင်လိုက်တာ

Glow Skin က New Customer လေးတွေ အတွက်
မဟုတ်တော့ပါဘူးရှင် ။
Loyal customers လေးတွေအတွက်သာ
ပစ္စည်းထားရှိပေးထားတာမို့
ချစ်ရတဲ့ Glow Skin ချစ်သူလေးများ
စိတ်ကြိုက်မှာလို့ရပါတယ် ။

ကုန်ကြမ်းအခက်အခဲကြောင့် ချစ်ထိုက်
တွင်တွင်ကျယ်ကျယ် ဆက်မထုတ်ဖြစ်ပေမဲ့
Quality တစ်စက်မှ
မလျှော့သွားတဲ့ Glow Skin ကို
အမြဲ ယုံကြည်နိုင်ပါတယ်နော် ။

Loyal customers လေးများ
မန့်သွားကြပါ ။
လက်ဆောင်လေးတွေထည့်ပေးလိုကချင်လို့ပါ
ကျေးဇူးတင်အားနာရလွန်းလို့လေ ။

Glow Skin Burma က
ချစ်ထိုက်အကျိုးအမြတ်အတွက်
ဆက်လုပ်နေတာလုံးဝ မဟုတ်တော့ပါဘူး ။

ပစ္စည်းကောင်းလေးတွေ ထုတ်ဖူးတဲ့
ချစ်ထိုက်ရဲ့ နှလုံးသားနဲ့
ပစ္စည်းကောင်းလေးမှ ဆက်သုံးချင်တဲ့
Customer များရဲ့ နှလုံးသားတို့
“ ဆက်နွယ်မှု” သက်သက်သာဖြစ်သွားပါပြီ ။

ကုန်ကြမ်းစျေးတွေ အဆမတန်တက်တာ
အားလုံးသိကြပေမဲ့ ငွေ ကျပ် 3000/4000 ထက်
ပိုမတက်ပဲ ကြေလဲ မကြေငြာဘူးဆိုတည်းက
ဒါက အချစ်သက်သေပဲလေ ။

Aloe Vera soap L size 16000 kyats
Toner 50 ml 28000 kyats
Jelly serum 50 ml 28000 kyats
Coffee honey scrub 19000 kyats
Face oil 28000 kyats

Aloe Vera Natural Shampoo 25000 kyats
( သဘာဝ ခေါင်းလျှော်ရည်မို့ ပျော့ဆေးမပါဝင်ပါ ရှင်)

Glow Skin Burma
မှန်ကြည့်တိုင်း စိတ်ချမ်းသာကြပါစေရှင်

12/01/2026

သီတင်းကောင်းလေးသယ်လာပါပြီ ။ 🚨

5 လ ထက်မက ကြာသွားအောင်
စောင့်ဆိုင်းနေရတဲ့ စိတ်တိုင်းကျကုန်ကြမ်းလေးတွေ
ရောက်ပြီမို့ Toner ပြန်ရပါပြီရှင် ။

50 ml လေးတွေပဲ ရပါတော့မယ် ။

Jelly serum ရော
Face oil ပါ ပြန်ရပါပြီရှင် ။

Toner 50ml - 28000 kyats
Jelly serum 50 ml - 28000 kyats
Face oil 30 ml - 20000 kyats
Coffee honey Scrub - 18000 kyats
Aloevera soap L size - 16000 kyats

Glow Skin Burma ရဲ့ ကောင်းကျိုးလေးတွေနဲ့
မျက်နှာပေါ်တင်လိုက်ရင် ရရှိမဲ့စိတ်ချမ်းသာမှုကို
သုံးဖူးသူတိုင်းသိလို့ အထူးမကြေငြာတော့ပါဘူး

Page about ထဲက review တွေကိုဝင်ကြည့်နိုင်ပါတယ် ။

ကဲ … ၅ လ အကြာပြန်ရပြီး ဘယ်တော့ကုန်မယ်မသိတဲ့
Product လေးတွေကို
မြန်မြန်လေး လက်ဦးမှုယူထားပါနော်

မှန်ကြည့်တိုင်းစိတ်ချမ်းသာကြပါစေ ရှင်

05/11/2025

၄ လ အကြာမှာ
Jelly Serum ပြန်ရပြီဆိုတဲ့အကြောင်း
အမြန်လေးလာပြောတာပါရှင် ။

တစ်ဦး ကို ၂ ဗူးလောက်တော့
အနည်းဆုံး ယူထားသင့်ပါကြောင်းနော် ။

နောက်ပိုင်း ကုန်ကြမ်း မရရင်
ချစ်ထိုက် ထုတ်ဖို့ ထပ်ကြာဦးမှာမို့ပါ ။

ဒီတော့
ရှားစောင်းဆပ်ပြာအကြီးရယ်
Jelly serum ရယ် ရပါပြီ ။

ရှားစောင်း Soap ( 110g ) - 16000 kyats
Jelly serum ( 50ml ) - 25000 kyats

၇ သောင်းဖိုးပြည့်ရင်
လက်ဆောင်တစ်ခုထပ်ထည့်ပေးပါမယ်ရှင် ။

( Nov တစ်လတည်းသာ )

မှန်ကြည့်တိုင်းစိတ်ချမ်းသာကြပါစေရှင်
Glow Skin Burma

16/09/2025

Glow skin မှာထားတာ မရသေးဘူးလား ?

( Founder ရဲ့ ဒီနေ့ မနက်ဆပ်ပြာအခြေအနေ )

😐

ကျမ ကိုယ်တိုင်စွဲစွဲမြဲမြဲသုံးတဲ့အရာတွေကိုသာ
သူများမျက်နှာပေါ်တင်စေပါတယ် ။
မှန်သောစကားကြောင့်
ကျမလိုချင်သော အကောင်းဆုံးကုန်ကြမ်းများ
အမြန်ဆုံးပြည်တွင်းအဝင်ချောပါစေ ။

Glow Skin Burma

14/09/2025

ဒီနေ့ဖြစ်သွားတဲ့ ဖြစ်ရပ်မှန်လေးတစ်ခုပါ ။
ချစ်ထိုက်ရဲ့အိမ်အထိပါ စုံစမ်းပြီး
လိုက်လာတဲ့အဆင့်ဖြစ်လို့နေပါပြီ ။

Glow skin Burma ကို ချစ်ထိုက်
ဆက် မလုပ်နိုင်တာ ၄ လ ရှိပါပြီ ။
ဒီကြားထဲမှာ Regular customers လေးတွေရဲ့
လုံးဝ ကို မပြတ်သော အားပေးမှုကြောင့်
ချစ်ထိုက်ရဲ့ စိတ်ဓါတ်တွေကို
ပြန်အားတင်းပြီး ရှေ့ဆက်နေရတာပါ ။ ပြသာနာက ဘာလဲဆိုတော့
ကုန်ကြမ်းတွေ အဝင်ပိတ်နေပါတယ် ။
အားလုံးလဲသိပြီးဖြစ်သလို
မြန်မာပြည်တွင်းကို
ကုန်ကြမ်း အဝင်တွေ အရမ်းအဝင်ခက်နေတော့
ချစ်ထိုက်တို့ Glow Skin အတွက်
လိုအပ်တဲ့ကုန်ကြမ်း ကို
ထိုင်းကနေ မှာတာ လမ်းမှာ
အရမ်းကြန့်ကြာနေတာ ၃ လ ကျော်ပါပြီ ။

ချစ်ထိုက်ကလဲ Quality ကို
တစ်စက်မှအလျှော့မပေးနိုင်တဲ့အတွက်
ငါလိုချင်တဲ့ Quality မရရင်
လုံးဝ မဝယ်ဘူးဆိုပြီး
ခေါင်းမာလိုက်တာ ၄ လ ကြာသွားတယ်ဆိုပါတော့

“ပိုက်ဆံမရချင်တဲ့သူ ဒီကမ္ဘာပေါ်မှာရှိလားရှင် ? “
ချစ်ထိုက်လဲ လိုချင်ပါတယ်
ပိုက်ဆံကို အနယ်နယ်အရပ်ရပ်က လာပေးပြီး
ပစ္စည်းမှာကြတယ် ။
ဒါပေမဲ့ ချစ်ထိုက်ဘယ်အသည်းနှလုံးနဲ့
ရောင်းရမလဲ
ချစ်ထိုက်ကိုယ်တိုင်မျက်နှာပေါ်တင်မဲ့
Quality အကောင်းဆုံးကိုပဲ
Glow skin လေးတို့ကို ပေးချင်ပါတယ်
ဒါကြောင့် ကိုယ့်ကို ပိုက်ဆံအိမ်အထိ
လာပေးတာတောင်
ဒီ Quality မှ မပေးနိုင်ရင် အဲ့ပိုက်ဆံက်ို
မယူပါရစေနဲ့ဆိုပြီး ပြောလိုက်ရတဲ့အထိကို
Glow Skin လေးက ခက်ခဲနေပါတယ်ရှင် ။

ပြည်တွင်းအလုပ်အကိုင်လုပ်ရတာလဲ
ဘာမှကို မလွယ်တာပါ ။

ဒီနေ့ အိမ်အထိလာကြတဲ့
အမတွေက ထောက်ကြန့်ကနေတောင်
လာတာပါတဲ့ ။ Glow Skin ကို
အိမ်အထိ လာဖမ်းရင်များမိမလာဆိုပြီးတဲ့ ။

ချစ်ထိုက်ပြောမပြတတ်အောင်
အားနာရပါတယ်ရှင် ။
Toner ဆိုလဲ မထုတ်နိုင်တာ
ဘယ်နှစ်လရှိမှန်းတောင်မသိ ။
အဲ့တာ အဲ့အမတွေက
ရှားစောင်းဆပ်ပြာအကြီးကိုပဲ
ရတာလေးပဲ ပေးပါဆိုတာတောင်
ချစ်ထိုက်မှာ အရှေ့အော်ဒါတွေအတွက်
တိုနာရတာနဲ့ပို့ဖို့ချန်ထားတဲ့
ဆပ်ပြာတွေပဲရှိတော့ အခု instock ရောင်းဖို့မရှိဘူး

ချစ်ထိုက်ဘယ်လိုလုပ်ရမလဲ
Glow Skin အပေါ်ဒီလောက်အားပေးကြတဲ့အတွက် လူမသိသူမသိ ဝမ်းသာမိပေမဲ့
လူသိတာနဲ့အော်ဒါတက်မှာမို့
Post ကလဲ မတင်ရဲပြန်ဘူး ။

အားကလဲ နာ ခင်လဲခင်
ချစ်တို့ရေ ချစ်ထိုက်ကို နားလည်ပေးကြပါနော်

ပစ္စည်းမရတော့လို့ အချစ်တော့မပေါ့လိုက်ကြပါနဲ့နော် ။ 🙏🏻 Customer အပေါ်အမြဲသစ္စာရှိပေနေပါမယ် ရှင်

Glow Skin Burma

05/09/2025

Glow Skin Burma ရဲ့
Update price လေးတွေပါရှင် ။

Soap S / L size - 8000 kyats / 16000 kyats

Coffee Honey Scrub - 16000 kyats

Toner ( 50ml ) - 25000 kyats

Face oil ( 30ml ) - 20000 kyats

စျေးတွေအများကြီး မတက်ထားပါဘူးနော် ။
ဒီလထဲမှာ လာဝယ်ကြတဲ့
Regular customers လေးတွေအတွက်
လက်ဆောင်လေးတွေ ထည့်ပေးမယ်နော် ။

မှန်ကြည့်တိုင်း စိတ်ချမ်းသာကြပါစေရှင် 🙏🏻
Glow Skin Burma 🇲🇲

28/08/2025

Glow Skin ရဲ့ စိန်တုံးလေးတို့ရေ …
4 လ လုံးလုံး လုံးဝကို ပျောက်နေတဲ့
ချစ်ထိုက်ရဲ့ Glow Skin Burma page လေးကို
သတိမရကြဘူးလားရှင် ?

🌱ကုန်ကြမ်းတွေ ပြည်တွင်းကို
သွင်းဖို့အရမ်းခက်ခဲလာတာက တစ်ကြောင်း .. ၊
🌱 ကုန်ကြမ်း Quality ကို လုံးဝ မလျှော့ချင်တဲ့
Glow skin products လေးတွေအတွက်
မရှိရှိတဲ့ကုန်ကြမ်းကို အစားထိုးသုံးတာမျိုး
လုံးဝ မလုပ်ချင်တာကတစ်ကြောင်းကြောင့် ..

Quality လျော့တာထက်စာရင်
မရောင်းတာကမှ ကောင်းဦးမယ်ဆိုတဲ့
အကောင်းကြိုက်တဲ့ ချစ်ထိုက်အဖို့
၄ လ လုံးလုံး Glow Skin ကို
ရပ်ပစ် ခဲ့မိတာ တောင်းပန်ပါတယ် ။

ဒါပေမဲ့ နော်
ချစ်ထိုက်က လည်တော့လည်တယ် 😁😁 ။

ထပ်သာ အများကြီးမထုတ်ဖြစ်တာ
Glow Skin က
အဆက်ပြတ်လို့ကိုမရတဲ့ Product မို့
ချစ်ထိုက်အတွက်ရယ် +
ချစ်ထိုက်လိုပဲ Glow Skin မှ Glow Skin ကို
မဖြစ်မနေစွဲသုံးကြတဲ့
စိန်တုံးလေးများအတွက်ရယ်
Keep လုပ်ထားပြီးသားပါ ။

ဒီတော့ ပြောချင်တာက
အရင်လို အများကြီးမရနိုင်တာလွဲလို့
မဖြစ်မနေ စွဲသုံးသူလေးတွေအတွက်
စစ်မှန်တဲ့ quality နဲ့ Glow Skin က
ရှိနေပါဦးမယ်လို့နော် ။

အများကြီး Marketing လုပ်ပြီး
ကြေငြာတော့မှာ မဟုတ်တာကလွဲလို့
စိန်လေးတို့အတွက်
Essential product အနေနဲ့
Glow Skin လေးကဒီ Page မှာရှိနေပေးမယ်နော် ။

Post တွေခနခနတင်ဖြစ်မှာတော့
မဟုတ်တော့ဘူးရှင် ။
Post မတင်ဖြစ်တဲ့ ၄ လ အတွင်း
မဖြစ်မနေ မှာယူကြတဲ့
Loyal customers လေးတွေအတွက်လဲ
ကျေးဇူးတုံ့ပြန်မဲ့
လက်ဆောင်အစီအစဉ်လေးတွေရှိနေပါတယ်နော် ။

Comment မှာ လွမ်းတဲ့အကြောင်းလေးတွေ
ရေးပေးခဲ့ဦး Glow Skin လေးတို့ရေ ။

27/04/2025

ဒီတစ်လလုံးမှာ ချစ်ထိုက် Post တစ်ခုတောင်
မတင်ဖြစ်ဘူး ။
ငလျင်ဘေးအလှူတွေသွားနေလို့
မအားတာရယ် … စိတ်က ဘာ အရောင်းမှမတင်ချင်တာရယ်ကြောင့်ပါ ။

ဒါပေမဲ့လေ …. ခုမှ တကယ်သိသွားတာ ။
Glow Skin order က Customer အသစ်တွေ
မရှိပဲ တကယ့် Old but Gold Customers တွေက
Glow Skin ကို လိုက်ရှာပြီးတော့ ကို
မပြတ်တမ်းဝယ်တာ ။

ချစ်ထိုက် မှန်သောစကားပါ
Glow Skin ကြောင့် regular customer လေးတွေနဲ့
သေးငယ်တဲ့အဝန်းဝိုင်းလေးထဲမှာ
စစ်မှန်သော Quality တစ်ခုနဲ့
ဖြည်းဖြည်းမှန်မှန်သွားနေရတာ
တကယ် ပိုပျော်တယ် ။

Glow skin ကို ဒီလမှာ လာဝယ်ကြတဲ့သူလေးတွေအကုန်
အဲ့တာ တကယ့် Regular Customer အစစ်တွေချည်းပါပဲ …

မှန်ကြည့်တိုင်းစိတ်ချမ်းသာကြပါစေရှင်

Want your business to be the top-listed Beauty Salon in Dagon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Thingankyoon UBC Condo
Dagon

Opening Hours

Tuesday 10:00 - 17:00
Wednesday 10:00 - 17:00
Thursday 10:00 - 17:00
Friday 10:00 - 17:00
Saturday 10:00 - 17:00
Sunday 10:00 - 17:00