Sa Kyi Health & Wellness
သက်ရှည် ကျန်းမာပျော်ရွှင်ဖို့ SaKyi နဲ့အတူ စတင်ပြောင်းလဲလိုက်ကြရအောင်။
02/06/2026
အလုပ်တွေကြားမှာပဲ စိတ်ရော၊ ကိုယ်ပါနှစ်ထားရင်း ပစ်စလက်ခတ်နေမိရာက ခန္ဓာကိုယ်ရော ကျန်းမာရေးပါ အားနည်းလာတယ်လို့ ခံစားနေရသူတွေက
🔺အလုပ်တွေရှုပ်ကြတယ် ... ဒါပေမဲ့ ကျန်းမာချင်တယ်။
🔺လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မရှိကြဘူး ... ဒါပေမဲ့ ပေါ့ပါးသွက်လက်ချင်တယ်။
🔺အိပ်ချိန်၊ စားချိန် မမှန်ကြဘူး...ဒါပေမဲ့ အသားအရေလှချင်တယ်။ ခန္ဓာကိုယ်လှချင်တယ်။
ဒီလိုမျိုး နေ့စဉ်ပုံမှန်လုပ်နေကျအရာတွေကို ပြောင်းလဲမှုအနည်းငယ်လုပ်ရုံနဲ့ အဲ့ဒီ "ဒါပေမဲ့" နောက်က လိုချင်တဲ့အရာတွေ အကုန်ရဖို့ Sa Kyi က ကူညီပေးမယ်ဆိုရင်ရော စိတ်ဝင်စားကြလား❓
ဒါဆိုရင် Busy - Easy - Happy Journey လေးနဲ့ စပြီးမိတ်ဆက်ပေးမယ်နော်...
✅ Busy ဖြစ်နေရာကနေ Easy ဖြစ်တဲ့ Lifestyle Modification Program တစ်ခုကို Join ပြီး Happy Life ကို ပိုင်ဆိုင်ရမယ်။
စကြည့်ရဲ့ One on One Personalized လုပ်ပေးတဲ့ Program တွေထဲကမှ -
Optimal Body Composition Program ဟာ တစ်ဦးချင်းကို
↗️Smart Team တစ်ခုက နောက်ကွယ်ကနေ ဆက်တိုက်ပံ့ပိုးပေးပြီး
↗️ကျန်းမာတဲ့ Habit တွေကို မွေးမြူပေးရင်း အမှန်အကန်ပြောင်းလဲပေးကြမှာမို့ပါ။
ခက်လား ဆိုရင် 100% No လုံးဝ (လုံးဝ) မခက်ပါဘူး။💢
ဒီ Program ကနေ Give up လုပ်ပြီး နားသွားတဲ့သူ တစ်ယောက်မှ မရှိသေးပါဘူး။
👉🏻Program Join နေကြသူအားလုံးဟာ ပြည်တွင်း၊ ပြည်ပက Corporate Person တွေ၊ ကိုယ်စီအလုပ်ရှုပ်ကြသူတွေ ဖြစ်ပါတယ်။ အလုပ်တစ်ဖက်နဲ့ လေးလံထိုင်းမှိုင်းမှုကြီးကို ဖက်တွယ်မနေချင်သူတွေဖြစ်ပါတယ်။
👉🏻အလုပ်ကို ထိခိုက်မှုမရှိဘဲ ပြောင်းလဲမှု အစစ်အမှန်ကိုရနိုင်တယ် ဆိုတာကို လက်တွေ့မြင်သွားကြလို့ တစ်လပြီး တစ်လ တစ်ဆင့်ပြီး တစ်ဆင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာရလဒ်ကောင်းတွေကို ပိုင်ဆိုင်ဖို့ Ready ဖြစ်နေကြသူတွေပါ။
ဘာတွေလုပ်ပေးမလဲ❓
✅Lifestyle ကို Modification လုပ်ပေးမယ်။ Manage လုပ်ပေးမယ်။
✅ဖြတ်လမ်းနည်းတွေမသုံးဘဲ Consistency ကို တည်ဆောက်ပေးမယ်။
✅ဘာတွေစားရမလဲ ကိုယ်စားရွေးချယ်ပေးမယ်။ ဘယ်လိုလေ့ကျင့်ခန်းတွေလုပ်ရင် ဘယ်လိုအကျိုးရှိမလဲ။ ရေသောက်ချိန်၊ အိပ်ချိန်ကအစ အသေးစိတ် Plan ထဲမှာပါတယ်။
✅Individualized Plan တွေကို တိုးတက်မှု၊ လိုက်ပါဆောင်ရွက်နိုင်မှုတွေပေါ်မူတည်ပြီး တစ်ပတ်စာချင်း ဆွဲပေးမှာဖြစ်လို့ ထိမိနေရမယ်။
✅လတိုင်းလတိုင်းမှာ အမှန်အကန် အတူတူကြိုးစားကြမှာပါ။
✅လေ့ကျင့်ခန်းလုပ်ဖြစ်သွားမယ်။ ကျန်းမာအောင်စားဖြစ်သွားမယ်။ လုံးဝဖိအားမရှိဘူး။
✅စည်းကမ်းတင်းကျပ်တာမျိုးမလုပ်ဘူး။ ကိုယ်တိုင်က လိုလိုချင်ချင်ပါဝင်ချင်အောင် အမြဲ Motivation အပြည့်ဖြစ်နေစေမှာပါ။
✅Weight ကို Focus မထားဘဲ Wellbeing ပိုကောင်းလာဖို့၊ Lifestyle ပိုကောင်းလာဖို့အဓိကသွားတာဆိုပေမဲ့ ရေရှည်သွားရင် လိုချင်တဲ့ Body Goal ထိရောက်အောင်သွားနိုင်မယ်။
ဒီ Program က ဘာတွေပိုကောင်းလာစေမှာလဲဆိုရင်
✅Lifestyle ပိုကောင်းလာမယ်။
✅အသားအရေ ကြည်လင်ပြီး ပိုကောင်းလာမယ်။
✅အထိုင်၊ အထ၊ အသွားအလာ အားလုံး ပေါ့ပါးပြီး ပိုကောင်းလာမယ်။
✅BMI ပိုကောင်းလာမယ်။
✅Daily Life ရဲ့ Pattern တွေ ပိုကောင်းလာမယ်။
စိတ်ကျန်းမာရေး၊ ခန္ဓာကိုယ်အပြင်/အတွင်းအင်္ဂါတွေပိုကောင်းလာမယ်။
✅အခံရှိနေတဲ့ရောဂါတွေကို ထိန်းနိုင်ပြီး ဝင်လာတော့မယ့် ဝေဒနာအချို့ကို တားဆီးရင်း ကျန်းမာရေးပိုကောင်းလာမယ်။
Sa Kyi က အကောင်းတွေချည်းပဲ ပြန်ပေးသွားမှာပါ🤩
ဒီ Program ရဲ့ ရည်ရွယ်ချက်က
✅အားလုံးသက်သက်သာသာ ပေါ့ပါ့ပါးပါးပါဝင်ရင်း Lifestyle တစ်ခုလုံး အလုံးစုံပိုကောင်းသွားတဲ့ Lifelong Result ကို ရကြဖို့ပါ။ Happy Lifestyle Modification Journey က တစ်ဆင့် Heathy Lifestyle ကို ရရှိနိုင်ကြစေဖို့ပါ။
Sa Kyi အနေနဲ့ Client တွေအားလုံးကို Journey တစ်လျှောက်လုံးမှာ လစ်လပ်မှုမရှိဂရုစိုက်ပေးနိုင်ဖို့ လူဦးရေအကန့်အသတ်နဲ့သာလက်ခံပေးပါတယ်။ နောက်ထပ်
လူဦးရေအနည်းငယ်သာထိထိရောက်ရောက်လုပ်ဆောင်ပေးတာဖြစ်လို့ အမြန်ဆုံးသာ Consultation အတွက် Appointment ယူထားလိုက်ပါ ...😉
📍တန်း Join ရမှာမဟုတ်ဘဲ Program နဲ့ကိုက်ညီမှုရှိမရှိကို Sa Kyi နဲ့သေချာဆွေးနွေးပြီးမှသာ ဆုံးဖြတ်နိုင်ပါတယ်။
ဒါကြောင့် လူကြီးမင်းတို့အတွက် Healthier Choice ကို မြန်မြန်လုပ်ဆောင်နိုင်ဖို့ အခုပဲ Sa Kyi ကို ဆက်သွယ်လိုက်ပါ။
m.me/sakyihealthyandwellness
#𝐒𝐚𝐊𝐲𝐢 #ပျော်ရွှင်ကျန်းမာစကြည့်ပါ
#အနာဂတ်မှာအတူကျန်းမာဒီနေ့ကစကြည့်ပါ
30/05/2026
🗓️ ကဲ 2026ခုနှစ်ရဲ့ နှစ်ဝက်ကို ရောက်လာပြီနော် June လကစလို့ - ၃လအတွင်း သင့်ရဲ့ version အသစ်လေးကိုမြင်ရဖို့ အခုပဲ ခြေလှမ်းတွေစတင်လိုက်ပါ 😍
"အချိန်မရှိဘူး" ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ မေ့နေပြီလား?
နောက် ၃ လအတွင်း သင့်ရဲ့ နေ့စဉ်ဘဝကို မထိခိုက်စေဘဲ အကောင်းဆုံးပြောင်းလဲမှုတွေ ယူဆောင်လာပေးမယ့် လျှို့ဝှက်ချက်...
နှစ်စကနေစလို့ lifestyle transformation လုပ်
မယ်ဆိုပြီး Target Goal တွေမလုပ်ဖြစ်ပဲဖြစ်နေပြီလား?
စားချင်တာတွေလည်း အဝစား ၊
စိတ်အလိုကိုလိုက်ပြီး ကိုယ့်ခန္ဓာကိုယ်ကျန်းမာရေးကို ဂရုစိုက်ဖို့ လစ်ဟင်းခဲ့တာတွေလည်းများပြီ …
နှစ်ဝက်ကိုလဲရောက်လာပြီဆိုတော့ စိတ်သစ် ကိုယ်သစ်နဲ့ အစွမ်းကုန်ကျန်းမာလှပနေဖို့အတွက် အချိန်ဆက်မဆွဲနဲ့တော့နော် 😇
အချိန်လေးတစ်ခုပေးရုံနဲ့ Healthy body လေးနဲ့ Happy mood ရရှိဖို့ဆို စကြည့်ရဲ့ One on One program လေးက သင့်အတွက် အဆင်သင့်စောင့်ကြိုနေပါတယ် … တကယ်တော့ ၃လဆိုတာ နောက် ၃နှစ်အတွင်းဖြစ်စေ ၊ နောက်နှစ် ၃၀ ကြာတဲ့အထိဖြစ်စေ ရေရှည်မှာ ကိုယ့်ကျန်းမာရေး ၊ ကိုယ့်ခန္ဓာကိုယ်ကို နည်းလမ်းမှန်မှန် ဂရုစိုက် ထိန်းသိမ်းနေထိုင်သွားတတ်ဖို့အတွက် လမ်းညွှန်ပေးတဲ့ အချိန်ကာလအခြေခံအုတ်မြစ်လေးတစ်ခုလို့တောင် ပြောလို့ရပါတယ်😍
ဒီစာလေးကိုဖတ်နေတဲ့ သင့်အသက်ဟာ အသက် ၂၀ ဝန်းကျင်လည်းဖြစ်ကောင်းဖြစ်မယ် ၊ ၃၀ ဝန်းကျင်လည်း ဖြစ်ကောင်းဖြစ်မယ် ဘယ်အသက်အရွယ်ပဲရောက်နေနေ ပြန်စဉ်းစားကြည့်ပါ ၊ “ငါ ဒီအသက်အရွယ်ရောက်တဲ့အထိ ကျန်းမာရေးနဲ့ ညီညွတ်အောင် သေချာနေထိုင်စားသောက်ဖြစ်ခဲ့ရဲ့လား”ဆိုတာ …
ရောဂါတွေဖြစ်နေမှ မကျန်းမာတာမဟုတ်ပါဘူး… လွဲမှားနေတဲ့ daily routine တွေကြောင့် အများစု ကြုံတွေ့ရတတ်တာက overweight နဲ့ underweight ပြဿနာတွေပါ ၊
ဒါ့အပြင်အချိန်တစ်ခုရောက်လာတာနဲ့ ကျန်းမာရေးကို အနည်းနဲ့အများထိခိုက်လာပြီး ရေရှည်မှာ ရောဂါအဖြစ်လွယ်တဲ့အခြေအနေတွေလည်းကြုံရတတ်ပါတယ်၊
စိတ်ကူးထဲမှာတော့ မလိုအပ်တဲ့ အဆီပိုတွေ ကင်းဝေးပြီး ကျန်းမာလှပနေတဲ့ ခန္ဓာကိုယ်လေးတော့လိုချင်ပေမယ့်…
နည်းလမ်းမှန်မှန် guide လုပ်ပေးမယ့်သူမရှိတာကြောင့်ရော ၊
အချိန်မပေးနိုင်တာတွေကြောင့် နောက်ဆုတ်ရင်းနဲ့ပဲ လက်တွေ့အကောင်အထည်မဖော်ဖြစ်တာမျိုးတွေရောရှိနေလား? ….
ဘာတွေကြောင့်ပဲဖြစ်ဖြစ် သင့်ရဲ့ ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး
↗️ယုံကြည်မှုရှိရှိနဲ့
↗️ကျန်းမာကျစ်လျစ်ပြီး
↗️လန်းဆန်းတက်ကြွနေအောင်
အခုလက်ရှိအခြေအနေကို ဘယ်လိုတွေပြုပြင်ပြောင်းလဲကြမလဲဆိုတာ
စကြည့်နဲ့အတူတူ One on One program လေးကို Join ပြီး ဆွေးနွေးတိုင်ပင်ရင်း လှပတဲ့အနာဂတ်ဆီခြေလှမ်းသစ်တွေ စတင်လျှောက်လှမ်းလို့ရပါပြီ။
✨ဒီ ၃လအတွင်းမှာ … Sa Kyi ရဲ့ကျွမ်းကျင်တတ်မြောက်တဲ့ဆရာဝန်တွေနဲ့ တစ်ပတ်တစ်ခါ counseling လုပ်ပြီး လမ်းညွှန်ပေးထားတဲ့ အတိုင်း
✅ Workout plan ✅ Healthy Diet plan တွေကို မှန်မှန်လုပ်ဆောင်ဖို့အတွက် remind ပေးမယ့်အတူ Online Communication Coordinator လေးတွေလည်းရှိမယ် ၊
တစ်ပတ်တာ အပတ်စဉ်တိုင်း ပြောင်းလဲတိုးတက်လာတဲ့ Update လေးတွေကို record ယူရင်းအသေးစိတ်ကအစ အနီးကပ်ဂရုစိုက်အကြံပေးမှာဖြစ်ပါတယ်ရှင် 🥰✨
✅ ဒီ Body Transformation Program လေးမှာ လူကြီးလူငယ်မရွေး ၊ ကျောင်းတက်နေရင်းဖြစ်ဖြစ်၊အလုပ်လုပ်နေရင်းဖြစ်ဖြစ် ဘယ်အချိန်၊ဘယ်နေရာမှာမဆို Pressure မရှိပဲ အေးအေးဆေးဆေး ပါဝင်လို့ရတယ်နော်
‼️ဒါကြောင့် … အတွေးများပြီး အချိန်ဆွဲမနေတော့ပဲ အခုပဲ Optimal Body Composition program လေးကို Sa Kyi Team နဲ့ အတူတူစတင်လိုက်ရအောင်နော် 🤩
📍One on One Program အကြောင်း အသေးစိတ်ကြည့်ရန် Link
https://m.facebook.com/story.php?story_fbid=122221414682098664&id=61552959946989
📍Sa Kyi Team အကြောင်း အသေးစိတ်ကြည့်ရန်
https://m.facebook.com/story.php?story_fbid=122221414682098664&id=61552959946989&mibextid=wwXIfr
အသေးစိတ်စုံစမ်းလိုပါက ...
m.me/sakyihealthandwellness
#𝐒𝐚𝐊𝐲𝐢 #ပျော်ရွှင်ကျန်းမာစကြည့်ပါ
#အနာဂတ်မှာအတူကျန်းမာဒီနေ့ကစကြည့်ပါ
29/05/2026
လေးလံထိုင်းမှိုင်းခေါက်ရိုးကျိုးနေတဲ့ နေထိုင်မှုပုံစံတွေကနေ ရုန်းထွက်ဖို့ Sa Kyi နဲ့ ဒီနေ့ပဲစကြည့်လိုက်ရအောင်နော်...
☘️✨Sa Kyi ဆိုတာ ကျန်းမာပျော်ရွှင်ပြီး Balance ဖြစ်တဲ့ Lifestyle တွေရဲ့ အစပြုရာဖြစ်ပါတယ်...
➡️9 to 5 လုပ်ငန်းခွင်ထဲမှာ နစ်မြုပ်နေတဲ့သူတွေ
➡️ပိုလှလာဖို့၊ ပိုကျန်းမာလာဖို့ အချိန်မပေးဖြစ်တဲ့သူတွေ
➡️Body Transformation လုပ်ချင်ပေမယ့် မိမိနှင့် မကိုက်ညီတာကြောင့် ပြီးဆုံးအောင် မလုပ်နိုင်တဲ့သူတွေ
➡️ဆီးချို၊ သွေးတိုး စတဲ့ ရောဂါအခံရှိသူတွေ
➡️Healthy Eating/ Lifestyle ရဖို့ ခက်ခဲနေသူတွေ
စကြည့်သင့်တဲ့ Program တွေ Sa Kyi မှာ ရှိနေပါတယ်
စကြည့်ရဲ့ Program တွေက ကိုယ့်ကိုယ်ကိုယ် ပိုချစ်တတ်လာစေမယ့် အလေ့အကျင့်ကောင်းတွေကို မွေးမြူပေးပြီး မိမိလိုချင်တဲ့ body goal ရောက်အောင် အမြဲဆွဲခေါ်သွားပေးပါတယ်✅
သက်ဆိုင်ရာ Program တွေအလိုက် Client တစ်ဦးချင်းစီရဲ့ တစ်နေ့တာမှာ မိမိလုပ်ဆောင်ရမယ့် လေ့ကျင့်ခန်း၊ အစားအသောက်၊ ရေသောက်ချိန်၊ အိပ်ချိန်တွေကို ကျွမ်းကျင်ဆရာဝန်မှ အပတ်စဉ် meeting များတွေ့ပြီး ဆွေးနွေးသွားမှာဖြစ်တဲ့အပြင် Sa Kyi Team မှလည်း အချိန်တိုင်း Remind လုပ်ပေးနေမှာပါ။
✅ဒီလိုမျိုး ပေါ့ပေါ့ပါးပါးနဲ့ တစိုက်မတ်မတ်လုပ်ဆောင်ပေးရတဲ့ Healthy Habit လေးတွေကနေမှ
↗️Mental & Physical Wellbeing တွေ တစ်ဆင့်ချင်းကောင်းလာဖို့ Motivation တွေပေးရင်း တစ်ဦးနဲ့တစ်ဦးအပြန်အလှန်ပံ့ပိုးပေးတဲ့ Positive Environment လေးဖြစ်နေအောင် Sa Kyi Team က နွေးနွေးထွေးထွေးဖော်ဆောင်ပေးထားပါတယ်။
Thai နိုင်ငံ Mahidol University မှ ကျွမ်းကျင်ဆရာဝန်ကိုယ်တိုင်ဦးဆောင်နေတာဖြစ်တဲ့အတွက် Professional Advice တွေကိုပဲ ရရှိမှာအသေအချာပါ။
ဒါ့ကြောင့် သက်ရှည်ကျန်းမာစိတ်ချမ်းသာဖို့ ဒီနေ့စကြည့်ချင်ရင် ဒီနေ့ပဲဆက်သွယ်လိုက်ပါနော်...✨✅
𝐒𝐚 𝐊𝐲𝐢 𝐏𝐫𝐨𝐠𝐫𝐚𝐦 နှင့်လက်တွဲလိုသူများ နှိပ်ရန်
m.me/sakyihealthandwellness
#𝐒𝐚𝐊𝐲𝐢 #ပျော်ရွှင်ကျန်းမာစကြည့်ပါ
#အနာဂတ်မှာအတူကျန်းမာဒီနေ့ကစကြည့်ပါ
27/05/2026
ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကိုလျစ်လျူရှုရင် ဝမ်းနည်းတတ်သလိုပဲ …. ကိုယ့်ကိုကိုယ် ပစ်ထားရင် ခန္ဓာကိုယ်က ဂရုစိုက်မှုကိုတောင့်တတဲ့အတွက် မကျန်းမာတဲ့ လက္ခဏာတွေနဲ့အတူအချက်ပြလာပါလိမ့်မယ်
လောကကြီးမှာ လူတွေအများစုဟာ ကိုယ်ချစ်ရတဲ့သူ၊ကိုယ်တန်ဖိုးထားရတဲ့အရာတွေကို ဦးစားပေး၊အချိန်ပေးပြီး အားထုတ်ဂရုစိုက်တတ်ကြတာ သဘာဝပါ၊
ဒီလိုမျိုး လူတွေအချင်းချင်းဖြစ်စေ ၊ အရာဝတ္ထုတွေကိုဖြစ်စေ ဂရုစိုက်မြတ်နိုးတန်ဖိုးထားဖို့ မမေ့ကြပေမယ့် အများစုက ကိုယ့်ရဲ့ကျန်းမာရေးကို ဂရုစိုက်စောင့်ရှောက်ဖို့ မေ့လျော့နေခဲ့ကြပါတယ်
ပုံမှန် စဉ်းစားလိုက်ရင် သင့်အနေနဲ့ ဂရုအစိုက်မခံရတာ ၊ လျစ်လျူရှုခံရတာမျိုးတွေကြုံရရင် ဝမ်းနည်းမှုနဲ့ တုံ့ပြန်တတ်သလို သင့်ရဲ့ခန္ဓာကိုယ်ကလည်း ပစ်ထားခံရရင် unhealthy ဖြစ်လာတာနဲ့အမျှ လက္ခဏာတွေနဲ့အတူ တုံ့ပြန်လာတတ်ပါတယ်
ဒီလက္ခဏာတွေဟာ အစပိုင်းမှာတော့ မသိမသာကြုံတွေ့ရတာမျိုးပဲရှိပါလိမ့်မယ်
နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပုံမှန်အတိုင်းလည်ပတ်ဖို့ အားနည်းသလိုခံစားလာရမယ်၊ပင်ပန်းလွယ်လာမယ်
အလုပ်မှာဖြစ်ဖြစ် ၊ စာလုပ်တဲ့အချိန်မှာဖြစ်ဖြစ် ဘယ်အပိုင်းမှာမဆို အာရုံစူးစိုက်နိုင်မှုအားနည်းလာမယ်
သေးသေးမွှားမွှားလေးကအစ စိတ်က sensitive ဖြစ်လာပြီး တစ်ခုခုဆို overthinking ဖြစ်လာမယ်
အစာစားချင်စိတ်လျော့နည်းလာမယ် ၊ အစာစားချိန်တွေ မမှန်တာမျိုး ဒါမှမဟုတ်လည်း စိတ်ဖိစီးမှုကြောင့်ဖြစ်တတ်တဲ့ Purge eating (လိုတာထက်ပိုပြီးမစဉ်းစားပဲအလွန်အကျွံစားသောက်ခြင်း)တွေဖြစ်လာမယ်
Sleep pattern တွေထိခိုက်လာပြီး အိပ်ရေးမဝတာ ၊ ခေါင်းမကြည်တာ ၊ ဘယ်လောက်အိပ်အိပ် အားမပြည့်သလို ခံစားရတာတွေကြုံတွေ့ရနိုင်ပါတယ်
ခန္ဓာကိုယ်အလေးချိန်ထိုးကျတာတွေ ၊ မဆင်မခြင် စားသောက်မှုတွေကြောင့် သိသိသာသာ ဝိတ်တက်လာတာမျိုးတွေလည်းရှိတတ်ပါတယ်
နောက်ဆုံးမှာတော့ သင်ကိုယ်တိုင်ကိုက အရင်နဲ့မတူပဲ unhealthy ဖြစ်လာတဲ့ lifestyle ကြောင့် ထိခိုက်ပြောင်းလဲလာတဲ့ အခြေအနေတွေမှာ ရုန်းထွက်နိုင်ဖို့ ခက်ခဲရင်း confidence level တွေကျဆင်းပြီး ကိုယ့်ရဲ့ society နဲ့ပါအလှမ်းဝေးလာတဲ့ အခိုက်အတန့်တွေကိုကြုံတွေ့လာရနိုင်ပါတယ်
အဆိုးဆုံးဆိုတဲ့ အခြေအနေမရောက်ခင်ကတည်းက သင့်ခန္ဓာကိုယ်ဟာ ဖြည်းဖြည်းချင်းမသိမသာအချက်ပြနေပေမယ့်အကြောင်းကြောင်းကြောင့် ပေါ့ပေါ့ဆဆတွေးပြီး ဘေးပို့ရင်းနဲ့ အချိန်လွန်ရင်း မနေသာတော့မှ စိုးရိမ်စိတ်တွေနဲ့အတူ သတိကပ်မိကြတာမျိုးပါ။
အဲ့လိုတွေမဖြစ်စေဖို့ အစကောင်းမှ အနှောင်းသေချာဆိုတဲ့အတိုင်း အစကတည်းက healthy lifestyle လေးကို သင်နဲ့အတူ မကင်းမကွာ ဂရုစိုက်မွေးမြူဖို့ အင်မတန်အရေးကြီးပါတယ်၊
ဒါဖြင့်ရင်… သင့်အတွက် Healthy Lifestyle လေးပိုင်ဆိုင်နိုင်အောင် Physical Health သာမက Mental wellness ကိုပါ အခြေခံအုတ်မြစ်ကနေ ဂရုစိုက်ပြုပြင်မွမ်းမံပေးနေတဲ့ Sa Kyi ရဲ့ One on One Program လေးအကြောင်းရော သိပြီးပြီလား?
Stress ကြောင့်မှမဟုတ်ပဲ တခြားသော အကြောင်းအရာအမျိုးမျိုးကြောင့် ကိုယ့်ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး သိသာလာတဲ့ထိခိုက်မှုတွေရှိနေပြီဆိုရင် One on One program လေးမှာ …
ခန္ဓာကိုယ်အလေးချိန်ကို ကျန်းမာရေးနဲ့အညီ ထိန်းသိမ်းတတ်လာအောင်
အအိပ်မှန်၊အစားမှန်၊အနေမှန်တဲ့ Healthy lifestyle တွေကို ပိုင်ဆိုင်နိုင်အောင်
စိတ်ချမ်းသာ၊ကိုယ်ကျန်းမာနဲ့နေနိုင်အောင် wellness program တွေပါ ပါရှိမှာဖြစ်ပါတယ်ရှင်
ပိုမိုကောင်းမွန်ပြီး ကျန်းမာပျော်ရွှင်တဲ့ Healthy future လေးဆီကို
စကြည့်နဲ့ လက်တွဲရင်း အတူတူအရောက်သွားကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်
One on One Program အကြောင်း အသေးစိတ်ကို ဒီ Link လေးမှာ ဝင်ကြည့်ပေးပါရှင်…
https://www.facebook.com/share/p/19CRjqUuCw/?mibextid=wwXIfr
m.me/sakyihealthandwellness
#𝐒𝐚𝐊𝐲𝐢 #ပျော်ရွှင်ကျန်းမာစကြည့်ပါ
#အနာဂတ်မှာအတူကျန်းမာဒီနေ့ကစကြည့်ပါ
26/05/2026
Progress is not about speed. It’s about not giving up. Trust the process. Trust your body
လူအများစုက body transformation လုပ်ဖို့အတွက် အဆုံးထိ မသွားနိုင်ကြဘူး… လမ်းတစ်ဝက်မှာ ရပ်လိုက်တာ များတယ်.. အဲဒါဘာကြောင့်လဲဆိုရင်တော့ရလဒ်တွေ မြန်မြန် မမြင်ရလို့ပဲ ဖြစ်ပါတယ်။
တစ်ပတ်အတွင်း အပြောင်းအလဲ မမြင်ရရင်
တစ်လအတွင်း ကိုယ်အလေးချိန် မပြောင်းလဲရင်
စိတ်ဓာတ်ကျလာတာ သဘာဝပါပဲ။🥲
ဒါပေမယ့် ကိုယ့်ခန္ဓာကိုယ်က စက်မဟုတ်ပါဘူး။ ပျက်စီးနေတဲ့ အရာတွေကို ပြန်လည်ကောင်းမွန်ဖို့၊ Habit အသစ်တွေကို လက်ခံဖို့ အချိန်လိုပါတယ်။
အလွန်အကျွံ အစားလျှော့တာတွေ၊ အလွန်ခက်ခဲတဲ့ လေ့ကျင့်ခန်းတွေ၊ ကိုယ့်ကိုယ်ကို ဖိအားပေးခြင်းတွေက ကိုယ်ခန္ဓာကို ပိုပြီး စိတ်ဖိစီးမှုသာ ပေးနိုင်ပါတယ်။❌❌
➡️✅အမှန်တကယ် သိသာတဲ့ ရလဒ်နဲ့ပြောင်းလဲမှုကို လိုချင်ရင် စိတ်ထဲ မှတ်ထားရမှာက နေ့တိုင်း ဖြည်းဖြည်းချင်း မဖြစ်မနေ ဆက်လျှောက်နေဖို့ဘဲ လိုပါတယ်…
တစ်ချို့ရက်တွေ လေ့ကျင့်ခန်းအပြင်းမလုပ်နိုင်ရင် လမ်းလျှောက်တာ..
Healthy ဖြစ်တာလေးတွေစားပေးတာ ဒါတွေကို မဖြစ်မနေလုပ်ပေးရပါမယ်..
တိုးတက်မှု နှေးနေတာက မတိုးတက်ဘူးဆိုတာ မဟုတ်ပါဘူး။
ကိုယ်ခန္ဓာက ဘေးကင်းပြီး ရေရှည်တည်တံ့စေဖို့ ဖြည်းဖြည်းမှန်မှန်ပြောင်းလဲနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။✅
💡✅ဒါကြောင့် Trust the process. Trust your body
Sa Kyi မှာရှိတဲ့ Program တွေကတော့ အလွယ်တကူ ရတဲ့ ဖြေရှင်းနည်းတွေထက် ရေရှည်တည်တံ့နိုင်တဲ့ ကျန်းမာရေးကို ပိုအလေးပေးထားပါတယ်…
စကြည့်မှာ လူတစ်ဉီးချင်းဆီ lifestyle ပေါ်မူတည်ပီး program တွေ ရှိတာမလို့ အမှန်တကယ် မိမိ lifestyle ကို ပြောင်းလဲလိုသူတွေအနေနဲ့ ဆက်သွယ်နိုင်ပါတယ်….
m.me/sakyihealthandwellness
Optimal Body Composition Program
(One on One Personalized) အကြောင်း အသေစိတ်သိရှိလိုပါက
https://www.facebook.com/share/1AkoxEWtWC/?mibextid=wwXIfr
#𝐒𝐚𝐊𝐲𝐢 #ပျော်ရွှင်ကျန်းမာစကြည့်ပါ
#အနာဂတ်မှာအတူကျန်းမာဒီနေ့ကစကြည့်ပါ
25/05/2026
ခန္ဓာကိုယ် ပြောင်းလဲဖို့နဲ့ ဝိ_တ်ကျဖို့အတွက် Gym မှာပဲ တစ်နေ့ကုန် အချိန်ဖြုန်းနေစရာ မလိုသလို၊ အပြင်းအထန် အလေးတွေမမှ ရလဒ်ထွက်တာ မဟုတ်ပါဘူး။ ❌🏋️♂️
လျှို့ဝှက်ချက်က "Train with Purpose" ရည်ရွယ်ချက်ရှိရှိနဲ့ အာရုံစိုက်ပြီး ပုံမှန်လုပ်ဖို့ပဲ လိုတာပါ။
💡ဘာလို့ ဒီHybrid (Home + Gym)Workout က ထိရောက်တာလဲ?
✅Flexibility : Gym သွားဖို့ အချိန်မရတဲ့နေ့တွေမှာ အိမ်မှာတင် Bodyweight လေ့ကျင့်ခန်း (Squats, Push-ups, Plank) တွေနဲ့ အဆီချလို့ရတယ်။
✅Efficiency : တစ်ပတ်ကို ၂ ရက် ဒါမှမဟုတ် ၃ ရက်လောက်ပဲ Gym ဆော့ပြီး ပေါ့ပေါ့ပါးပါး အလေးမတာ၊ Treadmill ပြေးတာမျိုးနဲ့ ကြွက်သားတွေကို တင်းရင်းစေနိုင်တယ်။
✅Sustainability : ခန္ဓာကိုယ်ကို အရမ်းပင်ပန်းမဖြစ်စေဘဲ Lifestyle တစ်ခုလို ပျော်ပျော်ရွှင်ရွှင်နဲ့ ရေရှည်ဆော့သွားလို့ရတယ်။
-----------------
➡️"ခန္ဓာကိုယ်ပြောင်းလဲဖို့ နေရာပြောင်းစရာမလိုပါဘူး၊ ကိုယ့်ရဲ့ Mindset နဲ့ Focus ရှိဖို့ပဲ လိုတာပါ။"
➡️အဓိကက အပြင်းအထန်ဆော့ဖို့ထက် "Consistency" (ပုံမှန်လုပ်ခြင်း) ကသာ စကားပြောသွားမှာပါ။
☘️❇️"ပန်းတိုင်ရှိတဲ့ နေ့စဉ်လေ့ကျင့်ခန်း တွေကနေ - အဆီကျပြီး ကျန်းမာတဲ့ခန္ဓာကိုယ်ဆီသို့" စနစ်တကျနဲ့ လုပ်ဆောင်ချင်တယ်ဆိုရင်တော့
Doctor Designed / Medical-Grade Program တွေရှိတဲ့ "စကြည့်" ကိုလှမ်းလာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်
m.me/sakyihealthandwellness
ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပြီး ခရီးစဉ်ကို အားသွန်ခွန်စိုက် ဒီနေ့ပဲ စတင်လိုက်ရအောင်။ 💪🔥
ဒါနဲ့ အားလုံးရော... အိမ်မှာ ဆော့ရတာ ပိုကြိုက်လား၊ Gym သွားရတာ ပိုကြိုက်လဲ? ကောမန့်မှာ ပြောခဲ့ကြပါဦး။ 👇
#𝐒𝐚𝐊𝐲𝐢 #ပျော်ရွှင်ကျန်းမာစကြည့်ပါ
Gymဆော့နေပေမယ့်တိုးတက်မှုမရှိသလိုခံစားနေရတာ…
CNS Burnout ဖြစ်တဲ့အကြောင်းအရာ
ပူပြင်းတဲ့ April - May ကာလတွေမှာ workout တွေလုပ်ရင်သတိထားရမယ့်အချက်တွေ စတာတွေကို
Sa Kyi Health & Wellness ရဲ့Co-Founder Dr.Swam Htet ကနေဆွေးနွေးသုံးသပ်ပြပေးထားပါတယ်
#𝐒𝐚𝐊𝐲𝐢 #ပျော်ရွှင်ကျန်းမာစကြည့်ပါ
#အနာဂတ်မှာအတူကျန်းမာဒီနေ့ကစကြည့်ပါ
22/05/2026
♻️ကိုယ်ခန္ဓာကျန်းမာနေတဲ့အတွက် နေ့စဉ်ဘဝကိုရှင်သန်ဖြတ်သန်းနေနိုင်တာဖြစ်ပြီး… ဒီလိုရှင်သန်နေထိုင်ခြင်းကို အဓိပ္ပါယ်ပိုရှိစေဖို့ Wellness ရှိခြင်းက ခွန်အားတွေပေးပါလိမ့်မယ်💪🏻
☘️WELLNESS : The state of being healthy in both body & mind🩵
Wellness ဆိုတဲ့စကားလုံးလေးကြားလိုက်ရင် ပြေးမြင်ယောင်သင့်တာက ခန္ဓာကိုယ်ကျန်းမာနေရုံ သီးသန့်မဟုတ်ပဲ တက်ကြွလန်းဆန်းပြီး စိတ်ပျော်ရွှင်မှုရရှိခြင်းဖြစ်ပါတယ်။
တစ်နည်းအားဖြင့် Wellness is all about energy, balance and peace.☘️
Wellness တစ်ခု ရှိတယ်ဆိုတာ ကိုယ့်ကိုကိုယ် အရာရာမှာ တစ်ခြားသူနဲ့ လိုက်နှိုင်းယှဉ်နေတာမျိုးမဟုတ်ပဲ ကိုယ့်ရဲ့ ခန္ဓာကိုယ်၊ စိတ်ပျော်ရွှင်မှု နဲ့ emotions တွေကို ဘယ်လောက်အလေးထားပြီး support လုပ်ပေးဖြစ်နေလဲဆိုတဲ့အပေါ်အဓိကမူတည်ပါတယ်။
တကယ်တမ်းစဉ်းစားကြည့်လိုက်ရင် Health နဲ့ Wellness ဆိုတာ သင့်ရဲ့ life step တိုင်းမှာ အရေးကြီးတဲ့ အခန်းကဏ္ဍတွေအဖြစ် အတူတကွ အမြဲယှဉ်တွဲနေတာဖြစ်ပါတယ်၊
☘️ဥပမာပြောရရင် ကျန်းမာရေးဆိုတာ သင့်နှလုံးလို့မှတ်ယူလိုက်မယ်ဆိုပါစို့ ၊ wellness ဆိုတာ မှန်ကန်တိကျတဲ့ သင့်ရဲ့နှလုံးခုန်သံလိုမျိုး အရေးပါပါတယ်☘️
စိတ်ပင်ပန်း ထိခိုက်ပြီး motive တွေကျဆင်းနေခဲ့ရင်…
Productivity တွေမရှိတော့ရင်…
Life goals တွေအတွက်ခွန်အားတွေယုတ်လျော့နေခဲ့ရင်….
နေ့စဉ်ဘဝမှာ ဘယ်အရာကိုမှ စိတ်အားထက်သန်မှုမရှိတော့ရင်…. အချိန်တစ်ခုရောက်တဲ့အခါ ကိုယ်ခန္ဓာကျန်းမာရေးကိုပါ တစ်စတစ်စနဲ့ ထိခိုက်လာမှာဖြစ်ပါတယ်
ဒီနှစ်ခုဟာ အပြန်အလှန်မှီခိုရင်း အရေးပါတဲ့အတွက် ကိုယ့်ကိုကိုယ် တကယ်ချစ်မြတ်နိုးတယ်ဆိုရင် အခန်းကဏ္ဍနှစ်ခုစလုံးမှာ အားမနည်းရလေအောင် လိုအပ်ချက်တွေ၊မှားယွင်းနေတဲ့ဘဝနေထိုင်နည်းတွေကို ဖြည့်စွက်ပြုပြင်ပြောင်းလဲရင်း ကောင်းမွန်တောက်ပတဲ့ Lifestyle လေးတစ်ခုကိုမွေးမြူသင့်ပါတယ်🥰
စကြည့်ရဲ့ One on One program 🩵မှာဆိုရင် ခန္ဓာကိုယ်ကျန်းမာလှပနေအောင် Physical wellness , Nutritional wellness တွေသာမက Mental & Emotional wellness ပါတစ်ခါတည်းပိုင်ဆိုင်နိုင်အောင်
✅Stress management
✅Emotional balance
✅Mindfulness session တွေလည်းပါဝင်တာဖြစ်တဲ့အတွက် ဒီ program လေးကို join လိုက်ပြီဆိုတာနဲ့ ကျန်ရှိတဲ့ ဘဝသက်တမ်းတစ်လျှောက်လုံးမှာ နည်းလမ်းမှန်မှန်နဲ့ healthy habits တွေကိုကျင့်သုံးလာနိုင်မယ့်အပြင် energy အပြည့် positivity အပြည့်နဲ့ နေ့စဉ်ဘဝကို ကျော်လွှားဖြတ်သန်းနိုင်သွားမှာဖြစ်ပါတယ်🥰
ကိုယ်ကျန်းမာမှ ကိုယ့်အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်၊
ကိုယ်ပျော်ရွှင်မှ ကိုယ့်ဘေးနားက ချစ်ခင်ရတဲ့သူတွေကိုလည်း ပျော်ရွှင်စေနိုင်မှာဖြစ်ပါတယ်။
သင့်အတွက်လုံးဝကိုက်ညီတဲ့ lifestyle နဲ့အတူ health & wellness ကို personalized လုပ်ပေးနေတဲ့
📍One on One Program အကြောင်း အသေးစိတ်ကို ဒီ Link လေးမှာ ဝင်ကြည့်ပေးပါရှင်…
https://www.facebook.com/share/p/19CRjqUuCw/?mibextid=wwXIfr
m.me/sakyihealthandwellness
#𝐒𝐚𝐊𝐲𝐢 #ပျော်ရွှင်ကျန်းမာစကြည့်ပါ
#အနာဂတ်မှာအတူကျန်းမာဒီနေ့ကစကြည့်ပါ
21/05/2026
ရိုးရှင်းတဲ့ အလေ့အကျင့်ကောင်းလေးတွေမွေးမြူပြီးကျန်းမာအောင်နေထိုင်ကြမယ်!🥰
🩵ရိုးရှင်းတယ်ဆိုတဲ့စကားလေးအတိုင်းပဲ လွယ်ကူရိုးရှင်းပြီးပေါ့ပေါ့ပါးပါးလေးနဲ့ လူကြီးလူငယ်မရွေး ဘယ်သူမဆို လိုက်နာကျင့်သုံးနိုင်တဲ့ ကျန်းမာစွာနေထိုင်နည်းလေးတွေကို စကြည့်အနေနဲ့ ချစ်ခင်နွေးထွေးစွာ မျှဝေပေးပါရစေရှင်🥰
🩵ဘာအကြောင်းအရင်းကိစ္စပဲရှိနေပါစေ အိပ်ရေးဝအောင် အိပ်ပါနော် 💤
အရွယ်ရောက်ပြီးသားလူတစ်ယောက်အနေနဲ့ တစ်နေ့ကို အနည်းဆုံး ⏰ ၇ နာရီ အိပ်ချိန်ပြည့်ဝဖို့လိုပါတယ်ရှင်၊အိပ်ရေးဝမှ ဦးနှောက်ကြည်လင်လန်းဆန်းပြီး အင်အားအပြည့်နဲ့ တစ်နေကုန် လည်ပတ်နိုင်မှာပါ၊ နေ့စဉ်အိပ်ရေးဝဝအိပ်တဲ့အကျင့်ရှိတဲ့သူက ဘယ်သူနဲ့ယှဉ်ယှဉ် သေချာပေါက်ကိုယ်ခံအားအပြည့်နဲ့ Superman ဖြစ်နေမှာပါရှင်😎
🩵တစ်နေကုန်ဘယ်လောက်ပဲအလုပ်ရှုပ်ပြီး busy bee 🐝 လေးဖြစ်နေဦးတော့…၁၅မိနစ်လောက်လေး ဖယ်ပြီး ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလေးတွေလုပ်ဖို့မမေ့ပါနဲ့၊
လေ့ကျင့်ခန်းမှန်မှန်လုပ်ဖြစ်တဲ့သူဟာ ခန္ဓာကိုယ်တွင်းသွေးလည်ပတ်မှုကောင်းစေပြီး Energy boosting လုပ်ရာလည်းရောက်တာမို့ အမြဲသွက်လက်တက်ကြွနေမှာ အသေအချာပါပဲ၊
Muscles နဲ့ Bone joints တွေကိုကအစ သန်မာစေပြီး ခန္ဓာကိုယ် ဝိတ်အလေးချိန်ကို တစ်နည်းအားဖြင့် ထိန်းသိမ်းရာရောက်ပါတယ်ရှင်🥰
🩵 💦 ရေသောက်နည်းတဲ့ အဆိုးလေးတွေမလုပ်နဲ့နော် … 😏
တစ်နေ့ကို ရေအနည်းဆုံး ၂လီတာကနေ ၃လီတာအထိ သောက်ပေးရင် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ရေဓာတ်ဖြည့်ပေးရာရောက်ပြီး အသားအရေကြည်လင်စေတဲ့အပြင် အစာခြေဖျက်အားကောင်းမွန်ဖို့လည်း ထောက်ပံ့ပေးနိုင်ပါတယ်။
🩵🥗အရောင်စုံတဲ့ အစားအသောက်လေးတွေ မှန်မှန်စားပေးနော် 😋
အရောင်စုံတာဆိုလို့ သိပ်စွဲလမ်းတတ်ကြတဲ့အချိုတွေ၊အစပ်တွေပြောတာမဟုတ်ဘူး…နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေမှာ သေချာပေါက် ဟင်းသီးဟင်းရွက်တွေအပြင် တခြားအာဟာရဖြစ်တဲ့ အစေ့အဆံပါဝင်တာ၊ပရိုတင်းဓာတ်၊အမျှင်ဓာတ် အစရှိတာတွေပါဝင်တဲ့ အစားအသောက်တွေကိုပါ ထပ်မံဖြည့်စွက်စားသောက်ဖို့မှာပါရစေ🤩
🩵💻📱တစ်နေကုန် screentime တွေများလွန်းလို့ ခေါင်းတစ်ခုလုံးပါ ဝင်သွားတော့မယ့်အဖြစ်ကနေ ရှောင်တိမ်းကြရအောင်👏🏻
Screentime လျှော့နိုင်လေလေ ခန္ဓာကိုယ်ရဲ့အရေးကြီးဆုံးအစိတ်အပိုင်းတွေထဲကတစ်ခုအပါအဝင်ဖြစ်တဲ့ မျက်စိကိုလည်း အနားပေးရာရောက်တဲ့အပြင် အာရုံကြောထိခိုက်တဲ့ပြဿနာတွေကိုလည်းကာကွယ်ရာရောက်ပါတယ်၊
နားနားပြီးမှအလုပ်လုပ်တဲ့အကျင့်လေးကိုမွေးမြူမယ်ဆိုရင် လူက Productivity ပိုထွက်နိုင်သလို အလုပ်လုပ်တဲ့အခါဖြစ်ဖြစ်၊စာလေ့လာတဲ့အခါမှာဖြစ်ဖြစ် သူများထက်ကို ပိုအာရုံစိုက်နိုင်ပါတယ်ရှင်🥰
🩵ဒီနောက်ဆုံးအချက်လေးက အားလုံးထဲမှာ အလွယ်ဆုံးနဲ့ အခက်ဆုံးလို့ပြောရရင်တောင် မှန်ပါလိမ့်မယ် … တစ်နေ့ကိုအနည်းဆုံး ၅မိနစ်ပြည့်အောင် Meditation လုပ်ဖို့ပါ🧘
၅မိနစ်ဆိုတဲ့အချိန်လေးပေးပြီးဘာမှမလုပ်ပဲနေရတာ အရမ်းလွယ်ကူပေမယ့် ဘာလို့ခက်သလဲဆိုရင် လူအများစုက ဂဏာမငြိမ်တတ်ကြလို့ပါ😏
Meditation က လုပ်နိုင်ရင်လုပ်နိုင်သလောက် စိတ်ရော ခန္ဓာကိုယ်ရောအတွက်ပါအကျိုးကျေးဇူးတွေအများကြီးရှိပါတယ်၊စိတ်ဖိစီးမှုတွေကိုလည်း လျော့ပါးစေပြီး အာရုံစူးစိုက်နိုင်စွမ်းကိုလည်း ပိုမိုတိုးတက်လာစေပါတယ်၊ ညဘက်အိပ်ရာဝင်ရင်လည်း နှစ်ခြိုက်စွာအိပ်ပျော်စေတဲ့အပြင် Emotional health ကိုပါ Positive vibe လေးတွေပေးစွမ်းနိုင်ပါတယ်ရှင်🥰
🩵စကြည့်အနေနဲ့ ဒီလို အကျိူးရှိတဲ့ ကျန်းမာရေးနည်းလမ်းကောင်းလေးတွေကို မျှဝေပေးရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိသလို ဒီစာလေးကိုဖတ်ပြီးတဲ့သူတွေလည်း အခုကစပြီး နည်းနည်းချင်းစီကနေ လိုက်လုပ်ကြည့်ဖို့ တိုက်တွန်းပါရစေနော်🥰
📍Guardianship Program အကြောင်း အသေးစိတ်ကို ဒီ Link လေးမှာ ဝင်ကြည့်ပေးပါရှင်…
https://www.facebook.com/share/p/19ZQpU5ef6/?mibextid=wwXIfr
📍One on One Program အကြောင်း အသေးစိတ်ကို ဒီ Link လေးမှာ ဝင်ကြည့်ပေးပါရှင်…
https://www.facebook.com/share/p/19CRjqUuCw/?mibextid=wwXIfr
m.me/sakyihealthandwellness
#𝐒𝐚𝐊𝐲𝐢 #ပျော်ရွှင်ကျန်းမာစကြည့်ပါ
#အနာဂတ်မှာအတူကျန်းမာဒီနေ့ကစကြည့်ပါ
20/05/2026
⏳ ကိုယ့်အတွက်မဟုတ်တဲ့ အရာတွေနောက် ပြေးလိုက်ရင်း... တကယ့်အရေးကြီးဆုံးဖြစ်တဲ့ "သင့်
ကိုယ်သင်" ကို မေ့နေခဲ့ပြီလား?
နေ့စဉ်ဘဝရဲ့ တာဝန်ဝတ္တရားတွေ၊ အလုပ်တွေကြားမှာ ရုန်းကန်ရင်း သင်ဘယ်လောက်တောင် ပင်ပန်းနေခဲ့ပြီလဲ။ မသိမသာ မျိုသိပ်ထားရတဲ့ စိတ်ဖိစီးမှုတွေ၊ အိပ်ရေးပျက်ခံခဲ့ရတဲ့ ညတွေ၊ နားချိန်မရှိဘဲ ကိုယ့်ခန္ဓာကိုယ်ကို အတင်းအကျပ် ခိုင်းစေခဲ့တာတွေ...
ဒါတွေအားလုံးက သင့်ဆီကနေ တန်ဖိုးရှိတဲ့ အချိန်တွေနဲ့ ကျန်းမာရေးကို တိတ်တဆိတ် ခိုးယူသွားခဲ့ပါပြီ။
"ငါ ငယ်ပါသေးတယ်၊ ရောဂါမရှိသေးပါဘူး" ဆိုပြီး နေလာခဲ့ပေမယ့် အခုချိန်မှာတော့ ကိုယ့်ကိုယ်ကိုယ် ပြန်ချစ်ဖို့ အချိန်တန်ပါပြီ။
လွှတ်ချသင့်တဲ့ ဖိစီးမှုတွေကို စိတ်သန့်သန့်နဲ့ လွှတ်ချပြီး၊ တကယ်တန်ဖိုးထားရမယ့် ကိုယ့်ရဲ့ "ကျန်းမာရေးနဲ့ ပျော်ရွှင်မှု" ကို နွေးနွေးထွေးထွေး ပြန်ပွေ့ဖက်
လိုက်ပါ။
ကိုယ်ရောစိတ်ပါ ပေါ့ပါးလန်းဆန်းတဲ့ Healthy Lifestyle တစ်ခုကို ပိုင်ဆိုင်ဖို့ဆိုရင်...
✅Own energy (ခွန်အားတွေ ပြန်ဖြည့်တင်းမယ်)
✅Sleep quality (နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်မယ်)
✅Stress level (ဖိစီးမှုတွေကို လျှော့ချမယ်)
✅Immunity (ကိုယ်ခံစွမ်းအားကို မြှင့်တင်မယ်)
ဒါတွေကို နေ့စဉ်ဘဝ (Daily Routine) မှာ Step-by-step ပြောင်းလဲရင်း ပျော်ရွှင်မှု (Happiness) တွေကို ဖန်တီးယူရပါမယ်။
ဒီလိုသာ မှန်ကန်တဲ့ အလေ့အကျင့်ကောင်းတွေကို မွေးမြူနိုင်ခဲ့ရင်—
✨ သင့်ရဲ့ စိတ်ခံစားမှုတွေ ပိုကောင်းလာမယ် (Your mood will change)
✨ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ တိုးလာမယ် (Your confidence will lift)
✨ ကျန်းမာရေးစနစ်ကြီးတစ်ခုလုံး အသစ်ပြန်ဖြစ်သွားမယ် (Your health will reset)
✨ မိသားစု၊ ပတ်ဝန်းကျင်နဲ့ ဆက်ဆံရေးတွေ ပိုမိုနွေးထွေးလာမယ် (Your relationships will soften)
✨ စိတ်နဲ့ ခန္ဓာကိုယ် ပိုမိုပေါ့ပါးလွတ်လပ်သွားမယ် (Your mind will become lighter)
ဘဝရဲ့ တစ်ဝက်ခရီးဖြစ်တဲ့ အသက် (၅၀) အရွယ်ကို ရောက်လာတဲ့အခါ...
"အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုပါပဲ" လို့ ဂုဏ်ယူဝင့်ကြွားစွာ ပြောနိုင်ဖို့ စတင်ပြင်ဆင်သင့်နေပါပြီ။ သက်ကြီးပိုင်းတွေအတွက် မိသားစုရဲ့ ဂရုစိုက်နွေးထွေးမှုနဲ့အတူ ကျန်းမာသက်ရှည်စွာ နေထိုင်နိုင်ဖို့ Sa Kyi မှ အထူးသီးသန့်စီစဉ်ထားတဲ့ Program လေးတွေ ရှိပါတယ်။
ကျန်ရှိနေတဲ့ ဘဝသက်တမ်းတစ်လျှောက်လုံး ရောဂါကင်းကင်း၊ ပေါ့ပေါ့ပါးပါးနဲ့ အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းနိုင်ဖို့ အခုပဲ Sa Kyi ရဲ့ Program လေးတွေနဲ့ လက်တွဲလိုက်ပါ 🤝
📍 Guardianship Program အကြောင်း အသေးစိတ်ကို ဒီ Link လေးမှာ ဝင်ကြည့်ပေးပါရှင်…
👉 [https://www.facebook.com/share/p/19ZQpU5ef6/?mibextid=wwXIfr]
📍 One on One Program အကြောင်း အသေးစိတ်ကို ဒီ Link လေးမှာ ဝင်ကြည့်ပေးပါရှင်…
👉 [https://www.facebook.com/share/p/19CRjqUuCw/?mibextid=wwXIfr]
💌 အသေးစိတ် တိုင်ပင်ဆွေးနွေးလိုပါက - m.me/sakyiihealthandwellness
#ပျော်ရွှင်ကျန်းမာစကြည့်ပါ
#အနာဂတ်မှာအတူကျန်းမာဒီနေ့ကစကြည့်ပါ
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Dagon