TIP TOP Health Massage & Beauty Spa - Dawei
ကျန်းမာရေးအတွက် ၊ တစ်နေ့တာပင်ပန်းနွမ်းလျမှုတွေကို ဖြေဖျောက်ဖို့အတွက် TIP TOP က အသင့်ရှိနေပါတယ်🥰
04/09/2026
အလုပ်ခေါ်စာ
📣📣Tip Top Health Massage & Beauty Spa တွင် တာဝန်ထမ်းဆောင်ရန် အလုပ်သင် ဝန်ထမ်းအမျိုးသမီးများ ဖိတ်ခေါ်အပ်ပါသည် 📣📣
🔅စိတ်ချမ်းသာစွာဖြင့် လုပ်ငန်းခွင်အတွေ့အကြုံကောင်းများ ရယူပြီး ဝင်ငွေကောင်းမွန်စွာ ရှာဖွေချင်သည့် ညီမများအတွက် အခွင့်အလမ်းကောင်း လာပါပြီ။
ဝန်ထမ်းအမျိုးအစား – အလုပ်သင် ဝန်ထမ်းအမျိုးသမီး
🌸 Tip Top ကို ဘာကြောင့် ရွေးချယ်သင့်သလဲ?
စိတ်အေးချမ်းသာစွာ လုပ်ကိုင်နိုင်ခြင်း၊ သန့်ရှင်းသပ်ရပ်သည့် ကျန်းမာရေးအနှိပ် သီးသန့်ဆိုင် ဖြစ်သဖြင့် မလိုအပ်သော မလိုလားအပ်သည့် ပြဿနာများအတွက် လုံးဝ စိတ်ပူစရာမလိုဘဲ ဆိုင်ဘက်မှ ရာနှုန်းပြည့် အပြည့်အဝ ကာကွယ်စောင့်ရှောက်ပေးပါသည်။
အနှိပ်ပညာရပ်နဲ့ ပါတ်သက်ပြီး အတွေ့အကြုံမရှိသေးပါကလည်း လုံးဝစိတ်ပူစရာမလိုပဲ လုပ်ငန်းခွင်ဝင်နိုင်သည်အထိ အစအဆုံး စနစ်တကျ မေတ္တာဖြင့် သင်ကြားပေးပါသည်။
🎁 ရရှိမည့် ခံစားခွင့်များ
💰 အခြေခံလစာ + ကော်မရှင် (Commission)
💷 Tip Money
🏠 နေစရာ အခမဲ့ စီစဉ်ပေးခြင်း
🍲 နေ့လည်စာ + ညစာ စီစဉ်ပေးခြင်း
👚 Uniform
📋 လိုအပ်သော အရည်အချင်းများ
✅ရိုးသားကြိုးစားပြီး အဖွဲ့အစည်း စည်းကမ်းများကို လိုက်နာနိုင်သူ
✅စကားပြော ပြေပြစ်ပြီး ဆက်ဆံရေး ကောင်းမွန်သူ
✅ရုပ်ရည် အသင့်အတင့် ပြေပြစ်သူ
✅အသင်းအဖွဲ့နှင့် လိုက်လျောညီထွေစွာ အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်သူ
✅တစ်ကိုယ်ရည် သန့်ရှင်းမှုရှိပြီး သပ်သပ်ရပ်ရပ် နေထိုင်တတ်သူ
📍 ဆက်သွယ် လျှောက်ထားရန်
ဖုန်းနံပါတ်: [09958890728]
လိပ်စာ: [အမှတ်(၈၄/က)၊ ရတနာလမ်း၊ စီမံကိန်းရုံးရှေ့၊ ဆန်းချီရပ်ကွက်၊ ထားဝယ်မြို့]
Page Messenger: [Direct Message မှတစ်ဆင့်လည်း ဆက်သွယ်နိုင်ပါသည်]
CV Form များကို page Messenger မှဖြစ်စေ၊ Viber No. [+959774292929] သို့ဖြစ်စေ ပေးပို့ လျောက်ထားနိုင်ပါသည်။
နယ်ဝေးမှ လာရောက်လုပ်ကိုင်မည့်သူများကို ခရီးစရိတ် စီစဉ်ပေးမည်။
(အမှန်တကယ် စိတ်ပါဝင်စားပြီး အလုပ်လုပ်လိုသူများ စုံစမ်းမေးမြန်း လျှောက်ထားနိုင်ပါသည်။)
01/08/2026
💆♀️ အနှိပ်ပညာဆိုတာ ဘယ်ကနေစပြီး ဖြစ်ပေါ်လာတာလဲ?
ကိုယ်ခန္ဓာရဲ့ တစ်နေရာရာ နာကျင်သွားတဲ့အခါ ၊ ပင်ပင်းပြီး ညောင်းညာကိုက်ခဲနေတဲ့အခါ လက်နဲ့ အလိုအလျောက် ပွတ်ပေးတာ၊ ဖိပေးတာမျိုး လူတိုင်းနီးပါး လုပ်ဖူးကြမှာပါ။
တကယ်တော့ ဒီလို လက်နဲ့ပွတ်ခြင်း၊ ဖိခြင်း၊ ဆုပ်နယ်ခြင်း တွေဟာ အနှိပ်ပညာရဲ့ အခြေခံအကျဆုံး ပုံစံတွေဖြစ်ပါတယ်။
အနှိပ်ပညာဟာ လူတစ်ဦးတစ်ယောက်က တီထွင်ခဲ့တာ မဟုတ်သလို နိုင်ငံတစ်နိုင်ငံတည်းမှာ စတင်ပေါ်ပေါက်ခဲ့တာလည်း မဟုတ်ပါဘူး။
လူသားတွေဟာ နာကျင်မှုနဲ့ ကိုယ်လက်ပင်ပန်းမှုကို သက်သာစေဖို့ လက်နဲ့ပွတ်ပေးခြင်းကို အစောဆုံးအသုံးပြုခဲ့ကြပြီး၊ အချိန်ကြာလာတာနဲ့အမျှ ဒေသအသီးသီးရဲ့ ဆေးပညာ၊ ယဉ်ကျေးမှုနဲ့ ဘဝနေထိုင်မှုပုံစံတွေအလိုက် အနှိပ်နည်းစနစ်တွေ သီးခြားဖွံ့ဖြိုးလာခဲ့ကြတာပါ။
အရှေ့တိုင်းနဲ့ အနောက်တိုင်း ယဉ်ကျေးမှုအများစုမှာ အနှိပ်ပညာကို ရှေးခေတ်ကတည်းက အသုံးပြုလာခဲ့ပြီး လူသားတွေ နာကျင်မှုသက်သာစေဖို့ အသုံးပြုခဲ့တဲ့ အစောဆုံးနည်းလမ်းတွေထဲက တစ်ခုဖြစ်ကြောင်း ကျန်းမာရေးဆိုင်ရာ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
🇮🇳 အိန္ဒိယရဲ့ Ayurvedic Massage
အိန္ဒိယနိုင်ငံမှာ အနှိပ်ပညာဟာ Ayurveda ရိုးရာဆေးပညာ နဲ့အတူ နှစ်ပေါင်းများစွာ ဖွံ့ဖြိုးလာခဲ့ပါတယ်။
Ayurveda စနစ်မှာ ခန္ဓာကိုယ်ကို ဆီလိမ်းပြီး စနစ်တကျနှိပ်နယ်ပေးတဲ့ နည်းလမ်းတွေကို ကျန်းမာရေးထိန်းသိမ်းမှု၊ ကိုယ်ခန္ဓာအနားယူမှုနဲ့ နေ့စဉ်ဘဝစောင့်ရှောက်မှုရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
ရှေးဟောင်း Ayurveda ကျမ်းစာတွေမှာလည်း အနှိပ်ပညာကို ကျန်းမာရေးအတွက် အရေးပါတဲ့ စောင့်ရှောက်မှုနည်းလမ်းတစ်ခုအဖြစ် ဖော်ပြထားပါတယ်။
🇨🇳 တရုတ်ရိုးရာအနှိပ်ပညာ
တရုတ်နိုင်ငံမှာလည်း အနှိပ်ပညာဟာ ရိုးရာတရုတ်ဆေးပညာနဲ့အတူ ဖွံ့ဖြိုးလာခဲ့ပါတယ်။
Anmo၊ Tui Na လို့ခေါ်တဲ့ အနှိပ်နည်းတွေမှာ ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေ၊ အဆစ်တွေ၊ သတ်မှတ်ထားတဲ့ ဖိအားပေးရမယ့်နေရာတွေကို ပွတ်ခြင်း၊ ဖိခြင်း၊ ဆုပ်နယ်ခြင်း၊ တွန်းခြင်း စတဲ့ နည်းစနစ်တွေ အသုံးပြုပါတယ်။
တရုတ်အနှိပ်ပညာဟာ တရုတ်နိုင်ငံအတွင်းမှာပဲ ရပ်တန့်မနေဘဲ အိန္ဒိယအပါအဝင် အာရှဒေသတွေရဲ့ ရိုးရာကုသမှုအယူအဆတွေနဲ့လည်း အပြန်အလှန် သက်ရောက်မှုရှိခဲ့ကြောင်း သမိုင်းဆိုင်ရာ လေ့လာချက်တွေမှာ တွေ့ရပါတယ်။
🇹🇭 ထိုင်းရိုးရာအနှိပ်ပညာ
ယနေ့ မြန်မာနိုင်ငံမှာလည်း လူသိများတဲ့ Thai Traditional Massage — Nuad Thai ဟာ ထိုင်းနိုင်ငံရဲ့ ရိုးရာကျန်းမာရေးစောင့်ရှောက်မှုစနစ်ထဲက အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။
ထိုင်းရိုးရာအနှိပ်မှာ—
✅ လက်ဖဝါးနဲ့ ဖိပေးခြင်း
✅ လက်မနဲ့ ဖိအားပေးခြင်း
✅ တံတောင်ဆစ်၊ ဒူးနဲ့ ခြေထောက် အသုံးပြုခြင်း
✅ ကိုယ်ခန္ဓာကို ဖြည်းဖြည်းချင်း ဆန့်ပေးခြင်း
✅ ဆေးဖက်ဝင်အပူထုပ် အသုံးပြုခြင်း
စတဲ့ နည်းလမ်းတွေကို ပေါင်းစပ်အသုံးပြုကြပါတယ်။
UNESCO ရဲ့ ဖော်ပြချက်အရ Nuad Thai ဟာ ရှေးခေတ် ထိုင်းလယ်ယာကျေးလက်လူမှုအသိုင်းအဝိုင်းမှာ ကိုယ်လက်ပင်ပန်းနာကျင်မှုကို အချင်းချင်း ကူညီစောင့်ရှောက်ပေးတဲ့ အလေ့အကျင့်ကနေ အစပြုခဲ့တာဖြစ်ပါတယ်။ အဲဒီအတွေ့အကြုံတွေကို မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းရင်း စနစ်တကျဖွဲ့စည်းထားတဲ့ ရိုးရာအနှိပ်ပညာတစ်ရပ်အဖြစ် ဖွံ့ဖြိုးလာခဲ့ပါတယ်။
၂၀၁၉ ခုနှစ်မှာတော့ Nuad Thai ရိုးရာထိုင်းအနှိပ်ပညာ ကို UNESCO က လူသားမျိုးနွယ်ရဲ့ ကိုယ်စားပြုယဉ်ကျေးမှုအမွေအနှစ်စာရင်းမှာ ထည့်သွင်းအသိအမှတ်ပြုခဲ့ပါတယ်။
🌍 ဒါဆို အနှိပ်ပညာရဲ့ မူလအစက ဘယ်နိုင်ငံလဲ?
တိတိကျကျပြောရရင်—
“အနှိပ်ပညာကို ဒီနိုင်ငံက စတင်တီထွင်ခဲ့တယ်” လို့ နိုင်ငံတစ်နိုင်ငံတည်းကို သတ်မှတ်ပြောလို့ မရပါဘူး။
အိန္ဒိယ၊ တရုတ်၊ ထိုင်းနဲ့ အခြားရှေးဟောင်းယဉ်ကျေးမှုတွေမှာ လူတွေရဲ့ ကိုယ်လက်ပင်ပန်းမှုနဲ့ နာကျင်မှုတွေကို သက်သာစေဖို့ ကိုယ်ပိုင်နည်းစနစ်တွေနဲ့ အနှိပ်ပညာတွေ ဖွံ့ဖြိုးလာခဲ့ကြတာဖြစ်ပါတယ်။
ဒါကြောင့် အနှိပ်ပညာဆိုတာ—
🌿 လူသားတွေရဲ့ သဘာဝအလေ့အထကနေ အစပြုလာတဲ့ ပညာရပ်
🌿 ရိုးရာဆေးပညာနဲ့အတူ မျိုးဆက်ပေါင်းများစွာ လက်ဆင့်ကမ်းလာတဲ့ အမွေအနှစ်
🌿 နိုင်ငံအသီးသီးရဲ့ ယဉ်ကျေးမှုနဲ့ အတွေ့အကြုံတွေ ပေါင်းစပ်ဖွံ့ဖြိုးလာတဲ့ ကျန်းမာရေးစောင့်ရှောက်မှုနည်းလမ်းတစ်ခု ဖြစ်ပါတယ်။
💙 ယနေ့ခေတ်မှာ အနှိပ်ပညာက ဘယ်လိုပြောင်းလဲလာပြီလဲ?
ယနေ့ခေတ် Massage Therapy မှာ ကြွက်သား၊ အရွတ်နဲ့ အခြားနူးညံ့တဲ့ ကိုယ်ခန္ဓာတစ်ရှူးတွေကို လက်နဲ့ စနစ်တကျကိုင်တွယ်ပေးတဲ့ နည်းစနစ်အမျိုးမျိုး ပါဝင်ပါတယ်။
လူအများက—
✔️ ကိုယ်လက်ပင်ပန်းမှု လျော့ပါးစေဖို့
✔️ ကြွက်သားတင်းကျပ်မှု သက်သာစေဖို့
✔️ စိတ်နဲ့ကိုယ်ခန္ဓာ အနားယူစေဖို့
✔️ နေ့စဉ် Self-care အလေ့အကျင့်တစ်ခုအဖြစ်
အနှိပ်ဝန်ဆောင်မှုကို ရွေးချယ်အသုံးပြုလာကြပါတယ်။
ဒါပေမဲ့ အနှိပ်ဟာ ရောဂါတိုင်းကို ကုသပျောက်ကင်းစေတဲ့ နည်းလမ်းမဟုတ်ပါဘူး။ ပြင်းထန်တဲ့နာကျင်မှု၊ ဒဏ်ရာ၊ အရိုးကျိုးခြင်း၊ အဖျားရှိခြင်း၊ အရေပြားကူးစက်ရောဂါ ဒါမှမဟုတ် နာတာရှည်ရောဂါတစ်ခုခုရှိနေတယ်ဆိုရင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးမှ အနှိပ်ခံသင့်ပါတယ်။
💆♀️ အနှိပ်ပညာဆိုတာ အပန်းဖြေမှုတစ်ခုထက် ပိုပါတယ်။
ဒါဟာ လူသားတွေရဲ့ ဂရုစိုက်မှု၊ အတွေ့အကြုံနဲ့ ရိုးရာအသိပညာတွေကို မျိုးဆက်ပေါင်းများစွာ လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့တဲ့ တန်ဖိုးရှိသော ကျန်းမာရေးယဉ်ကျေးမှုတစ်ရပ် ဖြစ်ပါတယ်။
📍 TIP TOP Health Massage & Beauty Spa
Relax Your Body • Refresh Your Mind
☎️ 09-7566 14344
☎️ 09-25 480 2021
🕗 Open Daily — 8:00 AM to 7:00 PM
📍 အမှတ် ၈၄/က၊ ရတနာလမ်း၊ ဆန်းချီစာသင်ကျောင်းရှေ့လမ်း၊ စီမံကိန်းရုံးရှေ့၊ ဆန်းချီရပ်ကွက်၊ ထားဝယ်မြို့။
📍GPS - https://maps.app.goo.gl/vD5V9BYQBcZQBV7DA?g_st=ic
31/07/2026
💚 အလုပ်ကြားမှာ လည်ပင်းနဲ့ ပခုံးတွေ တင်းကျပ်လေးလံနေပြီလား?
ကွန်ပျူတာရှေ့ အချိန်ကြာကြာထိုင်ရတာ၊ ဖုန်းကို ခေါင်းငုံ့ပြီး ကြည့်ရတာ၊ ဆိုင်ကယ်တွေ ကားတွေမောင်းရတာနဲ့ စိတ်ဖိစီးမှုများတဲ့နေ့တွေမှာ လည်ပင်း၊ ပခုံးနဲ့ ဦးခေါင်းတစ်ဝိုက် ပင်ပန်းတင်းကျပ်သလို ခံစားရတတ်ပါတယ်။
ဒီလိုနေ့မျိုးမှာ Head & Shoulder Massage ရယူခြင်းက အပေါ်ပိုင်းကြွက်သားတွေကို ပြေလျော့ပြီး ပေါ့ပါးသက်တောင့်သက်သာ ဖြစ်သလို ခံစားရစေဖို့ အထောက်အကူဖြစ်နိုင်ပါတယ် 🪷
💡 ဘာလုပ်ရင် ဘာကောင်းလဲ?
▫️ အလုပ်လုပ်နေစဉ် မိနစ် ၃၀–၆၀ တိုင်း ခဏထပြီး လှုပ်ရှားပေးပါ။
ကိုယ်နေဟန်တစ်မျိုးတည်းနဲ့ ကြာကြာနေရတာကို လျှော့ချနိုင်ပြီး လည်ပင်းနဲ့ ပခုံးတင်းကျပ်မှုကို ကာကွယ်ရာမှာ အထောက်အကူဖြစ်နိုင်ပါတယ်။
▫️ လည်ပင်းနဲ့ ပခုံးကို ညင်သာစွာ ဆန့်တန်းပေးပါ။
အပေါ်ပိုင်းကြွက်သား လေးလံတင်းကျပ်သလို ခံစားရမှုကို ပြေလျော့စေနိုင်လို့ အလုပ်ကြားအနားချိန်နဲ့ အလုပ်ပြီးချိန်မှာ လုပ်သင့်ပါတယ်။
▫️ အလုပ်ပြီးနောက် Head & Shoulder Massage ရယူပါ။
တစ်နေ့တာပင်ပန်းမှုနဲ့ စိတ်ဖိစီးမှုကို လျော့ပါးသလို ခံစားရပြီး စိတ်ရောကိုယ်ပါ အေးချမ်းစွာ အနားယူနိုင်ဖို့ အထောက်အကူဖြစ်နိုင်ပါတယ်။
▫️ ရေမှန်မှန်သောက်ပြီး အိပ်ရေးဝအောင် အနားယူပါ။
ခန္ဓာကိုယ်ရဲ့ သဘာဝပြန်လည်အနားယူမှုကို ပံ့ပိုးပေးနိုင်ပါတယ်။
Tip Top Health Massage & Beauty Spa မှာတော့—
✅ သန့်ရှင်းသပ်ရပ်သော ပတ်ဝန်းကျင်
✅ Air-conditioned Room
✅ ကျား/မ Therapist ရွေးချယ်နိုင်ခြင်း
✅ တစ်ခါသုံးပစ္စည်းများ အသုံးပြုခြင်း
✅ Parking အဆင်ပြေခြင်း
✅ ကြိုတင် Booking ပြုလုပ်နိုင်ခြင်း
✅ မိသားစုလိုက် အေးချမ်းစွာလာရောက်နိုင်ခြင်း
တို့နဲ့ နွေးထွေးဖော်ရွေစွာ ဝန်ဆောင်မှုပေးနေပါတယ်။
တစ်နေ့လုံး အလုပ်အတွက် အားထုတ်ခဲ့ပြီးပြီဆိုရင် ကိုယ့်လည်ပင်းနဲ့ ပခုံးတွေအတွက်လည်း အနားယူချိန်လေး ပြန်ပေးလိုက်ပါနော် 💚
☎️ 09-7566 14344
☎️ 09-25 480 2021
🕗 Open Daily — 8:00 AM to 7:00 PM
📍 အမှတ် ၈၄/က၊ ရတနာလမ်း၊ ဆန်းချီစာသင်ကျောင်းရှေ့လမ်း၊ စီမံကိန်းရုံးရှေ့၊ ဆန်းချီရပ်ကွက်၊ ထားဝယ်မြို့။
📍GPS - https://maps.app.goo.gl/vD5V9BYQBcZQBV7DA?g_st=ic
လည်ပင်းနာကျင်မှု ပြင်းထန်ခြင်း၊ ရုတ်တရက်ဖြစ်ခြင်း၊ လက်ထုံခြင်း၊ အားနည်းခြင်း သို့မဟုတ် နာကျင်မှုကြာရှည်နေခြင်းရှိပါက Massage ကို ကုသမှုအစားမသုံးဘဲ သင့်တော်သော ကျန်းမာရေးစစ်ဆေးမှု ခံယူသင့်ပါတယ်။
30/07/2026
🌿 အသက်အရွယ်အလိုက် ကြပ်ထုပ်ထိုးခြင်းက ဘာတွေကို သက်သာစေနိုင်လဲ?
လည်ပင်းနဲ့ ပခုံးတင်းနေတာ၊ ခါးနဲ့ခြေထောက်တွေ လေးလံကိုက်ခဲနေတာ၊ အလုပ်ပင်ပန်းပြီး ကြွက်သားတွေ မာတင်းနေတာမျိုး ကြုံနေရပြီလား?
✅ကြပ်ထုပ်ထိုးခြင်း (Herbal Compress Massage) ဆိုတာ ဆေးဖက်ဝင်အပင်များပါဝင်တဲ့ ကြပ်ထုပ်ကို ရေနွေးငွေ့ဖြင့် နွေးအောင်ပြုလုပ်ပြီး ခန္ဓာကိုယ်ပေါ်မှာ ဖိကပ်ခြင်း၊ လှိမ့်ပေးခြင်းတို့ဖြင့် ကြွက်သားတွေကို ပြေလျော့အောင် ကူညီပေးတဲ့ ရိုးရာအနှိပ်နည်းတစ်မျိုး ဖြစ်ပါတယ်။
"ကြပ်ထုပ်ပးပူလေးရယ်၊ သေချာဖိနှိပ်ပေးမှုရယ် ပေါင်းစပ်သွားတဲ့အခါ ကြွက်သားတွေ တင်းကျပ်ကိုက်ခဲတာနဲ့ လှုပ်ရှားရခက်တာတွေက တော်တော်လေး ပြေလျော့သက်သာသွားစေပါတယ်။ သုတေသနတစ်ခုမှာဆိုရင်လည်း လည်ပင်းနဲ့ ပခုံးကြွက်သား နာကျင်နေသူတွေဟာ အပူကြပ်ထုပ်ထိုးပြီးတဲ့နောက် နာကျင်တာတွေ သက်သာသွားပြီး လည်ပင်းလှုပ်ရှားရတာ ပိုကောင်းလာတယ်လို့ ဆိုထားပါတယ်။
✅“ကြပ်ထုပ်ထိုးရင် အပြီးပျောက်ကင်းနိုင်လား?”
တကယ်ပြောရရင် ကြပ်ထုပ်ထိုးခြင်းက ရောဂါအားလုံးကို အပြီးပျောက်ကင်းစေတဲ့ ဆေးကုသမှု မဟုတ်ပါဘူး။
ထိုင်တာ၊ ရပ်တာ၊ လမ်းလျှောက်တာများခြင်း၊ ဖုန်းနဲ့ကွန်ပျူတာအသုံးများခြင်း၊ လေ့ကျင့်ခန်းလုပ်ပြီး ကြွက်သားပင်ပန်းခြင်းကြောင့် ဖြစ်လာတဲ့ သာမန်ကြွက်သားတင်းကျပ်မှု၊ လေးလံမှုနဲ့ ကိုက်ခဲမှုတွေကတော့ ကြပ်ထုပ်နဲ့အနှိပ်ခံပြီးနောက် သိသိသာသာပြေလျော့သွားနိုင်ပါတယ်။
ဒါပေမဲ့—
* အဆစ်အမြစ်ရောင်ရမ်းခြင်း
* ကျီးပေါင်းနဲ့ အရိုးအဆစ်ယိုယွင်းခြင်း
* အာရုံကြောဖိမိခြင်း
* ခါးဆစ်ပြားပြဿနာ
* ထိခိုက်ဒဏ်ရာ
* အရိုးကျိုးခြင်း
* နာတာရှည်ရောဂါကြောင့် နာကျင်ခြင်း
တို့လို အကြောင်းရင်းတွေရှိရင် ကြပ်ထုပ်က နာကျင်မှုကို သက်သာစေနိုင်ပေမယ့် မူလရောဂါကို ပျောက်ကင်းအောင် မကုသနိုင်ပါဘူး။ အသက်ကြီးသူတွေရဲ့ နာတာရှည်ခါးနာမှုကို လေ့လာထားတဲ့ သုတေသနတစ်ခုမှာ အနှိပ်ခံသူနှစ်ဖွဲ့စလုံး သက်သာလာပေမယ့် အနှိပ်နဲ့အတူ ကြပ်ထုပ်ထည့်ပေးခြင်းက ထပ်ဆောင်းအကျိုးကျေးဇူး သိသိသာသာမပြနိုင်ခဲ့ပါဘူး။
👧 အသက် ၁၈ နှစ်အောက်
ကလေးငယ်နဲ့ ဆယ်ကျော်သက်များမှာ အရေပြားနုနယ်ပြီး အပူခံနိုင်မှုက လူကြီးတွေနဲ့ မတူနိုင်တာကြောင့် အပူချိန်မြင့်တဲ့ ကြပ်ထုပ်ကို ပုံမှန်လူကြီးနည်းလမ်းအတိုင်း မသုံးသင့်ပါဘူး။
မိဘ သို့မဟုတ် အုပ်ထိန်းသူရဲ့ ခွင့်ပြုချက်ရှိရမယ့်အပြင်—
* အပူချိန်ကို လျှော့ပေးခြင်း
* အချိန်တိုတိုသာ အသုံးပြုခြင်း
* နာကျင်ရာနေရာကို မပြင်းထန်စွာဖိခြင်း
* ကလေးက ပူခြင်း၊ နာခြင်းကို ရှင်းရှင်းလင်းလင်း ပြောနိုင်ခြင်း
တို့ကို ဦးစားပေးရပါမယ်။
🧑 အသက် ၁၈ မှ ၃၀ နှစ်
ဒီအသက်အရွယ်မှာ—
* အားကစားနဲ့ လေ့ကျင့်ခန်းလုပ်ပြီး ကြွက်သားပင်ပန်းခြင်း
* ဖုန်းနဲ့ Laptop အသုံးများလို့ လည်ပင်းပခုံးတင်းခြင်း
* အချိန်ကြာကြာထိုင်ခြင်းကြောင့် ခါးနဲ့တင်ပါးတင်းခြင်း
* ခရီးသွားခြင်း၊ ကားမောင်းခြင်းကြောင့် ခြေထောက်လေးလံခြင်း
တို့အတွက် ကြပ်ထုပ်ထိုးခြင်းက ကြွက်သားပြေလျော့ပြီး ကိုယ်လက်ပေါ့ပါးလာစေဖို့ အထောက်အကူဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ အားကစားလုပ်ရင်း လတ်တလော ထိခိုက်မိထားလို့ ရောင်ရမ်း၊ နီရဲပြီး ပူနေတဲ့အချိန်မျိုးမှာ ချက်ချင်းအပူပေးလိုက်ရင် ဒဏ်ရာပိုဆိုးသွားနိုင်ပါတယ်။ ဒါကြောင့် ဒီလိုအခြေအနေမျိုးမှာ ကြပ်ထုပ်မထိုးသင့်သေးပါဘူး။
👩💼 အသက် ၃၁ မှ ၄၅ နှစ်
အလုပ်နဲ့မိသားစုတာဝန်တွေများလာတဲ့ ဒီအသက်အရွယ်မှာ—
* ရုံးထိုင်အလုပ်ကြောင့် လည်ပင်းနဲ့ပခုံးတင်းခြင်း
* အချိန်ကြာကြာရပ်ရတဲ့အတွက် ခြေထောက်လေးလံခြင်း
* အိမ်မှုကိစ္စနဲ့ လုပ်ငန်းခွင်ပင်ပန်းမှုကြောင့် ခါးကိုက်ခြင်း
* စိတ်ဖိစီးမှုနဲ့ ကြွက်သားမသိမသာတင်းနေခြင်း
တို့ကို ပိုတွေ့ရတတ်ပါတယ်။
ရောဂါအခံတစ်ခုခုကြောင့်မဟုတ်ဘဲ ပင်ပန်းပြီး ကြွက်သားတွေ တင်းနေတာမျိုးဆိုရင်တော့ ကြပ်ထုပ်ပူပူလေးထိုးပြီး နှိပ်နယ်ပေးတာက အရမ်းကို ပြေလျော့သက်သာစေပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် သက်သာနိုင်ပုံချင်း မတူကြသလို၊ ကိုယ်နေဟန်ထားနဲ့ နေထိုင်မှုပုံစံကို သေချာမပြင်ဘူးဆိုရင်တော့ နောက်ပိုင်းမှာ ပြန်ပြီး ညောင်းညာတင်းကျပ်လာတတ်ပါတယ်။
🧔 အသက် ၄၆ မှ ၆၀ နှစ်
ဒီအသက်အပိုင်းအခြားမှာ ကြွက်သားတင်းကျပ်မှုအပြင် အဆစ်အမြစ်ယိုယွင်းခြင်းနဲ့ နာတာရှည်ကိုက်ခဲမှုတွေ စတင်ပါဝင်လာနိုင်ပါတယ်။
ကြပ်ထုပ်ထိုးခြင်းက—
* ပခုံးနဲ့ကျောတင်းခြင်း
* ခါးနာပြီး လှုပ်ရှားရခက်ခြင်း
* ဒူးနဲ့ခြေထောက်တစ်ဝိုက် တင်းကျပ်ခြင်း
* အအေးမိသလို ကြွက်သားမာတင်းခြင်း
တွေကို ယာယီသက်သာစေနိုင်ပါတယ်။ ဒါပေမဲ့ အဆစ်အမြစ်ရောဂါကို ပြန်ကောင်းအောင် ကုသပေးတာမျိုးမဟုတ်တာကြောင့် နာကျင်မှုကြာရှည်နေခြင်း၊ လမ်းလျှောက်ရခက်ခြင်းနဲ့ အဆစ်ဖောင်းနီပူခြင်းရှိရင် ဆရာဝန်နဲ့ စစ်ဆေးသင့်ပါတယ်။ အနှိပ်နဲ့အပူကုထုံးအတွက် လက်ရှိသုတေသနအထောက်အထားအများစုက ရေတိုသက်သာမှုကိုသာ ပံ့ပိုးထားပါတယ်။
👵 အသက် ၆၀ နှစ်နှင့်အထက်
အသက်ကြီးသူတွေမှာ အရေပြားပါးလာခြင်း၊ အရိုးပွခြင်း၊ သွေးလည်ပတ်မှုနည်းခြင်းနဲ့ အပူအအေးကို ခံစားသိရှိနိုင်မှု လျော့နည်းလာခြင်းတွေ ရှိနိုင်ပါတယ်။
ဒါကြောင့်—
* အပူချိန်ကို နူးညံ့စွာထားခြင်း
* ပြင်းထန်စွာ မဖိခြင်း
* အချိန်ကြာကြာ တစ်နေရာတည်း မကပ်ခြင်း
* အရေပြားကို မကြာခဏ စစ်ဆေးခြင်း
* အရိုးပွ၊ သွေးကျဲဆေးသောက်ခြင်းနဲ့ အခြေခံရောဂါများကို Therapist အား ကြိုတင်ပြောခြင်း
တို့က အရေးကြီးပါတယ်။
အသက်ကြီးတဲ့သူတွေကို နှိပ်နယ်ပေးတဲ့အခါ အရမ်းပြင်းပြင်းထန်ထန် မနှိပ်မိဖို့ သတိထားစေချင်ပါတယ်။ ဖြစ်ခဲတယ်ဆိုပေမယ့် တစ်ခါတလေမှာ အာရုံကြောထိခိုက်တာ၊ သွေးခဲတာနဲ့ အရိုးထိခိုက်တာမျိုးတွေ ဖြစ်သွားတတ်လို့ပါ။ ဒါကြောင့် လူကြီးတွေအတွက်ဆိုရင် နူးနူးညံ့ညံ့လေး ဖွဖွလေး နှိပ်နယ်ပေးတာက အကောင်းဆုံးပါပဲ။
⚠️ ဘယ်အခြေအနေတွေမှာ ကြပ်ထုပ်မထိုးသင့်သေးလဲ?
❌ လတ်တလောမှ အသစ်ထိခိုက်ထားလို့ ရောင်ရမ်းနီရဲပြီး ပူနေတဲ့ဒဏ်ရာတွေ
❌ အရိုးကျိုး/အက်နေတယ်လို့ သံသယရှိရင်
❌ ဖျားနာနေချိန် ဒါမှမဟုတ် ခန္ဓာကိုယ်မှာ ရောဂါပိုးတစ်ခုခု ဝင်နေချိန်
❌ အနာစိမ်းတွေ၊ အရေပြားရောင်နေတာတွေနဲ့ အပူလောင်ထားတဲ့ ဒဏ်ရာတွေ
❌ အပူ၊ အအေးနဲ့ အထိအတွေ့ကို ကောင်းကောင်းမခံစားနိုင်တော့တဲ့အခါ
❌ ဆီးချိုကြောင့် ခြေထောက်တွေ ထုံကျင်ပြီး အာရုံခံစားမှု အားနည်းနေရင်
❌ သွေးလည်ပတ်မှု အားနည်းတဲ့သူတွေ
❌ သွေးခဲပိတ်တဲ့ ပြဿနာရှိနိုင်တယ်လို့ သံသယရှိရင်
❌ သုံးမယ့် ဆေးဘက်ဝင်အပင်တွေ၊ အဆီအနှစ်တွေနဲ့ ဓာတ်မတည့်ရင် (Allergy ရှိရင်)
ဆီးချိုကြောင့် အာရုံကြောထိခိုက်ထားသူတွေက အပူကို ပုံမှန်မခံစားနိုင်တာကြောင့် မသိလိုက်ဘဲ အပူလောင်နိုင်ပါတယ်။
ကြပ်ထုပ်ထိုးနေချိန်မှာ အလွန်ပူခြင်း၊ စူးရှနာကျင်ခြင်း၊ ပူလောင်ခြင်း၊ မူးဝေခြင်း သို့မဟုတ် ထုံကျင်ခြင်း ဖြစ်လာရင် ချက်ချင်းရပ်ပြီး Therapist ကို ပြောပြသင့်ပါတယ်။
ခန္ဓာကိုယ်က ပင်ပန်းနေပြီဆိုရင် “နာလွန်းမှ အနားယူမယ်” လို့ မစောင့်ပါနဲ့။
သင့်အသက်အရွယ်၊ ကိုယ်ခန္ဓာအခြေအနေနဲ့ နာကျင်ရတဲ့အကြောင်းရင်းကို သေချာမေးမြန်းပြီး သင့်တော်တဲ့ အပူချိန်နဲ့ ဖိအားကို ရွေးချယ်ခြင်းက အရေးကြီးဆုံးပါပဲ။ 💚
💯Tip Tip မှာ ကြပ်ထုပ်နဲ့ ပက်သက်တဲ့ Service တွေရှိပါတယ်ရှင့် ။💯
💚𝓟𝓻𝓸𝓶𝓸𝓽𝓲𝓷𝓰 𝔀𝓮𝓵𝓵𝓷𝓮𝓼𝓼 𝓽𝓱𝓻𝓸𝓾𝓰𝓱 𝓶𝓪𝓼𝓼𝓪𝓰𝓮𝓼💚
▫️Open – 8:00 AM
▫️Close – 7:00 PM
🪷 Tip Top Health Massage & Beauty Spa 🪷
📍 ဆက်သွယ်ရန်
☎️ 09-7566 14344
☎️ 09-25 480 2021
📪 Address
▪️၈၄/က၊ ရတနာလမ်း၊ ဆန်းချီစာသင်ကျောင်းရှေ့လမ်း၊ စီမံကိန်းရုံးရှေ့၊ ဆန်းချီရပ်ကွက်၊ ထားဝယ်မြို့။
#ကြပ်ထုပ်ထိုးခြင်း
#ထားဝယ်မြို့
26/07/2026
💆♀️ အနှိပ်ခံပြီးရင် ရေသောက်ဖို့ ဘာကြောင့် အရေးကြီးတာလဲ?
အနှိပ်ခံပြီးတဲ့အခါ…
“ရေများများသောက်ပါနော်” လို့ Therapist တွေ ပြောတာကို ကြားဖူးကြမှာပါ။
ဒါဟာ အလေ့အကျင့်တစ်ခုတည်း မဟုတ်ပါဘူး။
အနှိပ်ခံပြီးရင် ခန္ဓာကိုယ်ကို ရေလုံလောက်စွာ ဖြည့်တင်းပေးတာက သက်သောင့်သက်သာ ခံစားရစေဖို့ အထောက်အကူဖြစ်နိုင်ပါတယ်။
✅အနှိပ်ခံပြီးရင် ဘာကြောင့်ရေသောက်သင့်လဲ?
▪️ကိုယ်ခန္ဓာကို ရေဓာတ်ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။
▪️အနှိပ်ခံပြီးနောက် လန်းဆန်းသလို ခံစားရစေနိုင်ပါတယ်။
▪️နေ့စဉ်ပင်ပန်းနွမ်းနယ်မှုကနေ အနားယူပြီး သက်တောင့်သက်သာ ဖြစ်စေဖို့ ကူညီပေးနိုင်ပါတယ်။
🚫 အနှိပ်ခံပြီး ချက်ချင်း မလုပ်သင့်တာတွေ
❌ အရက်သောက်ခြင်း
❌ အလွန်ပြင်းထန်တဲ့ လေ့ကျင့်ခန်းလုပ်ခြင်း
❌ ရေမသောက်ဘဲ အချိန်ကြာကြာနေတာ
အနှိပ်ခံအပြီးမှာ ရေတစ်ခွက်လောက် သောက်ပြီး မိနစ်အနည်းငယ် အနားယူပေးတာ က Self-care Routine ကောင်းတစ်ခု ဖြစ်နိုင်ပါတယ်။
💬 အနှိပ်ခံပြီးတိုင်း ရေသောက်ဖြစ်လား?
👍 သောက်တယ်
😅 မေ့နေတတ်တယ်
Comment မှာ ဖြေပေးခဲ့ပါဦး။
⸻
💚𝓟𝓻𝓸𝓶𝓸𝓽𝓲𝓷𝓰 𝔀𝓮𝓵𝓵𝓷𝓮𝓼𝓼 𝓽𝓱𝓻𝓸𝓾𝓰𝓱 𝓶𝓪𝓼𝓼𝓪𝓰𝓮𝓼💚
▫️Open - 8:00 AM ▫️Close - 7:00 PM
🪷𝑻𝒊𝒑 𝑻𝒐𝒑 𝐇𝐞𝐚𝐥𝐭𝐡 𝑴𝒂𝒔𝒔𝒂𝒈𝒆 & 𝐁𝐞𝐚𝐮𝐭𝐲 𝐒𝐩𝐚🪷
▫️▫️▫️▫️▫️◽️◽️◽️▫️▫️▫️▫️▫️
📍ဆက်သွယ်ရန်
☎️ 09-7566 14344
☎️ 09-25 480 2021
📪𝐀𝐝𝐝𝐫𝐞𝐬𝐬
▪️၈၄/က ၊ ရတနာလမ်း ၊ ဆန်းချီစာသင်ကျောင်းရှေ့လမ်း ၊ စီမံကိန်းရုံးရှေ့ ၊ ဆန်းချီရပ်ကွက် ၊ ထားဝယ်မြို့။
📍GPS - https://maps.app.goo.gl/vD5V9BYQBcZQBV7DA?g_st=ic
25/07/2026
💆♀️ နေ့တိုင်းအနှိပ်ခံဖို့ လိုအပ်လား?
Massage က ကောင်းတယ်ဆိုပြီး နေ့တိုင်းအနှိပ်ခံဖို့ လိုအပ်တယ်လို့ ထင်နေသူတွေ ရှိပါတယ်။
တကယ်တော့ လူတိုင်းအတွက် နေ့တိုင်းအနှိပ်ခံဖို့ မလိုအပ်ပါဘူး။
ကိုယ့်ရဲ့ အလုပ်အမျိုးအစား၊ နေ့စဉ်လှုပ်ရှားမှု၊ ခန္ဓာကိုယ်အခြေအနေပေါ်မူတည်ပြီး အကြိမ်ရေအတွက်ကို ရွေးချယ်သင့်ပါတယ်။
ဘယ်လိုလူတွေတွက် Massage က ပိုပြီးအသုံးဝင်နိုင်လဲ?
✅ ရုံးမှာ အချိန်ကြာကြာထိုင်အလုပ်လုပ်သူ
✅ ကား၊ဆိုင်ကယ် မောင်းချိန်များသူ
✅ မိုဘိုင်းဖုန်း၊ ကွန်ပျူတာ အသုံးများသူ
✅ ကြွက်သားတင်းကျပ်သလို မကြာခဏခံစားရသူ
✅ အလုပ်ဖိအားများပြီး အနားယူချိန်နည်းသူ
ဘယ်နှစ်ကြိမ်လောက် သင့်တော်နိုင်လဲ?
🔹 အများအားဖြင့် တစ်ပတ် ၁ ကြိမ်မှ ၂ ကြိမ် လောက်က ပုံမှန် Self-care Routine အဖြစ် အဆင်ပြေနိုင်ပါတယ်။
🔹 အလွန်ပင်ပန်းတဲ့ကာလတွေမှာတော့ မိမိရဲ့လိုအပ်ချက်အရ Therapist နဲ့ တိုင်ပင်ပြီး ရွေးချယ်နိုင်ပါတယ်။
Massage ခံတဲ့အခါ သတိထားသင့်တာ
✔️ ကိုယ်ခံနိုင်တဲ့ Pressure ကို ကြိုပြောပါ။
✔️ နာတယ်ဆိုပြီး အတင်းခံစရာ မလိုပါဘူး။
✔️ Massage ပြီးရင် ရေလုံလောက်အောင် သောက်ပြီး အနားယူပါ။
Massage ဆိုတာ ဇိမ်ခံဖို့တင် မဟုတ်ပါဘူး။
နေ့စဉ်ပင်ပန်းနွမ်းနယ်မှုတွေကြားမှာ ကိုယ့်ခန္ဓာကိုယ်ကို အချိန်ပေးပြီး ဂရုစိုက်တဲ့ Self-care အလေ့အကျင့်တစ်ခုလည်း ဖြစ်နိုင်ပါတယ်။
💬 သင်ကရော ပုံမှန်ဘယ်နှစ်ကြိမ် အနှိပ်ခံဖြစ်လဲ?
🔹 တစ်ပတ် ၁ ကြိမ်
🔹 တစ်လ ၁ ကြိမ်
🔹 ပင်ပန်းမှပဲ သွားခံတယ်
Comment မှာ မျှဝေပေးခဲ့ပါဦး။ 👇
💚𝓟𝓻𝓸𝓶𝓸𝓽𝓲𝓷𝓰 𝔀𝓮𝓵𝓵𝓷𝓮𝓼𝓼 𝓽𝓱𝓻𝓸𝓾𝓰𝓱 𝓶𝓪𝓼𝓼𝓪𝓰𝓮𝓼💚
▫️Open - 8:00 AM ▫️Close - 7:00 PM
🪷𝑻𝒊𝒑 𝑻𝒐𝒑 𝐇𝐞𝐚𝐥𝐭𝐡 𝑴𝒂𝒔𝒔𝒂𝒈𝒆 & 𝐁𝐞𝐚𝐮𝐭𝐲 𝐒𝐩𝐚🪷
▫️▫️▫️▫️▫️◽️◽️◽️▫️▫️▫️▫️▫️
📍ဆက်သွယ်ရန်
☎️ 09-7566 14344
☎️ 09-25 480 2021
📪𝐀𝐝𝐝𝐫𝐞𝐬𝐬
▪️၈၄/က ၊ ရတနာလမ်း ၊ ဆန်းချီစာသင်ကျောင်းရှေ့လမ်း ၊ စီမံကိန်းရုံးရှေ့ ၊ ဆန်းချီရပ်ကွက် ၊ ထားဝယ်မြို့။
📍GPS - https://maps.app.goo.gl/vD5V9BYQBcZQBV7DA?g_st=ic
24/07/2026
အလုပ်တွေများလို့လို့ မတ်တပ်ရပ်ရတာ၊ လမ်းလျှောက်ရတာ၊ ဆိုင်ကယ်၊ ကားမောင်းရတာတွေ များလာရင် ညနေပိုင်းရောက်တဲ့အခါ ခြေထောက်တွေညောင်းပြီး တင်းကြပ်ကြပ်နဲ့ ပင်ပန်းနွမ်းနယ်သလို ခံစားရတတ်ပါတယ်။
ဒီလိုနေ့တွေမှာ ခြေထောက်ကို ဆားရည်လေးစိမ်ပေးပြီး ညင်ညင်သာသာနှိပ်နယ်ပေးခြင်းက သက်သောင့်သက်သာ အနားယူနိုင်ပြီး ညောင်းညာမှုတွေ ပြေလျော့ပြီး ပေါ့ပါးလန်းဆန်းသွားနိုင်ပါတယ်။
🪷 ဘာလုပ်ရင် ဘာကောင်းလဲ?
▫️တစ်နေ့လုံး အလုပ်လုပ်ပြီူနောက် Foot Spa လေးလုပ်ပေးရင် ခြေထောက် ပင်ပန်းလေးလံမှုကို ပြေလျော့စေဖို့ အထောက်အကူဖြစ်နိုင်ပါတယ်။
▫️ကားကြာကြာမောင်းပြီးနောက် ခြေထောက်ကို ညင်သာစွာ နှိပ်နယ်ပေးရင် တင်းကျပ်နေသလို ခံစားရမှုကို လျော့ပါးစေနိုင်ပါတယ်။
▫️အလုပ်တွေကြားမှာ ခဏခဏထပြီး လမ်းလျှောက်ပေးရင် ကိုယ်နေဟန်တစ်မျိုးတည်းနဲ့ ကြာကြာနေရတာကို လျှော့ချနိုင်ပါတယ်။
▫️ရေမှန်မှန်သောက်ပြီး အိပ်ရေးဝအောင် အနားယူရင် ခန္ဓာကိုယ်ရဲ့ သဘာဝပြန်လည်အနားယူမှုကို ပံ့ပိုးပေးနိုင်ပါတယ်။
Tip Top Health Massage & Beauty Spa မှာတော့—
✅ သန့်ရှင်းသပ်ရပ်သော ပတ်ဝန်းကျင်
✅ Air-conditioned Room
✅ ကျား/မ Therapist ရွေးချယ်နိုင်ခြင်း
✅ တစ်ခါသုံးပစ္စည်းများ အသုံးပြုခြင်း
✅ Parking အဆင်ပြေခြင်း
✅ ကြိုတင် Booking ပြုလုပ်နိုင်ခြင်း
✅ မိသားစုလိုက် အေးချမ်းစွာ လာရောက်နိုင်ခြင်း
တို့နဲ့ နွေးထွေးဖော်ရွေစွာ ဝန်ဆောင်မှုပေးနေပါတယ်။
တစ်နေ့လုံး အခြားအလုပ်တွေကို ဦးစားပေးခဲ့ပြီးပြီဆိုရင် ဒီနေ့တော့ ကိုယ့်ခြေထောက်တွေအတွက် အနားယူချိန်လေးတစ်ခု ပြန်ပေးလိုက်ပါနော် 💚
💚𝓟𝓻𝓸𝓶𝓸𝓽𝓲𝓷𝓰 𝔀𝓮𝓵𝓵𝓷𝓮𝓼𝓼 𝓽𝓱𝓻𝓸𝓾𝓰𝓱 𝓶𝓪𝓼𝓼𝓪𝓰𝓮𝓼💚
▫️Open - 8:00 AM ▫️Close - 7:00 PM
🪷𝑻𝒊𝒑 𝑻𝒐𝒑 𝐇𝐞𝐚𝐥𝐭𝐡 𝑴𝒂𝒔𝒔𝒂𝒈𝒆 & 𝐁𝐞𝐚𝐮𝐭𝐲 𝐒𝐩𝐚🪷
▫️▫️▫️▫️▫️◽️◽️◽️▫️▫️▫️▫️▫️
📍ဆက်သွယ်ရန်
☎️ 09-7566 14344
☎️ 09-25 480 2021
📪𝐀𝐝𝐝𝐫𝐞𝐬𝐬
▪️၈၄/က ၊ ရတနာလမ်း ၊ ဆန်းချီစာသင်ကျောင်းရှေ့လမ်း ၊ စီမံကိန်းရုံးရှေ့ ၊ ဆန်းချီရပ်ကွက် ၊ ထားဝယ်မြို့။
📍GPS - https://maps.app.goo.gl/vD5V9BYQBcZQBV7DA?g_st=ic
23/07/2026
ဖုန်းကြည့်များလို့ လည်ပင်းနဲ့ပခုံးတွေတင်းနေပြီလား? 📱💆♀️
ဖုန်းကို ခေါင်းငုံ့ပြီး အချိန်ကြာကြာကြည့်တာ၊ ကွန်ပျူတာရှေ့မှာ တစ်နေကုန်ထိုင်ရတာ၊ အလုပ်ဖိအားများတာတွေကြောင့် လည်ပင်းနဲ့ပခုံးတစ်ဝိုက်မှာ တင်းကျပ်ပြီး လေးလံသလို ခံစားရတတ်ပါတယ်။
ဒီလိုအချိန်မှာ သတိထားသင့်တဲ့ လက္ခဏာတွေက—
✅ ပခုံးနှစ်ဖက် လေးလံတင်းကျပ်နေခြင်း�✅ လည်ပင်းလှည့်တဲ့အခါ မသက်မသာဖြစ်ခြင်း�✅ ခေါင်းနောက်ဘက်တင်းပြီး ပင်ပန်းသလိုခံစားရခြင်း�✅ အချိန်ကြာကြာထိုင်ပြီးနောက် ခါးနဲ့နောက်ကျောပါ တင်းလာခြင်း
နေ့စဉ်ဘဝမှာ သက်သာအောင်—
🔹 မိနစ် ၃၀–၆၀ တစ်ကြိမ် ကိုယ်နေဟန်ပြောင်းပါ�🔹 ဖုန်းကို မျက်လုံးအမြင့်နားမှာ ကိုင်ကြည့်ပါ�🔹 ပခုံးနဲ့လည်ပင်းကို ဖြည်းဖြည်းဆန့်ထုတ်ပါ�🔹 အိပ်ချိန်နဲ့ အနားယူချိန်ကို လုံလောက်အောင်ထားပါ
တင်းကျပ်ပင်ပန်းမှုတွေ ဆက်ရှိနေတယ်ဆိုရင် မိမိခန္ဓာကိုယ်အခြေအနေနဲ့ ကိုက်ညီတဲ့ Head, Neck & Shoulder Massageသို့မဟုတ် Traditional Thai Massage ကို ရွေးချယ်နိုင်ပါတယ်။
အနှိပ်က ပြင်းလေလေကောင်းလေလေ မဟုတ်ပါဘူး။�မိမိခံနိုင်ရည်နဲ့ လိုအပ်ချက်ကို Therapist ကို ကြိုတင်ပြောပြတာ အရေးကြီးပါတယ်ရှင့်။
သင့်အတွက် ဘယ် Massage သင့်တော်မလဲ မသေချာရင် TIP TOP Team နဲ့ အရင်တိုင်ပင်နိုင်ပါတယ်။
ဖုန်းကြည့်ပြီးရင် သင်အများဆုံးပင်ပန်းတဲ့နေရာက လည်ပင်းလား၊ ပခုံးလား၊ ခါးလား?�Comment မှာ ပြောခဲ့ပါဦး 👇
💚𝓟𝓻𝓸𝓶𝓸𝓽𝓲𝓷𝓰 𝔀𝓮𝓵𝓵𝓷𝓮𝓼𝓼 𝓽𝓱𝓻𝓸𝓾𝓰𝓱 𝓶𝓪𝓼𝓼𝓪𝓰𝓮𝓼💚
▫️Open - 8:00 AM ▫️Close - 7:00 PM
🪷𝑻𝒊𝒑 𝑻𝒐𝒑 𝐇𝐞𝐚𝐥𝐭𝐡 𝑴𝒂𝒔𝒔𝒂𝒈𝒆 & 𝐁𝐞𝐚𝐮𝐭𝐲 𝐒𝐩𝐚🪷
▫️▫️▫️▫️▫️◽️◽️◽️▫️▫️▫️▫️▫️
📍ဆက်သွယ်ရန်
☎️ 09-7566 14344
☎️ 09-25 480 2021
📪𝐀𝐝𝐝𝐫𝐞𝐬𝐬
▪️၈၄/က ၊ ရတနာလမ်း ၊ ဆန်းချီစာသင်ကျောင်းရှေ့လမ်း ၊ စီမံကိန်းရုံးရှေ့ ၊ ဆန်းချီရပ်ကွက် ၊ ထားဝယ်မြို့။
📍GPS - https://maps.app.goo.gl/vD5V9BYQBcZQBV7DA?g_st=ic
� � � � � �
22/07/2026
💚 ပင်ပန်းနေတဲ့ ခန္ဓာကိုယ်ကို အကောင်းဆုံးဂရုစိုက်မှု ပေးလိုက်ပါ 💚
တစ်နေ့တာလုံး အလုပ်လုပ်ရင်း၊ ကားမောင်းရင်း၊ အချိန်ကြာကြာထိုင်ရင်းနဲ့ လည်ပင်း၊ ပခုံး၊ ခါးနဲ့ ခြေထောက်တွေ တင်းကျပ်လေးလံလာတာကို သာမန်လိုပဲ ထားမနေပါနဲ့နော်။
ကိုယ့်ခန္ဓာကိုယ်က အမြဲတမ်း ကိုယ့်အတွက် အလုပ်လုပ်ပေးနေတာမို့ အနားယူပြီး ပြန်လည်ဂရုစိုက်ပေးဖို့လည်း ထိုက်တန်ပါတယ် 🪷
Tip Top Health Massage & Beauty Spa မှာ—
✅ သန့်ရှင်းသပ်ရပ်သော Massage Room
✅ အေးမြသက်တောင့်သက်သာရှိသော Air-conditioned
✅ ကျား/မ Therapist စိတ်ကြိုက်ရွေးချယ်နိုင်ခြင်း
✅ တစ်ခါသုံးပစ္စည်းများ အသုံးပြုခြင်း
✅ Parking အဆင်ပြေခြင်း
✅ ကြိုတင် Booking ပြုလုပ်နိုင်ခြင်း
✅ Family Massage အတွက် အဆင်ပြေခြင်း
✅ လူတန်းစားမရွေး နွေးထွေးစွာ ကြိုဆိုခြင်း
တို့နဲ့ စိတ်အေးချမ်းသာစွာ အနားယူနိုင်ပါတယ်။
နေ့တိုင်း အခြားသူတွေအတွက် အားထုတ်နေသလို ကိုယ့်အတွက်လည်း အနားယူချိန်လေးတစ်ခု ဖန်တီးပေးပါနော်။
💚𝓟𝓻𝓸𝓶𝓸𝓽𝓲𝓷𝓰 𝔀𝓮𝓵𝓵𝓷𝓮𝓼𝓼 𝓽𝓱𝓻𝓸𝓾𝓰𝓱 𝓶𝓪𝓼𝓼𝓪𝓰𝓮𝓼💚
▫️Open - 8:00 AM ▫️Close - 7:00 PM
🪷𝑻𝒊𝒑 𝑻𝒐𝒑 𝐇𝐞𝐚𝐥𝐭𝐡 𝑴𝒂𝒔𝒔𝒂𝒈𝒆 & 𝐁𝐞𝐚𝐮𝐭𝐲 𝐒𝐩𝐚🪷
▫️▫️▫️▫️▫️◽️◽️◽️▫️▫️▫️▫️▫️
📍ဆက်သွယ်ရန်
☎️ 09-7566 14344
☎️ 09-25 480 2021
📪𝐀𝐝𝐝𝐫𝐞𝐬𝐬
▪️၈၄/က ၊ ရတနာလမ်း ၊ ဆန်းချီစာသင်ကျောင်းရှေ့လမ်း ၊ စီမံကိန်းရုံးရှေ့ ၊ ဆန်းချီရပ်ကွက် ၊ ထားဝယ်မြို့။
📍GPS - https://maps.app.goo.gl/vD5V9BYQBcZQBV7DA?g_st=ic
05/02/2026
"လက်ရာမပျက် အကောင်းဆုံးဖန်တီးထားတဲ့ ကြက်ပူထုပ်လေးများ ပြန်လည်ရရှိနိုင်ပါပြီ။
ပစ္စည်းပြတ်နေစဉ်အတွင်း စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်
ကြပ်ပူထုပ်ထိုးခြင်း (Herbal Body Massage)
ကြပ်ပူထုပ်ထိုးခြင်းသည် ရှေးဟောင်းတရုတ်ရိုးရာကုထုံးတစ်ခုဖြစ်ပြီး ဆေးဖက်ဝင်အပင်များကို ပိတ်စချည်ထုပ်ဖြင့် ထုပ်ပြီး အပူပေးကာ ကိုယ်အင်္ဂါများကို နှိပ်နယ်ပေးခြင်းဖြစ်သည်။
ကြပ်ပူထုပ်ထိုးခြင်းရဲ့ အကျိုးကျေးဇူးများကတော့
✅သွေးလည်ပတ်မှုကောင်းစေခြင်း
- အပူနှင့် ဖိနှိပ်နှိပ်နယ်ပေးခြင်းကြောင့် သွေးစီးဆင်းမှုကို မြှင့်တင်ပေးပြီး ကြွက်သားများ၊ အဆစ်အမြစ်များသို့ အောက်ဆီဂျင်နှင့် အာဟာရများ ပိုမိုရောက်ရှိစေပါသည်။
✅ကြွက်သားနာကျင်ကိုက်ခဲမှုသက်သာစေခြင်း
- အပူဓာတ်နှင့် နှိပ်နယ်မှုက ကြွက်သားတောင့်တင်းမှု၊ ဇက်ခိုင်ခြင်း၊ ခါးနာခြင်းများကို လျော့ပါးစေပါသည်။
✅အဆိပ်အတောက်များဖယ်ရှားပေးခြင်း
- ချွေးထွက်မှုကို အားပေးသဖြင့် ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များ (Toxins) ကို ဖယ်ရှားပေးပြီး အသားအရေကို ကြည်လင်စေပါသည်။
✅အရေပြားကျန်းမာရေးကောင်းစေခြင်း
- ဆေးဖက်ဝင်အပင်များ၏ သဘာဝဓာတ်စာများက အသားအရေကို စိုပြေစေပြီး ဝက်ခြံ၊ အဖုအပိမ့်များကို လျော့ကျစေပါသည်။
✅စိတ်ဖိစီးမှုလျော့ကျစေခြင်း
- နှိပ်နယ်ခြင်းဖြင့် စိတ်ကိုလန်းဆန်းစေပြီး စိုးရိမ်ပူပန်မှုနှင့် အိပ်မပျော်ခြင်းကို သက်သာစေပါသည်။
✅ကိုယ်ခံအားစနစ်ကောင်းမွန်စေခြင်း
- ခန္ဓာကိုယ်တွင်းရှိ လန်ဖစ် (lymphatic) စနစ်ကို လှုံ့ဆော်ပေးကာ ရောဂါခုခံနိုင်စွမ်းကို မြှင့်တင်ပေးပါသည်။
✅အဆစ်အမြစ်ရောင်ရမ်းမှုကို သက်သာစေခြင်း
- ရောင်ရမ်းမှုကို လျှော့ချပေးသည့် ဂျင်း၊ နနွင်းကဲ့သို့သော ဆေးဘက်ဝင်ပစ္စည်းများပါဝင်သဖြင့် အဆစ်နာခြင်းကို သက်သာစေပါသည်။
ကြပ်ပူထုပ်ထိုးခြင်းသည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အထောက်အကူပြုသည့် သဘာဝကုထုံးတစ်ခုဖြစ်ပါသည်။ စိတ်ဖိစီးမှုလျော့ချရေးနှင့် အထွေထွေကျန်းမာရေးကို အထောက်ကူပြုပါသည်။ ခါးနာခြင်းကို အထူးပင် သက်သာစေပါသည်။
ကြပ်ပူထုပ်ထိုးခြင်းကို စနစ်တကျခံယူခြင်တယ်ဆိုရင်တော့ မင်မင်တို့ Tip Top Health Massage and Beauty Spa ကို အခုပဲလှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်
-----------------------------------------------
ဈေးနှုန်းလေးတွေကတော့ .....
ခန္ဓာကြပ်ထုပ်ထိုး ( Herbal Body Massage )
၁နာရီခွဲ - ၃၀၀၀၀
ခြေထောက်ကြပ်ထုပ်ထိုး ( Herbal Foot Massage )
၁နာရီ - ၂၃၀၀၀
Monday to Friday ကို မနက် ၈ ကနေ မနက် ၁၁ အတွင်း Happy Hours မှာလာရင်တော့ 30% discount 😮 တောင်ရှိတယ်နော်
💚𝓟𝓻𝓸𝓶𝓸𝓽𝓲𝓷𝓰 𝔀𝓮𝓵𝓵𝓷𝓮𝓼𝓼 𝓽𝓱𝓻𝓸𝓾𝓰𝓱 𝓶𝓪𝓼𝓼𝓪𝓰𝓮𝓼💚
▫️Open - 8:00 AM ▫️Close - 7:00 PM
🪷𝑻𝒊𝒑 𝑻𝒐𝒑 𝐇𝐞𝐚𝐥𝐭𝐡 𝑴𝒂𝒔𝒔𝒂𝒈𝒆 & 𝐁𝐞𝐚𝐮𝐭𝐲 𝐒𝐩𝐚🪷
▫️▫️▫️▫️▫️◽️◽️◽️▫️▫️▫️▫️▫️
📍ဆက်သွယ်ရန်
☎️ 09-7566 14344
☎️ 09-25 480 2021
📪𝐀𝐝𝐝𝐫𝐞𝐬𝐬
▪️၈၄/က ၊ ရတနာလမ်း ၊ ဆန်းချီစာသင်ကျောင်းရှေ့လမ်း ၊ စီမံကိန်းရုံးရှေ့ ၊ ဆန်းချီရပ်ကွက် ၊ ထားဝယ်မြို့။
📍GPS - https://maps.app.goo.gl/vD5V9BYQBcZQBV7DA?g_st=ic
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
၈၄/က ၊ ရတနာလမ်း ၊ စီနံကိန်းရုံးရှေ့ ၊ ဆန်းချီရပ်ကွက် ၊ ထားဝယ်မြို့။
Dawei
14011
Opening Hours
| Monday | 08:00 - 19:00 |
| Tuesday | 08:00 - 19:00 |
| Wednesday | 08:00 - 19:00 |
| Thursday | 08:00 - 19:00 |
| Friday | 08:00 - 19:00 |
| Saturday | 08:00 - 19:00 |
| Sunday | 08:00 - 19:00 |