Palae's Cutie Corner

Palae's Cutie Corner

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Palae's Cutie Corner, Hinthada.

27/08/2026

နေ့စဉ်ဘဝမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ စိတ်အနှောင့်အယှက်တွေက ကျွန်တော်တို့ စိတ်ငြိမ်းချမ်းမှုကို ပျက်စီးစေတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ဗုဒ္ဓအဆုံးအမ 'သည်းခံခြင်း' တရားဟာ အလွန်အရေးကြီးပါတယ်။ သည်းခံခြင်းဆိုတာ တုံ့ပြန်မှုမရှိဘဲ ခံယူခြင်းသက်သက်မဟုတ်ဘဲ၊ တည်ငြိမ်တဲ့စိတ်နဲ့ အခြေအနေတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ခြင်းပဲ ဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်က 'ခန္တီ ပရမံ တပေါ တိတိက္ခာ' ဟု ဟောကြားခဲ့ရာ၊ သည်းခံခြင်းသည် အမြင့်မြတ်ဆုံးတရားဖြစ်ပြီး စိတ်ဖိစီးမှုများကို လျော့ပါးစေကြောင်း မိန့်ကြားခဲ့ပါတယ်။

နေ့စဉ်ဘဝမှာ သည်းခံခြင်းကို ကျင့်သုံးဖို့ - စိတ်လှုပ်ရှားစရာ ကြုံလာရင် ချက်ချင်းမတုံ့ပြန်ဘဲ ခဏရပ်စဉ်းစားပါ။ သူတစ်ပါးအမှားကိုသာ ကြည့်မနေဘဲ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ပါ။ ပတ်ဝန်းကျင်အပေါ် မေတ္တာထားပြီး ပစ္စုပ္ပန်မှာ အေးချမ်းစွာ နေထိုင်ပါ။

သည်းခံခြင်းတရားကို ကျင့်သုံးခြင်းဖြင့် ကျွန်တော်တို့ နှလုံးသားကို အေးချမ်းစေပြီး ပတ်ဝန်းကျင်ကိုပါ ကောင်းကျိုးပြုနိုင်ပါတယ်။ 🕊️✨

သင်ရော နေ့စဉ်ဘဝမှာ သည်းခံခြင်းတရားကို ဘယ်လို ကျင့်သုံးနေကြပါသလဲ? ကွန်မန့်မှာ မျှဝေပေးခဲ့ပါဦးနော်။

#သည်းခံခြင်း #စိတ်ငြိမ်းချမ်းရေး #ဗုဒ္ဓဘာသာ #ဓမ္မဗဟုသုတ #နေ့စဉ်ဘဝကံအမှားတွေ ထပ်မဆင့်ပါနဲ့🌷

လက်ရှိဘ၀မှာ
အပြစ်ကင်းစွာနေထိုင်ပါလျက်နဲ့
အဆင်မပြေဖြစ်နေရတာဟာ
အရင်ဘ၀အကုသိုလ်ကံကြွေးတွေ
ပေးဆပ်နေရတဲ့သဘောပါပဲ ။

ကိုယ်ဘယ်လောက်ဆိုးမိုက်ခဲ့မှန်းကို
မြင်ကြည့်ချင်တယ်ဆိုရင်
လက်ရှိခံစားရတာက သက်သေပါပဲ ။

အကြွေးရှိရင် မဆပ်လို့မရဘူးနော်
တစ်ချို့ဆို နွားတိရစ္ဆာန်ဘ၀တွေနဲ့ကို
နောက်ဘ၀အထိပဲ ဆပ်ကြရပါတယ် ။

စည်းကမ်းမရှိတဲ့ပါးစပ်နဲ့စွပ်စွဲခဲ့ရင်လည်း
နောင်ဘ၀မှာပြန်စွပ်စွဲခံရတတ်တယ် ။

ကံဆိုတာ တူသောအကျိုးပေးတတ်လို့
ကိုယ်ပေးတာ ကိုယ်ရကြတာပါပဲ ။

သူများကိုဒုက္ခပေးရင်
ကိုယ့်လည်းပြန်လည်ဒုက္ခတွေရသလို
သူများကိုသုခပေးရင်လည်း
ကိုယ့်လည်းချမ်းသာသုခရပါတယ် ။

လက်ရှိတစ်ဘ၀ချမ်းသာရေးအတွက်
အကုသိုလ်‌အလုပ်တွေနဲ့ ဖြေရှင်းတာဟာ
သံသရာဖို့ ဆင်းရဲတွေ မြုတ်နှံခြင်းပါပဲ ။

အရင်ကံအကုသိုလ်အကြွေးတွေကြောင့်
အဆင်မပြေဆင်းရဲမှု‌တွေ
များသောအားဖြင့် ကြုံနေရတာကို
သံဝေဂတရားယူပြီး‌ လက်ရှိဘ၀မှာ
မကောင်းမှုကံအမှားတွေမပြုမိအောင်
သတိကြီးစွားထားလို့ ဆင်ခြင်နေထိုင်ပါ ။

သာရ ဂ ဝေ သီ

26/08/2026

လေးဘီးအငှားကားတွေမရှိတော့ပေမယ့် ဆိုက်ကားတွေကတော့ ရှိနေတုန်းပဲ

26/08/2026

-ခင်ပွန်းကြီး ဆယ်ပါး ကန်တော့တာကို အရင်က
ခပ်ပေါ့ပေါ့ပဲ ထင်ခဲ့တာ...

မဖြစ်မနေ ကန်တော့တဲ့ အခါ ကြရင်လည်းစိတ်ထဲ
သိပ်မလေးအနက်မထားမိ...

-ဘုန်းဘုန်းကြီး အရှင် ပညာစက္က ပြောပြမှ
သေချာဝန်ချ တောင်းပန်ဖို့ လိုအပ်တာ သိရပါတယ်...

ကန်တော့တဲ့ အခါ ဆိုရင်လည်း
"ပစ်မှားမိခဲ့သည် ရှိသော် လို့ ''မဆိုရဘူးတဲ့။
သံသရာ မှာ ပစ်မှားတာကတော့ ရှိမှာပဲ တဲ့။
အဲ့ဒါကြောင့်
"ပစ်မှား မိခဲ့သည် များကို'' လို့ ဆိုရပါ့မယ်တဲ့။

-ဒီဘဝမှာတောင် စိတ်နဲ့ပစ်မှား မိတာတွေက
အများကြီးရယ်။
သံသရာ နဲ့ ချီရင်တော့ အများကြီးပဲပေါ့။

-အခု ရက်ပိုင်း ကိုယ့်စိတ် ကို သတိထားမိလေ
ပစ်မှားခဲ့ မိတာတွေ သတိထားမိလေမို့
ခင်ပွန်းကြီး ဆယ်ပါးကို သေချာလေး တောင်းပန်
ဝန်ချ ကန်တော့ဖြစ်နေပါတယ်။

-ဘုန်းဘုန်းကြီး ပြောတဲ့နည်း နဲ့ ကန်တော့ဖို့ကိုယ့်မှာ ရှိတဲ့ ခင်ပွန်းကြီးဆယ်ပါး ကန်တော့နည်း ၃ မျိုးကို စုပေါင်းပြီး ဖတ်ရတာ အဆင်ပြေအောင် ရေးပေးထားပါတယ်။

ခင်ပွန်းကြီး၁၀ပါးအား ဝန်ချတောင်းပန်ခြင်း
********************************
ဗုဒ္ဓါ ပစ္စေကဗုဒ္ဓေါစ၊ အရဟာ အဂ္ဂသာ၀ကာ။
မာတာပိတု ဂုရုသတ္ထာ၊ ဓမ္မဒေသကာ စ ဒါယကာ။
ဣမေ ဒဿ မဟာဂုဏေ၊ အဟံဝန္ဒာမိ သဗ္ဗဒါ ။

(ဗုဒ်ဓါ ပစ်စေကာဗုဒ်ဓါစ၊ အရဟာ အက်ဂ သာဝကာ
မာတာပိတု ဂုရု သတ်ထာ၊ ဓမ်မဒေသကာ စ ဒါယကာ
အိမေ ဒသ မဟာ ဂုဏေ၊ အဟံ ဝန်ဒါမိ သတ်ဗဒါ)

မြတ်စွာ ဘုရား🙏
ဘုရားတပည့်တော် တို့သည် သံသရာ အဆက်ဆက်မှ စ၍ ယခုချိန်ထိ၊

( ၁ ) ဘုရား
**********
ဂုဏ် ကျေးဇူး ကြီးမား ကြကုန်သော
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် ကြီးတို့ အပေါ်၌ လည်းကောင်း၊

( ၂ ) ပစ္စေကဗုဒ္ဓါ
**************
ဂုဏ် ကျေးဇူး ကြီးမား ကြကုန်သော ပစ္စေက ဗုဒ္ဓါအရှင် ကိုယ်တော်မြတ် ကြီး တို့ အပေါ်၌ လည်းကောင်း၊

( ၃ ) အဂ္ဂသာဝကရဟန္တာများ
**********************
ဂုဏ် ကျေးဇူး ကြီးမား ကြကုန်သော အဂ္ဂသာဝက၊ မဟာသာဝက ရဟန္တာ အရှင်မြတ်ကြီး တို့ အပေါ်၌ လည်းကောင်း၊

( ၄) ရဟန္တာ
**********
ဂုဏ် ကျေးဇူး ကြီးမား ကြကုန်သော ရဟန္တာ အရှင်မြတ်ကြီး တို့ အပေါ်၌ လည်းကောင်း၊

( ၅ ) မိခင်
*********
ဂုဏ် ကျေးဇူး ကြီးမား ကြကုန်သော
မိခင်တို့ အပေါ်၌သော် လည်းကောင်း၊
ယခု ပစ္စုပ္ပါန် ဘဝ၌ မိခင်ကြီး (ဒေါ်....) အပေါ်၌ သော်လည်းကောင်း၊

( ၆ ) ဖခင်
*********
ဂုဏ် ကျေးဇူး ကြီးမား ကြကုန်သော
ဖခင်တို့ အပေါ်၌သော် လည်းကောင်း၊
ယခု ပစ္စုပ္ပါန် ဘဝ၌ ဖခင်ကြီး (ဦး....) အပေါ်၌ သော်လည်းကောင်း၊

( ၇ ) ဆရာ
*********
ဂုဏ် ကျေးဇူး ကြီးမား ကြကုန်သော
လိမ်မာစေရန် ကျိုးကြောင်းပြ၍ ဆုံးမတတ်သော
ဆရာသမား တို့၏ အပေါ်၌ လည်းကောင်း၊

( ၈ ) အလေးအမြတ်ထားအပ်သော ပုဂ္ဂိုလ်
*******************************
ဂုဏ် ကျေးဇူး ကြီးမား ကြကုန်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် တို့ကို ဆည်းပူး ဖြည့်ကျင့် လျက်ရှိကြ ကုန်သော, လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်၊ အရိယာ ပုဂ္ဂိုလ် တို့၏ အပေါ်၌ လည်းကောင်း၊

( ၉ ) တရားဟောပြသောပုဂ္ဂိုလ်
*************************
ဂုဏ် ကျေးဇူး ကြီးမား ကြကုန်သော တရား ဓမ္မ တို့ကို ဟောပြောပြသ ဆုံးမတတ်သော ဆရာသမား တို့၏ အပေါ်၌ လည်းကောင်း၊

( ၁၀ ) ကျွေးမွေးစောင့်ရှောက်သောပုဂ္ဂိုလ်
********************************
မိမိ ဒုက္ခ ကြုံတွေ့နေစဉ် ကာလ၌ ကျွေးမွေး၊ ပေးကမ်း၊ ချီးမြှင့်၊ ထောက်ပံ့ ဖူးသော ကျေးဇူးရှင် ပုဂ္ဂိုလ်တို့ အပေါ်၌ လည်းကောင်း၊

မိုက်မဲသည့်အလျှောက်၊
တွေဝေမိသည့် အလျှောက်၊
မသိသည့် အလျှောက်၊
ကာယကံ၊ ဝစီကံ၊ မနောကံ တို့ဖြင့် ပစ်မှား ကျူးလွန်
မိခဲ့သည့် များကို သည်းခံ ခွင့်လွှတ် ပေးပါရန် ...

ဘုရားတပည့်တော်တို့မှ
အနူး အညွတ် ဝန်ချ တောင်းပန် ပါ၏
အနူး အညွတ် ဝန်ချ တောင်းပန် ပါ၏
အနူး အညွတ် ဝန်ချ တောင်းပန် ပါ၏
အရှင်ဘုရား။

မြတ်စွာ ဘုရား🙏
ဘုရားတပည့်တော် တို့ သည် သံသရာ အဆက်ဆက်မှ
စ၍ ယခု ချိန်ထိ၊

၃၁ ဘုံတွင် ကျင်လည်ကြ ကုန်သော, ဝေနေယျ၊
သုခိတာ၊ ဒုက္ခိတ၊ သတ္တဝါ အပေါင်းတို့ အပေါ်တွင်
ကာယကံ ဝစီကံ မနောကံ တို့ဖြင့်
ပစ်မှား ကျူးလွန် ခဲ့သည် များကို
သည်းခံ ခွင့်လွှတ် ပေးပါရန် အကျွန်ုပ်တို့မှ

အနူး အညွတ် ဝန်ချ တောင်းပန် ပါ၏
အနူး အညွတ် ဝန်ချ တောင်းပန် ပါ၏
အနူး အညွတ် ဝန်ချ တောင်းပန် ပါ၏

-အကျွန်ုပ်ပေါ်တွင် လည်း အသင်တို့မှ ပြစ်မှား မိခဲ့သော
အ​ပြစ် များကို သည်းခံပါတယ်၊ ခွင့်လွှတ်ပါတယ်၊
ကျေအေး ပါတယ်။

ဤသို့🙏 ရှိခိုးပူဇော် ဖူးမြှော်မာန်လျှော့ ကန်တော့ရသော ကောင်းမှု့ကံ စေတနာ တို့ကြောင့် ...

-အလုံးစုံသော ဘေးရောဂါ အန္တရာယ် အပေါင်း မှ ကင်းဝေးပြီးလျှင် မြတ်စွာ ဘုရားရှင် ဟောကြား တော်မူသော၊ သစ္စာလေးပါး မြတ်တရား ကို ကောင်းစွာ သိမြင်၍ နိဗ္ဗာန် သို့ ဝင်နိုင်သော ကိုယ် ဖြစ်ရပါစေသား အရှင် ဘုရား။

-လောကီ မဂ်လာ အဖြာဖြာ တို့သည် လည်း စိတ်ကြံတိုင်း၊ တောင့်တ တိုင်း၊ လွယ်ကူ လျင်မြန်စွာ ပြည့်စုံ ၍ နှလုံး စိတ်ဝမ်း အေးချမ်း ရပါစေသား အရှင်ဘုရား။
Crd (မူရင်းရေးသားမျှဝေသူကိုလေးစားစွာဖြင့်)

22/08/2026

🍀🍀🍀

20/08/2026

`` ထမင်းစားပြီး အိုးခွက်ပန်းကန်တွေ ဆေးကြောတဲ့အခါ
ဆေးကြောရည်တွေကို မြောင်းထဲသွန်ရင်း

`` ဒီအိုးဆေးရည်၊ ပန်းကန်ဆေးရည်ထဲမှာပါတဲ့ ထမင်းလုံးလေးတွေ၊ ဟင်းဖတ်လေးတွေကို မြောင်းထဲမှာရှိတဲ့ ပိုးကောင်ငယ်လေးတွေ စားပြီးတော့
မျှတကြပါစေ၊
ချမ်းသာကြပါစေ " လို့ နှလုံးသွင်းစိတ်ထားပြီးတော့ သွန်လိုက်မယ်ဆ်ုရင်
အဲဒီဒါနဟာ
မဟပ္ဖလဒါန = အင်မတန် အကျိုးကြီးကျယ်
တဲ့ ဒါနဖြစ်ပါတယ် "တဲ့

စွန့်ရတာချင်းအတူတူ
" အပ္ပမာဒ " နဲ့ စွန့်တာ၊
" ပမာဒနဲ့ " နဲ့ စွန့်တာ၊
စွန့်ပုံချင်း သိပ်ကွာပါတယ်။ ပမာဒ နဲ့ စွန့်တဲ့လူကတော့ ဒါနဖြစ်အောင် မစွန့်တတ်ဘူး။

အပ္ပမာဒ နဲ့ စွန့်တဲ့လူကတော့
" သတိ " အားကောင်းတဲ့အတွက်

လက်ဆေးရည်၊
အိုးဆေးရည်၊
ပန်းကန်ဆေးရည်‌လေးတွေကို သွန်တာကအစ
(သတိ) ကပါနေတော့ ဒါနဖြစ်အောင်
စွန့်တတ်ပါတယ်။

ဒါကြောင့် --
အပ္ပမာဒတရား လက်ကိုင်ထားတဲ့ ပုဂ္ဂိုလ်ဟာ ထောင့်စေအောင် ကုသိုလ်ပြုတတ်တယ်ဆိုတာ ပါပဲ။

----------------^-------------------->

အရှင်ဆန္ဒာဓိက - မှ
-----------------------
ကောက်နှုတ်ပူဇော်ပါသည်၊

19/08/2026

#ကံဆိုတာ
ကောင်းကံနဲ့ ဆိုးကံမှာ
လက်ဦးတဲ့ကံက အကျိူးပေးသွားတာပါပဲ
ကောင်းတာလေးတွေ များများလုပ်ထားပေးကြ
#ပါချူပ်ဆရာတော်
မြတ်ဗုဒ္ဓ၏ တရားတော်များ

Telephone

Website

Address


Hinthada

Alerts

Be the first to know and let us send you an email when Palae's Cutie Corner posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Hinthada.