Burmese Pyo Phyu USA Market

Burmese Pyo Phyu USA Market

Share

USA Product ( Skincare Supply)

Photos from Burmese Pyo Phyu USA Market's post 09/11/2021

🥑 အသားအရေနှင့်ဆံသားအတွက်ထောပတ်သီးရဲ့အကျိုးကျေးဇူး 🥑

1.🥑 ထောပတ်သီးမှာ Vitamin E နှင့် Fatty Acid ကြွယ်ဝစွာပါဝင်တာကြောင့် အသားအရေခြောက်သွေ့ကြမ်းတမ်းခြင်းကိုကာကွယ်ပေးပြီး နူးညံ့စိုပြေစေပါတယ်။

2.🥑 Omega -3 , Fatty Acid နှင့် Antioxidants တွေက အရေပြားကိုအကောင်းဆုံးပြုပြင်ပေးပြီး ဆဲလ်အသစ်တွေဖြစ်ပေါ်စေကာ အသားအရေကိုတင်းရင်းနုပျိုစေပါတယ်။

3.🥑 Vitamin D , Beta Carotene တွေက နေလောင်ဒဏ်ကိုကာကွယ်ပေးပြီး ရေဓါတ်ဖြည့်ပေးနိုင်ပါတယ်။ အမဲစက်တွေလျော့ပါးစေပြီးနေလောင်ပြီး ကြမ်းတမ်းနေတဲ့အသားအရေလေးတွေကိုလည်း ပြန်လည်ကောင်းမွန်စေပါတယ်။

4.🥑 Vitamin E, Potassium, Lecithin တို့ပါဝင်တာကြောင့် ဘယ်လိုအသားအရေမျိုးကိုမဆို အာဟာရပြည့်ဝစေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို နှေးကွေးစေပါတယ်။

5.🥑 Biotin , Minerals ကြွယ်ဝတာကြောင့် ဆံသားကိုထူထဲတောက်ပပြီး နူးညံ့ချောမွေ့ စေပါတယ်။ဦးရေပြားသွေးလည်ပတ်မှုကောင်းစေပြီး ဆံသားကျိုးကြေ ၊ခြောက်သွေ့ပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။

🥑🥑 ရာသီစာ ထောပတ်သီးလေးတွေအသုံးပြုပြီး ကျန်းမာစွာ လှပနိုင်ကြပါစေရှင်🥑🥑

is Caring
Burmese Pyo Phyu USA Market 🇺🇸

Photos from Burmese Pyo Phyu USA Market's post 07/07/2021
21/02/2021

ဖော့ဖိနပ်ကလေးကိုစီးပြီး
တွန်းလှည်းကလေးနဲ့သွားနေတဲ့ကောင်လေး
အသက်က ဆယ့်ခြောက်နှစ်
နာမည်က ဝေယံထွန်း
အိပ်မက်က ကုန်တင်လှည်းတွန်းပြီးရတဲ့ငွေလေးနဲ့
ဆိုင်ကယ်တစ်စီးနဲ့ ဖုန်းလေးတစ်လုံး
လိုချင်ခဲ့တာတဲ့
အဲ့ဒီနေ့တုန်းက သူကုန်တင်လှည်းတွန်းတဲ့
ဆိပ်ကမ်းမှာ လက်နတ်ကိုင်တွေက
ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို လက်နတ်အားကိုးနဲ့
အငြိုးရှိသူတွေလို ရက်ရက်စက်စက်ဖြိုခွဲခဲ့ကြတယ်
အဲ့ဒီပြည်သူတွေထဲမှာ သူလည်းပါတာပေါ့
သူကတခြားသူတွေကို ကူညီနေခဲ့သေးတာ
တစ်နေရာရောက်တော့
သူ့အနီးက လမ်းပေါ်မှာ လဲနေတဲ့သူကိုကယ်ဖို့
ပြေးအသွား ကားဘေးကအထွက်
ခေါင်းကိုတည့်တည့်ပစ်တဲ့ကျည်ကြောင့်
ခေါင်းပွင့်ပြီး
နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့ရတာပေါ့
သမီးလေးရေ
ဦးဦးပြောပြတာ ပုံပြင်မဟုတ်ဘူးနော်
အဲ့ဒီတုန်းက ဦးဦးတို့ ပြည်သူတွေရဲ့
မျက်ရည်တွေ သွေးတွေနဲ့ မျက်နှာသစ်ပြီး
ရာဇပလ္လင်ကိုလုခဲ့တဲ့ခွေးယုတ်ကြောင့်
အသက်သွေးမြေကျခဲ့ရတဲ့
ဓူဝံကြယ်လေးတွေ အများကြီးပဲ
သမီးမြဲမြဲမှတ်ထား အဲ့ဒီပုံထဲက
ဖိနပ်ကလေးကို မြဲမြဲမှတ်ထား
သမီးတို့ခုလို လွတ်လပ်ငြိမ်းချမ်းတဲ့နိုင်ငံမှာ
နေထိုင်ရှင်သန်ရဖို့အတွက်
အသက်ပေးခဲ့တဲ့ သူတွေထဲက
သူ့အိပ်မက် ဆိုင်ကယ်နဲ့ဖုန်းလေးတောင်
ပိုင်ဆိုင်မသွားရှာတဲ့
အညတရသူရဲကောင်းတစ်ယောက်ရဲ့
ပုံရိပ်ပဲသမီးရေ
သမီးလေး မြဲမြဲမှတ်ထား
ပညာတွေတတ် ဥစ္စာတွေပေါပြီး
ဘယ်သူသေသေ ငတေမာရင်ပြီးရော
အလှံထူ သတ္တိတွေကောင်းနေတာထက်
ပညာမတတ် ဆင်းရဲနုံချာပေမယ့်
ယုတ်ညံ့တဲ့လူစားတွေ မတရားမှုတွေကို
ရဲရဲဝံ့ဝံ့ တွန်းလှန်ရဲတဲ့သတ္တိကမှ
လိပ်ပြာလုံလုံနဲ့သေရဲတဲ့ သတ္တိပဲသမီးရေ
သမီးလေးရဲ့ ဒိုင်ယာရီထဲမှာ
ဒီပုံလေးကို ကူးပြီးသိမ်းထား
ကြည့်ပါဦး သမီးလေးရယ်
ဖိနပ်လေးကို သမီးသေချာစိုက်ကြည့်ပါဦး
အပြစ်ကင်းစင်တဲ့ အိပ်မက်နဲ့
ကောင်လေးတစ်ယောက်ရဲ့
ခြေရာလေးတွေ
😫😭

လင်းရောင်စင်
21.2.2021

မျက်ရည်တွေနှင့် ရေးပါသည်😑

21/02/2021

We stand with our official government CRPH.
support CPRH.

20/02/2021

ထိုးမုန့်လို့မခေါ်ကြပါနဲ့
ရွှေမန်းတလေးလို့ခေါ်ပေးကြပါ

မန္တလေးက သူငယ်ချင်းက သူ့ကိုယ်တိုင်ရေးပြီးတောင်းဆိုလိုပါ။ သူတို့ကို တော်လှန်‌ရေးအောင်မြင်သည်အထိ ရွှေမန္တလေးလို့ အရင်လိုပြန်ခေါ်ဖို့တောင်းဆိုထားပါတယ်။ ထိုးမုန့်လို့မခေါ်ပါနဲ့တဲ့ ပညတ်သွားရာ လို့ ခံစားနေရလို့ ရင်တွေမချိလို့ပါတဲ့။ ဟုတ်ကဲ့ ကျွန်မတို့ #ရွှေမန္တလေးလို့ ပြောင်းခေါ်ကြရအောင်ပါ။

Crd မဟုတ်ပါ။ သူငယ်ချင်းကိုယ်တိုင်ရေးထားတာတွေ့လို့အခုလိုရေးတာပါ။
Credit ပေးစရာမလိုပါဘူး။ copy ယူသွားလို့ရပါတယ်။

20/02/2021

ရွှေမန္တလေးနဲ့မြန်မာနိုင်ငံအတွက်မဖြစ်မနေဒီညကစပြီးရွတ်ကြရအောင်ပါ

⭐️⭐️ ဓမ္မနဲ့ အဓမ္မတိုက်ပွဲမှာဗုဒ္ဓဘာဘာဝင်များကဘုရား တရား သံဃာကိုသာတိုက်ရိုက် အားကိုးပါမယ်...

#ညစဉ်၉နာရီ မှာ #ပဋ္ဌာန်းတရားတော် ကို အိမ်တိုင်းက ရွတ်ဖတ်ကြပါမယ်... #မေတ္တာသုတ် အရင်ပူဇော်ပါနော်...
ရွတ်ဖတ်တဲ့အခါ ဓမ္မက အဓမ္မကို အောင်နိုင်ဖို့ စိတ်ညွတ်ထားရပါမယ်။
ကြေးစည်များများတီးပါ သို့ အောင်စည် အောင်မောင်း တီးပေးပါ။
သစ္စာပြုပြီးရင် အောင်ပြီ အောင်ပြီ အောင်ပြီ ဟု သုံးခါ ကြွေးကြော်ပါ။

⭐️⭐️ ခရစ်ယာန် ဘာသာဝင်များကလည်း ည ၉ နာရီမှာ မိသားစု ဝင်များဖြင့်သော်လည်းကောင်း မိတ်ဆွေသူငယ်ချင်းများဖြင့်သော်လည်းကောင်း prayer chain အားဖြင့်သော်လည်းကောင်း ဝတ်ပြုဆုတောင်းခြင်းအားဖြင့် ပါဝင်ပေးကြပါ။

⭐️⭐️ အစ္စလာမ်နဲ့ ဟိန္ဒူ ဘာသာဝင်များလည်း ည ၉ နာရီမှာပဲ စိတ်တညီညာတည်း ဆုတောင်းပေးကြပါ။

လူပေါင်း သိန်းသန်းချီက တပြိုင်နက်တည်း ရွတ်ဖတ်လိုက်တဲ့ ဆုတောင်းသံဟာ အကျိုးရလဒ်တစ်ခုကို ဆောင်ကြဉ်းလာနိုင်မယ်လို့ ယုံကြည်ပါတယ်။

တိုင်းပြည်အတွက် တစ်ခုခုလုပ်ပေးချင်ပေမဲ့ အသက်အရွယ်ကြောင့် မိသားစုကြောင့်စသည် ငဲ့ကွက်နေရသူတွေ လူကြီးပိုင်းတွေအတွက်လည်း အထူးသင့်လျော်ပါတယ်... လူငယ် လူလတ်တွေလည်း ပါဝင်ကြမယ်ဆို ပိုကောင်းပါတယ်...

#စိတ်ပိုင်းဆိုင်ရာကံပိုင်းဆိုင်ရာမြှင့်တင်မှုပေးနိုင်
တာ မို့ မည်သည့်ဘာသာဝင်မဆို လုပ်ဆောင်နိုင်ကြဖို့ မျှော်လင့်ပါတယ်...ကိုယ့်ဘက်ကို အကူအညီများရောက်လာနိုင်အောင်လည်း အထောက်အပံ့ ဖြစ်ပါလိမ့်မယ်...

03/02/2021

Page က တင်ပေးနေကြအကြောင်းအရာမဟုတ်ပေမဲ့ လိုအပ်လာရင် လွယ်ကူစေဖို့ရည်ရွယ်ပါတယ်ရှင်

ဆရာဝန်များ Civil Disobedience Movement Campaign လုပ်ချိန်တွင် ကျန်းမာရေးအတွက် မေးမြန်းလိုပါက အခမဲ့ကူညီပေးနေတဲ့ Page များကို စုစည်းဖော်ပြပါရစေ ။

၁။ Democracy Clinic
https://www.facebook.com/Democracy-Clinic-342009636965974/

ဒီလိုကာလမှာ လိုအပ်သူများကို ကူညီရန်ဆရာဝန်များက စုပေါင်းဖွင့်ထားတဲ့ စာမျက်နှာဖြစ်ပါတယ် ။
ကျန်းမာရေးကိစ္စတွေကို online ကနေ အခမဲ့ ဆွေးနွေးနိုင် တယ်လို့ကြေငြာထားပါတယ် ။

၂။ ကိုယ်စိတ်ကျန်းမာ
https://www.facebook.com/%E1%80%80%E1%80%AD%E1%80%AF%E1%80%9A%E1%80%BA%E1%80%85%E1%80%AD%E1%80%90%E1%80%BA%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC-354766471877471/

ဒီလိုကာလမှာ လိုအပ်သူများကို ကူညီရန် အထူးကုသမားတော်ကြီးတွေနဲ့ အထွေထွေရောဂါကုဆရာတွေက စုပေါင်းဖွင့်ထားတဲ့ စာမျက်နှာဖြစ်ပါတယ် ။
ဆီးချို၊ နှလုံး၊ သွေးတိုး၊ ကျောက်ကပ်၊ အသည်း၊ အဆုတ်၊လေဖြတ် ရောဂါများ နဲ့ အထွေထွေရောဂါများအကြောင်းကို မေးမြန်းနိုင်ပါတယ် ။

၃။ ဒေါက်တာခိုင်ဝါ
https://www.facebook.com/drkhaingwar/

ကလေးအထူးကုဆရာဝန် ဒေါက်တာခိုင်ဝါရဲ့ စာမျက်နှာဖြစ်ပါတယ် ။
ကလေးကျန်းမာရေးနှင့်သက်ဆိုင်သောအကြောင်းအရာများကို ကူညီလမ်းညွန်ပေးသွားမှာပါခင်ဗျာ ။

၄။ Dr.Nutrition
https://www.facebook.com/drnyinyikyaw/

အာဟာရဆရာဝန် ဒေါက်တာညီညီကျော်ရဲ့ စာမျက်နှာဖြစ်ပြီး အာဟာရဆိုင်ရာကျန်းမာရေး အကူအညီ ရယူနိုင်ပါတယ် ။

၅။ Dr. Phyu Phyu Nyein Chan
https://www.facebook.com/DrPhyu/

ဒေါက်တာဖြူဖြူငြိမ်းချမ်းရဲ့ စာမျက်နှာဖြစ်ပြီး အထွေထွေကျန်းမာရေးပြဿများကို အကူအညီရယူနိုင်ပါတယ်ခင်ဗျာ ။

၆။ Your MYOE - Your Dentist
https://www.facebook.com/yourmyoe

သွားဘက်ဆိုင်ရာဆရာဝန် ဒေါက်တာမျိုးမြင့်အောင်ရဲ့ စာမျက်နှာဖြစ်ပါတယ် ။
သွားနှင့်ခံတွင်းကျန်းမာရေးပြသနာများကို ကူညီလမ်းညွန်ပေးသွားမှာပါခင်ဗျ ။

၆။ HappyFood
https://www.facebook.com/happyfoodbydrjasmine/

အာဟာရဆရာဝန်ဒေါက်တာကြယ်စင်ယုမွန်ရဲ့ စာမျက်နှာဖြစ်ပါတယ် ။ အထွေထွေကျန်းမာရေးနဲ့ ကလေးအာဟာရ မိခင်အာဟာရ ဆိုင်ရာ မေးခွန်းတွေအတွက် ကူညီပေးနေပါတယ် ။

၇။ Dr. Nyein Kay Khine - Healthy & Happy
https://www.facebook.com/Dr-Nyein-Kay-Khine-Healthy-Happy-107286774222451/

Dr. Nyein Kay Khine မှလည်း အခမဲ့ online ဆေးခန်းအဖြစ်ဖွင့်လှစ်ပေးထားပြီး အထွေထွေကျန်းမာရေးပြသနာများကို ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ ။

၈။ Doctor Shinn's Vlogs
https://www.facebook.com/Doctor-Shinns-Vlogs-111636273716052/

ဒေါက်တာမင်းရှင်းသန့်ရဲ့ စာမျက်နှာဖြစ်ပါတယ် ။
အထွေထွေကျန်းမာရေးပြဿများကိုအကူအညီရယူနိုင်ပါတယ်ခင်ဗျာ ။

၉။ Dr-Loikaw
https://www.facebook.com/DrZinMinTun/

ဒေါက်တာဇင်မင်းထွန်းရဲ့ ကျန်းမာရေးဗဟုသုတတွေကို မျှဝေပေးနေတဲ့ စာမျက်နှာဖြစ်ပါတယ် ။
ဆရာလည်း အခု လူနာတွေရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး အခမဲ့ကူညီလျက်ရှိပါတယ်ဗျ ။ ဆရာ့ Page ထဲဝင်ပြီး အသေးစိတ်ဖတ်နိုင်ပါတယ် ။

၁၀။ Rapha Myanmar
https://www.facebook.com/raphamyanmarhealthcare/

Rapha Myanmar စာမျက်မှာ ဒေါက်တာရဲရင့်မောင်ရှင် ​၏ ကျန်းမာရေးဗဟုသုတများဝေမျှနေသောစာမျက်နှာဖြစ်ပြီး လတ်တလော Civil disobedience လုပ်နေကြချိန်တွင် အခြားသော ဆရာဝန် များနှင့်ပါ ပူးပေါင်းပြီး Online မှ အခမဲ့ အထွေထွေကျန်းမာရေးဆိုင်ရာ ဆွေးနွေးမှုများပြုလုပ်ပေးသွားမည် ဖြစ်ပါသည်။

၁၁ ။ Htoo, The Wanderlust
https://www.facebook.com/htoo.thewanderlust/

ဒေါက်တာထူးကို ရဲ့ ခရီးသွားစာမျက်နှာဖြစ်ပါတယ် ။ ဒါပေမယ့် အခုကာလမှာတော့ ဆရာဝန်တစ်ယောက်အနေနဲ့ ကျန်းမာရေးပြသနာများကို page ကနေ အခမဲ့ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ် ။

၁၂။ Healthy Life Journey with Dr.Chan
https://www.facebook.com/DrChanVlog

ဒေါက်တာငြိမ်းချမ်းအောင်ရဲ့ စာမျက်နှာဖြစ်ပါတယ် ။ ကျန်းမာရေးဗဟုသုတတွေကို မျှဝေပေးနေတဲ့ စာမျက်နှာတစ်ခုဖြစ်ပြီးတော့ အခုကာလမှာ လိုအပ်နေသူတွေအတွက် အထွေထွေရောဂါများကို ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ ။

၁၃။ Your Guide to Better Health by Dr. Khine https://www.facebook.com/Your-Guide-to-Better-Health-Dr-Khine-108968994281291

Dr. မေသင်းခိုင် ရဲ့ စာမျက်နှာဖြစ်ပါတယ်။ covid ကာလကတည်းက အခုထိ လူနာများကို free consultation ပေးနေဆဲဖြစ်လို့ ကျန်းမာရေးပြသနာများကို ဆွေးနွေးတိုင်ပင်နိုင်ပါတယ် ။

၁၄။ Zawgyi Pharmacy
https://www.facebook.com/Zawgyi-Pharmacy-111305523918323/

လူငယ်ဆေးဝါးပညာရှင်များရှိတဲ့ Page မို့ ကျန်းမာရေးပြသနာများ ၊ ဆေးဝါးများအကြောင်းကို အကူအညီရယူနိုင်ပါတယ်ခင်ဗျာ ။

ဒါကတော့ အခုကာလမှာ ကူညီနေတဲ့ ကျွန်တော်သိတဲ့ Page များဖြစ်ပါတယ် ။

မိတ်ဆွေတို့သိတဲ့ Page တွေရှိရင်လည်း comment ထားပေးခဲ့ပါ ။
ကျွန်တော် Edit ပြီး ထပ်ဖြည့်သွားပါမယ် ။

အကူအညီလိုတဲ့သူများရှိနိုင်တာမို့ များများ Share ပေးကြပါ ။
Copy Paste လုပ်ပြီးလည်း မျှဝေနိုင်ပါတယ် ။

ချစ်ခြင်းဖြင့်သာ မျှဝေပါသည် ။

ဒေါက်တာမျိုးမြင့်အောင်
Myoe
Dentist

25/12/2020

Merry Christmas!

Photos from Burmese Pyo Phyu USA Market's post 22/12/2020

ဆိုင်မသွားဘဲ အိမ်မှာပဲ ဆံပင် ပေါင်းတင်ကြမယ်

⭐️ ဆံနွယ်လေးတွေ လှပနေဖို့ မိန်းကလေးတိုင်း မျှော်လင့်ကြတာပေါ့။ ငွေအကုန်ကျခံပြီးတောင် ဆိုင်သွားသွားပြီး ဆံပင် ပုံလှလှလေး ရအောင် အပ်ရတာလေ။ ဆံနွယ်လေးတွေ ထူဖို့၊ ပျော့ပျောင်းဖို့၊ ပုံကျလှပဖို့၊ အရောင် လှဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ပေါ့။

⭐️ ဆံပင် ပျော့ပျောင်းလှပဖို့တော့ ဆံပင်ပျော့ဆေးတွေ သုံးကြတာပေါ့။ ဆိုင်မှာ လျှော်ရင် ပိုသုံးပါသေးတယ်။ ဒါပေမယ့် ဆံပင်ပျော့ဆေးကို တံဆိပ်အမျိုးမျိုးနဲ့ တွေ့ရတတ်တာကြောင့် အရည်အသွေး မကောင်းတဲ့ ဆံပင်ပျော့ဆေးတွေ ကြုံခဲ့ရင် ကောင်းကျိုးထက် ဓာတုပစ္စည်းတွေကြောင့် ဆံသားပျက်စီးတာသာ အဖတ်တင် ပါလိမ့်မယ်။ ဒီလိုမဖြစ်ရအောင် အိမ်မှာပဲ လွယ်လွယ်ကူကူ ကိုယ်တိုင်ပြုလုပ်လို့ ရတဲ့ သဘာဝဆံပင်ပျော့ဆေး လေးတွေ ဖော်ပြပေးလိုက်ပါတယ်။

⭐️ ကြက်ဥ အနှစ် + ဗီနီဂါ
ကြက်ဥက ဆံသားထဲမှာ အစိုဓာတ် ထိန်းပေးနိုင်တဲ့ lecithin ကြွယ်ဝပါတယ်။ ဗီနီဂါက သန်း၊ ဗောက်နဲ့ တခြားဦးရေပြားပြဿနာ တွေကိုပျောက်ကင်းစေနိုင်တယ်။
ဒီပစ္စည်း နှစ်မျိုး ပေါင်းစပ်တဲ့ ဆံပင်ပျော့ဆေး ပြုလုပ်နည်းကတော့ –
* ကြက်ဥ အနှစ် ၂လုံးကို ပန်းကန်လုံးထဲမှာထည့်ခေါက်ပါ။
* ဗီနီဂါအဖြူ လက်ဖက်ရည်ဇွန်း ၄ ဇွန်း၊ သံလွင်ဆီ သို့မဟုတ် အုန်းဆီ ၂ ဇွန်း၊ ပျားရည် ၁ ဇွန်းထည့်ပါ။
* စေးပျစ်လာတဲ့ အထိ မွှေခေါက်ပေးပါ။
* ရလာတဲ့ အနှစ်ကို ဆံပင်မှာလိမ်းပြီး ၁၅ -၂၀ မိနစ်ကြာရင် ရေဆေးချပါ။

⭐️ အုန်းဆီ + ပျားရည်
* extra virgin coconut oil အုန်းဆီ လက်ဖက်ရည်ဇွန်း ၄ ဇွန်း၊ ပျားရည် ၂ ဇွန်းကို ပန်းကန်လုံးထဲမှာ ရောမွှေပါ။
* ပျစ်လာရင် ရလာတဲ့အနှစ်ကို ရေနွေးဆူဆူထည့်ထားတဲ့ပန်းကန်လုံးတစ်ခုထဲကို ထည့်ပြီးမွှေပါ။
* ဒါကိုလည်း ခေါင်းမလျှော်ခင် ဆံပင်မှာ မိနစ် ၂၀ လောက်လိမ်းထားရမှာဖြစ်ပြီး ဆံပင်ကရှည်ရင်တော့ ပမာဏအတိုင်းအဆကို လိုသလို အတိုးအလျှော့လုပ်နိုင်ပါတယ်။

⭐️ Cocoa Butter + Lavender Oil
ဒီနည်းကတော့ ဆံသားပျက်စီးနေသူ တွေအတွက် ပိုကောင်းပါတယ်။ Cocoa butter က ဆံသားကို အစိုဓာတ်ရစေပြီး တောက်ပြောင်လှပစေပါတယ်။ lavender oil ကတော့ ဆံပင် ကျွတ်ခြင်းကို ကုသနိုင်စွမ်းရှိလို့ နှစ်မျိုး ပေါင်းစပ်တဲ့အခါ ဆံသားပြန်လည် အားဖြည့်တဲ့အာနိသင်ကောင်းတာ ဖြစ်ပါတယ်။

* cocoa butter လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို အပူပေးထားတဲ့ ပန်းကန်လုံးထဲထည့်ကာ အရည်ပျော်အောင်လုပ်ထားပါ။
* almond oil ၁ ဇွန်း၊ lavender essential oil ၁၀ စက်၊ ပျားရည်အနည်းငယ်ကိုထည့်ပါ။
* ကိုယ့်ဆံသားက အဆီပြန်တတ်တယ်ဆိုရင် ဒီဆေးကို ဦးရေပြားပေါ် တိုက်ရိုက် မသုံးသင့်ပါဘူး။
* ဆံပင်ကိုသာ လိမ်းပါ။
* ၁၅မိနစ်နေမှ ခေါင်းလျှော်ပါ။

⭐️ အလုပ်တွေ များကြတဲ့ ယနေ့ခေတ်မှာ ဒီလိုပစ္စည်းတွေကို ကိုယ်တိုင်ပြုလုပ်ပြီး သုံးစွဲဖို့က အချိန်ပေးဖို့ သိပ်တော့မလွယ်ပါဘူး။ ဒါပေမယ့် ပိတ်ရက်လေးမှာဖြစ်ဖြစ် တစ်ပတ်ကို တစ်ကြိမ်လောက်တော့ စလုပ်သင့်ပါတယ်။
ဆံပင်ကို ကောက်လိုက် ဖြောင့်လိုက် မကြာခဏ ပြောင်းလဲနေတတ်တဲ့သူတွေ ဆို ဒီနည်းတွေကို မကြာခဏ သုံးပေးသင့်ပါတယ်။

Credit: HelloSayarwon

Want your business to be the top-listed Beauty Salon in Hlaing?
Click here to claim your Sponsored Listing.

Category

Website

Address


Hlaing River (1) Street
Hlaing
11051