Nini Online Business
Magic
ဘဝဆိုတာ ဓာတ်ပုံရိုက်ရသလိုပဲ တဲ့ ။
ကိုယ်လိုချင်တဲ့ အရာကိုပဲ Focus ထားရတယ်
ဘဝမှာလဲ မလိုအပ်တာတွေ ဖယ်ထုတ်တတ်ဖို့လိုတယ် … ။
အလှဆုံး အခိုက်တန့်တွေကို ဓာတ်ပုံရိုက်ပြီး
အမိအရ ဖမ်းယူထားတတ်သလို …
ဘဝရဲ့ ပျော်စရာအချိန်တွေ ၊ အကောင်းဆုံးနေ့တွေကို ဖန်တီးရင်း ကောင်းကောင်းဖြတ်သန်းရမယ် ။
ကိုယ်လိုချင်တဲ့ အနေထားမဟုတ်ပဲ မှားယွင်းပြီး
ပုံရိုက်မိတဲ့အခါ … ပြန်ဖျက်ပြီး အစကပြန်ရိုက်သလိုမျိုးဘဝမှာ အမှားတွေ ၊ နာကျင်စရာတွေ ကြုံလာရင်လဲ
တဖန်ပြန်ပြီး တည်ဆောက်ရတယ် ။
ချစ်စရာကောင်းတဲ့ Reminder လေးဟာ
ဓာတ်ပုံလှလှတွေ များများရိုက်ပါ ။
ကိုယ့်ဘဝကိုလည်း လှလှပပ နေထိုင်ပါတဲ့ ။
#𝗯𝗼𝗼𝗸𝘀𝗵𝗼𝗽𝗯𝘆𝘄𝗶𝘄𝗶
Photo pinterest 🪻
Crd
လှိုင်သာယာကနေ စံပြစျေးကို
အသွားအပြန်ကားခ ၄၀၀သက်သာအောင်
စက်ဘီးနဲ့အလုပ်လာဆင်းတဲ့
အလုပ်ကြမ်းသမားတွေကို သင်မြင်ဖူးရင်
သိပ်အရေးမကြီးတဲ့ကိစ္စတွေအတွက်
သောင်းနဲ့ချီအကုန်ခံပြီး
သင်ကားငှားမစီးတော့ပါဘူး...
ဒါပေမယ့်
ကား၃စီးရှိပြီး
မြို့ထဲမှာကားပိတ်လွန်းလို့
ကိုယ်တိုင်ကားမမောင်းချင်တော့တဲ့သူတွေကို
သင်မြင်ရင်ကားငှားစီးရတာ
ရှက်စရာတစ်ခုလို့သင်မြင်လာပါလိမ့်မယ်။
ဟုတ်ကဲ့
အချိန်ပို၂နာရီ
ခြေတိုအောင်အလုပ်လုပ်လို့
ရလာတဲ့အချိန်ပိုကြေး၁၅၀၀လောက်ကို
အပြန်မှာညစာအတွက်
ငါးပိချက်နဲ့တို့စရာဝယ်ပြီး
လစာကိုအပွန်းပဲ့မခံပဲ
စုနေရတဲ့သူတွေမြင်ရင်...
စားမကုန်ဘဲဒီတိုင်းထားခဲ့ရတဲ့
ဆိုင်က ဟင်းပွဲတွေကို
သင်နှမြောတက်လာမှာပါ...
ဒါပေမယ့်
ညစာအတွက်သိန်းနဲ့ချီကုန်နေတဲ့
dinnerတွေကို
သင်မြင်ရင်တော့
သင်မှာယူထားတဲ့ ဟင်းပွဲ၅ပွဲလောက်ကို
နည်းတယ်ထင်လာတော့မှာပါ...
တနေ့တမျိုးမရိုးရအောင်
ချစ်ပြကြင်နာပြနေကြတဲ့
fb ပေါ်ကအမျိုးမျိုးသောစုံတွဲတွေရဲ့
ကြည်နူးဖွယ်ပုံတွေကိုမြင်ရင်
သင့်ဆီမှာရှိတဲ့လက်တွဲဖော်ဟာ
မပြည့်စုံတဲ့သူ
လိုအပ်ချက်တွေရှိနေတဲ့သူလို့
ထင်ကောင်းထင်မိနိုင်ပါတယ်...
ဒါပေမယ့်
အဲဒီ romantic couple photos တွေ
နောက်ကွယ်က
ပြဿနာပေါင်း သောင်းခြောက်ထောင်တွေ
အယူအဆမတူကြတာတွေ
အဆင်မပြေမှုတွေကို
သေချာသိသွားရင်တော့
သင့်ဘေးမှာရှိတဲ့သင့်အရိပ်လိုလူကို
သင်တန်ဖိုးပိုထားတော့မှာပါ
လောကကြီးက
တဖက်စောင်းနင်းဖြစ်လွန်းတယ်
ငါ့ကျမှ ကံဆိုးရတယ်
ငါ့နားမှာဘယ်သူမှမရှိကြဘူး
ငါအဆင်မပြေဘူး ဆိုတဲ့
တွေးတောမှု ခံစားမှု
အပြစ်ရှာမှု သိမ်ငယ်မှုတွေဟာ
များသောအားဖြင့်
ကိုယ့်စိတ်ခံယူချက်နဲ့သာသက်ဆိုင်ပါတယ်
ကိုယ့်ခံစားမှု အတိမ်အနက်နဲ့သာ
သက်ဆိုင်ပါတယ်
ဒါ့ကြောင့်
အရာအားလုံးဟာ
သင်ကိုင်ထားတဲ့ပေတံနဲ့သာဆိုင်ပါတယ်။
သင်ကြည့်တဲ့အကြည့်
သင်ခံစားနေတဲ့နှလုံးသားနဲ့သာ
သက်ဆိုင်ပါတယ်။
တိုသောပေတံနဲ့လိုက်တိုင်းနေသရွေ့
အရာရာဟာရှည်နေမှာဖြစ်ပြီး...
ကျဉ်းမြောင်းသောအကြည့်
အတ္တကြီးသောနှလုံးသားနဲ့
ဆုံးဖြတ်နေမယ်ဆိုရင်တော့
အရာရာဟာဘယ်တော့မှ
သင့်အတွက်အဆင်ပြေလာမှာမဟုတ်ပါဘူး..
ဟုတ်ကဲ့
လူ့ဘဝဆိုတာ
မျက်လုံးတွေကကြည့်တတ်ဖို့
ခေါင်းတွေက တွေးတတ်ဖို့နဲ့
နှလုံးသားကကိုယ်ချင်းစာတတ်ဖို့
သင်ကြားရင်း
ပြေးလွှားနေကြရတဲ့
မဆုံးနိုင်တဲ့ မာရသွန်ပြေးပွဲတစ်ခုပါ...
ဒါ့ကြောင့်
ပြေးနေတုန်းလဲကျတဲ့အခါ
ဆက်ပြေးနိုင်တဲ့သူတွေကိုဒေါသမထွက်ဖို့
မနာလိုမဖြစ်ဖို့...
ပြေးနေတုန်း မောလာတဲ့အခါ
မိမိကိုယ်ကို စိတ်မပျက်ဘဲ
ခဏအနားယူတတ္ဖို့....
ပြေးနေတုန်း ဘေးမှာ
သင့်အတွက်ရှိနေတဲ့ရှုခင်းလေးတွေကို
ခံစားကြည့်ရှုတတ်ဖို့နဲ့....
ပန်းတိုင်ရောက်သွားနိုင်သူတွေကို
မနာလိုခြင်းမရှိဘဲ
မုဒိတာပွားနိုင်ဖို့ လေ့ကျင့်ကြပါစို့လား...
------------
အလုပ်အကိုင် လုပ်ငန်းများ အောင်မြင်တိုးတက်ကြပါစေ။
Jobs4U
Seize The Opportunities!
-----------
Credit
10/02/2022
"မင်း ဖတ် ရ တာ တန် ပါ တယ်"
📚-------------📚-------------📚
လူတစ်ချို့
မင်းကို စွန့်ပစ်သွားတယ်ဆိုတိုင်း
မင်းက တန်ဖိုးမရှိလို့ မဟုတ်ဘူး။
လူတစ်ချို့
မင်းနားမှာ မပျော်တော့ဘူးဆိုတိုင်း
မင်းက အသုံးမဝင်တော့လို့ မဟုတ်ဘူး။
လူတစ်ချို့
မင်းကို အရေးမလုပ်တော့ဘူးဆိုတိုင်း
မင်းက လူရာမဝင်တော့လို့ မဟုတ်ဘူး။
တကယ်တော့
မင်းမေတ္တာ မင်းစေတနာ မင်းရဲ့ပေးဆပ်မှု
မင်းရဲ့အလေးထားမှုနဲ့ မတန်တဲ့သူတွေရှိသလို
အရမ်းချစ်တဲ့ဒဏ်ကို
မခံနိုင်တဲ့သူတွေလည်း ရှိတယ်။
လွယ်လွယ်နဲ့ရရင်
လူတွေက တန်ဖိုးမထားချင်ကြဘူး
ဒါကို မင်းသိရင်
နောက်တစ်ခါ ဘယ်အရာကိုမှ အလကားမပေးနဲ့။
စွန့်ပစ်ခံရတယ်ဆိုတိုင်း
အမှိုက်မဟုတ်ဘူးဆိုတာ နားလည်၊
တစ်ဖက်က တန်ဖိုးမသိတာလဲ ဖြစ်နိုင်တယ်။
တစ်ခါတလေမှာ
ကိုယ်နဲ့ မထိုက်တန်တဲ့သူတွေ
ကိုယ့်ကို အမြဲနာကျင်စေတဲ့သူတွေကို
လောကကြီးက သူ့နည်း သူ့ဟန်နဲ့
ရှင်းထုတ်ပေးသွားတာလဲ ရှိတယ်။
ပြေးလိုက်ရတာ ပင်ပန်းသလို
ဆွဲထားရတာလဲ ပင်ပန်းတာပါပဲ၊
အဲတော့ မနေချင်တဲ့သူတွေကို သွားခွင့်ပြုလိုက်
နေချင်သူတွေကိုတော့ သူ့သဘောအတိုင်း ရှိပါစေ။
သူတို့ ဆုံးရှူံးသွားတာက
ဂရုစိုက် ပေးဆပ်ပြီး ချစ်တတ်တဲ့သူကို၊
မင်း ဆုံးရှုံးရတာက
အမြဲ စိတ်ဆင်းရဲအောင်လုပ်တဲ့သူတွေကို။
ကဲ...ဘယ်သူနာလဲ?
မင်း မနာပါဘူး
အမှိုက်တွေရှင်းသွားတော့ မရှုပ်တော့ဘူးပေါ့။
တစ်ယောက်ထဲနေလည်း ဖြစ်တယ်
နှစ်ယောက်ရှိမှ ဘဝမဟုတ်ပါဘူး
လူတွေများလေ အပူတွေများလေပဲ။
ကိုယ့်မိသားစုနဲ့
ကိုယ့်အပေါ် တကယ်ကောင်းတဲ့သူတွေကိုပဲ
တန်ဖိုးထား မြတ်နိုးပြီး ချစ်လိုက်ပါ။
ကျန်တဲ့ အပေါ်ယံတွေအတွက်
အလေးအနက်ထားပြီး ခံစားမနေနဲ့။
နောက်ထပ် မမိုက်ချင်ပါနဲ့
မင်းက သင်ခန်းစာတွေရဖို့
စာလေးတစ်ပုဒ်ပဲ ဖတ်ရတာ
ငါ့မှာက ဘဝနဲ့ရော မျက်ရည်တွေနဲ့ပါ
ရင်းခဲ့ရတာ...
မင်းဖတ်ရတာ တန်ပါတယ်။
#အရှင်ဇဝန_သူ့စိတ်ကြိုက်စာပေများ 📖
original writer
25/12/2021
🎄☃Merry Christmas To You All☃🎄
🎈🎈🎈
စျေးရောင်း post တင်ခွင့်ပြုပါနော် နားထားတာလည်းကြာနေပြီဆိုတော့ လိုအပ်မှ အားပေးလို့ရပါတယ် ကျေးဇူးအထူးပါ
02/02/2021
#အရည်အချင်းရှိအောင်ကြိုးစားပါ #
သိန်းငှက်ပေါ်ကို တက်ပြီး
ကိုက်ရဲတာ ကျီးကန်းဘဲ ရှိတယ်။
အဲဒီလို ဖြစ်လာရင် သိန်းငှက်ဟာ
သူ့ရဲ့ အချိန်နဲ့ အင်အားကို ဖြုန်းပြီး
ကျီးကန်းကို ပြန်မတိုက်ခိုက်ဘူးတဲ့..။
အတောင်ပံကို ဖြန့်ပြီး
အမြင့်သထက် မြင့်အောင်
အပေါ်ကို ရောက်အောင် ထပ်ပျံတယ်။
အမြင့် ရောက်သွားတဲ့အခါ
အောက်စီဂျင် နည်းသွားတဲ့ ကျီးကန်းဟာ
သူ့ဟာသူ ပြုတ်ကျ သွားတယ်တဲ့ ဆိုတယ်။
သိန်းငှက်ဆီက သင်ခန်းစာ ယူပါ။
ကျီးကန်နဲ့ ရန်မဖြစ်ပါနဲ့။
အမြင့်ကိုသာ ဆက်တက်ပါ ။
ကိုယ့်ကို လာ တိုက်ခိုက်သူတွေကို
ပြန် မတိုက်ခိုက်ပါနဲ့ ။
အမြင့်ဆုံးသာ တက်လှမ်းပါ ။
သူ့ဟာသူ ပြုတ်ကျ ကျန်လိမ့်မယ်။
သတိပြုရမှာက ကိုယ်တိုင်က
သိန်းငှက်လိုမျိုး အမြင့်ပျံနိုင်တဲ့
အရည်အချင်းရှိအောင် ဖြည့်ဖို့လိုပါတယ်။
30/01/2021
IQ မြှင့်တဲ့ သားသားမီးမီးဖြစ်ဖို့ ...
Cowdeys နို့ခဲလေးက
🧠 DHA ပါဝင်လို့ ကလေးတွေ ရဲ့ဦးနှောက် ဖွံဖြိုးစေတယ် ညဏ်ရည်မြင့်မားမူကို အထောက်အကူဖြစ်စေတယ်
👁 Omega 3ကြောင့် အမြင်အာရုံကျန်းမာစေပါတယ်
🦴Calciumဓာတ် ကြွယ်ဝစွာ ပါဝင်လို့ အရိုးအဆစ် များသာမက သွားများကိုပါ ခိုင်မာစေပါတယ်
🥛အရပ်ရှည် ဖို့ vitamin Dနဲ့ new zealand milk စစ်စစ်တွေဖြစ်အကောင်းဆုံး ဖော်စပ်ထားလို့ သိသိသာသာအရပ်ရှည်စေပါတယ်
1ဗူး-17500ks ( 60လုံး )
26/01/2021
အင်္ဂလိပ် အက္ခရာ ABCD . . . Z အထိဆိုရင် ၂၆ လုံး ရှိပါတယ်။
အဲဒီ အက္ခရာတွေကို ဒီလိုနံပါတ်စဉ်တွေ ထိုးပြီး စီကြည့်ရအောင် . . .
A=1, B=2, C=3, D=4, E=5,F=6, G=7, H=8, I=9, J=10,K=11, L=12, M=13, N=14, O=15P=16, Q=17, R=18, S=19, T=20U=21, V=22, W=23, X=24, Y=25, Z=26
အဲဒီလို စီပြီးသွားရင်တော့ သက်ဆိုင်ရာ အက္ခရာကို ကိုယ်စားပြုတဲ့နံပါတ်တစ်ခုစီ ရှိသွားပါပြီ။
ကဲ ဘ၀မှာ ရာနှုန်းပြည့်အောင်မြင်ဖို့ ဘာအရေးကြီးဆုံးလဲ တွက်ကြည့်ကြစို့။
၁။ အလုပ်ကြိုးစားခြင်း (Hard Work)
H+A+R+D+W+O+R+K
8+1+18+4+23+15+18+11= 98 %
အဲဒါကြောင့် အလုပ်ကြိုးစားခြင်းဟာ ၉၈ ရာခိုင်နှုန်း အောင်မြင်နိုင်ပါတယ်။
၂။ ဗဟုသုတ (Knowledge)
K+N+O+W+L+E+D+G+E
11+14+15+22+12+5+4+7+5=96%
ဗဟုသုတပြည့်စုံခြင်းကတော့ ၉၆ % အောင်မြင်နိုင်ပါတယ်။
၃။ ချစ်ခြင်းတရား (Love)
L+O+V+E
12+15+22+5 = 54 %
ချစ်ခြင်းတရားဟာ အောင်မြင်ဖို့ ၅၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။
၄။ ကံတရား (Luck)
L+U+C+K
12+21+3+11 = 47 %
ကံတရားကတော့ အောင်မြင်ခြင်းနဲ့ ၄၇ ရာခိုင်နှုန်းပဲ ပတ်သက်ပါတယ်။
ဒါဆိုရင်တော့ မဟုတ်သေးဘူး။ ၁၀၀ ရာခိုင်နှုန်း အပြည့်ရနိုင်မယ့်အကြောင်းတရား တခုခုတော့ ရှိရမယ်။
သိပြီ ပိုက်ဆံ . . . ။
၅။ ပိုက်ဆံ (Money)
M+O+N+E+Y
13+15+14+5+25 = 72 %
မဟုတ်ပြန်ဘူး . . . ပိုက်ဆံကလည်း ၇၂ ရာခိုင်နှုန်းပဲ စွမ်းဆောင်နိုင်တယ်။
ဒါဆိုရင်....
၆။ခေါင်းဆောင်မှုအရည်အသွေး(Leadership)
L+E+A+D+E+R+S+H+I+P
12+5+1+4+5+18+19+8+9+16 =89%
ခေါင်းဆောင်မှုကောင်းရင်တော့ ၈၉ ရာခိုင်နှုန်း အောင်မြင်နိုင်ပါတယ်။
ပြဿနာတိုင်းမှာ အဖြေဆိုတာ ရှိစမြဲပါ။ အဲဒီတော့ ပြဿနာရဲ့ အဖြေကိုစိတ်နေစိတ်ထားလေး ပြောင်းပြီး စဉ်းစားကြည့်ရအောင်။
ဟုတ်ပြီ . . .စိတ်နေစိတ်ထား။
၇။ စိတ်နေစိတ်ထား (Attitude)
A+T+T+I+T+U+D+E
1+20+20+9+20+21+4+5 = 100 %ရပါပြီ . . . ။
ဘ၀ကို ၁၀၀ ရာခိုင်နှုန်း အောင်မြင်မှုပေးနိုင်တဲ့ အရာကတော့စိတ်နေစိတ်ထားပါပဲ။
“Attitude is everything ” လို့ ဆိုပါတယ်။
ကိုယ့်ရဲ့စိတ်နေစိတ်ထားကို ပြောင်းလိုက်တာနဲ့
ဘ၀တစ်ခုလုံး ပြောင်းလဲနိုင်ပါတယ်။
အခု အဖြေကို သိရပါပြီ။
ကဲ . . . ဘာဆက်လုပ်ကြမလဲ . . . ။
(Myawady News)
(copy ယူလာတာပါ)😁
23/01/2021
အနာဂတ်ကြယ်ပွင့်လောင်း ကိုယ့်ရင်သွေးငယ်ရဲ့
ကိုယ်ခံအားစနစ်ကို အကောင်းဆုံးမြင့်တင်ပေးတဲ့
ဗီတာမင်မျိုးစုံပါဝင်တဲ့ COWDEYS နို့ခဲလေးပါ
၁ဗူး - 17500ကျပ်
21/01/2021
Cowdeys သောက်ခြင်းအာဖြင့်
🖤ဉာဏ်ပညာပိုတိုးမြင့်စေတယ်
🖤ခန္တာကိုယ်ကြီးထွားမြန်ပြီးကျန်းမာစေတယ်
🖤ခုခံအားကောင်းစေတယ်
🖤အရိုးအဆစ်ခိုင်မှာစေတယ်
အသက် ၂နှစ်နဲ့ အထက်သောက်လို့ရပြီး
တဗူး ၁၇၅၀၀ (၆၀လုံး)
💥5ဗူးကစ လက်ကားဈေးရှိတယ်ရှင့်💥
shampoo 3
for today
haircare
Click here to claim your Sponsored Listing.
Category
Website
Address
Hlaing