SONŌ STORE
စစ်မှန်သောပစ္စည်းများကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ပါသည်
02/02/2022
ကဲ ပြော အသံပါဝါကောင်းကောင်းပါရောပီ Live လွှင့်ရောင်းရမှာလား😂
10/01/2022
🔔Squid Game ထဲက မင်းသား Wi Ha Joon ဝတ်ထားသလို အင်္ကျီလေးတွေ SONŌ မှာ design အစုံရှိပါတယ်ရှင်🗣️
🌼တစ်ထည် - 2500ကျပ်
ဆိုင်မှာရနိုင်မဲ့ Design လေးတွေ Comment မှာ ပြထားပါတယ်ရှင်
10/01/2022
🌼 ဖျင်အင်္ကျီ ၊ ဆိပ်ခွန်ပုဆိုး ၊ ဒေါင်စင်း၊ ထဘီ
ချည်ထည်အစုံရောက်လာပါပီ🗣️
ကြိုတင်မှာယူထားသူတွေများတဲ့အတွက် အရေအတွက် အနည်းငယ်သာ ကျန်ပါမယ်ရှင်😍
ဝယ်ယူအားပေးမှု့အတွက် အလွန်ပဲ ကျေးဇူးတင်ပါတယ်ရှင် ♥️
08/01/2022
💠 ကိုရီးယား မာဘယ် (ကတ္တီပါရှန်)
🌀 အနံလွန် ၂ကိုက်ခွဲ ဝမ်းဆက်လေးတွေပါ
🏷️ ဝမ်းဆက်တစ်စုံ - ၄၅၀၀ကျပ်
🔔အခုတစ်ခေါက်ရောက်တဲ့ အဆင်လေးတွေပါ♥️
📌 SONŌ STORE
📱 09974825884
📍 kpay ဖြင့်လည်း ငွေပေးချေနိုင်ပါတယ်🌼
🧬 ပစ္စည်းမှန် ဈေးမှန် အာမခံ 🌺
04/01/2022
🚫All SOLD OUT🚫
💠 ကိုရီးယား ချည်ဖွန်
🌀 အနံလွန် ၂ကိုက်ခွဲ ဝမ်းဆက်လေးတွေပါ
🏷️ ဝမ်းဆက်တစ်စုံ - ၄၀၀၀ကျပ်
အခုတစ်ခေါက်တော့ ပစ္စည်းရောက်တယ်ဆို တန်းကုန်သွားပါတယ်ရှင်🧚🧚♀️🧚♂️
🔔နောက်ထပ်ရောက်တဲ့အခါ ထပ်တင်ပေးပါမယ်ရှင်🧚
📌 SONŌ STORE
📱 09974825884
📍 kpay ဖြင့်လည်း ငွေပေးချေနိုင်ပါတယ်🌼
🧬 ပစ္စည်းမှန် ဈေးမှန် 🌺
30/12/2021
22/12/2021
🚫All SOLD OUT🚫
💠 ကိုရီးယား မာဘယ် (ကတ္တီပါရှန်)
🌀 အနံလွန် ၂ကိုက်ခွဲ ဝမ်းဆက်လေးတွေပါ
🏷️ ဝမ်းဆက်တစ်စုံ - ၄၅၀၀ကျပ်
🍀ဆိုင်စဖွင့်တာ မကြာသေးပေမဲ့ ရက်ပိုင်းအတွင်း ပစ္စည်းအားလုံးပြတ်တဲ့အထိ အားပေးကျတဲ့ တစ်ဦး တစ်ယောက်ချင်းစီးကို အထူးကျေးဇူးတင်ပါတယ်ရှင်♥️
🔔နောက်ထပ်ရောက်တဲ့အခါ ထပ်တင်ပေးပါမယ်ရှင်🧚
📌 SONŌ STORE
📱 09974825884
📍 kpay ဖြင့်လည်း ငွေပေးချေနိုင်ပါတယ်🌼
🧬 ပစ္စည်းမှန် ဈေးမှန် အာမခံ 🌺
11/12/2021
ကဲ ကဲ 😁
ရှင်တို့မှာရော? ❤️
11/12/2021
Hee......
27/07/2021
ကိုဗစ်ကာကွယ်ဆေးများနှင့်ပတ်သက်၍ သိသင့်သောအချက်များ
===========
♣ အမေရီကန်နိုင်ငံထုတ် ကာကွယ်ဆေးများ
MODERNA
Moderna ကာကွယ်ဆေးဟာ Vanderbilt University က ၉၄.၁ ရာခိုင်နှုန်းအထိကာကွယ်နိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။ ဒီဆေးက လောလောဆယ် ကမ္ဘာမှာ အကောင်းဆုံး ကာကွယ်ဆေး ဆိုပြီး သတ်မှတ်ထားပါတယ်
PFIZER
Moderna ထက်တစ်ပတ်စောကာ ကြေညာခဲ့တဲ့ ပထမဆုံး COVID ကာကွယ်ဆေး ဖြစ်ပါတယ်။ Pfizer ကာကွယ်ဆေးကတော့ Modernaထက် ရာခိုင်နှုန်းအနည်းငယ်လျော့ ကာကွယ်နိုင်စွမ်းရှိပါတယ် ( ၈၁.၈ - ၉၅ ရာခိုင်နှုန်း)
ဆေးထိုးပြီးရင် ဘာတွေ ခံစားရလေ့ရှိလဲ?
Pfizer နဲ့ Moderna က ဒုတိယ အလုံးထိုးပြီးရင်ပိုဖြစ်တယ်လို့တွေ့ရှိရပါတယ် ။ ထိုးတဲ့နေရာမှာ နာတာ နုံးတာ ခေါင်းကိုက် ကြွက်သားနာတာတွေက အဖြစ်များပါတယ် ။ ရှားရှားပါပါး နှလုံးကြွက်သားရောင်တာ နှလုံးအမြှေးရောင်တာကို Pfizer နဲ့ Moderna မှာတွေ့ရပါတယ်
♣ အိန္ဒိယနိုင်ငံထုတ် ကာကွယ်ဆေးများ
COVISHIELD
ဗြိတိန် နည်းပညာကို အိန္ဒိယ မှာ ထုတ်ခွင့်ပေးတာပါ ။ ဗြိတိန် မှာထုတ်တာကိုတော့ AstraZeneca နာမည်ပေးထားပါတယ် ။ ဒီနိုင်ငံမှာ ဇန်နဝါရီလကတည်းက Covishield ကာကွယ်ဆေးကို စတင်ထိုးနှံပေးခဲ့ပါတယ်။ တစ်ဦးကို နှစ်ကြိမ်နှုန်းနဲ့ လူဦးရေတစ်သန်းခွဲစာကို သက်တမ်းကုန်ဆုံးရက် မတိုင်ခင် ဇွန်လအထိ ထိုးပေးနိုင်ခဲ့ပါတယ်။ (ဒီ Covishield ကာကွယ်ဆေးဟာ သက်တမ်းခြောက်လသာ ရှိပါတယ်)
ဒီဆေးကို ပထမတစ်ကြိမ်ထိုးထားရင် ရောဂါမဖြစ်အောင် ၇၀.၄ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပြီး ဒုတိယအကြိမ် ထိုးပြီးချိန်မှာတော့ ၈၂.၄ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်ပါတယ်။ ရောဂါကြောင့် သေဆုံးနှုန်းကို အသက် ၆၅ နှစ်ကျော်အရွယ်တွေမှာ ၉၄ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်တယ်လို့ သိရပါတယ်။
ဒီဆေးထိုးထားသူတွေက မိမိမှတစ်ဆင့် တခြားသူကို ရောဂါပြန်ဖြန့်နိုင်နှုန်း ၆၇ ရာခိုင်နှုန်း လျော့ကျသွားနိုင်ပါတယ်။
COVAXIN
အခုလက်ရှိ အပြင်ဆေးခန်းတချို့မှာ ထိုးပေးနေတဲ့ ကာကွယ်ဆေးက အိန္ဒိယနိုင်ငံထုတ် Covaxin အမျိုးအစား ဖြစ်ပါတယ်။ ဒီဆေးကိုတော့ BBV152 လို့လည်း သိကြပြီး သေဆုံးနေတဲ့ဗိုင်းရပ်စ်ကို ပြုပြင်ကာ ပြုလုပ်ထားတဲ့ကာကွယ်ဆေးဖြစ်ပါတယ်။ သူက ခန္ဓာကိုယ်ထဲကိုရောက်ရင် antibody တွေ ထွက်လာပြီး ခုခံအားစနစ်ကို လှုံ့ဆော်ကာ ရောဂါကို တိုက်ထုတ်ပစ်နိုင် ပါတယ်။ ဒီဆေးက အိန္ဒိယ နိုင်ငံအပြင် အီရန်၊ မက္ကဆီကို၊ နီပေါ၊ ဖိလစ်ပိုင်၊ ပါရာဂွေး၊ ဇင်ဘာဘွေနဲ့ မောရစ်ရှားနိုင် ငံတွေမှာပါ အသုံးပြုနေပြီဖြစ်ပါတယ်။ ဒီဆေးကို တစ်ကြိမ်နဲ့ တစ်ကြိမ် ၄-၆ ပတ်ခြားပြီး နှစ်ကြိမ် ထိုးရမှာဖြစ်ပါတယ်။ ဆေးကို နှစ်ကြိမ်ထိုး ပြီးရင် ရောဂါကို ကာကွယ်နိုင်စွမ်း ၇၈ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။
ဘေးထွက်ဆိုးကျိုးအနေနဲ့ အဖျား ရှိတာ၊ ခေါင်းကိုက်တာ၊ စိတ်တိုတာ၊ ဆေးထိုးတဲ့နေရာမှာ ရောင်ရမ်းပြီး နာကျင်တာတွေဖြစ်တတ်ပါတယ်။ ကာကွယ်ဆေးထိုးအပြီး ပါရာစီတမောလို မျိုး အကိုက်အခဲပျောက်ဆေးကို သောက်ထားသင့်ပါတယ်။
ဆေးနဲ့ ပြင်းထန်ဓာတ်မတည့်မှု ဖြစ်တာကတော့ အလွန်ရှားပါတယ်။ ဓာတ်မတည့်မှုဖြစ်ရင် လည်ချောင်းရောင်ရမ်းပြီး အသက်ရှူမ၀တာ၊ ပျို့တာ၊ အန်တာ၊ အဖုအပိမ့်ပေါက်တာ၊ အဖျားရှိတာ၊ ခေါင်းကိုက်တာ၊ ခန်္ဓာကိုယ်အနှံ့ကိုက်ခဲတာနဲ့ ဆေးထိုးထားတဲ့လက်တစ်ဖက် တောင့်တင်းနေတာတွေဖြစ်တတ်ပါတယ်။
သွေးယိုစီးမှုပြဿနာရှိသူတွေ၊ ကိုယ်၀န်ဆောင်မိခင်တွေ ဒါမှမဟုတ် နို့တိုက်မိခင်တွေက ဒီကာကွယ်ဆေးကို မထိုးသင့်ပါဘူး။
♣ တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးများ
တရုတ်နိုင်ငံထုတ်ကာကွယ်ဆေး တွေဖြစ်တဲ့ Sinopharm ကို WHOက ယခုနှစ် မေလအတွင်း အရေးပေါ်အသုံး ပြုခွင့်ပေးထားခဲ့ပြီး Sinovac ကို ဇွန်လမှာ ခွင့်ပြုထားခဲ့ပြီး ဖြစ်ပါတယ်။ ဒီဆေးတွေကို လက်ရှိမှာ နိုင်ငံပေါင်း ၈၀ ကျော် အသုံးပြုနေကြပြီလို့ သိရပါတယ်။
ဒီကာကွယ်ဆေးနှစ်မျိုးစလုံး ကြောင့် ရရှိနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ က တခြားကာကွယ်ဆေးတွေလောက် အဖြစ်မများဘူးလို့ သိရပါတယ်။ ဆေး ထိုးတဲ့နေရာမှာ နာကျင်တာ၊ ပင်ပန်းနွမ်း နယ်တာ၊ ၀မ်းပျက်တာနဲ့ ကြွက်သားနာ ကျင်တာလောက်သာဖြစ်ပြီး နှစ်ရက်အ တွင်း ပြန်လည်ပျောက်ကင်းသွားတတ်ပါ တယ်။
SINOPHARM
ဒီကာကွယ်ဆေးက တရုတ်နိုင်ငံက ဒီနိုင်ငံကို လှူဒါန်းခဲ့တဲ့ကာကွယ် ဆေးဖြစ်ပါတယ်။ တရုတ်ကုန်သည် များအသင်းချုပ်ကလည်း အသင်း၀င် တွေကို ဒီဆေးထိုးပေးဖို့ စီစဉ်နေတယ်လို့ ကြားသိရပါတယ်။ ဒီကာကွယ်ဆေးက SARS-CoV-2 ကို Beta-propiolactone ခေါ်တဲ့ ဓာတုပစ္စည်းနဲ့ ကုသမှုပြုလုပ်ထား တာဖြစ်ပါတယ်။ ဒီဓာတုပစ္စည်းက ကိုဗစ်ဗိုင်းရပ်စ်နဲ့ပေါင်းပြီး COVID-19 ဖြစ် စေတဲ့ ဗိုင်းရပ်စ်ပွားများမှုကို ရပ်တန့်ပေးလိုက်တာဖြစ်ပါတယ်။ ဒါ့ပြင် သူ့မှာ ပါ၀င်တဲ့ အလူမီနီယမ်ဟိုက်ဒရော ဆိုက်ကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ပိုမိုမြင့်တက်လာပါတယ်။
အသက် ၁၈ နှစ်အထက်ရှိသူတွေ ထိုးဖို့သတ်မှတ်ပေးထားပြီး တစ်ကြိမ်နဲ့ တစ်ကြိမ်ကြား သုံးပတ်ကနေ လေးပတ် ခြားကာ နှစ်ကြိမ်စီ ထိုးပေးရမှာဖြစ်ကာ ရောဂါကာကွယ်နိုင်စွမ်းမှာ ၇၉.၃ ရာ ခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ ဒီဆေး ကို ကိုယ်၀န်ဆောင်မိခင်နဲ့ နို့တိုက်မိခင် တွေအတွက် ထိုးပေးနိုင်ပါတယ်။
ဒီကာကွယ်ဆေးမှာပါတဲ့ ပါ၀င် ပစ္စည်းတွေနဲ့ ဓာတ်မတည့်မှုဖြစ်ဖူးသူ၊ အပူချိန် ၃၈.၅ ဒီဂရီထက် မြင့်မားသူ တွေက ဒီဆေးကို မထိုးသင့်ပါဘူး။
ဘေးထွက်ဆိုးကျိုးအနေနဲ့ ကာ ကွယ်ဆေးထိုးတဲ့နေရာမှာ နာကျင်တာ၊ အဖျားရှိတာတွေအပြင် ခေါင်းကိုက်တာ နဲ့ ပင်ပန်းနွမ်းနယ်တာတွေဖြစ်တတ်ပါ တယ်။
SINOVAC
ဒီကာကွယ်ဆေးက ယခုလအတွင်း တစ်သန်းရောက်ရှိမှာဖြစ်ပြီး အသက် ကြီးသူ၊ ရောဂါအခံရှိသူ၊ ကာကွယ်ဆေး မထိုးရသေးတဲ့ ကျန်းမာရေး၀န်ထမ်းတွေ၊ ပုဂ္ဂလိက ကျန်းမရေးစောင့်ရှောက်မှုပေး နေသူတွေကို ဦးစားပေးထိုးနှံပေးသွားမယ်လို့ သိရပါတယ်။
ဒီဆေးက ဓာတ်ခွဲခန်းကနေ ထုတ် လုပ်ထားတဲ့ ဗိုင်းရပ်စ်အမျိုးအစားနဲ့ ပြု လုပ်ထားတဲ့ Inactivated Virus Vaccine အမျိုးအစားဖြစ်ပါတယ်။ ကာကွယ်ဆေးမှာ ပါ၀င်တဲ့ များစွာသော ပရိုတင်းတွေကို ခုခံအားနစ်က တုံ့ပြန်ပြီး ကိုဗစ်ရောဂါကို တိုက်ထုတ်မယ့် Antibody တွေထွက်လာအောင် လှုံ့ဆော်ပေးမှာ ဖြစ်ပါတယ်။ အသက် ၁၈ နှစ်အထက်ရှိ သူ၊ နို့တိုက်မိခင်၊ ကိုဗစ်ဖြစ်နိုင်ခြေ မြင့် မားတဲ့ အ၀လွန်သူ၊ နှလုံးသွေးကြောရောဂါရှိသူနဲ့ အဆုတ်ရောဂါရှိသူတွေထိုးဖို့ သတ်မှတ်ထားပြီး တစ်ကြိမ်နဲ့ တစ်ကြိမ် ကြား ၂-၄ ပတ်ခြားပြီး နှစ်ကြိမ်ထိုးရမှာ ဖြစ်ပါတယ်။
ရောဂါကာကွယ်နိုင်စွမ်းက နိုင်ငံအ ပေါ်လိုက်ပြီး ၄၉.၆ - ၅၀.၇ % ရှိကာ ကိုဗစ် ဆိုး ဆိုးရွားရွား အခြေအနေမရောက်အောင် ၈၅-၁၀၀ %၊ ကိုဗစ်ကြောင့် ဆေးရုံတက် ရတာမျိုးမဖြစ်အောင် ၈၀-၁၀၀ % ကာကွယ်နိုင်ပါတယ်။
♣ ရုရှားနိုင်ငံထုတ်ကာကွယ်ဆေးများ
ရုရှားနိုင်ငံကထုတ်တဲ့ ကာကွယ် ဆေး နှစ်မျိုးဖြစ်တဲ့ Sputnik V နဲ့ Sputnik Light တွေကို မြန်မာနိုင်ငံအ တွက် ခုနစ်သန်း၀ယ်ဖို့ မှာယူထားကာ မကြာမီ အလုံးရေ နှစ်သန်းရောက်ရှိမယ်လို့ သိရပါတယ်။
SPUTNIK V
ဒီကာကွယ်ဆေးက တုပ် ကွေးရောဂါဖြစ်စေတဲ့ Adenovirus အမျိုးအစားနှစ်မျိုးကို ရောဂါသယ်ဆောင် တဲ့အနေနဲ့ ထည့်သွင်းအသုံးပြုထားတာ ဖြစ်ပါတယ်။ ရောဂါသယ်ဆောင်တဲ့ဗိုင်း ရပ်စ်တွေက ပြုပြင်ထားတာကြောင့် ခန်္ဓာ ကိုယ်ထဲမှာ ပိုးထပ်မံပွားများတာ၊ ရောဂါ ဖြစ်တာတွေ မရှိတော့ပါဘူး။
ဒီဆေးကို အိန်္ဒိယ၊ အာဂျင်တီးနား၊ မွန်တီနီဂရိုး၊ ရုရှား၊ ဗင်နီဇွဲလား၊ ဘီလာ ရုစ်၊ ဆားဗီးယား၊ ယူအေအီးနဲ့ Europe တိုင်းပြည်ထဲက ဟန်ဂေရီအပါအ၀င် နိုင်ငံပေါင်း ၆၄ နိုင်ငံမှာ အသုံးပြုနေကြ ပြီဖြစ်ပါတယ်။
အသက် ၁၈ နှစ်အထက်ရှိသူတွေ ထိုးနိုင်ပြီး ရောဂါကာကွယ်နိုင်စွမ်းက ၉၁.၆ ရာခိုင်နှုန်းရှိကာ ကာကွယ် ပထမအကြိမ်ထိုးပြီး သုံးပတ်အကြာမှာ ဒုတိယအကြိမ် ထပ်မံထိုးရမှာဖြစ်ပါ တယ်။
ဘေးထွက်ဆိုးကျိုးအနေနဲ့ -
◘ ပင်ပန်း နွမ်းနယ်တာ ၇၀ %
◘ အဆစ်နာတာ ၄၆.၄ %
◘ ခေါင်းကိုက်တာ ၆၄.၇ %
◘ ကြွက်သားနာကျင်တာ ၆၁.၅ %
◘ ချမ်းတုန်တာ ၄၅.၄ %
◘ အဖျားရှိတာ ၁၅.၅ %
◘ ပျို့အန်တာ ၂၃ % ရှိပါတယ်။
SPUTNIK LIGHT
ဒီကာကွယ်ဆေးက COVID-19 ရောဂါကိုဖြစ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်ကို ခုခံအားတည်ဆောက် ပေးတာဖြစ်ပြီး ကာကွယ်နိုင်စွမ်း ၇၉.၄ ရာခိုင် နှုန်းရှိတယ်လို့ သိရပါတယ်။ သူရဲ့ အား သာချက်က ဆေးတစ်ကြိမ်သာ ထိုးရမှာဖြစ်ပြီး ဆေးထိုးအပြီး လေးပတ်အကြာမှာ ဗိုင်းရပ်စ်ပိုးကို အားပျော့စေတဲ့ anti-body ထွက်လာနိုင်နှုန်း ၉၁.၆၇ ရာခိုင် နှုန်းအထိ ရှိတယ်လို့ သိရပါတယ်။
ရုရှားနိုင်ငံမှာ ယခုနှစ် မေလအတွင်း က အရေးပေါ်အသုံးပြုခွင့်ရရှိထားတာ ဖြစ်ပါတယ်။ ဒီဆေးကို ရုရှား၊ ဗင်နီဇွဲလား၊ အင်ဂိုရာ၊ ဘာရိန်း၊ နီကာရဂူး၊ မောလစ်ရှ၊ ပါလက်စတိုင်း၊ အာဂျင်တီးနား၊ ဘီလာ ရုစ်၊ ကွန်ဂို၊ မွန်ဂိုလီးယား တောင်ကိုရီး ယားအပါအ၀င် နိုင်ငံပေါင်း ၁၃ နိုင်ငံမှာ ရရှိနိုင်ပြီဖြစ်ပါတယ်။
27/07/2021
ကိုယ်ခံအားကောင်းဖို့💪
Vitamin C အများဆုံးပါတဲ့🍊🥭🍍 အသီးအနှံ လေးတွေ🥦🥔🌶️ စားကြရအောင်
🙏 အားလုံး ဘေးရန်ကင်းကွာ ကပ်အပေါင်းမှ လွတ်ကင်းနိုင်ကြပါစေ 🙏
Crd
24/07/2021
အားလုံး ကျန်းမာစွာဖြင့် Covid-19 ရောဂါဆိုးကြီးကို ကျော်လွှားနိုင်ပါစေရှင်🙏
Click here to claim your Sponsored Listing.
Category
Website
Address
Hlaing