Soe Ei Phyu
မအိဖြူရဲ့Pageလေးမှကြိုဆိုပါတယ်💚
25/10/2025
အားနာကြီးတတ်တဲ့သူမို့
ကို့မာနကိုထိပါး ပြောဆိုတတ်တဲ့သူဆိုရင်တောင်
အချိန်ကြာရင် ခွင့်လွှတ်တတ်သူကြီးပါ
အမှတ်မရှိတာတော့ မဟုတ်ဘူး
အမုန်းမပွားချင်လို့😔
🔥🔥
09/07/2025
ဝါဆိုလပြည့်နေ့🍀
06/06/2025
စားချင်တာစားနေရရင် သာယာလို့🤤
15/05/2025
🌸🌸ဘာပန်းလို့ခေါ်လဲတော့မသိဘူး😜
17/03/2025
ပကာသနတွေထက်
ဖြူစင်တဲ့သံယောဇဥ်ကြိုးတေနဲ့
ချည်နှောင်ထားတဲ့ ချစ်ခြင်းမေတ္တာမျိုးကို💚
တကယ် သဘောကျတယ် 💯
03/03/2025
#ဆားနင်းခြင်းကောင်းကျိုးများ
_________
နေ့စဉ် အချိန်မှန်ရေချိုးခါနီးတိုင်း
ဆားနင်းရင် ကိုယ်တွင်းအောင်းပူတွေထွက်စေပါတယ်။
ညဘက် နင်းပုံနင်းနည်းကတော့ … ခြေထောက်ကို ပေါင်ရင်းကစပြီး ရေလောင်းဆေးပါ ခြောက်အောင်သုတ်ပါ။
(ဆား ၂ပိသာ ဆို ပိုကောင်း) ဆန့်တဲ့ ဇလုံကြီးထဲထည့်ပြီးနင်းပါ။
နာရီဝက်လောက် ဆက်တိုက်နင်းရင်းနဲ့ ခြေထောက်ကချွေးများ ထွက်လာတာ တွေ့ရပါမယ်…။
မိနစ် ၃၀ -၄၀ – ၁နာရီ ကိုယ်ကျေနပ်သည်ထိ နင်းပြီးတာနဲ့ မနင်းခင် အသင့်ဆောင်ထားတဲ့ ပုဝါနဲ့ခြေထောက်ကို ဆားဇလုံထဲ ပွတ်ချပြီး ဆားတွေပြောင်အောင် သုတ်ပါ…
ခြေထောက်ကို လုံးဝ(လုံးဝ) ရေပြန်မဆေးရပါ။
ခြေထောက်ပြောင်တာနဲ့ အိပ်ယာဝင်ပါ။
ပထမနေ့မှာပဲ နှစ်ခြိုက်စွာ အိပ်ပျော်ပါမယ်…။
အကြောပြေ.. ခြေကျဉ် ထုံနာတွေ ပျောက်ကင်း..
ခြေကွဲခြင်း မရှိ… ဆံပင် မကျွတ်တော့ပဲ…
နဂိုဆံပင်သန်သူတွေ ပိုပြီး ဆံပင်တွေသန်လာမည် ကျန်းမာခြင်းကိုရရှိစေမှာပါ။
နံနက်ရေမချိုးမီ ဆားနင်းခြင်းအကျိုး💥💥
(၁) မလိုအပ်သောအပူအောင်းနေသောအခိုးအငွေ့များ ခြေဖဝါးမှတစ်ဆင့် ထွက်သွားနိုင်သည်။
(၂) ကျောက်ကပ်တွင်အပူခိုခြင်းမှကာကွယ်၍ ဆီးလမ်းကြောင်းကိုလည်းအကျိုးပြုသည်။
(၃) ကြာကြာနင်းလျှင်ခါးမှအပူများဆင်းသဖြင့် ခါးနာသက်သာစေနိုင်သည်။
(၄)အထိုင်များသူ..ကားမောင်းများသူများအတွက် အညောင်းရောဂါ အကြောပိတ် အကြောတင်းခြင်းများမှ ကာကွယ်နိုင်သည်။
(၅) မျက်စိအာရုံစိုက်ရသူများ မျက်မှန်တတ်ရသူများအတွက် မျက်စိကြည်စေပြီး စွဲမြဲလုပ်လျှင်မျက်စိဒီကရီကျပြီး မျက်မှန်လွတ်စေနိုင်သည်။
(၆)ဆံပင်ကျွတ်သူများ ဆံပင်ပါးသူများ ဆံပင်နှစ်ခွကွဲခြင်းများ သက်သာစေသည်။
(၇) ခေါင်းကိုက် မျက်ရိုးကိုက် မျက်ရည်ကျသူများ မျက်ရည်လမ်းကြောင်းပိတ်သူများအတွက်လည်း အကျိုးရှိစေနိုင်သည်။
(၈) သားအိမ်လမ်းကြောင်းပိတ်၍ သားသမီးမရသူများ သားသမီးရစေနိုင်သည်။
(၉) အမျိုးသားဆီးကျိတ်ရောဂါရှိသူများ ဆီးကျိတ်ကြီးခြင်းမှကာကွယ်နိုင်သည်။
ဆားနင်းခြင်းကို နံနက်အိပ်ယာထ.. ညအိပ်ယာဝင် နှစ်ကြိမ်ပြုလုပ်နိုင်သည်။
ခွက်ထဲဆားနှစ်ပိဿာ အနည်းဆုံးထည့်ရပါမည်။ ပြီးလျှင်ရေမစိုအောင်အုပ်ထားပါ။ တစ်လခန့်ကြာမှ ဆားအသစ်လဲပေးလျှင်ရပါသည်။
ဆားနင်း၍ ကုမရသောခေါင်းကိုက်ရောဂါ၊ခါးနာရောဂါများပျောက်ကင်းနိုင်ပါတယ်။
✍🏻
02/03/2025
#ဆားရည်နဲ့ပလုတ်ကျင်းခြင်းရဲ့
ကောင်းကျိုး(၉)မျိုး
(၁) လည်ချောင်းနာပြီးရောင်ရမ်းတာကိုသက်သာစေတယ်
(၂) ချောင်းခြောက်ဆိုးတာကို သက်သာစေတယ်
(၃) အာသီးရောင်ခြင်းကိုသက်သာစေတယ်
(၄) ပါးစပ်အပူကန်တာကို ကုသပေးတယ်
(၅) Bacteria တွေကို လျော့ပါးစေတယ်
(၆) သွားကိုက်တာ လျော့ပါးစေတယ်
(၇) သွားဖုံးသွေးထွက်တာကို ကာကွယ်ပေးတယ်
(၈) ခံတွင်းနံ့ နံတာကိုသက်သာစေတယ်
(၉) နှာခေါင်းပိတ်တာကို လျော့ကျစေတယ်
ဆားရည် နဲ့ အာလုတ်ကျင်းတာက လူတိုင်း ကြားဖူးမယ့် ကိစ္စတစ်ရပ်ပါ။ ဆားရည်ကို လည်ချောင်းနာတဲ့အခါမှာ အများဆုံး အသုံးပြုကြပါတယ်။ ဒီတစ်ခေါက်တော့ လည်ချောင်းနာတဲ့အခါ အာလုတ်ကျင်းကြတဲ့ ဆားရည်က ဘယ်လို အထောက်အကူပြုလည်းဆိုတာကို ပြောပြပေးပါမယ်။
ဆားရည် နဲ့ ပလုတ်ကျင်းတဲ့အခါ✅✅
ဆားရည်က အကုန်အကျသက်သာပြီး လွယ်ကူတဲ့ ကုသနည်းတစ်ရပ်ပါ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ ရေနွေးနွေးထဲကို ဆားထည့်ပြီး ပလုတ်ကျင်းတဲ့အခါ အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကို ရရှိလို့ပါ။
pH ပမာဏကို ထိန်းညှိပေးတယ်✅✅
ဆားရည်က ဘက်တီးရီးယားကြောင့် လည်ချောင်းထဲက အက်ဆစ်တွေ မညီမမျှ ဖြစ်တာကို ထိန်းညှိပေးပါတယ်။ ကျန်းမာတဲ့ pH ပမာဏကို ထိန်းညှိပေးပါတယ်။ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ မပေါက်ဖွားစေဖို့ ကာကွယ်ပေးပါတယ်။
နှာခေါင်းပိတ်တာကို သက်သာစေတယ်✅✅
ဆားရည်နဲ့ ပလုတ်ကျင်းတာက အသက်ရှူလမ်းကြောင်းနဲ့ နှာခေါင်းထဲမှာရှိတဲ့ ချွဲတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ နာကျင်မှုတွေကို သက်သာစေသလို ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ နှာခေါင်းထဲက ဘက်တီးရီးယား နဲ့ ဗိုင်းရပ်စ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။
အသက်ရှူလမ်းကြောင်း ပိုးဝင်ကူးစက်တာကို သက်သာစေတယ်✅✅
သုတေသနပြုချက်တွေအရ တစ်နေ့ကို ဆားရည်နွေးနွေးနဲ့ ၃ ကြိမ် ပလုတ်ကျင်းပေးတာက အသက်ရှူလမ်းကြောင်း အထက်ပိုင်းမှာ ပိုးဝင်ကူးစက်တာမျိုး မဖြစ်စေဖို့ ၄၀ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်တယ်လို့ တွေ့ရပါတယ်။
အာသီးရောင်တာကို သက်သာစေပါတယ်✅✅
ဘက်တီးရီးယား၊ ဗိုင်းရပ်စ်တွေကြောင့် အာသီးရောင်နိုင်ပါတယ်။ အာသီးရောင်တဲ့အခါ အစာတွေ ရေတွေ မျိုချဖို့ ခက်ခဲနိုင်ပါတယ်။ ဒီနာကျင်မှုကို သက်သာစေဖို့ ဆားရည်နွေးနွေးလေးနဲ့ အာလုပ်ကျင်းပေးလို့ ရပါတယ်။
ခံတွင်း အနံ့ဆိုး သက်သာစေနိုင်တယ်✅✅
အစားကြောင့်ဖြစ်ဖြစ် အခြားအကြောင်းအရင်းကြောင့်ဖြစ်ဖြစ် ခံတွင်းနံ့ နံတာကို သက်သာစေဖို့ ခံတွင်းသန့်ဆေးရည်တွေ မသုံးချင်ဘူးဆိုရင် ဆားရည်နဲ့ အာလုပ်ကျင်းပေးလို့ ရပါတယ်။
သွားဖုံးနဲ့ သွားမှာ သွေးထွက်တာကို သက်သာစေနိုင်တယ်✅✅
ဆားရည်နွေးနွေးလေးနဲ့ ပလုတ်ကျင်းတာက သွားဖုံးရောင်တာ၊ သွားဖုံးသွေးထွက်တာတွေကို သက်သာစေနိုင်ပါတယ်။ ဆားရည်က ရောင်ရမ်းမှုကို သက်သာစေနိုင်သလို သွားဖုံးရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ သွားကိုက် သွားနာတာကိုလည်း သက်သာစေနိုင်ပါတယ်။
ခံတွင်း အနာကို သက်သာစေနိုင်တယ်✅✅
ပါးစပ်ထဲမှာ ဖြစ်တဲ့ အနာဖြူဖြူလေးတွေ သက်သာစေဖို့လည်းဆားရည်နဲ့ပလုပ်ကျင်းပေးလို့ရပါတယ်။
အနာသက်သာစေပြီး အနာကျက်မြန်စေနိုင်ပါတယ်။
#ကျန်းမာရေးဗဟုသုတ
အုန်းရည်ကြိုက်တဲ့သူတေ သိထားသင့်တယ်📌📌
25/02/2025
သံပုရာသီး အသုံး၀င်ပုံ (၁၀) ချက်
၁။ ခံတွင်း ကျန်းမာရေး
သံပုရာသီးဟာ သွားကို ဖြူစေ ပါတယ်။ သံပုရာသီး အခွံကိုဆား (တကော်စာ)နဲ့ ရောပြီး ပွတ်ပေးရင် သွားကို ဖြူစေ ရုံတင် မကဘူး။ တောက်ပ စေပါတယ်။ ခံတွင်းအနံ့ မကောင်းတာလည်း ပျောက်စေ ပါတယ်။ သွားကို:က် နေရင်လည်း သံပုရာရည်နဲ့ ပလုတ်ကျင်း ပေးပါ။
၂။ နှုတ်ခမ်းကွဲခြင်း
မျက်နှာ လိမ်းခရင်မ် တစ်ဇွန်း (လက်ဖက်ရည် သောက်ဇွန်း)နဲ့ လိမ္မော်ရည်၊ ပျားရည်တို့ကို ရောစပ်ပြီး လိမ်းပေးပါ။ တစ်ပတ်လောက် လိမ်းရုံနဲ့ သိသာ ထင်ရှား ပျောက်ကင်း သွားပါ လိမ့်မယ်။
၃။ ဆံပင်ကျွတ်ခြင်း
အုန်းရည် လေးဇွန်း (စားပွဲတစ်ဇွန်း)နဲ့ သံပရာရည်တို့ ရောစပ်ပြီး တစ်ပတ်တစ်ခါလောက် လိမ်းပေးရင် ဆံပင်ကျွတ်တာ ပျောက်ကင်း စေပါတယ်။
200304040500505060505060
၄။ ဦးရေပြား ယားယံခြင်းနှင့် ဒဏ်ပျောက်ဖို့အတွက်
ကြက်ဥ အကာရည်နှင့် သံပရာရည် (သံပုရာသီး တစ်လုံးစာ) တို့ရောပြီး ဆံနွယ် အမြစ်ကနေ လိမ်းပေးပါ။ တစ်နာရီခန့်ကြာမှ ရေနဲ့ ပြန်ပြီး ဆေ:ကြော ပေးပါ။ တစ်လလောက် လုပ်ပေး ရုံနဲ့တင် ဦးရေပြား သန့်ရှင်းပြီး ဗောက်၊ ဒက်တို့ ကင်းစင် သွားပါ လိမ့်မယ်။
၅။ အသားအရေ ခြောက်သွေ့ခြင်းအတွက်
ငှက်ပျောသီးမှည့် တစ်လုံးကို ယူပြီး ချေပေးပါ။ ပြီးရင်တော့ လတ်လတ် ဆတ်ဆတ် သံပုရာရည် တစ်စက် နှစ်စက်နဲ့ ချေထားတဲ့ ငှက်ပျောသီး တို့ကို ရောစပ်ပေးပါ။ ပြီးရင်တော့ မျက်နှာနဲ့ လက်ကို လိမ်းပေးရမှာ ဖြစ်ပါတယ်။ အသားအရေကို ချောမွေ့ သန့်ရှင်း စေပါတယ်။ နောက်တစ်နည်း ကတော့ ပျားရည်တစ်ဇွန်း (လက်ဖက်ရည်ဇွန်း)ကို ဟင်းသီး ဟင်းရွက် ဆီနဲ့ ရောပေးပါ။ ပြီးရင် သံပုရာရည် တစ်စက် လောက်နဲ့ ထပ်ရောပြီး လက်တွေ၊ တံတောင်ဆစ် တွေ၊ ခြေဖနောင့်တွေနဲ့ ကြမ်းထော် နေတဲ့ နေရာတွေကို လိမ်းပေးပါ။ လိမ်းပြီးရင် ဆယ်မိ နစ်လောက် စောင့်ပေးပါ။ သံပုရာသီးဟာ အရေပြား အလှအပ အတွက် အကောင်းဆုံး ပေးစွမ်း စေနိုင်တဲ့ သစ်သီးပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဝက်ခြံနဲ့ ယားနာတွေကို ပျောက်ကင်း စေတဲ့ သတ္တိ ရှိပါတယ်။ မှဲ့ခြောက် တွေကိုလည်း ပျောက်ကင်း စေပါတယ်။ သံပုရာရည်နဲ့သာ လိမ်းပေးရမှာ ဖြစ်ပါတယ်။
၆။ အဆီပြန်တဲ့ အသားအရေ ပိုင်ရှင်များအတွက်
သံပုရာရည် နှစ်ဇွန်း (လက်ဖက်ရည်ဇွန်း)၊ နနွင်းမှုန့် ဇွန်းဝက်ခန့် (လက်ဖက် ရည်ဇွန်း) တို့ကိုယူပါ။ သင်္ဘောသီးစိတ်ကို ချေပြီး ပျော့ဖတ် သဖွယ် ရအောင် လုပ်ပါ။ ယင်းသင်္ဘောသီး ရည်ကို သုံးဇွန်းခန့် ယူပါ။ အားလုံးကို ရောစပ်ပြီး မျက်လုံးကလွဲရင် မျက်နှာတစ်ပြင်လုံးကို လိမ်းပေးရမှာ ဖြစ်ပါတယ်။ လိမ်းပြီး မိနစ် ၂၀ ခန့်ကြာအောင် စောင့်ပေးပါ။ ပြီးမှ ရေနဲ့ စ်ဖန် ပြန်ဆေ:ကြော ပေးပါ။
30949495005050404004
၇။ တံတောင်ဆစ် မည်းခြင်းအတွက်
သံပရာသီးအခွံနဲ့ ပွတ်ပေးပါ။ ပြီးရင်ရေနဲ့ ဆေ:ပေးပါ။ နည်းနည်းတော့ ကြာပေမယ့် အရေပြားကို သန့်စင်သွားပြီး တောက်ပြောင်ဝင်း လက်လာ ပါလိမ့်မယ်။ တချို့ အသားအရေ တွေဟာ မှောင်မှောင် မှိုင်းမှိုင်းနဲ့ ခြောက်ခြောက် သွေ့သွေ့ ဖြစ်နေ တတ်ပါတယ်။ အရောင်အဝါ လင်းလက် ချင်တယ် ဆိုရင်တော့ လတ်လတ် ဆတ်ဆတ် သံပုရာသီး တစ်လုံးရဲ့ အရည်နဲ့ မျက်နှာမကျန် ခန္ဓာကိုယ် အနှံ့ အိပ်ရာမဝင်ခင် ပွတ်လိမ်းပေးပါ။ မနက်ကျမှ ရေချိုးပေးပါ။ အရေပြားကို တောက်ပြောင် ရွှန်းလဲ့စေပြီး နူးညံ့စေပါတယ်။ အိပ်ရတာ စေးထန်း ထန်းနဲ့ မအိပ်ချင်ဘူး ဆိုရင်တော့ ရေချိုးတဲ့အခါမှာ ချိုးမယ့်ရေထဲ သံပုရာရည် တစ်ခွက် တစ်ဝက်ခန့် ထည့်ပြီး အဲဒီ့ရေနဲ့ စိမ်ချိုးပေးပါ။
၈။ လက်သည်းဆေ:စွန်းတာ ဖျောက်ချင်ရင်
သံပုရာသီးစိတ် (သို့) သံပရာရည်ကို ရေထဲရောပြီး လက်ကို စိမ်ပေးပါ။ လက်သည်းမှာ ပေနေတဲ့ အစွန်းအထင်း တွေကို ချက်ခြင်းချေ ချွတ်ပေးသွား ပါလိမ့်မယ်။ ပြီးသွားရင် လက်သည်းကို ပြန်ဆိုးမယ် ဆိုရင်လည်း ပိုပြီး တောက်ပြောင် လာပါ လိမ့်မယ်။သံပုရာရည်ထဲ လက်သည်း ခြေသည်းကို ဆယ်မိနစ်ခန့် စိမ်ပေးပါ။ ပြီးလို့ရှိရင် ဘရကျရျှနဲ့ လက်သည်း၊ ခြေသည်းကို ပြန်ပွတ်တိုက် ပေးပါ။ ပြီးမှ ရေနွေး နွေးနဲ့ ဆေ:ကြော ပေးပါ။ ဒီနည်းဟာ လက်သည်းကို သန်စွမ်းစေပြီး တောက်ပြောင် စေပါတယ်။ ဖြစ်နိုင်ရင် ဗင်နီဂါဖြူ ဇွန်းဝက်ခန့်နဲ့ ရေနွေးတစ်ဝက်တို့ ရောပြီး ဘရကျရျှနဲ့ တို*က်ပေးရင် ပိုကောင်း ပါတယ်။
၉။ ခြေထောက်
သံပုရာရည် တစ်ခွက်စာ (ကော်ဖီခွက် တစ်ခွက်စာ)၊ သစ်ဂျပို:(အနံ့အတွက်)၊ သံလွင်ဆီ နှစ်ဇွန်း (စားပွဲတင်ဇွန်း)၊ နွားနို့လေးပုံတစ်ပုံ (ခွက်တစ်ခွက်)၊ ရေသန့် (ရေကို သင့်တော်သလို ထည့်နိုင် ပါတယ်၊ အနည်း၊ အများ အရေး မကြီးပါ)တို့ ရောစပ်ပေးပါ။ တကယ်လို့ သစ်ဂျပို:မသုံးချင်ဘူး ဆိုရင် တခြားအနံ့ ပစ္စည်းတို့ သုံးနိုင်ပါတယ်။ နှင်းဆီပွင့်ချပ် တို့ဖြင့်လည်း အစားထိုး အသုံးပြု နိုင်ပါတယ်။ အားလုံးရော စပ်ပြီးရင်တော့ အဲဒီ့အရည်ကို ခြေထောက်စိမ် ပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားမှ ရေနဲ့ ဆပ်ပြာ (Mild) နဲ့ သေချာဆေ:ကြောသန့်စင်ပေးပါ။ တစ်ပတ်လောက် လုပ်ကြည့် လိုက်တာနဲ့ ခြေထောက် အသားအရေဟာ သိသိသာသာ ချောမွေ့ လာပါ လိမ့်မယ်။
၁၀။ နွေအပူမှာ ချွေးဆုနေခြင်းအတွက် အကောင်းဆုံးသစ်သီး
ပူပြင်း ခြောက်သွေ့တဲ့ နွေရာသီလို ဥတုမျိုးမှာ ချွေးထွက် သက်သာအောင်ပဲ ဖြစ်ဖြစ်၊ ရင်ပူ သက်သာအောင် လုပ်ဖို့ပဲ ဖြစ်ဖြစ် သံပုရာ သီးရည်ကို ပျားရည် တစ်ဇွန်းနဲ့ ရောပြီး သောက်ပေးပါ။ သွေးလေ လည်ပတ်မှုကို ကောင်းမွန် စေရုံမျှမက ချွေးထွက်ခြင်းကိုလည်း သက်သာ စေပါတယ်။ သံပုရာသီးထဲမှာ ပါရှိတဲ့ ဂလူးကိုစ့်နဲ့ သတ္တုဓာတ်တွေကြောင့် ခန္ဓာကိုယ်ကို ချွေးထွက်ခြင်းမှ ကာကွယ်ပေးတဲ့အပြင် အေးမြအောင်လည်း စွမ်းဆောင် ပေးပါတယ်။
မိမိပြုသောကံမိမိထံပြန်လာမည်💚
မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ် ။
တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်။
28/12/2024
2024မှာ ထားခဲ့တော့မယ်🔥🔥
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Kalemyo
2222