Skin Care & Glow Nation

Skin  Care & Glow Nation

Share

အသားရေအလှပထိန်းသိမ်းမှုအတွက် သိထားသင့်သော အကြောင်းအရာများ

Photos from Skin  Care & Glow Nation's post 05/12/2021

USA Number ONE Freeman ပေါင်းတင်ဆေးMaskတွေကို ဈေးနှုန်းမြင့်တရားဝင်သတ်မှတ်လိုက်ပါပြီ
ဒါပေမဲ့ မင်မင်က အရင်လက်ကျန်ပစ္စည်းလေးတွေကို
အရင်ဈေးလေးနှင့် ရောင်း‌ပေးပါအုန်းမယ်နော် ❤️

⭐ယခင်ဈေးနှုန်း 175ml 12,000ကျပ်

Cmt or Cbတွင် ဆက်သွယ်မေးမြန်းဝယ်ယူနိုင်ပါတယ်
☎️09:257318060

01/12/2021

ဗောက်ထသူအတွက် အထူးအကြံပြုချက်

(၁) တပတ်ကို ၂-၃ကြိမ်ခန့်သာ ခေါင်းလျှော်ပါ။ နေ့စဉ်မလျှော်ပါနဲ့။ ခေါင်းလျှော်နေစဉ် ဦးရေပြားကို အတင်းကုပ်ခြစ်ကိုင်တွယ်တာမျိုး မလုပ်သင့်ဘူး။
(၂) ခေါင်းလျှော်ပြီးတဲ့အခါ hair gel တွေ၊ spray တွေ တတ်နိုင်သမျှ မသုံးပါနဲ့။ ခေါင်းကထွက်တဲ့ အဆီနဲ့ပေါင်းပြီး ဗောက်ကို ပိုဆိုးစေနိုင်တယ်။ အလားတူ ဆိုးဆေးနဲ့ ဆံပင်သန်ဆေး အသုံးပြုတဲ့အခါ သတိပြုရမယ်။
(၃) နေ့စဉ်ခေါင်းဖီးတာကောင်းတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဦးရေပြားက ထွက်လာတဲ့ ဆဲလ်သေတွေ ဖယ်ရှားပစ်ဖို့ပါ။
(၄) စိတ်ဖိစီးမှုကလည်း ဗောက်ပိုထစေတယ်။ နေ့စဉ် အိပ်ရေးဝအောင်အိပ်ပါ။
(၅) ဗောက်ထသူတွေဟာ နေရောင်နဲ့ မကြာခဏ ထိတွေ့ ပေးတာ အကျိုးရှိတယ်။ ခရမ်းလွန်ရောင်ခြည်မှာပါတဲ့ UVA အမျိုးအစားက ဗောက်ကိုသက်သာစေတယ်။
(၆) အပြင်ထွက်တ်ုင်း ဦးထုပ်အမြဲဆောင်းတာ မကောင်းဘူး။ ထွက်တဲ့ခေါင်းချွေးက အစိုဓာတ်ဖြစ်ပြီး မှိုပိုးပေါက်ဖွားမှုကို အားပေးလို့ဖြစ်တယ်။

ဒေါက်တာ အေးမင်းထူး
(အရေပြားအထူးကုဆရာဝန်)

အကြံပြုချက် အသေးစိတ်ကို ဖတ်ရှုလိုပါက https://drayeminhtoo.com/dandruff/ တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်..

Photos from Skin  Care & Glow Nation's post 03/10/2021

#ရှားစောင်းလက်ပတ် #အသုံးဝင်ပုံ
🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵

၁။ ရှားစောင်းလက်ပတ်ကို ၂ လက်မ အရွယ်ဖြတ်ပြီး မီးကင်တယ် ဆိုရုံလေး ကင်ပါ ၊
၅ ပြားလောက် စားပါ ၊သွေးဝမ်းသွားခြင်းကို
ပျောက်ကင်းစေနိူင်ပါတယ်၊ ရောဂါ ဆိုးရင်တော့ နေ့စဉ် တစ်ပတ်လောက်ဆက်စားပါ ။🌵

၂။ မီးကင်ထားသော ရှားစောင်းလက်ပတ်ကို
နေ့စဉ် ၅ ပြားလောက်စားပေးခြင်းအားဖြင့့်လည်း အတွင်းလိပ်ခေါင်း ရောဂါကို ပျောက်ကင်း စေနိူင်ပါတယ်၊ ရှားစောင်းလက်ပတ်
အနှစ်ကို စအို ထဲထည့် ပေးနိူင်လျှင်
ဖောင်းကြွ ရောင်ရမ်းနေသော စအိုကြွက်သားနံရံ မှ အပူများကိုစုတ်ယူနိူင်စွမ်းရှိသောကြောင့် အတွင်းလိပ်ခေါင်းရောဂါ ပျောက်ကင်းနိူင်ပါတယ် ၊ရောဂါ ပြင်းနေရင်တော့ အချိန်ယူ
သုံးစွဲ ရမှာပဲ ဖြစ်ပါတယ် ။🌵

၃။ မီးယပ် သွေးဆုံးကိုင်နေသူများအတွက်
ရှားစောင်းလက်ပတ် အနှစ်ကို ထန်းလျှက်ဖြင့်
နေ့စဉ် စားပေးပါက သွေးဆုံးကိုင်ချိန်တွင်
ခံစားရသော ဝေဒနာများ သက်သာပျောက်ကင်းစေပါတယ်။🌵

၄။ နှလုံးရောဂါ ရှိသူများ ရုတ်တရက်အမောဖောက်လာပါက ရှားစောင်းလက်ပတ် အနှစ်ကို
သကြားဖြင့် ဖျော် သောက်ပါက အမောဆို့ခြင်းကို သက်သာပျောက်ကင်းစေပါတယ်။🌵

၅။ ရှားစောင်းလက်ပတ်အနှစ်ကို အပူလောင်ခြင်း အမျိုးမျိုး အတွက်လည်းအသုံးပြုနိူင်ပါတယ်၊ ဆီပူ ၊မီးပူ ၊အိတ်ဇောအပူ လောင်ခြင်းများ အတွက် ဖြစ်ဖြစ်ခြင်း ရှားစောင်းလက်ပတ်အနှစ်ကို ပတ်တီးဖြင့်စည်းထားပေးပါ ။
အရည်ကြည်အဖု လုံးဝ ဖြစ်ခြင်းမရှိပဲ မူလအတိုင်း ပျောက်ကင်းနိူင်ပါတယ်၊အရည်ကြည်ဖု ထွက်လာမှ စည်းပေးလျှင်လည်း အပူကို
စုပ်ယူနိူင်သောကြောင့် အနာ မဖြစ်တော့ပါ ။🌵

၆။ ဘောက်ပျောက် ခေါင်းလျော်ရည် သုံးစွဲခြင်းကြောင့် ဆံပင် အကွက်လိုက်ကျွတ် သောသူများ အတွက် ရှားစောင်းလက်ပတ်အနှစ်ကို ဦးရေပြားပေါ်တွင် လိမ်းပေးခြင်းအားဖြင့် ဆံပင် ပြန်ပေါက်ပြီး ဆံပင်ကျွတ်ခြင်းမှ ကာကွယ် ပေးပါတယ် ။🌵

၇။ ရှားစောင်းလက်ပတ်အနှစ်ကို နံနက်
ည မျက်နှာ သစ်ပြီးတိုင်းလူးပေးရင်တော့
တင်းတိတ် ပျောက်ပြီး မျက်နှာ ပေါင်းတင်စရာ
မလိုပဲ အရေးအကြောင်း မရှိ မျက်နှာလေးတင်းနေပါလိမ့်မယ် ၊လှချင်ရင်
တစ်သက်လုံး လိမ်းပေတော့ ။🌵

.🌵🌵

04/09/2021

တောင်တန်းတွေရဲ့ အေးမြမှုကိုခံစားဖို့ 🤗🥰
Mint & Lemon mask လေးနဲ့ပေါင်းတင်ပြီး မျက်နှာကအဆီပို‌ေတွနှင့်ဝက်ခြံပိုးတွေကို👋Bye လို့ အရင်နုတ်ဆက်လိုက်ကြ‌စို့ နော် 🤗🤗

အဆီပြန်တဲ့ အသားရေပိုင်ရှင်‌တွေအတွက်မရှိမဖြစ်‌ေဆာင်ထားသင့်
တဲ့ ရွှံ့ပေါင်းတင်ဆေး Oil Absorbing Mint & Lemon Clay Mask" လေးဟာဆိုရင်...

Mint☘️ ဆိုတဲ့ပူစီနံ‌ရွက်လေးက ဝက်ခြံသမားတွေအတွက်တည့်တဲ့ Salicylic acid လေးပါတဲ့အတွက် ✓ဝက်ခြံပိုးများကိုသတ်ပေးပါတယ်နော်။
✓ချွေးပေါက်ထဲရှိ အညစ်အကြေးများကိုသန့်စင်ပေးပြီး၊ ✓ကျယ်နေတဲ့ချွေးပေါက်လေးတွေကို ပုံမှန်ဖြစ်အောင်ထိန်းညှိပေးပါတယ်နော်။

Lemonလေးက
✓သဘာဝအတိုင်း အသားအရောင်ကို ညီညာစေတဲ့အတွက် ဝက်ခြံအမာရွတ်များ၊ အမဲစက်များကိုပျောက်ကင်းစေပါတယ်နော်။
✓Vitamin Cပါတဲ့အတွက်လဲအသားလေးကဝင်းပပဖြစ်နေမှာပါနော်
✓ထို့ပြင် Bentonite နှင့် Kaolin Clay တို့ကလည်း ပိုလျှံနေသောအဆီများကို စုပ်ယူဖယ်ရှားပေးပြီး ဝက်ခြံသစ်များထပ်ထွက်ပေးခြင်းမှကာကွယ်ပေးပါသည်။💛

အသုံးပြုပုံ-သန့်စင်နေတဲ့မျက်နှာပေါ်မှာ Freeman Clay Mask လေးကိုမထူမပါးလိမ်းပေးရမှာပါ။ပြီးရင်၁ဝမိနစ်ခန့်အကြာ မျက်နှာလေးကတင်းပြီးခြောက်လာတဲ့အခါ ရေဆေးချပေးလိုက်နော်။

Mint & Lemon Clay Mask 175ml - 12,000ks


----------------------------------------------------------------------------------
CB မှာမေးမြန်းနိုင်ပါတယ်နော်။
Freemanလေးတွေကိုမှာယူနိုင်ဖို့ ဒီဖုန်းလေးတွေကို ☎️ကလင်ကလင်လိုက်တော့နော်။
☎☎️️09:257318060

16/11/2020

💦Skin Care ‌ေတွ အများစုက လိုက်လုပ်လာကြပြီ ဖြစ်လို့
မင်မင်က အသဲတို့ သိသင့် မှတ်သားထိုက်တာတွေ မျှဝေပေးလိုက်တယ်နော်

အများ ပြောတိုင်းမယုံနဲ့ မသုံးမိစေနဲ့နော်
ကိုယ်တိုင်စဉ်းစား လေ့လာစူးစမ်းပြီးမှ Skin care ကြပါနော်

👉မျက်နှာပေါ်မလိမ်းသင့်သော အရာများ
==================

သံပုရာသီး....သံပုရာသီးကို မျက်နှာပေါ်တိုက်ရိုက်လိမ်းခြင်းကို ရှောင်ပါ။သံပုရာသီးတွင် citric acid ပါဝင်သဖြင့် ရည်ရှည်လိမ်းလျှင် မျက်နှာလောင်ပြီး တင်းတိတ်စွဲလာနိုင်သည်။ တစ်ခါတရံ homemade mask အဖြစ် အသုံးပြုလိုလျှင် ပျားရည် သို့မဟုတ် ရှားစောင်း စသည်ဖြင့် အချဉ်ဓါတ်ကို လျော့ပါးအောင် ရောစပ်ပြီး တစ်ပတ်တစ်ကြိမ် အသုံးပြုနိုင်သည်။သို့သော် နေမလောင်စေရန် sunblock နှင့်မျက်နှာကို နေနှင့်တိုက်ရိုက်မထိစေရန် အကာအကွယ်များဆောင်းထားသင့်သည်။သံပုရာသီးသာမက မန်ကျည်းသီး၊ဒိန်ချဉ် ကဲ့သို့သော အချဉ်ဓါတ်ပါဝင်သောအရာများကို မျက်နှာပေါ်တင်မည်ဆိုလျင် အလားတူ ဂရုစိုက်ရပေမည်။ Whitening cream များအလွန်အကျွံအသုံးပြုထားပြီးမျက်နှာရဲနေသူများသည် အချဉ်ဓာတ်ပါသော အသီးအနှံများကို လုံးဝရှောင်ကျဉ်သင့်သည်။

🔥Vaselline gel/ဆရာခို လိမ်းဆေး
Vaselline gel သည် ရေနံထွက်ကုန်ဖြစ်သည်။မျက်နှာပေါ်လိမ်းရန် ထုတ်လုပ်ထားသောပစ်စည်းမဟုတ်ပါ။
အဆီ၏ပျစ်နှစ်မှုကြောင့် ချွေးပေါက်ပိတ်ပြီး ဝက်ခြံပိုထွက်စေသည်။အလားတူပင် ဆရာခိုကဲ့သို့စေးပျစ်
သောလိမျးဆေးကို ဝက်ခြံပျောက်မည်ဟုထင်ပြီးလိမ်းကာ ဝက်ခြံ ပိုဆိုးလာတတ်သည်။

🔥အဆီများ
ဝက်ခြံထွက်တတ်သူများမည်သည့်အဆီကိုမျှ မျက်နှာပေါ်မလိမ်းပါနဲ့။မိမိမှာ အဆီဓါတ်ပိုလျှံနေ၍သာ ဝက်ခြံထွက်နေခြင်းဖြစ်သည်။ သို့သော်ဝက်ခြံပျောက်စေသော
Essential oil များကို အလှကုန်များတွင်ထည့်သွင်းဖော်စပ်လေ့ရှိသည်။ယင်းအဆီများသည် အရေ
ပြားက စုတ်ယူရလွယ်ကူအောင်အဆင့်ဆင့်သန့်စင်ပြီးဖြစ်သည့်အတွက် ဘေးဉပါတ်မဖြစ်စေနိုငျပါ။ဉပမာ.(..teatree .lavenda..rosemary oil)

🔥Baking Soda
မုန့်ဖုန်ဆိုဒါ ကို homemade mask အဖြင့် beauty blogger များ သရုပ်ဖော်ပြသကြသည်။Baking Soda သည် Sodium bicarbonate ဖြစ်သည့်အတွက် Alkaline ဖြစ်သည်။အရောင်ချွတ်နိုင်သော အာနိသင်ရှိသည်။ တစ်ခါတရံ မျက်နှာပေါင်းတင်ပါက မျက်နှာဖြူဝင်းစေသည်။သို့သော် အလွန်နူးညံသော အရေပြား
မျက်နှာပြင်၏ ph level ကို ကမောက်ကမ ဖြစ်စေကာ အရေပြားမျက်နှာပြင်ကို စားပစ်သောကြောင့် ရည်ရှည်အသုံးပြုရန်မသင့်ပါ။..အသုံးပြုမည်ဆိုပါက တိုက်ရိုက်တစ်မျိုးတည်း မလိမ်းဘဲ ကြက်ဉအကာဖြင့် ရောစပ်ပြီးမှသာ တစ်ပတ်တစ်ကြိမ်ထိ အသုံးပြုနိုင်သည်။

🙅သွားတိုက်ဆေး
ဝက်ခြံထွက်သူများသည် ဝက်ခြံပေါ်တွင် သွားတိုက်ဆေးများလိမ်းကျံတတ်သည်။သွားတိုက်ဆေးသည် ဝက်ခြံကုသရန်အတွက် ဖော်စပ်ထားခြင်းမဟုတ်ပါ။ သွားတိုက်ရန်သာဖြစ်သည်။

🙅Bar soap
ကိုယ်တိုက်ဆပ်ပြာအခဲသည် မျက်နှာသစ်ရန်မသင့်လျော်ပါ။အထူးသဖြင့် ကာဘောလစ် ဆပ်ပြာဖြင့် မျက်နှာမသစ်ပါနှင့်။ carbolic acid ပါဝင်သောကြောင့် သင့်အသားအရေသာမက မျက်ကြည်လွှာကိုပါ ပျက်စီးစေပါတယ်။ဝက်ခြံထွက်သူများ မကြာခဏဆိုသလို ကာဘောလစ်ဆပ်ပြာအသုံးြပုမိပြီးပိုဆိုးလာတတ်ပါသည်။ဆပ်ပြာခဲသုံးချင်လျင် မျက်နှာအတွက်အထူးထုတ်လုပ်ထားခြင်း ဟုတ်မဟုတ် ဆန်းစစ်ပြီးမှသာ အသုံးပြုရန်။

🙅Alcohol
ဝက်ခြံထွက်တတ်သူများသည်ဝက်ခြံပိုးသေစေရန်ရည်ရွယ်ပြီး မျက်နှာကို အရက်ပြန်ဖြင့်ဆေးကြောတတ်ကြသည်။အရက်ပြန်သည် မျက်နှာပေါ်ရှိကောင်းသောအဆီများကို အငွေ့ပြန်စေပြီး ခေတ္တ ခြောက်သွေ့စေပါသည်။သို့သော် နောက်ဆက်တွဲဆိုးကျိုးက မျက်နှာအဆီပြန်စေရန်ဆွသလိုဖြစ်သွားစေပြီး အဆီပိုပြန်စေပါတယ်။အဆီပိုပြန်တော့ ဝက်ခြံပိုထွက်ပြီပေါ့။အရက်ပြန်သာမက tonerအများစုမှာ
alcohol /astringent ပါဝင်တတ်ပါတယ်။Alcohol free ဖြစ်သော Product များကိုသာရွေးချယ် အသုံးပြုစေလိုပါတယ်။
Witch hazel အပင်သည် Natural astringent ဖြစ်သောကြောင့် အသုံးပြုရန် သင့်လျော်သည်။



Allow to share everybody!
HkawnMai

29/10/2020

ကျန်းမာရေး၊ ဗဟုသုတ၊ အလှပအတွက် သိထားသင့်ပါတယ်နော်

အလှပျက်စေတဲ့ ဟော်မုန်း ခြောက်မျိုး
🔹🔹🔹🔹🔹🔹🔹🔹🔹🔹

♥အက်စထရိုဂျင်(Estrogen)ဟော်မုန်း
အမျိုးသမီးတွေရဲ့ တင်းရင်းမှု ကိုလာဂျင်တွေကို ထုတ်ပေးတယ်၊
ဒီဟော်မုန်းလျော့တာနဲ့ အမျိုးသမီးတွေအလှတွေလျော့တာပါပဲ၊
အမျိုးသမီးကျန်းမာရေးဂရုစိုက်ပါ၊ရာသီမှန်ပါစေ။ဒီဟော်မုန်းလျော့ရင်
ရင်သားတွေတင်ပါးတွေလျော့လာတယ်၊အသားတွေပျော့တွဲလာတယ်
Soy bean အခြေခံအစားစာတိုဟူးတို့ ပဲနို့ရည်တို့သောက်၊ပဲဘိစပ်နဲ့ထုတ်ထားတဲ့ တိုင်းရင်းဆေးလည်းသောက်လို့ရတယ်

♥Growth ဟော်မုန်း
သူကတော့သွေးထဲကဟော်မုန်း ၊သူလျော့လာရင်ကြွက်သားလျော့လာမယ် cellulite တွေဖြစ်လာမယ်၊အဆီပိုတွေဟိုတစုဒီတစုနဲ့
ကြည့်ရဆိုးလာမယ်၊ဆယ်လီတွေကတော့ဟော်မုန်းဆေးထိုးတယ်၊side effectများပေမယ့် သိသာတယ်၊ အခြားနည်းကလမ်းလျှောက်ပါလေ့ကျင့်ခန်းလုပ်ပါချွေးထုတ်ခန်းဝင်ပါ၊အိပ်ရေးဝအောင်အိပ်ပါ၊

♥DEHA
အသက်30ထိပဲကောင်းကောင်းထုတ်ပေးတဲ့ဟော်မုန်းပေါ့
အသက်30ကျော်တာနဲ့အမျိုးသမီးတွေ စပြီးကျတာ သူလျော့နည်းသွားလို့ပဲ၊ အာရုံကြောတွေလည်းလျော့တတ်တယ်
အဆီစားပါ၊ အခွံမာသီးစားပါ၊ထောပတ်သီးစားပါ၊fatty fish စားပါ၊
ပရိုတင်း ကိုမနက်စာမှာအသင့်တင့်ထည့်စားပါ၊

♥Melatonine
အိပ်တဲ့ချိန်မှာထွက်တဲ့ဟော်မုန်း၊35နှစ်လောက်ဆိုလျော့တတ်တယ်၊
ဒီဟော်မုန်းလျော့ရင် ဆံပင်ကျွတ်တယ်၊တင်းတိပ်၊မှဲ့ခြောက်ထွက်တယ်၊

ငှက်ပျောသီး ခရမးချဉ်သီး၊ဆန်၊ပြောင်း၊ဒါတွေစားပေးပါ
အရက် ၊ဆေးလိပ်၊ ကဖိန်း သိပ်များရင်လည်းဖြစ်တတ်တယ်
ရှောင်ပါ၊အိပ်ရေးဝအောင်အိပ်ပါ၊

♥Cortisol
Stress ဟော်မုန်း ၊သူမညီမျှရင်အသားရည်ခြောက်တယ်၊အရွယ်ကျတယ်၊အရေးကြောင်းတွေပေါ်တယ်၊ဝက်ခြံထွက်တယ်အခေါက်ထူတယ်

ရေသောက်ပါ၊စိတ်အေးချမ်းအောင်တွေးပါ၊သီချင်းနားထောင်ပါ၊stress လျော့ပါ၊

♥Insulin
သွေးထဲကသကြားဓာတ် သူများလာရင်လည်း အရွယ်ကျမြန်တယ်
ရေဓာတ်တွေလျော့နည်းမယ်၊ကော်လာဂျင်တွေမတင်းတော့ဘူး၊
ဓာတ်တိုးပစ္စည်းတွေများလာပြီး အရေးကြောင်းတွေ၊အတွန့်တွေပေါ်လာမယ်၊
အချိုလျော့၊ဗီတာမင် E နဲ့ဗီတာမင် C ၊ရေနွေးကြမ်းသောက်ပါ။
လိုအပ်ရင်ဆရာဝန်နဲ့ဆွေးနွေးပါ။

ကျမတို့ဇရာကိုမလွန်ဆန်နိုင်ပေမယ့် အရွယ်နဲ့ကျန်းမာရေးကိုတော့တတ်နိုင်သလောက်ထိန်းချုပ်လို့ရပါတယ်၊

စေတနာဖြင့်👏

Photos from Skin  Care & Glow Nation's post 21/10/2020

ဟိုရှာဒီရှာဖတ်မနေနဲ့ ဒီမှာ care အကြောင်း အစုံအလင်

(၁) Toner
Tonerဆိုတာ မျက်နှာသန့်စင်တဲ့ အရည်ကြည်တမျိုးဖြစ်ပါတယ်။ တိုနာအာနိသင်က အညစ်အကြေးကို အဓိကဖယ်ရှားသန့်စင်ပေးတာ ဖြစ်တယ်။ မျက်နှာသစ်တွေသုံးပြီး ကျန်နေနိုင်တဲ့ အညစ်အကြေးကို ဗာတိုနာက ကောင်းကောင်းဖယ်ရှားပေးနိုင်တယ်။ နောက်ပြီး မျက်နှာအဆီပေါက်တွေကို ကျဉ်းစေတာမို့ အဆီပြန်ခြင်း ကင်းစင်စေတယ်။ အထူးသဖြင့် မိတ်ကပ်သုံးသူအများစုဟာ တိုနာသုံးသင့်တယ်။

(၂) Mist
Mist ဆိုတာ အရည်တမျိုးပဲ။ toner နဲ့နည်းနည်းဆင်တယ်။ ဒါပေမယ့် အာနိသင်မတူညီပါဘူး။ mist ထဲမှာ သဘာဝဆီ၊ ပန်းဆီ၊ အလှဆီနဲ့ ရေဓာတ် တို့ပါလေ့ရှိတယ်။ အာနိသင်က အရေပြား pH ကို မှန်စေတယ်။ အစိုဓာတ်ကို ထိန်းပေးပြီး မျက်နှာပြင်ကို အေးမြစေတယ်။ ပုလင်းနဲ့လာပြီး အရှေ့တိုင်းသားတွေကို မျက်နှာခြောက်သွေ့တဲ့အခါ ဖြန်းလေ့ရှိတယ်။ နွေရာသီမှာ အဓိက အသုံးဝင်တယ်။ တချို့က မိက်ကပ်မလိမ်းခင် ကြိုလိမ်းတတ်ကြတယ်။

(၃) Essence
essence က အားလုံးထဲမှာ ပြင်းအားအနည်းဆုံးပဲ။ ပုံမှန်အားဖြင့် ရေသာသာ အရည်ကြည်တမျိုးပဲ။ တချို့က treatment water လို့ခေါ်တယ်။ အရေပြားကို အဓိကပြုပြင်ပေးတယ်။ အမျိုးအစား သုံးမျိုးလာတယ်။
• whitening essence ဆိုတာ မျက်နှာ ဝင်းမွတ်တောက်ပတဲ့ နေရာမှာ သုံးတယ်။ Melvita Brightening essence ဆိုတဲ့ နာမည်နဲ့လာတယ်။
• pore control essence ကတော့ အဆီပြန်ခြင်းကို ထိန်းချုပ်တဲ့ နေရာမှာ အသုံးဝင်တယ်။ Loreal treatment essence ဆိုတာ အဆီထိနိးတဲ့နေရာမှာ ကောင်းတယ်။
• skin repairing essence က အရေပြားကို ပြုပြင်ပေးတာဖြစ်တယ်။Cremorlab Mineral Treatment essence နာမည်နဲ့လာတယ်။အားလုံးထဲမှာ နာမည်အကြီးဆုံးက အများသိတဲ့ SKII facial treatment essence ဖြစ်ပါတယ်။ ကျွန်တော်လည်း သုံးဖူးပါတယ်။ အခုလည်း သုံးတယ်။ အဆီဓာတ်အခြေခံတဲ့ Essence လိုမျိုးလည်း ရှိပါသေးတယ်။ အများစုက Mandelic acid ပါတယ်။

ကိူရီးယားမှာ Esteen Lauder advanced night repair serum ကို essenceခေါ်

(၄) Serum
Serum က essenceထက် ဓာတုပါဝင်မှုပိုများတယ်။ နည်းနည်းပိုပြစ်တယ်။ ဒါ့ကြောင့် essenceထက် စျေးအနည်းငယ်ပိုတယ်။ serumက အရေပြားအတွင်းပိုင်းထိ စိမ့်ဝင်စေပြီး အသားရောင်ကို ကြည်လင်ဝင်းပစေတယ်။ လေထုညစ်ညမ်းမှုကြောင့် အရေပြားပျက်ဆီးတာကို ကာကွယ်နိုင်တယ်။ အစိုဓာတ်ထိန်းပေးနိုင်ပေမယ့် moisturizer နဲ့ သဘာဝချင်း လုံးဝမတူပါ။ moisturizerက အရေပြားအပေါ်ယံကို ပြင်ပလေထု၊ ရာသီဥတုနဲ့တိုကိရိုက်မထိအောင် အလွှာပါးတခုနဲ့ ကာကွယ်ပေးတဲ့ သဘောသာဖြစ်တယ်။ Serum ကတော့ အရေပြားအတွင်းပိုငိးထိ နက်ရှိုင်းစွာ ဝင်ရောက်ပြီး အသားအရေနူူညံ့စေတာဖြစ်တယ်။ serum က အရေပြားတွန့်တာကို ကာကွယ်ပေးနိုင်ပေမယ့် လူတိုင်း serum သုံးလို့ရပါတယ်။
serum ထဲမှာ ရေဓာတ်အခြေခံ(water based serum) နဲ့ အဆီအခြေခံ (Oil based serum)ဆိုပြီး နှစိမျိုးရှိတယ်။ Oil based serumတွေထဲမှာ Vitamin C (သို့) retinol လိုမျိုးပါလေ့ရှိတယ်။ အာနိသင်ပေါ်မူတည်ပြီး ထုတ်ထားတဲ့ Serum သုံးမျိုးရှိတယ်။
• anti-aging serumဆိုတာ အရေပြားတွန့်သူ တွေမှာအဓိကသုံးတယ်။
• pore tightening serum ကတော့ ဝက်ခြံထွက်သူ၊ အဆီပြန်သူ၊ အဆီဂလင်းများသူတွေမှာ သုံးတယ်
• brightening serum ကတော့ အရေပြားကို ဝင်းမွတ်စေတဲ့ အမျိုးအစားဖြစိတယ်။
hyaluronic acid, ceramides(အစိုဓာတ်ထိန်းပေး)
water based - မော်လီကျူးသေး၊ moisturizer မလိမ်းမှီ
oil based - မော်လီကျူးကြီး၊ moisturizer လိမ်းပြီး

(၅) Ampoule
Ampoule က ဒီသုံးမျိုးထဲမှာ သူကအရည်အပျစ်ဆုံးနဲ့ ပါဝင်မှုအများဆုံးပဲ။ serum ထက် စျေးနည်းနည်းပိုကြီးတယ်။ ဗီတာမင်နဲ့ အပင်အင်ဇိုင်းတွေ ပါလေ့ရှိတယ်။ အသားအရောင်ကို ညီညာ ချောမွတ်စေပြီး အရေပြားထဲ ပိုမိုစိမ့်ဝင်နိုင်တယ်။ အချိန်တိုအတွင်း အာနိသင်အထိရောက်ဆုံးပဲ။ brightening ampoule က အရေပြားတောက်ပစေဖို့ သုံးတယ်။လိမ်းထားရင် အသားရောင် ကြည်လင်နေတယ်။ collagen ampoule (သို့) wrinkle reducer ampouleက အရေပြားတင်းရင်းစေဖို့ သုံးတယ်။ အထူးသဖြင့် အသက်ကြီးရင့်သူတွေ သုံးနိုင်တယ်။
ပုံမှန်အားဖြင့် မိပ်ကပ်တွေ ကြာရှည်ခံအောင် hydrating (သို့) makeup ampoules တွေကို သုံးတယ်။ အထူးသဖြင့် မင်္ဂလာဆောင်တွေမှာ သုံးကြတယ်။ လေနဲ့ထိရင် ဓာတ်ပြုလွယ်လို့ vial လေလုံတဲ့ပုလင်းထဲ ထားရတယ်။

ပါဝင်တဲ့ပြင်းအား - ampoule > serum> essence .
အပျစ်၊အကျဲ - essence > ampoule > serum

အားလုံး တစ်နှစ်အတွင်း ကုန်အောင်သုံး(well concentrated and can oxidized)
�Acne-prone: Look for vitamin C (increases collagen production, enhances skin’s repair process, and reduces inflammation), retinol (also an antioxidant, reduces inflammation), zinc (soothes irritation, regulates oil production), and salicylic acid (unclogs pores).
Dry: Look for vitamin E (an antioxidant, protects cells from oxidative damage), niacinamide (improves skin elasticity, increases ceramide levels in skin), glycolic acid (gently exfoliates and lightens discoloration), and hyaluronic acid (retains moisture).
Feeling dull: Look for antioxidants like green tea extract, resveratrol, ferulic acid (these combat free radicals, increase effectiveness of sunscreen by day, and promote cellular repair and healing by night).

(၆) Booster
booster ဆိုတာ serum/essence မလိမ်းခင်သုံးရတဲ့ပစ္စည်းတမျိုးဖြစ်ပါတယ်။ ဒါပေမယ့် တိုနာသုံးပြီးမှ လိမ်းရတယ်။ booster သုံးခြင်းအားဖြင့် essence/serum ရဲ့အာနိသင်ကို ပိုကောင်းစေတယ်။ အရေပြားအရောင်က ပုံမှန် ကြည်လင်တောက်ပလာတယ်။ မျက်နှာအသေားရောင်ပိုလင်းလာတယ်။

(၇) Floral water
သိပ်ထူးထူးဆန်းဆန်းမဟုတ်ပါဘူး။ ပန်းကို ရေနဲ့ စိမ်ပြီး ပေါငိးစပ်ထားတဲ့ အရညိတမျိုးဖြစ်ပါတယ်။ ဒီအရည်ကို toner, mist (သို့) moisturiser အနေနဲ့လညိး သုံးလို့်ရတယ်။ အရေပြားကို အေးမြစိုစွတိစေတယိ။ ရေဓာတ်ကို နညိးနည်းထိန်းပေးတယ်။ ဒါပေမယ့် moisturiser စစ်စစ်လို အာနိသင်မကောင်းပါ။ ဆောင်းရာသီမျိုးမှာ သိပ်အသုံးမဝင်ပါ။ Melvita Extraordinary water ဆိုတာ Floral water ပန်းအရည်တမျိုးဖြစိပါတယ်။

(၈) Finisher
နောက်ဆုံးမှသုံးလို့ skin finisher လို့လည်း ခေါ်တယ်။ မျက်နှာအရေပြား တောက်ပနေအောင်ပြုလုပ်ပေးတဲ့ ပစ္စည်းဖြစ်ပါတယ်။ တကယ်က အရောင်တင်တဲ့သဘောပါပဲ။ toner, serums/essence/ နဲ့ moisturisers အားလုံးသုံးပြီးနောက်မှ အပေါ်က ထပ်သုံးရတယ်။ အောက်မှာ ခံလိမ်းထားတဲ့ အရေပြားထိန်းပစ္စည်းတွေကို ကြာရှည်ခံအောင် ဖုံးပေးတဲ့သဘောပါပဲ။ အဲဒီရဲ့အပေါ်ကမှာ နေလောင်ကာလိမ်းဆေး၊ foundation၊ မိပ်ကပ်စတာတွေ ဆက်သုံးနိုင်တယ်။ ပုံမှန်အားဖြင့် နေ့ပိုင်းမှာသာ သုံးတယ်။ Sulwhasoo Luminate Essential Finisher ဆိုတဲ့နာမည်နဲ့လာတယ်။

(၉) Peeling Gel
အရေပြားအပေါ်ယံဆဲလ်ကို ခွာပေးတဲ့ ဂျယ်တမျိုးဖြစ်ပါတယ်။ scrubs လောက် မပြင်းဘူး၊ အပေါ်ယံ epothelium မှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးတယ်။ ပုံမှန်အားဖြင့် အာနိသင်ကောင်းအောင် ညဖက်မှာ သုံးပြီး sheet mask မသုံးခင်သုံးုကြတယ်။ ကိုရီးယားမှာ UGB Peeling Gel အနေနဲ့ လာပါတယ်။

ဒေါက်တာ အေးမင်းထူး
၁၂.၇.၁၇
-----------------------------------------------------
-----------------------------------------------------
ဒေါက်တာအေးမင်းထူး၏ အသားအရေထိန်းသိမ်းနည်းနှင့် အလှအပဆိုင်ရာအကြံပြုချက်ကို တယ်လီနောဖုန်း SMS မှတဆင့် နေ့စဉ် ဖတ်ရှုနိုင်ပါသည်။

မျက်နှာသန့်စင်ဆေး (သို့) cleanserများ အကြောင်း

cleanser တွေကို ချေးချွတ်ဆေး (သို့) မျက်နှာသန့်စင်ဆေးလို့ ခေါ်ပါတယ်။ cleanser တွေဟာ မျက်နှာအဆီ၊မိတ်ကပ်၊ဆဲလ်သေ၊ ဖုန်နဲ့ အညစ်အကြေးတွေဖယ်ရှားရာမှာ အသုံးဝင်တယ်။cleanser သုံးတဲ့အခါ မနက်တကြိမ် ၊ ညတကြိမ် တရက်ကို နှစ်ကြိမ် သုံးပေးဖို့ လိုပါတယ်။

Gel cleansers
Gel cleanser ဆိုတာ ရေနဲ့ရောပြီး သုံးရတဲ့ မျက်နှာသစ်ဆေးဖြစ်တယ်။ မျက်နှာသစ်ဆေးဂျယ် တွေက အရေပြား အတွင်းပိုင်းထိ သန့်စင်ပေးနိုင်တယ်။ ချွေးပေါက်ပိတ်တာ၊ အဆီပြန်တာကို သက်သာစေရုံမက၊ ဝက်ခြံနဲ့ ပိုးသတ်ပေးတဲ့ အာနိသင်လည်းရှိတယ်။ အပေါ်ယံအရေပြားကို ကွာစေလို့ ဝကိခြံသမားတွေ အသုံးပြုနိုငိတယ်။

အညွှန်း- အရင်ဆုံး မျက်နှာသစ်ပါ။ ပြီးရင် စိုစွတ်တဲ့လက်နဲ့ gel cleanser အနည်းငယ်ယူပြီး မျက်နှာပေါ်စက်ဝိုင်းပုံ လိမ်းပေးပါ။ ပြီးရင် မျကိနှာပြန်သစ်ပါ။

သုံးစွဲသင့်သူများ - oily and combination skin

သုံးစွဲနိုင်တဲ့ပစ္စည်းများ - iS clinical Gel cleansers, La Roche Posay, Murad, Jan Marini, Pevonia botanica

Cream cleansers
Cream cleansers တွေကို ခြောက်သွေ့တဲ့ မျက်နှာပေါ် ဒီတိုင်းလိမ်းပြီး ပွတ်ရတယ်။ ပြီးမှ လက်ကို ရေဆွတ်ပြီး နှိပ်ပေး၊ လိမ်းပါ။ အားလုံးပြီးရင် ရေဆေးချပါ။ Cream cleansers အမျိုးအစားတွေဟာ တခါတရံ "milk” သို့မဟုတ် “lotion” ပုံစံနဲ့ လာလေ့ရှိတယ်။ milk, lotion တွေဆိုရင် မျက်နှာပြန်သစ်ဖို့ မလိုဘဲ cleansing tissue နဲ့ ပြန်သုတ်ရုံပဲ။ တချို့ cream cleaser တွေကို မျက်နှာသစ်ဆေးအနေနဲ့ သုံးတာလည်းရှိပါတယ်။ ခရင်မ်မျက်နှာသန့်ဆေးတွေထဲမှာ သဘာဝအဆီပါတယ်။ အရည် နည်းနည်းပျစ်တယ်။ အစိုဓာတ်ထိန်းဆေးမျိူးပါလေ့ရှိလို့ dry နဲ့ sensitive skin မှာ အသုံးပြုနိုင်တယ်။

သုံးစွဲသင့်သူများ- dry and sensitive skin

သုံးစွဲနိုင်တဲ့ပစ္စည်းများ - First Aid Beauty face cleanser

Foam cleansers
ကျတော်တို့ နေ့စဉ်သုံးနေတဲ့ အမြှုပ်ထတဲ့ မျက်နှာသစ်ဆေးတွေကို foam cleanser လို့ခေါ်တယ်။ lightweight cleansers အမျိုးအစားထဲမှာပါတယ်။ cream type သို့မဟုတ် gel type ဆိုပြီး နှစ်မျိုးလာတယ်။ foaming cleanser တွေက ရေနဲ့ထိတဲ့အခါ အမြှုပ်ထလာတယ်။ ချေး၊ အညစ်အကြေးနဲ့ မျက်နှာ အဆီဂလင်းသန့်စင်ရာမှာ gel cleansers လိုပဲ အသုံးဝင်တယ်။

သုံးစွဲသင့်သူများ - oily and combination skin

သုံးစွဲနိုင်တဲ့ပစ္စည်းများ - elta MD facial foam

oil cleanser
အဆီချေးချွတ်ဆေးတွေက အဆီဂလင်းမှာ ပိတ်ဆို့နိုင်တဲ့ ဆဲလ်သေ၊ အညစ်အကြေးသန့်စင်ရာမှာ အလွန်အသုံးဝင်တယ်။ အထူးသဖြင့် ရေစိုခံမိတ်ကပ်ဖျက်ရာမှာ oil cleanser တွေက ကောင်းတယ်။ ဝက်ခြံပေါက်သူ၊မျက်နှာအဆီပြန်သူလည်း သုံးနိုင်တယ်။ ကောင်းတာက သုံးပြီး မျက်နှာပေါ် ခြောက်သွေ့ကျန်ခဲ့တာမျိူး မရှိတာပါ။

သုံးနည်း - ခြောက်သွေ့တဲ့လက်နဲ့ oil cleanser အနည်းငယ်ယူပြီး မျက်နှာပေါ် နှံ့အောင် လိမ်းပါ။မိတ်ကပ်တွေဟာ အဆီမှာပျော်ဝင်ပြီး ပျက်သွားပါလိမ့်မယ်။ ပြီးမှ လက်ကို ရေအနည်းငယ်ဆွတ်ပြီး မျက်နှာတပြင်လုံးနှံ့အောင်ပွတ်ပေးပါ။ မျက်နှာအညစ်အကြေးနဲ့ မိတ်ကပ်တွေပြောင်သွားပါလိမ့်မယ်။ ပြီးရင် ရေနဲ့ မျက်နှာကို ဆေးချပါ။ oil cleanser နဲ့ မျကိနှာချေးချွတ်ပြီးရင် foam cleanser တမျိုးမျိုးနဲ့ မျက်နှာထပ်သစ်ပေးရပါတယ်။

သုံးစွဲသင့်သူများ - ဘယ်အရေပြားတွက်မဆို သုံးနိုင်တယ်။

သုံးစွဲနိုင်တဲ့ပစ္စည်းများ - DHC deep cleansing oil, sulwasoo cleansing oil

(မှတ်ချက် - သံလွင်ဆီ၊ အုန်းဆီ၊ မက်မွန်ဆီ၊ jojoba oil စတဲ့အဆီတွေကိုလည်း မိတ်ကပ်ဖျက်ဆေးအနေနဲ့ အသုံးပြုနိုင်ပါတယ်။ eye makeup ဖျက်တဲ့အခါ နွားနို့ထဲစိမ်ထားတဲ့ ဂွမ်းစနဲ့ သုတ်ပေးနိုင်တယ်။ သခွားသီးကို ခပ်ပါးပါးလှီးပြီး သုံးနိုင်တယ်။)

micellar cleanser
micellar water တွေက ပြင်သစ်က လာတယ်။ micelles ဆိုတာ ရေထဲမှာ ပေါ်လောပေါ်နေတဲ့ သေးငယ်တဲ့ အဆီမော်လီကျူးလေးတွေကို ခေါ်တာပါ။ ဒီမော်လိကျူးတွေက မျကိနှာမှာရှိတဲ့ မိတ်ကပ်နဲ့ အဆီတွေကို စုစည်းပြီး ဖယိရှားနိင်တယ်။ micellar water သုံးပြီးတဲ့အခါ မျကိနှာပြန်သစ်ဖို့ မလိုပါ။

သုံးစွဲသင့်သူများ - dry and sensitive skin

သုံးစွဲနိုင်တဲ့ပစ္စည်းများ - Garnier micellar water , terry micellar water cleanser

clay cleanser
ရွှံ့စေး မျက်နှာသန့်ဆေးတွေက အဆီကို စုပ်ယူနိုင်တဲ့အာနိသင်ရှိတယ်။ ချွေးပေါက်ကို ကျဉ်းစေတယ်။ အဆိပ်အတောက်ဖယ်ရှားရာမှာလည်း အသုံးဝင်တယ်။ တချို့ clay cleanserတွေမှာ အဆီစုပ်တဲ့ charcoal ကျောက်မီးသွေး လိုဟာ ပါလေ့ရှိတယ်။

သုံးနည်း - clay facial cleanser ကို ရေနဲ့ အနည်းငယ်ရောပြီး မျက်နှာအနှံ့ စက်ဝိုင်းပုံလိမ်းပေးပါ။ ပြိးရင် မျက်နှာကို ရေပြန်ဆေးချပါ။

သုံးစွဲသင့်သူများ-oily and combination skin

သုံးစွဲနိုင်တဲ့ပစ္စည်းများ - dermalogica clay cleanser

Powder cleansers
မျက်နှာသစ်ဆေးထဲမှာ အမှုန့်လာတာလည်းရှိတယ်။ အမှုန့်ကို ရေနဲ့ရောပြီး လိမ်းပေးရတယ်။ အမှုန့်က ရေနဲ့ရောစပ်တဲ့အခါ ခရင်မ်ပုံစံဖြစိလာတယ်။ မျက်နှာချီးချွတ်ရာမှာ အသုံးဝင်တယ်။ physical exfoliantsတွေနဲ့ မတူတာက သဲလို ကြမ်းတမ်းမနေဘဲ သေးငယ်တဲ့အမှုန့်ဖြစ်တာကြောင့် ပိုမိုနူးညံ့တယ်။ နေ့စဉ်အသုံးပြုနိုင်တယ်။ sensitive skin သမားတွေလည်း အသုံးပြုနိုင်ပါတယ်။ တခါသုံး အထုပိလေးတွေနဲ့ လာတတ်တယ်။

သုံးစွဲသင့်သူများ - oily and sensitive skin

သုံးစွဲနိုင်တဲ့ပစ္စည်းများ - honest beauty, Clinique fresh pressed vit C powder

Bar soaps
ဆပ်ပြာခဲတွေကို အင်္ဂလိပ်လို bar soap ခေါ်တယ်။ အရေပြား pH ကို ပြောင်းလဲစေလို့ နောက်ပိုင်း သိပ်မသုံးကြတော့ပါ။ ဒီဖက်ခေတ်ရောက်တော့ pH level ထိန်းသိမ်းနိုင်တဲ့ အလှဆီ(glycerin) နဲ့ essential oils တွေ ထည့်သွင်းလာပြီး ပြောင်းလဲ အသုံးပြုလာကြတယ်။ ဝက်ခြံအတွက် ထုတ်တဲ့ bar soap ဆပ်ပြာတွေ သီးသန့်ထွက်ပါတယ်။

သုံးစွဲသင့်သူများ - oily and combination skin

သုံးစွဲနိုင်တဲ့ပစ္စည်းများ - Erno Laszlo bar soap

cleansing cloths and towelettes
cleansing cloths ကို towelettes သို့ wipes အမျိုးမျိုးခေါ်တယ်။ မျကိနှာမှာရှိတဲ့ အညစ်အကြေးတွေ သန့်စင်ဖယ်ရှားနိုင်တယ်။ ဒါပေမယ့် facial wash တွေ လောကိတော့ မကောင်းပါ။ cleansing wipes တွေက makeup removing wipes တွေနဲ့ သဘောသဘာဝချင်းမတူညီပါ။

သုံးစွဲသင့်သူများ - ဘယ်အသားအရေအတွက်မဆို သုံးနိုင်ပါတယ်။

သုံးနိုင်သော ပစ္စည်းများ - Cetaphil, Paula's choice , muslin cloths

cleansing wipes နဲ့ makeup remover wipes ဘာကွာခြားလဲ
cleansing wipes က မျက်နှာအဆီနဲ့ အညစ်အကြေးတွေ ဖယ်ရှားဖို့ အဓိကသုံးပြီး makeup remover wipes ကတော့ ရေစိုခံ မိတ်ကပ်ဖျက်ရာမှာ အဓိကသုံးတယ်။

ဒေါက်တာ အေးမင်းထူး
၁၂.၈.၁၉
———————————

15/10/2020

Period self care❤💯

မင်မင် က ဒီနေ့မှာတော့Prettyတို့ အတွက် ရာသီလာချိန်မှာ ဘယ်လို take care လုပ်ရမလဲဆိုတဲ့ Tips လေးတွေပြောပြပါမယ်.....

👱‍♀️ရေနွေးနွေးလေးနဲ့ရေချိုးပေးပါ
ရာသီလာချိန် ရေနွေးနွေးလေးနဲ့ ချိုးခြင်းဟာ ရေအေးနဲ့ချိုးတာထက် ပိုကောင်းပါတယ်။ အကိုက်အခဲတွေလည်း သက်သာစေတာမို့ ကိုယ်မှာ ရေပူစက်ရှိရင် ရေကိုနွေးနွေးလေး မြင့်ထားပါ။ မဟုတ်ရင်လည်း ရေနွေးအိုးလေးတည်ပြီး နည်းနည်းရောချိုးပါ။
ခေါင်းလျှော်တာကိုတော့ periodစဖြစ်ဖြစ်ချင်းမှာမလျှော်သင့်ပါ...🚫🚫

👱‍♀️ Caffine and Alcoholရှောင်ပေးပါ
Caffine တွေ Alcohol တွေ ခဏရပ်ထားပါ။ အဲ့တာတွေက စိတ်ခံစားချက်ကို ပိုဆိုးစေတဲ့အပြင် ပိုပြီး ကိုက်ခဲစေတတ်ပါတယ်။ ကော်ဖီနဂို နှစ်ခွက်လောက်သောက်တတ်တယ်ဆို တစ်ခွက်လောက်ပဲ လျော့သောက်ပါ။ အဲ့ဒီအစား ရေများများသောက်ပေးပြီးအသီးအရွက်ပိုစားပါနော်

👱‍♀️ တစ်ခါတစ်လေ ခါးတွေအရမ်းကိုက်ပြီး ဗိုက်အရမ်းအောင့်တဲ့အခါ အိမ်မှာပါပဲအနားယူပြီးသီချင်းနားထောင်တာတို့
စားချင်တဲ့ အစားလေးစားတာတို့ crushအကြောင်းတွေးတာလေးတွေလုပ်ပေးပါ (ရည်းစားရှိရင်လည်း ရည်းစားကိုရစ်ပါ😝)

👱‍♀️ပေါ့ပါးပြီး ရှောင်တဲ့အဝတ်မျိုးဝတ်ပါ
သက်သောင့်သက်သာ ဖြစ်စေမဲ့ အကျီနဲ့ အောက်ခံကိုဝတ်ပါ။ အတင်းကြီး ချုပ်တည်းထားရတာမျိုး မဝတ်ပါနဲ့။

👱‍♀️အရမ်းကိုက်ခဲရင်ရေနွေးအိတ်ကပ်ပေးပါ
​တစ်ခါတစ်လေ မခံမရပ်နိူင်အောင် အောင့်တဲ့အခါ ရေနွေးအိတ်လေးကပ်လိုက်ရင် သက်သာသွားစေပါတယ်။

👱‍♀️မကြာခန padလဲပေးနော်
Pad ကို မကြာခဏ လဲပေးဖို့ မမေ့ပါနဲ့။ မဟုတ်ရင် ရောဂါပိုးတွေဝင်နိုင်တာမို့ အနည်းဆုံး ငါးနာရီခြားတစ်ခါ လဲပေးပါ။

👱‍♀️အနားယူပြီး အိပ်ရေးဝ ဝအိပ်ပါ
ဒီလို အချိန်မှာ အရေးအကြီးဆုံးက အနားကောင်းကောင်းယူပြီး အိပ်ရေးဝဖို့ပါ။ မဟုတ်ရင် ကိုယ့်ရဲ့ စိတ်အခြေအနေက ပိုပြီး ဆိုးလာတတ်တာမို့ နောက်ကျတဲ့ထိ နေတာမျိုး ရှောင်သင့်ပါတယ်။

👱‍♀️ချဥ်ငန်စပ်လေးတွေ ခန ရှောင်ထားနော်
လက်ဖက်တို့ အချဥ်တို့ ခဏရပ်ထားပါ။ချဥ််ငန်စပ်တွေကြောင့် ဗိုက်ပိုအောင့်နိုင်ပါတယ်
ဒီလိုအချိန်မှာတော့ အစားအသောက် ဆင်ခြင်တာက အကောင်းဆုံးပါ။

👱‍♀️အရမ်းကိုက်ခဲနေရင် အကိုက်ခဲပျောက်ဆေးသောက်နိုင်ပါတယ်
လိုအပ်တဲ့အခါ အကိုက်အခဲပျောက်ဆေးသောက်ပါ။ ဒါပေမဲ့ ဒီဆေးတွေကလည်း စွဲသောက်ရင် မကောင်းတာမို့ဖြစ်နိုင်ရင်မသောက်ပါနဲ့နော် အားဆေးသောက်လို့ရပါတယ်❤

👱‍♀️ရုပ်ရှင်ဟာသကားတွေနဲ့ idolပုံလေးတွေကြည့်ပါ😋
Periodtimeမှာ အနည်းနဲ့အများ စိတ်ညစ်ရတာ သရဲကားတွေခြောက်လန့်ဝမ်းနည်းစေတာတွေကြည့်ရင် ပိုစိတ်ညစ်ရလို့ အခွီးmovieတွေပဲကြည့်ပါ(ထိုင်ခွီးကြမယ်)❤

အာ့လိုချိန်မှာက မိန်းကလေးတွေက👱‍♀️❤ ပိုစိတ်အားငယ်စိတ်ဓာတ်ကျတတ်တာမလို့ ပျော်စေမယ့်အရာလေးတွေလုပ်ပေးနော်

ရာသီလာတာက ရှက်စရာမဟုတ်လို့ အမျိုးသမီးဖြစ်လာခြင်းကိုဂုဏ်ယူရမှာပါ 👱‍♀️💯
menstruation လာတဲ့အခါ prettyတို့စိတ်ရော ကိုယ်ရောပါဂရုစိုက် အနားယူဖို့လိုပါတယ်
စိတ်ရောကိုယ်ပါကျန်းမာပျော်ရွှင်ကြပါစေ🤗
Prettyတို့သိအောင် shareပေးလိုက်ဦးနော်❤
Crd;

07/10/2020

ကိတ်မုန့်နံ့လေးတွေ မွှေးကြိုင်နေမယ့်အပြင် အသားအရေကိုပါ ဝင်းပစေမယ့် Melting Sugar Series...🍰🍦

Melting sugar series လေးကို သေချာသန့်စင်ထားတဲ့ သကြားစစ်စစ်နဲ့အရသာရှိတဲ့ ကိတ်မုန့်တုံးလေးတွေ စားလိုက်ရသလို အနံ့လေးမွှေးမွှေးလေး ဖြစ်အောင်ဖော်စပ်ထားပါတယ်နော်။ သကြားမှုန့်လေးတွေကို scrub တိုက်ပြီးဆဲလ်အသေ ဖယ်ရှားတဲ့နေရာမှာ ကျယ်ပြန့်စွာသုံးကြပေမယ့် ပေါင်းတင်ဆေးအဖြစ် သေချာပျော်ဝင်အောင် ဖော်စပ်ပြီးအသားအရေကို ဝင်းပအိတုံစေမယ့် skin-booster တွေနဲ့ ရောပြီးပြုလုပ်ထားတာကတော့ Freeman တံဆိပ်လေးမှာသာရှိတဲ့ ဦးဦးဖျားဖျား ပေါင်းတင်ဆေး series လေးပါနော်။

ဒီ Melting Sugar series လေးကတော့ Leave on gel cream mask အမျိုးအစားထဲမှာ ပါဝင်တဲ့ရေဆေးချပေးရတဲ့ ပေါင်းတင်ဆေးလေးပါနော်။ အရသာရှိတဲ့အချိုပွဲလေးတွေလို မွှေးနေရတဲ့အကြောင်းအရင်းကတော့ တစ်ခုချင်းဆ်ီမှာ ပါဝင်တဲ့အရသာလဲရှိ၊ အသားအရေကို ကြည်ပြီးစိုစိုအိအိလေးဖြစ်စေတဲ့ skin booster လေးတွေဖြစ်တဲ့ နှင်းဆီပေါင်းခံရည် Rose extract, လက်ဖက်စိမ်းမှုန့် matcha powder နဲ့ Lemon လီမွန်သီးလေးတွေကြောင့်ပါနော်။

Melting Sugar လေးမှာ ပါဝင်တဲ့အမျိုးအစား ၃ခုကတော့ -

(၁) Pore-Clearing Matcha Ice Cream (Normal to combo skin) - လက်ဖက်စိမ်း match powder မှုန့်လေးက skin-booster အဖြစ်ပါဝင်တဲ့အတွက်ကြောင့် အသားအရေအပေါ်မှာ နှစ်ရှည်လများကျန်ရှိနေတဲ့ အညစ်အကြေးများကို ချွေးပေါက်ထဲက စုပ်ယူပေးတယ်နော်။

(၂) Oil-absorbing Lemon Meringue (Oily & Breakout skin) - ဝက်ခြံထွက်လွယ်ပြီး အဆီပြန်သူများအတွက် Lemon extract လေးတွေ လီမွန်သီးအခေါက်လေးတွေ ပါတဲ့အတွက်ကြောင့် မျက်နှာပေါ်မှာရှိတဲ့ အဆီပိုနဲ့ဘက်တီးရီးယားတွေကို ဖယ်ရှားပေးတယ်နော်။

(၃) Moisturizing Rose Gummy Bear (All skin types) - နှင်းဆီပေါင်းခံရည်အဆီအနှစ်လေးကိုု skin-booster အဖြစ်ထည့်သွင်းထားတဲ့အတွက် အသားလေးပေါ်တင်လိုုက်တာနဲ့ စိမ့်ဝင်သွားပြီး ရေဓာတ်လေးတွေပြည့်ဝပြီး ပန်းရောင်သွေးတဲ့ အသားလေးကိုုပိုုင်ဆိုုင်လိုုက်တော့နော်။

🍨🍨အသုုံးပြုပုုံလေးကတော့ သန့်ရှင်းနေတဲ့မျက်နှာပေါ်မှာ ဒီ mask လေးကိုု မျက်နှာအနှံ့ခပ်ထူထူလေးလိမ်းပြီး ၁ဝမိနစ်ကြာရင် ဆေးချလိုုက်နော်။ ပြီးရင်တော့သုုံးနေကျ skincare လေးလုုပ်ရုုံပဲနော်။

Melting Sugar series (35ml) – 6800Ks (35ml ပါသောကြောင့် အနည်းဆုုံး ၅ကြိမ်သုုံးနိုုင်သည်)


------------------------------------------------

ကလေးမြို့အတွင်းFree Delivery
Freemanလေးတွေကိုမှာယူနိုင်ဖို့ ဒီဖုန်းလေးတွေကိုကလင်ကလင်လိုက်တော့နော်။
☎️☎️ 09:257318060

Photos from Skin  Care & Glow Nation's post 14/09/2020

လာပါပြီနော် Freeman အသည်းလေးတွေ ခဏခဏမေးနေတဲ့ 💥Promotion‌အစီစဥ် 〰️〰️〰️〰️〰️〰️
〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️

💥September လ 15ရက်‌‌ နေ့ကနေ 30ရက် နေ့ထိ ဝယ်ယူအားပေးသူတိုင်း 💁10%off အပြင်
🎁လက်ဆောင်ပစ္စည်းလေးတွေပေးနေပါပြီနော် 🎁

💥September 15ရက်နေ့ကနေ 30ရက်နေ့ထိဝယ်ယူသူများကို
Facial Cleanser(100g-18,000ks) လေး တစ်ဘူး 1.10.20နေ့မှာထပ်ပြီး မဲဖေါက်ပေးအုန်းမာပါနော် 😱❗

(ပရိုမိုးရှင်း item လေးတွေကို ပုံနှင့်တကွတင်ပေးထားပါတယ် )
💁 edition လေးတွေမို့ Cb or Cmt;ကနေ အမြန်မှာယူနိုင်ပါတယ် 🤩

🖤Charcoal +Black Sugar (MUD Mask)
(175ml 12,000ks × 10% off )နှင့်အတူ Mille Brightening Collagen 1ထုပ်လက်ဆောင်ရရှိပါမယ်

🍀mint + Lemon (Clay Mask)
(175ml 12,000ks ×10% off)နှင့်အတူ Mille Serum 1ထုပ်လက်ဆောင်ရှိပါမယ်

🍎 Apple Cider +Vinegar( Clay Mask +Scrub )
(175ml_ 12,000ks ×10% off)နှင့်အတူ အ‌မွှေးဖွအသားကောင်းခေါင်းပတ်လေးတစ်ခု လက်‌‌ေဆာင်ရရှိပါမယ်

🌑️Charcoal + Black Sugar (Gel Mask +Scrub ) 175ml _12,000ks × 10% off= 10,800ks

🍃CANADIAN H**P SEED (Clay Mask)
175ml_13,500ks ×10% off =11,250ks

🌷🌷Micellar Water( 3in1)
355ml _13,500ks ×10% off = 11,250ks

📲Cb or Cmt;တွက်အသေးစိတ်မေးမြန်းဝယ်ယူနိုင်ပါတယ်
🏡ကလေးမြို့တွင်း delivery 😘
နယ်မြို့များသို့ 🚕ကားဂိတ်မှတဆင့်ပို့ဆောင်ပေးနေပါတယ်။
☎️☎️09:257318060

12/09/2020

‼️Freeman ကရောင်းအားအကောင်းဆုံး ရွှံ့ပေါင်းတင်ဆေးလေး ၂ မျိုးအကြောင်း‼️

ချစ်ခင်ရပါသော Freeman ဘူးသီးလေးတို့ရေ💗

Clay Mask ဆိုတာဘယ်လိုပေါင်းတင်ဆေးမျိုးကို ပြောလဲဆိုတာ ယောင်းလေးတို့သိကြပါသလား💁‍♀️

Clay Mask ဆိုတာကတော့ ရွှံ့စေးကိုအခြေခံပြီး ဖော်စပ်ထုတ်လုပ်ထားတဲ့ ပေါင်းတင်ဆေးလေးတွေဖြစ်ပါတယ်။ သူတို့လေးတွေရဲ့ အဓိကလုပ်ဆောင်ချက်ကဆိုရင် မျက်နှာပေါ်မှာကပ်ညှိနေသော မိတ်ကပ်အကြွင်းအကျန်များ ၊ ဆဲလ်သေများ စသည်ဖြင့် မလိုလားအပ်သော အဆီပိုနဲ့ အညစ်အကြေးများကို မျက်နှာအတွင်းပိုင်းတွင်းထိ (detoxifying) အဆိပ်တောက်ထုတ်ပေးပြီး စုပ်ယူဖယ်ရှားပေးခြင်းဖြစ်ါတယ်။ပုံမှန်သုံးနေကျမျက်နှာသစ်ဆေးမျိုးကဆိုရင် အသားအရေအတွင်းပိုင်းထဲထိ deep cleansing မလုပ်ပေးနိုင်ဘဲ မျက်နှာအပေါ်ယံအလွှာမှာကပ်ညှိနေတဲ့ ချွေးပေါက်များနှင့် အညစ်အကြေးများကိုသာ ဖယ်ရှားသန့်စင်ပေးနိုင်ပါတယ်။ဒါကြောင့်လည်း မျက်နှာအတွင်းပိုင်းထိ (deep cleansing) အဆိပ်အတောက်များနဲ့ ချွေးပေါက်များကင်းရှင်း စေဖို့ရာအတွက် Clay Mask (ရွှံ့ပေါင်းတင်ဆေးမျိုး) ကို ထပ်ဆင့်အသုံးပြုပေးရခြင်းဖြစ်ပါတယ်။🙆‍♀️

💛ဝက်ခြံနဲ့ အဆီပြန်ခြင်းကိုသက်သာစေပြီး ဝက်ခြံပိုးများကို အမြစ်ကနေတိုက်ထုတ်ပေးမယ့် Oil Absorbing mint lemon clay maskလေး💛 (Oily / Breakout Skin)

သူလေးကိုဆိုရင် အသားအရေနှင့်ကျန်းမာရေးအတွက်ပါအထောက်အကူပြုတဲ့ Lemon လေးနဲ့ Mint(ပူစီနံရွက်)တို့ဖြင့် ဖော်စပ်ထုတ်လုပ်ထားပါတယ်။Lemonလေးကဆိုရင် သဘာဝအတိုင်း အသားအရောင်ကိုညီညာစေပြေီး Vitamin C ပါဝင်တဲ့အတွက်ကြောင့် ဝက်ခြံကြောင့်ဖြစ်သောအမဲစက် နဲ့ အမာရွှတ်များကိုလျော့ပါးသက်သာစေပါတယ်။ထို့အတူ Mint (ပူစီနံ)ရွက်လေးတွင်လည်း မလိုအပ်သောအဆီခဲ၊ အဆီကျိတ်နဲ့ အဆီပိုများကို ဖယ်ရှားပေးပြီး နီရဲရောင်ရမ်းနေသောဝက်ခြံများနှင့် ဝက်ခြံပိုးများကိုပိုးသတ်ပေးပြီး ဝက်ခြံထပ်မဖြစ်အောင် ကာကွယ်ပေးပါတယ်ရှင့်။

💥 ဒါကြောင့် အစားမှားလို့ပဲဖြစ်ဖြစ်၊ ဟော်မုန်းအပြောင်းအလဲကြောင့်ပဲဖြစ်ဖြစ် အဆီဖုလေးတွေ၊ ဝက်ခြံပုန်းလေးတွေ ပေါက်လာပြီဆိုရင်တော့ Mint Lemon Clay Mask လေးကို အမြန်သာယူပြီးပေါင်းတင်လိုက်ကြဖို့အကြံပေးချင်ပါတယ်နော်။
======================

💙ချွေးပေါက်ကျဉ်းပြီး အသားရည်မညီညာခြင်းများကို ထိန်းညှိပေးမယ့် Anti-Stress Dead Sea Minerals Clay Mask (For all skin types)_

ပင်လယ်သေမှရရှိသော Minerals(ဓာတ်သတ္တုများ)နှင့် Sea Salt (ပင်လယ်ဆား)တို့က အသားအရေကိုအားဖြည့်ပေးပြီး အစိုဓာတ်ထိန်းညှိပေးကာ ချွေးပေါက်အတွင်းပိုင်းထိသန့်စင်ပေးပါတယ်။ သဘာဝအတိုင်း အသားအရေကိုထိန်းညှိပေးတဲ့အပြင် PH level ဓာတ်လေးပါ ပါဝင်တဲ့အတွက်ကြောင့်မို့လို့ သုံးပြီးတာနဲ့ အသားရေလေးကသိသိသာသာ ကြည်လင်ဝင်းပစေမှာဖြစ်ပါတယ်နော်။

💆‍♀️အနံ့လေးကလဲ spa လေးရောက်သွားသလို စိတ်ကြည်လင်စေမဲ့အပြင် မျက်နှာပေါ်မှာလိမ်းလိုက်တာနဲ့ အေးအေးလေးဆိုတဲ့ အထိအတွေ့လေးကိုခံစားရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပေါင်းတင်ရင်း ဖီးလ်တက်ရမှာဖြစ်ပါတယ်နော်။

💁အသုံးပြုပုံလေးကတော့-သန့်စင်နေတဲ့မျက်နှာပေါ်မှာ Freeman Clay mask လေးကိုမထူမပါးလိမ်းပေးပါ။10မိနစ်ပြည့်ပြီး မျက်နှာလေးတင်းလာလျှင် ရေနွေးနွေးလေးနဲ့ပြန်ဆေးချပေးရုံပဲနော်။

Oil Absorbing Mint Lemon Clay Mask (175ml) - 12000 ks
Dead Sea Minerals Clay Mask - 12000ks


--------------------------------
CB အသေးစိတ်မှာမေးမြန်းနိုင်ပါတယ်နော်။
Freemanလေးတွေကိုမှာယူနိုင်ဖို့ ဒီဖုန်းလေးတွေကိုကလင်ကလင်လိုက်တော့နော်။
☎️☎️ 09:257318060

Want your business to be the top-listed Beauty Salon in Kalemyo?
Click here to claim your Sponsored Listing.

Category

Website

Address


Kalemyo