Psycho Variety
ကျနော်ရေးထားတဲ့ ကဗျာတွေ
ကျနော်တင်ထ?
မိုးတွေသာ ချိန်းနေတာ
တို့တွေက ဝေးနေဆဲ.....
✍ SC
အကြောင်းအရာ တစ်ခုတည်ပါဘူး
ဒါပေမဲ့ ကိုယ့်ရဲ့ အမြင်ပေါ်မှုတည်ပြီး
သက်ရောက်မှုတော့ အပြောင်းလဲရှိတယ်
တစ်ခုခုကို မိမိအမြင်နဲ့ ခံယူချက်ပေါ်မှုတည်ပြီး
သူ့ရဲ့ တန်ဖိုး အကျိုးသက်ရောက်မှုတွေရှိနေတယ်။
အကောင်းမြင်တတ်တဲ့ လူဟာ
အဆိုးကို မြင်တတ်တဲ့သူတွေထက်
အများကြီးပို အောင်မြင်ကြတယ်
ဒါဟာ ဘေးပတ်ဝန်းကျင်ကြောင့်
မဟုတ်ဘဲ သူတို့ရဲ့
အမြင်တပ်မှတ်ချက်များကြောင့်သာဖြစ်ပါတယ်။
ဒါကြောင့် မိမိဘဝမှာလည်း
မိမိတန်ဖိုးကို ကိုယ်တိုင်တပ်မှတ်ရမှာဖြစ်ပါတယ်။
ဒီလိုတွေပြောတော့ မာနကြီးထောင်လွှားဖို့
မဟုတ်ပေ။ ကိုယ့်တန်ဖိုး အစစ်ကို
သိတဲ့သူတွေသာလျှင် စိတ်အေးချမ်းခြင်း
ဘဝမှာ ရောင့်ရဲနေတတ်ခြင်းတွေ နှင့်
ပျော်ရွှင်ခြင်းတွေကို ပိုခံစားရတာပါ။
#အမြင်မတူရင်သည်းခံပေးပါရန်
16/09/2023
လောကကြီးက မတရားမလုပ်ပါဘူး
တန်ဖိုးကြီးကြီးကို လိုချင်ရင်
တန်ရာတန်ကြေးတော့ပေးရမှာဘဲ
အချစ်စစ်ကို လိုချင်ရင်
အချစ်ရဲ့ထုဆစ်မှုကိုတော့
သင်ခံနိုင်ရည်ရှိရမှာပေါ့......
လွယ်လွယ်နဲ့ စံပယ်မပွင့်ပါဘူး
ကော်ဖီသောက်လည်း
အိပ်ပျော်ပါတယ်
လက်ဖက်စားလည်း
အိပ်ပျော်ပါတယ်
သူ့အကြောင်းလေး
တွေးမိတိုင်း
မိုးလင်းတာတစ်ခုတည်း
မင်းမရှိတဲ့ အရပ်မှာ ငါနေမယ်
မင်းခေါ်မရတဲ့ ဖုန်းငါကိုင်မယ်
မင်းစာပို့လို့မရတဲ့ နေရာမှာ ငါရှိမယ်
မင်းကို မမြင်ရတဲ့နေရာမှာ ငါထွက်သွားမယ်
မင်းနဲ့ အဝေးဆုံးမှာ ငါရှိနေမယ်
မင်းအကြောင်းမသိတဲ့ ပတ်ဝန်းကျင်မှာ အခြေချမယ်
မင်းပုံရိပ်ကင်းတဲ့ နေရာမှာ ငါထာဝရနေသွားမယ်
မမုန်းရက်တဲ့ မင်းနဲ့ အဝေးမှာ ငါမင်းကိုမေ့နိုင်ပေါ့မယ်လား
မင်းစီကနေ
မာနကလွဲရင်
ကျန်တာကိုယ်လိုချင်တယ်
ဆောင်းရာသီမို့ အပြင်မှာ
အရမ်းအေးနေပြီ နှလုံးအိမ်ထဲမှာ
နွေးထွေးမှုလေးတွေ ပေးနိုင်မယ်လား >•<
မင်းလည်း ငါ့လိုဘဲချစ်နေတရ်
ဆိုတဲ့အတွေးနက်
ကိုယ့်ကိုကိုယ် လှည့်စားပိးဖြေသိမ့်ရတာ
အကြိမ်ကြိမ်ဘဲ🙂
#စာကလေး
🙂
#စာကလေး
ဆောင်းတွင်းမှာတော့
ချမ်းတာပေါ့
သူ့စီက နွေးထွေးမှုလေးတွေ
ရမယ်လားလို့
အနွေးထည်တောင် မဝတ်ရဲဘူး😌
မင်းတို့ရဲ့ကမ္ဘာကြီးတော့မသိဘူး
ကျနော်ရဲ့ကမ္ဘာကြီးကတော့
ဒဏ်ရာပေးလိုက်ဆေးပေးလိုက်နဲ့😊😊
#စာကလေး
မင်းဆီကဂရုစိုက်မှုတွေမရလည်း
ဖစ်တရ်😇😇
မင်းဆီကအချစ်တွေထုပ်မပြလည်း
ရတယ်😊😊
ကျနော့်တစ်ယောက်ထဲကိုဘဲသစ္စာရှိရှိချစ်ပေး❤❤
#စာကလေး
Click here to claim your Sponsored Listing.
Category
Website
Address
Kalemyo