Beauty Secret

Beauty Secret

Share

Health /beauty

01/09/2020

တင်းတိပ်​မဖြစ်​​အောင်​ ကာကွယ်​နည်းနှင့်​ တင်းတိပ်​​ပျောက်​နည်း

25/08/2020

ဆားဝက်ခြံအကြောင်းသိကောင်းစရာ☹

ဆားဝက်ခြံဆိုတာ လူအတော်များများမြင်တွေ့ရလေ့ရှိတဲ့ မျက်နှာပေါ်က ပြသနာပဲဖြစ်ပါတယ်။😔😔

✅အရွယ်ရောက်လာချိန်တွင် စတင်၍ ဟိုမုန်းအပြောင်းအလဲကြောင့်ဖြစ်ပေါ်တတ်ပါတယ်😇😇

✅နှာခေါင်းမှာ အများဆုံးဖြစ်သလို ပါးနှင့် နှဖူးတွင်တခါတလေဖြစ်တတ်ပါတယ် 🤗🤗

💁Whitehead နှင့်မတူညီတာက အဆီဂလင်းနှင့် ဘတ်တီးရီးယားတို့ပေါင်းစပ်သွားသော်အခါ 🙋ချွေးပေါက်လေးကို ပိတ်မသွားပဲ အထဲမှာအဆီခဲဝက်ခြံအနေနဲ့ ရှိနေပြီး နေရောင်ဒဏ်ခံရသဖြင့် မည်းလာပြီး blackhead ance ဖြစ်လာပါတယ်😥

ဘယ်လိုကုသမလဲ⁉️ ဘယ်လိုကာကွယ်မလဲ⁉️💭💭

1️⃣ခေါင်းလျော်ပါ ၃ရက်တခါဖြစ်ဖြစ် ဘာဖြစ်လို့လဲဆိုရင် ခေါင်းကအဆီထွက်မှုက မျက်နှာရှိအဆီဂလင်းမှာလည်း အဆီထွက်နှုန်းကိုများပြားလာစေတယ်။

2️⃣ရေများများသောက်ပါ

3️⃣တပတ်တခါ exfoliation scrub သုံးချီးချွတ်ပါ

4️⃣မျက်နှာကို တနေ့ ၂ ကြိမ်သန့်စင်ပါ

5️⃣အဆီများတဲ့ အစားအသောက်တွေရှောင်ပါ

6️⃣အသားအရေကို oil free moisturizer လိမ်းပေးပါ။

7️⃣စိတ်ဖိစီးမခံပါနဲ့

8️⃣Blackhead remover mask လေးလဲ သုံးနိုင်ပါတယ်နော်

18/08/2020

#မိုးရာသီမှာသင့်အသားအရေကိုထိန်းသိမ်းဖို့နည်းလမ်း (၁၀)ချက်

မိုးရွာသီမှာ🌧️မိုးရေတွေနဲ့အသားအရေကစိုစွတ်ပြီးဘတ်တီးရီးယားတွေလည်းပေါက်ဖွားလွယ်စေပါတယ်နော်။ဒါကြောင့်သင်ဒီ (၁၀)ချက်ကို သိဖို့ လိုတယ်နော်

(1)Sunscreen သုံးပါ။

☁️မိုးအုံ့တာပဲဖြစ်ဖြစ်၊🌧️မိုးရွာတာပဲဖြစ်ဖြစ်သင့်အသားအရေပြားပျက်စီးခြင်းကိုမတားဆီးနိုင်ပါဘူး။ဒါ့ကြောင့် SPFပါတဲ့ Sunscreen ကိုသုံးဖို့လိုပါတယ်။

(2)အရေပြားကိုသန့်စင်ပါ။

🔘တစ်နေ့တာလုံးလှုပ်ရှားသွားလာတဲ့အခါဖုန်မှုန့်တွေနဲ့အညစ်အကြေးတွေသင့်အရေပြားမှာကပ်ညှိနေမှာပါ။သင့်မျက်နှာမှာလည်းမိတ်ကပ်နဲ့ချွေးတွေကြောင့်ချွေးပေါက်တွေကိုပိတ်ဆို့စေမှာပါ။ဒါ့ကြောင့်အိပ့်ယာမ၀င်ခင်မှာ မိတ်ကပ်ကိုဖြတ်ဖြစ်အောင်ဖြတ်ပြီးမှအိပ့်ပါ။

(3)ချေးချွတ်ပါ။

🔘သင့်အရေပြားကိုဆဲလ်တွေဖယ်ရှားဖို့တစ်ပတ်မှာနှစ်ကြိမ်ဒါမှမဟုတ်တစ်ကြိမ်ခန့်တော့ချေးချွတ်သင့်ပါတယ်။ဒါမှချွေးပါက်တွေပွင့်ပြီးသင့်အရေပြားမှာအစိုဓာတ်ရှိနေဖို့လွယ်ကူစေမှာပါ။

(4)အစိုဓာတ်ထိန်းခရင်လိမ်းပါ။

🔘မိုးတွင်းမှာမိုးစိုထိမ်းမှုကသင့်အရေပြားကိုပိုခြောက်သွေ့စေပါတယ်။အရေပြားကိုအာဟာရပြန်လည်ဖြည့်တင်းပေးနိုင်တဲ့အစိုဓာတ်ထိန်းခရင်လိမ်းသင့်ပါတယ်။အဆီပြန်တဲ့သူတွေအတွက်တော့ရေဓာတ်အခြေခံတဲ့ခရင်မျိုးလိမ်းပေးသင့်တယ်။

(5)ရေများများသောက်ပါ။

🔘ရေဓာတ်ပြည့်ဝနေစေဖို့ တစ်နေ့ကိုရေဖန်ခွက် ၈ခွက်ခန့် သောက်သုံးသင့်ပါသည်။အရေပြားမှာရေဓာတ်မပြည့်ဝတဲ့အခါဖြူဖျော့နေပြီးအားမရှိသလိုဖြစ်နေပါလိမ့်မယ်။

(6)သင့်တော်တဲ့အစားစာကိုစားပါ။

🔘Healthy fatတွေပါဝင်တဲ့ အစားအစာတွေကိုစားသုံးသင့်ပါတယ်။Healthy fat ပါတဲ့ အစားစာတွေကသင့်ရဲ့ပျက်စီးနေတဲ့အရေပြားတွေကိုပြုပြင်ပေးပြီးသင့်အရေပြားအစိုဓာတ်ကိုထိန်းသိမ်းပေးထားနိုင်ပါတယ်။ဥပမာ-ထောပတ်သီး၊ဗံဒါစေ့၊သံလွင်ဆီ၊ဟင်းသီးဟင်းရွက်ဆီ၊ဆောလမွန်ငါး၊ဆာဒင်းနှင့်ထရောက်ငါး။

(7)ခြေဖ၀ါးကိုပိတ်လှောင်ထားသလိုဖြစ်စေတဲ့ဖိနပ်မျိုးမစီးသင့်ပါ။

🔘သင့်​ခြေဖ၀ါးကိုပိတ်လှောင်ထားသလိုဖြစ်စေတဲ့ဖိနပ်မျိုးကိုစီးခြင်းကသင့်ခြေဖ၀ါးကိုချွေးထွက်စေနိုင်ပါတယ်။ထို့ကြောင့်ရေစိုစေမယ့်ဖိနပ်မျိုးနဲ့ခြေထောက်ကိုလှောင်ပိတ်စေတဲ့ဖိနပ်မျိုးထက်ပေါ့ပေါ့ပါးပါးရှိတဲ့ဖိနပ်မျိုးနှင့်ကြိုးသိုင်းဖိနပ်မျိုးစီးသင့်ပါတယ်။

(8)သင့်လက်တွေကိုမဆေးကြောပဲမျက်နှာကိုမထိပါနဲ့။

🔘မိုးတွင်းမှာအမြဲလိုစိုစွတ်နေတာကြောင့်ဘတ်တီးရီးယားနှင့်ပိုးမွှားတွေပေါက်ဖွားလွယ်ပါတယ်။အဲ့ဒါ​ကြောင့်လက်ကိုမဆေးကြောပဲသင့်မျက်နှာကိုကိုင်တွယ်တာမျိုး၊ကုတ်ဖဲ့တာမျိုးမလုပ်သင့်ပါဘူး။

(9)သင့်အရေပြာကိုသန့်ရှင်းပါ။

🔘သင့်အရေပြားကိုသန့်စင်ဖို့အရက်ပြန်မပါတဲ့
ပစ္စည်းမျိုးကိုသုံးသင့်ပါတယ်။အရက်ပြန်မပါတဲ့သန့်စင်ပစ္စည်းကသင့်အရေပြားရဲ့ PH balanceကိုမျှတစေပြီးသင့်အရေပြားကိုပိုမိုကြည်လင်စေပါတယ်။

(10)ခေါင်းလျှော်ပေးပါ။

🔘အခြားရာသီမျိုးမှာတော့တစ်ပတ်မှာနှစ်ကြိမ်ခန့်ခေါင်းလျှော်ပေမယ့်မိုးတွင်းမှာတော့ပိုပြီးအကြိမ်ရေများများလျှော်သင်ပါတယ်။ခေါင်းမလျှော်ပဲထားခြင်းကသင့်ခေါင်းကိုမိုးရေနဲ့ချွေးနဲ့ရောပြီးချွေးပေါက်တွေပိတ်ဆို့စေနိုင်ပါသည်။ဘတ်တီးရီးယားတွေလဲပေါက်ဖွားနိုင်ပါတယ်။

🙏ကျေးဇူးတင်ပါတယ်🙏

11/08/2020

SUNSCREEN ကို ဘယ်အချိန်မှာ သုံးမလဲ... ☀☀

❌ လူအတော်များများထင်ထားတဲ့ sunscreen ကို နေပူထဲထွက်မှသုံးရမယ်ဆိုတာ မှားယွင်းနေပါတယ်လို့ပြောချင်ပါတယ်။ ❌

☀️☀️ Ultraviolet rays တနည်း electromagnetic radiation ဆိုတာ နေရောင်ခြည်မှအပြင် ကိုယ်တွေနေ့စဉ်သုံးနေတဲ့ ဖုန်း ကွန်ပြူတာ တီဗီ၊ အနီအောက်ရောင်ခြည် ကင်မရာ၊ လျှပ်စစ်မီး ၊microwaves စတာတွေကနေလည်း အဲ့ဓါတ်တွေထွက်နေလို့ အေးအေး၊ ပူပူ ကာကွယ်ဖို့ရာက sunscreen ကို အမိုးအောက်ထဲမှာနေလည်း အသုံးပြုသင့်ပါတယ်။

☀ Sun Cream ဆိုတာ ဘာလဲ ?
😇ဘယ်လိုလူတွေ လိမ်းရတာလဲ ?
👫ကျား မ ခွဲ သေးလား ?

Sun cream (or) Sunscreen =နေလောင်ကာခရင်

UV rays တွေကို ကာကွယ်တဲ့ လုပ်ဆောင်ချက်ကို
လုပ်ပေးတာပါ သူ့ကို လိမ်းပေးမှ တင်းတိပ် မှဲ့​ခြောက်o
အမည်းစက်တွေ မထွက်မှာပါ မလိမ်းပဲ နေလို့မရပါဘူး

Sun cream က မနက်ပိုင်းလိမ်းရတာပါ
မျက်နှာသစ်ပြီးတာနဲ့
toner
Serum
Moisture
Sunscreen ပါ အိမ်ထဲနေလဲ အဲ့လေးဆင့်ကလိမ်း
ကိုလိမ်းရမှာပါပဲ

ဘယ်လိုလူတွေလိမ်းရလဲဆိုတော့
က​လေး သူငယ်​ က​နေပြီး အသက်​ ​ခြောက်​ဆယ်​​ကျော်​ထိ လိမ်းသင့်​ပါတယ်

သူ့အရွယ်နဲ့ သူ ထုတ်ထားတဲ့ sun cream တွေရှိပါတယ် ကို့အသားရေနဲ့ အသက်ရွယ်နဲ့ လိုက်တဲ့ sun cream
ကိုရွေး ချယ်ဖို့ လိုပါတယ်

ကျား မ မရွေး လိမ်းရပါမယ်
မိတ်ကပ်သား မပါဖို့သေချာရွေးပါ
Sun cream မိတ်ကပ်သား ပါရင် ယောကျာ်း လေး
တွေအတွက်ဆို အဆင်မပြေ လောက်ပါဘူး 😁

UVAနဲ့ UVB

UVA -ultra violet radiation (long wave)က​တော့ မျက်နှာကို အိုမင်းခြင်း(Aging)ကို ဖြစ်စေပါတယ်

UVB- ultra violet radiation (short wave)က​တော့ မျက်နှာအရေပြား နီမြန်း(Redness) တွေ ဖြစ်ပေါ်စေပါတယ်
ဒါအပြင် Skin cancer , တင်းတိတ်, skin aging တွေကိုပါ ဖြစ်စေပါတယ်

ဒါဆို ကျွန်မတို့ သုံးနေကြတဲ့ Sun creamတွေက UVAရော UVBရော ကာကွယ်ပေးရဲ့လား ဆိုတာ စဉ်းစားစရာပါပဲနော်...

SPF (Sun Protection factor) 15,30,50++ တွေ အနီးအနား cosmetic ဆိုင်တွေမှာ တွေ့ဖူးကြမှာပါ.

suncream က SPF များလေလေ နေရောင်ခြည်ကို ကာကွယ်ပေးလေလေ ?


SPF 15 > 93%
SPF 30> 97%
SPF 50> 98% ကိုပဲ ကာကွယ်ပေးတာမလို့ SPF 15နဲ့ SPF 50က သိပ်မကွာပါဘူးနော် ၅%ဘဲ ကွာပါတယ်

(Higher SPF does not protect much Sunlight )

Sun cream တစ်မျိုးရဲ့ SPF (Sun protection factor)က Suncream က နေရောင်ခြည်ကို ဘယ်လောက် ကြာကြာ ကာကွယ်နိုင်တာလဲ ဆိုတာ ပြတာပါ

အကယ်၍ သင်ဟာ နေပူထဲ ထွက်လို့ ၁ မိနစ် အတွင်း နေလောင်ပြီဆိုရင်တော့ SPF 15> 15 mins, Spf 30> 30mns , Spf 50>50mins ခံပါတယ်နော်

ပြောချင်တာက SPF များတာက ပိုကာကွယ်တာမဟုတ်ဘဲ အချိန် ကြာကြာ ပို ကာကွယ်​တာကို ပြောတာပါနော်

ဈေးကြီးတဲ့ Suncream တွေက ပို ထိရောက်ပြီး ပို ကာကွယ်ပေးတာလား ??
အဖြေ ~ နိုးပါ (ဈေးကြီးတိုင်း ပို ကာကွယ်ပေးတာ မဟုတ်ပါဘူး)

Higher SPF မြင့်ရင် အသားအရည် ပိုထိခိုက်နိုင်လား ??
အ​ဖြေ ~ နိုးပါ (SPF မြင့်တိုင်း အသားအရည်ကို မထိခိုက်စေပါဘူး အချိန် ပိုကြာကြာ ကာကွယ်ပေးပါတယ်)

foundation /cushion / Base / Tone up cream/ သနပ်ခါးကို လိမ်းထားရင် Sun cream လိမ်းစရာ မလိုဘူးလား ??
အဖြေ ~ နိုးပါ (Foundation မှာ Sun protection ပါပေမယ့် Suncreamမှာ ပါသလောက် မကာကွယ်နိုင်ပါဘူး)

ကဲ ဒါဆို Sunscreen အကြောင်း​လေးလည်း ​သိပြီ​ဆို​တော့
Sunscreen ​လေးသုံးပြီး အ​ရေပြားပြသနာ​တွေ​တွေကို ကာကွယ်​ကြပါစို့ 😍😍


အမြဲမျှ​ဝေလိုသူ😇

10/08/2020

Tonerအ‌ကြောင်း သိကောင်းစရာ😍

✍️အရင်ကဆိုရင်_toner_ကိုလုံးဝ_မလိုအပ်ဘူးထင်ခဲ့တာ

✍️အရည်လိုပဲ ဘာမှ ထူးခြားမှု မရှိဘူးပေါ့

✍️တကယ် skin care သုံးပြီး

✍️ တကယ်လေ့လာကြည့်တော့မှ

✍️အသားအရေ ထိန်းသိမ်းမှုအပိုင်းမှာ toner က

✍️အခြေခံအကျဆုံးထဲက တစ်ခုဆိုတာ သိလာရတယ်

🌞 နေ့ဘက်မိတ်ကပ်လိမ်းတဲ့အခါ_toner_လိုအပ်သလို

🌓ညဘက်အိပ်ခါနီးအားဖြည့်ရည်တွေမသုံးခင်

✍️toner ဆိုတာ မဖြစ်မနေ

✍️သုံးသင့်တဲ့အရာဆိုတာ လုံးဝ နားလည်လာတယ်

✍ သုံးနည်းလေးပါပြန်_Copy_ပေးထားပါတယ်နော်
👇👇👇👇👇👇👇

✍️ တိုနာလိမ်းနည်း

❓အမေး။......တိုနာကလေ မျက်လုံးတဝိုက်နဲ့

🤔 မေးစေ့တဝိုက်ချန် သုံးရတယ်ဆိုတာ

❓ဟုတ်ပါသလား ဆရာ..

✅ အဖြေ။......

🤭 တိုနာလိမ်းတဲ့အခါ မျက်နှာတပြင်လုံးလိမ်းရပါတယ်။

✍️ အထူးသဖြင့် မေးစေ့၊ ပါးပြင်၊နှာခေါင်းနဲ့

🤭 ဆံသယ်စတွေကို သေချာလိမ်းပေးရတယ်။ သို့သော်

🤫 မျက်လုံး၊ မျက်ခွံနဲ့ နှုတ်ခမ်းကိုတော့ ချန်ထားရမယ်။

🤗 တိုနာလိမ်းတဲ့အခါ လက်နဲ့လိမ်းကြတယ်။ မှားတယ်။

✍️ တကယ်က တိုနာသုံးတဲ့အခါ ဂွမ်းစနဲ့လိမ်းမှ

💋 အညစ်အကြေး၊ ပိုးမွှား ၊ အဆီနဲ့ မိတ်ကပ်တွေ

🌝 ကင်းစင်မှာဖြစ်တယ်။

🤗 ဂွမ်းစ၊ဂွမ်းဖတ်နဲ့ သုံးတဲ့အခါ အရည်ကို ရွှဲနစ်နေအောင်

✍️စိမ်ပြီး မသုံးရဘူး။ အနေတော်လောက်ထည့်ပြီး

✍️သုံးရတယ်။ ဂွမ်းစမှာမဲလာရင် အသစ်ပြောင်းသုံးပါ။

🤗 လိမ်းတဲ့အခါ စက်ဝိုင်းပုံလိမ်းပါ။

👆 သတိပြုရမှာက တိုနာသုံးပြီး တခြား skin care

✍️ ချက်ချင်းမသုံးပါနဲ့။ အနည်းဆုံးခြောက်အောင်

🕓 တစ်မိနစ်ထားပြီးမှ တခြား skin care ဆက်သုံးရမယ်။

Credit - ဒေါက်တာ အေးမင်းထူး

Photos from Beauty Secret's post 09/08/2020

Toner ကို မဖြစ်မနေသုံးသင့်လား❓❓
~~~~~~~~~~~~~~~~~~~~~~~~
အားလုံးပဲ မဂ်လာပါရှင်...

ဒီနေ့မှာတော့ Tonerကိုဘာကြောင့်သုံးသင့်လဲ ဆိုတာကို မျှဝေပေးပါမယ်ရှင်

အခုဆိုရင် မိန်းကလေးအများစု မိတ်ကပ်လိမ်းလာကြတယ် မိတ်ကပ်လိမ်းပီ ဆိုတာနဲ့ Toner က မဖြစ်မနေသုံးရမယ့် skin care stepတခုပါ

No! သမီးကတော့ သနပ်ခါးပဲလိမ်းတယ်
Toner မသုံးဖူးလို့ မပြောလိုက်လေနဲ့နော်
သနပ်ခါးလိမ်းလဲ Toner သုံးကိုသုံးရမယ်

ဘာကြောင့် Tonerကအခုလိုအရေးပါရသလဲ❓
Toner သုံးရင် ဘာအကျိုးရမှာလဲ❓

ဒီလိုမေးလာရင်တော့ အဖြေကဒီလိုပါ👇
Toner သုံးရင်
✔မျက်နှာသစ်ပီး ကျန်နေတဲ့အညစ်အကြေးကို
သန့်စင်ပေးတယ်
✔ချွေးပေါက်ကျယ်ခြင်း ကို ကာကွယ်ပေးတယ်
ဒါ့အပြင် ပုံမှန်သုံးပေးရင် ကျယ်နေတဲ့
ချွေးပေါက်ပါ ပြန်ကျဉ်းစေတယ်
✔မျက်နှာပေါက အဆီဖု ဖြစ်စေတဲ့
အဆီပေါက်လေးတွေကိုလဲ ကျဉ်းစေတယ်
✔PH level ကိုလဲ ညှိုပေးတယ်

ကဲ ဒီလောက်ဆိုရင်တော့ Toner သုံးသင့်ပီနော်

အခု မင်​မင်​ ဝေမျှပေးခဲ့တဲ့အကြောင်းရာလေးကို သဘောကျတယ် ..အသုံးဝင်တယ်ဆိုရင်
သဲလေးတို့ရဲ့ချစ်ခင်ရသူတွေအတွက်လဲ ပြန်လည်မျှဝေပေးလိုက်ပါဦး နော်

Love U...❤
သဲလေးတို့လဲ အလှတွေပိုတိုးကြပါစေရှင်...


#တိုနာ

05/08/2020

လှပတဲ့မျက်နာလေးဖြစ်စေဖို့🤔Why remove your make up and cleanse your face❓

မိတ်ကပ်ဖျက်ခြင်း နဲ့ မျက်နှာကို 💧‘Cleansing’ လုပ်ပေးခြင်းဟာဆိုရင် မျက်နှာအသားအရေလှပဖို့အတွက် တထောင့်တနေရာကနေ ပါဝင်အားဖြည့်ပေးနေတဲ့ နေ့စဉ် ‘Skin Care Routine’ ထဲက ၁ခု ဖြစ်ပါတယ်…
မိတ်ကပ်ဖျက်ခြင်းဟာ လျင်မြန်စွာအိုမင်းရင့်ရော်ခြင်းနဲ့ အရေပြား ယားယံမှုတွေကို ဖြစ်စေသော မျက်နှာအသားအရေပေါ်မှာရှိတဲ့ မသန့်ရှင်းတဲ့ 💨 ဖုန်မှုန့် အညစ်အကြေးများကို ဖယ်ရှားပေးနိုင်ပါတယ်…

ပြီးရင်သဲတို့ရဲ့ မျက်နှာပြင်ပေါ်မှာရှိတဲ့ 🌚 ဝက်ခြံတွေ ၊ အနီစက်အင်ပြင်တွေ ၊ ဆားဝက်ခြံနဲ့ အခြားသော အရေပြားပြဿနာတွေကို လျော့ကျစေပါတယ်… ဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးပြီး ✨အသစ်သစ်သော အရေပြားကို ပြန်လည်ဖြစ်ပေါ်စေပါတယ်..
‘Cleansing’ လုပ်ရင်း မျက်နှာကို💆‍♀️ နှိပ်နယ်ပေးခြင်းအားဖြင့်လည်း အရေပြားလည်ပတ်မှုနှုန်းအားကို လှုံ့ဆော်ပေးနိုင်ပြီး အရေပြား အပေါက်လေးတွေကို ရှင်သန်ခွင့်ပေးပါတယ်…
✔️မိတ်ကပ်လိမ်းထားသည်ဖြစ်စေ ၊ ✖️မလိမ်းထားသည်ဖြစ်စေ မျက်နှာကို ‘Cleansing’ မှန်မှန်လုပ်ပေးဖြင်းဖြင့် လန်းဆန်းပြီး စိုပြေနူးညံ့သော အသားအရေကို ပိုင်ဆိုင်ရမှာဖြစ်ပါတယ်…😊

⏰ဘယ်လိုအချိန်တွေမှာ ပြုလုပ်ပေးရမှာလည်း?
တနေကုန်အပြင်ထွက်ပြီး 🌚 ညနေအိမ်ပြန်လာချိန်နဲ့ 🌞မနက်ပိုင်း အိပ်ရာ နိုးချိန်တွေမှာ မျက်နှာကို ‘Cleansing’ လုပ်ပေးသင့်ပါတယ်…

💯ဘယ်လိုအသုံးပြုပေးရမှာလည်း❓
1️⃣️ လက်ကိုစင်ကြယ်စွာ ဆေးကြောပါ…
2️⃣️ Cotton Pad (ဂွမ်းဖတ်) လေးထဲကို make Up remover (Cleansing Gel သို့မဟုတ် Cleansing Cream သို့မဟုတ် Cleansing Water) ကို ပမာဏအနည်းငယ် ထည့်ပေးပါ..
3️⃣️ Cotton Pad လေးနဲ့ မျက်နှာအနှံ့စက်ဝိုင်းပုံဖြည်းညင်းစွာ ပွတ်ပေးပါ။ ဒီနေရာမှာ လုံးဝ ကြမ်းကြမ်းတမ်းတမ်း ပွတ်မမိပါစေနဲ့နော်…
4️⃣️ မိတ်ကပ်တွေနဲ့ အညစ်အကြေးတွေ ‘Cotton Pad’ ပေါ်ကို ပါလာသည်အထိ ပြုလုပ်ပေးပါ…
5️⃣️ ပြီးရင်တော့ Facial Foam လေးနဲ့ မျက်နှာသန့်စင်ပေးပါ…
6️⃣️ မျက်နှာသန့်ရှင်းသွားပြီဆိုရင်တော့ Toner လေးကို ‘Cotton Pad’ လေးထဲထည့်ပြီး မျက်နှာ ‘Moisturizer’ ပြန်ရဖို့နဲ့ အသားအရေကို ရေဓာတ်ပြန်လည်ပြည့်ဝအောင် ထိန်းသိမ်းပေးပါ…

⛔သတိထားပေးရမှာက ပုံမှန်ကိုယ်တိုက်ဆပ်ပြာများနဲ့ ရေချိုးဆပ်ပြာဆီများကို မျက်နှာအရေပြားပေါ်မှာ လုံးဝမသုံးပေးပါနဲ့နော်… သဲတို့ အသုံးပြုမယ်ဆိုရင် အရေပြားခြောက်သွေ့မှုကိုပိုမိုဖြစ်ပေါ်စေပြီး အရေပြား ကာကွယ်ပေးတဲ့ ဆဲလ်တွေကို ဖျက်ဆီးစေမှာ ဖြစ်ပါတယ်…⛔

👁️For Eyes Make up ❗
သဲလေးတို့ရဲ့ မျက်လုံးဧရိယာကို Cleansing လုပ်မယ်ဆိုရင်တော့ မျက်လုံးဧရိယာအတွက် သီးသန့်ထုတ်လုပ်ပေးထားတဲ့ ‘Eye Make up remover’ လေးတွေကို ရွေးသုံးပေးပါ.. မျက်လုံးအရေပြားဟာ သာမန်နေရာတွေထက် ပါးလွှာပြီး အလွန် Sensitive ဖြစ်တတ်တာမို့ပါ… သဲတို့က မျက်တောင်မွှေးအတွက် ‘Water proof Mascara’ သုံးထားတယ်ဆိုရင်တော့ 💧‘အဆီ’ကို အခြေခံပြီး ထုတ်ထားတဲ့ ‘Oil-based Make Up Remover’ ကို အသုံးပြုပေးသင့်ပါတယ်နော်…

သဲတို့ အားလုံး 😍Cleansing ပုံမှန်လုပ်ပေးရင်း လှပသော အသားအရေလေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်
ကိုယ်ဖတ်ပြီးပြီဆိုရင်လည်း တခြားသူငယ်ချင်းလေးတွေ သိအောင်လည်း မျှဝေပေးဖို့ မမေ့နဲ့နော်
✌️‘Sharing is Caring’✌️

အမြဲမျှ​ဝေလိုသူ😇

31/07/2020

ပျို​မေတို့အတွက်​သာမက အမျိုးသားများပါသိထားသင့်​တဲ့ ​ချွေး​ပေါက်​ကျယ်​ခြင်းပြသနာ 💛

27/07/2020

ချစ်​တို့ ​ရေ ❤❤❤
Toner အ​ကြောင်း​လေး ​ပြောပြမယ်​​နော်​ 😉😉

Toner ရဲ့ အသုံးဝင်ပုံ
၇ှင်းပြပေးထားပါတယ်နော်✔ ✔ ✔ ✔
admin တို့သိထားတဲ့ အတိုင်း Skincare ရဲ့ Basic Steps ကတော့ Toner သုံးတာပါ။
ကိုယ့်အသားအရည်ကိုယ်ဂရုစိုက်ချင်တဲ့ သူတိုင်းနဲ့ မိတ်ကပ် အမြဲတမ်းလိမ်းနေရတဲ့ သူတိုင်းအတွက်တော့ Toner က
မရှိမဖြစ်လိုတဲ့ skincare လေးနော် ချစ်တို့။

ဘာကြောင့် မသုံးမဖြစ်သုံးသင့်လဲဆိုတာက အောက်မှာ
ရေးပြထားပါတယ်။

ဘယ်လိုသုံးရမလဲ
- မျက်​နှာသစ်​ပြီး မျက်​နှာသုတ်​ပုဝါနဲ့  ညင်​သာစွာ သုတ်​​ပေးရပါမယ်
- တိုနာဂွမ်း လေးနဲ့ စွတ်ပြီး မျက်နာ အပေါ်ဘက်ကို ပင့်ပြီး ညှင်သာစွာပွတ်ပြီးသုံးပေးရမယ်။

ဘယ်အချိန်သုံးရမလဲ
- မနက်ခင်းမျက်နာသစ်ပြီးတစ်ခါ ညခင်းအိပ်ခါနီးတစ်ခါ သုံးသင့်ပါတယ်။

Toner ကဘာတွေအတွက်ကောင်းတာလဲ // သိထားရမယ့် Toner အကြောင်း

1. Toner ကို အဆီပြန်တဲ့ အသားအရည်သမားတွေနဲ့ ဝက်ခြံထွက်တတ်တဲ့သူတွေ ကတော့ မသုံးမဖြစ်ကို သုံးပေးရပါတယ်။
2. ဘာဖြစ်လို့လဲဆိုတော့ Toner ဟာချွေးပေါက်တွေကိုကျဉ်းသွားအောင် လုပ်ဆောင်ပေးနိုင်လို့ပါ။ပြီးတော့ မျက်နာမှာရှိတဲ့ အဆီတွေ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ပါသေးတယ်။
3. တကယ်လို့ Toner ဝယ်မယ်ဆိုရင် Alcohol free လား Alcohol ပါလား ဆိုတာ ရွေးဝယ်ဖို့လဲပြောချင်ပါတယ်။
4. Alcohol free toner ကတော့ ချွေးပေါက်ကျဉ်းဖို့အဓိကလုပ်ဆောင်ပေးပြီး sensitive အသားအရည်တော်တော်များများနဲ့လဲ အဆင်ပြေပါတယ်နော်။
5. လူတစ်ယောက်ရဲ့ မျက်နာအသားအရည်အတွင်းပိုင်းမှာ PH level 5 ကနေ 6 အထိ ပုံမှန်ရှိပြီးတော့ မျက်နာသစ်ဆပ်ပြာတွေနဲသစ်လိုက်တဲ့အခါ PH level လျော့သွားတာမျိုးဖြစ်တတ်တယ်တဲ့ချစ်တို့။ အဲ့လို လျော့သွားတဲ့ PH level ကိုပြန်ရအောင် Toner က ပုံမှန်ပြန်ဖြစ်အောင်စွမ်းဆောင်ပေးနိုင်ပါတယ်တဲ့။
6. တချို့Toner တွေမှာ မျက်နာအသားအရည်ကို စိုစွတ်အောင်လုပ်ပေးနိုင်တဲ့ အာနိသင်ပါ ပါတာကြောင့် moisturizer တစ်ခုလိုလဲ ပေးစွမ်းနိုင်ပါတယ်။
7. ပြီးတော့ Toner မှာ gylcolic acid ပါဝင်တာဖြစ်လို့ မျက်နာမှာ အမွှေးနုတွေပေါက်တာကို သက်သာစေနိုင်သေးတယ်တဲ့ချစ်တို့😍😍
အားလုံးပဲလှနိုင်ကြပါစေနော်

27/07/2020

တော်​ပြီ မမှာ​တော့ဘူး 😣😂
crd

22/07/2020

ဒါတွေလုပ်ရင် 💯💯ဝက်ခြံလုံးဝမပျောက်ဘူး
❌❌❌❌

#မိတ်ကပ်မဖျက်ပဲနေတယ် 🤔🤔
သေချာမလုပ်ဘူး ❎❎
#အပူအစပ်တွေအရမ်းစားတယ် 😎😎😎
#အဆီပြန်နေတဲ့ ဆံပင်ကြီးကို မျက်နှာနဲ့ထိနေအောင်ထားတယ် 🤷‍♂️🤷‍♂️🤷‍♂️
#ခေါင်းအုံးစွပ်မလဲဘူး 🤦‍♀️🤦‍♀️🤦‍♀️🤦‍♀️
#အဆီအစိမ့်တွေစားတယ် 😭😭😭
#၀မ်းမနှုတ်ဘူး 💯💯💯💯
#ရေမသောက်ဘူး 👌👌👌👌👌

အာ့လိုတွေဆိုရင်တော့ ၀က်ခြံပျောက်ဆေး ဘယ်လောက်သုံးသုံးမပျောက်ပါဘူးနော်😁😁😁
သိဖို့

17/07/2020

"အခြေခံ အသားအရည် ထိန်းသိမ်းနည်း"

ချစ်​တို့ရေ
Makeup ဆိုတာ ချစ်​တို့ရဲ့ လှပတဲ့ မျက်နှာလေး ပိုလှသွားအောင် အပေါ်ယံချယ်မှုန်းတာ ဖြစ်ပြီး Skincare ဆိုတာကတော့ ကိုယ့်ရဲ့ အသားအရည် အရွယ်မတိုင်မီ အိုမင်းပျက်စီးခြင်း မဖြစ်အောင် ကာကွယ်ထိန်းသိမ်းခြင်းဖြစ်ပါတယ်......
makeup မလိမ်းဘဲ နေလို့ရပေမယ့် skincare ကတော့ ကြီးကြီးငယ်ငယ် ပျိုပျိုအိုအို ကျားမ မရွေး လုပ်သင့်တဲ့ အရာတစ်ခုပါ.....ဒါကြောင့် လုပ်ဆောင်ရမယ့် အဆင့်တွေကို မျှဝေပေးလိုက်ပါတယ်......

1. Cleansing (သန့်စင်ခြင်း)
2. Exfoliation (ချေးချွတ်ခြင်း)
3. Toning ( အသားအရည် ထိန်းညှိခြင်း)
4. Moisturizing (ရေဓာတ်ဖြည့်ခြင်း)
5. Protection ( ကာကွယ်ခြင်း)

လူအများစု အဆင့် 1,3,4 ဘဲ ပြုလုပ်ကြတာများပါတယ်...... ဒါပေမယ့် 2,5 ကလည်း လုပ်ရမယ့် အဆင့်တွေပါ.....

1. Cleansing

ဒီအဆင့်က လူတိုင်းလုပ်ကြတဲ့အဆင့်ပါ......တစ်ခုရှိတာက cleanser ရွေးချယ်မှု အပိုင်းပါ......ဈေးကွက်​မှာ cleanser type အမျိုးမျိုးရှိပါတယ်......Foam cleanser,gel cleanser,milk cleanser,lotion cleanser စသဖြင့်ပေါ့......ကိုယ်နဲ့သင့်တော်ရာကို အသုံးပြုနိုင်ပါတယ်......
dry skin သမားတွေက foam cleanser မသုံးသင့်ပါဘူး အဲဒါက အသားအရည်ကို ပိုခြောက်သွေ့စေပါတယ်......oil skin ကတော့ milk cleanser ကို ရှောင်သင့်ပါတယ် ရေဓာတ်တအားများလို့ပါ......

2. Exfoliation (Scrub)

ဒီအဆင့် မေ့လျော့နေတဲ့ သို့မဟုတ် မလိုအပ်ဘူး ထင်တဲ့ အဆင့်ပါ......Scrub လုပ်တယ်လို့ အသိများပါတယ်......အရည်ပြားဆဲလ် တွေဟာ အသစ်သစ် အမြဲဖြစ်ပေါနေပြီး ဟိုးအတွင်းပိုင်းအလွှာက ဆဲလ်တွေဟာ အပေါ်ကို ၂၈ရက်အတွင်း တက်လာပါတယ်......အဲ့အချိန်မှာ အပေါ်ဆုံးအလွှာက ဆဲလ်အဟောင်းတွေဟာ ကွာကျကုန်တယ်......
အဲဒီ ဆဲလ်ဟောင်းတွေကို သာမာန် ရိုးရိုးcleanser နဲ့ဘဲ သုံးမယ်ဆိုရင် အကုန်မဖယ်ရှားနိုင်ပါဘူး......ဆဲလ်အဟောင်းတွေစုလာရင် ချွေးပေါက်တွေ ပိတ်လာပြီး တင်းတိတ် ၊ ဝက်ခြံ ၊ ဆားဝက်ခြံ တွေဖြစ်လာ နိုင်ပါတယ်.....ဒါကြောင့် မျက်နှာရော ခန္ဓာကိုယ်ပါ ပုံမှန် တစ်ပတ် သုံးကြိမ် ဒါမှ မဟုတ် အနည်းဆုံး တစ်ပတ်တစ်ကြိမ် scrub လုပ်သင့်ပါတယ်.....

3. Toning

Toner ကို အရင်တုန်းက သိပ်မသိကြပေမယ့် အခုဆိုရင်တော့ လူတိုင်းသုံးနေတဲ့ skincare တစ်ခုဖြစ်လာပါပြီ.....မျက်နှာသစ်ပြီးပြီးချင်း လိမ်းရတာပါ.....ချွေးပေါက်တွေကို ကျဉ်းစေဖို့ သုံးကြပေမယ့်လို့ Toner ရဲ့ အသုံးဝင်ပုံက အဲဒါထက် ပိုပါတယ်.....သူက အဓိက အသားအရည်ရဲ့ PH level ကိုထိန်းညှိပေးတာပါ.....အရေပြားဟာ ပုံမှန် PH 7 ရှိရပါမယ်.....ဒါပေမယ့် cleanser တွေသုံးပြီးတဲ့အခါ သူ့အမျိုးအစားပေါ်မူတည်ပြီး acid သို့မဟုတ် alkali ဓာတ်တွေကျန်ခဲ့တဲ့အတွက် ပြန်ညှိပေးဖို့ Toner သုံးရပါတယ်.....
နောက်သူ့ရဲ့ အသုံးဝင်ပုံတွေကတော့ မျက်နှာသစ်ပြီးလို့ ကျန်နေသေးတယ် အညစ်အကြေး အကြွင်းအကျန်တွေကို ဖယ်ရှားပေးတယ်.....နောက်လိမ်းမဲ့ moisturizer တွေအတွက် အရည်ပြားကို အသင့်ဖြစ်စေတယ်.....Toner ဝယ်မယ်ဆိုရင်တော့ alcohal ပါတဲ့ဟာကို ရှောင်ပါ..... alcohol က ဘာအကျိုးမှ မဖြစ်တဲ့အပြင် အသားအရည်ကိုပါ ခြောက်သွေ့စေပါတယ်.....

4. Moisturizing

ဒီအဆင့်ကတော့ ကျယ်ပြန့်ပြီး လူတိုင်း လိမ်းကြတဲ့ အဆင့်ပေါ့.....သူ့အတွက် ပစ္စည်းတွေက များလွန်းလို့ ကိုယ်နဲ့ အဆင်ပြေတာကို လိမ်းပါ.....serum, hydrating lotion,emulsion,cream စသဖြင့်ပေါ့.....တချို့ကလည်း တစ်ခုထဲသာမက သုံးလေးမျိုး တစ်ခါတည်းလိမ်းကြပါတယ်.....သုံးလေးမျိုး လိမ်းမယ်ဆိုလည်း ဘယ်ဟာအရင်လိမ်းရမလဲကလည်း အရေးကြီးပါတယ်.....
အရည်ပြားက ရေမြုပ်နဲ့တူပါတယ် အရင်ဆုံး အရည်ပုံစံ ကိုလိမ်းပါ စုပ်ယူရလွယ်ကူပါတယ်.....နောက်မှ cream ပုံစံ ပြီးရင် ပစ်တဲ့ အနှစ်ပုံစံကို အစဉ်အတိုင်းလိမ်းပါ.....နောက်မမေ့ဖို့က မျက်လုံးတစ်ဝိုက်အတွက်လဲ Eye creamလေး လိမ်းပေးဦးနော်.....

5. Protection (Suncream)

ဒါလည်း အရေးကြီးတဲ့ အပိုင်းပါ.....အရှေ့က အဆင့်တွေ အကုန်လုပ်ပြီး ဒါမလုပ်ရင် လုပ်ထားတာတွေ အလကားဖြစ်ကုန်မှာပါ.....သန့်ရှင်းရေးလုပ်ပြီး တံခါးမပိတ်မိရင် ဖုန်တွေပြန်ဝင်ကုန်တဲ့ အတိုင်းပေါ့.....ဘာကိုကာကွယ် ရမလဲဆိုတော့ နေရောင်ခြည်ပေါ့.....အဲအတွက် နေရောင်ကာပါတဲ့ ပစ္စည်းသုံးရပါတယ်.....ဒါပေမယ့် spf 50 ထက်များတဲ့ ပစ္စည်းကိုရှောင်ပါ အသားအရည်ကို ထိခိုက်စေပါတယ်.....

ချစ်​တို့ရေ ဘယ်အရွယ်ဘဲဖြစ်ဖြစ် ဘာBrand ဘဲ သုံးသုံး ဒီအဆင့်တွေကိုတော့ မေ့လို့မရဘူးနော်.....အားလုံးဘဲ လှနိုင်ကြပါစေ ။

ချစ်​တို့အတွက် ချစ်စိတ်သက်သက်ဖြင့် 😍
Crd...

အမြဲမျှ​ဝေလိုသူ😇

Want your business to be the top-listed Beauty Salon in Kamayut?
Click here to claim your Sponsored Listing.

Website

Address


Kamayut