Beauty with Moh

Beauty with Moh

Share

A woman’s greatest asset is her beauty.

15/04/2022

ချွေးပေါက်ကျဉ်းအောင် ဒါတွေနေ့စဉ်လုပ်ပါ

(၁) မျက်နှာကို သန့်စင်အောင် နေ့စဉ် ပြုလုပ်ပါ။ မျက်နှာသစ်ဆပ်ပြာသုံးပြီး မနက်တကြိမ်၊ ညတကြိမ် ဆေးကြောသန့်စင်ပါ။(တနေ့ နှစ်ကြိမ်ထက် မျက်နှာပိုမသစ်ပါနဲ့)

(၂) ရှောက်ရည်နဲ့ နာနာသီးရည်ကို ဆတူရောပြီး သန့်စင်တဲ့အဝတ်တခုကို စိမ်ပါ။ အဆိုပါအဝတ်ကို ချွေးပေါက်၊အဆီဂလင်း များတဲ့ ဝက်ခြံထွက်တဲ့နေရာမျိုးမှာ တမိနစ်ကြာကပ်ပါ။ ပြီးရင် ရေနွေးနဲ့ပြန်သစ်ပါ။ အထဲမှာပါတဲ့ အင်ဇိုင်းဓာတ်က မျက်နှာကို သန့်စင်စေရုံမက အဆီဂလင်းနဲ့ ချွေးပေါက်တွေကိုပါကျဉ်းစေတယ်။

(၃) အပျော့စား scrub ဆေးဆပ်ပြာတခုခုကို တရက်ခြားတခါ သုံးပြီး မျက်နှာသစ်ပါ။ scrub သုံးတဲ့အခါ အလွန်အကျွံပွတ်လိမ်းတာမျိုးရှောင်ပါ။ မျက်နှာပေါ် တမိနစ်ခန့်ထားပြီး ရေပြန်ဆေးပါ။ နောက်ပိုင်း တပတ်နှစ်ကြိမ်ခန့်သာ ဆက်သုံးပါ။

(၄) ဒိန်ချဉ်ကို မျက်နှာလိမ်းပြီး အပေါ်က သန့်စင်တဲ့အဝတ်တခုခု အုပ်ထားပါ။ ဆယ်မိနစ်ခန့်ထားပြီး မျက်နှာသစ်ပါ။ ဒိန်ချဉ်မှာပါတဲ့ lactic acid နဲ့ probiotic တွေက ဝက်ခြံဗက်တီးရီးယားကို ကာကွယ်ပြီး အဆီဂလင်းကို ကျဉ်းစေတယ်။ တပတ် တကြိမ်-နှစ်ကြိမ်ခန့်သာ လုပ်ပါ။

(၅) ကြက်ဥအကာကို ယူပြီး ချွေးပေါက်ကျယ်တဲ့နေရာမှာ ၁၅ မိနစ်လိမ်းထားပါ။ ပြီးရင် ရေပြန်ဆေးချပါ။ နေ့စဉ်လုပ်ခြင်းအားဖြင့် ၁-၃လအတွင်း အဆီပြန်ခြင်းနဲ့ ချွေးပေါက်ကျယ်ခြင်းကို သိသိသာသာသက်သာစေနိုင်တယ်။

အဆိုပါနည်းတွေအတိုင်း အစဉ်လိုက်ပြုလုပ်ခြင်းဖြင့် ချွေးပေါက်ကျဉ်းပြီး အဆီဂလင်းတွေ လျှော့ပါးသက်သာစေမှာဖြစ်ပါတယ်။ လူတိုင်း ဝက်ခြံ၊ အမာရွတ် ကင်းစင်ပြီး လှပချောမွေ့တဲ့ မျက်နှာလေးများ ပိုင်ဆိုင်နိုင်ကြပါစေ။

Crd - ဒေါက်တာအေးမင်းထူး

03/04/2022

#မိတ်ကပ်လိမ်းနည်း💋💄👄

မိတ်ကပ်မပါတဲ့ မိန်းကလေးကြည့်ရတာ ဆားမပါတဲ့ဟင်းတခွက်ကို စားနေရသလိုပါပဲတဲ့။ ဒါက အတွေးအခေါ်ပညာရှင် Plautus ပြောခဲ့တဲ့စကား။ တကယ်တော့ မျက်နှာအသားရေအတွက် အလှအပပစ္စည်းတွေ သုံးခဲ့ကြတာ ရှေးနှစ်ပေါင်းများစွာကတည်းက ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ မိန်းကလေးတော်တော်များများ အလှအပစိတ်ဝင်စားလာကြတယ်။ ဘယ်လောက်လှပါတယ်ဆိုတဲ့ မိန်းကလေးမဆို ပါးမှာ မိတ်ကပ်ခပ်ပါးပါး လိမ်းလာကြတယ်။ မိတ်ကပ်လိမ်းတာ ပုံမှန်အားဖြင့်တော့ မခက်ပေမယ့် စနစ်တကျ ရွေးချယ်သုံးစွဲတတ်ဖို့တော့ လိုတယ်။

မိတ်ကပ်ဘယ်လို လိမ်းမလဲ❓

☑ မိတ်ကပ်မလိမ်းခင် မျက်နှာ သန့်စင်အောင် အရင်ဆုံးပြုလုပ်ရတယ်။ မျက်နှာနဲ့ လည်ပင်းကို cleansing water နဲ့ ဂွမ်းသုံးပြီး သန့်စင်ပါ။ သန့်စင်နေတဲ့ မျက်နှာပေါ် ကျန်တဲ့အဆင့်တွေ ဆက်လုပ်သင့်တယ်။

(၁) Moisturizer
ပထမဆုံး မျက်နှာနဲ့ လည်ပင်းကို moisturizer တမျိုးမျိုးသုံးပါ။လိမ်းတဲ့အခါ နဖူး၊ ပါးပြင်နဲ့ မေးရိုးကို ခပ်ပါးပါးပုပ်ပေးရမယ်။ လိမ်းတဲ့အခါ အောက်က အပေါ်ဖက်၊ အတွင်းက အပြင်ဖက်ကို လိမ်းပေးရမယ်။ မျက်နှာတပြင်လုံးနှံ့အောင်လိမ်းပြီး ခဏစောင့်ပါ။

(၂) Foundation
ဖောင်ဒေးရှင်းရွေးတဲ့အခါ သတိပြုရမယ်။ မျက်နှာကို မကြည့်ဘဲ လည်ပင်းအသားအရေနဲ့ ကိုက်ညီတာကိုသာ ရွေးချယ်ရမယ်။ အဲဒါမှ အသားအရောင်ချင်း ရောထွေးသွားမှာဖြစ်တယ်။ ဒီအချက်က သိပ်အရေးကြီးတယ်။ မြန်မာကားတွေမှာ မျက်နှာကြီးသိပ်ဖြူနေပြီး လည်ပင်းအသားအရေမဲနေတာ မြင်ဖူးကြမယ်။ ဒီလိုမဖြစ်အောင် ဂရုစိုက်ရမယ်။ foundationကို နဖူး၊ ပါး၊ နှာခေါင်း၊ မေးရိုး စတဲ့နေရာတွေကို တဆင့်ချင်း စနစ်တကျလိမ်းရမယ်။ လိမ်းတဲ့အခါ လက်ချောင်းကိုသုံးရမယ်။ အတွင်းက အပြင်ဖက်ကို ဆွဲပြီး လိမ်းပါ။ အောက်က အထက်ကို လိမ်းပါ။

(၃) Concealer
concealer ဆိုတာ အသားအရောင် မတူညီတာကို ညှိပေး၊ဖုံးပေးတဲ့ အရည်တမျိုးဖြစ်တယ်။concealer သုံးတဲ့အခါ brush စုတ်တံသေးသေးလေးကိုသာ ရွေးသုံးရမယ်။ မျက်လုံးအောက်နေရာကို အရင်လိမ်းပါ။ ပြီးရင် မေးစေ့၊ နောက်ပြီး T-zone ခေါ်တဲ့ နှာတံနဲ့ နဖူး စသည်ဖြင့် အဆင့်လိုက် လိမ်းရမယ်။ နောက်ဆုံးမှကျမှ နှာခေါင်းတဝိုက်ကို လိမ်းသင့်တယ်။ အထူးသဖြင့် ဆောင်းရာသီမှာ အသားခြောက်တတ်တာမို့ နှာခေါင်းတဝိုက်ကို သေချာလိမ်းပေးရမယ်။ concealer လိမ်းတဲ့အခါ အလွန်စိတ်ရှည်ရမယ်။ ပြောထားတဲ့နေရာတွေကို တဆင့်ချင်း လိမ်းမှသာ အသားအရောင်ညီပြီး လှပတဲ့မျက်နှာကို ပိုင်ဆိုင်နိုင်မှာဖြစ်တယ်။

(၄) Eye shadow
eye shadowဆိုတာတော့ မျက်လုံးနဲ့ မျက်ခွံကြားမှာ အရိပ်ဖြစ်အောင် ကာလာ ခြယ်တာဖြစ်တယ်။ တကယ်က မျက်တွင်းချိုင့်တဲ့ နေရာနဲ့ တသားတည်းဖြစ်အောင် ပုံဖော်ရတာပါ။ eye shadow ဆွဲတဲ့အခါ တခါတည်းအများကြီး မဆွဲရပါဘူး၊ layer by layer တဆင့်ချင်း ကာလာတင်ပေးရတယ်။ မျက်လုံးအောက်မှာ လိုင်းသေးသေးလေးထည့်ရင် ပိုကောင်းတယ်။ မျက်လုံးက ပေါ်လာတယ်။

(၅) Mascara
mascara ဆိုတာ မျက်တောင်လိမ်းတဲ့အရည် ဖြစ်ပါတယ်။ mascara မလ်ိမ်းခင် အရည်ကို မိမိလက်ပေါ်အရင်တင်ပြီးမှာ brushအမွှေးပွနဲ့ ယူပြီး လိမ်းပေးရတယ်။ စစချင်း မျက်တောင်အခြေကနေ လိမ်းပေးသင့်တယ်။ အောက်က အထက်ကို ကော့ပြီး လိမ်းပေးပါ။ နေ့ပိုင်းလိမ်းချင်သူတွေ အညိုရင့်ရောင်ကိုသာ သုံးသင့်တယ်။

(၆) Eyebrow
မျက်ခုံးဆွဲတဲ့အခါ သတိပြုစရာတွေရှိတယ်။ မျက်နှာသွင်ပြင်ကို လိုက်ပြီး မျက်ခုံးမွှေးဆွဲပေးရမယ်။ ဘယ်ပုံစံမျိုး ဆွဲမလဲ အရင်စဉ်းစားပါ။ ပြီးရင် frame ချပါ။ မျက်ခုံးဆွဲတဲ့အခါ ကိုယ့်ပုံမှန်အသားရေထက် ဖျော့တဲ့ကာလာကို အရင်ဆုံး သုံးရမယ်။ ပြီးမှ ပိုမှောင်တဲ့ ကာလာ တဖြည်းဖြည်း တင်ရမယ်။ မျက်ခုံးပုံသဏ္ဌာန်အလိုက် ခပ်ပါးပါးစုတ်ချက်တွေ တချက်ချင်း ဆွဲပါ။ မျက်ခုံးဆွဲတဲ့အခါ မျက်ခုံးမွှေးဟာ ရှည်နေရမယ်။ ထင်းနေရမယ်။

ဒေါက်တာ အေးမင်းထူး

22/03/2022

တင်းတိတ် ဘာကြောင့်ဖြစ်တာလဲ?

တင်းတိတ်လို့ခေါ်တဲ့မျက်နှာပေါ်က
အကွက်လိုက်မဲခြင်း၊အမည်းစက်များ
ပိုများလာခြင်းကဘာကြောင့်လည်း"

မျက်လုံး၊ဆံပင်၊အရေပြားတွေကိုအရောင်အမျိုးမျိုးဖြစ်အောင်ခန္ဓာကိုယ်က
melanin ဆိုတဲ့သဘာဝရောင်ခြယ်ဓါတ်က
လုပ်ပေးတာပါ။ဒီ melanin က
လိုတာထက်ပိုပြီးထုတ်လုပ်မှု
မြင့်လာပြီဆိုရင် အမည်းစက် တင်းတိတ်တွေ
အဖြစ်ပြောင်းပြီး အရေပြားပေါ်
ရောက်လာပါတယ်။
ဒါက အများသိထားတဲ့
တင်းတိတ်၊အမည်းစက်ဖြစ်ရခြင်းရဲ့
အခြေခံအကြောင်းအရာပါ။
melanin ထုတ်လုပ်မှုကိုမြင့်မားလာစေတဲ့အကြောင်းအရင်းတွေက ဘာတွေလဲဆိုတော့"

နေရောင်ခြည်ထိတွေ့မှု
ဟော်မုန်းပြောင်းအလဲ
အသက်အရွယ်
အရေပြားဒဏ်ရာဖြစ်ခြင်း)အရေပြား
ရောင်ရမ်းခြင်း >>ဒီအခြေနေမှာ melanin ကိုထုတ်ပေးတဲ့ Melanocytes ကအလုပ်ပိုလုပ်ရတော့ Melanin ထုတ်လုပ်မူ့မြင့်မား လာရတာကို အခြေအနေနဲ့ သိထားရပါမယ်။

အရေပြားအတွက် melanin ရဲ့
လုပ်ဆောင်မှုကဘာလဲ?

Melanin က အရေးကြီးဆုံးအရေပြားမှာ
ထိခိုက်လာနိုင်တဲ့အန္တာရယ်အားလုံး၊
ရေဓါတ်လဲသိုထားပေးပြီး၊
ဆဲလ်သစ်ထုတ်လုပ်ပေးတဲ့ Epidermis လို့ခေါ်တဲ့
အပေါ်ယံအရေပြားလွှာကို
(UV/UVB/UVC)နှင့်ခရမ်းလွန်
ရောင်ခြည်ဒဏ်များမှ
ကာကွယ်ပေးပါတယ်။
အရေပြားဆဲလ်များရဲ့အရေးကြီးတဲ့
DNA ကိုမပျက်စီးစေဖို့ အဓိကကာ
ကွယ်ပေးတဲ့ ရောင်ခြယ်ဓါတ်ဘဲဖြစ်ပါတယ်။
ဒါကြောင့် melanin ဟာ အရေပြားအတွက်အရေးကြီးတဲ့အခန်းကနေထုတ်နေတာမို့
မင်မင်ကတော့ တင်းတိတ်ပျောက်ချင်လို့
melanin ထိန်းဆေးသောက်တာမျိုးထက်
melanin ထုတ်လုပ်မှုလျော့ချပေးနိုင်တဲ့
Sun Cream အသုံးပြုခြင်း
ရေကိုလုံလောက်အောင်သောက်ခြင်း ကျန်းမာစွာစားသောက်ခြင်း သဘာဝအလှကုန်များအသုံးပြုခြင်းစတာတွေလုပ်ဖို့ကို ပိုအားပေး
ချင်ပါတယ်ရှင့်။

ဒါကြောင့်တင်းတိတ်ဆိုတာ ခန္ဓာအတွင်းထဲကဖြစ်လာတာမို့ တင်းတိတ်ပျောက်ချင်လို့
အပေါ်ယံအလွန်ကျွံ လျှောက်လိမ်းတာမျိုး
ထက် ထပ်မဖြစ်ဖို့
နေရောင်ကာကိုစနစ်တကျသုံးမယ်။
melanin ထုတ်မူ့ကိုလျော့ချပေးတဲ့အစားသောက်တွေသေချာစားမယ်။
သဘာဝ skin care တွေနဲ့ Skin barrier
ကိုကျန်းမာဖို့အသုံးပြုမယ်။
ရေသေချာသောက်မယ်။
စောစောအိပ်မယ်။
အပေါ်ယံမှာ ဖြစ်နေပြီးသား ဖြစ်တဲ့အမည်းစက်၊တင်းတိတ်ကို တော့ စနစ်တကျ peeling လုပ်ခြင်းနဲ့ဖယ်ရှားမယ် ဆိုရင်ကို မင်မင်ပြောတာယုံပါ အဆင်ပြေသွားမှာ

မှတ်ချက်-သူများပြောတာယောင်ပြီးလုပ်နေမျှကာလပတ်လုံးတော့ ခဏအဆင်ပြေကောင်းပြေနိုင်ပေမယ့်ရေရှည်ကျအသားဘဲပါးပြီးစိတ်ဓါတ်ဘဲကျလာမှာပါ။တင်းတိတ်၊အမည်းစက်သက်သာဖို့ စိတ်ရှည်ပါ။

19/03/2022

Face mask အကြောင်း သိကောင်းစရာ
----------------------------------

(၁) sheet mask
အဝတ်စမျက်နှာဖုံးတွေက ဆေးရည်စိမ်ပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။ အစိုဓာတ်ထိန်းဖို့၊ အသားအရေတောက်ပစေဖို့ စသည်ဖြင့် နည်းမျိုးစုံ သုံးကြတယ်။ sheet mask တွေကို မျက်နှာပေါ်တင်ပြီး ၁၅-၃၀ မိနစ်ကြာအောင် ထားရတယ်။ sheet mask တွေသုံးတဲ့အခါ သတိပြုရမှာက ဆေးရည်မခြောက်ခင် ခွာသင့်တယ်။ မျကိနှာဖုံးခွာပြီးရင် မျက်နှာပြန်သစ်ဖု့ မလိုပါ။ ဘာ့ကြောင့်လဲဆိုတော့ ဆေးရည်အာနိသင်က ကျန်ခဲ့ဦးမှာမို့ ဖြစ်ပါတယ်။sheet mask တွေထဲမှာ My Beauty Diary, Innisfree,FANCL နဲ့ Tony Molyက လူသိများတယ်။ ဝက်ခြံထွက်သူတွေမှာ My Beauty Diary’s Strawberry Yogurt mask က တော်တော်အဆင်ပြေတယ်။ အဆီပြန်တဲ့အသားရေနဲ့ သင့်တော်တယ်။ ဒါ့ပြင် မျက်ကွင်းညို မျက်အိတ်ဖောင်းတာအတွက်လည်း eye sheet mask တွေ ရှိပါတယ်။ FANCL Moisture Lock Eye Mask က မျက်ကွင်းညိုတာနဲ့ မျက်လုံးအောက် အရေးအကြောင်းတွေကို သက်သာစေတယ်။

(၂) bio-cellulose mask
bio-cellulose mask က အဝတ်စမျက်နှာဖုံးနဲ့ ဆင်တူတယ်။ paper sheet masks တွေနဲ့ ကွာခြားသွားတာက ဂွမ်းစ၊ အဝတ်စကို သုံးတာမဟုတ်ဘဲ ဆံပင်ထက် အဆ(၁၀၀၀)ကျော် သေးငယ်တဲ့ အမျှင်ငယ်လေးတွေ(20nm)နဲ့ ပြုလုပ်ထားတဲ့ mask ဖြစ်နေခြင်းပါ။ ကောင်းတာက အဆိုပါ အမျှင်လေးတွေက သေးငယ်လို့ ရေစုပ်ယူရာမှာ အားကောင်းသလို မျက်နှာရေဓာတ်ဖြည့်တဲ့နေရာမှာလည်း အထူးအသုံးဝင်တယ်။ dry skin သမားတွေနဲ့ အထူးသင့်တော်တယ်။ For beloved one melasleep whitening bio-cellulose mask ဆိုရင် ရေဓာတ်ဖြည့်ပေးနိုင်သလို တင်းတိပ်၊မှဲ့ခြောက်ကိူလည်း သက်သာစေတယ်။အသားဖြူစေဖို့လည်း သုံးပါတယ်။

(၃) wash-off mask
မျက်နှာပေါ်လိမ်းပြီး အချိန်အနည်းငယ်ကြာတဲ့အခါရေဆေးချရတဲ့ မျက်နှာဖုံးတွေကို wash-off mask လို့ ခေါ်ပါတယ်။ အသုံးများဆုံး wash-off mask က ရွှံ့စေးမျက်နှာဖုံး(clay mask) ဖြစ်တယ်။ ဝက်ခြံထွက်၊ အဆီပြန်သူတွေ အသုံးများကြတယ်။ အဆီနဲ့ အညစ်အကြေးကို စုပ်ယူပေးရုံမက ချွေးပေါက်ကိုလည်း ကျဉ်းစေတယ်။ ဝက်ခြံသမားအတွက် mask of magnaminty တံဆိပ်က ကောင်းတယ်။ မျက်နှာဖုံးကို ၁၀-၁၅ မိနစ် ထားပြီး ရေဆေးချပါ။

(၄) peel-off mask
မျက်နှာပေါ်လိမ်းပြီး ပြန်ခွာချရတဲ့ မျက်နှာဖုံးကို peel-off mask ခေါ်ပါတယ်။ peel-off mask တွေက လိမ်းပြီး ခြောက်သွေ့သွားရင် ပလတ်စတစ်မျက်နှာဖုံးလို ကပ်သွားတယ်။ ခွာလိုက်တဲ့အခါ ဆားဝက်ခြံနဲ့အတူ ဆဲလ်သေတွေပါ ကပ်ပါလာတယ်။ ဒါ့ကြောင့် ဆားဝက်ခြံသမားတွေမှာ peel-off mask ကို သုံးကြတယ်။ charcoal peel-off mask, belif first aid transforming peel-off mask စသည်ဖြင့် အမျိုးမျိူး ရှိပါတယ်။

(၅)overnight/sleeping mask
ညအိပ်ရာဝင်လိမ်းရတဲ့ မျက်နှာဖုံးမျိုးကို sleeping mask ခေါ်ပါတယ်။ ညလုံးပေါက် လိမ်းအိပ်ရတာကြောင့် overnight pack လို့လည်း ခေါ်သေးတယ်။ sleeping mask တွေက အစိုဓာတ်ထိန်းပေးတဲ့ mask ထဲမှာ ပါတယ်။ အသားအရေခြောက်သွေ့သူ၊ မျက်နှာအသားအရေ စိုပြေချင်သူတွေ သုံးနိုင်တယ်။ အိပ်ပျော်နေစဉ် ပျက်စီးနေတဲ့ အရေပြားကို ပြန်လည် ပြုပြင်ဖို့ သုံးကြတယ်။ ပုံမှန်အားဖြင့် တပတ် ၂ ကြိမ်ခန့်သာ သုံးသင့်တယ်။ အသားအရေကြည်လင်ချင်ရင် Fresh black tea firming overnight mask ကို သုံးပါ။

23/01/2022

Face mask ကို ဘယ်လို သုံးမလဲ ❓

➡ ကိုယ့်ရဲ့ မျက်နှာကို ပိုပြီး တောက်ပ စေဖို့အတွက် face mask ကတော့ သုံးကို သုံးပေးရမှာပါ

➡ မျက်နှာအတွက် လိုအပ်တဲ့ serum တွေကို အပြည့်အဝ ဖြည့်ပေးနိုင်တာ face mask မှာပဲ ရှိပါတယ်

➡ face mask သုံးတဲ့ skin နဲ့ မသုံးတဲ့ skin က ရလဒ်က အရမ်းကွာခြားပါတယ်

( ကိုယ်သုံးမယ့် skin care တွေ လည်း ပိုပြီးထိရောက်ပါတယ်)

➡ သုံးတဲ့အခါမှာ

1️⃣ မျက်နှာကို စင်အောင်သစ်ပါ

2️⃣ ပြီးတဲ့အခါ ကြွင်းကျန်နေတဲ့ မျက်နှာက ဂျီးတွေ ဖယ်ဖို့ Toner လေး သုံးပေးရပါမယ်

3️⃣ face mask ကပ်ပါ

4️⃣ ကိုယ်သုံး တဲ့ ပစ္စည်း ရဲ့ ကျောဘက်မှာ အညွှန်းပါပါတယ် သေချာဖတ်ပါ
၁၅ မိနစ် ထားခိုင်းရင် အဲ့တိုင်းထားပြီး ခွာလိုက်ပါ

( အချိန်ပို ကပ်လိုက်တဲ့အခါ မျက်နှာမှာ ခုနက ရောက်သွားတဲ့ အစိုဓာတ် တွေအပြင် အရင်ရှိနေတဲ့ အစိုဓာတ် ကိုပါ mask က ပြန်စုပ်ယူသွားနိုင်ပါတယ်)

5️⃣ ပြီးရင် မျက်နှာ ပြန်သစ်စရာ မလိုတဲ့Maskရှိသလို
ရေနဲ့ပြန်ဆေးချရမယ့်Maskလဲရှိတဲ့တွက်ကိုယ်သုံးမယ့် Maskအကြောင်းသေချာလေးလေ့လာထားပါနော်
Mask သုံးပြီးရင်တော့ Moisturizer တော့ သုံးပေးပါ
ဒါမှမဟုတ် ခုနက အထုပ်ထဲ ကျန်နေတဲ့ အရည်တွေ ကို ပြန်လိမ်းထားလည်းရပါတယ်

6️⃣ Moisturizer က ဘာလို့ လိမ်းရလဲ ဆိုတော့ ခုနက စုပ်ယူထားတဲ့ serum တွေကို အပြင်ကနေ ပိတ်ချပြီး lock လုပ်လိုက်သလိုပါပဲ

ကပ်လိုက်လို့ ပူတာ စပ်တာ ရှိရင် ချက်ချင်း ခွာပြစ်ပါ

Crd

30/12/2021

တိုနာဆိုပြီး လိမ်းလိမ်းနေကြတာပေ့ါနော်

တိုနာဆိုတာ ဘာလဲကော သေချာသိကြရဲ့လား????

တိုနာနဲ့ ပတ်သက်ပြီး သိသင့်တာလေးတွေကို ရှင်းပြပေးသွားပါ့မယ်

တိုနာဆိုတာ ရေအခြေခံပစ္စည်းတစ်မျိုးပါ
အဲ့တော့ တိုနာနဲ့ ပတ်သက်ပြီး ချွေးပေါက်ပိတ်မှာတော့ မပူရပါဘူး

သူတို့ကို မျက်နှာသစ်ပြီးလို့ ကျန်ရှိခဲ့တဲ့ အဆီပိုတွေကို ဖယ်ရှားတဲ့နေရာမှာသုံးကြပါတယ်

တိုနာအများစုက အယ်ကိုဟောပါတဲ့အတွက်ကြောင့် အသားတော့ခြောက်စေပါတယ်

နောက်ပိုင်းနည်းပညာတွေ တိုးတက်လာတဲ့အခါမှာတော့ တိုနာတွေကို အယ်ကိုဟောတွေဖြုတ်ပြီး သူရဲ့ အသားခြောက်စေတဲ့ဆိုးကျိုးကို ပြင်ဆင်ဖို့ ရေဓာတ်ဖြည့်ဒြပ်ပေါင်းတွေနဲ့ အရေပြားအတွက် အကျိုးရှိမယ့် အခြားဒြပ်ပေါင်းတွေထည့်လာကြပါတယ်

အရင်ခေတ်တုန်းက တိုနာတွေဟာ မျက်နှာအဆီပိုတွေဖယ်ရှားပေးတာ တစ်ခုတည်းသာ ပေးစွမ်းနိုင်ပေမယ့် နောက်ပိုင်းခေတ်သစ်တိုနာတွေကတော့ မျက်နှာကို အာဟာရဓာတ်ပါဖြည့်ပေးနိုင်ပြီး Ph ထိန်းညှိပေးကာ နောက်ထပ်လိမ်းမယ့် Skin Care ပစ္စည်းတွေအဆင်ပြေအောင် အရေပြားကို ပြင်ဆင်ပေးပါတယ်

အဆီပိုတွေဖယ်ရှားပေးနိုင်တဲ့ ဂုဏ်သတ္တိကလည်း မပျောက်သွားပါဘူး

အဲ့တော့ နောက်ပိုင်းတိုနာတွေဟာ အသားရေထိန်းသိမ်းသူတို့ရဲ့ မရှိမဖြစ်ပစ္စည်းတစ်ခုဖြစ်လာပါတယ်

တိုနာသုံးရင် ဘာအကျိုးကျေးဇူးတွေရရှိမှာလဲ????

အများစုသိထားတာကတော့ မျက်နှာသစ်ပြီးနောက်ဖြစ်ပေါ်လာတဲ့ Ph ဓာတ်မညီမျှမှုတွေကို ဖြေရှင်းနိုင်ဖို့ တိုနာကို သုံးတာလို့ပါ

ဒါပေမယ့်လို့ တိုနာပေးစွမ်းနိုင်တာ အဲ့ဒါတစ်ခုတည်းထက်ပိုပါတယ်

၁ - ချွေး၊အညစ်အကြေးနဲ့အဆီပိုတွေဖယ်ရှားပေးခြင်း

မျက်နှာဘယ်လောက်သစ်သစ် အဆီတွေ၊ အညစ်အကြေးတွေ၊ မိတ်ကပ်တွေကျန်နေသေးတာပါပဲ
တိုနာကသူတို့ကို ဖယ်ရှားပေးပြီး ချွေးပေါက်တွေပွင့်စေနိုင်တဲ့အပြင် အထဲက ဘက်တီးရီးယားတွေကို လျော့နည်းစေပါတယ်
မျက်နှာသစ်ပြီး တိုနာသုံးမှသာ တကယ့်မျက်နှာသန့်စင်မှုကို ရနိုင်မှာပါ

၂ - မျက်နှာအရေပြားကို ကာကွယ်ပေးခြင်း

အရေပြားမှာ ရှိတဲ့အပေါက်မှန်သမျှကို လိုက်ပိတ်ပေးတာကြောင့် အညစ်အကြေးတွေ ဝင်ဖို့လမ်းမရှိစေတော့ပါဘူး
အဲဒါကြောင့် မျက်နှာသစ်ပြီးသာ တိုနာသုံးရတာပါ
မသစ်ဘဲသွားသုံးလို့ကတော့ အညစ်အကြေးတွေအထဲမှာပိတ်ထားလိုက်သလိုပါပဲ
တိုနာကို စွဲစွဲမြဲမြဲသုံးရင် ချွေးပေါက်တွေကျဉ်းလာစေနိုင်ပါတယ်

၃ - နောက်ထပ်လိမ်းမယ့် Skin Care တွေရဲ့အာနိသင်ကို မြှင့်တင်ပေးခြင်း

တိုနာက အပေါ်ယံဆဲလ်အသေလွှာကို ဖယ်ရှားပြီး Ph ဓာတ်ကို ထိန်းညှိပေးတာကြောင့် နောက်ထပ်လိမ်းမယ့် Skin Care တွေဟာ အရေပြားကို အလွယ်တကူဖောက်နိုင်ပြီး Ph မညီမျှမှုကြောင့် ဓာတ်ပြယ်တာမျိုးတွေ မရှိတော့ပါဘူး

တိုနာဟာ မရှိမဖြစ်လား???? မသုံးဘဲချန်ထားခဲ့လိုရလား????

အဆီပြန်ပြီးဝက်ခြံထွက်တတ်တဲ့သူတွေဆိုရင်တော့ ချန်ထားလို့မရပါဘူး
အထူးသဖြင့် မနက်မှာ တစ်ညလုံးအဆီတွေပြန်ပြီး ချွေးပေါက်တွေပိတ်နေမှာဖြစ်တာကြောင့် မနက်ဘက်မှာ တိုနာလုံးဝသုံးပေးသင့်ပါတယ်
ဗီတာမင်တွေပါဝင်နေတဲ့တိုနာဆိုရင် ပိုကောင်းပါတယ်

တိုနာကိုဘယ်လိုသုံးကြမလဲ?????

ဂွမ်းဖတ်ကို ရွှဲနေအောင်စွတ်ပြီး မျက်နှာကိုဖိပေးပါ
နည်းနည်းလောက်ပဲပွတ်ပါ
အရမ်းကြီးမပွတ်ပါနဲ့
တိုနာဖြန်းဆေးတွေလည်းရှိပါတယ်
သူတို့ဆိုရင် တိုနာတွေ ဂွမ်းဖတ်ထဲမှာ အလေအလွင့်မရှိတော့ဘူးပေါ့
ဒါပေမယ့်လည်း ဂွမ်းဖတ်ကိုယ်တိုင်က အဆီစုတ်နိုင်တာကြောင့် သူမပါရင် သန့်စင်တဲ့ဂုဏ်သတ္တိနည်းသွားမှာပါ
Serum တွေမသုံးခင်မှာ တိုနာသုံးပေးရင်လည်း Serum တွေအလေအလွင့်မရှိ အရေပြားကို အပြည့်အ၀ ဝင်ရောက်သွားနိုင်ပါတယ်

တိုနာက Skin Type အားလုံးအတွက် သင့်တော်လား?????

အခုနောက်ပိုင်းမှာ တိုနာတွေကို ဖော်မျူအမျိုးမျိုးနဲ့ ထုတ်လာနိုင်တာကြောင့် သုံးလိုမရတဲ့သူဆိုတာ မရှိသလောက်ပါပဲ

Normal Skin, Oily Skin, Combination Skin တို့ဆိုရင် ကြိုက်တဲ့တိုနာသုံးလို့ရပါတယ်

Oily တို့ Combination တို့က Anti-bacterial ပါတာသုံးနိုင်ရင် ပိုကောင်းပါတယ်

Dry Skin ဆိုရင် ရေဓာတ်ဖြည့်တာများများပါပြီး အယ်ကိုဟောမပါတဲ့တိုနာတွေရှိပြီး Sensitive တွေဆိုရင် အရောင်၊အနံ့ ဖယ်ထားတဲ့ Sensitive Skin Toner တွေရှိပါတယ်

အယ်ကိုဟောနဲ့ ပတ်သက်ပြီးပြောရရင် အယ်ကိုဟောပါတဲ့ တိုနာကိုရှောင်နိုင်ရင်အကောင်းဆုံးပေါ့နော်

ဒါပေမယ့်လည်း စိတ်မပူပါနဲ့ အခုခေတ်ရှားပါးလာတာက အယ်ကိုဟောပါတဲ့ တိုနာတွေဖြစ်ပြီး အများစုက အယ်ကိုဟောကိုဖြုတ်လာကာ အပင်ထွက်ပစ္စည်းတွေနဲ့ အစားထိုးလာကြပါတယ်

တိုနာနဲ့ပတ်သက်ပြီးတော့ ဒီလောက်ပါပဲနော်

လှပပြီး ဂလိုးနိုင်ကြပါစေဟယ် 🤭🤭🤭

Credit #

27/12/2021

ဒါဖတ်ပြီးမှ skin care ဝယ်ပါ
---------------------------

(၁) Toner
Tonerဆိုတာ မျက်နှာသန့်စင်တဲ့ အရည်ကြည်တမျိုးဖြစ်ပါတယ်။ တိုနာအာနိသင်က အညစ်အကြေးကို အဓိကဖယ်ရှားသန့်စင်ပေးတာ ဖြစ်တယ်။ မျက်နှာသစ်တွေသုံးပြီး ကျန်နေနိုင်တဲ့ အညစ်အကြေးကို ဗာတိုနာက ကောင်းကောင်းဖယ်ရှားပေးနိုင်တယ်။ နောက်ပြီး မျက်နှာအဆီပေါက်တွေကို ကျဉ်းစေတာမို့ အဆီပြန်ခြင်း ကင်းစင်စေတယ်။ အထူးသဖြင့် မိတ်ကပ်သုံးသူအများစုဟာ တိုနာသုံးသင့်တယ်။

(၂) Mist
Mist ဆိုတာ အရည်တမျိုးပဲ။ toner နဲ့နည်းနည်းဆင်တယ်။ ဒါပေမယ့် အာနိသင်မတူညီပါဘူး။ mist ထဲမှာ သဘာဝဆီ၊ ပန်းဆီ၊ အလှဆီနဲ့ ရေဓာတ် တို့ပါလေ့ရှိတယ်။ အာနိသင်က အရေပြား pH ကို မှန်စေတယ်။ အစိုဓာတ်ကို ထိန်းပေးပြီး မျက်နှာပြင်ကို အေးမြစေတယ်။ ပုလင်းနဲ့လာပြီး အရှေ့တိုင်းသားတွေကို မျက်နှာခြောက်သွေ့တဲ့အခါ ဖြန်းလေ့ရှိတယ်။ နွေရာသီမှာ အဓိက အသုံးဝင်တယ်။ တချို့က မိက်ကပ်မလိမ်းခင် ကြိုလိမ်းတတ်ကြတယ်။

(၃) Essence
essence က အားလုံးထဲမှာ ပြင်းအားအနည်းဆုံးပဲ။ ပုံမှန်အားဖြင့် ရေသာသာ အရည်ကြည်တမျိုးပဲ။ တချို့က treatment water လို့ခေါ်တယ်။ အရေပြားကို အဓိကပြုပြင်ပေးတယ်။ အမျိုးအစား သုံးမျိုးလာတယ်။
• whitening essence ဆိုတာ မျက်နှာ ဝင်းမွတ်တောက်ပတဲ့ နေရာမှာ သုံးတယ်။ Melvita Brightening essence ဆိုတဲ့ နာမည်နဲ့လာတယ်။
• pore control essence ကတော့ အဆီပြန်ခြင်းကို ထိန်းချုပ်တဲ့ နေရာမှာ အသုံးဝင်တယ်။ Loreal treatment essence ဆိုတာ အဆီထိနိးတဲ့နေရာမှာ ကောင်းတယ်။
• skin repairing essence က အရေပြားကို ပြုပြင်ပေးတာဖြစ်တယ်။Cremorlab Mineral Treatment essence နာမည်နဲ့လာတယ်။အားလုံးထဲမှာ နာမည်အကြီးဆုံးက အများသိတဲ့ SKII facial treatment essence ဖြစ်ပါတယ်။ ကျွန်တော်လည်း သုံးဖူးပါတယ်။ အခုလည်း သုံးတယ်။ အဆီဓာတ်အခြေခံတဲ့ Essence လိုမျိုးလည်း ရှိပါသေးတယ်။ အများစုက Mandelic acid ပါတယ်။

ကိူရီးယားမှာ Esteen Lauder advanced night repair serum ကို essenceခေါ်

(၄) Serum
Serum က essenceထက် ဓာတုပါဝင်မှုပိုများတယ်။ နည်းနည်းပိုပြစ်တယ်။ ဒါ့ကြောင့် essenceထက် စျေးအနည်းငယ်ပိုတယ်။ serumက အရေပြားအတွင်းပိုင်းထိ စိမ့်ဝင်စေပြီး အသားရောင်ကို ကြည်လင်ဝင်းပစေတယ်။ လေထုညစ်ညမ်းမှုကြောင့် အရေပြားပျက်ဆီးတာကို ကာကွယ်နိုင်တယ်။ အစိုဓာတ်ထိန်းပေးနိုင်ပေမယ့် moisturizer နဲ့ သဘာဝချင်း လုံးဝမတူပါ။ moisturizerက အရေပြားအပေါ်ယံကို ပြင်ပလေထု၊ ရာသီဥတုနဲ့တိုကိရိုက်မထိအောင် အလွှာပါးတခုနဲ့ ကာကွယ်ပေးတဲ့ သဘောသာဖြစ်တယ်။ Serum ကတော့ အရေပြားအတွင်းပိုငိးထိ နက်ရှိုင်းစွာ ဝင်ရောက်ပြီး အသားအရေနူညံ့စေတာဖြစ်တယ်။ serum က အရေပြားတွန့်တာကို ကာကွယ်ပေးနိုင်ပေမယ့် လူတိုင်း serum သုံးလို့ရပါတယ်။
serum ထဲမှာ ရေဓာတ်အခြေခံ(water based serum) နဲ့ အဆီအခြေခံ (Oil based serum)ဆိုပြီး နှစိမျိုးရှိတယ်။ Oil based serumတွေထဲမှာ Vitamin C (သို့) retinol လိုမျိုးပါလေ့ရှိတယ်။ အာနိသင်ပေါ်မူတည်ပြီး ထုတ်ထားတဲ့ Serum သုံးမျိုးရှိတယ်။
• anti-aging serumဆိုတာ အရေပြားတွန့်သူ တွေမှာအဓိကသုံးတယ်။
• pore tightening serum ကတော့ ဝက်ခြံထွက်သူ၊ အဆီပြန်သူ၊ အဆီဂလင်းများသူတွေမှာ သုံးတယ်
• brightening serum ကတော့ အရေပြားကို ဝင်းမွတ်စေတဲ့ အမျိုးအစားဖြစိတယ်။
hyaluronic acid, ceramides(အစိုဓာတ်ထိန်းပေး)
water based - မော်လီကျူးသေး၊ moisturizer မလိမ်းမှီ
oil based - မော်လီကျူးကြီး၊ moisturizer လိမ်းပြီး

(၅) Ampoule
Ampoule က ဒီသုံးမျိုးထဲမှာ သူကအရည်အပျစ်ဆုံးနဲ့ ပါဝင်မှုအများဆုံးပဲ။ serum ထက် စျေးနည်းနည်းပိုကြီးတယ်။ ဗီတာမင်နဲ့ အပင်အင်ဇိုင်းတွေ ပါလေ့ရှိတယ်။ အသားအရောင်ကို ညီညာ ချောမွတ်စေပြီး အရေပြားထဲ ပိုမိုစိမ့်ဝင်နိုင်တယ်။ အချိန်တိုအတွင်း အာနိသင်အထိရောက်ဆုံးပဲ။ brightening ampoule က အရေပြားတောက်ပစေဖို့ သုံးတယ်။လိမ်းထားရင် အသားရောင် ကြည်လင်နေတယ်။ collagen ampoule (သို့) wrinkle reducer ampouleက အရေပြားတင်းရင်းစေဖို့ သုံးတယ်။ အထူးသဖြင့် အသက်ကြီးရင့်သူတွေ သုံးနိုင်တယ်။
ပုံမှန်အားဖြင့် မိပ်ကပ်တွေ ကြာရှည်ခံအောင် hydrating (သို့) makeup ampoules တွေကို သုံးတယ်။ အထူးသဖြင့် မင်္ဂလာဆောင်တွေမှာ သုံးကြတယ်။ လေနဲ့ထိရင် ဓာတ်ပြုလွယ်လို့ vial လေလုံတဲ့ပုလင်းထဲ ထားရတယ်။

ပါဝင်တဲ့ပြင်းအား - ampoule > serum> essence .
အပျစ်၊အကျဲ - essence > ampoule > serum

(၆) Booster
booster ဆိုတာ serum/essence မလိမ်းခင်သုံးရတဲ့ပစ္စည်းတမျိုးဖြစ်ပါတယ်။ ဒါပေမယ့် တိုနာသုံးပြီးမှ လိမ်းရတယ်။ booster သုံးခြင်းအားဖြင့် essence/serum ရဲ့အာနိသင်ကို ပိုကောင်းစေတယ်။ အရေပြားအရောင်က ပုံမှန် ကြည်လင်တောက်ပလာတယ်။ မျက်နှာအသေားရောင်ပိုလင်းလာတယ်။

(၇) Floral water
သိပ်ထူးထူးဆန်းဆန်းမဟုတ်ပါဘူး။ ပန်းကို ရေနဲ့ စိမ်ပြီး ပေါငိးစပ်ထားတဲ့ အရညိတမျိုးဖြစ်ပါတယ်။ ဒီအရည်ကို toner, mist (သို့) moisturiser အနေနဲ့လညိး သုံးလို့်ရတယ်။ အရေပြားကို အေးမြစိုစွတိစေတယိ။ ရေဓာတ်ကို နညိးနည်းထိန်းပေးတယ်။ ဒါပေမယ့် moisturiser စစ်စစ်လို အာနိသင်မကောင်းပါ။ ဆောင်းရာသီမျိုးမှာ သိပ်အသုံးမဝင်ပါ။ Melvita Extraordinary water ဆိုတာ Floral water ပန်းအရည်တမျိုးဖြစိပါတယ်။

(၈) Finisher
နောက်ဆုံးမှသုံးလို့ skin finisher လို့လည်း ခေါ်တယ်။ မျက်နှာအရေပြား တောက်ပနေအောင်ပြုလုပ်ပေးတဲ့ ပစ္စည်းဖြစ်ပါတယ်။ တကယ်က အရောင်တင်တဲ့သဘောပါပဲ။ toner, serums/essence/ နဲ့ moisturisers အားလုံးသုံးပြီးနောက်မှ အပေါ်က ထပ်သုံးရတယ်။ အောက်မှာ ခံလိမ်းထားတဲ့ အရေပြားထိန်းပစ္စည်းတွေကို ကြာရှည်ခံအောင် ဖုံးပေးတဲ့သဘောပါပဲ။ အဲဒီရဲ့အပေါ်ကမှာ နေလောင်ကာလိမ်းဆေး၊ foundation၊ မိပ်ကပ်စတာတွေ ဆက်သုံးနိုင်တယ်။ ပုံမှန်အားဖြင့် နေ့ပိုင်းမှာသာ သုံးတယ်။ Sulwhasoo Luminate Essential Finisher ဆိုတဲ့နာမည်နဲ့လာတယ်။

(၉) Peeling Gel
အရေပြားအပေါ်ယံဆဲလ်ကို ခွာပေးတဲ့ ဂျယ်တမျိုးဖြစ်ပါတယ်။ scrubs လောက် မပြင်းဘူး၊ အပေါ်ယံ epothelium မှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးတယ်။ ပုံမှန်အားဖြင့် အာနိသင်ကောင်းအောင် ညဖက်မှာ သုံးပြီး sheet mask မသုံးခင်သုံးကြတယ်။ ကိုရီးယားမှာ UGB Peeling Gel အနေနဲ့ လာပါတယ်။

#ဒေါက်တာအေးမင်းထူး

credit

21/12/2021

✅ ချွေးပေါက်တွေ ဘာကြောင့်ကျယ်လာရသလဲ ဆိုရင်

1. အသက်ရွယ်ရလာတဲ့အခါ သို့မဟုတ် နေရောင်ခြည်ကြောင့် အရေပြားရဲ့ Collagen , elasticity တွေ အားနည်လာတဲ့ အခါ

2. အညစ်အကြေး , make up , အဆီ , ချွေး တွေ ချွေးပေါက်ကိုပိတ်လာတဲ့ အခါ

3. အသားရေ အရမ်းခြောက်သွေ့သောအခါ
တွေဆိုရင်လည်းကျယ်လာပါတယ် ။

✅ ဘယ်လိုလူတွေမှာ အဖြစ်များသလဲဆိုတော့

(1) အသက်ရွယ်ရလာတဲ့ သူတွေ
(2) နေရောင်ခြည် အရမ်းထိတွေ့တဲ့ သူတွေ
(3) မျက်နှာပုံမှန်မသစ်တဲ့သူတွေ
(4) သစ်တဲ့ခါ ကြမ်းကြမ်းတမ်းတမ်း scrub တွေ အရမ်းသုံးတဲ့ သူတွေ
(5) make up သုံးပြီး သေချာသန့်စင်အောင် မလုပ်တဲ့ သူတွေ
(6) အဆီပြန်ပြီး ဝက်ခြံထွက်တတ်တဲ့ သူတွေ
(7) ဆေးလိပ်သောက်တဲ့ သူတွေ
( 8) ဆီကြော်အစားစားများ အစားများတဲ့ သူတွေ
မှာ အဖြစ်များပါတယ် ။

🚫 ချွေးပေါက်တွေမကျယ်အောင် ဘာတွေရှောင်သင့်သလဲ ဆိုရင်

(1) အဆီဖု , ဆားဝက်ခြံ , ဝက်ခြံ အဖုတွေ မညစ်ရဘူး ။
(2) ကြမ်းတမ်းသောscrub တွေမသုံးရဘူး ။
(3) မတည့်တဲ့ skincare တွေကိုရှောင်ရပါမယ် နော်။

ချွေးပေါက်ကျယ်တဲ့သူတွေကAlcohol free productတွေကိုပဲ သုံးသင့်ပါတယ်

Collagen ဓာတ်လေးတွေလဲ များများလိုအပ်ပါတယ်

27/11/2021

Serum အကြောင်း သိကောင်းစရာ

ကိုယ်တို့တွေ တနေ့တနေ့ Skincare တွေသုံးကြတယ်

မျက်နှာသစ်တယ်
Toner သုံးတယ်
နို့ရည်သုံးတယ်
Seum , Essence သုံးတယ်
နို့ရည် ထိကတော့ ဟုတ်ပြီ
Serum နဲ့ essence က ဘာလို့ သုံးတာလဲ

သူတို့က ဘာအတွက် ထုတ်ထားတာလဲ
တိုနာနဲ့ နို့ရည်နဲ့က အစိုဓာတ်ဖြည့်ပေးတာပဲ။ ဒါတွေသုံးဖို့ လိုသေးလို့လား…

အဲဒီတော့ Serum ဆိုတာ ဘာလဲ

Serum ဆိုတာ အရေပြားဆီ specific active ingredients တွေကို တိုက်ရိုက်သယ်ဆောင်ပေးသွားပြီး အရေပြားလိုအပ်ချက်တွေကို တိုက်ရိုက်ဖြေရှင်းပေးနိုင်တဲ့ skincare တမျိုးပါပဲ။
အရေပြားရဲ့ လိုအပ်ချက်ဆို
Anti Aging
Dark Spots
Acne
Dehydration
Uneven skin tone တွေနဲ့ skin brightening အတွက်ဆိုပြီး အမျိုးမျိုးရှိသေးတာပဲ။

Serum ရဲ့ လုပ်ဆောင်ချက်

Molecules တွေက သေးငယ်ပြီး အရေပြားအတွင်း ဖောက်ထွင်း စိမ့်ဝင်နိုင်အားပိုကောင်းသွားတယ်။

ဘယ်လိုသုံးမလဲ

ပဲစေ့တစေ့စာ အနည်းငယ်လောက်ကို အရေပြားပေါ်လိမ်းပြီး နှိပ်နယ်ပေးရုံပါပဲ။

သုံးလိုက်တဲ့ serum အစွမ်းထက်နေဖို့က

1. ဘယ်ပစ္စည်းမဆို အသုံးမပြုခင် စမ်းသက်ကြည့်ပါ။

2. အနည်းငယ်လေးသုံးရုံနဲ့ ထိရောက်တဲ့ product ဖြစ်တာကြောင့် ပမာဏများသွားမယ်ဆိုရင် အသားအရေ ယားယံတာမျိုး အဆီဖုလေးတွေ ထတာမျိုးဖြစ်နိုင်ပါတယ်။

3. Serum မသုံးခင် အရေပြားကို သန့်စင်အောင်အရင်ဆုံး သန့်ရှင်းရေးလုပ်ပေးထားဖို့လိုပါတယ်။

4. အသားခြောက်သူတွေအနေနဲ့ အရေပြားအတွင်း စုပ်ယူအားကောင်းအောင် အစိုဓာတ်ရှိနေတဲ့အချိန် ဒါမှမဟုတ် moisturizer သုံးပြီးတာနဲ့ သုံးပေးဖို့လိုပါတယ်။

5. Sensitive Skin ပိုင်ရှင်တွေအနေနဲ့ကတော့ Serum မသုံးခင် အသားလေးကို ခြောက်သွေ့သွားအောင်အရင်ထားပြီးမှ သုံးပေးပါ။ Serum စိမ့်ဝင်အား လျော့နည်းသွားတဲ့အတွက် အရေပြားယားယံတာမျိုး ဖြစ်နိုင်ခြေနည်းသွားပါလိမ့်မယ်။

6. အရောင် အနံ့ ပါတဲ့ serum မျိုးရှောင်ပါ။

7. ညပိုင်း အသုံးပြုသူတွေအနေနဲ့ night cream, moisturizer တို့လို အစိုဓာတ်ဖြည့် cream တွေ အထပ်ထပ်မသုံးဖြစ်အောင် ဂရုစိုက်ပါ။

8. Serum စသုံးဖို့ အကောင်းဆုံးအသက်အရွယ်ကတော့ အရေပြားအိုမင်ရင့်ရော်တဲ့ လက္ခဏာတွေ စတင်ပြလာတဲ့ အသက် ၂၀ - ၃၀ အရွယ်လောက်က စပြီးသုံးတာ အကောင်းဆုံးပါ။

9. Serum နဲ့ Face Oil ကွာခြားချက်ကတော့ serum က water based ဖြစ်ပြီး အရေပြားအတွင်း စိမ့်ဝင်နိုင်စွမ်းပိုကောင်းစေပါတယ်။ Face Oil ကတော့ အရေပြား အပေါ်ယံအလွှာမှာ အစိုဓာတ်ကို ထိန်းပေးနိုင်ပါတယ်။ အရေပြားအတွင်းစိမ့်ဝင်ဖို့ အချိန်တော့ ပေးရပါတယ် ။

22/11/2021

တွဲဖက်မသုံးသင့်သော 𝙨𝙠𝙞𝙣𝙘𝙖𝙧𝙚
ပါဝင်ပစ္စည်းများSkin care နဲ့ပက်သက်တာတွေ

၁။ 𝙑𝙞𝙩𝙖𝙢𝙞𝙣 𝘾 + 𝘼𝙃𝘼/𝘽𝘼𝙃

Vitamin C က အက်စစ်ဓာတ်
ပစ္စည်းတစ်မျိုးဖြစ်သလို
AHA /BAH(glycolic, salicylic,lactic acid.
ကလည်း အက်စစ်ပစ္စည်းတွေဖြစ်တဲ့အတွက် ...အတူတူသုံးမိတဲ့အခါ
ကိုယ်ရဲ့ပင်ကိုယ်ပသားအရေ က
PH levelတွေကို မတည်မငြိမ်ဖြစ်စေတဲ့အတွက်အချိန်ကြာလာတဲ့အခါ break out တွေ
အသားအရေပါးလာတာတွေနဲ့...
skinခြောက်သွေ့တာတွေဖြစ်စေနိုင်တဲ့အတွက်
တွဲမသုံးမိဖို့ သတိထားသင့်ပါတယ်

[ မှတ်ချက်
တစ်မျိုးစီ သုံးမယ်ဆိုရင် တော့

Vitamin C က အရေးအကြောင်းတွေကို
သက်သာစေတယ် အသားအေရကို
ကြည်လင်စေတယ် အမဲစက်နဲ့
ဝက်ခြံသက်သာစေတဲ့ အာနိသင်တွေရှိပါတယ်

AHA/BHA တွေကတော့ ဆဲလ်သေတွေကို
ဖယ်ရှားပေးပြီး ချွေးပေါက်ပိတ်စို့ခြင်းကို
သက်သာစေပြီး အသားအေရကို
ကြည်လင်သန့်ရှင်းစေတဲ့ အာနိသင်တွေရှိပြီး
ဆဲလ်သေ ဖြစ်ပျက်နှုန်းကို
မြန်စေတဲ့အတွက် အရေပြားနုပျိုစေတဲ့
peeling acid တွေဘဲဖြစ်ပါတယ် ]

၂။ 𝙍𝙚𝙩𝙞𝙣𝙤𝙡+ 𝘼𝙃𝘼/𝘽𝙃𝘼

Retinol က AHAနဲ့ BHAလို
ဆဲလ်သေဖယ်ရှားပေးတဲ့
ပစ္စည်းမဟုတ်ပေမဲ့ အရေပြားအတွင်းပိုင်း
က ဆဲလ်သေ တွေကို အပေါ်ယံအရေပြားကို
တွန်းတင်ကွာကျ စေပြီးဆဲလ်သစ်တွေ
ဖြစ်ပေါ်စေဖို့ကူညီပေးတဲ့
ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။

Retinol နဲ့ AHA/ BHAလို acidတွေနဲ့
တွဲသုံးမိတဲ့အခါ အရေပြားအလွန်အမင်းခြောက်သွေ့စေပြီး အသားအရေရဲ့
သဘာဝအစိုဓာတ်ကိုပျက်စီးစေလို့
တွဲမသုံးမိဖို့ သတိထားသင့်ပါတယ်....

၃။ 𝙍𝙚𝙩𝙞𝙣𝙤𝙡 + 𝙑𝙞𝙩𝙖𝙢𝙞𝙣 𝘾

Retinol နဲ့ Vitamin C ကို တွဲသုံးမိရင်
အသားအရေနီမြန်းတာ ခြောက်သွေ့တာနဲ့
အရေပြားအဖတ်လန်တာတွေ
ဖြစ်စေနိုင်တဲ့အပြင် အသားအရေက
နေရောင်ခြည်ရဲ့ UV Rays တွေကို
အထိမခံနိုင် ဖြစ်စေတဲ့အတွက်
ကောင်းကျိုးထက် ဆိုးကျိုးသာဖြစ်စေနိုင်လို့
တွဲမသုံးမိဖို့ သတိထားသင့်ပါတယ်..

[မှတ်ချက်

ဝက်ခြံနဲ့အရေးကြောင်းသမားတွေ
အတွက်ကတော့Vitamin C ကို
မနက်ပိုင်းသုံးပြီး..ညဘက်
တရက်ခြား Retinol သုံးမယ်ဆိုရင်တော့ အသားအရေအတွက်
ကောင်းမွန်တဲ့ ရလက် ရနိုင်ပါတယ်]

၄။ 𝙊𝙞𝙡 𝙗𝙖𝙨𝙚𝙙 + 𝙒𝙖𝙩𝙚𝙧 𝙗𝙖𝙨𝙚𝙙 𝙥𝙧𝙤𝙙𝙪𝙘𝙩𝙨

Oil based နဲ့ water based products
တွေကတော့ တွဲသုံးလို့ လုံးဝ
အဆင်မပြေနိုင်ဘူးနော်..
ရေနဲ့ဆီ ရောလို့မှ မရတာကြောင့်
oil based product တွေက
water based product တွေရဲ့
အရေပြားအတွင်းပိုင်းထိ စိမ့်ဝင်မှုကို
ဟန့်တားထားတဲ့အတွက်
ဘာအကျိုးရလဒ်မှ ထူးလာစေမှာ မဟုတ်ပါဘူး..

၅။ 𝙂𝙡𝙮𝙘𝙤𝙡𝙞𝙘 𝘼𝙘𝙞𝙙 + 𝙎𝙖𝙡𝙞𝙘𝙮𝙡𝙞𝙘 𝘼𝙘𝙞𝙙

နှစ်မျိုးလုံးက ဆဲလ်သေဖယ်ရှားဖို့
သုံးတဲ့ ပစ္စည်းတွေဖြစ်နေတဲ့ အတွက်
တွဲသုံးမိရင် အရေပြားနီမြန်းခြင်းနဲ့ခြောက်သွေ့ခြင်းတွေအပြင် ဓာတ်မတည့်မှုကိုပါဖြစ်စေနိုင်တဲ့အတွက် တွဲမသုံးမိဖို့ သတိထားသင့်ပါတယ်

၆။ 𝙉𝙞𝙖𝙘𝙞𝙣𝙖𝙢𝙞𝙙𝙚 + 𝙑𝙞𝙩𝙖𝙢𝙞𝙣 C

Niacinamide နဲ့ Vitamin C က အမဲစက်ထွက်တတ်တဲ့အသားအရေနဲ့ အမာရွတ်တွေကုသဖို့
အတွက် အကောင်းဆုံး ပစ္စည်းတွေ ဆိုပေမဲ့
တွဲသုံးမိရင် Niacinamide က vitamin C
ကိုဓာတ်ပြယ်စေပြီး ရလဒ်အနေနဲ့
အသားအရေနီးမြန်းတာတွေနဲ့
ဝက်ခြံတွေကို ဆိုးဆိုးဝါးဝါး ဖြစ်စေတဲ့အတွက်
မသုံးမိဖို့ သတိထားသင့်ပါတယ်..

skincareသုံးတာဟာ အသားရေကို
နုပျိုလှပစေဖို့ဘဲ ဖြစ်သင့်ပါတယ်..
ဒါပေမဲ့ တွဲဖက်မသုံးသင့်တဲ့
skincare ingredientsတွေကို
သိထားမှသာ ငွေကုန်
လူပမ်း မဖြစ်စေမှာ

skincare လေးတွေကို ဆန္ဒပြုရင်း...
မှန်မှန်ကန်ကန်သုံးတတ်စေဖို့.
လှပနိုင်ကြပါစေရှင်..

Want your business to be the top-listed Beauty Salon in Kamayut?
Click here to claim your Sponsored Listing.

Category

Website

Address


Insein Road
Kamayut