Skincare Kitchen
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Skincare Kitchen, Health/Beauty, ဘုရားလမ်း, Kamayut.
12/08/2026
အပေါ်ဆွဲလည်း ဒီ Sunscreen၊ အောက်ဆွဲလည်း ဒီ Sunscreen ပဲတက်နေလို့ တင်မှရတော့မယ်! ထိုင်းမှာ အခု ပေါက်နေပြီး Best Seller ဖြစ်နေတဲ့ ICE LEESKIN ကSunscreen Spray 😍
နေပူမှ Sunscreen လိုတာမဟုတ်ပါဘူး။ မိုးအုံ့နေလည်း နေ့ဘက်ဆိုရင် သာမန်မျက်လုံးနဲ့ မမြင်နိုင်တဲ့ UV rays တွေက အမြဲရှိနေတာမို့ နေလောင်ဒဏ်နဲ့ အရေးအကြောင်းတွေ မဖြစ်ရအောင် Sunscreen က နေ့တိုင်း သုံးပေးဖို့ မဖြစ်မနေ လိုအပ်ပါတယ်နော် ✨
Spray Type မို့ သုံးရတာ အရမ်းလွယ်တယ်။မျက်နှာပေါ် ဖြန်းလိုက်တာနဲ့ အသားထဲ စိမ့်ဝင်လွယ်ပြီး မစေးကပ်ဘူး၊ ဖြူစိစိနဲ့ မိတ်ကပ်ကွက်သွားတာမျိုး လုံးဝမဖြစ်ပါဘူး။
Makeup Base အနေနဲ့လည်းသုံးလို့ရသလို၊ မိတ်ကပ်ပြင်ပြီးရင်လည်း Setting Spray အနေနဲ့ အပေါ်က ထပ်ဖြန်းပေးလို့ရတာမို့ မိတ်ကပ်ကို ကြာရှည်ခံစေပါတယ်။
✨ Skincare ပါဝင်လို့ Glow Effect ရတယ်။ အစိုဓာတ် ပေးနိုင်တဲ့ Skincare ဓာတ်တွေ ပါဝင်လို့ သုံးလိုက်ရင် မျက်နှာလေးက အမြဲ စိုစိုပြောင်ပြောင် Glow နေရောကွယ် ❤️
☀️ SPF 50+ PA++++ ပါဝင်လို့UVA ကော UVB ကိုပါ အပြည့်အဝ ကာကွယ်ပေးပြီး မျက်နှာရော Body အတွက်ပါ စိတ်ချလက်ချ သုံးနိုင်ပါတယ်။
🛡️ ဒီ ICE Lerskin ကလေ ထိုင်း FDA အသိအမှတ်ပြု ရပြီးသား Brand မို့ Sensitive skin သမားများပါ စိတ်ချလက်ချ သုံးစွဲနိုင်ပါတယ်။
Price - 19500 mmk for 1
ကြာချိန် - 10 days ပါရှင့် ❤️။
Tip: Sunscreen Spray တွေရဲ့ သဘောတရားအတိုင်း နေပူထဲထွက်ရင် ၃ နာရီ ကနေ ၄ နာရီတစ်ခါလောက် ထပ်ဖြန်းပေးရင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်နော်❤️❤️
29/07/2026
7 11 ကနေ sample ထုပ်ဝယ်ပီး ဘူးကြီးချက်ချင်းဝယ်ဖြစ်ခဲ့တဲ့ lip tint ❤️
မင်ကပစ္စည်း စမ်းသုံးနေကြဆိုတော့ ဒါဝယ်တုန်းက ဘာမှမမျှော်လငိ့ဘဲနဲ့ ဝယ်လိုက်တာ ။
ဆိုးကြည့်ပီးမှလေ အမလေး ဒီ နှုတ်ခမ်းနီက ဒီစျေးနဲ့ကို အက်လောက် သဘာဝဆန်ပီး လှဖို့လိုလို့လား ဖြစ်သွားတယ် ။ 🥹🥳
ဒီတိုင်းကြည့်ရင် ပန်းရောင်ပဲဆိုပီး နှုတ်ခမ်းပေါ်တင်လိုက်တာနဲ့ သဘာဝအရမ်းဆန်ပီး သွေးရောင်သမ်းနေတဲ့ နှုတ်ခမ်းပုံစံဖြစ်သွားတာ ။ Make up မပြင်ချင်ရင် sunscreen နဲ့ ဒီနှုတ်ခမ်းနီပဲဆိုးပီးသွားတာ ။ အရမ်းလှတာရှင်❤️
ရုံးတက် ၊ ကျောင်းသွားမှာ ကိုယ်က Natural ဆန်ဆန် Clean girl make up လေးပေါ့ပေါ့ပါးပါးပဲ လူးချင်ရင် ဒါလေးသာ ယူထားပါ ။
Texture က စစချင်းဆိုးရင် စိုစိုအိအိလေး ပီးရင် နှုတ်ခမ်းနဲ့ တသားတည်းဖြစ်သွားတာ ။ ❤️
ကိုယ်ကြိုက်တဲ့ 04 - 1 ရောင်ပဲ အရင်ရောင်းပေးပါမယ်ရှင် ❤️။
4U2 က မင် Sale မရှိတုန်းက counter ကနေ ဝယ်ခဲ့ရတာ 259 baht ပါ ။ မြန်မာငွေနဲ့ဆိုရင် cargo အပါ ဒီအရောက် 40000 mmk ကျော်လောက်ရှိပါတယ်။
အခု Sale ရှိလို့ Price -32500 mmk ပါ ။ Quality အရမ်းကောင်း အာမခံပါတယ် ။ ❤️
25/07/2026
နေ့တိုင်း ကံကောင်းခြင်းတွေ ၊ကုသိုလ်တွေရမယ့် နေ့စဉ် ကုသိုလ်ဒါနမျိုးစေ့တွေ စိုက်ပျိုးနိုင်ဖို့ မြသပိတ် အလှူပုံးလေး 🙏🙏
ဘဝရဲ့ နေ့စဉ်လှုပ်ရှားရုန်းကန်မှုတွေကြားမှာ၊ ကုသိုလ်တရားလေးတွေကို မေ့လျော့မထားချင်ဘူးမဟုတ်လား။ ကိုယ့်ရဲ့ ချွေးနည်းစာ၊ လုပ်အားခလေးတွေထဲကနေ တစ်နေ့နည်းနည်းစီ စုဆောင်းပြီး၊ နေ့စဉ် ဒါနကုသိုလ်ကို ကိုယ့်အိမ်က ဘုရားစင်မှာပဲ ပြုလို့ရမယ့် မြသပိတ် အလှူစုဘူးပုံးလေးတွေ🙏🙏
သပ္ပါယ်လှပတဲ့မြသပိတ်ပုံစံလေးမို့လို့ ဘုရားစင်မှာ သပ္ပါယ်စွာ ပူဇော်ထားရှိနိုင်ပါတယ်။ ဘုရားရှိခိုးတိုင်းမြင်ရတာလည်း စိတ်ကြည်လင်ပီး ကြည်နူးစရာကောင်းတယ်။
အလုပ်သွား၊ အလုပ်ပြန်နဲ့ အချိန်မရလို့ ကျောင်းကန်ဇရပ်မသွားနိုင်တဲ့အခါ၊ ကိုယ့်အိမ်မှာတင် နေ့စဉ် သဒ္ဓါတရား ထက်သန်စွာနဲ့ ဒါနပြုလို့ရပါတယ်။
ငွေစက္ကူလေးတွေကို နေ့စဉ် စုဆောင်းထားနိုင်ပြီး၊ ပြည့်သွားတဲ့အခါ ကိုယ်နှစ်သက်သလို ဘုန်းကြီးကျောင်း ၊ ဆေးရုံ ၊ ကျပ်တည်းနေတဲ့သူ တွေ စတဲ့ အလှူနေရာတွေမှာ လှူဒါန်းနိုင်ပါတယ်။
မြသပိတ် ပုံစံ Design လေးကိုမှ အကြည်ရောင်+ ရွှေရောင်အဖုံး ၊ အကြည်သပိတ်+ ငွေရောင်အဖုံး ၊ မြစိမ်းရောင်သပိတ်+ ရွှေရောင်အဖုံး ဆိုပြီး အရောင်အမျိုးမျိုးနဲ့ Size အမျိုးမျိုး (S, M, L) ရှိလို့၊ ကိုယ်နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်။
စျေးနှုန်း - 19500 mmk for S size
25500 mmk for M size
34500 mmk for L size
ကိုယ့်အိမ်က ဘုရားစင်မှာ အလှူပုံးလေးကို သပ္ပါယ်စွာ တင်ထားပါ။ နေ့စဉ်ရတဲ့ လုပ်အားခလေးတွေထဲကနေ အလှူငွေလေးတွေကို အလှူပုံးထဲ ထည့်ဝင်လှူဒါန်းပါ။ ပြည့်သွားတဲ့အခါ ကိုယ်နှစ်သက်ရာ အလှူနေရာတွေမှာ လှူဒါန်းပြီး ကုသိုလ်ယူပါ။🙏🙏။
25/07/2026
ငရုတ်သီးလိုမျိုး ၊ ငရုတ်သီးလိုမျိုး 🌶️🌶️။တင်မယ်ဆိုပီး မေ့နေတာ ဒီ ငရုတ်သီး သကြားလုံးကို 🤤🤤။ရိုးရိုးသကြားလုံးမဟုတ်ဘဲ အသီးအရသာနဲ့ ငရုတ်သီး၊ ဆားအရသာ ပေါင်းထားတဲ့ Candy လေး🌶️🍓🍋
ချိုချိုလေးထဲမှာ ချဉ်ချဉ်၊ စပ်စပ်၊ ဆားလေးနဲ့ အရသာမျိုးစုံခံစားရလို့ ထိမိနေကော ၊ တစ်လုံးစားပြီးရင် နောက်တစ်လုံးထပ်စားချင်နေလ်ို့ ဘရိတ်အုပ်ထားရတယ် ။ 💯🔥
ခေါင်းကိုက် ၊ ခေါင်းမူးတဲ့အခါမျိုး ၊ စိတ်ရှုပ်နေတဲ့အချိန် မျိုးဆို ဒါစားလိုက်ရင် ရှုးရှဲပွင့်ထွက်ခေါင်းကြည်သွားတာ အသက် ။ 🔥🥳
အရသာ ၇ မျိုးရှိ ။ ရောယူလို့လည်းရပါတယ် ။
🍓 Strawberry
🍋 Lemon
🍎 Red Apple
🥭 Green Mango
🍑 White Peach
🍈 Guava
💜 Passion Fruit
Price - အလုံး 50 တစ်ထုပ်ကို 13500 mmk
အလုံး 100 တစ်ထုပ်ကို 19500 mmk
Waiting times - 10 days
23/07/2026
ဒီအိတ်လေး မျက်စိကျနေတာ ကြာပီ ။ 280 baht ဆိုမြန်မာငွေ 38000 လောက်ကျနေတာမို့ မဝယ်သေးတာ ။ အခု Flash Sale ရှိနေတာ 10000 ကျော်လေးနဲ့ ရမှာမို့ တင်ပီလေ။
သူကBeach bag ပီပီ ပန်ကာ ၊ ရေဘူး ၊ မုန့် ၊ sunscrren ၊ cosmetics ၊ သဘက် ၊ ဖိနပ် ၊ ဖုန်း အကုန်ဆန့်တယ် ရှင် ။ ကမ်းခြေသွားမယ်ဆိုရင် ၁ အိတ်ထဲနဲ့ အပီးပဲ ။
Shopping bag အနေနဲ့လည်း သုံးလို့ရတယ် ။ အကြမ်းခံ ပီး အကုန်ပစ်ထည့်လွယ်ရုံပဲ ။
ခရီးသွားရင် ဒါထဲ အစုံပလုံ ပစ်ထည့်လွယ်သွားလို့ရ ။
အိတ်လေးမှာ Key chain လှလှလေးတွေတပ်ပီးလွယ်ရင် တအားချစ်ဖို့ကောင်းတယ် ။နှစ်ရောင်ထွက်တာ နှစ်ရောင်လုံးလှ ❤️။
Price -18500 mmk
Waiting time -10 days
22/07/2026
ကာစတန်မာလေးတွေ အရမ်းမေးနေကြတဲ့ smoothie ဖျော်စက် တစ်ယောက်စာလေး မှာလို့ရပီနော် ✨
Air Cargo နဲ့မို့ 10ရက်ဘဲကြာမှာနော် 🤭🤭
မူရင်းစျေး 150000 ကျော်ကနေ စျေးတွေချနေတာ
အသီးဖျော်သောက်တဲ့ စက်ကြီးတွေထုတ် ဖျော်ဖျော်သောက်သောက်နေရတာ မလွယ်ကူလှဘူးနော်
ဒါလေးတစ်လုံးရှိယုံနဲ့ ကြိုက်တာဖျော်သောက် ကြိုးတွေပလက်ပေါက်တွေလည်း join နေစရာမလိုအပ်တော့ဘူး
Video မှာသာကြည့်လိုက်တော့ကာစမန်မာလေးတို့ရေ
ဖျော်စက်ရဲ့လည်အားက ရေခဲတောင် အေးဆေးခွဲနိုင်တဲ့ ဖျော်စက်လေး
သယ်ရလည်းအဆင်ပြေ smoothie သမားတွေအတွက် တစ်ဘူးတော့ ရှိသင့်တယ်နော်
Price - 58000mmk
20/07/2026
Air Fryer သုံးနေတဲ့ မမ တွေ ညီမလေးတွေ ဒါလေး အသုံးဝင်လို့ ယူပါ ။
သူက Skewer 12 nos ချောင်းနဲ့ skewers ထိုးထားတဲ့ အသားချိတ်ရမယ့် Stand တစ်ခုပါပါတယ် ။
Air fryer ထဲအသားတွေထည့်ကင်လို့ ပြန်ပီး တစ်ဖက်ကို လှန်စရာမလိုတော့ဘဲ ဒါလေးတစ်ခုရှိရုံနဲ့ 360 ပတ်လည် အသားက ကျတ်ပီးသားဖြစ်သွားတယ် ။ 😍😍
ဝက်သား ၊ ကြက်သား ၊ အသီးအရွက် ကိုယ်ကြိုက်တာလေးတွေကို ကင်စားလို့ရပါတယ် ။
ဝက်တနေလှန်းကင်တို့ဘာတို့ ဒါလေးနဲ့လုပ်ရင်ရှယ်မိုက် ။ 🫠🤤
Price -10500 mmk (steel စင် + အသားထိုးတဲ့ Skewer 12 nosပါတဲ့ 1 set ပါ)
Skewer 12 nos ပါ သီးသန့်ဝယ်ချင်ရင် - 6000 mmk ပါ။
Waiting times -10 days
Skincare Kitchen
19/07/2026
အမွှေးဆီအထုပ် ၊ ကြက်သားမှုန့် ၊ အချိုမှုန့် ၊ ဂျုံမှုန့် ၊ ကော်ဖီထုပ် အထုပ်မျိုးစုံ၊ကို တစ်ခါထဲ ကုန်အောင်မသုံးဖြစ်ရင် ဒီလိုညှပ်တဲ့ ကလစ်လေးတွေဆောင်ထားပါ။🤩
အထုပ်တွေလေသလပ်လို့ခဲတာ ၊ ထိမိလို့ဖိတ်တဲ့ ဒုက်ခတွေတော်တော်သက်သာသွားတယ် ။ တပ်နည်းကလွယ်မှလွယ် ။ video မှာကြည့်ပေးပါ။ 🧐🤩
တစ်ခုချင်းကို 2500 mmk ပါရှင့် ။ အနည်းဆုံး 5 ခုတော့ ယူပေးပါရှင် ။ 😍
Saleရှိသလောက်ပဲ ရပါမယ်ရှင့် ။ မူရင်းစျေး တစ်ခုကို 6000 mmk လောက်ရှိပါတယ် ။ 🗯️
Waiting times -10 days
Skincare kitchen
19/07/2026
Gym ဆော့နေတဲ့ မမတွေ ၊ ကလေးဖြည့်စွက်စာ ကျွေးနေရတဲ့ မမတွေဆိုရင် ဟင်းသီးဟင်းရွက်တွေကို လှိးဖြတ်နေစရာမလိုဘဲ အချိန်ခနလေး သုံးပီး အလွယ်တကူ လှီးပီးသားဖြစ်စေတဲ့ ဒါလေးတစ်ခုတော့ ဆောင်ထားသင့်ပါတယ် ။
Simplus ကထုတ်တဲ့ အသီးအရွက် ခြစ်တာလေး ။ မူရင်း စျေးက Sale မချရင် baht 400 မြန််မာငွေ 50000 ကျော် 60000 နားကပ်ပါတယ် ။ ဒါးကဒ် ၅ မျိုး အပြင်ကို သံပုရာသီး ညှစ်တာလေးလေးပါပါတယ် ။ အခု Sale ချနေလို့
SALE Price 🗯️- 35000 mmk နဲ့ရပါမယ် ။
သူမှာ့ ခွက်ပါလာပီးသားကို ခြစ်တဲ့ အချပ်ကို ခွက်ပေါ်တင်ပီးသုံးရုံပဲ ။
နောက်တစ်ခုအဆင်ပြေတာက ရိုးရိုးခြစ်တဲ့ အတံတွေဆိုရင် သေးသေးလေးဖြစ်ရင် ခြစ်မရတာမျိုးရှိတာ သူက တော့ လက်ကိုင်ပါလို့ သေးသေးလေးထိခြစ်လို့ရလို့ အလေအလွင့်ဖြစ်မှာစိုးရိမ်စရာမလိုတော့ဘူး။ ✨🔥
အသုပ် သုတ်စားချင်တာမျိုး၊ Salad အမြဲစားဖြစ်တာမျိုးဆို ဒါလေးတစ်ခုရှိရုံနဲ့ လွယ်ကူအဆင်ပြေသောပဲ ။
သူ့ရဲ့ ကော်သားက PBA free ဖြစ်ပီး cancer ဖြစ်စေတဲ့ ဓါတ်မပါပါဘူး ။ FDA ကနေ အသိအမှတ်ပြုလက်မှတ်လည်း ရထားပီးသားပါရှင့်။
Land နဲ့ဆိုကွဲတာ အက်တာ ဖြစ်လာမှာဆိုးလို့ Air cargo နဲ့ပဲ ဒါလေးကိုသယ်ပါမယ်ရှင့် ။ Brand လည်းဖြစ် စျေးလည်းတန်နေတုန်း ဝယ်ထားသင့်ပါတယ် ✨။
Waiting times -10 days
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
ဘုရားလမ်း
Kamayut