Purecare
PURECARE Gel is a topical antibiotic skin gel used to treat acne that has become infected and is unresponsive to non-antibiotic treatment.
PURECARE Gel kills the bacteria that infect acne affected skin, preventing spread of infection.
16/12/2025
သကြားဖြတ်လိုက်ရင် ဝက်ခြံဘာကြောင့်သက်သာလာနိုင်သလဲ? 🍫🍬🍧❌
သကြားများများစားသုံးခြင်းက သွေးတွင်းသကြားဓာတ်ကို မြန်မြန်တက်စေပြီး အင်ဆူလင်ဟော်မုန်း အလွန်အကျွံထွက်ရှိမှုကို ဖြစ်ပေါ်စေနိုင်ပါသည်။
အင်ဆူလင်မြင့်တက်လာခြင်းသည်
➡️ အဆီထွက်မှုများလာခြင်း
➡️ ချွေးပေါက်များပိတ်စေခြင်း
➡️ အသားအရေ ရောင်ရမ်းခြင်းများဖြစ်စေခြင်း
➡️ ဝက်ခြံဖြစ်ပွားမှုကို ပိုမိုအားပေးခြင်း
တို့နှင့် ဆက်စပ်နေပါတယ်။
သကြားစားသုံးမှုကို လျှော့ချလိုက်တဲ့အခါ
✔️ ဟော်မုန်းညီမျှမှု ပိုကောင်းလာတယ်
✔️ အဆီပြန်မှု လျော့နည်းလာတယ်
✔️ ဝက်ခြံအသစ်များဖြစ်ပွားမှု လျော့နည်းလာတယ်
✔️ အသားအရေ ပိုမိုကြည်လင်လာနိုင်ပါတယ် ✨
Healthy skin ဆိုတာ Skincare တစ်ခုတည်းနဲ့မလုံလောက်ပါဘူး
👉 နေ့စဉ်နေထိုင်စားသောက်မှုပုံစံကလည်း အရေးကြီးပါတယ်။
📌 သကြားလျှော့စားမယ် + ရေများများသောက်မယ် + အာဟာရပြည့်ဝစွာစားမယ်
ဒါတွေကို အစပြုလိုက်ရင် ဝက်ခြံသက်သာလာပြီး အသားအရေကောင်းလာတာကို ကိုယ်တိုင်ခံစားနိုင်ပါလိမ့်မယ် 💚
ဝက်ခြံအတွက် ဆိုရင်တော့ Purecare ရှိတယ်နော်...🤩
✅Purecare ဝက်ခြံပျောက်လိမ်းဆေးလေးကို ဒီလင့်ထဲကနေ order တင်ပြီး မှာယူလို့ရနေပြီနော်...☺
Buy Now - https://onlineshop.aa.com.mm/skin-cream/purecare-pom-220
“ဝက်ခြံဖြစ်ပွားမှု ကင်းဝေးအောင် PURECARE ကို ဆောင်”
“လျင်မြန်ပျောက်ကင်း ဝက်ခြံများရှင်း”
03/10/2025
🎆Happy Thadingyut Festival🎆
သီတင်းကျွတ်အခါသမယမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🙏🙏🙏
05/08/2025
🌟ဝက်ခြံကြောင့် အမဲစက်နဲ့အမာရွတ်တွေ မကျန်ချင်ဘူး…🌟
ဝက်ခြံထွက်ပြီးရင် အမဲစက်နဲ့အမာရွတ်တွေကျန်ခဲ့မှာကလည်း စိုးရိမ်စရာတစ်ခုပါ။ 😖
မျက်နှာလှလှမှာ ဝက်ခြံအမာရွတ်တွေမဖြစ်အောင် ကာကွယ်ဖို့နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်👇
✅ ဝက်ခြံတွေကို မညှစ်ပါနဲ့ - ဝက်ခြံညှစ်တာဟာ အရေပြားအတွင်းပိုင်းထိကို ထိခိုက်စေနိုင်ပြီး အမာရွတ်ကျန်စေပါတယ်။ ဝက်ခြံကို မကုပ်မိအောင် အမြန်သက်သာအောင် ဝက်ခြံကပ်ပလာစတာကို အသုံးပြုနိုင်ပါတယ်။
✅ နေရောင်ကာ Sunscreen ပုံမှန်လိမ်းပါ - နေရောင်ခြည်ဟာ အမဲစက်တွေကို ပိုဆိုးစေနိုင်ပြီး အနာကျက်နှေးစေပါတယ်။ SPF 50+ ပါတဲ့ sunscreen တွေက နေရောင်ဒဏ်ကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။
✅ ဝက်ခြံများကို စောစောကုသမှုခံယူပါ - ဝက်ခြံများကို မြန်မြန်ကုသလေ အမာရွတ်ဖြစ်နိုင်ခြေ နည်းပါးလေဖြစ်ပါတယ်။ သက်ဆိုင်ရာအရေပြားဆရာဝန်နှင့် ပြသတိုင်ပင်ပြီး ကျွမ်းကျင်သောကုသမှုကို ခံယူပါ။
ဝက်ခြံအမာရွတ်တွေမဖြစ်အောင် ကာကွယ်နိုင်ဖို့ မျှော်လင့်ရင်း...💖
“လျင်မြန်ပျောက်ကင်း ဝက်ခြံများရှင်း”ဖို့ဆိုရင်တော့ Purecare ရှိတယ်နော်...💚💚💚
✅Purecare မှာ ဘက်တီးရီးယားပိုးတွေကိုသေစေနိုင်ပြီး ထပ်မပွားအောင်ကာကွယ်ပေးနိုင်တဲ့ Erythromycin ပါဝင်တာကြောင့် ဝက်ခြံတွေကို အမြန်ဆုံးသက်သာပျောက်ကင်းစေနိုင်ပါတယ်။
✅Purecare ဝက်ခြံပျောက်လိမ်းဆေးလေးကို ဒီလင့်ထဲကနေ order တင်ပြီး မှာယူလို့ရနေပြီနော်...☺
Buy Now - https://onlineshop.aa.com.mm/skin-cream/purecare-pom-220
“ဝက်ခြံဖြစ်ပွားမှု ကင်းဝေးအောင် PURECARE ကို ဆောင်”
28/05/2025
✨ Glow skin လေးရဖို့ မဖြစ်မနေလိုအပ်တဲ့ Double Cleansing! ✨
တနေကုန်သွားလာလှုပ်ရှားပြီး ညဘက်မျက်နှာသစ်တဲ့အခါ မျက်နှာသစ်ဆေးနဲ့ပဲတစ်ခါတည်းသစ်ခြင်းက လုံလောက်တယ်လို့ထင်ပါသလား? မလုံလောက်ပါဘူးနော်!🚫
အဆီ၊ ဖုန်မှုန့်၊ မိတ်ကပ် နဲ့ sunscreen စတာတွေက ချွေးပေါက်ထဲမှာကျန်ရစ်နိုင်ပြီး ချွေးပေါက်ပိတ်ကာ အဆီဖုနှင့်ဝက်ခြံတွေဖြစ်စေနိုင်ပါတယ်🤯
ဒါကြောင့် အဆီဖုနှင့်ဝက်ခြံတွေ သက်သာချင်တယ်၊ Glow skin လေးရချင်တယ်ဆို Double Cleansing သေချာလုပ်ဖို့ လိုအပ်ပါတယ်။ Double Cleansing ဆိုတာက-
🫧Step-1 ပထမအဆင့်အနေနဲ့ Micellar Water (သို့မဟုတ်) Cleansing Oil/Balm စတာတွေနဲ့ မျက်နှာကို သန့်စင်ပေးရပါမယ်။
🫧Step-2 ဒုတိယအဆင့်အနေနဲ့ မျက်နှာသစ်ဆေးကိုသုံးပြီး သေချာဆေးကြောသန့်စင်ပေးရပါမယ်။
ဒီလိုအဆင့် ၂ ဆင့်နဲ့ Double cleansing ပြုလုပ်ပေးခြင်းက မျက်နှာပေါ်မှာရှိတဲ့ မိတ်ကပ်၊ ဖုန်မှုန့်၊ အဆီနဲ့ အညစ်အကျေးတွေကို ချွေးပေါက်အတွင်းပိုင်းထိသန့်စင်ပေးနိုင်လို့ အဆီဖုနှင့်ဝက်ခြံတွေကင်းပြီး Glow skin လေးရရှိစေမှာပါ...🤩✨
ဝက်ခြံတွေအမြန်သက်သာဖို့အတွက် ဆိုရင်တော့ Purecare ရှိတယ်နော်...💚💚💚
✅Purecare ဝက်ခြံပျောက်လိမ်းဆေးလေးကို ဒီလင့်ထဲကနေ order တင်ပြီး မှာယူလို့ရနေပြီနော်...☺
Buy Now - https://onlineshop.aa.com.mm/skin-cream/purecare-pom-220
“ဝက်ခြံဖြစ်ပွားမှု ကင်းဝေးအောင် PURECARE ကို ဆောင်”
“လျင်မြန်ပျောက်ကင်း ဝက်ခြံများရှင်း”
25/02/2025
🌿 ဝက်ခြံများရှင်းပြီး တောက်ပတဲ့ အသားအရေအတွက် Purecare Gel✨
🙆♀️ကိုးရီးယားနိုင်ငံမှထုတ်လုပ်ထားတဲ့ Purecare Gel တွင် ဘက်တီးရီးယားပိုးသတ်ဆေး Erythromycin ပါဝင်သဖြင့် ဝက်ခြံပိုးများကို သေစေနိုင်ပြီး ဝက်ခြံဖြစ်ပွားမှုကို ထိရောက်စွာ လျှော့ချပေးနိုင်ပါတယ်...👩🔬
✅ Purecare Gel ၏ အကျိုးကျေးဇူးများ
✔️ ဝက်ခြံဖြစ်စေသော ဘက်တီးရီးယားများကို နှိမ်နင်းပေးခြင်း
✔️ ဝက်ခြံကြောင့် ရောင်ရမ်းမှုများကို လျှော့ချပေးခြင်း
✔️ ဝက်ခြံများထပ်မံမဖြစ်ပွားစေရန် ကာကွယ်ပေးခြင်း
💡 အသုံးပြုရန်အကြံပြုချက်
✔️ နေ့စဉ် ၂ ကြိမ် (မနက် နှင့် ည) သန့်စင်ပြီးသော အသားအရေပေါ်တွင် သေချာလိမ်းပါ။
✅Purecare ဝက်ခြံပျောက်လိမ်းဆေးလေးကို ဒီလင့်ထဲကနေ order တင်ပြီး မှာယူလို့ရနေပြီနော်...☺
Buy Now - https://onlineshop.aa.com.mm/skin-cream/purecare-pom-220
“ဝက်ခြံဖြစ်ပွားမှု ကင်းဝေးအောင် PURECARE ကို ဆောင်”
“လျင်မြန်ပျောက်ကင်း ဝက်ခြံများရှင်း”
02/01/2025
ဝက်ခြံအမျိုးမျိုးအကြောင်း သိကောင်းစရာ...
ဝက်ခြံ (Acne) သည် လူတိုင်းနီးပါး ကြုံတွေ့ရသည့် အသားအရေပြားပြဿနာတစ်ခုဖြစ်ပြီး အမျိုးအစားအမျိုးမျိုးရှိပါတယ်။
📝 ပုံမှန်ဝက်ခြံ (Acne Vulgaris)
ပုံမှန်ဝက်ခြံသည် အရွယ်ရောက်ခြင်းနှင့်စပ်လျဉ်းနေပြီး အဆီထုတ်မှုများလာခြင်းကြောင့် ဖြစ်သည်။ များသောအာဖြင့် အရေပြားပေါ်တွင် အမည်းဆံ၊ အဖြူဆံ သို့မဟုတ် ရောင်ရမ်းနေသောအဖုများအဖြစ် တွေ့ရလေ့ရှိသည်။
📝 ဝက်ခြံအနီ (Papules and Pustules)
အနီရောင် ရောင်ရမ်းနေသော ဝက်ခြံဖုများထွက်ပြီး ထိမိလျှင် နာကျင်မှုရှိစေသည်။ တစ်ခါတစ်ရံ ပြည်တည်နေတတ်ပြီး မကုသပါက ရောဂါပိုးဝင်ခြင်း သို့မဟုတ် အမာရွတ်ကျန်ခြင်းများ ဖြစ်ပေါ်နိုင်သည်။
📝 ဝက်ခြံအမာ (Nodules and Cysts)
ဤဝက်ခြံအမျိုးအစားသည် အရေပြားအောက်တွင်ဖြစ်ပြီး ကြီးမားပြီး နာကျင်တဲ့ အဖုများဖြစ်သည်။ ပြင်းထန်သောအကြီးစားဝက်ခြံများဖြစ်ပြီး သက်သာဖို့အတွက် ဆေးဝါးကုသမှု လိုအပ်တတ်သည်။
📝 ဟော်မုန်းဝက်ခြံ (Hormonal Acne)
အထူးသဖြင့် မိန်းကလေးများတွင် ဓမ္မတာလာချိန်၊ ကိုယ်ဝန်ရှိချိန် သို့မဟုတ် အသက်အရွယ်ကြီးရင့်လာချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်တတ်သည်။ ပုံမှန်အားဖြင့် မျက်နှာ၊ အထူးသဖြင့် မေးရိုး၊ နဖူး သို့မဟုတ် မေးစေ့တစ်ဝိုက်တွင် အဖြစ်များသည်။
📝 ပြင်ပအကြောင်းများကြောင့်ဖြစ်သော ဝက်ခြံ (Acne Mechanica)
ဤဝက်ခြံအမျိုးအစားသည် တင်းကျပ်သောအဝတ်အစားများ၊ ပွတ်တိုက်မှုများ သို့မဟုတ် အချို့သော အသားအရေထိန်းသိမ်းမှုဆိုင်ရာ ပစ္စည်းများ (cosmetics & skincare products) နှင့် မတည့်သောကြောင့် ဖြစ်တတ်သည်။
ဝက်ခြံအမျိုးမျိုးအကြောင်းကို သိထားပြီး ဝက်ခြံများကို ထိထိရောက်ရောက် ကာကွယ်ကုသနိုင်စေဖို့ မျှော်လင့်ပါတယ်...
ဝက်ခြံတွေ အမြန်သက်သာဖို့ဆိုရင်တော့ Purecare Gel ကို သတိရလိုက်နော်...🤩
✅Purecare ဝက်ခြံပျောက်လိမ်းဆေးလေးကို ဒီလင့်ထဲကနေ order တင်ပြီး မှာယူလို့ရနေပြီနော်...☺
Buy Now - https://onlineshop.aa.com.mm/skin-cream/purecare-pom-220
“ဝက်ခြံဖြစ်ပွားမှု ကင်းဝေးအောင် PURECARE ကို ဆောင်”
“လျင်မြန်ပျောက်ကင်း ဝက်ခြံများရှင်း”
04/11/2024
အစားအသောက်တွေက ဝက်ခြံတွေအပေါ် သက်ရောက်မှုရှိနိုင်လား? 🍫🍔🍟🥤🥗
ဟုတ်ပါတယ်! အစားအသောက်ရွေးချယ်မှုက အသားရေကျန်းမာရေးအတွက် အရေးကြီးပါတယ်။ အချို့သောအစားအသောက်တွေကတော့ ဝက်ခြံဖြစ်ခြင်းကို ပိုဆိုးစေနိုင်ပါတယ်။ ❌❌❌
🥛🧈🧀နို့နှင့် နို့ထွက်ပစ္စည်းတွေက အချို့လူတွေအတွက် ဝက်ခြံ breakout ကို ဖြစ်စေနိုင်ပါတယ်။
🥫🧃🥡ကြာရှည်ခံဆေးတွေပါတဲ့ အသင့်စား အစားအစာတွေ
🍔🍟🥤အဆီနှင့်သကြားပါဝင်မှုများတဲ့ အစားအစာတွေ
🧂🥓🌶အငံအစပ်များတဲ့ အစားအစာတွေကလည်း ဝက်ခြံတွေကို ပိုဆိုးစေနိုင်ပါတယ်။
🍊🍏🥗သစ်သီးနှင့် ဟင်းသီးဟင်းရွက်တွေကတော့ ဗီတာမင်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများစွာပါသောကြောင့် ဝက်ခြံထွက်ခြင်းကို လျော့နည်းစေပြီး အသားရေကို ကျန်းမာလှပစေနိုင်ပါတယ်။
✅ဝက်ခြံတွေ မြန်မြန်သက်သာချင်ရင်တော့ အစားအသောက်မှန်မှန် မျှတအောင်စားတာအပြင် PURECARE Gel ကိုပါ ဆောင်ထားလိုက်ပါနော်! 💚💚💚
✅ကိုးရီးယားနိုင်ငံမှထုတ်လုပ်ထားတဲ့ PURECARE Gel ဟာ အနာရင်းသော အသေးစားဝက်ခြံများနှင့် အတော်အသင့်ဝက်ခြံများအတွက် အသင့်တော်ဆုံးသော လိမ်းဆေးတစ်မျိုးဖြစ်ပါတယ်…ဝက်ခြံကြောင့် အရေပြားအနာကိုဖြစ်စေတဲ့ ဘက်တီးရီးယားပိုးများကို သေစေပြီး ဝက်ခြံများထပ်မံမဖြစ်ပွားစေရန် ကာကွယ်ပေးနိုင်တဲ့ ဆေးစွမ်းကောင်းတစ်လက်ပဲဖြစ်ပါတယ်…👩🔬
✅Purecare ဝက်ခြံပျောက်လိမ်းဆေးလေးကို ဒီလင့်ထဲကနေ order တင်ပြီး မှာယူလို့ရနေပြီနော်...☺
Buy Now - https://onlineshop.aa.com.mm/skin-cream/purecare-pom-220
“ဝက်ခြံဖြစ်ပွားမှု ကင်းဝေးအောင် PURECARE ကို ဆောင်”
“လျင်မြန်ပျောက်ကင်း ဝက်ခြံများရှင်း”
01/10/2024
✨ Healthy Skin လေးရဖို့ လွယ်ကူရိုးရှင်းတဲ့ 5 Basic Skincare Steps✨
1. Cleanser 🧼: မျက်နှာပေါ်ရှိ အညစ်အကြေးနဲ့ အဆီတွေကို ဖယ်ရှားပေးဖို့ မျက်နှာသစ်ဆေးနှင့် စင်ကြယ်စွာ မျက်နှာသစ်ပါ။
2. Toner 🌿: မျက်နှာအသားအရေ၏ pH နှင့် ရေဓာတ်ကို ထိန်းညှိပေးဖို့ တိုနာကို အသုံးပြုပါ။
3. Serum 💦: အသားအရေအမျိုးအစားအလိုက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ serum ကို အသုံးပြုပါ။
4. Moisturizer 💧: မျက်နှာအစိုဓာတ်ကို ထိန်းသိမ်းပေးဖို့ သင့်အသားအရေအမျိုးအစားနှင့် လိုက်ဖက်သော အစိုဓာတ်ထိန်း cream သို့မဟုတ် gel ကို အသုံးပြုပါ။
5. Sunscreen ☀️: သင့်အသားအရေကို နေရောင်ခြည်တွင်ပါသော UV ray မျာကြောင့် ပျက်စီးခြင်းမှ ကာကွယ်ပေးဖို့ Sunscreen ကို နေ့စဉ်လိမ်းပါ။
Consistency is a key! ဖြစ်တာမို့ ဒီ အခြေခံ skincare steps လေးတွေကို ပုံမှန်လုပ်ပေးဖို့ မမေ့နဲ့နော်✨
ဝက်ခြံအတွက် ဆိုရင်တော့ Purecare ရှိတယ်နော်...🤩
✅Purecare ဝက်ခြံပျောက်လိမ်းဆေးလေးကို ဒီလင့်ထဲကနေ order တင်ပြီး မှာယူလို့ရနေပြီနော်...☺
Buy Now - https://onlineshop.aa.com.mm/skin-cream/purecare-pom-220
“ဝက်ခြံဖြစ်ပွားမှု ကင်းဝေးအောင် PURECARE ကို ဆောင်”
“လျင်မြန်ပျောက်ကင်း ဝက်ခြံများရှင်း”
20/08/2024
🌟 Purecare နဲ့ ဝက်ခြံတွေကို တိုက်ဖျက်ကြစို့! 🌟
လွယ်လွယ်နဲ့မပျောက်နိုင်တဲ့ ဝက်ခြံတွေက သင့်ကို စိတ်ပင်ပန်းစေပါသလား?
Purecare က သင့်အတွက် အဖြေတစ်ခုဖြစ်နိုင်ပါတယ်!
Purecare ဝက်ခြံပျောက်လိမ်းဆေးဟာ ဝက်ခြံတွေကိုအချိန်တိုတွင်းသက်သာစေပြီး ဝက်ခြံများပြန်ဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။
💧 ဘယ်လိုအလုပ်လုပ်သလဲ:
Purecare မှာ ဘက်တီးရီးယားပိုးသတ်ဆေးတစ်မျိုးဖြစ်တဲ့ Erythromycin 40mg ပါဝင်ပါတယ်။ ၎င်းက ဝက်ခြံဖြစ်စေသော ဘက်တီးရီးယားများကို တိုက်ဖျက်ပေးပြီး ဝက်ခြံကြောင့် ရောင်ရမ်းခြင်းနှင့် အနာများကို လျော့နည်းစေပါတယ်။ ဘက်တီးရီးယားတွေ ထပ်မပွားအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
✨ အကျိုးကျေးဇူးများ:
ဝက်ခြံကြောင့် နီမြန်းခြင်းနှင့် ရောင်ရမ်းခြင်းများကို လျော့နည်းစေပါတယ်။
ဝက်ခြံများထပ်ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။
ဘက်တီးရီးယားပိုးဝင်ဝက်ခြံများအတွက် သင့်တော်ပါတယ်။
👍 အသုံးပြုပုံ:
Purecare ကို မနက် တစ်ကြိမ် ည တစ်ကြိမ် မျက်နှာသန့်စင်ပြီးလိမ်းပေးနိုင်ပါတယ်။
✅Purecare ဝက်ခြံပျောက်လိမ်းဆေးလေးကို ဒီလင့်ထဲကနေ order တင်ပြီး မှာယူလို့ရနေပြီနော်...
Buy Now - https://onlineshop.aa.com.mm/skin-cream/purecare-pom-220
“ဝက်ခြံဖြစ်ပွားမှု ကင်းဝေးအောင် PURECARE ကို ဆောင်”
“လျင်မြန်ပျောက်ကင်း ဝက်ခြံများရှင်း”
12/04/2024
💦Happy Thingyan Festival💦
" မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်အခါသမယမှာ ကျန်းမာရွှင်လန်းပါစေကြောင်း PURECARE မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ " 🙏🙏🙏
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 81, Insein Road, Corner Of Hledan Road
Kamayut
11041
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |