HAN Aesthetic Lounge

HAN Aesthetic Lounge

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from HAN Aesthetic Lounge, Skin Care Service, အမှတ် (၁၁)၊Penthouse(10th floor)၊ဆင်ဖြူတော် Office Tower ၊ကန်လမ်း, Kamayut.

30/11/2025

"ဆေးခန်း ပိတ်ရက် ကြေညာခြင်း"

ချစ်ရသော Customer များရှင်

HAN Aesthetic Lounge ဆေးခန်းလေးကို (1.12.2025) မှစတင်၍ အပတ်စဉ် တနင်္လာနေ့တိုင်းကို ဆေးခန်းပိတ်ရက်လေးအဖြစ်သတ်မှတ်လိုက်ကြောင်းအသိပေးအကြောင်းကြားအပ်ပါတယ်ရှင်

အပတ်စဉ် အင်္ဂါနေ့မှစတင်၍ ဝန်ဆောင်မှုများကိုပုံမှန်အတိုင်းပြန်လည်လက်ခံပေးသွားမှာဖြစ်ပါတယ်ရှင် 🥰

Open Tuesday to Sunday :10AM - 6PM
Phone : 09 964 100 200, 09 965 100 200
Address : အမှတ် (၁၁)၊Penthouse(10th floor)၊ဆင်ဖြူတော် Office Tower ၊ကန်လမ်း၊ လှိုင်မြို့နယ်၊
ရန်ကုန်မြို့💚

24/11/2025

ကြည်လင်ဝင်းပတဲ့ မျက်နှာလေးကို ပိုင်ဆိုင်နိုင်ဖို့ သိထားသင့်တဲ့ Laser Meso Duo အကြောင်း…💁‍♀️

ပျိုမေလေးတို့ရဲ့ မျက်နှာမှာရှိတဲ့ Dull Skin တွေ၊ ချွေးပေါက်ကျယ်တာတွေ၊ ဝက်ခြံအမာရွတ်တွေကို ဖယ်ရှားပေးပြီး စိန်ပွင့်လေးလို တောက်ပတဲ့ မျက်နှာ အသားအရေကိုပိုင်ဆိုင်နိုင်ဖို့ Laser Meso Duo က အကောင်းဆုံး Treatment တစ်ခုဖြစ်ပါတယ်။💎

ဒီ Treatment က Laser Treatment နဲ့ Mesotherapy Treatment တို့ကို ပေါင်းစပ်ထားတဲ့အတွက်ကြောင့် တစ်ခုချင်းစီ သီးသန့်လုပ်တာထက် Result ကိုပိုမိုကောင်းမွန်စေပါတယ်။ 💪

Laser Meso Duo Treatment က ပျိုမေလေးတို့ရဲ့ အသားအရေကို ဘယ်လိုမျိုးအကျိုးကျေးဇူးတွေ ပေးနိုင်လဲဆိုရင်တော့👇
✨ အသားအရေ ကြည်လင်တောက်ပ Glow လာစေမယ်။
Dull Skin တွေ၊အသားအရေမညီညာတာတွေကို ပျောက်ကင်းစေပြီး အတွင်းပိုင်းကနေကြည်လင်ဝင်းပလာမှာသေချာပါတယ်။
✨ ချွေးပေါက်ကျယ်တာတွေ သက်သာပြီး Skin Texture ညီလာမယ်။
ချွေးပေါက်တွေ ကျဉ်းသွားစေပြီး အသားအရေကို ပိုမိုချောမွေ့စေနိုင်ပါတယ်။ ဒါကြောင့်Make-up လိမ်းတဲ့အခါ ပိုမို ပြေပြစ်လှပလာစေမှာအသေအချာပဲနော်။
✨ ဝက်ခြံအမာရွတ် (Acne Scars) နဲ့ အမဲစက် (Dark Spots) တွေ မှေးမှိန်လာမယ်။
အသားအရေပေါ်က မလိုချင်တဲ့ အမာရွတ်တွေ၊ အမဲစက်တွေကို သိသိသာသာ လျော့ပါးစေပြီး ကြည်လင်တဲ့အသားအရေကို ပိုင်ဆိုင်ရမှာပါ။
✨ အရေးအကြောင်း (Fine Lines & Wrinkles) တွေကို လျော့ပါးစေပြီး Collagen ထုတ်လုပ်မှုကို အားပေးတယ်။
အသားအရေကို ပြန်လည်နုပျိုလာစေဖို့ Collagen ထုတ်လုပ်မှုကို အားပေးလို့ ငယ်ရွယ်နုနယ် တဲ့အသွင်အပြင်ကိုပိုင်ဆိုင်စေမှာပါ။
✨ အသားအရေအတွက်လိုအပ်တဲ့ Vitamins, Antioxidants တွေကို Skin ထဲအထိ ထိထိရောက်ရောက် ပို့ဆောင်ပေးတယ်။

Mesotherapy ကတစ်ဆင့် ကိုယ့်အသားအရေကို လိုအပ်တဲ့ Essential Nutrients တွေကို အကောင်းဆုံးဖြည့်တင်းပေးလို့ အတွင်းပိုင်းကနေ ကျန်းမာပြီး Hydrated ဖြစ်လာစေမှာပါ။

Laser ရဲ့ Renew လုပ်ပေးတဲ့စွမ်းအားနဲ့ Meso ရဲ့ Skin Nourishment စွမ်းအားတို့ ပေါင်းစပ်လိုက်တဲ့အခါ... ပျိုမေလေးတို့ရဲ့အသားအရေကို 'Double Effect' နဲ့ အကောင်းဆုံး Result ကို ရရှိမှာ သေချာပါတယ်! 🤩💓

အချိန်တိုအတွင်း သိသာတဲ့ပြောင်းလဲမှုတွေကို ရရှိဖို့ဆိုရင် Laser Meso Duo Treatment ကသာအကောင်းဆုံး Solution ပါပဲ။

ဒီလိုမျိုး အားသာချက်တွေ အများကြီးရှိတဲ့ Laser Meso duo Treatment နဲ့ ပျိုမေလေးတို့ရဲ့အသားအရေကို Perfect ဖြစ်အောင်ပြုလုပ်ချင်တယ်ဆိုရင်တော့ Han မှာလာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

Open Daily : 10AM -6PM
Phone : 09 964 100 200, 09 965 100 200
Address : အမှတ် (၁၁)၊ Penthouse(10th floor)၊ ဆင်ဖြူတော် Office Tower၊ ကန်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

20/11/2025

K drama ထဲက မင်းသမီးလေးတွေလို နှာတံလှလှလေးတွေ ပိုင်ဆိုင်ချင်သူတွေ ရှိလား? 💕

ဒါဆိုရင်တော့ ခွဲစိတ်မှုလည်းမလိုပဲ ကိုယ့်ရဲ့ နှာခေါင်းပုံစံလေးကို စိတ်တိုင်းကျ ပြောင်းလဲချင်တဲ့သူတွေအတွက် "နှာခေါင်း ကော်လဂျင် ကြိုးထိုးခြင်း" (Nose Collagen Threading) Treatment လေးကို ပြုလုပ်လို့ရနေပါပြီ။

Nose Collagen Threading ဟာဆိုရင်
✨ ခွဲစိတ်စရာမလိုဘဲ လှပတဲ့ နှာတံလေးကို အချိန်တိုအတွင်း ရရှိမယ်။
✨ နာကျင်မှုလည်း မရှိသလောက် နည်းပါးမယ်။
✨ ဒဏ်ရာမရှိ၊ ရောင်ရမ်းတာမျိုးလည်း နည်းပါးတဲ့အတွက် ပုံမှန်အတိုင်း အလုပ်ပြန်
တက်တာမျိုး၊ အပြင်ထွက်တာမျိုး ပြုလုပ်လို့ရမယ်။

ဒါဆို သဘာဝကျပြီး ကိုယ့်မျက်နှာနဲ့ လိုက်ဖက်တဲ့ နှာခေါင်းလှလှလေးကို ပိုင်ဆိုင်နိုင်ဖို့ Han မှာ လာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါပြီ။
လှပတဲ့ နှာတံလေးနဲ့အတူ ကိုယ့်ရဲ့ confidence ကို မြှင့်တင်လိုက်ပါ။ 💖

Open Daily : 10AM -6PM
Phone : 09 964 100 200, 09 965 100 200
Address : အမှတ် (၁၁)၊ Penthouse(10th floor)၊ ဆင်ဖြူတော် Office Tower၊ ကန်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

17/11/2025

မင်္ဂလာဆောင်မယ့်ရက် နီးလာပြီလား...👰🏻‍♀️💍

ကိုယ့်ရဲ့ မင်္ဂလာပွဲလေးမှာ သွယ်လျလှပပြီး အလှဆုံးသတို့သမီးလေး ဖြစ်နေစေဖို့အတွက် အချိန်တိုအတွင်း ခန္ဓာကိုယ် သွယ်လျစေမယ့် Treatment လေးတွေကိုပြောပြပေးပါမယ်။

✨ Calf Muscle Botox ✨
Dinner Party အတွက် Dress အတိုလေးတွေဝတ်တဲ့အချိန်မှာ သေးသွယ်တဲ့ ခြေသလုံးလေးတွေ ပိုင်ဆိုင်နိုင်ဖို့အတွက် ကူညီပေးမယ့် Treatment ဖြစ်ပါတယ်။

✨Hifu Body Contouring✨
ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ မလိုအပ်တဲ့အဆီပိုတွေကို နာကျင်မှုမရှိ ပဲဖယ်ရှားချင်တယ်ဆိုရင်တော့ Hifu က အကောင်းဆုံးပါပဲ။

✨Meso Fat Injection✨
ပေါင်၊ ဗိုက်၊ မေးနှစ်ထပ် စတဲ့ ကိုယ်မလိုချင်တဲ့ အဆီပိုတွေကိုတော့ Meso နဲ့အတူ ဖယ်ရှားနိုင်ပါတယ်။

✨Slimming Infusion ✨
အသားအရေလည်းလှ ကိုယ်အလေးချိန်လည်း ကျချင်တဲ့ သတိုးသမီးလေးတွေအတွက် Perfect ဖြစ်စေမယ့် Treatment လေးပါ။

✨Barbietox Treatment✨
လှပကျော့ရှင်းတဲ့ ပုခုံးလေးတွေနဲ့အတူ လည်တိုင်လှလှလေးကို ပိုင်ဆိုင်ချင်တဲ့ သတို့သမီးလေးတွေအနေနဲ့ကတော့ Barbietox ကိုရွေးချယ်သင့်ပါတယ်။

ဒါဆို မင်္ဂလာပွဲမတိုင်ခင် အချိန်တိုအတွင်းမှာပဲ စိတ်တိုင်းကျ Body Goal တစ်ခုကို မှန်မှန်ကန်ကန်ရရှိနိုင်ဖို့ Han မှာအသေးစိတ်လာရောက်ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

Open Daily : 10AM -6PM
Phone : 09 964 100 200, 09 965 100 200
Address : အမှတ် (၁၁)၊ Penthouse(10th floor)၊ ဆင်ဖြူတော် Office Tower၊ ကန်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

13/11/2025

အကြောပြတ်ရာတွေ (Stretch Marks) တွေဆိုတာ တကယ်တော့ ရှက်စရာမဟုတ်ပါဘူး….
အကြောပြတ်ရာဆိုတာ ပျိုမေလေးတို့ရဲ့ Skin အောက်က Collagen နဲ့ Elastin Fibers တွေ တင်းအားမမျှမတ ဖြစ်ပြီး ပြဲထွက်သွားတာကြောင့် ဖြစ်ပေါ်လာတဲ့ အသားအရေပြောင်းလဲမှုတစ်မျိုးဖြစ်ပါတယ်။
👇 အကြောပြတ်ရာဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတွေကတော့ …
(1) ကိုယ်ဝန်ဆောင်ချိန် (Pregnancy)
(2) ကိုယ်အလေးချိန် ရုတ်တရက် တက်လာတာ ဒါမှမဟုတ် ကျသွားတာ (Rapid Weight Gain/Loss)
(3) ပျိုဖော်ဝင်ချိန် ကိုယ်ခန္ဓာကြီးထွားလာတာ(Growth Spurts)
(4) Steroid ပါတဲ့ ဆေးဝါးတွေ အလွန်အကျွံသုံးစွဲတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
အကြောပြတ်ရာတွေကအရှင်းပျောက်ဖို့ခက်ခဲ့ပေမယ့် စနစ်တကျ ဂရုစိုက်ပေးမယ်ဆိုရင်တော့ လျော့ပါးအောင် လုပ်ဆောင်လို့ရပါတယ်။

✨ ဒါဆို ဘယ်လိုဂရုစိုက်သင့်လဲ?
ပျိုမေတို့ရဲ့ အသားအရေကို ရေဓာတ်ပြည့်ဝနေအောင် Moisturizer မှန်မှန်လိမ်းပေးသင့်ပါတယ်။ ဒါ့အပြင် အရေပြားကို ညင်သာစွာ Exfoliation လုပ်ပေးဖို့လည်းအရေးကြီးပါတယ်။ နောက်ပြီး Collagen ထုတ်လုပ်မှုကို အားကောင်းစေတဲ့ Vitamin A,C,E ကြွယ်ဝတဲ့အစားအသောက်များကို စားသုံးပေးသင့်ပါတယ်။
တကယ်လို့ ပျိုမေတို့က မြန်မြန်ဆန်ဆန် ထိထိရောက်ရောက်နဲ့ သိသိသာသာပျောက်ကင်းချင်တယ်ဆိုရင်တော့ Han မှာ Treatment လေးတွေရယူနိုင်ပါတယ်။

အကြောပြတ်ရာနဲ့ပတ်သက်ပြီး Han မှာပြုလုပ်နိုင်တဲ့ Treatment တွေကတော့…
အမာရွတ်တွေကိုဖယ်ရှားကုသပေးနိုင်မယ့် Laser
အသားအရေကိုပြန်လည်တင်းရင်းစေမယ့် Hifu
အသားအရေကို ညီညာစေမယ့် PRP
အသားအရည်ကိုပြန်လည် ကြည်လင်စေမယ့် Meso တို့ပဲဖြစ်ပါတယ်။

ပျိုမေတို့ ယုံကြည်မှုအပြည့်နဲ့ လှပဖို့အတွက် Han မှာ အသေးစိတ်လာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

Open Daily : 10AM -6PM
Phone : 09 964 100 200, 09 965 100 200
Address : အမှတ် (၁၁)၊ Penthouse(10th floor)၊ ဆင်ဖြူတော် Office Tower၊ ကန်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

#အကြောပြတ်ရာ

13/11/2025

📣📣 Vacancy Announcement

✨Aesthetic Doctor (Female) - 1 post✨

- M.B.,B.S ဘွဲ့ရရှိထားကာ Aesthetic Field ကိုစိတ်ဝင်စားသူ

-စိတ်ရှည်ပြီး စကားပြောချိုသာ နွေးထွေးစွာပြောဆိုဆက်ဆံတတ်သူ

-ရေရှည်လက်တွဲလုပ်ကိုင်နိုင်သူ

-ဆေးခန်းအတွေ့အကြုံရှိပြီး သက်ဆိုင်ရာ M.Sc or Diploma/Certificates ရရှိထားသူများကို ဦးစားပေးပါမည်။

-လိုအပ်သည့် training များကို ပေးပေးပါမည်။

-လှိုင်မြို့နယ် အနီးတဝိုက်နေသူများ ဦးစားပေးမည်။

လစာ - Basic salary (negotiable) + Commission + Bonus
အလုပ်ချိန် - 10am to 6pm
Weekdays တစ်ပတ်တစ်ရက် နားရက်ရပါမည်

စိတ်ဝင်စားသူများ
- CV form အပြည့်အစုံ
- ဓာတ်ပုံ
-ဘွဲ့၊ Certificates အပြည့်အစုံ
-မျှော်မှန်းလစာတို့ကို
Email - [email protected] or
Viber - +95 95406366 သို့ပေးပို့လျှောက်ထားနိုင်ပါသည်။

10/11/2025

✨ အပ် ကြောက်လို့ Whitening Infusion လုပ်ဖို့ မလုပ်ရဲဖြစ်နေတဲ့သူလေးတွေရှိလား 🥺?

ဒီလိုပျိုမေလေးတွေအတွက် Han မှာ စိတ်ကို relax ဖြစ်စေမယ့် Facial Spa လေးပြုလုပ်ရင်း Whitening infusion Treatment လေးကိုပါ တပြိုင်တည်း လုပ်လို့ရပါတယ်။ 🧖‍♀️✨

Han မှာ Facial Spa လေးခံယူရင်း whitening infusion နဲ့အတူတွဲလုပ်ပြီး စိတ်ကိုဘယ်လို relax လုပ်လို့ရလည်းသိချင်ရင်တော့ video လေးကိုအဆုံးထိကြည့်သွားလိုက်တော့နော်….👇👇👇

⏰Open Daily : 10AM -6PM
☎️Phone : 09 964 100 200, 09 965 100 200
📍Address : အမှတ် (၁၁)၊ Penthouse(10th floor)၊ ဆင်ဖြူတော် Office Tower၊ ကန်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

07/11/2025

Han ရဲ့ Carbon Laser Treatment ကဘာလို့ ထူးခြားသိသာနေတာလဲ? 🤔
Han မှာ အသုံးပြုပေးထားတဲ့ Lutronic Spectra XT Machine ရဲ့ အားသာချက်အနေနဲ့ Handpiece ၃ ခု ပါဝင်ပါတယ်။ ✅

ဒီ Handpiece ၃ ခုဟာဆိုရင် မတူညီတဲ့ Wavelength တွေကို ထုတ်ပေးပြီး ကိုယ့်ရဲ့ အရေပြားအလွှာတွေနဲ့ Pigment တွေပေါ်မှာ Wavelength မတူရင် မတူသလို အကျိုးသက်ရောက်မှုတွေကလည်း ကွာခြားနိုင်ပါတယ်။

အဲ့ဒီ Handpiece ၃ မျိုးက ဘာတွေလဲ၊ ဘယ်လိုအသားအရေပြဿနာတွေကို ကုသပေးနိုင်လဲဆိုတာ သိချင်တယ်ဆိုရင်တော့ Dr Htet ကနေအသေးစိတ်ရှင်းပြပေးထားတာမလို့ video လေးကိုအဆုံးထိကြည့်သွားလိုက်တော့နော်။ 👇👇

Open Daily : 10AM -6PM
Phone : 09 964 100 200, 09 965 100 200
Address : အမှတ် (၁၁)၊ Penthouse(10th floor)၊ ဆင်ဖြူတော် Office Tower၊ ကန်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

Photos from HAN Aesthetic Lounge's post 06/11/2025

ပျိုမေတို့အကြိုက် Infusion Therapy နဲ့ Laser Treatment တွေကို up to 30% off discount အပြင် Facial Spa Treatment ပါလက်ဆောင် ရရှိနိုင်မယ့် အခွင့်အရေးလေးရောက်ရှိလာပါပြီ။ 🎁

ဒီ promotion လေးမှာ ပါဝင်တဲ့ Treatment လေးတွေကတော့
✨ဖြူဝင်းကြည်လင်တဲ့အသားအရေအတွက် Whitening Infusion
✨အသားအရေကိုပြန်လည်နုပျိုစေမယ့် Anti-Aging Infusion
✨တင်းရင်းနုပျိုစေမယ့်အသားအရေအတွက် NAD+ Infusion
စတဲ့ Infusion Therapy Treatment များ🙌🏻

✨အမဲစက် ၊ အမာရွတ်၊ အရေးကြောင်းများကိုလျှော့ချကာ အပြစ်အနာအဆာကင်းစင်ပြီး ကြည်လင်တောက်ပတဲ့ အသားအရေအတွက် Carbon Laser Treatment အပြင် အခြား Laser Treatment များစွာပါဝင်ပါတယ်။ 💁‍♀️

Promotion အကြောင်းအသေးစိတ်ကိုတော့ ပုံတစ်ပုံချင်းစီမှာ ဖော်ပြပေးထားပါတယ်။
ဒီအထူးအခွင့်အရေးကြီးကိုတော့ ပျိုမေတို့ November လ တစ်လလုံး ရရှိမှာဖြစ်ပါတယ်! 🗓️

ဒါကြောင့် ကိုယ့်ရဲ့ အသားအရေအတွက် အကောင်းဆုံး Treatment တွေကို အတန်ဆုံးစျေးနှုန်းနဲ့ ရရှိနိုင်ဖို့ အခုပဲ Han ကိုဆက်သွယ်လိုက်တော့နော်။

Open Daily : 10AM -6PM
Phone : 09 964 100 200, 09 965 100 200
Address : အမှတ် (၁၁)၊ Penthouse(10th floor)၊ ဆင်ဖြူတော် Office Tower၊ ကန်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။



+

04/11/2025

ယနေ့ နိုဝင်ဘာလ (၄) ရက်နေ့လေးကတော့ Han ရဲ့ ချစ်သောလေးတွေကို အလှဆုံးဖြစ်အောင် ဖန်တီးပေးလျက်ရှိတဲ့ Dr. Htet ရဲ့ မွေးနေ့မင်္ဂလာ ရက်မြတ်လေးပဲဖြစ်ပါတယ်။ 🗓️

အမြဲတမ်း ပြုံးရွှင်နေတတ်ပြီး Patient တွေကို ကိုယ်ပိုင်အလှအပတွေနဲ့အတူ ပိုမိုလှပစေဖို့ စိတ်အားထက်သန်မှုအပြည့်နဲ့ ကြိုးစားပေးနေတဲ့ Doctor ရဲ့ မွေးနေ့မှစလို့
✨စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ စွာဖြင့်
✨အောင်မြင်မှုများစွာ ပိုင်ဆိုင်နိုင်ပါစေကြောင်း

Han မိသားစုမှ မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 🎂🎉

03/11/2025

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ရဲ့ နေ့ထူးနေ့မြတ် ဖြစ်တဲ့ "တန်ဆောင်မုန်းလပြည့်နေ့" မှာ ပျိုမေများအားလုံး ကျန်းမာလှပ ပျော်ရွှင်ကြပါစေကြောင်း HAN မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 🙏

#တန်ဆောင်မုန်းလပြည့်နေ့

01/11/2025

"ဆေးခန်းပိတ်ရက်"ကြေညာခြင်း

HAN Aesthetic Lounge အားလာမည့် (၂.၁၁.၂၀၂၅) ရက်နေ့ တနင်္ဂနွေနေ့တွင် ဆေးခန်း(၁)ရက်ပိတ်ထားမှာဖြစ်ပြီး

(၃.၁၁.၂၀၂၅) ရက်နေ့တွင် ဆေးခန်းလေးအားပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ကြောင်း Customer များအားလုံးကို လေးစားစွာအသိပေး
အကြောင်းကြားအပ်ပါတယ်ရှင် 🥰

Open Daily : 10AM -6PM
Phone : 09 964 100 200, 09 965 100 200
Address : အမှတ် (၁၁)၊Penthouse(10th floor)၊ဆင်ဖြူတော် Office Tower ၊ကန်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

Want your business to be the top-listed Beauty Salon in Kamayut?
Click here to claim your Sponsored Listing.

Culinary Team

Attire

Telephone

Website

Address


အမှတ် (၁၁)၊Penthouse(10th Floor)၊ဆင်ဖြူတော် Office Tower ၊ကန်လမ်း
Kamayut
11051