Wendy Lin

Wendy Lin

Share

Crush အတွဲနဲ့တွေ့ရင်လိုချင်တဲ့ကိုယ်လုံးရရှိပါမယ်ရှင့်😊

22/02/2025

"နေတတ်သွားပြီ"

ပျော်တဲ့အရပ်ကိုရှာစရာမလိုဘူး
ရောက်တဲ့အရပ်မှာပျော်အောင်နေတတ်ဖို့ပဲ

အဆင်မပြေလို့လည်း ညည်းတွားမနေနဲ့
အဆင်ပြေအောင်နေတတ်ဖို့ပဲ

စိတ်ဓာတ်ကျဖို့လည်းမရှိဘူး
လဲကျသွားတိုင်းပြန်ထဖြစ်ဖို့ပဲလိုတယ်

ဝမ်းနည်းနေဖို့လည်းမတွေးဘူး
လောကဓံက ငိုပြီးရင် ရယ်ရပါလိမ့်မယ်

မှားသွားမလားဆိုတဲ့စိုးရိမ်စိတ်တွေလည်းမဖြစ်နဲ့
အမှားထဲကသင်ခန်းစာနဲ့အမှန်ကိုပြင်နိုင်ရမယ်

ဆုံးရှုံးသွားရင်လည်းလက်လွှတ်ရဲတယ်
ဘယ်အရာမှမမြဲမှန်းသိလာလို့

အားငယ်စိတ်တွေလည်းမဖြစ်တော့ဘူး
သူ့တန်ဖိုးနဲ့သူပဲ
ကိုယ်လည်းလုပ်နိုင်တာတွေအများကြီးရှိတယ်

ဘဝကထင်သလောက်မလွယ်ပါဘူး
ဒုက္ခတွေကြုံမယ် သောကတွေရှိမယ်
အကြောင်းတရားမျိုးစုံကိုရင်ဆိုင်ရတယ်
ဒီလောကဓံတွေကပဲ
လောကထဲမှာနေတတ်အောင်ကိုယ့်ကိုသင်ပေးခဲ့ကြတာပါ။

15/02/2025

အားငယ်တိုင်း ငါဟာပြိုလဲမိခဲ့လည်း အရာရာ ငါဖြစ်ချင်တဲ့ဘဝကို ငါကိုယ်တိုင်တည်ဆောက်မှာပဲ။

အခက်ခဲတိုင်း ငါဟာမွန်းကြပ်ခဲ့ရတိုင်း စိန်ခေါ်မှုတွေထဲ ငါပြန်ထနိုင်တယ်။

ရှုံးတိုင်းတစ်နေ့ကျ အနိုင်ယူမယ်။

ဝမ်းနည်းရသလောက်ငါပျော်လိုက်မယ်။

ငါ့အတွက် ငါရှင်သန်နေမှာပဲ။ 🖤🖤

Crd

20/01/2025

❝ ကတိ ❞
လွယ်လွယ်နဲ့ မပေးနဲ့။
ပေးပြီးသား ကတိ တစ်သက်လုံး
မတည်နိုင်ရင် လုံးဝ မပေးနဲ့။
ပေးမိသော ကတိ
အသ၊က်တမျှ တန်ဖိုးထားတတ်ပါစေ။

❝ ယုံကြည်မှု ❞
ပျက်ပြားအောင် မလုပ်မိစေနဲ့။
မိမိအပေါ် ယုံကြည်မှု ပေးသူကို
အလွဲသုံးစား မလုပ်မိစေနဲ့။
တစ်ဖက်လူက မိမိအပေါ်
သံသယစိတ် ဖြစ်ပေါ်ခဲ့ရင်တောင်
ယုံကြည်မှု မပျ၊က်ပြားဖို့ အမှန်တိုင်း ဖြေရှင်းပါ။

#ဆရာအောင်သင်းစာပေ

19/01/2025

စိတ်ထားဖြူစင်သူကို ပေါင်းသင်းပါ

ယဉ်ကျေးတဲ့သူကိုအတုယူပါ

သစ္စာရှိတဲ့သူကိုမှီခိုပါ

နားလည်ပေးတတ်သူကိုအဆုံးရှုံးမခံပါနဲ့

15/12/2024

"ကောင်းတာလုပ်ရင် ကောင်းတာရမယ်လို့ယုံကြည်ခဲ့ဖူးတယ်

"အမှန်တကယ်တော့ ကောင်းသင့်သူကိုကောင်းမှ အကောင်း ရတယ်ဆိုတာ ကိုယ်မသိလိုက်ဘူး။

08/12/2024

ကျမလှလားဟင်...😂😂😂

19/11/2024

ဆုံးရှုံးပြီးမှ
တန်ဖိုးရှိမှန်း မသိချင်ပါနဲ့
မဆုံးရှုံးခင်ကတည်းက
တန်ဖိုးထားတတ်ပါစေ

ပြောပြီးမှ
Sorryလို့ မတောင်းပန်ချင်ပါနဲ့
မပြောခင်ကတည်းကအရင်စဉ်းစား
ဆင်ခြင်တတ်ပါစေ

လမ်းခွဲပြီးမှ
နီးစပ်ဖို့ မကြိုးစားချင်ပါနဲ့
အနားနားမှာရှိစဉ်ကတည်းကဂရုစိုက်
ကြင်နာတတ်ပါစေ

ယုံကြည်မှုဖျက်ဆီးပြီးမှ
ကတိတည်မပြချင်ပါနဲ့
အစကတည်းက
တစ်ခဏနဲ့ ထာဝရကို
ခွဲခြားသိမြင်တတ်ပါစေ

ဘယ်အရာမှ ဆုံးရှုံးပြီးသွားရင်
နောက်တစ်ခါပြန်မရဘူး ။

07/11/2024

တန်ဖိုးရှိတဲ့ အရာကို

တန်ဖိုးသိတဲ့လူဆီပဲ ပေးပါ

ပစ္စည်းဥစ္စာဖြစ်ဖြစ်

ချစ်ခြင်းမေတ္တာပဲ ဖြစ်ဖြစ်ပေါ့ ။

#လင်း

DISCLAIMER: We hereby declare that We do not own the rights to this music/song. All rights & special credit to the owners.

05/11/2024

လူဆိုတာ.. ရိုးသားဖို့လိုတယ်

ရိုးအဖို့မလိုဘူး

ရိုးအနေရင်

သူများခိုင်းတာခံရမယ်

ကိုယ့်ဘဝ အထက်မရောက်ဘူး။

#ကမ်းနားသစ်ပင်

31/10/2024

တကယ်စစ်မှန်တဲ့

ပျော်ရွှင်မှု အရင်းအမြစ်ဆိုတာ

သူတစ်ပါးဆီကလာခြင်းမျိုး မဟုတ်ဘဲ

ကိုယ်ဆီကနေ လာခြင်းမျိုးသာ ဖြစ်ပါတယ်။

29/10/2024

လူ့စိတ် လူ့သဘောကို မသိနိုင်တဲ့အခါ

ဘယ်နေရာမှာ ဘယ်သူနဲ့မဆို

ကင်းအောင် ရှင်းအောင် နေတာက

အကောင်းဆုံးပဲ ။

ရိုးသားခြင်းဆိုတဲ့ စိတ်က လူတိုင်းမှာ မရှိဘူး ။

ကောင်းလွန်းပါတယ်ဆိုတဲ့

လူတွေတောင်နောက်ကျောကို ဓားနဲ့

ထို၊းတတ်ကြသေးတာပဲလေ ။

ဘယ်သူတွေ ဘယ်လို လာရောရော

အရှုပ်တွေထဲမှာ ရှင်းအောင်နေတတ်ဖို့

အရေးကြီးတယ် ။

Want your business to be the top-listed Beauty Salon in Kengtung?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Kyainge Khon
Kengtung