U Naing

U Naing

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from U Naing, Health/Beauty, Kengtung.

20/05/2024

မင်္ဂလာရှိသောနေ့လေး ဖြစ်ပါစေဗျ

Photos from U Naing's post 01/01/2024

ဦးနိုင်ရဲ့ ငါးမုန့်ထပ်ရောက်ပါပြီ
ရောက်တာနဲ့တန်းခုန်ထွက်တော့တာပါပဲ
နည်းနည်းတော့ရဦးမယ်နော်
ထပ်လည်းမှာပေးထားပါတယ်ဗျ..
ဦးနိုင်ရဲ့ မိတ်ဆွေတွေ လိုအပ်ချိန်အဆင်သင့်ပေးနိုင်အောင် ကြိုးစားလျှက်ပါနော်
အစိတ်သားတထုပ် 6500

Photos from U Naing's post 28/12/2023

ကာကာတွေရဲ့အကြိုက်
ဦးနိုင်ရဲ့ငါးမုန့် ရှိတယ်နော်..
ပို့စ် မတင်ဖြစ်ပေမဲ့
ပုံမှန်ရောင်းနေပါတယ်ဗျ
အစိတ်သားတထုပ် 6500

28/12/2023

ရာသီဥတုကအေးတယ်နော်
ကျန်းမာရေး ကရုစိုက်ကြပါ အမျိုးတို့..

29/10/2023

မင်္ဂလာ ရှိသော
သီတင်းကျွတ်လေးဖြစ်ပါစေ...

27/09/2023

အေးချမ်းသာယာသောနေ့သစ်လေးဖြစ်ပါစေဗျ..

Photos from U Naing's post 23/09/2023

ရေ မှာ မှတ်ဉာဏ်ရှိတယ် water memory လို့ခေါ်တယ် တဲ့၊ molecule memory မော်လီကျူး တွေ နဲ့ မှတ်တာလို့ ဆိုပါတယ်။
အဆိုးဆုံးတွေကို ဖြတ်သန်းပြီး မှတ်တမ်းတင်ထားခဲ့တဲ့ရေ ကိုသောက်မိရင် ကမ္မဇီဝရုပ် ကို ထိခိုက်တယ် တဲ့။ ဒါဟာသိပ္ပံနည်းကျ စမ်းသပ်တွေ့ရှိထားတာမို့ အံ့သြမိပါတယ်။ ယူကျူ့ မှာ နိုဘယ်ဆုရပုဂ္ဂိုလ်တဦးအပါအဝင် ပညာရှင်တွေဆွေးနွေးထားတာကို တနာရီနီးပါးကြည့်မိတယ်။ သိပ္ပံလွန် ကိစ္စတွေမို့ မယုံတတ်ခဲ့လို့ ဒီလို လေ့လာချက်တွေ တခါမှ မယုံခဲ့ဘူး။ အခုတော့ သိပ္ပံ နဲ့ ပြဿချက်တွေကြည့်ပြီး နည်းနည်းယုံချင်ချင်ဖြစ်လာတယ်။

အိန္ဒိယက ဂုရုတပါးက ရေဟာ သူ့ကို ဖြစ်ညှစ်ပြီး ပိုက်အဆင့်ဆင့် နဲ့ ထွန်းထုတ် တိုးထွက်လာရရင် အဲ့ဒီရေဟာ သေလုမြောပါးဖြစ်နေတဲ့ရေ၊ သောက်ဖို့မသင့်တော်ဘူး၊ မိနစ်နှစ်ဆယ်လောက်အနားပေးရမယ်တဲ့၊ရေတံခွန်တွေက စီးဆင်းလာတဲ့ရေဟာကိုင်ကြည့်ရင် ပိုးလိုပဲနုညံ့တယ်တဲ့။ မော်လီကျူးတည်ဆောက်ပုံ သေးငယ်သစ်လွင်တဲ့ရေတွေဟာ အသက်ရှည်အနာမဲ့တယ်။ ဟိမဝန္တာရေခဲမြစ်တွေက ကျလာတဲ့ရေတွေ ဟာ အသက်ရှည်စေတယ်။ အေးမြစိမ်းစိုပြီး သန့်စင်တဲ့ရေပေါတဲ့ စကင်ဒီနေးဗီးယန်း နိုင်ငံက လူတွေအသက်ရှည်ကြတယ်။ ပြင်သစ်နိုင်ငံ vian တောင်တန်းပေါ်ကစီးဆင်းတဲ့ ချောင်းရေသောက်သူတွေဟာ အသက်ရှည်ကြတယ်။အီဗီယန်ရေ ဟာ အရည်အသွေးကောင်းလွန်းလို့ စျေးအလွန်ကြီးပါတယ်။

ရေကို ကျေးဇူးတင်စကား ပြောပြီးမှ သောက်ရင် ရေထဲက မော်လီကျူး တည်ဆောက်ပုံပြောင်းသွားတယ် တဲ့။ ရေဟာ သူဖြတ်သန်းခဲ့သမျှ အကောင်းအဆိုး အခြေအနေတွေကို မှတ်ထားတယ် တဲ့။ water memory လို့ ယူကျူ့မှာရိုက်ကြည့်ကြဗျ၊အများကြီးတွေ့ရမယ်။
မော်လီကျူး က သူဖြတ်သန်းခဲ့တာတွေကို image လိုမှတ်ထားတာ တဲ့၊ ဘာလို့ အဲ့လိုဖြစ်တာလဲ လေ့လာနေကြပါတယ်။ ရေရဲ့ Memory ဆိုတာ လူရဲ့အမှတ်သညာလိုပြောတာမဟုတ်ဘူး၊ ပါတ်ဝန်းကျင်ကို pick up လုပ်ပြီး မော်လီကျူးတည်ဆောက်ပုံပြောင်းတာကို ဆိုလိုတာတဲ့။

ရေကိုအကြောင်းပြုတဲ့ အရည်ဟာ modern technology မှာ အရမ်းအရေးပါလာတယ်။ liquid ထဲ computer memory တွေစုတယ်၊ LCD တွေထုတ်တယ်၊ ရေကနေခွဲထုတ်ပြီး ဟိုက်ဒရိုဂျင်ဗုံးတွေထုတ်တယ်၊ ရေ က နေ ထုတ်တဲ့ဓါတ်တွေဟာ ပိုပြီး စွမ်းအားပြင်းတယ်လို့ သိလာရတယ်။

ကျွန်တော်တို့ တောင်တန်းသာသနာပြုဆရာတော်ကြီး ပရိတ်ရွတ်ရင် ရေထပွက်တယ် ဆိုတာ သူ့ စင်ကြယ်မှုတွေ အာနိသင်တွေ ရေထဲကိုပျော်ဝင်စီးဆင်းတာထင်ပါရဲ့။ ရေမန်းနဲ့တင်ရောဂါပျောက်တယ် ဆိုတာလည်း ရေကို မန်းမှုတ်ပြီး သန့်စင်တဲ့စွမ်းအင်ထည့်ကုသနည်းတခုနေမှာပေါ့။ ဘာသာတရားအားလုံးဟာ ရေ ကိုအခြေခံပြီး အသုံးပြုကြတာတော့ သတိထားမိတယ်။ ဗုဒ္ဓဘာသာက ရေမန်း၊ ခရစ်ယာန်တွေက နှစ်ခြင်း ဖြန်းခြင်း၊ ဟိန္ဒူကတော့ အများကြီး၊ အစ္စလာမ်ကဆေးကြောသန့်စင်ခြင်း။ ရေကို ညပိုင်းမှာ ပန်းလေးတပွင့်ထည့်ထားပြီး မနက်မိုးလင်းမှ သောက်ရင် သန့်စင်ပြီး အားပြည့်တဲ့ရေရတယ်တဲ့။

ရေကိုခဏငြိမ်ငြိမ်လေးထား လိုက်ပြီးမှ သောက်တာကောင်းတယ်လို့ ပြောတယ်၊ အနည်းဆုံး အနယ်ကျသွားတာပေါ့၊ သီချင်းဖွင့်ထားတဲ့ရေ၊ မိမိဘာသာတရားအလိုက်နာထားတဲ့ရေ ဆိုတော့ အနည်းဆုံး အဲ့ဒီအသံ ကိုယ်ကြားပြီး စိတ်ချမ်းသာရတာပေါ့၊ အကျိုးမနည်းပါဘူး၊

လူ့မှာ ၇၀% ရေပါတယ်၊ ဆဲလ်မှာ၉၉% ရေ နဲ့ဖွဲ့စည်းထားတယ်၊ လူ့ရဲ့ မှတ်ဉာဏ်တွေအားလုံးကလည်း လူထဲက အရည်တွေထဲမှာသိုမှီးထားတဲ့ electron တွေ neutron တွေ molecule structure တွေထဲမှာ ဖြစ်နေတာ ဆိုတာ တော့ နည်းနည်းသတိထားမိမှာပါ။ တကယ်တော့ ကျွန်တော်တို့ဦးဏှောက် ဟာ data တွေကို အရည်တွေနဲ့ သိုမှီးထားတဲ့ အရည်ပြစ်ပြစ်အတုံးကြီးတခုပါပဲ။

ရေမှာ memory ရှိတာ ဟုတ်ရင်လည်းဟုတ်မှာပဲ၊ မဟုတ်ရင်လည်း ရေကို သန့်သန့်ထားလို့ အကျိုးမယုတ်ပါဘူး။

အိန္ဒိယမှာတော့ ရေ ကို ကြေးနီခွက်တွေနဲ့ သောက်ကြတယ်၊ ကြေးနီက လျပ်ကူးရာမှမြန်တယ်၊ ရေရဲ့ အဆိုးမှတ်ဉာဏ် ကို ကြေးနီက သန့်စင်ပေးတာ ထင်ပါရဲ့။ဘီသိုဘင်၊မိုးဇက်ရဲ့ သီချင်းတွေဖွင့်ပေးထားတဲ့ ရေနဲ့ ဆဲဆိုကြိမ်းမောင်းထားတဲ့ရေတွေ မော်လီကျူ့ ပုံစံတခုနဲ့တခု မတူတာလည်း သိပ္ပံဓါတ်ခွဲခန်းထဲခွဲ ပြတာကြည့်လိုက်ရတယ်။

သတ္တဝါအားလုံးအတွက်အရေးအကြီးဆုံးဟာရေပါပဲ။ ဂြိုလ်တခုကို လူနေလို့ရ မရ လေ့လာတဲ့အခါ ရေရှိမရှိ နဲ့ ဆုံးဖြတ်ကြတယ်။

ယုံတာ မယုံတာ အပထား၊ ရေသန့်သန့်အေးအေး ကို ပရိတ်တရားလေး၊ သီချင်းအေးအေးလေး၊စပယ်ပန်းလေးတပွင့်မျှောပြီး နှပ်ထားတဲ့ ရေတခွက် မနက်တိုင်းသောက်ကြည့်ပေါ့။ မိုးလင်းရင် ခပ်မွှေးမွှေး အနံ့လေး နဲ့ ကိုယ်ခန္တာသန့်စင်ဖို့ ရေသောက်ဖြစ်တဲ့ ကျမ်းမာရေးအမြတ်တခု တော့ အနည်းဆုံး ထွက်လာနိုင်ပါတယ်။

copy ယူလာတာပါ

Photos from U Naing's post 18/09/2023

ရာသီဥတုလေးကအေးလာပြီဆိုတော့..
မိုင်းပျဥ်းနှမ်းထောင်းခေါပုတ်ကြော်လေးနဲ့ကော်ဖီပူပူလေးတခွက်က လိုက်ဖက်နေမှု့ကြီးနော်..
ဗုဒ္ဓဟူးနေ့ နေ့လည်ရမယ်ဗျ.
မှာမယ်ဆိုရင် ပို့ပေးရမဲ့လိပ်စာ ချန်ထားပေးပါ..
ကျိုင်းတုံမြို့တွင်းအိမ်အရောက်ပို့ ဝန်ဆောင်မှု့ပါ..
50 သားတထုပ် 4000

Photos from U Naing's post 14/09/2023

# # #ကျိုင်းတုံ # # #

မင်္ဂလာပါ ဗျ
ထောပတ်သီးရာသီရောက်လာပါပြီ
အရသာရှိသောလေး..
စားလို့ကောင်းသောလေး..
နိုင်ငံခြားမျိုး Hass ထောပတ်သီးတွေ မကြာမီ စားသုံးသူမိတ်ဆွေတွေရဲ့လက်ထဲ ထည့်ပေးနိုင်ပါတော့မယ်..
အရင်ကမှာထားတဲ့မိတ်ဆွေများ မပို့ပေးနိုင်ခဲ့တာ တောင်းပန်ပါတယ်ဗျ..
အရသာကောင်းကောင်းလေး စားစေချင်တာ ဦးနိုင်ရဲ့စေတနာပါ..

Photos from U Naing's post 14/09/2023

မိုင်ပျဥ်းနှမ်းထောင်ခေါပုတ်
လာမဲ့ ဗုဒ္ဓဟူးနေ့ ထပ်ရမယ်ဗျ
မှာချင်တဲ့မိတ်ဆွေများ..
ပို့ပေးရမဲ့လိပ်စာ ဖုန်းနံပတ်ပေးပြီးမှာထားလို့ရပါတယ်..
ကျိုင်းတုံမြို့တွင်းအိမ်အရောက်ပို့ ဝန်ဆောင်မှု့ပါဗျ..
09774037763 ကိုဖုန်းဆက်မှာလည်းရပါတယ်..
50 သားတထုပ် 4000

13/09/2023

မင်္ဂလာ ပါဗျ.
မိုင်းပျဥ်းနှမ်းထောင်းခေါပုတ်
လတ်လတ်ဆတ်ဆတ်လေး
20ရက်(ဗုဒ္ဓဟူး)နေ့ နေ့လည်ထပ်ရပါမယ်ဗျ..
ခေါပုတ်ကြိုက်မိတ်ဆွေများကြိုပီး မှာထားလို့ရပါတယ်ဗျ
ကျိုင်းတုံမြို့တွင်းအိမ်အရောက်ပို့ ဝန်ဆောင်မှု့ပါဗျ.
50 သားတထုပ် 4000ကျပ်..

12/09/2023

မင်္ဂလာ ရှိသောနေ့ လေး ဖြစ်ပါစေ..
ဦးနိုင်ရဲ့ ဒေသအစားပစာလေးရောင်းပေးမဲ့ page လေးပါဗျ..
ရရှိနိုင်တဲ့အစားအစာများ
👉 မိုင်းပျဥ်းနှမ်းထောင်းခေါ
ပုတ်( လောလောဆယ်တ
ရက် ရပါမယ်)
👉 Hass ထောပတ်သီး
(အကြီး/အသေး)
👉 အရသာကောင်းလွန်းတဲ့
ငါးမုန့်
👉 မိုင်းပျဥ်းဒေါ်မိုးရဲ့
ပုဇွန်ခြောက် ငံပြာရည်
ချက်
09774037763 သို့လည်း ဖုန်းဆက်မှာယူနိုင်ပါတယ်ဗျ

Want your business to be the top-listed Beauty Salon in Kengtung?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Kengtung