WPA-Online Market
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from WPA-Online Market, Health/Beauty, Mandalay, Kyaukse.
02/08/2022
✨ မင်းကိုပျော်ရွှင်စေတဲ့သူအနားမှာပဲ
ရွေးချယ်ပြီးရှင်သန်ပါ ကလေးငယ်။
✨ မင်းမျက်ရည်ကျမှာကို သေမတတ်
ကြောက်တဲ့လူရဲ့ လက်ကိုပဲ
ရွေးချယ်ပြီးလက်တွဲပါ ကလေးငယ်။
✨ သိမ်ငယ်စေတဲ့ရပ်၀န်းကို
ရှောင်ပါ။
✨ ပြုပြင်၊ ပြောင်းလဲစရာမလိုတဲ့
မင်းဖြစ်တည်မှုတိုင်းကို ချစ်မြတ်နိုး
ပေးတဲ့ သူရဲ့ အရိပ်မှာပဲ
ချစ်ခြင်းမေတ္တာတွေကို ပုံအပ်ပါ
ကလေးငယ်။
✨ မင်းအတွက်ဖြစ်တည်ထားတဲ့
သူအတွက်ပဲ မင်းရဲ့အချိန်တွေကို
ကုန်ဆုံးပါ ကလေးငယ်။
✨ ပြိုလဲချိန်တိုင်းမှာ ဆူပူတတ်တဲ့
သူမျိုးထက် ပြိုလဲချိန်တိုင်းမှာ
လက်ကမ်းထူပြီး အနွေးဓာတ်တွေနဲ့
ခွန်းအားပြည့်အောင် ဖန်တီးပေးတဲ့
ရင်ခွင်မှာပဲ မင်းဘ၀ကို တစ်သက်တာလုံး
အတွက် ကုန်ဆုံးပါ ကလေးငယ်။
💞 အဲ့လိုလူမျိုးနဲ့ မကြုံကြိုက်သေးဘူး
ဆိုရင်လည်း အားငယ်စရာမလိုဘူး။
တစ်ယောက်နေပြီး အကောင်းရှင်သန်
တတ်ဖို့ပဲလိုတယ်။
💞 အချိန်တန်ရင် မင်းကို ချစ်တဲ့သူဟာ
မင်းဆီကိုဆိုက်ဆိုက်မြိုက်မြိုက်
ရောက်လာမှာပဲ။
💞 ဒါကြောင့်မို့ မင်းအပေါ် တန်ဖိုးမထားတဲ့
သူတွေကို စွန့်ပစ်လိုက်ဖို့ ၀န်လေး
မနေပါနဲ့တော့ ကလေးငယ် ✨
Cred #လမင်းမေ ~ 𝐋 . ᴍ . 𝐌𝕒𝐲
02/08/2022
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay
Kyaukse