Beauty For You
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Beauty For You, Beauty, cosmetic & personal care, Kyaukse.
19/02/2025
မြင်သူတကာငေးနေမယ့် အိစင်းစင်းဆံနွယ်လေးတွေကို
ပိုင်ဆိုင်လိုတဲ့ 𝐄𝐥𝐞𝐠𝐚𝐧𝐭𝐞𝐫 လေးတို့ရေ ... 🙋♀️
သဘာဝပါဝင်ပစ္စည်းတွေနှင့် ဖော်စပ်ထားတဲ့
𝐈𝐧𝐭𝐞𝐧𝐬𝐢𝐯𝐞 𝐌𝐨𝐢𝐬𝐭𝐮𝐫𝐞 𝐒𝐡𝐚𝐦𝐩𝐨𝐨 လေးက
𝐄𝐥𝐞𝐠𝐚𝐧𝐭𝐞𝐫 တို့ရဲ့ ဆံနွယ်လေးတွေကို
မြင်သူတကာငေးနေစေအောင်
ဘယ်လိုလုပ်ဆောင်ပေးမလဲဆိုတာ
လေ့လာကြည့်ရအောင် 😉😉
𝐄𝐥𝐞𝐠𝐚𝐧𝐭 𝐓𝐨𝐮𝐜𝐡ရဲ့
𝐈𝐧𝐭𝐞𝐧𝐬𝐢𝐯𝐞 𝐌𝐨𝐢𝐬𝐭𝐮𝐫𝐞 𝐒𝐡𝐚𝐦𝐩𝐨𝐨ထဲမှာ
🧴 𝐏𝐫𝐨 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐁𝟓
🧴 𝐑𝐨𝐬𝐞𝐦𝐚𝐫𝐲 𝐄𝐱𝐭𝐫𝐚𝐜𝐭
🧴 𝐆𝐫𝐞𝐞𝐧 𝐓𝐞𝐚 𝐄𝐱𝐭𝐫𝐚𝐜𝐭
🧴 𝐆𝐢𝐧𝐬𝐞𝐧𝐠 𝐄𝐱𝐭𝐫𝐚𝐜𝐭
🧴 𝐀𝐥𝐨𝐞 𝐕𝐞𝐫𝐚 𝐄𝐱𝐭𝐫𝐚𝐜𝐭 စတဲ့
သဘာဝပါဝင်ပစ္စည်းများ ပါဝင်ပါတယ်
🧪 𝐏𝐫𝐨 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐁𝟓 က
ဆံပင်ရဲ့ အစိုဓာတ်များ ဖြည့်ပေးနိုင်ပြီး
သန်မာတောက်ပြောင်တဲ့ ဆံကေသာကို
ရရှိစေဖို့ အထောက်အကူပြုပေးပါတယ်
🎀 𝐑𝐨𝐬𝐞𝐦𝐚𝐫𝐲 𝐄𝐱𝐭𝐫𝐚𝐜𝐭 ကတော့ _
ဆံပင်အသစ်များ ပေါက်ရောက်မှုကို
အရှိန်မြှင့်တင်ပေးပြီး
ဗောက်တွေကို သက်သာစေပါတယ်
🍃 𝐆𝐫𝐞𝐞𝐧 𝐓𝐞𝐚 𝐄𝐱𝐭𝐫𝐚𝐜𝐭 ပါဝင်တာကြောင့် _
ဆံပင်ကျွတ်ခြင်းကို ဖြစ်ပေါ်စေတဲ့
ဟော်မုန်းတွေကို ဟန့်တားပေးပြီး
ဆံပင်ကျွတ်နှုန်းကို သက်သာစေပါတယ်
ပေါက်ရောက်လာတဲ့ ဆံပင်အသစ်လေးတွေကို
ကျန်းမာစေပြီး ဆံသားကြီးထွားမှုနှုန်းကို
အားပေးပါတယ်
🍀 𝐆𝐢𝐧𝐬𝐞𝐧𝐠 𝐄𝐱𝐭𝐫𝐚𝐜𝐭 _
ဆံပင်အမြစ်တွေကို သန်မာစေပြီး
ဆံသားကိုပျော့ပြောင်းချောမွေ့စေတဲ့အပြင်
ခြောက်သွေ့ပျက်စီးနေတဲ့ဆံသားအတွက်
အကောင်းဆုံး ဆံကေသာထိန်းသိမ်းရေး
ပါဝင်ပစ္စည်းတစ်ခုဖြစ်ပါတယ်
🫧 𝐀𝐥𝐨𝐞 𝐕𝐞𝐫𝐚 𝐄𝐱𝐭𝐫𝐚𝐜𝐭 ပါဝင်ခြင်းကြောင့်လည်း _
ဆံသားရဲ့ 𝐏𝐇 𝐋𝐞𝐯𝐞𝐥 ကို ထိန်းညှိပေးပြီး
ဗောက်၊ မှိုများမှ ကာကွယ်ပေးရုံသာမက
ဦးရေပြား ရောင်ရမ်းမှု၊ ယားယံမှုများမှ
သက်သာစေပါတယ်
ဒီလို သဘာဝ အဖိုးတန် ဆံကေသာထိန်းသိမ်းရေး
ပါဝင်ပစ္စည်းတွေနှင့် ပေါင်းစပ်ထုတ်လုပ်ထားတာကြောင့်
နေ့ရက်တိုင်းကို ယုံကြည်မှုအပြည့်နှင့်
ဖြတ်သန်းနိုင်စေဖို့ 𝐄𝐥𝐞𝐠𝐚𝐧𝐭𝐞𝐫 တို့ရဲ့
𝐇𝐚𝐢𝐫𝐜𝐚𝐫𝐞 𝐑𝐨𝐮𝐭𝐢𝐧𝐞 ထဲမှာ 𝐄𝐥𝐞𝐠𝐚𝐧𝐭 𝐓𝐨𝐮𝐜𝐡 ရဲ့
𝐒𝐡𝐚𝐦𝐩𝐨𝐨 လေးကို အခုပဲ ဖြည့်ထားလိုက်တော့နော် 🫶🏻🧖🏻♀️🧴💕
ထိုင်း 𝐅𝐃𝐀 ၊ မြန်မာ 𝐅𝐃𝐀နှင့် ထိုင်း 𝐇𝐚𝐥𝐚𝐥 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 တို့လည်း
ရရှိထားတဲ့အတွက် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါတယ်
𝐄𝐥𝐞𝐠𝐚𝐧𝐭 𝐓𝐨𝐮𝐜𝐡 ရဲ့𝐏𝐫𝐨𝐝𝐮𝐜𝐭များကို 𝟑 လပိုင်း အကုန်လောက်မှာ ထွက်ရှိလာနိုင်အောင် စီစဥ်ဆောင်ရွက်ပေးနေပါတယ်
𝗜𝗻𝘁𝗲𝗻𝘀𝗶𝘃𝗲 𝗠𝗼𝗶𝘀𝘁𝘂𝗿𝗲 𝗦𝗵𝗮𝗺𝗽𝗼𝗼 𝟯𝟬𝟬 𝗺𝗹
𝗣𝗿𝗶𝗰𝗲 - 𝟮𝟴𝟱𝟬𝟬 𝗞𝘀
𝐄𝐥𝐞𝐠𝐚𝐧𝐭 𝐓𝐨𝐮𝐜𝐡
𝐔𝐧𝐯𝐞𝐢𝐥 𝐘𝐨𝐮𝐫 𝐀𝐮𝐭𝐡𝐞𝐧𝐭𝐢𝐜 𝐒𝐞𝐥𝐟
09769147713
Page လေး ပြန် run တော့မယ်🥰🥰
06/10/2021
" သင်ခန်းစာ ယူပါ
အလုပ်တွေ အဆင်မပြေတဲ့အချိန် !!
ငွေကြေး အဆင်မပြေတဲ့အချိန် !!
မိသားစုရေး အဆင်မပြေတဲ့အချိန် !!
အချစ်ရေး အဆင်မပြေတဲ့အချိန် !!
စတဲ့အခက်အခဲများစွာ ရင်ဆိုင်ရတဲ့အချိန်မှာ -
ကိုယ့်ကိုကိုယ် သတ်သေချင်လောက်အောင်ထိ -
လူတိုင်း စိတ်ညစ်ဖူးကြပါလိမ့်မယ် !!
ဘာကိုမှ မတွေးနိုင်ဘဲ -
စိတ်ထဲမှာ ဒီအကြောင်းတွေပဲ -
အက်ကြောင်း ထပ်နေပါလိမ့်မယ် !!
ဖြေရှင်းနိုင်မည့် နည်းလမ်းထက် -
သင့်စိတ်ဓာတ်ကို ကျစေမည့် -
ဖိအားတွေကသာ နေရာယူထားပြီး ၊
အတွေးကို လွန်ကဲစေမိမှာပါ !!
ဒီချိန်မှာ သင်တွေးရမှာက
ဒိလို အခက်အခဲတိုင်းဟာ လူတိုင်းမှာလည်း -
ရှိနေတယ်ဆိုတာ မမေ့ပါနဲ့ !!
သင် အသက်ရှင်နေသမျှ ကာလပတ်လုံး -
အခက်ခဲ ဒုက္ခပြဿနာ ပေါင်းစုံက -
တစ်ခု မဟုတ် တစ်ခု ရှိနေတယ်ဆိုတာ မမေ့ပါနဲ့ !!
ဖြစ်လာတဲ့ ပြဿနာတိုင်းကို -
ခေါင်းအေးအေးနဲ့ အချိန်ပေးစဉ်းစားပါ !!
ဘယ်အရာကိုမှ တွေးကြောက် မနေပါနဲ့ !!
လူတိုင်းက အကြောင်းအမျိုးမျိုးကြောင့် -
ဒုက္ခမျိုးစုံ ရင်ဆိုင်နေရတာပါ !!
သင် တစ်ယောက်တည်း -
မဟုတ်ဘူးဆိုတာ သိထားလိုက်ပါ !!
ဘယ်လိုအခက်အခဲ ရှိနေပါစေ -
ရင်ဆိုင်ပါ !!
တွေဝေနေခြင်းက -
သင့်အတွက် ရှုံးနိမ့်ခြင်းပါပဲ !!
အခက်ခဲ ဒုက္ခ ပြဿနာတွေကို -
တွေးကြောက်ရမှာထက် ၊
သင့်ရဲ့ အတွေးနဲ့ စိတ်ဓာတ်တွေ -
ကျ မသွားဖို့သာ အရေးကြီးပါတယ် !!
ဆာလောင်နေတဲ့ဗိုက် !
ငွေမရှိတဲ့ ပိုက်ဆံအိတ်နဲ့ !
ကျိုးပဲ့နေတဲ့ နှလုံးသားဟာ -----
ဘဝရဲ့ အကောင်းဆုံး
သင်ခန်းစာတွေကို သင်ကြားပေးနိုင်ပါတယ် !!
✍️
ငယ်ငယ်ကတော့ ဘာမဆိုရင်ဆိုင်နိုင်ဖို့ဆို
သတ္တိလိုတယ် ထင်ခဲ့တာ။
ခုအသက်ကြီးလာမှ
ပိုသဘောပေါက်တာက မေတ္တာတရားပဲ။
ဘဝရဲ့နိမ့်ကျတဲ့ထောင့်ချိုးတိုင်းမှာ မေတ္တာတရားနဲ့သာ နေထိုင်နေပါတယ်...။
29/09/2021
Couple😁🥰
29/09/2021
"ရှိတ်စပီးယား ပြောခဲ့သောစကား".....
ကျွန်ုပ် အမြဲပျော်ရွှင်တယ်.....
ဘာလို့လဲဆိုတော့.....
ကျွန်ုပ် ဘယ်သူ့ဆီကမှ ဘာမှမမျှော်လင့်ဘူး။
မျှော်လင့်တာတွေက အမြဲနာကျင်စေပါတယ်။
ဘဝက တိုတောင်းလှပါတယ်။
ဒါကြောင့်..... သင့်ဘဝကိုသင် ချစ်ပါ။
ပျော်ရွှင်ပါ၊ ပြုံးလျှက်နေပါ။
သင့်အတွက်ပဲ သင်အသက်ရှင်ပါ။
စကားမပြောခင် နားထောင်ပါ။
မရေးသားခင် စဉ်းစားပါ။
မသုံးခင် ဝင်ငွေရှာပါ။
ဆုမတောင်းခင် ခွင့်လွှတ်ပါ။
ထိခိုက်အောင်မလုပ်ခင်.. ..ခံစားကြည့်ပါ။
မမုန်းခင်.... ချစ်ခြင်းမေတ္တာပြပါ။
အရှုံးမပေးခင် .....ကြိုးစားပါ။
မသေဆုံးခင် ဘယ်လိုအသက်ရှင်
နေထိုင်ရမယ်ဆိုတာကို နားလည်ပါ။
24/09/2021
#လင်းယုန်ငှက်လိုကျင့်ပါ
လင်းယုန်ငှက်ဟာ ကမ္ဘာပေါ်မှာ
အသက်အရှည်ဆုံး ငှက်တစ်မျိုးဖြစ်ပြီး
အသက် ၇၀ အထိ အသက်ရှင်နေထိုင်နိုင်ပါတယ်။
ဒါပေမဲ့ သူတို့ဟာ အသက်ရှည်ရှည်
နေနိုင်ဖို့အတွက် သူတို့ရဲ့
အသက် ၄၀ မှာ ခက်ခဲတဲ့ ဖြစ်စဉ်အတွက်
အရေးကြီးတဲ့ ဆုံးဖြတ်
ချက်တခုကို ချကြရပါတယ်။
သူ့အသက် ၄၀ ရောက်တဲ့အခါမှာ သားကောင်ကို ဖမ်းဖို့အတွက်
သူ့ရဲ့လက်သည်းတွေဟာ စတင်ပျက်စီးလာပါတယ်
နှုတ်သီးတွေကလည်း ရင်ဘတ်ထိအောင်ရှည်ပြီး ကောက်လာပြီး
အတောင်တွေကလည်း အရမ်းလေးလာပါတယ်
အမွှေးတွေကလည်း အရမ်းထူလာတဲ့အတွက်
ပျံရတာလည်း အရမ်းပင်ပန်းလှပါတယ်။
သူ့မှာရွေးချယ်စရာနှစ်လမ်းပဲရှိပါတယ်။ ဒီအတိုင်းနေပြီးဘာမှမလုပ်
တော့ပဲအသေခံမလား။ နာကျင်ခက်ခဲတဲ့ ဖြစ်စဉ်ကို ဖြတ်သန်းပြီး
အသက်ဆက်ရှင်မလား။ မစွန့်စားပဲသေရတာထက်စာရင်
စွန့်စားပြီးသေရတာက ပိုမြတ်ပါလိမ့်မယ်။
ဒါကြောင့် အလွန်မြင့်တဲ့တောင်တခုဆီ ပျံသန်းသွားပြီး
အသိုက်တခုတည်ဆောက်လိုက်ပါတယ်
ပြီးတော့ ထပ်မပျံသန်းပဲ အဲဒီမှာပဲနားနားနေပါတယ်။
နာကျင်ခက်ခဲတဲ့ဖြစ်စဉ်ကိုကျော်ဖြတ်ဖို့အစကနေအဆုံးထိ
ရက်ပေါင်း ၁၅၀ သို့ နှစ်ဝက်နီးပါးကြာပါတယ်။
ဒီတော့ သူဟာပထမဦးဆုံး သူ့ရဲ့နုတ်သီးကို ကျောက်
ဆောင်နဲ့ရိုက်ပြီးဖြုတ်ပြစ်ရပါတယ်။ပြီးတော့ နှုတ်သီး
အသစ်ထွက်လာတဲ့အထိ တိတ်ဆိတ်စွာနဲ့စောင့်ဆိုင်းနေခဲ့ရပါတယ်။
နှုတ်သီးအသစ်ထွက်လာတော့ အဲဒီ နှုတ်သီးနဲ့ပဲ ခြေသည်းတွေကို
တခုပြီးတခုဆွဲနှုတ်ရပါတယ်။ခြေသည်းအသစ်တွေထွက်လာမှ
သူ့ရဲ့အတောင်တွေကိုတခုပြီးတခု နှုတ်ပြစ်ရပြန်ပါတယ်။
အတောင်ပံအသစ်တွေထွက်လာတော့ သူ့ရဲ့ခက်ခဲစွာဖြတ်သန်းရတဲ့
ရက်ပေါင်းက ၁၅၀ ပါပဲ ။အဲဒီနောက်မှာတော့ လင်းယုန်ငှက်ဟာ
သူ့ရဲ့ကျော်ကြားလှတဲ့ ပျံသန်းမှုတွေကို နောက်ထပ် နှစ်ပေါင်း ၃၀ မျှ
ပြန်လည်ပြုလုပ်နိုင်ခဲ့ပြီး အသက် ၇၀ ထိ အသက်ရှင်နေထိုင်နိုင်ခဲ့ပါတယ်။
ဒီအဖြစ်အပျက်ကတော့ (Change) ဆိုတဲ့ ပြောင်းလဲမှုကိုပြောချင်တာပါ။
တခါတရံမှာ ကျွန်တော်တို့ဟာ ဘဝအသစ်အတွက် ခက်ခဲတဲ့ဆုံးဖြတ်ချက်
တွေချကြရပါတယ်။
ဘဝကိုအောင်အောင်မြင်မြင်နဲ့ ဆက်လက်ဖြတ်သန်းချင်ရင်တော့
ကျွန်တော်တို့ရဲ့အကျင့်ဆိုးတွေ။ ထုံးစံတွေကိုလွှင့်ပစ်ရပါလိမ်မယ်
ကျွန်တော်တို့ဟာ အတွေးအခေါ်အသစ်တွေကိုလက်ခံချင်စိတ်ရှိတာနဲ့အမျှ
အတွေးခေါ်ဟောင်းတွေကိုစွန့်ပြစ်ရလိမ့်မယ်။ကိုယ့်ရဲ့အစွမ်းအစတွေ
ဖော်ထုတ်နိုင်ပြီး လှပတဲ့အနာဂတ်အသစ်တွေကို တည်ဆောက်နိုင်ရပါမယ်။
တိရိစ္ဆာန်ဖြစ်တဲ့ လင်းယုန်ငှက်တောင်သူ့ခန္ဓာကိုယ်မှာရှိတဲ့ မလိုလားအပ်တဲ့
အင်္ဂါအစိတ်အပိုင်းကို နုတ်ပယ်နိုင်သေးရင် အသိဉာဏ်ရှိတဲ့လူသားတွေကရော ကိုယ့်ကိုယ်ကို (Change) မလုပ်နိုင်ကြဘူးလား?
လင်းယုန်ငှက်ဟာ နာကျင်ခက်ခဲစွာပြောင်းရတာပါ။
လူသားတွေဖြစ်တဲ့ကျွန်တော်တို့က နာကျင်စရာမရှိပဲ
"အတွေးအခေါ်အဟောင်း အမူအကျင့်အဟောင်း မကောင်းတဲ့စရိုက်တွေကို
မစွန့်လွှတ်နိုင်ကြဘူးလား။ မပြောင်းလဲနိုင်ကြဘူးလား။
ဒီအတိုင်းဆက်သွားမလား ဆိုတာ စဉ်းစားစေချင်ပါတယ်
Cred မူရင်းရေးသားသူ
မြသီတာ
''မိတ်ဆွေ''
23/09/2021
#ဆေးဖက်ဝင်
မက္ကဒေးမီးယားခေါ် ချောကလက်သီး
1kg-5500ကျပ်
လက်ကားဈေးသီးသန့်ရှိပါတယ်
အရသာလဲကောင်းကျန်းမာရေးအတွက်လဲအကျိုးပြု
ဘာတွေကောင်းလဲ ဖတ်ကြည့်ပါရှင့်
#မက္ကဒေးမီးယားအသီး (ခေါ် )ချောကလက်သီး
အော်ဂဲနစ်အသီးခြံထွက်သီးစစ်စစ်
မက္ကဒေးမီးယား(Macadamia Nuts)က ကျန်းမာရေးအတွက်ဘာတွေကောင်းလဲဆိုတာဖတ်ကြည့်ပေးပါ👇👇
Macadamia Nuts ( မက္ကေဒေးမီးယား)
အဆံမှာပါဝင်သော အဟာရဓါတ်များ
မဆုံးရှူံးစေရန် အတွက် အဆံလေးတွေကိုသဘာဝလေပူပေးပီး လှော်စားလို့လဲရ အနံ့လေးကမွှေးနေရော
✅ nutsဟာအရသာပြည့်စုံတဲ့အပြင်
ကင်ဆာကိုကာကွယ်နိုင်သောAntioxident (ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ) အလုံအလောက်ပါဝင်ပါသည်။
✅ အားအင်ပြည့်ဝစေသည့် ကစီဓါတ်များပါဝင်ပါသည်။
✅အစာခြေစနစ်အတွက် အထောက်အကူပြုသည့် အမျှင်ဓါတ်များစွာပါဝင်ပါသည်။
✅Protein (အသားဓါတ်များ) ပေါကြွယ်ဝသည်။
✅သတ္ထုဓါတ်များလည်းပါဝင်သည်။
✅ဆိုးကျိုးဖြစ်စေသော သွေးတွင်းအဆီဓာတ်(ကိုလက်စထရော) များကို လျှော့ချပေးသောကြောင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများကို ကာကွယ်ပေးပါသည်။
✅ကျန်းမာရေးအတွက် လိုအပ်သော ဗီတာမင်ဓါတ် များစွာပါဝင်သည်။
✅ကိုယ်ဝန်ဆောင်မိခင်များ အတွက် Omega 3 ပါဝင်သောကြောင့် အထူးသင့်လျော်ပြီး ရင်သွေးငယ်များပါ ဦးနှောက်ဖွံ့ဖြိုးမှု့ကိုအထောက်အကူဖြစ်စေပါသည်။
✅အသက် (၈) လအထက် ကလေးငယ်များကိုလည်း အမှုန့်ပြုလုပ်၍ ဖြည့်စွက်စာထဲ ထည့်ကျွေးနိုင်ပါသည်။ ကလေးငယ်များအတွက် ဉာဏ်ရည်ထက်မြက်ခြင်း၊ ဝမ်းမချုပ်ခြင်း၊ အစာခြေစနစ်ကောင်းမွန်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်ပါသည်။
✅အသားအရေ ကိုကျစ်လစ်လှပတင်းရင်းစေပြီး အိုမင်းရင့်ရော်မှူ့ကိုလဲ လျော့ကျစေပါသည်
ကျန်းမာရေးအတွက်
အထောက်အကူပြုအစားအစာ အဖြစ်
နေ့စဉ်ပုံမှန် မက္ကဒေမီးယား
အဆံ (၆)ဆံမှ (၂၀)ဆံထိ စားသုံးသင့်ပါသည်
09769147713
22/09/2021
ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်ပြီး ပိုက်ဆံ
ရှာတတ်သော မိန်းကလေးသည် ကမ္ဘာပေါ်ရှိ
အလှဆုံး မိန်းကလေးဖြစ်သည်။အကြောင်းကား
ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်ဖို့
လွယ်တဲ့အရာ မဟုတ်ပါ။လူတိုင်းလည်း
တော်ရုံမလုပ်နိုင်ကြလို့ပါ။ ကိုယ့်အားကိုယ်
ကိုးနိုင်တဲ့ မိန်းကလေးတွေကို တကယ်
လေးစားအားကျမိသည်။အလုပ်ကြိုးစား
ကိုယ်သုံးဖို့အတွက် ကိုယ့်ဟာကို
ရှာနိုင်တာလည်း အင်မတန်မှ
ဂုဏ်ယူစရာကောင်းသည်။ နောက်ထပ်
ပိုဂုဏ်ယူစရာကောင်းတာက မိဘကို
ပြန်လုပ်ကျွေးတဲ့ သူဆိုရင် ပို၍
လေးစားအားကျဖို့ ကောင်းသည်။
Independent girl တစ်ယောက်သည်
သူ့ကို ကြည့်လိုက်ရင် အလိုလိုနေရင်း
ထင်ပေါ်နေပြီး တန်ဖိုးရှိတဲ့
မိန်းကလေးတစ်ယောက်လို တစ်ဖက်သားကို
ခံစားမိစေသည်။အဲလိုမိန်းကလေးသည်
ဘယ်အရာကိုမဆို တော်ရုံတန်ရုံ
မကြောက်တော့ဘဲ လွယ်လွယ်နဲ့လည်း
မပြိုလဲနိုင်ပါ။ကိုယ်စားချင်တာ ကိုယ့်ပိုက်ဆံ
နဲ့ ဝယ်နိုင်စားနိုင်၊ကိုယ်ဝတ်ချင်တဲ့ branded
တွေ ဝယ်နိုင်သည်။တချို့ဆို ဝင်ငွေနဲ့
အိမ်အသစ်ဆောက်၊ အမေနဲ့အဖေကို
ရွေတွေဝယ်ပေး၊သုံးချင်တာ သုံးလို့ရအောင်
ငွေကန်တော့တတ်ကြသည်။အဲလိုမြင်တိုင်း
သူတို့ကို ရင်ထဲကနေ ဂုဏ်ယူဝမ်းသာပေးသလို appreciateလည်း လုပ်မိသည်။
တချို့မိန်းကလေးဆို အသက်အရွယ်နဲ့
မမျှအောင် တကယ်တော်သည်။
အပြင်မှာလည်း အများကြီး တွေ့ဖူးသည်။
ထို့ကြောင့် ကိုယ်ကြိုးစားရှာနိုင်တဲ့ ဝင်ငွေက
နည်းသည်ဖြစ်စေ၊များသည်ဖြစ်စေ
တန်ဖိုးထားပါ။ကိုယ့်ကိုယ်ကို
ဂုဏ်ယူလေးစားပါ။ ချစ်လှစွာသော
မိန်းကလေးတွေရေ ကိုယ့်ခြေထောက်ပေါ်
ကိုယ်ရပ်နိုင်အောင်ကြိုးစားပါ။
ဘယ်အရာမဆို မလွယ်ကူဘူးလို့
ထပ်ပြောပါရစေ။ ခုလက်ရှိ ကိုယ့်ခြေထောက်
ပေါ် ရပ်တည်နိုင်တဲ့မိန်းကလေးများလည်း
ရှေ့ဆက်အများကြီး ကြိုးစားပြီး ဘဝကို
ပျော်ရွှင်စွာနဲ့ ဆက်ရှင်သန်နေပေးပါ
လေးစားဂုဏ်ယူမိပါတယ်ရှင်...။
"Try to be an independent girl.
Whatever,stay strong and
live beautifully."👸🏻✨
ချစ်ခြင်းများစွာဖြင့်,
နူးနူးအောင်
20th Sep,21
21/09/2021
“မအားအောင်နေပါ”
လူဆိုတာ ကိုယ့်အကျိုးအတွက်ရော အများအကျိုးအတွက်ရော မထိခိုက်စေဖို့ဆိုရင် အားမနေဖို့ လိုပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ အားပြီဆိုတာနဲ့
၁။ တောင်တွေး မြောက်တွေး တွေးမယ်၊ လိုချင်မယ်။
၂။ တခြားသူတွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်မယ်။
၃။ ကိုယ်ကသာတယ်ထင်ရင် ငါကွဆိုပြီး ဘဝမြင့်မယ်။
၄။ သေချာမစူးစမ်းပဲ တခြားသူတွေကို နှိမ့်ချပြီး Judge လုပ်မယ်၊ ဆရာကြီး လုပ်မယ်။
၅။ ကိုယ်က နိမ့်နေတယ်ထင်ရင် စိတ်ဓါတ်ကျမယ်။
၆။ စိတ်ရဲ့ သဘောအတိုင်း မဟုတ်တာ တစ်ခုခု လုပ်ဖို့ ကြံမယ်။
၇။ လုပ်စရာမရှိရင် ကိုယ့်မှာ ရှိတာတွေကို ကြွားမယ်၊ ဒါမှမဟုတ် လူတွေ ဂရုစိုက်ခံရအောင် လုပ်မယ်။
အစရှိတဲ့ တစ်စုံတစ်ခုကို လုပ်ကြတော့တာပါပဲ။
မြင်ချင်ရာမြင် ရေးချင်ရာရေးခွင့်ရနေတဲ့ ဆိုရှယ်မီဒီယာခေတ်မှာ ပိုဆိုးသလို ဖြစ်လာပါတယ်။
အဲဒါကြောင့် မအားအောင် နေဖို့ဆိုရင်
၁။ ကိုယ့် ဘဝနဲ့ အလုပ်နဲ့ ပတ်သက်တဲ့ Plan တွေ ရလဒ်တွေကို ပြန်သုံးသပ်ပြီး ပိုကောင်းအောင် အစီအစဉ်ချပါ။
၂။ လုပ်စရာရှိတာတွေအားလုံးချရေးပြီး ဦးစားပေးအရ တစ်ခုပြီး တစ်ခုဖြိုပါ။
၃။ လုပ်ငန်းက အဖွဲ့ဝင်တွေ၊ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ အချိန်ကို ကောင်းစွာ အသုံးချပါ၊ မဟုတ်ရင် ခရီးထွက်ပါ။
၄။ ကိုယ့်ရည်မှန်းချက်ကို အထောက်အပံ့ဖြစ်စေမယ့် လေ့လာသင်ယူမှုတွေကို လုပ်ပါ။
၅။ ကျန်းမာရေးအတွက် ကိုယ်လက် လှုပ်ရှား အားကစားတစ်ခုခု လုပ်ပါ။
၆။ အိပ်ရင်အိပ် မအိပ်ချင်ရင် ကိုယ်ပျော်ရွှင်မယ့် ရသစာပေ သို့မဟုတ် ရုပ်ရှင်ကြည့်ပါ။
၇။ တရားထိုင်ရင်ထိုင် မထိုင်နိုင်ရင်တောင် ပါးစပ်ပိတ်ထားပြီး ဝင်လေ ထွက်လေ မှတ်နေပါ။
Ref: Sayar Naing Win Aung
Crd
Where is Thiri😁
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Kyaukse