Lucky Lay Online Shop

Lucky Lay Online Shop

Share

I am sunshine solo I am a queen.

19/08/2026

🍀ပိုကောင်းတဲ့အရာတွေနဲ့ တွေ့ရဖို့

တစ်ချို့အရာတွေနဲ့တော့ လွဲကြရစမြဲပါပဲ🍀….တဲ့

ဒီစကားစုလေးကို တော်တော်များများ
ကြားဖူးကြမယ်ထင်ပါတယ်။

🧓စာရေးသူအတွက်တော့

ဆုံးရှုံးမှုတွေ ကြုံလာတိုင်း၊

စိတ်ဓာတ်ကျနေတဲ့ အချိန်တိုင်း၊

အထူးသဖြင့် အခုလိုအသဲကွဲနေတဲ့ အချိန်မှာ

တကယ်အားဖြစ်စေတဲ့ စကားစုလေးပဲ

ဖြစ်ပါတယ်။

🍀1.မရခဲ့တာဟာ ဆုံးရှုံးမှု မဟုတ်ပါဘူး🍀

တစ်စုံတစ်ခုကို မရရှိခဲ့တာက

ဆုံးရှုံးမှုမဟုတ်ပါဘူး။

ကိုယ်မရခဲ့တဲ့ အရာတစ်ခုဟာ

ကိုယ့်အတွက် မသင့်တော်လို့

လွဲသွားတာ ဖြစ်နိုင်ပါတယ်။

🍀2.လူတစ်ချို့ကို လက်လွှတ်လိုက်ရခြင်း🍀

ကိုယ့်ဘ၀ထဲက ထွက်သွားတဲ့လူတိုင်းကို

ပြန်ဆွဲထားဖို့ မလိုပါဘူး။

တစ်ချို့က ထွက်သွားမှ

ကိုယ်တကယ်လိုချင်တဲ့ အရာတွေအတွက် နေရာရလာတာဖြစ်တတ်ပါတယ်။

ဥပမာ သစ်ပင်မှာ သစ်ရွက်ဟောင်းတွေ ကြွေသွားမှ

လှပတဲ့ သစ်ရွက်သစ်လေးတွေ ထွက်လာသလိုပေါ့။

💯ဒါ့မို့ ကိုယ့်တန်ဖိုးကို မသိတဲ့ သူတွေကို

ထွက်သွားခွင့်ပေးလိုက်ပါ။

ကိုယ်ကသာ တန်ဖိုးရှိနေရင် တန်ဖိုးသိတဲ့သူတွေ

အလိုလိုရောက်လာပါလိမ့်မယ်။💯

🍀3.အချိန်မတန်သေးတာ🍀

ဘာလို့ ကိုယ်လိုချင်တာတွေက အမြဲနောက်ကျနေရတာလဲလို့ မတွေးပါနဲ့တော့။

ငါက ဒီအရာကို မရသေးတာက

ပိုကောင်းတဲ့ အရာတွေအတွက် အချိန်ယူနေတာဆိုပြီး

အတွေးကို ပြောင်းတွေးကြည့်ပါ။

🍀4.လွဲသွားတဲ့ လမ်း၊ရွေးချယ်မှု မှားခဲ့ခြင်း🍀

လမ်းမှားသွားတာ၊ရွေးချယ်မှု လွဲခဲ့တာတွေအတွက် ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့တော့။

ရွေးချယ်မှု မှားခဲ့တာတွေက အမြဲအဆုံးမဟုတ်ပါဘူး။

တစ်ခါတစ်လေ လမ်းမှားကပဲ ကိုယ့်အတွက် မှန်ကန်တဲ့ လမ်းကို ရှာတွေ့စေတယ်။

ဆုံးရှုံးမှုတိုင်းမှာ ဘာမှမရခဲ့ရင်တောင်

သင်ခန်းစာနဲ့ အတွေ့အကြုံကတော့ ကောင်းကောင်းကြီး ရခဲ့ပါလိမ့်မယ်။

🍀5. Healing လုပ်ပါ🍀

🫠တစ်ချို့အရာတွေ လွဲခဲ့ရတာ

ကံဆိုးလို့ မဟုတ်ပါဘူး။

ကိုယ့်အပြစ်ကြောင့်လည်း မဟုတ်ပါဘူး။

ကိုယ့်ဘ၀ထဲမှာ မသင့်တော်တဲ့အရာတွေကို

ဖယ်ရှားပြီး ပိုကောင်းတဲ့အရာတွေအတွက်

နေရာဖန်တီးပေးတာလည်း ဖြစ်နိုင်တယ်။

ဒါ့ကြောင့်မို့ ဆုံးရှုံးခဲ့တဲ့ အရာတွေအပေါ်

၀မ်းနည်းမနေဘဲ လွှတ်ချလိုက်ပါ။💯

🍀လူငယ်ဘ၀က နှစ်ခါ ပြန်မရတာမို့

ပျော်ရွှင်အောင် နေပါ။

ကိုယ့်ရဲ့ ပျော်ရွှင်ခြင်းက ကိုယ့်အပေါ်ပဲ မူတည်ပါစေ၊သူများအပေါ် မမှီခိုမိပါစေနှင့်။

နောက်ပြီး ကိုယ်လိုချင်တဲ့ ပန်းတိုင်ရည်းမှန်းချက်တွေအတွက် ပိုကြိုးစားပါ။🍀

🧓အဆုံးသတ်အနေနဲ့

စာရေးသူ ပြောချင်တာကတော့

🍀လွဲခဲ့တဲ့အရာတွေကို လက်လွှတ်လိုက်ပါ။

ရောက်လာမဲ့ အရာတွေကို ယုံကြည်ထားပါ။

တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အဲ့ဒီတုန်းက

မရခဲ့တာ ကောင်းတယ်လို့ ပြန်ပြောနိုင်မှာပါ။

တစ်ချို့အရာတွေက ကိုယ်လိုချင်တာ

မရခဲ့တာ မဟုတ်ပါဘူး။

ကိုယ့်အတွက် ပိုသင့်တော်တဲ့အရာ

တစ်ခု ရှိနေသေးလို့ပါ။

ဒါ့ကြောင့် လွဲခဲ့တာတွေကို နောင်တရနေမဲ့အစား

ကိုယ့်ဆီလာမဲ့ ပိုကောင်းတဲ့အရာတွေကိုပဲ

စောင့်မျှော်ကြရအောင်🍀🍀🍀

ရင်ထဲက အပိုင်းအစလေးများ

Yuki Smile🤍

( Freelance Content Writer)

22/01/2026

🧐🤔အိမ်မှာ သန့်ရှင်းရေးလုပ်ရင်း အရင်က ကိုယ့်ရဲ့မှတ်စုစာအုပ်ဟောင်းတွေကိုတွေ့လို့ ပြန်ဖတ်ကြည့်ရာမှ စိတ်ကူးမိပြီး သိသလောက်ပြန်မျှဝေပေးခြင်းဖြစ်သည်။

🙏🙏🙏ဗုဒ္ဓမြတ်စွာ၏သာသနာကွယ်နည်း
ငါးမျိုးအကြောင်းကို အစဉ်လိုက်
အကျဉ်းချုပ် ပြန်မျှဝေပေးချင်ပါတယ်။

☘️1.ပရိယတ္တိ သာသနာကွယ်နည်း

(မြတ်စွာဘုရားရှင်၏ နှုတ်ကပါတ်တော်ဖြစ်သော ပဠာန်းကျမ်းတော်ကြီးမှစ၍ ပရိတ်ကြီး( 11 )သုတ်၊
ဓမ္မာစကြာတရားတော်များ စသဖြင့် ကျက်မှတ်ရသော တရားစာပေများ စတင်ကွယ်ပျောက်လာခြင်းဖြစ်သည်။
အကျဉ်းအားဖြင့် စာပေသင်ကြားမှု
(ပိဋကတ်တော်များ)မရှိတော့ခြင်း။

2.ပရိပတ္တိ သာသနာကွယ်နည်း☘️

(မြတ်စွာဘုရားရှင် လမ်းညွှန်ပြသခဲ့သော
သီလသိက္ခာပုဒ်များကို လိုက်နာကျင့်သုံးသူများ မရှိတော့ခြင်းကို ပရိပတ္တိသာသနာကွယ်ခြင်း
ဟုခေါ်ဆိုခြင်းဖြစ်သည်။
အကျဉ်းအားဖြင့် အကျင့်သီလစောင့်ထိန်းသူ မရှိတော့ခြင်း။)

☘️3.ပဋိဝေဓ သာသနာကွယ်နည်း

(မဂ်ဖိုလ် နိဗ္ဗာန်ကို ရည်မှန်းပြီး
အားထုတ်သူများလည်း မရှိတော့သလို
မဂ်ဖိုလ်ရသူများလည်း မရှိတော့ခြင်း။)

☘️4.လိင်္ဂသာသနာကွယ်နည်း

(ဘုန်ကြီး၊ရဟန်း၊သာမဏေ ဟူ၍ မရှိတော့ဘဲ
လူအ၀တ်များသာ ၀တ်ဆင်ကြတော့မည်။
လူများကဲ့သို့ အိမ်ရာတည်ထောင်ပြီး
ပြုမူနေထိုင်ကြလိမ့်မည်။
သို့သော် သင်္ကန်းအစလေးတွေကိုတော့
လက်မှာ၀တ်ဆင်ထားကြလိမ့်အုံးမည်။
အဲ့ဒီသင်္ကန်းအစလေးများကိုတောင်
မ၀တ်ဆင်ကြတော့တဲ့အချိန်တွင်
လိင်္ဂသာသနာ ကွယ်လိမ့်မည်။)

☘️5 .ဓာတုသာသနာ ကွယ်နည်း

( လူ့ပြည်တွင် တည်ထားကိုးကွယ်ထားသော
မြတ်စွာဘုရားရှင်၏ စွယ်တော််၊ဓာတ်တော်များသည်
သူ့အလိုအလျောက် ကောင်းကင်ယံသို့
ပျံတက်ပြီး မဟာဗောဓိပင်ခြေရင်းတွင် စုကြလိမ့်မည်။ဤအခါတွင် ဓာတုသာသနာ‌ကွယ်မည်။)

👁️‍🗨️👁️‍🗨️အထက်ပါအကြောင်းရာများသည်
မြတ်စွာဘုရားရှင်၏ သာသနာကွယ်ပျောက်တော့မည့်အချိန်တွင်
အစဉ်လိုက်ကွယ်ပျောက်မည့်ပုံဖြစ်သည်။
ဗုဒ္ဓသာသနာ အဓွန့်ရှည်တည်တံ့စေရန်
ရည်သန်၍သိသလောက် ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။🙏🙏🙏


Yuki Smile😍
        (Freelance Content Writer )

10/12/2025

မနေ့ကပြီးခဲ့ပြီ….
မနက်ဖြန်က ရောက်မလာသေးဘူး…..
ငါတို့မှာ ဒီနေ့ပဲရှိတယ်…..
အခု စလိုက်ကြစို့……..။
(မာသာထရီဇာ)

ဆရာ လင်းရောင်စင်ရဲ့ ငါ့အတွက် ငါ့ရှိတယ်
ဆိုတဲ့ စာအုပ်‌ဖတ်ပြီး သိခဲ့ရသော
စကားစုလေးဖြစ်သည်။
စကားစုလေးက ရိုးရှင်းပြီး
အချိန်ရဲ့ တန်ဖိုးကို
ပေါ်လွင်အောင်ဖော်ပြထားသည်။

တစ်ခါတစ်လေမှာ
ကျွန်မတို့ဟာ ဒီနေ့ဆိုတဲ့ ပစ္စုပ္ပန်ကိုမေ့ထားပြီး
အတိတ်တွေထဲမှာ ရှင်သန်နေတတ်ကြသလို
ရောက်မလာသေးတဲ့ အနာဂတ်အတွက်လည်း
ပူပန်နေမိတတ်ကြတယ်။

အတိတ်မှာဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့
ပြင်လို့မရတော့သလို
အနာဂတ်မှာလည်း ဘာတွေဖြစ်လာနိုင်လည်းဆိုတာ
ကြိုမသိနိုင်ပါဘူး။
ဒါပေမဲ့ အတိတ်ကိုသင်ခန်းစာယူပြီး
ဒီနေ့ကိုသာ အကောင်းဆုံးကြိုးစားသွားမယ်ဆိုရင်
အနာဂတ်ဟာလည်း
ကောင်းတဲ့အရာတွေဖြစ်လာမှာ
မလွဲဧကန်ပါပဲ။

ယခု သင်အိပ်ခဲ့လျှင် အိပ်မက် မက်လိမ့်မယ်။
သင်ကြိုးစားခဲ့လျှင်
သင့်အိပ်မက်အကောင်ထည်ပေါ်လိမ့်မယ်
ဆိုတာဟာလည်း ယခုအချိန်သည်သာ
အကောင်းဆုံးဆိုတာကို ညွှန်ပြနေခြင်းဖြစ်သည်။

အရာရာဟာ ကံဆိုးနေရင်တောင်
ဒီနေ့အတွက်ကိုယ့်မှာ
ရှင်သန်ခွင့်ရနေပါသေးတယ်ဆိုပြီး
ကြိုးးစားဖြတ်သန်းကြည့်ပါ။
တဖြေးဖြေး အဆင်ပြေလာပါလိမ့်မယ်။

ဘယ်လိုအခြေနေပဲဖြစ်ဖြစ်
လက်ရှိကိုကြိုးစားပြီး
မနက်ဖြန်ဆိုတာ မေ့ထားလိုက်
လုပ်စရာရှိတာကိုသာ ဆက်လုပ်နေလိုက်ပါ။
အချိန်တန်ရင် အရာအားလုံးဟာ
အဆင်ပြေသွားမှာပါ။
အဓိကကတော့
ဒီနေ့အတွက် ကြိုးစားနေဖို့ပါပဲ။

ဒါ့ကြောင့်မို့လို့
ငါတို့မှာရှိတဲ့ ဒီနေ့မှာပဲ
ငါတို့ စပြီးကြိုးစားလိုက်ကြရအောင်ပါနော်။

Yuki Smile ☺️
(Freelance Content Writer)

Category

Website

Address


Kyaukse

Alerts

Be the first to know and let us send you an email when Lucky Lay Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Kyaukse.