Aura26

Aura26

Share

Personal review and experiences 🌸 A couple; sharing unexpected impressions and experiences!

17/08/2025

"ဆံပင် ကျွတ်ခြင်း အနုပညာ"

ဆံပင် ကျွတ်တယ် ဆိုတဲ့ စကား အစချီမှာ တော့ ဆံပင် ရှိတဲ့ လူတိုင်း ကျွတ်ကြပါတယ်နော်။ ဒါဟာ ရောဂါရှိတာဟော်မုန်းတခုခု ကြောင့်တောင် မဟုတ်ပဲ လူတိူင်းဟာနေ့တိူင်း ဆံပင်မွှေေးပေါင်း၁၀၀ ပျမ်းမျှ ကျွတ်ကြပါတယ်။ Admin ကိုယ်တိုင်လဲ ဆံပင် ကျွတ်တဲ့ ထဲ ပါတာ ပေါ့။ ဆံပင် ကျွတ် သက်သာတယ် ဆိုတဲ့ Shampoo ပေါင်းများစွာလဲ သုံး serum ပေါင်းများစွာလဲ သူံးခဲ့ တာပေါ့ ။ ဒီနေရာ မှာ ပြောချင်တာ က ဒါတွေဟာ သာမန်ပါပဲ ပုံမှန်ပါပဲ။ ခု လက်ရှိလည်း ဆံပင် ကျွတ်တုန်းပါပဲ။ ဒါကို တခါတလေ ဆိုင်မှာ သွားလျှော်ရင် အမ ဆံပင် အရမ်း ကျွတ်တာပဲ အမ ဆံပင် ပျက်စီး နေပြီနော် လို့ ပြောရင် ကျွန်မ အရမ်း ရယ်ချင်တယ်။ ဆံပင် မကျွတ်တဲ့ လူသား မှ မရှိတာရှင်။ ခွေးလေး တွေ ကြောင်လေးတွေ အမွေးကျွတ်သလိုပဲပေါ့။ ပြောချင်တာ အားလုံး က ပုံမှန်ပါပဲ။

Admin သုံးဖူးတဲ့ Shampoo ဆိုလဲ အမျိုးမျိုးပါပဲ။ Growwell Shampoo လဲ ဆက်ကျွတ်တာပဲ။ သူများတွေက တော့ အကျွတ်သက်သာတယ် ပြောတာပဲ။ admin ကတော့ ပိုကျွတ်လာတယ် ထင်လို့ ရပ်လိုက်တယ် 😁

Fino Shampoo လဲ လက်ရှိသုံးနေတာပဲ အနံံ့လေးကလဲ ကောင်း အကျွတ်လေး တော့ သက်သာသလိုထင်ရတယ်။

Honey Shampoo လဲ အရမ်း မွှေးတဲ့ နေရာမှာ ဆရာကြီးပဲ။ ကောင်းရှာပါတယ် သူ့ဟာလေးနဲ့ သူတော့။

နောက် တခု က တော့ hair serum သုံးတာပါပဲ admin ဆို ၂ -၃ ရက် တခါ ခေါင်းလျှော် တဲ့ သူဆိုတော့ ဆံပင်အဖျားလေးတွေ ခြောက်တာပေါ့။ Dryer ဒဏ်လဲ ခံရတာ ကိုး။ အဲတော့ ခေါင်းလျှော် ပြီး ရင် admin က hair serum ၂ ခါ တိတိ သုံးပါတယ်။ serum or oil ကြိုက်တာ သုံးလို့ ရပါတယ်။ dryer မမှုတ်ခင် တခါ သုံးတယ်။ နောက်ပြီး ဆံပင် ခြောက်ပြီ ဆို တခါ ထပ်သုံးပါတယ်။ နောက်ရက် တွေမှာ လဲ အဖျား လေးတွေ ကို ထပ်ပြီး သုံးပေးပါတယ်။ အဲ့လို လုပ်ပေးတာဟာ ဆံပင် အဖျား ခြောက်တာကို တော် တော်လေး သက်သာစေတယ်။

Hair ပြီး ရင် အရေးကြီး တာ က ဉီးရေပြား scalp ကိုလဲ မေ့ထားလို့ မရပါဘူး။ admin အတွက် ကတော့ ကျွတ် သလောက်လဲ baby hair လေးတွေ ပြန်ပေါက်တယ် လို့ ခံစားရစေတာ some by mi က hair tonic ပါ။ ခုဆို စျေးလဲ မနည်းတော့ပါဘူး ဒါမယ့် တခြားဘာမှ မလုပ်နိူင်မှတော့ ချွေတာ သုံးရတာပါပဲ။ တခြား hair tonic တွေလဲ များကြီး ရှိပါတယ်။ local ထဲမှာလဲ ထွက်ထားတာ ရှိပါတယ်။ သုံးကြည့် စေချင်တယ်။

Hair scrub လေးတွေ အကြောင်းလဲ တဆက်တည်းပြောပါမယ်။ admin နောက်ပိူင်း ဂရုစိုက်ဖြစ်တာက ဆံပင် ထက် ဦးရေပြားကိုပါ။ အဲ့တာကြောင့် scalp scrub ကို သုံးဖြစ်ခဲ့တာ။ အရင်က L'occitane brand က သုံးပါတယ်။ ပီးတော့ local က the mix by su ကို charcoal ရော rice ရော သုံးကြည့်ဖြစ်ခဲ့တယ်။ ၁ပတ်ကို ၁ခါလောက်ပေါ့။ ဆံပင် အရမ်း အဆီ ပြန်လွယ်သူတွေလဲ သူံးကြည့်သင့်တယ်။ သူ့ အနံ့လေး က တော်တော် လေး ကောင်းတယ်။ ခေါင်း မလျှော်ခင် ရေလေးနဲနဲ ထည့်ပြီး ဉီးရေပြားကိုပဲ အဓိက ထားပြီး အညင်သာ ပွတ်ပြီး ဆေးချ ပြီး ရင် ပုံမှန်တိုင်း ခေါင်းလျှော်လိုက်လိူ့ရပါတယ်။

နောက်တခုက ဉီးရေပြားကို နှိပ်နယ်တာ။ ဆိုင်မှာ ခေါင်းလျှော်ရင်း နှိပ်တာက်ု ဆိုလိုတာ မဟုတ်ပါဘူး နော်။ မနက် တခါ ညတခါ comb ကောင်ကောင်းလေး တခုနဲ့ ဖြီးစေချင်တာ ပါ။ Relaxing လဲ ဖြစ်စေပါတယ်။

ခေါင်းမလျှော်ခင် ခေါင်းဖြီးပါ။

ဟုတ်ပါတယ် ခေါင်းမလျှော် ခင် ဆံပင်တွေ ကို သေချာ ရှင်းပြီး ဖြီးထားတာက ခေါင်းလျှော်တဲ့ခါ ဆံပင် ကျွတ်သက်သာစေပါတယ် (hair oiling လုပ်တတ်တဲ့ သူတွေက hair oiling မလုပ်ခင် သေချာ ဆံပင်ကို ရှင်းပြီး မှ oil သုံးပါ။ Hair oiling လုပ်ထားပြီး ဆံပင် ထပ်မဖြီးတာတော့ကောင်းပါတယ် နော်)

Admin ခု ပြောသွားတာတွေက just my experience and opinion တွေပါ။ No sponsorships from on one ပါ။ ကဲ အားလုံးပဲ ဆံပင်ကျွတ်ခြင်း ကင်းပီး အဆင်ပြေနိုင်ကြပါစေရှင်။ 🤍

02/07/2025

ဒီရက်ပိုင်း admin နေ့တိုင်းလိမ်းဖြစ်နေတဲ့ lotoin လေး သူ့ brand လေး က တော့ လူတိုင်းမစိမ်းလောက်ဘူး သူ့ဆီ က rice toner လေး အရမ်း နာမည်ကြီး ခဲ့တော့ ခုသူရဲ့ lotion လေး ကို try ဖြစ်တယ်

သူ့ texture က မပြစ်မကျဲလေး လိမ်းလိုက်ရင် body milk ဆိုတဲ့ အတိုင်း အသားထဲ စိမ့်ဝင် လွယ်တယ် moisturizing and conditioning ဆိုတဲ့ အတိုင်း လိမ်းပြီး ရင် အိပြီး ချောသွားတယ်
သူ က အစိုဓာတ်လေး ထိန်းပေးတယ်
Admin အကြိုက်ဆုံး အချက်ကတော့ သူက လိမ်းပြီး ရင် မပူတာပါ lotion တော်တော် များများက လိမ်းပြီး ရငိ ရာသီဥတုကလဲ ပူ lotion ကလဲ ပူ ဖြစ်တတ်တာပါ
သဲလေးတို့ ထဲ မှာ ရောပူလို့ lotion မလိမ်း ဖြစ်နေတဲ့သူ ရှိရင် ဒါလေး try ကြည့် ဖို့ recommend ပေးပါတယ်နော်

28/06/2025

"Someby mi Retinol"

Beauty Experts တော်တော်များများက Retinol ကို အသက်၂၅-၃၀ ကြား ရောက်လာပြီဆို စသုံးသင့်တယ် ဆိုပြီး recommend ပေးကြလေ့ရှိကြတယ်။
ဒါပေမယ့် Retinol ကလေ အသုံးမတော် အသုံးမတည့်ရင် အသား ခြောက်ပြီး ယားတတ်တယ်။ admin ကိုယ်တိုင်လဲ sensitive skin သမား မဟုတ်ပင်မဲ့ အရေပြား ပါးတဲ့ ထဲပါတော့ တခါတလေ retinol ပါဝင်နှုန်း များတာမျိုးဆို ယားသလို ဖြစ်ခဲ့ပါတယ်
ခု SomeByMi ကို စသုံး ဖြစ်တာကတော့ Eye Cream က စသုံးဖြစ်ခဲ့တာ။ Admin က eye cream ကို အမြဲ သုံးတယ် မနက်ရော ညရောပေါ့။ ဒါမယ့် SomeByMi က retinol ပါတာမလိူ့ night time only ပဲ admin သူံးပါတယ်။
သူ့ ရဲ့ အဓိက မျက်လုံး နား တဝိုက်က အရေးကြောင်း လေး အရမ်း သက်သာတယ်။
နောက် သူ့ ရဲ့ serum လေး လဲ try ကြည့်ခဲ့တာမှာလည်း အဆင်ပြေတယ်။ Retinol serum တွေ try ခဲ့ သမျှထဲမှာ လိမ်း ပြီး ယားတားတား မဖြစ်တာမို့ အတော် အကြိုက်တွေ့ရတယ်။
skin texture လေးလည်း သိသိသာသာ ညက်လာတယ် ကြည်လာတာ သတိထားမိတယ်။
Serum လေးကလည်း retinol ပါတာမို့ night time only ပဲ admin သုံးဖြစ်ပါတယ်။
ကိုယ်က Retinol လည်း စသုံးချင်တယ် သုံးရမှာလည်း မရဲဖူးဆိုရင်တော့ SomebyMi ကိုတော့ recommend ချင်တယ်။ သုံးဖူးတဲ့ လူရှိလား သုံးတုန်းကရော effective ရော effective ဖြစ်လား တခြား Alternative brand ကောင်းကောင်းလေးရော ရှိလား ဆွေးနွေးပေးသွားပါဦးရှင့်။
Sharing is caring 🫶
Honet reviews and no sponsorship 🫡

27/06/2025

ဒီနေ့ ပြောပြ review လုပ်ပြချင် တဲ့ ပစ္စည်း လေး ကတော့ မိန်း ကလေး တော်တော် များများ နဲ့ မစိမ်း တဲ့ invisi bobble ရဲ့ ခေါင်းစီးကြိုးလေး ပါ။
သူက စျေးလေး တော့များတယ် ထင်ရပင်မယ့် တနေကုန် စီး ထား ရင်တောင် ခေါင်း ကိုက်တာမျိုး ဆံပင် ကျိုးတာ မျိုး မဖြစ်လို့ admin အရမ်း သဘောကျရတာ အရင် က Slip က ခေါငိးစီး ကြိုးလေး တွေလဲ try ဖူးတာမှာ admin personal review အရတော့ slip ထက် invisi bobble ကို ပို သဘောကျ ရတယ်။
Invisibobble က ရေနွေးနဲ့ ပြန်စိမ်လိုက်ရင်လဲ normal size range လေး ပြန်ဖြစ်တယ် ပေါ့ နော်။ admin တော့ မစိမ်ဖြစ်ပါဘူး 😁 ဒီတိုင်းနေ့တိုင်း စီးနေတာပဲ။ နေ့တိုင်း စီးလိူ့ ပြတ်လားဆို ပြတ်ပါတယ်။ admin ကိုယ် တိုင် ၄ ကွင်းလောက်ပြတ် ပြီး ပါပြီး ပြတ်လိုက် ပြန်ဝယ် လိုက်ပါပဲ 🤣 admin ဘာလို့ ပြန်ပြန် ဝယ်လဲဆို ဆံပင် လုံးဝ မနာတာရယ် ခေါင်း မကိုက်တာရယ် ကြောင့် ပါ admin က ဆံပင် အမြဲ လိုလိုစီးထားတတ်တာကြောင့်ပါ။
နောက်ထပ် တခု က admin ရဲ့ ဆံပင် က လွန်ခဲ့တဲ့ နှစ်တွေက တွေ့ရာ ခေါင်းစီးကြိုးနဲ့ စီး ခဲ့တော့ ဆံပင် က လုံးဝ စီး ထားတဲ့ အရာ တိုင်း ကျိုးသွား ခဲ့တာပါ။ ခေါင်းလျှော် ပြီး လဲ အဲ့ အရာအတိုင်း ကျိုးနေခဲ့တော့ psycho လဲ တော်တော် ဖြစ်ခဲ့ ရပါတယ် 🥲 အဲ့လို နဲ့ slip ကို အရင် try ခဲ့တာပါ ပိုပြီး pricy ဖြစ်တာရယ် long lasting လဲ admin တွက် မကြိူက်တာမို့ invisibobble ကို try ဖြစ်ခဲ့တာပေါ့။
ခု တော့ ဘယ်လောက်စျေး ရှိလဲ မသိဘူး အရင် ဝယ်တုန်းကတော့ တကွင်းစျေးကို ၈၀၀၀-၁၀၀၀၀ ဝန်းကျင်တော့ရှိမယ် ပုံထဲက ဟာလေး က admin အရင်ဟာလေးတွေ ပြတ်သွားလို့ အသစ်ဝယ်ထားတာလေး ပါ သူကတော့ scrunchie လေး တခုရော ပါတယ်
Personal experience and no sponsorships

28/03/2024

Converse J ဆိုတာ ဘာလဲ??

ဒီနေ့ ကျနော် experience နဲ့ impression လုပ်မှာကတော့ Converse J ပဲဖြစ်ပါတယ်။

Converse J ဆိုတာကတော့ Converse ကိုမှ Made in Japan Clothing line ပဲဖြစ်ပါတယ်။ Japan မှာရှိတဲ့ Itochu Corporation က Nike ဆီကနေ Converse Japan Co.Ltd ဆိုပီး တရားဝင် လိုင်စင်ရထားတယ် ပီးတော့ Japan နိုင်ငံမှာပဲ Converse တွေကို ကိုယ်ပိုင် design တွေနဲ့ Made in Japan ဆိုပီး exclusive ယူထားတဲ့ Converse Japan Clothing Line ပဲဖြစ်ပါတယ်။

ကျနော်လည်း အစက Converse တွေကို အဲ့လို Japan Company တစ်ခုက Japan နိုင်ငံအတွက်ပဲ Exclusive ထုတ်ထားတယ်ဆိုတာကို မသိထားတော့ ကျနော့်ဆီရောက်လာတော့ ဪ Made in Japan ဆိုတော့ ရိုးရိုး Chuck Taylor ကိုမှာ Japan မှာ ထုတ်ထားလို့ Made in Japan လို့ တပ်ထားတယ်ပဲ ထင်ခဲ့တာ။

ကျနော့်မှာ ရှိတာ All Star J OX Low Cut လေးဗျ .. စစခြင်း impression က တော့ ပုံမှန် Chucks တွေနဲ့ Packaging မတူတာပဲ ဘူး design ကွဲတယ် .. ပီးတော့ အဓိက ဖြစ်တဲ့ Sneaker ရဲ့ Impression ကတော့ လုံးဝ Amazing ပဲ ကြည့်တာနဲ့ ပုံမှန် chucks တွေနဲ့ ဘာမှမဆိုင်သလို Premium feeling ရလိုက်တယ် .. ကွဲထွက်နေတာပဲ Design က ..

ပထမဆုံးက Heel ပဲ Heel က သိသိသာသာ Bulking ဖြစ်နေလို့ ပုံမှန် Chuck တွေထက် ပိုမြင့်တယ်လို့ ခံစားရတယ် ..

Canvas Material က လည်း ပိုထူပီး ပိုကောင်းတယ် .. Laces တွေလည်း Quality ပိုကောင်းတယ် .. Double Stitch တွေက အစ ချုပ်ရာတွေမတူသလို Toe Tip က ဆေးသားက အစမတူဘူးဗျာ ..

ပုံမှန် All Star တွေနဲ့ မတူတဲ့ All Star J version တွေက Logo က အစ သူတို့ Design သူတို့ Font ကိုပဲ သုံးထားလို့ Unique တော့ တော်တော်လေးကို ဖြစ်တယ်ပြောရမယ် ..

Heel Patch လေးကတော့ အကြိုက်ဆုံးပဲ Made in Japan ဆိုပီး ရေးပေးထားတယ် .. Insole မှာလည်း Made in Japan ဆိုပီး ရေးပေးထားတယ် .. ပန်းချီကားတစ်ချပ် အနေနဲ့ပြောရရင် ဂျပန်တွေရဲ့ ထုံစံအတိုင်း ကောက်ကြောင်းကြီးတွေက ကြီးတော့ ဖိနပ်က ပိုပီး ပုံကြွသလို ခံစားရတယ် ..

Detail သေးသေးလေးတွေက အစ ကွဲအောင် လုပ်ထားတာဗျ .. Outsole တွေရော Bumper တွေရော အားလုံးပဲဗျာ .. Experience အရဆိုလည်း ကျနော့် အနေနဲ့ All Star စီးတိုင်း Break-in အရမ်း Hard တော့ ခြေထောက်နာလေ့ရှိတယ် .. All Star J ကတော့ ပိုပီး Comfy ဖြစ်တယ် ခံစားရတယ် .. အခု ကျတော်စီးနေတာလည်း တစ်နှစ်ကျော် ၂ နှစ်ပြည့်တော့မယ် Durability ကောင်းဆဲပဲ .. ဈေးကတော့ ပိုကြီးတယ် .. ဝယ်ရပြုရလွယ်လား ဆိုရင်တော့ Japan က မှာပေးတဲ့ OS တိုင်းလိိုလိုမှာတော့ မှာလို့ရနိုင်လောက်မှာပါပဲ .. တကယ်လို့ ခင်ဗျားတို့ က Chucks တွေ ကြိုက်တတ်တဲ့ လူတွေဆိုရင်တော့ Try ကြည့်သင့်တယ် .. စိတ်မပျက်စေရဘူး All Star J က ..

နောက်ဆုံး အရေးကြီးတာကတော့ လိုမှပိုမှ ဝယ် Try ကြဖို့ပါပဲ အစစအရာရာ တန်ဖိုးကြီး ကိုယ့်ကျပ်ငွေတန်ဖိုးကျနေတဲ့ အချိန်မှာတော့ ရှိနေတဲ့ ဆန္ဒလေးတွေကို ထိန်းထားတာ အကောင်းဆုံးပါပဲ .. ပုံလေးတွေကိုတော့ comment section မှာထည့်ထားပေးလိုက်တယ် .. အမှန်ကတော့ ကျနော့်ရဲ့ဖိနပ်ပုံကို detail ရိုက်ပေးချင်တာ မဆေးရသေးလို့ မရိုက်ပဲ website က ပုံတွေပဲ ယူလာခဲ့လိုက်တော့တယ် 😁

Photos from Aura26's post 17/03/2024

ဒီနေ့ကတော့ မိန်းကလေးတော်တော်များများ အမအပါအဝင် အရမ်း သဘောကျရတဲ့ Longcamp Bag လေးတွေအကြောင်း ပြောပြပေးမှာဖြစ်ပါတယ်

Emily in Paris ဇာတ်လမ်းတွဲထဲ မှာ Emily က်ိုင်တဲ့ အိတ် brand လေး ဆိုပြီး သိလာ ကြတဲ့ Longcamp အိတ်လေးကလေ ရုံးသွား တွက်ရော daily use အတွက် ပါ လူကြီး လူငယ် ကြားထဲမှာ ပြန်ပီး ခေတ်စား လာခဲ့ တယ် .. Series ရဲ့ အရှိန်ကြောင့်လည်းပါတာပေါ့ .. ဒီပြင်သစ် Brand လေးက Bag Series တွေရှိပေမယ့် အမကိုယ်တိုင်လည်း ကြိုက်ပီး သုံးဖြစ်နေတဲ့ Le Pliage Series လေးကို အဓိကထားပြောပြချင်ပါတယ်

တော်တော်များများ အသုံးများ ကြတာတော့ small medium large ၃ ဆိုဒ်ကနေ နောက်ဆုံး mini micro ဆိုဒ်လေး ပါ ထပ်ထွက်လာတယ် သေးသေးလေးနဲ့ ချစ်စရာ size လေးပေါ့

သူ့ အိတ်ရဲ့ ပေး ရတဲ့ စျေး နဲ့ ရော Quality ရော တန်လား လို့ မေး ရင်တော့ အမ တွက် ကတော့ တန်တယ် လို့ ပြော ရမှာ ပါပဲ

****Large Size****

သူ့ ရဲ့ large size က airport fashion ထိပါ သုံးလို့ရတယ် လွယ် လို့လဲ ရတာမို့ easy to use အရမ်းဖြစ်တယ် .. သူ့ ရဲ့ မိုးကာသားလေး က လျှော်လို့ ရတာမို့ Maintain and cleaning အပိုင်းမှာလွယ် လွယ်ကူတာပေါ့ .. zip line လေး အရမ်း ကောင်းတာတော့ သတိထားမိတယ် .. အရင် က သူ့ ရဲ့ အိတ်က plain ပဲ လာပေမယ့် နောက်ပိုင်း အိတ်လေးတွေမှာ သူ့ရဲ့ logo လေးတွေ ထည့်ပေးလာတော့ Longcamp brand မှန်း သိသာစေသွားတာပေါ့ ..

****Medium Size****

သူရဲ့ medium size က လဲ long handle လာ သေးတယ် လွယ်လို့ရတယ် Large size ထက် နဲနဲ သေးတော့ daily office ဒါမှမဟုတ် ကလေး မေမေတွေလဲ ကောင်း ကောင်း သုံးလို့ကောင်းတယ် organize ဖြစ်ချင်ရင်တော့ bag organizer နဲ့ ထည့်သုံးပေးရင်လဲ အရမ်း အဆင်ပြေပါတယ်

****Small Size****

သူရဲ့ small size ကတော့ အမ အမှန် တိုင်းပြောရရင် သူရဲ့ small size ကို တော့ အရမ်း သဘောကျတယ် အရမ်းလဲ ကြီးမနေဘူး ပစ္စည်းလေး တွေလဲ ကောင်းကောင်း ကြီး ဆန့်တယ် .. အားနည်းတာလေး တခုကတော့ သူက long handle လာတာ ရှားပါတယ် ရှိတယ် ရှားတယ် ပေါ့နော် အဲတော့ လွယ်လို့ မရဘူးပေါ့ အဲဒါကြောင့် small size long handle လေး ဆို ဝယ်သင့်တယ်လို့ recommend ပေးချင်ပါတယ် ..

****Mini or Micro****

နောက်ဆုံးကတော့ mini or micro လို့ခေါ်ကြတဲ့ အသေးလေး cutie လေးပါ .. သေးပေမယ့် စျေးမနဲပါဘူး အကြီး စျေးတွေနဲ့ တူတူလောက်ပါပဲ နောက် သူကတော့ ကိုင်လို့ပဲ ရပါတယ် သူက သေးသလောက် ဆန့်ပါတယ် အသေးလေး တွေ အရမ်း crazy ဖြစ်တဲ့ လူ ဆိုရင်တော့ cute ဖြစ်လို့ ဝယ်သင့်ပါတယ် .. ဒီတိုင်း ကတော့ ဝယ် ဖို့ အားမပေးပါဘူး .. ပြီး တော့ long camp official က လွယ်ကြိုး ထည့် မရောင်းပါဘူး အဲတော့ လွယ်မယ် စဉ်းစားထားရင် သူနဲ့ quality တူတဲ့ တပ်လို့ ရတဲ့ ကြိုးလေး တွေကိုပါ တခါထဲ online shopping တွေကရောင်း ပေးပါတယ်

နောက်ဆုံးအရေးကြီး ဆုံးကတော့စျေးပေါ့ .. ခုက dollar rate တွေတတ်လာတော့ စျေးလဲ အရမ်း တတ်သွားပါတယ် ပြီး တော့ ဝယ်မယ် ဆို စိတ်ချရသော OS တွေကပဲ မှာစေချင်တယ် fake တွေလဲ အရမ်း ပေါလို့ပါ ဒါပေမယ့် သေချာကြည့်ရင် အိတ်ရဲ့ အသားရော အရောင်က သိသာပါတယ် ..

အမကတော့ Emliy in Paris လည်း အရမ်းကြိုက်တော့ Emily ကိုင်ထဲက First Impression မှာ တော်တော် သဘောကျခဲ့တာ .. ဝယ်ကိုင်ခဲ့တော့လည်း Expectation အရမ်းမိခဲ့တယ် ပြောရမှာပေါ့ .. Versatile ဖြစ်တာမို့ ပေးရတဲ့ဈေးနဲ့တော့ အရမ်းတန်နေမှာပါပဲ .. အဲ့တော့ လိုရင် ပိုရင် Try ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော် .. ကျေးဇူးတင်ပါတယ် .. Pinterest ကပုံလေးတွေပဲ တင်ပေး လိုက်တယ်နော် 🥂

08/03/2024

H&M Chelsea Boots က တန်လား?

Hello မင်္ဂလာပါ ကျနော်တို့ရဲ့ ပထမဆုံး Unexpected Impression ကို H&M ရဲ့ Chelsea Boots လေးနဲ့ စလိုက်ပါမယ်ဗျ

ပုံမှန်ဆို ကျနော် Chelsea Boots ဆို Heel နိမ့်တာရယ် Low Cut ဖြစ်တာရယ်ဆို လုံးဝကို မဝတ်ချင် မဝယ်ချင်တဲ့ ထဲပါတယ်ဗျ အခု Chelsea Boots ကိုတော့ Sale ချနေတာရယ် Try ကြည့်ပါမယ်ဆိုတဲ့ စိတ်နဲ့ ဝယ်ဖြစ်သွားတာ ..

အားသာချက်တွေကတော့ အများကြီးပါပဲ ထင်မထားရလောက်အောင်ကို ကောင်းလွန်းတယ် .. ပထမဆုံးကတော့ ဈေးနှုန်းပေါ့ ဈေးသင့်တယ် အခုအခြေအနေငွေဈေးနဲ့ဆိုတောင် တစ်သိန်းမကျော်သေးဘူးလို့ ကျနော်ထင်တယ် .. ပီးတော့ Durability .. ကျနော် ဝတ်နေတာ 5 နှစ်မကတော့ဘူးဆိုတော့ ပုံမှန် Genuine Leather Boots တစ်ရံရဲ့ Durable ဖြစ်မှုလောက်နီးနီးသွားကြတယ် ..

သုံးပေးထားတဲ့ Material က Faux Suede ဆိုပေမယ့် Fiber Quality က အရမ်းကောင်းတယ်ဗျ မထင်ထားဘူး .. ဒီနေရာမှာ ဖိနပ်တစ်ရံရဲ့ weight ကလည်း အဓိကကျလို့ H&M Chelsea boots က လေးမှာလားဆိုရင် အဖြေက No ပါ ..

(Fact အနေနဲ့ဆို Faux Suede က သားရေ အစစ် မဟုတ်ပဲ Micro Denier Fibers တွေနဲ့ ပြုလုပ်ထားလို့ Genuine Suede ထက်ဈေးသက်သာတယ် .. ကြံ့ခိုင်မှုကြာရှည်ခံမှုမှာလည်း ယှဉ်နိုင်တယ် .. ပိုပီးလည်း ထိန်းသိမ်းရ လွယ်ကူပီး ဈေးလည်းပို သက်သာတယ်) ..

နောက်အပိုင်းက Fashionable ဖြစ်လားဆိုတဲ့အပိုင်း .. That Boots suit all slim fit or skinny fit type pants ပဲ .. Style Pants တွေနဲ့ဆို Gentle Men Look ရပီး Skinny Jeans တွေနဲ့ဆို Bad Boy Look ပေးနိုင်တယ် ..

ကျနော်ဆို အကြမ်းလည်းစီးတာပဲ အချောလည်း စီးတာပဲ ဘာမှတောင် care ပေးစရာမလိုဘူး (One Wipe is all it takes ပဲ) ..

အချုပ်အရ ဆို $30 ကျော်တန်းမှာ 10 out of 10 ပဲ .. Sale ထဲလည်း အမြဲပါတယ် .. Heel ကတော့ တော်တော်ကို နိမ့်လို့ Brother တို့ Height ကို ထူးထူးခြားခြားတော့ မြှင့်ပေးနိုင်မှာမဟုတ်ဖူး .. Casual လည်း ဖြစ်ရမယ် Dressy လည်း ဖြစ်မယ်ရမယ်ဆိုရင်တော့ ဝယ်ဖို့တိုက်တွန်းချင်တယ် ..

ကျနော့်အတွက်တော့ လုံးဝ unexpected and so worthy ပါပဲ .. အရေးအကြီးဆုံးက လိုမှပိုမှ ဝယ်ကြပါ .. နောက်လည်း experience လေးတွေ Share ပေးမှာမို့ Share လေးနဲ့ Support ပေးနိုင်ပါတယ်ဗျ .. Comment မှာ ဝတ်ထားတဲ့ ပုံလေးတစ်ချို့ထည့်ပေးထားပါတယ်ဗျ .. ကျေးဇူးပါ 🫡

Want your business to be the top-listed Beauty Salon in Lashio?
Click here to claim your Sponsored Listing.

Website

Address


Mandalay Road, Myanmar, Burma (Myanmar)
Lashio