Daw Hnin

Daw Hnin

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Daw Hnin, Health/Beauty, Lashio.

11/10/2022

" #လိပ်ခေါင်း အမြစ် ပြတ်ဆေး''
================

#ဆေးနည်း

1 သပွတ်သီး = ၃ လုံး

2 ငရံ့ပတူပင် =တစ်ပင်

သပွတ်ခါးသီး ရင့်ရင့် ၃လုံးကို ယူ၍ အရည် ညှစ်ထားပါ။

ငရံ့ပတူပင် တစ်ပင်လုံး
( အရိုး အရွက် အမြစ် အားလုံးပါရမည်)
ကို နေခြောက်လှန်း မီးရှို့၍ ပြာချပါ။
သပွတ်ခါးသီး ညှစ်၍ ရသောအရည် နှင့် ငရံ့ပတူပင် ပြာချ၍ ရသောပြာများကို ရောမွှေလိုက်ပါ။
ရပါပြီ။

ဆေးကိုကြက်တောင်ဖြင့် ယူ၍
ထွက်နေသော လိပ်ခေါင်းကို
လိမ်းပေးပါ။
သုံးစွဲသူများ ပြောပြချက်အရ
သားငံရည်များ ထွက်လာပါလိမ့်မည်။
ပူစပ်စပ်ဖြစ်တတ်ပါသည်။
မကြောက်ပါနှင့် ၂ ပါတ် အတွင်း လိပ်ခေါင်းမှာ ရှုံ့၍
အမြစ်ပါပြတ်သွားပါလိမ့်မည်။
အချို့သူများက
လိပ်ခေါင်းမှာ ခြောက်၍
ကြွေကျသွားသည်ဟု ဆိုပါသည်။
ဘေးဥပါတ် လုံးဝမဖြစ်ပါ။
ဤဆေး သုံး၍
ဆေးခန်းရောက်သူ မရှိ သလို
ဘေးဥပါတ်ဖြစ်သူ ဟူ၍
ယနေ့တိုင် မမြင်ဖူးသေးပါ။

ပို၍ ထိရောက် မြန်ဆန်လိုပါက
ဆေးလိမ်းနေစဉ် ကာလအတွင်း
တွဲဘက်ဆေး အနေဖြင့်
ကုန်းထိကရုံးပင် အရွက်ကလေးများကိုခူး၍ လက်သုတ်သုတ်စားပေးပါ
( သို့မဟုတ် ) ပြုတ်၍ သောက်ပါ။
ဒါဆို ၁၀ ရက်ကြာမည့်သူ
( ၅ ) ရက်ဖြင့် ပျောက်ပါလိမ့်မည်။

အမှတ်သညာထဲက သဘာဝဆေးနည်းလေးတစ်ခုကို ဝေဒနာရှင်တို့အား စေတနာဖြင့်ပျောက်စေရန်ရည်သန်လျှက် မျှဝေပေးလိုက်ပါသည်။

ယုံကြည် စိတ်ချစွာ အသုံးပြုကြပါ။

မေတ္တာဖြင့်
ပြန်လည်မျှဝေပါသည်။

..

Photos from Your MYOE - Your Dentist's post 23/09/2022
14/09/2022

အဆစ်အမျက် ရောင်ရမ်းခြင်းများအတွက် ဆေးဖက်ဝင် ဆင်တုံးမနွယ်🌿

ဆင်တုံးမနွယ်ပင် (Tinospora cordifolia) သည် အိန္ဒိယအာယုဗ္ဗေဒဆေးပညာနှင့် မြန်မာတိုင်းရင်းဆေးပညာများတွင် အလွန်အဖိုးတန်သော ဆေးဖက်ဝင်အပင်တစ်မျိုး ဖြစ်သည်မှာ အများသိပြီး ဖြစ်ပါသည်။ ဆင်တုံးမနွယ်၏ များပြားလှသော ဆေးဖက်ဝင်အာနိသင်များအနက် အဆစ်အမျက်ရောင်ရမ်းခြင်းကို ကျဆင်းစေသောအာနိသင်နှင့် ပတ်သက်၍ နိုင်ငံတကာ သုတေသနစာတမ်းအချို့မှတစ်ဆင့် လေ့လာသိရှိရသော အချက်အလက်များကို ကျန်းမာရေး လေ့လာလိုက်စားသူများ ဗဟုသုတတိုးပွားစေရန် ဖော်ပြလိုက်ပါသည်။

သွေးလေးဖက်နာ (𝐑𝐡𝐞𝐮𝐦𝐚𝐭𝐨𝐢𝐝 𝐚𝐫𝐭𝐡𝐫𝐢𝐭𝐢𝐬 - 𝐑𝐀)၊ ပိုးလေးဖက်နာ (𝐑𝐡𝐞𝐮𝐦𝐚𝐭𝐢𝐜 𝐟𝐞𝐯𝐞𝐫) နှင့် အသက်အရွယ်ရလာလျှင် အဖြစ်များသော အရိုးအဆစ်ရောင်ရောဂါ (𝐎𝐬𝐭𝐞𝐨𝐚𝐫𝐭𝐡𝐫𝐢𝐭𝐢𝐬 - 𝐎𝐀) ခံစားနေရသည့် လူနာများတွင် ပြုလုပ်ထားသော သုတေသန ၄ ခုကို ထုတ်နုတ်ဖော်ပြလိုပါသည်။ အဆိုပါသုတေသနများကို ၂၀၁၀ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံမှ ပညာရှင်များက ပြုလုပ်ခဲ့ကြပြီး Clinical Rheumatology, Rheumatology, Evidence-Based Complementary and Alternative Medicine နှင့် Clinical Research စသော ဆေးပညာဂျာနယ်များတွင် ဖော်ပြခြင်းခံခဲ့ရပါသည်။

သွေးလေးဖက်နာ (RA) ရောဂါရှင် ၁၂၁ ယောက်ကို ဆင်တုံးမနွယ်၊ ချင်း (Zingiber officinale) တို့နှင့် အခြေပြုဖော်စပ်ထားသော အာယုဗ္ဗေဒဆေးတစ်မျိုးကို ၆ လကြာ တိုက်ကျွေးကြည့်ရာ သွေးလေးဖက်နာရောဂါ လက္ခဏာများကို သိသိသာသာ သက်သာစေသည်ကို တွေ့ရပါသည်။ အဆိုပါအာနိသင်သည် သွေးလေးဖက်နာအတွက် အသုံးပြုလေ့ရှိသော ဟိုက်ဒရိုဆီကလိုရိုကွင်း (Hydroxychloroquine) ဆေးနှင့် တန်းတူအာနိသင်ရှိသည်ကို တွေ့ရှိရပါသည်။ အခြားသုတေသနတစ်ခုတွင်လည်း သွေးလေးဖက်နာနှင့် ပိုးလေးဖက်နာ ခံစားနေရသူ ၂၈ ယောက်အား ဆင်တုံးမနွယ်၊ ချင်းတို့နှင့် အခြေပြုဖော်စပ်ထားသည့် ဆေးကို ၄၅ ရက်ကြာ တိုက်ကျွေးကြည့်ရာတွင်လည်း သွေးလေးဖက်နာ စစ်ဆေးခြင်း (RA titre)၊ ပိုးလေးဖက်နာ စစ်ဆေးခြင်း (A*O titre)၊ ရောဂါအတိုးအဆုတ်နှင့် ရောင်ရမ်းမှုကို ညွှန်ပြသော (CRP နှင့် ESR) စသော စစ်ဆေးမှုများကို သိသိသာသာ လျော့ကျစေသည်ကို တွေ့ရပါသည်။

အသက်ကြီးသူများတွင် အဖြစ်များသော ဒူးနာရောဂါသည် အရိုးအဆစ်ရောင်ရောဂါ (OA) ကြောင့် အဖြစ်များပါသည်။ ထိုကဲ့သို့ ဒူးအရိုးအဆစ်ရောင်ရောဂါ (OA knee) ခံစားနေရသူများတွင် စမ်းသပ်ထားသော သုတေသနနှစ်ခုကို တွေ့ရှိရပါသည်။ လူနာ ၄၄၀ နှင့် ၂၄၅ ယောက်တို့တွင် ပြုလုပ်ထားသော သုတေသနများ၌ ဆင်တုံးမနွယ်နှင့် ချင်းတို့ကို အခြေပြုပြီး၊ ဆီးဖြူသီး (Emblica officinalis) နှင့် ဒဟတ်သကိုင်း (Withania somnifera) စသော ဆေးဖက်ဝင်အပင်များနှင့် ပေါင်းစပ်၍ ဖော်စပ်ထားသည့်ဆေးများကို တိုက်ကျွေးစမ်းသပ်ခဲ့ပါသည်။ ဆေးဝါးများကို ၄ လနှင့် ၆ လကြာ တိုက်ကျွေးအပြီးတွင် ဒူးနာဝေဒနာများကို သိသိသာသာ သက်သာစေသည်ကို တွေ့ရပါသည်။ ပါရာစီတမော (Paracetamol) ကဲ့သို့သော အကိုက်အခဲပျောက်ဆေး သောက်သုံးရမှုကို သိသာစွာ လျော့နည်းစေပါသည်။ ဒူးနာရောဂါအတွက် အသုံးများသော အဆစ်အားဖြည့်ဆေး ဂလူကိုစမင်း (Glucosamine) နှင့် အကိုက်အခဲပျောက်ဆေး ဆယ်လီကောက်ဆစ် (Celecoxib) တို့နှင့် နှိုင်းယှဉ်ကြည့်ရာတွင် အာနိသင်တူညီသည်ကို တွေ့ရပါသည်။

အဆိုပါသုတေသနများကို ကြည့်ခြင်းဖြင့် ဆင်တုံးမနွယ်သည် အဆစ်အမျက်ရောင်ရောဂါများတွင် အရောင်ကျစေခြင်း၊ အနာသက်သာစေခြင်း စသော အာနိသင်များကို ပေးစွမ်းနိုင်ကြောင်း ကောက်ချက်ပြုနိုင်ပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

References
https://doi.org/10.1093/rheumatology/kes414
https://doi.org/10.1007/s10067-011-1809-z
https://doi.org/10.1155%2F2011%2F724291
https://doi.org/10.4103%2F0974-8520.82033

Photos from Hanuman Footpatch's post 08/09/2022
ကြောင် ပန်း ရွက် ( လေ ဖြတ် လေ ဖြန်း အ ကြော ကပ် သူ တို့ အ တွက် ဆေး နည်း ) 24/08/2022

ကြောင် ပန်း ရွက် ( လေ ဖြတ် လေ ဖြန်း အ ကြော ကပ် သူ တို့ အ တွက် ဆေး နည်း ) ကြောင် ပန်း ( ၂ ) မျိုး ရှိ သည် ၊ အ ရွက် ကို ခွဲ ၍ သတ် မှတ် ကြ သည် ။ ( ၁ ) ကြောင် ပန်း ကြီး အ ရွက် ( ၅ ) ရွက် စု ထွက် လျှင် ကြ.....

Want your business to be the top-listed Beauty Salon in Lashio?
Click here to claim your Sponsored Listing.

Category

Website

Address


Lashio