HAZEL Beauty Saloon
HAZEL Hair & makeup
10/04/2022
11-4-2022မှစပြီး သင်္ကြန်ဆိုင်ပိတ်ပါတယ်ရှင်
နှစ်ဆန်း 2ရက်နေ့ 18-4-2022မှပြန်လည်ဖွင့်လှစ်ပါမယ်ရှင်🥰🥰 မိတ်ဟောင်းမိတ်သစ်များ
နှစ်သစ်မှာပျော်ရွှင်ကြပါစေ🎉💐💐
💈💈HAZEL BEAUTY SALON
➡️ရပ်ကွက် (၅)
ခိုင်ရွှေဝါလမ်းနှင့်တရုတ်ဘုံကျောင်းလမ်းဒေါင့်အနီး
မေတ္တာဂုဏ်ရည်ဆေးခန်းရှေ့
☎️☎️09-763500279
27/03/2022
HAZEL BEAUTY SALOON အား (1.4.2022)ရက်နေ့မှစ၍ ရပ်ကွက်(5) ခိုင်ရွှေဝါလမ်းနှင့် တရုတ်ဘုံကျောင်းလမ်းဆုံအနီး သို့ ပြောင်းရွှေ့ဖွင့်လှစ်သွားမည် ဖြစ်ပါကြောင်း ဧည့်သည်တော်မိတ်ဟောင်း/မိတ်သစ်များအား အသိပေးအပ်ပါတယ်ရှင့်😍😍😍
Contact me- 09763500279
24/03/2022
27/02/2022
ရွှေရောင် သတို့သမီးလေးကို ပြင်ဆင်ပေးထားပါတယ်🥰🥰
💇💈💇💈HAZEL BEAUTY SALOON
ခိုင်ရွှေဝါလမ်း ရပ်ကွက် (၄) လားရိူးမြို့
☎️09-763500279
☎️09-788087873
11/02/2022
Hello 👋👋 admin နေမကောင်းတာနဲ့ pageလေးကို ပစ်ထားမိတယ် မိတ်ကပ်ဆံထုံးပုံလေးတွေက
မရိုက်ဖြစ်လို့ pageမှာမတင်ဖြစ်တာပါ
မိတ်ကပ်မပြင်ဘူးထင်နေကြလို့ ပွဲတက်မိတ်ကပ်
ရိုက်ဖြစ်တာလေးလာတင်တာပါရှင်🤗🤗🤗
HAZEL BEAUTY SALOON
ရပ်ကွက် (၄)ခိုင်ရွှေဝါလမ်း
လားရိူးမြို့
09-763500279
09-788087873
01/02/2022
#ဆံပင်နှင့်ပက်သက်ပြီးpageမှာအများဆုံးမေးထားသောမေးခွန်းများ
(၁) ိုတာဘာလဲ
-Rebounding လုပ်ရင် ပါးနေတဲ့ဆံပင်ထူလာနိုင်ပါလား
-ဖေါင်းဖေါင်းလုံးလုံးလေးနဲ့ ကုတ်ကုတ်လေးအမြဲဖြစ်နိုင်ပါ
သလား....?
-ပျက်စီးဆံသားများကို Rebound, လုပ်ခြင်းဖြင့်
ပြန်ကောင်းနိုင်ပါသလား
>>Rebounding ဆိုတာ ဆံပင်ဖြောင့်ခြင်းတစ်မျိုးပါပဲ
ပြားကပ်နေအောင် မဖြောင့်ပဲ ဆံပင်ဖြောင့်မယ်ဆို
ရင် ဦးရေပြားကိုအရမ်းကပ်တာမျိုး မဖြောင့်ပဲ အလွှာသုံးလွှာ
ရဲ့အပေါ်ဆုံးလွှာကိုပဲ ဆေးဝင်အောင်စက်ဆွဲပေးခြင်းဖြင့်
ဆံပင်ပျတ်ဆီးမူးလဲနည်းပြီး ဆံပင်ကို natural ကျကျ
အစင်းလေးပဲလိုခြင်သူများ အတွက်ကတော့ Rebounding
ပြုလုပ်ခြင်းနှင့်သင့်တော်ပါတယ် .......
>>Rebounding လုပ်ခြင်းဖြင့် ပါးနေသောဆံပင်များကို
အုံထူအောင်ပြုလုပ်၍မရပါဘူး ...
ထူလဲမထူ ဖေါင်းလဲမဖောင်းပါဘူး
Bob/Long Bob လိုဆံပင်စတိုင်မျိုးတွေဆိုရင်တော့
ဆံပင်ရဲ့ ညှပ်တဲ့ ပုံအပေါ်မူတည်ပြီး ကုတ်ကုတ် ဖောင်း
ဖောင်းလေးတော့ ဖြစ်နိုင်ပါတယ်
မှတ်ချက်/ သင့်လျော်သော ဆံပင်အထူရှိဖို့တော့လိုပါတယ်
>>ပျက်စီးဆံသားများကို rebound- လုပ်ခြင့်ဖြင့်
ပြန်မကောင်းနိုင်သလို ပြုလုပ်၍လဲ အဆငိမပြေပါ
rebound- က ပေါင်းဆေးမဟုတ်ပါ ဖြောင့်ဆေး
လို Chemical ဆေးဖြစ်ပါတယ်
(၂) #ပျတ်ဆီးနေသောဆံပင်များကိုပေါင်းတင်ရုံဖြင့်ပြန်
ကောင်းနိုင်ပါသလား ......?
>>Bleaching လုပ်ခြင်း ဖြောင့်ခြင်း/ကောက်ခြင်း
ကြောင့်ပျတ်ဆီးနေသော ဆံပင်များကို အကောင်းဆုံး
Treatment ဖြင့် ၁ကြိမ်လောက်ပြုလုပ်ရုံဖြင့် ပြန်မကောင်း
နိုင်ပါဘူး ဆံပင်ရဲ့ ပျတ်ဆီးမူ Level ကိုကြည့်ပြီးမှ
အချိန်ယူပြီး ပြုလုပ်မှသာ ပြန်ကောင်းနိုင်မှာပါ...
ပျတ်ဆီးမူLevel အထက်ကျော်လွန်နေသောဆံပင်များ
ကတော့ Treatment ဘယ်နစ်ကြိမ်လုပ်လုပ်ပြန်မကောင်း
နိုင်ပါဘူး တဖြေးဖြေး ညှပ်ပြစ်မှသာအဆင်ပြေပါလိမ့်မယ် ညှပ်မထုပ်မချင်း ဆံသားမကြမ်းအောင်
ဆံတွေ လုံးထွေးပြီး ရှင်ရခက်နေတယ်ဆိုရင်တော့
ခေါင်လျော်တဲ့အခါတိုင်း treatmen conditions
များအသုံးပြုပေးပါလို့အကြံပြုပါရစေ.....
(၃) #ဆံပင်အဖျားတွေတိပေးရင်ဆံပင်ရှည်နှုန်းမြန်နိုင်ပါသလား..?
>>ဆံပင် အဖျား တိတိ၊ မတိတိ ဆံပင်အရှည်က တစ်လကို
လက်မဝက်လောက်တော့ ရှည်ထွက်ပါတယ်...
ဆံပင်တိပေးလို့ ရှည်လာတာ မဟုတ်ပါဘူး။
ဆံပင် တိပေးခြင်းအားဖြင့် ဆံပင် နှစ်ခွဖြစ်တာ ကိုသာ
ဖယ်ရှားပေးပြီး ဆံပင် ကျန်းမာ လှပစေနိုင်ပါတယ်
တကယ်တော့ မဟုတ်ပါဘူး။
(၄) #မျက်နှာနဲ့အလိုက်ဖက်ဆုံးဆံပင်ဟာဘယ်လိုစတိုင်ဖြစ်
မယ်ထင်လဲ ဘယ်လိုဆံပင်စတိုင်မျိုးထားသင့်ပါသလဲ....?
>>မိမိနဲ့ လိုက်ဖက်တဲ့ ဆံပင်ပုံစံကို ကျွမ်းကျင်ပညာရှင်နဲ့သာ
ဆွေးနွေး တိုင်ပင်ရုံသာမက မိမိရဲ့အလုပ်၊မိမိပတ်ဝန်းကျင်
မိမိရဲ့အခြေအနေနဲ့ လိုက်တဲ့ ဆံပင်စတိုင်ဟာ မိမိနဲ့
အသင့် တော်ဆုံးပါပဲလို့ ပြောချင်ပါတယ်
(၅) #ဆံပင်အလှပြုပြင်တဲ့အခါဆေးအကောင်းစားတွေနဲ့
ပြုလုပ်ရင် နောက်ပိုင်းထိန်းသိမ်းဖို့ရောလိုအပ်ပါသလား...?
>>ဆံပင်အလှပြင်ပြုလုပ်တဲ့အခါဆေးအကောင်းစားနဲ့ပြုလုပ်
ထားတဲ့အတွက် နောက်ပိုင်း ဂရုစိုက်စရာမလိုတော့ပါဘူး
ဆိုတဲ့ အတွေးမျိုး မတွေးပါနဲ့ မိမိကိုအလှပြင်ဆိုင်က
brandကောင်းကောင်း လက်ရာကောင်းကောင်းနဲ့
ဘယ်လောက်ကောင်းကောင်းလုပ်ပေးလုပ်ပေး မိမိဟာ
ထိန်းသိမ်းမူ နည်းမမှန်ရင် မိမိဆံပင်ဟာ ပျက်ဆီးနိုင်ပါတယ် ပုံပျက်နိုင်ပါတယ်
ဘာကြောင့် ပျက်ဆီးနိင်တာလဲ ဆိုတော့
ဆံပင်ကောက်တဲ့သူပဲဖြစ်ဖြစ် ဖြောင့်တဲ့သူပဲဖြစ်ဖြစ်
အလှအပကိုစိတ်ဝင်စားတဲ့သူတိုင်းဟာ ပုံစံတမျိုးတည်းကို
စိတ်မဝင်စားပဲ ပုံစံ အမျိုးမျိုးနဲ့ လှပမှုကို ဖန်းတီးချင်ကြ
ပါတယ်။ဒီနေ့ဆံပင်ဖြောင့်ပီးပေမဲ့ နောက်နေ့ဆံပင်ကောက်
ချင်ကောက်တတ်ကြပါတယ် ဒီလိုထက်ခါ ထက်ခါ ပြုလုပ်
နေရင်တော့ သင်ဟာထိန်းသိမ်းမူနည်ရင် ပျတ်ဆီးနိုင်ပါ
တယ် သင့်ကိုဆံပင်ပြုလုပ်ပေးသော ပညာရှင်က ကျွမ်းကျင်
မူ မရှိရင်လဲ ဆေးဘယ်လောက်ကောင်း ပြုလုပ်နည်းမမှန်
ရင်လဲ ပျတ်ဆီးနိုင်ပါတယ်
ဆံပင်ပြုလုပ်ပြီးတာနဲ့ ဆိုင်မှာ ပေါင်းမတင်နိုင်ရင်တောင်
မိမိအိမ်မှာ ပေါင်းဆေးဝယ်ပြီး ၁ပတ်၁ခါတော့ ပေါင်းပေးသင့်
ပါတယ်လို့ အကြံပြုပါရစေ
(၆) #ဦးရေပြားရှိဆံပင်တွင်ဗောက်ဖြစ်နေတာနှစ်ချီနေပြီ
ပျောက်ကင်းနိုင်ပါသလား....?
ဗောက်ပျောက် shampoo တွေ အများကြီးရှိပါတယ်
သင်အလွယ်တကူ ဝယ်လို့အဆင်ပြေမယ် ရှန်ပူမျိုးနဲ့
သင့်အိမ်တွင် ၂ရက် သို့မဟုတ် ၃ရက် ၁ခါ ခေါင်းလျှော်ပေး
ရင် ပျောက်ကင်းနိုင်ပါတယ် .....
တကယ်လို့သင်ဟာ ခေါင်းကို ၅ရက် ၇ ရက်မှသာ
၁ခါ လျှော်လေ့ရှိတက်ရင်တော့ သင့်ဆံပင်ရှိဗောက်
များပျောက်ကင်းမှာမဟုတ်ပါဘူး.....
ဗောက်ဖြစ်နေတဲ့ သူတွေကတော့ ခေါင်းလျှော်မပြင်းဖို့လို
ပါတယ် .....
ရှောင်ရန်......
သင်ဦးရေပြား ဗောက်ဒါဏ်ကို ခံစားနေရပါက
နို့နှင့် နို့ထွက်ပစ္စည်းများ စားသုံးခြင်းကို ဖြတ်
လိုက်ပါ။ ဥပမာ ဒိန်ခဲ လိုမျိုးနို့ထွက်ပစ္စည်းများက
ဗောက်များကိုပိုမိုတိုးပွားစေပြီး ယားယံခြင်းကိုဖြစ်
ပေါ်စေတယ်။ဘောက်ရှိတဲ့ ဦးရေပြားကဆံပင်
ကျွတ်စေနိုင်ပါတယ်။ တစ်ပတ်ကို တစ်ကြိမ် ဦးရေပြားမှ ဆဲလ်သေများကို ဖယ်ရှားပေးနိုင်တဲ့
ဦးရေပြား ဆဲလ်သေဖယ်hairmask ကိုအသုံးပြုသင့်ပါတယ်။
(၇) #ဆံပင်ညှပ်ဆရာတွေကပြောတယ်ဆံပင်ပါးရင် အထပ်
လေးတွေ ညှပ်ကြည့် ပါလား Layer လေးတွေ
Bob style လို အကုတ်လုံးလုံးဖေါင်းဖေါင်းလေး ညှပ်ကြည့်
ပါလားအဆင်ပြေသွားလိမ့်မယ်
ပြောကြတယ် ....?
>>မိမိဆံပင်က ခပ်ပါးပါးမို့ ဘယ်လိုကြည့်လိုက်ရင်
အဆင်ပြေမလဲ တွေးရမှာပေါ့။
ဒါဆို သူတို့ပြောလေ့ရှိတာက အထပ်ထပ် layer ပုံစံသာ
ညှပ် bob ပုံစံသာ ညှပ် အားလုံး အိုခေသွားမယ်ဆိုတာပါပဲ။
တကယ်တော့ အဲ့ဒီလို အထပ်ကလေးတွေ ဖြစ်အောင်
ညှပ်တာကလည်း ညှပ်ပြီးကာစ ဆိုင်မှာပုံသွင်းမှသာ
အဆင်ပြေတာပါ။
ဆံပင်ပါးတယ်ဆိုရာ မှာလည်း တစ်ယောက်နဲ့တစ်ယောက်
မတူညီပါဘူး။ ရှိနေပြီးသား ဆံပင်ပုံစံနဲ့ မျက်နှာအကျစ
တာတွေလည်း ထည့်သွင်းစဉ်းစား ရဦးမှာပါ။
(၈) #ဆံပင်ကောက်ပြီးညှပ်ပြီးဆေးဆိုးပြီး တာနဲ့ နောက်ပိုင်း
အိမ်မှာ ပုံပြန်သွင်းဖို့လိုပါသလား ...?
အိမ်မှာ ပုံပြန်မသွင်းရတဲ့ ဆံပင် စတိုင်ကရော ဘယ်လို
တွေရှိလဲ
>> ဆံပင်ကောက်ပြီး ဆံပင်ညှပ်ပြီးတာနဲ့ ဆိုင်မှာ ပညာရှင်
တွေ ပုံသွင်းပေးလိုက်တဲ့ ဆံပင်စတိုင်ဟာ ကိုယ်အိမ်ရောက်
တာနဲ့ နောက်ပိုင်း ဆိုင်မှာ ပြုလုပ်ခဲ့သလို ဆံပင်စတိုင်မျိုး
အမြဲ ဖြစ်နေမှာ မဟုတ်ပါဘူးဆိုတာ သိထားဖို့လိုပါတယ်
ကိုယ့်အိမ်မှာလဲ ဆံပင်ကို ပြုပြင်ထိန်းသိမ်းခြင်း
ပုံပြန်သွင်းခြင်း သင့်အနီးဆုံးတွင်ရှိသော ဆံပင်ဆိုင်များ
မှာ ပြန်ပြီး ခေါင်လျှော်ပြီးတိုင်း ပုံသွင်းဖို့လိုပါတယ်
ပုံပြန်မသွင်းရတဲ့ ဆံပင်စတိုင်ဆိုရင် ဆံပင်ဖြောင့်ခြင်းပဲ
ပုံပြန်မသွင်းရတာပါ တခြားသော ဆံပင်ပြုပြင်နည်းများက
တော့ အနည်းအများ ပုံပြန်သွင်းရပါတယ်ခင်ဗျ
(၉) #ဆံပင်အဖျားနှစ်ခွဖြစ်ခြင်းဆံသားများဓာတုဆေး
ကြောင့် ကြေသွားခြင်းများကို ဘာပြန်လုပ်သင့်လဲ...?
အကောင်းဆုံးကတော့ အဖျားတွေ ညှပ်ထုပ်ခြင်းကသာ
အသင့်တော်ဆုံးပါ လို့အကြံပြုပါရစေ
၁၀ #ဆံပင်ကျွတ်ရင်ခေါင်းခဏခဏမလျှော်သင့်ပါသလား?
➡️ခေါင်းလျှော်ဖို့ မကြောက်ပါနဲ့ အများ ယုံကြည်နေ
ကြတာတွေနဲ့ဆန့်ကျင်ဖက်ဆိုသလို ခေါင်းလျှော်တာ
ဟာ ဆံပင်ကျွတ်ခြင်းနဲ့ မသက်ဆိုင်ပါဖူး။ ဆန့်ကျင်
ဖက်ပဲ ဖြစ်ပါတယ်။ ခေါင်းမကြာခဏလျှော်ပေးခြင်း
သည် ဦးရေပြားကျန်းမာရေးကို ကောင်းစေပြီး ဆံပင်
ရှည်ရန်၊ပေါက်ရန် အတွက်အထောက်အကူပြုပါတယ်။
(၁၁) #ပုံမှန်ထက်ပိုပြီးဘာကြောင့်ဆံပင်ကျွတ်စေအရှည်
နှေးစေတာလဲ..?
➡️စိတ်ဖိစီးမှုများလာရင်ဆံပင်အရှည်နှေးစေတယ်
ဆိုတာ သိသာထင်ရှားတဲ့ အချက်တစ်ခုဖြစ်ပါတယ် ။
အမြဲတမ်းအနောက်ကိုလှန်ပြီး ခပ်ကျပ်ကျပ်ထုံးထား
တာ၊စည်းထားတာမျိုး ဆိုရင် ဆံပင်တွေသိမ်ကုန်တတ်
ပြီး ဆံပင်လည်းကျွတ်နိုင်ပါတယ်။ဒီလိုဘာလို့ဆံပင်
ကျွတ်ရတာလဲဆိုတော့ ပိုနီတေးစည်းရင်ဆံပင်ကို
တင်းတင်းကျပ်ကျပ်စုစည်းရလို့ ဆံပင်အမြစ်ကိုဆွဲသ
လိုဖြစ်ပြီးကျွတ်ရတာပါ။
(၁၂) #ဆံပင်ကောက်ပြီးဘယ်လိုပြုပြင်ထိန်းသိမ်းသင့်ပါသလဲ,,?
➡️ဥပမာပြောရရင် သင့်မှာ ကွာလတီအရမ်းကောင်းတဲ့
အင်္ကျီတစ်ထည်ရှိတယ်ဆိုပါစို့။. သင် အဲ့ဒီအင်္ကျီကို
ဘယ်လို ထိန်းသိမ်းမလဲ?သင်ဒီ အတိုင်း အဝတ်လျှော်
စက်ထဲ ပစ်ထည့်လိုက်မှာလား?တခြားအဝတ်တွေနဲ့
ရောလျှော်လိုက်မှာလား? သတ်သတ်ခွဲပြီး အဝတ်လျှော်
ဆပ်ပြာအကောင်းနဲ့သေချာလေးလျှော်မလား?
သင့်ဆံပင်ကို ဒီဂျစ်တယ် ကောက်ထားရင်လည်း
ဒီပုံစံနဲ့ အတူတူပါပဲ။ သင်ဒီဆံပင်အကောက်ကို နည်း
လမ်းသတ်သတ် ထားပြီးဂရုစိုက်ရမှာပါ။
သင်အင်္ကျီဝတ်ရင် နွေရာသီမှာ ဝတ်တဲ့ ဝတ်စုံကို
ဆောင်းရာသီမှာကော ဝတ်ပါသလား?
ဒီအင်္ကျီအဝတ်အစားရွေးသလိုပဲ ဆံပင်အကောက်နဲ့
အဖြောင့် ထိန်းသိမ်းပုံခြင်းမတူပါဖူး။ ဆံပင်ပုံစံနှစ်
မျိုးအတွက် သုံးရတဲ့ ဆံပင်ထိန်းသိမ်းပစ္စည်းကလည်း
မတူပါဖူး။
(၁၂) #ဆံပင်ပြုပြင်ရေးပစ္စည်းများတွင်ဆီလီကွန်များကိုမည်သို့ခွဲခြားမလဲ..?
အလှကုန်ပစ္စည်းများတွင် ဒိုင်မီသီကုန်းသည် အများဆုံး
အသုံးပြုသော ဆီလီကွန်တစ်မျိုးဖြစ်ပြီး ထိုပါဝင်
ပစ္စည်းများသည်လည်း အမည်များစွာ ဖြင့်တည်ရှိနေ
ပြန်ပါတယ်။ ဆံပင် ထိန်းသိမ်းရေးပစ္စည်းကို ဝယ်ယူ
သည့်အခါ
dimethicone(ဒိုင်မီသီကုန်း),
dimethiconol(ဒိုင်မီသီကိုနယ်),
dimethicone copolyol(ဒိုင်မီသီကုန်း ကော်ပိုလွိုင်း),
cyclomethicone(ဆိုင်ကလိုမီသီကုန်း),
methicone(မီသီကုန်း),
phenyl trimethicone(ဖီနိုင်း ထရိုင်မီသီကုန်း)
အစရှိသည့် "Cone"နှင့်အဆုံးသတ်သော အခြား
ပါဝင်ပစ္စည်းများကိုလည်းရှာဖွေပါ။
-------------------------------
26/12/2021
💆ခေါင်းလျော်ခြင်း/ဦးရေပြားကိုနှိပ်နယ်ပေးခြင်းမှ ရရှိနိုင့်မယ့် ကျန်းမာရေးအကျိုးကျေးဇူးများ💆♂️💆💆
ဦးရေပြားကို နှိပ်နယ်ပေးခြင်းက ရုပ်ပိုင်းဆိုင်ရာတင်မကပါဘူး စိတ်ပိုင်းဆိုင်ရာပါအထောက်အကူပြုပေးပါတယ်။
ခေါင်းတစ်ခြမ်းကိုက်တာတွေသက်သာစေနိုင်တယ်
🤦♀️ခေါင်းတစ်ခြမ်းကိုက်တာနဲ့/ခေါင်းကိုက်ဝေဒနါတွေကိုသက်သာစေနိုင်ဖို့အတွက်လည်း ဦးရေပြားနှိပ်နယ်ပေးမှုက အထောက်အကူပြုပေးနိုင်ပါတယ်။ကိုက်ရတဲ့အကြောင်းအရင်းအများစုတွေက စိတ်ဖိစီးတာနဲ့နာကျင်မှုဝေဒနါခံစားနေရတာတွေကြောင့်ပါ။ဒါကြောင့်ခေါင်းကိုက်တာ/ခေါင်းတစ်ခြမ်းကိုက်တာကိုခံစားရတယ်ဆိုရင်
ဦးရေပြားကို ခပ်ဖွဖွလေးနှိပ်နယ်ပေးပါ။
😴အိပ်မပျော်တာတွေကို သက်သာစေနိုင်တယ်
အိပ်မပျော်တာ အိပ်ရေးပျက်တာတွေက ကျန်းမာရေးကိုဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တဲ့ အခြေအနေပါ။ဦးရေပြားကိုနှိပ်နယ်ပေးမယ်ဆိုရင် ခေါင်းဦးရေပြားမှာရှိတဲ့ သွေးစီးဆင်းမှုတွေကောင်းမွန်စေပြီး ကောင်းမွန်နှစ်ခြိုက်စွာအိပ်ပျော်စေနိုင်ပါတယ်။အိပ်မပျော်တဲ့ညများစွာကီုနှုတ်ဆက်နိုင်ဖို့ ခေါင်းဦးရေပြားနှိပ်နယ်မှုခံယူပါ။
👩🔬ကြွက်သား နာကျင်မှုတွေကိုသက်သာစေနိုင်တယ်
ကြွက်သားတွေကိုအလွန့်အကျွံအသုံးပြုတာ ကိုယ်နေဟန်ထားပုံစံမမှန်တာတွေကိုအချိန်ကြာမြင့်စွာလုပ်ဆောင်မိတဲ့အခါ ကြွက်သားတွေတောင့်တင်းနာကျင်မှုတွေခံစားရနိုင်ပါတယ်။
အလေးအပင်တွေ မတာကြောင့်လည်းကြွက်သားနာကျင်မှုတွေခံစားရနိုင်ပါတယ်။ဒီဝေဒနါတွေကိုအကောင်းဆုံးဖြေရှင်းဖို့က ခေါင်းဦးရေပြားနှိပ်နယ်မှုခံယူတာပါပဲ။
🤷♀️ဆံပင်သန်စေနိုင်တယ်
ခေါင်းဦးရေပြား နှိပ်နယ်ပေးတာက ဆံပင်အမြစ်အိတ်တွေဆီကို စီးဆင်းရောက်ရှိမှုကောင်းမွန်စေပြီး ဦးရေပြားမှာရှိတဲ့ သွေးကြောလေးတွေကိုပွင့်စေပါတယ် ဒီအကျိုးဆက်က ဆံပင်တွေမှာလိုအပ်တဲ့ အာဟာရရစေပြီး ဆံပင်တွေကိုကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ပုံမှန်နှိပ်နယ်ပေးမယ်ဆိုရင် ကျန်းမာသန်စွမ်းထူထဲ လှပတဲ့ဆံသားတွေကိုပိုင်ဆိုင်နိုင်မှာပါ။
👩⚕️ခံနာကိုယ် အားအင်ပြည့်စေတယ်
ဦးရေပြားနှိပ်နယ်ပေးမှုက သွေးလည်ပတ်မှုကိုအားကောင်းစေပြီး ကိုယ်တွင်းကအဆိပ်အတောက်တွေကိုဖယ်ရှားပေးပါတယ်။
ကိုယ်ခံအားကောင်းစေဖို့အတွက်လည်းအထောက်အပံ့ပေးပါတယ်။ဟော်မုန်းမညီမျှမှု့တွေ/အိပ်မပျော်တာ/ပင်ပန်းတာတွေ/စိတ်ဖိစီးမှုခံစားရတာတွေ ဒီပြဿနာတွေကို သက်သာစေဖို့ ဦးရေပြားနှိပ်နယ်ပေးမှု့ကိုလုပ်ဆောင်ပေးသင့်ပါတယ်။ဦးရေပြားနှိပ်နယ်ပေးမှု့က စွမ်းအင်တိုးပွားစေပြီး နာကျင်မှု့တွေသက်သာလျော့ပါးစေနိုင်သလို ဟော်မုန်းမျှတအောင် လုပ်ဆောင်ပေးမှုကြောင့် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရော ကျန်းမာလန်းဆန်းစေနိုင်ပါတယ်။
Credit
💈💇💈 HAZEL BEAUTY SALOON
🛣️🛣️ရပ်ကွက် (၄)ခိုင်ရွှေဝါလမ်း လားရိူးမြို့
☎️09-763500279
☎️09-788087873
20/12/2021
ဆံပင်အရောင်ကို ကာလာတောက်တောက်ကြီး
မဟုတ်ဘဲ ကာလာအငြိမ်လေးပဲလိုချင်တယ်ဆိုလို့
ဆိုးပေးဖြစ်တာလေး 🤗🤗🤗
👉၀န်ဆောင်မှုမကောင်းလျှင်👎👎 ကျွန်ုပ်ကိုပြောပါ☺️☺️
သင်စိတ်တိုင်းကျလျှင်👍👍 သင့်၏မိတ်ဆွေများကို ပြန်လည်ဝေမျှပေးပါရှင့်🤗🤗🤗
💈💇💆
🛣️🛣️ ရပ်ကွက်(၄)၊ခိုင်ရွှေဝါလမ်း၊ လားရှိူးမြို့
☎️09-788087873
☎️09-763500279
18/12/2021
#ဆံပင်ဖြောင့်
ဆိုင်မှာ ဆံပင်ဖြောင့်သွားတဲ့
သူငယ်ချင်းက ပြန်ညွှန်းပေးလို့ 🥰🥰
လမ်းမှားပြီးဆိုင်ကိုမတွေ့တာတောင် တခြားဆိုင်မသွားပဲ
ကိုယ့်ဆိုင်ကို မရမကရှာပြီး လာဖြောင့်သွားတဲ့
ဧည့်သည်အမတွေကို ကျေးဇူးအများကြီးတင်ပါတယ်နော် 🤗🤗🤗🤗
၀န်ဆောင်မှုမကောင်းလျှင် ကျွန်ုပ်ကိုပြောပါ☺️☺️
သင်စိတ်တိုင်းကျလျှင် သင့်၏မိတ်ဆွေများကို ပြန်လည်ဝေမျှပေးပါရှင့်🤗🤗🤗
💈💇💆
🛣️🛣️ ရပ်ကွက်(၄)၊ခိုင်ရွှေဝါလမ်း၊ လားရှိူးမြို့
☎️09-788087873
☎️09-763500279
13/12/2021
ဆိုင်မှာဆံပင် လာပြုပြင်ဖူးတဲ့ ဧည့်သည်တော်က
ပြန်ညွှန်းပေးလို့
ဆံပင်ညှပ် ဆေးဆိုး ဖြောင့် အားပေးသွားတာ
ယုံယုံကြည်ကြည်နဲ့ ညွှန်းပေးတဲ့ ဧည့်သည်ရော တကူးတကလာအားပေးတဲ့ ဧည့်သည်တော်
အယောက်စီတိုင်းကို ကျေးဇူးအထူးတင်ပါတယ်ရှင်🤗
၀န်ဆောင်မှုမကောင်းလျှင် ကျွန်ုပ်ကိုပြောပါ☺️☺️
သင်စိတ်တိုင်းကျလျှင် သင့်၏မိတ်ဆွေများကိုပြန်ဝေမျှပေးပါရှင့်🥰🥰
💈💇💆 HAZEL BEAUTY SALOON
ရပ်ကွက် (၄) ၊ခိုင်ရွှေဝါလမ်း ၊ လားရိူးမြို့
☎️09-788087873
☎️09-763500279
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Khaing Shwe War Street
Lashio