Skin Care With April
'Sharing is caring'ဆိုသလို ကိုယ်သိထားသလောက် skin care
ဒီနေ့မှာတော့ ဝက်ခြံ အဆီဖုတွေအကြောင်းကို ကျွန်မဖြတ်သန်းခဲ့ဖူးတဲ့ အတွေ့ကြုံတွေကနေတစ်ဆင့် ဝက်ခြံဘာကြောင့်ထွက်ရတာလဲ၊ ဝက်ခြံနဲ့ပါတ်သက်ပြီး ဆောင်ရန် ရှောင်ရန်တွေက ဘာတွေလဲဆိုတာ ပြောပြပေးသွားမှာပါ။ သွေးသားအပြောင်းလဲဖြစ်တဲ့ချိန် အသက် ၁၂၊ ၁၃လောက်ကနေစပြီး ဝက်ခြံပြဿာနာကတော်တော်များများမှာ ကြုံတွေ့လာရပါပြီ။ ကိုယ်တိုင်ကလဲ ဒီလိုအချိန်တွေ ဖြတ်သန်းခဲ့တာကြောင့် ဘယ်လောက်စိတ်ညစ်စရာကောင်းလဲဆိုတာ ကိုယ်ချင်းစာလို့ရပါတယ်။
မျက်နှာမှာရှိတဲ့ အဆီ အညစ်ကြေးတွေက ချွေးပေါက်ထဲကိုပိတ်မိပြီး ဝက်ခြံဆိုတာဖြစ်လာတာပါ။ အသားရေအမျိုးစားအများကြီးရှိတဲ့ထဲမှ အဆီပြန်အသားရေ(Oily Skin)၊ ပေါင်းစပ်အသားရေ(Combination Skin) ရှိသူတွေက ဝက်ခြံထွက်လေ့ရှိတဲ့သူတွေပါ။ ဝက်ခြံဆိုတာကတော့ အမြစ်ပြတ်အောင်လုပ်လို့ရတဲ့ အရာမျိုးမဟုတ်ပါဘူး။ ဒီပစ္စည်းလေးသုံးလိုက်ရင်ဖြင့် ဝက်ခြံလုံးဝပြန်မထွက်တော့ပါဘူး အာမခံပါတယ် အဲလိုပြောတာတွေကို လုံးဝမယုံပါနဲ့ မမှန်ပါဘူး။ ဆိုလိုတာက ဝက်ခြံထွက်တတ်တဲ့သူက ဘဝနဲ့ ဝက်ခြံနဲ့က အမြဲဒွန်တွဲနေမှာပါ။ ဒါပေမဲ့ စိတ်မပျက်သွားပါနဲ့ ဝက်ခြံထွက်တာနည်းသွားအောင်၊ ရှိပြီးသားဝက်ခြံကို ဒီထက့်ပိုမဆိုးအောင်ပဲ လုပ်လို့ရပါတယ်။
ဝက်ခြံပြဿနာက အသားရေကိုပုံမှန်ထိန်းသိမ်းတာ၊ အစားသောက် အနေထိုင် ဒါတွေအကုန်လုံးနဲ့ ဆက်စပ်မှုရှိပါတယ်။ ပြောချင်တာက အသားရေပဲအရမ်းဂရုစိုက်နေပြီး အစားသောက်မဆင်ခြင်ဘူးဆိုရင် သိပ်ပြီးထူးခြားမှာမဟုတ်ပါဘူး။ အသားရေထိန်းသိမ်းတဲ့နေရာမှာလဲ မိတ်ကပ်လိမ်းလေ့ရှိသူဆိုရင် အိပ်ယာမဝင်ခင် မိတ်ကပ်ပုံမှန်ဖျက်ပေးတာ၊ မျက်နှာကို မနက်တစ်ကြိမ် ညတစ်ကြိမ်သစ်တာ၊ အစိုဓါတ်ထိန်းပေးတဲ့cream(moisturizer)လိမ်းတာတွေကို သေချာဂရုတစိုက်လုပ်ပေးနိုင်ရင်ကို အဆင်ပြေပါတယ်။ ဝက်ခြံထွက်လေ့ရှိတဲ့သူတွေက အချိုများလွန်းတဲ့အစားအစာ၊ ငန်လွန်းတဲ့အစားအစာ၊ ပင်လယ်စာ(ဂဏန်း၊ ပုစွန်၊ ကင်းမွန်၊ ....) ၊ နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ ဒိန်ချဉ်၊ နွားနို့စတာတွေကို လျော့စားပါ။ ဒီအစားအစာတွေက ဝက်ခြံထွက်တာကို အားပေးတာကြောင့် ရှောင်နိုင်ရင်ပိုကောင်းပါတယ်။ နောက်သတိထားရမယ့်အချက်က ဝက်ခြံကို ကုတ်တာ၊ ဖဲ့တာ၊ ညှစ်တာ လုံးဝမလုပ်မိအောင် လက်ကိုတတ်နိုင်သမျှ ငြိမ်အောင်ထားပါ။
Skin Care Products တွေကိုလဲ ကိုယ်နဲ့တည့်တဲ့ပစ္စည်းကို သေချာရွေးပြီး ပုံမှန်သုံးပေးပါ။ ခနခနပြောင်းသုံးတဲ့ခါ မျက်နှာက Products မှာပါတဲ့ပါဝင်ပစ္စည်းတွေကို အသားကျအောင် အကြိမ်ကြိုးစားနေရတာကြောင့် Stress ပိပြီး ဝက်ခြံတွေ ပိုထွက်တတ်ပါတယ်။ အသားရေလဲ လူလိုပဲ stressဖြစ်တတ်တယ်ဆိုတာကို မမေ့ပါနဲ့။
သိသလိုလိုနဲ့ မသိသေးတဲ့ ဝက်ခြံဖြစ်စေနိုင်တဲ့ အကြောင်းရာလေးတွေလဲ ရှိပါသေးတယ်။ ဘာတွေလဲဆိုတော့
-စိတ်ဖိစီးမှုများတာ
-အမျိုးသမီးတွေမှာဆိုရင် ဓမ္မတာလာခါနီးအချိန်
-ဆံပင်မသန့်ရှင်းတာ
-အိပ်ယာမသန့်ရှင်းတာ အထူးသဖြင့် ခေါင်းအုံးစွပ်မသန့်တာတွေကြောင့်လဲ ဖြစ်နိုင်ပါသေးတယ်။
အပေါ်မှာပြောပြခဲ့တဲ့အချက်တွေကို သေချာဂရုစိုက်လုပ်ပေးမယ်ဆိုရင်တော့ ဝက်ခြံကြောင့်စိတ်ညစ်ရတာတွေ တဖြည်းဖြည်းလျော့လာလိမ့်မယ်လို့ ထင်ပါတယ်။ ကိုယ်လိုချင်တဲ့ပန်းတိုင်ကိုရဖို့ရာ အချိန်အတိုင်းတာတစ်ခုထိတော့ စိတ်ရှည်ပေးဖို့လိုပါတယ်။ ၃လလောက်ထိပုံမှန်ဂရုစိုက်ပါလျက်နဲ့ ဝက်ခြံတွေက ကောင်းမလာပဲ ပိုဆိုးလာတယ်ဆိုရင်တော့ တကယ်ကို တတ်ကျွမ်းနားလည်တဲ့ အရေပြားဆရာဝန်တွေနဲ့ ကုသဖို့ အကြံပေးချင်ပါတယ်။
အချိန်ပေးပြီး ဖတ်ရကျိုးနပ်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ ဝက်ခြံကင်းစင်တဲ့ မျက်နှာလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဝက်ခြံအမာရွတ်နဲ့ပါတ်သက်ပြီး ဆောင်ရန်ရှောင်ရန်တွေကိုလဲ အချိန်ရရင်ရေးပေးပါအုံးမယ်။ 😊😊😊😊
16/06/2020
ဒီနေ့ကတော့ အလှအပရေးရာနဲ့ မသက်ဆိုင်ပေမယ့် အခုလို Covid ကာလမှာ New Normal Lifestyleကို အသားကျဖို့ အချိန်ယူနေရတဲ့ကာလမှာ တတ်သင့်တတ်ထိုက်တဲ့ Skillsတွေထဲ Digital Platformတစ်ခုဖြစ်တဲ့ Mobile Banking အကြောင်းကို အနည်းငယ်ပြောပြပေးသွားမှာပါ။
အခုလို အသွားအလာတွေကန့်သတ်လိုက်တဲ့ကာလမှာ Digital Platformက ဘယ်လောက်အရေးပါလာလဲဆိုတာ မျက်မြင်ကြုံတွေ့ နေရပါပြီ။ ဒါပေမယ့် အများစုက Digital Platformတွေနဲ့ အသားမကျသေးပဲ နေ့စဉ်ကြုံတွေ့နေရတဲ့ကိစ္စတွေကို အရင်အနှစ်၂၀တုန်းကလိုပဲ ဖြတ်သန်းနေသေးတာကို တွေ့ရပါတယ်။
ဥပမာတစ်ခုပြောရရင် ကျွန်မတို့ဈေးဝယ်တဲ့ခါ ပိုက်ဆံရှင်းရင်
VISA Cardလို ဒစ်ဂျစ်တယ်ငွေကြေး (Digital Currency)အသုံးပြုတာကို Supermarketတွေ ဆိုင်ကြီးတွေက လွဲရင် သာမန်ဆိုင်အသေးလေးတွေက ငွေစက္ကူစာရွတ်သာ လက်ခံနေတုန်းပါ။ အခုနောက်ပိုင်းတော့ Mobileကတစ်ဆင့် ငွေရှင်းလို့ရတဲ့ eg. KBZ PAYလို Appတွေ တွင်တွင်ကျယ်ကျယ် အသုံးပြုလာတာ မြင်ရတော့ အရမ်းကို ဝမ်းမြောက်မိပါတယ်။ အရင်လိုငွေအများကြီး သယ်သွားစရာမလိုဘဲ ကိုယ့်ဖုန်းတစ်လုံးကို သယ်သွားယုံနဲ့ အလုပ်ပြီးတယ်ဆိုတော့ အရမ်းအဆင်ပြေလွယ်ကူပါတယ်။
ဒီနေ့ပြောပြပေးမယ့် အကြောင်းအရာက Digital Platform တစ်ခုဖြစ်တဲ့ Mobile Bankingကတစ်ဆင့် ဘဏ်သွားစရာမလိုပဲ ကိုယ်တိုင်အိမ်ကနေပဲ လွယ်လွယ်ကူကူ ဘယ်လိုငွေလွှဲလို့ရလဲဆိုတာ ပြောပြပေးမှာပါ။
KBZ Mobile Bankingအကြောင်းကိုပြောပြလို့ KBZ Bankက sponsoredပေးထားတာလဲ မဟုတ်ပါဘူး။
ကျွန်မလဲသုံးနေတဲ့ Appတစ်ခုမို့ ကိုယ်သိသလောက် sharing လုပ်ပေးတဲ့ သဘောပါ။
Digital Platformကိုသုံးတဲ့နေရာမှာ အထူးသတိထားရမှာက ကိုယ်ပိုင်Passwordကို ဘယ်သူက ဘာအကြောင်းကြောင့် တောင်းခဲ့သည်ဖြစ်စေ လုံးဝ လုံးဝ မပေးလိုက်မိဖို့ပါ။
အခုခေတ်မှာ Passwordဆိုတာ ကိုယ့်အိမ်သော့လိုပါပဲ သူများကိုမပေးမိဖို့ အရမ်းအရေးကြီးပါတယ်။
ကျွန်မ Mobile Banking Appရှိလာတာ အတော်ကြာပါပြီ။ အများအားဖြင့် ကိုယ့်accountမှာ ငွေဘယ်လောက်ရှိလဲ ဘာတွေသုံးဖြစ်လဲ ဘယ်လောက်စုဖြစ်လဲ ဒီလောက်ပဲသုံးဖြစ်ပါတယ်။ ဒီနေ့မှ အရေးတကြီးငွေလွှဲစရာရှိတာနဲ့ စမ်းကြည့်တာ အရမ်းအဆင်ပြေလွယ်ကူပါတယ်။ ကိုယ့်accountထဲတော့ ငွေလွှဲရမယ့် ငွေပမာဏရှိဖို့တော့ လိုတာပေါ့နော်။😝😝😝
ပုံတစ်ပုံချင်းစီအောက်မှာ မျက်စိထဲမြင်သာအောင် တစ်ဆင့်ချင်းပြောပြပေးပါမယ်နော်။
စိတ်ဝင်စားရင်တော့ ဆက်လက်ဖတ်ရှုပေးပါဦးရှင်။😍😍😍
အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။
24/05/2020
ဒီကြားထဲ အလုပ်နည်းနည်းရှုပ်နေတာကြောင့် postတင်ဖို့ရာ နောက်ကျနေတာပါ။😊😊😊
ဒီနေ့လဲ Aprilအကြိုက်ဆုံး Lip Balmတစ်ခုအကြောင်း ပြောပြပေးရင်း ဘာကြောင့် Lip Balmသုံးသင့်တာလဲ နှုတ်ခမ်းကိုစိုစိုပြေပြေလေးဖြစ်အောင် ကျွန်မအမြဲသုံးနေတဲ့ လွယ်ကူတဲ့နည်းလေးတွေပါ ထည့်သွင်းပြောပြပေးမှာကြောင့် အဆုံးထိဖတ်ပေးစေချင်ပါတယ်။
ဘာလေးလဲဆိုတော့ အားလုံးရင်းနှီးပြီးသားဖြစ်တဲ့ Vaseline Lip Balmလေးပါ။ Lip Balmဆိုတာကတော့လွယ်ပြောရရင် နှုတ်ခမ်းကို အစိုဓါတ်ဖြည့်ပေးတဲ့ အဆီပေါ့။
အရင်ကလဲ Lip Balmတွေ brandအမျိုးမျိုးသုံးဖူးပါတယ်။
အများစုက စစလိမ်းချင်းတော့ နှုတ်ခမ်းလေးက စိုနေတယ် ဒါပေမယ့် အစိုဓါတ်က သိပ်ပြီးကြာကြာမခံပဲ နှုတ်ခမ်းက ခြောက်သွားတာတွေ ကြုံရပါတယ်။ Vaseline Lip Balmလေးကတော့ အစိုဓါတ်ကိုတော်တော်ထိန်းပေးနိုင်တယ်လို့ ခံစားမိပါတယ်။
Vaseline Lip Balmကိုဝယ်တဲ့ချိန်မှာ ပုံမှာပြထားသလ
ို Lip therapyဆိုတဲ့ စာသားပါတာကို သေချာရွေးဝယ်ပါ။
ဘာလို့ဆို Vaselineရဲ့နာမည်ရပြီးသားဖြစ်တဲ့
petroleum jellyဆိုတာနဲ့ မှားဝယ်တတ်လို့ပါ။
Petroleum Jellyကလဲ နှုတ်ခမ်းလိမ်းလို့မရဘူးလားဆိုတော့ ရပါတယ် ဒါပေမယ့် Lip Therapyလောက်တော့ အစိုဓါတ်ကြာကြာ ထိန်းထားနိုင်စွမ်းမရှိဘူးလို့ ခံစားမိပါတယ်။
Vaseline Brandက နာမည်ရပြီးသားတံဆိပ်ဖြစ်တာကြောင့် ပစ္စည်းအတုတွေလဲပေါပါတယ်။ ကိုယ်ယုံကြည်ရတဲ့ ဆိုင်မှာဝယ်ဖို့ အကြံပြုပါတယ်။
အများစုက မျက်နှာဆိုရင်တော့ အရမ်းဂရုစိုက်ကြပြီး နှုတ်ခမ်းကိုတော့ မေ့ထားတတ်ကြပါတယ်။ နှုတ်ခမ်းမှာက ကျွန်မတို့မျက်နှာလို အဆီထုတ်ပေးတဲ့ အဆီအိတ်လေးတွေမပါပါဘူး။
ဒါကြောင့် နှုတ်ခမ်းကို အစိုဓါတ်ရအောင် အဆီလေးတွေ လိမ်းပေးဖို့ လိုကိုလိုအပ်ပါတယ်။
နှုတ်ခမ်းက စိုစိုပြေပြေမရှိဘဲ ခြောက်ပြီးအဖက်တွေလှန်နေတာဖြစ်ရင် နှုတ်ခမ်းနီဆိုးလဲ မလှတဲ့အပြင် နဂိုရှိရင်းစွဲ အလှကိုတောင်လျော့စေပြီး ပိုပြီးအသက်ကြီးတဲ့ ပုံစံပေါက်စေပါတယ်။
ကျွန်မသုံးနေကျ Tipsလေးတွေ ပြောပြပေးပါမယ်။
❤ ညအိပ်ခါနီး သွားတိုက်ပြီးတိုင်း နှုတ်ခမ်းကိုလဲ သွားပွတ်တံလေးနဲ့ ဖွဖွလေးတိုက်ပေးပြီး ရေဆေးချ ပြီးတဲ့ခါ Lip Balm လိမ်းပေးပါတယ်။ မနက်ထလာတဲ့ခါ နှုတ်ခမ်းလေးက အဖတ်လှန်နေတာ မရှိတော့ဘဲ ရေဓါတ်ပြည့်နေတဲ့ပုံစံထွက်ပါတယ်။
နှုတ်ခမ်းနီဆိုးတဲ့ခါလဲ နှုတ်ခမ်းလေးက လှလှပပလေးထွက်တာပေါ့။
နှုတ်ခမ်းကကွဲပြီး သွေးတွေထွက်နေတယ်ဆိုရင်တော့ ဒီနည်းကတော့ မလုပ်သေးပဲနဲ့ နှုတ်ခမ်းကို ပုံမှန်လေးဖြစ်အောင် အရင်ဂရုစိုက်သင့်တယ် ထင်ပါတယ်။
❤နှုတ်ခမ်းကလဲ မျက်နှာလိုပဲ ဆဲလ်အသေတွေရှိတာကြောင့် ဖယ်ပေးဖို့ လိုအပ်ပါတယ်။ အဲအတွက် Lip Scrubသပ်သပ်သုံးလို့လဲရသလို ကျွန်မဆိုရင်တော့ မျက်နှာကို Scrubလုပ်ရင်း နှုတ်ခမ်းပါတစ်ခါထဲ Scrubလုပ်လိုက်တယ်။ ပိုက်ဆံအကုန်ကျလဲ သက်သာတာပေါ့။ ပြီးတဲ့ခါ Lip Balmလေးပြန်လိမ်းပေးပါတယ်။ ဒီနည်းလမ်းကိုတော့ တစ်ပါတ်တစ်ခေါက် လုပ်ပေးဖြစ်ပါတယ်။
❤ဆောင်းတွင်းလို အရေပြားခြောက်တဲ့ချိန်တွေဆို နှုတ်ခမ်းနီမဆိုးခင် အောက်ကLip balmလေးအရင်လိမ်း ခနလေးကြာမှ နှုတ်ခမ်းနီဆိုးလိုက်တော့ နှုတ်ခမ်းလေးက ဖူးဖူးစိုစိုအိအိလေး ဖြစ်နေပါတယ်။ နှုတ်ခမ်းခြောက်တာလဲ သက်သာတာတဲ့အပြင် ပိုပြီးနုတဲ့ပုံပေါက်တာပေါ့။ ကျွန်မဆိုရင်တော့ အချိန်သပ်သပ်မစောင့်ချင်တာကြောင့် မျက်နှာသစ်ပြီးပြီဆိုတာနဲ့ Lip Balm အရင်လိမ်းထားပြီးမှ ကျန်တဲ့ skin careလိမ်းတာ အဝတ်စားလဲတာတွေ ဆက်လုပ်ပါတယ်။
နှုတ်ခမ်းကိုဆို အရမ်းဂရုစိုက်တဲ့သူထဲ မပါဘူး။ အပေါ်ကပြောပြသွားတဲ့ နည်းတွေအတိုင်းပဲ ပုံမှန်လေး ဂရုစိုက်ဖြစ်ပါတယ်။ဒီနည်းတွေကိုသုံးလာတာ နှစ်နဲ့ချီရှိပါပြီ။ ကျွန်မအတွက်တော့ အရမ်းကိုအဆင်ပြေပါတယ်။
Postကိုအဆုံးထိဖတ်ပေးကြသူတွေလဲ ကျွန်မပြောပြသွားတဲ့ နည်းလေးတွေက အသုံးဝင်ပြီး အထောက်အကူပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကိုယ့်အကြိုက်ဆုံး Lip Balmလေးတွေလဲ Commentမှာ ပြောပြပေးထားပါဦးနော် မသုံးဖူးတာလေးတွေဆို စမ်းသုံးကြည့်ရအောင်လို့ပါ။😘😘😘😘😘
Scrub ဆိုတာဘာလဲ။
Scrubဆိုတာ သကြား၊ ပျားရည်၊ အစေ့အဆံ၊ ပန်းဖတ်လေးတွေ အစရှိတဲ့ သဘာဝပါဝင်ပစ္စည်းတွေကို အသားရေလိုအပ်ချက်ပေါ်မူတည်ပြီး အချိုးကျရောစပ်ပြီး အရေပြားမှာကျန်နေတဲ့ ဆဲလ်အသေ/အဟောင်းတွေကို ဖယ်ပစ်တာပါ။ ကျွန်မတို့ရဲ့ အရေပြားက ရက်ပေါင်း၂၈ရက် (သို့) ရက်ပေါင်း၃၀မှာ အရေပြားဆဲလ်အသစ်လေးတွေ လဲလေ့ရှိပါတယ်။ အသက်ရွယ်ရလာလေလေ အရေပြားမှာ ဆဲလ်အသစ်တွေနေရာယူနိုင်အောင် ဆဲလ်အသေ/အဟောင်းတွေကို သဘာဝအရ ဖယ်ပေးနိုင်စွမ်းက တဖြည်းဖြည်း အားနည်းလာလေလေ ဖြစ်ပါတယ်။ မြွေတွေအရေခွံလဲသလို အရေခွံအချပ်လိုက် ကျန်ခဲ့တာမဟုတ်တာကြောင့် အများစုက အရေပြားအသစ်ဖြစ်လာတာကို သတိမထားမိကြတာပါ။
ဆဲလ်အသေတွေဖယ်ထုတ်ပေးတဲ့ လုပ်ငန်းကို Exfoliate (Ex-Fol-li-ate)လို့ခေါ်ပါတယ်။ Exfoliate လုပ်တဲ့နေရာမှာ Physical Exfoliate နဲ့ Chemical Exfoliate နည်းနှစ်မျိုးရှိပါတယ်။
Physical Exfoliate ကတော့ အပေါ်မှာပြောပြခဲ့သလို Scrub ကိုသုံးပြီး ဆဲလ်အသေ/အဟောင်းတွေကို ဖယ်ပေးတာပါ။
Chemical Exfoliate ကတော့ AHA, BHA, PHAလို ဓါတုဒြပ်ပေါင်းတွေသုံးပြီး ဆဲလ်အသေတွေကို ဖယ်ပေးတာပါ။
အခုကတော့ ကိုယ်တိုင်လဲသုံးနေကြဖြစ် အလွယ်တကူလဲလုပ်လို့ရတဲ့ Scrub အကြောင်းပြောပေးမှာပါ။ မျက်နှာမှာပဲဖြစ်ဖြစ် ခန္ဓာကိုယ်မှာပဲဖြစ်ဖြစ် ဆဲလ်သေတွေ ဆဲလ်အဟောင်းတွေက တဖြည်းဖြည်းစုပုံလာတဲ့ခါ ဘာတွေဖြစ်လာသလဲဆိုတော့ ကျွန်မတို့မလိုချင်တဲ့ အဆီဖုတွေ ဝက်ခြံတွေ အသားရေကြည်ကြည်လင်လင်မရှိတာတွေ ဖြစ်လာရတာပါ။
အရင်စကွင်းကဲအကြောင်း သေချာမသိသေးတဲ့ချိန်တုန်းက စကွင်းကဲပစ္စည်းတွေအမျိုးမျိုးပြောင်းသုံးခဲ့ဖူးပါတယ်။ အဲအချိန်တုန်းကဆို ကျောင်းတက်နေတုန်းပဲမို့ အိမ်ကပေးတဲ့မုန့်ဖိုးလေးကို စကွင်းကဲဝယ်ဖို့ကလွဲရင် တခြားတောင်သိပ်မဝယ်ဖြစ်ခဲ့လောက်အောင် စကွင်းကဲအတွက် ပိုက်ဆံတွေသုံးခဲ့ဖူးပါတယ်။
ဒါပေမဲ့ ပိုက်ဆံသာကုန်သွားတယ် ထူးထူးခြားခြား သိပ်မပြောင်းလဲပါဘူး။
အခု Glow Nationတည်ထောင်သူအဖြစ် နာမည်ရနေတဲ့ Yangon In My Heart ပဲ့ကိုင်ရှင် မဝင်းမင်းသန်းရဲ့ Live ကတစ်ဆင့် Scrub ဆိုတာ စကွင်းကဲတဲ့ချိန် ထည့်သင့်ပါလားဆိုတာ သိပြီးထဲက ပုံမှန်လေးတစ်ပါတ်တစ်ကြိမ်သုံးပေးတာ သုံးလလောက်ကြာတဲ့ခါ အသားရေက သိသိသာသာကို ပြောင်းလာတာ သတိထားမိလိုက်ပါတယ်။ အဆီဖု ဆားဝက်ခြံ ဝက်ခြံဆိုတာလဲ မရှိသလောက်ဖြစ်လာတာ သတိထားမိပါတယ်။ အခုတော့ ပျင်းနေတာနဲ့ အရင်လိုမျက်နှာလေးပြန်ဖြစ်ဖို့ ပြန်ကြိုးစားရဦးမယ်။
Scrubနဲ့ပါတ်သက်ပြီး မသုံးတော့ပါဘူးဆိုပြီး လန့်ခဲ့ဖူးတဲ့အချိန်လဲ ရှိခဲ့ဖူးပါတယ်။ မှတ်မှတ်ရရ အဲချိန်က ကျွန်မဝယ်နေကြအလှကုန်ဆိုင်က သီတင်းကျွတ်လက်ဆောင်ဆိုပြီး အထုပ်လေးတွေပေးပါတယ်။ အဲထဲမှာ Made in Korea Facial Scrubတစ်ထုပ်ပါလာတာ ဆားဝက်ခြံအတွက် အဆီဖုတွေအတွက် ကောင်းတယ်ဆိုတာနဲ့ အိမ်ရောက်တာနဲ့ မျက်နှာသစ်ပြီး လှချင်ဇောနဲ့ အားရပါးရပွတ်ပြီး Scrub လုပ်လိုက်တာ နောက်နေ့မနက်လဲကျရော အသားတွေက အရမ်းခြောက်ပြီး မျက်နှာကနီပြီးတင်းတင်းကြီးဖြစ်နေရော။ လက်ဆောင်ရခဲ့တဲ့ Scrub မတည့်လို့ အဲလိုတွေဖြစ်တယ်ထင်တာ တကယ်တမ်းက သုံးတဲ့နည်းလမ်းမှားနေလို့ဆိုတာ မဝင်းမင်းသန်းရဲ့ Liveကြည့်ပြီးတဲ့ချိန်မှပဲ သဘောပေါက်သွားတော့တယ်။
Scrubသုံးတဲ့ခါ လှချင်ဇောနဲ့ အရမ်းအားထည့်ပြီးမပွတ်ပါနဲ့ ဖွဖွလေးပွတ်ပေးရုံနဲ့ လုံလောက်ပါတယ်။ ပုံမှန်တစ်ပါတ်တစ်က်ြမ်သုံးပေးဖို့ကသာ အဓိကပါ။ သုံးပြီးတဲ့ချိန်မှလဲ သုံး moisturizer, creamတွေ ပြန်သုံးပေးဖို့ မမေ့ပါနဲ့။ နေ့ဘက်အပြင်သွားရင် Sunscreen လိမ်းဖို့မမေ့ပါနဲ့။
အချိန်ပေးရကျိုးနပ်မယ်လို့ မျှော်လင့်မိပါတယ်။
အဆုံးထိဖတ်ပေးကြတဲ့ တစ်ယောက်စီတိုင်းကိုလဲ ကျေးဇူးတင်ပါတယ်။
06/05/2020
အခုလက်ရှိ April's Favourite Sunscreen ဆိုရင် Biore sunscreen လေးပါ။ အရင်တုန်းက သုံးခဲ့ဖူးတဲ့ Sunscreen တွေက လိမ်းလိုက်ရင် မျက်နှာမှာ အဖြူရောင်လိုcreamလေးတွေ ကျန်ခဲ့တာကြောင့် sunscreen လိမ်းသင့်မှန်းသိပေမယ့် အချိန်တော်တော်ကြာတဲ့ထိကို မလိမ်းပဲနေခဲ့ဖူးပါတယ်။
ပုံမှာပြထားပေးတဲ့ sunscreenလေးက အဖြူရောင်အလွှာ မကျန်ခဲ့ဘူး moisturizer လိမ်းလိုက်သလို အသားထဲစိမ့်ဝင်သွားပါတယ်။ သူ့မှာ gel နဲ့ essence type၂မျိုးလာပါတယ်။ Aprilလို combination skin ရှိတဲ့သူ oily skinရှိတဲ့ သူတွေအတွက်ဆို essence typeလေးက ပိုအဆင်ပြေမယ်လို့ ထင်ပါတယ်။
ဆိုင်တော်တော်များများမှာ travel sizeသိပ်မတွေ့ရပါဘူး full sizeတွေပဲ အတွေ့များပါတယ်။အိမ်နဲ့လဲနီးတဲ့ Beauty Gloryမှာ သွားရှာကြည့်တော့ travel size 15ml ဝယ်ခဲ့လိုက်တာ အရမ်းအဆင်ပြေပါတယ်။
Beauty Glory ဆိုင်လေးက အရင်Lucky 7 Gym အောက်ထပ်၊ G & R cakeဆိုင်ဘေးမှာရှိတာပါ။
စမ်းသုံးကြည့်ချင်တဲ့ သူတွေအတွက် လိပ်စာညွှန်းပေးတာပါနော်။
😊😊😊😊😊😊😊😊😊😊😊😊😊😊😊😊
All About Sunscreen
Sunscreen အကြောင်းကို
ို❤ ဘာကြောင့်လိမ်းသင့်သလဲ
❤ ဘယ်လိုရွေးရမလဲ
❤ ဘယ်လိုအချိန်မှာလိမ်းသင့်သလဲဆိုပြီးတော့
အပိုင်း(၃)ပိုင်းနဲ့ ပြောသွားပေးမှာပါ။
ကျွန်မတို့ အမြဲထိတွေ့နေတဲ့ နေရောင်ခြည်ကနေ UV A rays & UV B rays နှစ်မျိုးထုတ်ပါတယ်။ နေလောင်လို့ အသားတွေနီလာတယ် အရမ်းကြာတဲ့အခါမှာ အသားတွေ ညိုလာတယ် မဲလာတယ် အသားရောင်မညီတာတွေ ဖြစ်လာတာက UV B rays ကြောင့်ပါ။ UV B rays က အသားရေရဲ့ အပြင်ဆုံးအလွှာကိုပဲ ထိုးဖောက်နိုင်တာပါ။ ဒါပေမဲ့ UV A rays ကတော့ အသားရေရဲ့ အောက်ဆုံးအလွှာထိထိုးဖောက်နိုင်တာကြောင့် အရေးကြောင်းတွေ၊ အရွယ်မတိုင်မီ အိုမင်းရင့်ရော်တာတွေ ဖြစ်စေပါတယ်။ ဒါကြောင့် Sunscreen လိမ်းဖို့ လိုအပ်တယ်ပြောတာပါ။
ဒုတိယပိုင်းဖြစ်တဲ့ ဘယ်လို Sunscreen ရွေးရမလဲဆိုတဲ့ အပိုင်းကို ဆက်ကြည့်ရအောင်နော်။ Sunscreen ဗူးမှာ SPF, PA ဆိုတဲ့ စကားလုံးနှစ်ခုလုံးပါတာကို ရွေးဝယ်သင့်ပါတယ်။
SPF အရှည်ကောက်ကတော့ (Sun Protection Factor) လို့ခေါ် ပါတယ် UV B rays ကို ကာကွယ်ပေးတာပါ။ အနည်းဆုံး SPF 30+ပါတာကို လိမ်းသင့်ပါတယ်။ SPF ပမာဏ များလေလေ ပိုကာကွယ်နိုင်လေလေပါ။ ဈေးကွက်ထဲမှာတော့ တွေ့ရတာတော့ SPF 50+ကအများဆုံးလို့ ထင်ပါတယ်။
PA အရှည်ကောက်ကတော့ ( Protection Grade Of UV A rays ) လို့ခေါ်ပါတယ် UV A raysကို ကာကွယ်ပေးတာပါ။ PA ပမာဏကိုတော့ + sign ကတစ်ဆင့်သိနိုင်ပါတယ်။ PA ++++ ဆိုပြီး + sign လေးလုံးအထိ အများဆုံးတွေ့နိုင်ပါတယ်။
အပြင်ထွက်သည်ဖြစ်စေ မထွက်သည်ဖြစ်စေ တစ်နှစ်ပါတ်လုံး Sunscreen လိမ်းသင့်ပါတယ်။ အထူးသဖြင့် အသားရေ ဖြူတဲ့သူတွေမှာ ပိုလိုအပ်ပါတယ်။ အသားဖြူလေလေ Sunscreen လိမ်းဖို့ လိုလေလေဖြစ်ပါတယ်။ ဘယ်လောက်ပမာဏ လိမ်းသင့်သလဲဆိုတာတော့ မြင်သာအောင်ပြောရရင် မျက်နှာအတွက် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာလောက် ၊ တစ်ကိုယ်လုံးအတွက်ဆိုရင်တော့ ထမင်းစားဇွန်း တစ်ဇွန်းစာလောက် လိမ်းဖို့လိုအပ်ပါတယ်။ တစ်နေကုန်အပြင်ထွက်ရတဲ့အချိန်မျိုးဆိုရင် Sunscreen တစ်ခေါက်လိမ်းပြီးတာနဲ့ မလုံလောက်ပါဘူး လေးနာရီခြားတစ်ခါ ပြန်လိမ်းပေးဖို့ လိုပါတယ်။ အထူးသဖြင့် ကမ်းခြေလို ရေကူးကန်လို သွားမယ်ဆိုရင် ပြန်ပြန်လိမ်းပေးဖို့ ပိုလိုအပ်ပါတယ်။
အရင်တုန်းက ထင်ခဲ့တာက လိမ်းရင် အသားမညိုဘူး မမဲဘူးလို့ထင်ခဲ့တာပါ။ တကယ်တမ်းက နေရောင်ကြောင့် ဖြစ်စေတဲ့ဆိုးကျိုးတွေကို လျော့ချပေးနိုင်တာပါပုံမှန်လိမ်းရင် အရေပြားကင်ဆာဖြစ်နိုင်ခြေကိုလဲ လျော့ချရာရောက်တာမို့ တိုက်တွန်းချင်ပါတယ်။ လက်ရှိအကြိုက်ဆုံး တစ်ခုကို အောက်မှာပုံလေးနဲ့ ပြထားပေးပြီး ဘာကြောင့် ကြိုက်ရသလဲဆိုတာပါ ပြောပြပေးထားပါတယ်။
အချိန်ပေးပြီးဖတ်ရကျိုးနပ်မယ်လို့ ထင်ပါတယ်။
😊😊😊😊😊
New post will be coming soon!!!
Stay tuned. 😘😘😘😘
02/05/2020
Three Basics Skin Care Steps For Beginners
🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗
Skin typesတွေ ဘယ်လိုခွဲခြားရမလဲဆိုတာ သိပြီးပြီဟုတ်။
မသိသေးရင်တော့ 'How to know your skin types'ဆိုတဲ့ postလေးကို အရင်ဖတ်ဖို့ အကြုံချင်ပါတယ်။😊😊
Aprilတို့နဲ့ အနီးစပ်ဆုံးSocial mediaတွေထဲက တစ်ခုဖြစ်တဲ့ Facebookမှာ စကွင်းကဲပေါင်းစုံသုံးပြနေတဲ့ social influencer/ bloggersတွေလို products အများကြီးသုံးဖို့က beginner levelအတွက် မလိုသေးပါဘူးနော်။ products နည်းနည်းလေးနဲ့ တစ်သက်လုံးအတွက် အကျိုးရှိမယ့် အသားရေကို ပုံမှန်ဂရုစိုက်တတ်တဲ့ အကျင့်လေးရသွားအောင်လို့ပါ။
Beginner Levelမှာ
🍁facial cleanser or facial foam(မျက်နှာသစ်ဆေး)
🍁moisturizer(အစိုဓါတ်ထိန်းcream)
🍁suncream(နေလောင်ကာcream)
ဒီသုံးမျိုးသုံးပေးရင် လုံလောက်ပါပြီ။
အခုလို 21st centuryမှာ ဘယ်productsမဆို ပုံစံအမျိုးမျိုးနဲ့ ရွေးလို့မကုန်နိုင်လောက်အောင်ကို များပါတယ်။
🍁Facial cleanserတွေကလဲ ပုံစံမျိုးစုံနဲ့လာပါတယ်။(ဗူးထဲမှာပါတဲ့ facial cleanserရဲ့textureကိုပြောတာပါ။ ဗူးခွံဒီဇိုင်းမဟုတ်ပါဘူးနော်။)
❤Dry Skin (သို့) Sensitive Skinတွေက
cream type cleanserလေးတွေသုံးသင့်ပါတယ်။gel type (သို့) foam typeက မျက်နှာပေါ်မှာရှိတဲ့ သဘာဝအဆီတွေ ပြောင်ရှင်းသွားအောင် လုပ်နိုင်တာကြောင့် dry or sensitive skinအတွက် မသင့်တော်ပါဘူးနော်။
❤Oily Skin တွေအတွက်ကတော့ gel type (သို့) foam typeလေးတွေ သုံးပေးသင့်ပါတယ်။
❤Combination Skinကတော့ အသားရေက dryလဲဖြစ်တယ် oilyလဲဖြစ်တယ်ဆိုတဲ့အတွက်ကြောင့် cream type, gel type, foam typeသုံးမျိုးလုံး ကြိုက်တဲ့textureကို သုံးလို့အဆင်ပြေပါတယ်။
Facial cleanserရွေးတဲ့နေရာမှာ hydrating, gentle, moisturizing, mildဒီလိုစာသားတွေပါတာကို ရွေးသင့်ပါတယ်။ဘယ်skinမဆို အသားရေကိုရေဓါတ်ဖြည့်ပေးဖို့ ( hydrating) လုပ်ပေးဖို့က အရမ်းအရေးကြီးပါတယ်။ မျက်နှာသစ်ပြီးတဲ့ခါ အသားရေက စိုစိုအိအိလေးကျန်ခဲ့မှသာ ကိုယ်ရွေးထားတဲ့ cleanserက မှန်တယ်လို့ ယူဆနိုင်ပါတယ်။
မျက်စိထဲမြင်သာအောင်လို့ အောက်မှာပုံလေးတွေနဲ့ နမူနာပြပေးထားပါတယ်။ ပုံမှာပြထားတဲ့ brandပဲဝယ်သုံးရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူးနော်။
🍁Moisturizerသုံးတဲ့ခါမှာလဲ skin typeပေါ်မူတည်ပြီး သုံးသင့်ပါတယ်။
❤dry skinတွေက အရေပြားမှာ အဆီထုတ်တာနည်းတာကြောင့် cream typeကို သုံးသင့်ပါတယ်။ cream type moisturizerတွေက အခြားmoisturizerတွေထက် အဆီပါတဲ့ ပမာဏများလို့ပါ။
❤Oily skinတွေအတွက်ကတော့ အဆီပါတဲ့ ပမာဏနည်းတဲ့ gel type, oil-free moisturizerတွေသုံးလို့ရပါတယ်။
❤Combination skinအတွက်ကတော့ မျက်နှာက ခြောက်နေတာထက် အဆီပိုပြန်တယ်လို့ခံစားရရင် gel type, watery creamဒါမျိုးတွေရွေးဝယ်လို့ရပါတယ်။
🍁 Sunscreen ကို ဘယ်skin typeဖြစ်ဖြစ် လိမ်းကိုလိမ်းသင့်တယ်လို့ အကြုံပြုချင်ပါတယ်။
Sunscreen ရွေးတဲ့နေရာမှာ အနည်းဆုံးSPF 30 ပါတာကို ရွေးသင့်ပါတယ်။ သူ့မှာလဲ textureအမျိုးမျိုး ဈေးကွက်ထဲမှာရှိနေပါပြီနော်။
sunscreen အကြောင်း အသေးစိတ်ကိုတော့ post ရေးပေးပါ့မယ်။
လူတစ်ဦးတစ်ယောက်စီတိုင်းက ပုံစံမတူကြသလိုပဲ အသားရေရဲ့လိုအပ်ချက်ကလဲ တစ်ယောက်နဲ့တစ်ယောက် မတူတာကြောင့် productsတွေဝယ်တဲ့ sampleလေးတွေ အရင်သုံးကြည့်ပါ။ sampleမရနိုင်ဘူးဆိုရင်လဲ small sizeဘူးသေးလေးတွေ အရင်သုံးကြည့်ပြီး စိတ်တိုင်းကျပြီဆိုမှ full sizeကို ဝယ်ဖို့အကြံပြုချင်ပါတယ်။ မလိုအပ်ပဲ ပိုက်ဆံဖြုန်းလိုက်သလို မဖြစ်စေချင်လို့ပါ။😊😊😊😊😊
Postကို အဆုံးထိဖတ်ပေးတဲ့ အယောက်စီတိုင်းအတွက် အချိန်ကုန်ရကျိုးနပ်မယ်လို့ မျှော်လင့်မိပါတယ်။
See you soon....😊😊😊😊
How to know your skin type?🤔🤔
Skin Careမှာ တစ်ကယ့်ကိုအခြေခံအကျဆုံးက ကိုယ့်ရဲ့ skin
typeကို သိထားဖို့ရာ အရေးကြီးတယ်လို့ မြင်မိပါတယ်။
ဒါမှ ဈေးကြီးပေးပြီး အချိန်ပေးပြီးပြုစုရထားရတဲ့ အဖိုးတန်တဲ့ skinလေးက ကိုယ်လိုချင်တဲ့ resultကို ရမှာပါ။Skin Care Productsတွေဝယ်တဲ့နေရာမှာလဲ ကိုယ့်ရဲ့Skin Typeလေးသိထားတော့ ဘယ်ဟာဆိုရင် ကိုယ့်အသားရေအတွက် သုံးသင့်မသုံးသင့် ကိုယ်တိုင်ဆုံးဖြတ်လို့ရတာပေါ့။😊😊😊😊
ကယ် Skin Typeအကြောင်းလေး စလိုက်ကြရအောင်😉😉
ယေဘုယျအားဖြင့် Normal, Combination, Oily, Sensitive ဆိုပြီး ၄မျိုးခွဲလို့ရပါတယ်။
Skin typeအမျိုးအစား ၄မျိုးရှိတာကိုတော့ သိသွားပြီ။ ဘယ်လိုခွဲကြမလဲ 🤔🤔
စိတ်ဝင်စားရင်တော့ ဆက်ဖတ်ပေးပါနော်
ပထမဆုံး step ကတော့ သုံးနေကျမျက်နှာသစ်ဆေးနဲ့ မျက်နှာကို သန့်စင်သွားအောင်လုပ်လိုက်ပါ။
မိတ်ကပ်လိမ်းထားတယ်ဆိုရင်တော့ မိတ်ကပ်အရင်ဖျက်ပြီးမှ မျက်နှာသစ်လိုက်ပါ။
ဒုတိယ stepကတော့
မျက်နှာသစ်ပြီးတဲ့နောက်မှာ ခါတိုင်းလိမ်းနေကျ Skin Care Steps(toner, cream, moisturize,....) ဒါတွေဘာမှမလိမ်းပဲ တစ်နာရီကြာအောင်ထားပေးပါ။ တစ်နာရီကြာအောင်ထားပေးပါဆိုလို့ ဘာမှမလုပ်ပဲ ထိုင်စောင့်နေစရာ မလိုပါဘူးနော်😂😂😅😅(နောက်တာပါ။)ကိုယ်လုပ်စရာရှိတဲ့ အလုပ်လေးတွေ လုပ်ပြီး အချိန်ကုန်နိုင်ပါတယ်။
တစ်နာရီကြာပြီးနောက်မှာ ကိုယ့်ရဲ့skin typeက ဘယ်အမျိုးစားထဲမှာပါနေလဲဆိုတာ သိနိုင်ပါပြီ။🤗🤗🤗
အလွယ်ဆုံးနည်းကတော့ မှန်ရှေ့မှာ ကိုယ့်မျက်နှာအသားရေကို ကြည့်ကြည့်ပါ
-မျက်နှာတစ်ပြင်လုံးက အရမ်းအဆီတွေပြန်နေတာလဲမရှိဘူး အရမ်းအသားခြောက်နေတာ မျက်နှာကြီးတင်းပြီး နေရခက်တာ တွေမရှိဘူးဆိုရင်တော့❤ Normal Skinပါ။
-မျက်နှာက နဖူး၊ နှာခေါင်း၊ မေးစေ့(T Zone)တစ်ဝိုက်မှာပဲ အဆီပြန်တယ် ကျန်တဲ့ပါးနှစ်ဖက်မှာကခြောက်နေတယ် (သို့) ပုံမှန်အတိုင်းလေးပဲရှိနေတယ်ဆ်ုရင်တော့ ❤Combination Skinပါ။
-မျက်နှာတစ်ပြင်လုံးက အရမ်းခြောက်ပြီးတင်းတင်းကြီးဖြစ်နေတယ် နီရဲနေတယ် ဆောင်းတွင်းကျရင် အသားပတ်သလို ဖြူဖြူအဖတ်ကလေးတွေ ဖြစ်နေတယ်ဆိုရင်တော့❤ Dry Skin
or Sensitive(အခုခေတ်စားနေသလိုပြောရရင် ဆန်းဆန်းတင့် Skin)😅😅ဖြစ်နိုင်ပါတယ်။
အပေါ်မှာပြောသွားခဲ့တဲ့ အချက်လေးတွေအတိုင်း (blotting paper)အဆီစုပ်စက္ကူလေးတွေနဲ့လဲ စမ်းကြည့်လို့ရပါတယ်။
Cosmeticsရောင်းတဲ့ ဆိုင်တိုင်းမှာ အဆီစုပ်စက္ကူလို့ပြောတာနဲ့ ဈေးနှုန်းအမျိုးမျိုး brandအမျိုးမျိုးရှိတာမို့ ကိုယ်ကြိုက်ရာ ရွေးဝယ်လို့ရပါတယ်။
ကိုယ့်မှာ အဆီစုပ်စက္ကူအဆင်သင့်မရှိဘူးဆိုလဲ tissueအနုလေးတစ်လွှာကို ယူပြီး စမ်းလို့ရပါတယ်။ Aprilကတော့
blotting paperက ကိုယ့်နဲ့အမြဲရှိနေတာဆိုတော့ tissueနဲ့တော့ မစမ်းကြည့်ဖူးပါဘူး။
စမ်းသပ်တဲ့အချိန်မှာ အရင်ဆုံး T Zone Area ပြီးတဲ့ခါ ပါးနှစ်ဖက်(U Zone Area)ကိုနေရာခွဲပြီးမှ စမ်းဖို့အကြံပြုချင်ပါတယ်။ ဒါမှသာ ဘယ်နေရာမှာ အဆီထွက်များပြီး ဘယ်နေရာကအသားခြောက်နေလဲဆိုတာ မြင်သာအောင်လို့ပါ။
ဒီpostလေးကတစ်ဆင့် စာဖတ်သူတွေအတွက် အကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။
အချိန်ရရင်ရသလို ကိုယ်သိထားတဲ့ အကြောင်းအရာလေးတွေ postတင်ပေးမှာမို့ skin careနဲ့ပါတ်သက်ပြီး သိချင်တဲ့အကြောင်းရာလေးတွေကို commentမှာ ရေးပေးခဲ့လို့ရပါတယ်။
Postကို အဆုံးထိဖတ်ပေးတဲ့ အယောက်စီတိုင်းကိုလဲ ကျေးဇူးတင်ပါတယ်။
See you soon😘😘😘😘.
Skin careအတွက် လိုအပ်တဲ့ basicsလေးတွေ ညနေကျရင်တင်ပေးပါမယ်နော်။
Click here to claim your Sponsored Listing.
Category
Website
Address
Lashio