A woman's diary
Better late than never.
26/10/2024
ကလေးထိန်း တဲ့အလုပ်ပဲ လုပ်ရတာ ဘာပင်ပန်းလဲတဲ့
ကလေးထိန်းတယ် ဆိုတဲ့အောက်မှာ ပံုစံအမျိုးမျိုးရှိပါတယ်
ကလေးကို စားပွဲတစ်ခုပေါ်တင်ပြီး
မတတ်နိုင်လို့ အိမ်အလုပ်တွေ ကိုယ်တိုင်လုပ်ရတဲ့ မေမေ တွေလည်းရှိတယ်
ကလေးကို ကုတင်ပေါ်တင်ပြီး online ကနေ အလုပ်လုပ်ရတဲ့ မေမေ တွေလည်းရှိတယ်
ကလေးကို ကလေးထိန်းနဲ့ ထားပြီး အလုပ်သွားလုပ်ရတဲ့ မေမေ တွေလည်းရှိတယ်
ဘယ်လို မေမေ ပဲ နေနေ အမေ တိုင်းဟာ ပင်ပန်းတတ်ကြပါတယ်
နို့တိုက် ရတဲ့ မိခင်တွေဆို ပိုလို့တောင် ပင်ပန်းပါတယ်
ဘာလို့လည်းဆိုတော့ ကလေးကို တစ်ရက်ပဲ နေ့ကော ညကော ယူထိန်းကြည့်ပါ သိရနိုင်ပါတယ်
မေမေတွေကတော့ ကလေးကို ခြင်တစ်
ကောင်က အစ ကိုက်သွားမှာ စိုးရိမ်လို့ မျက်စိအောက်က အပျောက်မခံနိုင် ရူးပေါက်တိုင်းလှဲ အီးပါတိုင်း သုတ် ဟိုဟာလေးလုပ်ပေးလိူက် ဒီဟာလေးလုပ်ပေးလိုက် ချေးအဝတ်လေး ပြေးလျော်လိုက်နဲ့ တော်တော် အမောစို့ပါတယ်
ညကလေးအိပ်သွားလို့ အိပ်ရမယ်မထင်နဲ့နော်
ညဆိုလည်း ကလေး ပိသွားမလား အင်းအင်းအသံကြားရင်ကို မေမေတွေ အိပ်မပျော်ကြပါဘူး
ဒါကို ယောကျာ်းဝေယျာဝိစ္စ အိမ်မှုကိစ္စတွေကလည်းလုပ်ရပါသေးတယ်
ဘယ်သူမှကလည်း ပင်ပန်းနေလားမမေးပါဘူး ကိုယ့်အမျိုးသားတောင်မေးချင်မှ မေးတာပါ
အဲ့တာကို ဒါလေးပဲ လုပ်ရတာကို တို့
ဝလာလိူက်တာတို့
မပြင်မဆင်နေတယ်တို့ ပြောတာဟာ တကယ့်ကို နားလည်မှု မရှိတာပါပဲ
ငါတို့တုန်းက လည်း ကလေးလည်းထိန်း အကုန်လုပ်ရတယ် ပြောလာရင် စိတ်ဖိစီးတာတကြောင်း အထီးကျန်တာတစ်ကြောင်းနဲ့ အားငယ်စိတ်တွေ ပေါ်လာတတ်ပါတယ်
မေမေတို့ အနေနဲ့ ဉာဏ်ရည်ထက်မြက်အောင် ကလေးကို ပြုစုပျိုးထောင်ရတာ ပိုမို ခက်ခဲပါကြောင်း ပြန်ပြောနိုင်ပါစေရှင်
Women’s diary မှ မေမေတို့ရဲ့ ခံစားချက်တွေကို နားလည်ရင်း
06/06/2024
ကိုယ်ဝန်ဆောင်နှင့် စိတ်ကျန်းမာရေး
ခုတလောမေမေ တို့ရေ အကြောင်းရာ အမျိုးမျိုး ကြောင့် စိတ်ဆင်းရဲ စရာတွေ ကြုံရတယ်
ကုန်စျေးနှုန်းတွေ မြင့်တက်လို့ စိတ်ပူပင်ရတယ်
တစ်ချို့ က ကလေး အဖေ တွေ က ဂရူမစိုက်လိုက် စိတ်ပင်ပန်းရတယ်
ကိုယ်ဝန်ဆောင်ချိန် မှာ ဟိုမုန်းအပြောင်းအလဲ ဟာ တက်လိုက်ကျလိုက် အရမ်းမြန်သလို စိတ်ခံစားချက်တွေလည်း ပြောင်းလဲတတ်တာ ဝမ်းနည်းလွယ်တာဟာ ပုံမှန်ပါပဲ
ဒါပေမယ့် စိတ်ဆင်းရဲ မှုတွေ များလာတာ၊ ခန ခန ငိုတာ၊ စိတ်ဓါတ်ကျတဲ့ အထိ ဖြစ်လာပြီဆိုရင်တော့ အရေးကြီးပါတယ်နော်
မေမေတွေ ငိုတာဟာ ဗိုက်ထဲက ကလေးလေး ကို ထိခိုက်နိုင်လားဆိုရင် တစ်ခါတစ်ရံလောက် ငိုတာက အကြောင်းမဟုတ်ပေမယ့် ရံဖန်ရံခါ စိတ်တွေ ဆင်းရဲ ပြီး ငိုနေရရင် တော့ သေချာပေါက်ထိခိုက်နိုင်ပါတယ်
သုတေသန တွေ အရ မိခင်မှာ စိတ်ဖိစီးမှု များရင် အောက်ပါ အချက်တွေ ဖြစ်နိုင်ပါတယ်။
1. လစေ့ပဲ မွေးဖွားတာ ( Preterm birth)
2. ကလေး ပေါင်မပြည့်တာ ( Low birth weight)
3. ကလေးရဲ့ ကိုယ်ခံအား ဟာ တခြားကလေးတွေလိုမကောင်းတာ
4. စိတ်ဖိစီးမှုဟာ ယောင်ယမ်းတာကို ပိုအားပေးလို့ မိခင်က ပိုပြီးယောင်ယမ်းတတ်ပါတယ်
5. မိခင် ရဲ့ စိတ်ဖိစီးမှုဟာ ကလေးငယ်ကို မမွေးခင်ကော မွေးပြီးတဲ့ အခါ တစ်လျှောက်လုံး စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာကို ထိခိုက်စေပါတယ်
6. ကလေးဟာ မွေးပြီးလည်း သာမာန်ကလေးတွေထက်ပို ငိုတတ်ပါတယ်
7. ကိုယ်ဝန်ဆောင် ချိန် စိတ်ဖိစီးမှု ခံရတဲ့ အမျိုးသမီးတွေ ရဲ့ ၃၀ရာခိုင်းနှုန်းဟာ သေချာပေါက် မွေးပြီးရင်လည်း Baby blue လိူ့ ခေါ်တဲ့ postnatal depression မွေးဖွားပြီးစိတ်ဓါတ်ကျတဲ့ ဓါဏ်ကို ခံရတတ်ပါတယ်။
8. ကိုယ်ဝန်ဆောင် အစောပိုင်းကာလမှာ စိတ်ဖိစီးရင်လည်း ကိုယ်ဝန်ပျက်ကျတဲ့ထိ ဖြစ်နိုင်တယ်လို့ တစ်ချို့သုတေသနတွေကပြောထားပါတယ်
အဲ့တော့ မေမေ တွေ အနေနဲ့ ဘာလုပ်ရမလဲဆိုရင်
1.ကိုယ့်ကို အကောင်းမမြင် စိတ်ဆင်းရဲ စေမယ့် negative thingsတွေကို ရှောင်ရှားပါ
2. လေ့ကျင့်ခန်း လမ်းလျောက်တာ Yoga လူပ်တာတွေ လူပ်လိူ့ရပါတယ်
3. ကိုယ့်သားသမီးက အဓိက မို့ ကျန်တဲ့ အရာတွေ ကို လျစ်လျူရှုပါ
4. မိမိ အတွက် Healthy ဖြစ်မယ့် ကျန်းမာရေးနဲ့ ကိုက်ညီတာတွေ များများစားပါ
5. ကိုယ်ယုံကြည်ရမယ့် သူကို ရင်ဖွင့်ပါ
6. ပါတ်ဝန်းကျင်က ကဲ့ရဲ့ ပြောဆိုမှုတွေကို ဂရုမစိုက်ပါနဲ့ ကိုယ်နဲ့ ကိုယ့်ကလေး အတွက် စိတ်ချမ်းသာစေမယ့်အရာကို သာ အလေးထားပါ
7. ညအိပ်မပျော်လျှင် ရေနွေးနွေးကို ကိုယ်ကနေ ချိုးပေးခြင်းက အိပ်ပျော်စေပါတယ်
8.လိုအပ်ပါက ဆရာဝန်ကို ပြောပြပြီး ဆေးကုသမှုခံယူပါ
နောက်ဆုံးပြောချင်တာကတော့ ဖေဖေ များ အနေနဲ့လည်း မေမေတွေဟာ ဒီကာလမှာ ဝလာတာတစ်ကြောင်း၊ အရင်လို ကိုယ့်အားကို ကိုးပြီး အလုပ်မလုပ်နိုင်တော့တာတစ်ကြောင်း၊ ကလေးမွေးရမှာ တွေးပြီး ပူပန်ရတာ တစ်ကြောင်း စိတ်ဖိစီးမှုများပါတယ်။ ရင်သွေးလေးဟာ ၂ယောက်လုံးရဲ့တာဝန်မို့ ကိုယ့်အမျိုးသမီး စိတ်ချမ်းသာမှ ကလေးလည်း ကျန်းကျန်းမာမာ သန်သန်စွမ်းစွမ်းထွက်လာမှာပါ။ ကိုယိချင်းစာ နားလည်ပေးတာ၊ နှိပ်နယ်ပေးတာ ၊ အားပေးတာတွေ လူပ်ပေးလို့ရပါတယ်။
ပါတ်ဝန်းကျင်အနေ နဲ့လည်း ကိုယ်ဝန်သည်ကို မပြောသင့်တဲ့ စည်းတွေ ရှိပါတယ်။ ဥပမာ ဝလာလိုက်တာ ၊ရုပ်ဆိုးသွားလိူက်တာ ဟိုဟာမလုပ်နဲ့ ဒီဟာမလူပ်နဲ့ထက် သူတို့ အတွက် အကျိုးရှိစေမယ့် စကားများကို သာရွေးချယ်ပြောဆို အားပေးကြပါလို့ တိုက်တွန်းလိူက်ပါတယ်ရှင်
23/05/2024
ကိုယ်ဝန်ဆောင် နှင့် Ultrasounds
မေမေတို့အနေနဲ့ ကိုယ်ဝန် ရှိနေပြီလားလို့ စိတ်ထဲက ဖြစ်ကတည်းက Ultrasound ရိုက်ရမယ်ဆိုရင် ရင်ခုန်နေတတ်ကြပါတယ်
ဒါပေမယ့် ultrasound ရိုက်တာဟာ ကလေးကို ထိခိုက်သွားမလား ဘယ်ချိန်ရိုက်ရမလဲ ဆိုတာ တွေးပူတတ်ကြပါတယ်
တကယ်တမ်းတော့ ultrasound ဆိုတာဟာ အသံလှိုင်းကို အသုံးပြုပြီး ကိုယ်ဝန်ဆောင်ချိန် ဝမ်းတွင်းက ကလေးကို ပုံဖော်ကြည့်တာပါ။X-ray ဓါတ်မှန်တွေလို ဓါတ်ရောင်ခြည် ထိမှာတို့ ကလေးရဲ့ ဖွံ့ဖြိုးမှုကို ထိခိုက်စေမှာတို့ မပူရပါဘူးရှင်
အဲ့တော့ ultrasoundကို ဘယ်ချိန်ရိုက်ကြလဲ ဘာကြောင့်ရိုက်ရလဲ ဘယ်နှကြိမ်ရိုက်ရမလဲဆိုတာကို မေမေတိူ့ သိချင်ကြမှာ
ultrasound ကို ကလေး နှလုံးခုန်နှုန်းကို သိဖို့၊ ကလေးရဲ့ ကြီးထွားမှုကို သိဖို့၊ due date ကိုတွက်ချက်ဖို့၊ ကလေးကသားအိမ် အတွင်းထဲ သန္ဓေတည်တာလား အပြင်လားဆိုတာသိဖို့၊ ကလေး အရွယ်အစား၊ အချင်းအနေအထား စသည်တို့ကိုသိဖို့ ရိုက်ခိုင်းလေ့ရှိကြပါတယ်။
High risk pregnancy တွေမှာတော့ OGတွေက လိုအပ်ရင် လိုအပ်သလို ခန ခန လည်း ရိုက်ခိူင်းတတ်ပါတယ်။
ultrasounds တွေမှာဆိုရင်
Dating scan
ကိုယ်ဝန် ၇ပါတ်- ၁၀ပါတ်ကdating scan ဆိုပြီး ရိုက်ခိုင်းတတ်ကြပါတယ်။
dating scan ရိုက်ခြင်းဖြင့် ကိုယ်ဝန်ရှိမရှိသေချာစေခြင်း၊due date ကို သိနိုင်ခြင်း၊ အမွှာကိုယ်ဝန်လား တစ်ဦးတည်းလားသိနိုင်ခြင်း၊ ectopic pregnancy လို့ခေါ်တဲ့ သားအိမ်ပြင်ပမှာ သန္ဓေတည်နေလားဆိုတာကို စောလျင်စွာသိနိုင်ပါတယ်။ Ectopic preg ဟာ စောလျင်စွာမသိလျင် အန္တရာယ်ကြီးပါတယ်ရှင်
Anatomy scan (Anomaly scan)
Anomaly scan ကို တော့ ကိုယ်ဝန် ၁၈ပါတ်- ၂၂ပါတ် အတွင်းမှာ ရိုက်ခိုင်းတတ်ကြပါတယ်။
Anomaly scan ရိုက်ပေးတဲ့ အချိန် ကလေးရဲ့ အစိတ်ပိုင်းတွေ ကို အသေးစိတ်ရိုက်ပေးပါတယ်။ကလေးရဲ့ ဦးနှောက် အစိတ်အပိုင်းတွေ၊ Spine ကျောရိုး၊ နှလုံး၊ အစာအိမ်၊ ဆီးအိမ်၊ ကျောက်ကပ်၊ခြေချောင်း လက်ချောင်းလေးတွေမှာ ပုံမှန် ကြီးထွားနေလား ချို့ယွင်းချက်ဖြစ်နေသလားကို ကြည့်ပေးတာဖြစ်ပါတယ်။ အချင်းအနေထား၊ ရေမွှာရေပမာဏ၊ ကလေးရဲ့ အလေးချိန်ကိုလည်း သိနိုင်ပါတယ်။ ရိုက်ချိန် ၃၀-၄၅မိနစ် လောက်ကြာတတ်ပါတယ်။ ဒီချိန်မှာ ကလေးက ကျားလား မလား လည်း သိနိုင်ပါတယ်။ 3D ပုံရိပ်တစ်ချို့ကိုလည်း ပေးတတ်ပါတယ်။ နှုတ်ခမ်းကွဲ လေးတွေပါနေလား spina bifida လို့ခေါ်တဲ့ ကျောရိုးနဲ့ ကျောရိုးမကြီး မှာ ချို့ယွင်းချက်ရှိတာ တွေကိုလည်း သိနိုင်သလိုခြေချောင်းလက်ချောင်းလေးတွေ စုံမစုံ အသေးစိတ်ကြည့်လို့ရပါတယ်
ကြိုသိထားတဲ့ အခါကျ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကြိုတင်ပြင်ဆင်လို့ရပါတယ်
ရိုက်မယ်မရိုက်ဘူးဆိုတာတော့ မေမေတို့ ရဲ့ သဘောပဲဖြစ်ပါတယ်
4D scan
3D သို့ 4D scan ကိုတော့ ကိုယ်ဝန်ဆောင် ၂၆ပါတ်ကနေ ၃၀ပါတ်ထိရိုက်လို့ရပါတယ်
ကလေးလေးရဲ့ ရုပ်ကိုလည်းပိုမိုထင်းနေအောင်မြင်ရတော့ မေမေတို့ ပိုပြီးရင်ခုန်နေတတ်ကြပါတယ်။ တစ်ခုရှိတာ တစ်ချို့ အပါတ် ၂၉ပါတ် -၃၀ပါတ် လောက်မှာကလေးက အရမ်းထွားသွားရင် ရိုက်ပေးဖို့အခက်ခဲရှိတာလေးတွေ ရှိတတ်ပါတယ် ။
4D ကလည်း ရိုက်မယ် မရိုက်ဘူးဆိုတာ မေမေတို့ သဘောပါ
NIPT test ( Non- invasive prenatal test)
NIPT test ဆိုတာကတော့ ခုနောက်ပိုင်းမေမေတို့နဲ့ သိပ်ပြီးမစိမ်းကားတော့ပါဘူး
သူကတော့ မိခင်ရဲ့သွေး 7ml - 10ml လောက်ပဲ ဖောက်ထုတ်ပြီးပေးရတဲ့ အတွက် အန္တာရာယ်ကင်းပါတယ်။
NIPT test ကို ကိုယ်ဝန် ၁၀ပါတ်မှာ စစ်ဆေးမှု ပြုလုပ်ကြပါတယ်။
NIPT test ဆိုတာ မိခင်ရဲ့ သွေးထဲမှ ကလေးရဲ့ DNA ကို စစ်ခြင်းအားဖြင့် ကလေးမှာ ခရိုမိုဇုန်းနဲ့ ပါတ်သတ်ပီး ချို့ယွင်းနေတာ ရှိမရှိ သိနိုင်တဲ့ စစ်ဆေးမှုပါ။
NIPT test ကို စစ်ခြင်းအားဖြင့် ကလေးဟာ ကျားလား မလား ဆိုတာကို လည်း ၁၀ပါတ်နဲ့ စောလျင်စွာသိနိုင်ပါတယ်။
NIPT test က ကုန်ကျစရိတ်တော့ များပါတယ်ရှင်။ခန့်မှန်းချေ USD 550 dollars လောက်ရှိတတ်ပါတယ်။
သက်ကြီးကိုယ်ဝန်ဆောင်သူတွေ ၊ မျိုးရိုးမှာ ခရိုမိုဇုန်းကြောင့် ချို့ယွင်းမှုရှိတဲ့ မေမေတွေတော့ စစ်ဆေးသင့်ပါတယ်ရှင်။ သူများနိုင်ငံတွေမှာတော့ ခုနောက်ပိုင်း မေမေတိုင်းကို စစ်ခိုင်းနေပါပီ
NIPT test စစ်ခြင်း အဖြင့် Downs syndrome;
Edwards' syndrome; Patau's syndrome တို့ကို စောလျင်စွာသိနိုင်ပါတယ်။ သားသားလား မီးမီးလားဆိုတာ စောစောသိချင်ရင်လည်း ခုtestနဲ့ စစ်လို့ရပါတယ်
ကိုယ်ဝန် တတိယအပါတ် ကျရင်တော့ ကလေးအနေအထား အချင်းအနေအထားကို သိဖို့ ၊ ရေမွှာရေလုံလောက်မလောက်၊ ကလေး မလှုပ်လို့ဆိုရင် မေမေတို့ OG က လိုအပ်ရင် လိုအပ်သလို ရိုက်ခိုင်းမှာပါ
06/05/2024
ကိုယ်ဝန်ဆောင် နှင့် Myths ဆိုတဲ့ အယူလွှဲလေးများ
1. ကိုယ်ဝန်ဆောင် မိခင်တွေ ဟာ ၂ယောက်စာ စားဖို့လို့တယ်ဆိုတာ Myth ပါ
ကိုယ်ဝန်ဆောင် မိခင်တွေဟာ ၃၀၀ cal သာတိုးစားဖို့လိုပါတယ်။
2. သင့်ဗိုက်အနေထားနှင့် စားသောက်ပုံကို ကြည့်ပီး ယောကျာ်းလေးလား မိန်းကလေးလား ဆိုတာကို မခွဲခြားနိုင်ပါ
ကျား မ ခွဲခြားဖို့ဆိုရင် ultrasound သို့ သွေးစစ်မှ သိနိုင်မှာပါ
ultrasound နဲ့ကတော့ ၁၉-၂၀ ပါတ်လောက်ဆို သိနိုင်ပြီး
ခုခေတ်အခါမှာ NIPT ( non invasive prenatal test) ဆိုတဲ့ သွေးကနေ စစ်ရတဲ့ ဟာကိုတော့ ကိုယ်ဝန် ၁၀ပါတ်မှာ စစ်ခြင်းဖြင့် gender ပါသိနိုင်ပါတယ်
NIPT test အကြောင်း သီးသန့် ရေးပေးပါ့မယ်
3. ကိုယ်ဝန်ဆောင်ချိန်မှာလေ့ကျင့်ခန်းမလုပ်ရဘူးဆိုတာ လည်းအယူမှားပါ
ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ မဟုတ် ရင် ရပါတယ်
OG က high risk pregnancy လို့ မသတ်မှတ်ထားတဲ့ ကိုယ်ဝန်မှာ ဘာပြဿနာမှ မရှိတဲ့ မေမေ တွေ အနေနဲ့ တစ်ရက် နာရီဝက်လောက် လေ့ကျင့် ခန်းလုပ်ပေးပါ
4. ရေနွေးနဲ့ ရေမချိုးရဘူး ဆိုတာလည်းအယူမှားပါ
သို့ပေမယ့် ရေပူ ဟာ ၁၀၁ °F ထက်မကျော်ရပါ မတရားပူတဲ့ ရေနဲ့ ချိုးတာတော့ရှောင်ရှားသင့်ပါတယ်
5. ကိုယ်ဝန်သည် ညရေချိုးရင် ရေပေါင်တယ် ဆိုတာလည်း အယူမှားပါ
ကလေးဟာ ရေမွှာအိတ်ထဲနေတာပါ အဲ့ ရေမွှာအိတ်ထဲ ရေဝင်ဖို့ဆိုတာ မဖြစ်နိုင်ပါ
6. ကိုယ်ဝန်ဆောင်ချိန်မှာ Heartburn ရင်ပူရင် ကလေးဆံပင်ထူတယ်ဆိုတာလည်း မဆိုင်ပါဘူးရှင်
7. ကိုယ်ဝန်ဆောင်ချိန် အစပ်စားရင် ကလေးမွေးသွားတတ်တယ်ဆိုတာလည်း မှားပါတယ်
အစပ်ကို စားလို့ ရပေမယ့် လွန်လွန်ကြူးကြူးစားရင်တော့ မိခင်ရင်ပူတတ်ပါတယ်
8. ကိုယ်ဝန်ဆောင်ချိန် ကော်ဖီသောက်ရင် ကလေးမှာ ညိုမဲ စွဲတတ်တယ်တဲ့ အဲ့ဒါလည်းအယူမှားပါယကော်ဖီကို လုံးဝဖြတ်စရာမလိုပါဘူး တစ်ရက် ၈အောင်စ ရှိတဲ့ ခွက်ကို ၁ခွက်ခွဲ လောက်သောက်နိုင်ပါတယ် အများကြီးတော့ မသောက်ရပါ
9.ကိုယ်ဝန်ဆောင်ချိန် အရက် တို့ beerတို့ နည်းနည်းပါးပါး တော့ သောက်လို့ရပါတယ်ဆိုတာ လည်းမယုံသင့်ပါ
Alcohol ဟာ ပမာဏ အနည်းငယ်ပင်လျှင် ကလေးအတွက်မကောင်းပါ
10. Morning sickness ကိုယ်ဝန်ဆောင် ပျို့အန်ခြင်းဟာ တစ်ရက်လုံး ဘယ်ချိန် နေနေ ဖြစ်တတ်ပါတယ်
မနက်ပိုင်းပဲ ပျို့အန်တတ်တယ်ဆိိုတာ အယူမှားပါ
11. ကိုယ်ဝန်ဆောင်ချိန် ဆံပင်ဆေးမဆိုးရ ဆိုတာလည်း ဆေးဆိုးလို့တော့ရပါတယ် ဒါပေမယ့် ပထမ ၃လပါတ် ကျော်မှ ဆိုးတာ အန္တာရယ်ကင်းမှာပါ
12. ကိုယ်ဝန်ဆောင်သည်ကို ကလေးမွေးရလွယ်အောင် အဝတ် လျော်ရမယ် ကြမ်းကို ထိုင်တိုက်ရမယ် ဆိုတာ အယူဆအမှားတွေပါ
အိမ်မှုကိစ္စလုပ်နိုင်ပါတယ် ကိုယ့်ခန္ဓာဝန် နိုင်သလောက်ပဲ လုပ်ပါ အရမ်းကွေး တာ ညွှတ်တာဟာ အမေတွေ မှာ ခါးနာခြင်းကို ဖြစ်စေမှာပါ
13. ကိုယ်ဝန်ဆောင်ချိန် ငါးနဲ့ ပင်လယ်စာ လုံးဝမစားရဘူးဆိုတာလည်းအယူမှားပါ
မာကျူရီများတဲ့ ငါး ( ငါးမန်း ၊ bigeye tuna ၊ swordfish) စတဲ့ ငါးတွေက လွှဲလို့ စားနိုင်ပါတယ်
ငါးစားပေးခြင်းဟာ ကလေးစောမွေးနိုင်နှုန်းကိုလည်းကျစေပါတယ်
14. နွားနို့ နဲ့ Saffron ၊ လိမ္မော်သီးစားရင် ကလေး
အသားဖြူတယ်ဆိုတာ လည်းအယူမှားပါ
ကလေး အသားရည်ဟာ မျိုး ရိုးဘဗီဇမှာ ပါလားပြီးသားမို့ ဖြူအောင် မဲအောင်လုပ်၍မရပါ
ပထမ ၃လပါတ်မှာ Saffronအများကြီး စားမိရင် ကလေးပျက်ကျတတ်ပါတယ်
15. ဗိုက်ကလေးကို ပွတ်ပေးရင် ကလေးပျက်ကျတတ်တယ်ဆိုတာလည်ူ အယူမှားပါ
Babyလေးဟာ ၁၀ပါတ်လောက်ဆို အထိတွေ့ကို ခံစားတတ်နေပါပီ
မေမေရဲ့ အထိအတွေ့ဟာ baby လေးကို နွေးထွေးစေမှာပါ
တခြားအယူမှားတွေ အများကြီးရှိပါသေးတယ်
ကိုယ်လက်လှမ်းမှီသလောက်လေးရေးထားပေးတာပါ
အရင်တုန်းက လူတွေဆို ဆိုတာကို မယုံပဲ လက်တွေ့ကျကျ လေ့လာပါ စာဖတ်ပါ ကိုယ့် OG နဲ့တိုင်ပင်ပါနော် မေမေတို့ရေ
04/05/2024
ကိုယ်ဝန်ဆောင် ဟော်မုန်းများနှင့် ပါတ်ဝန်းကျင်
ကိုယ်ဝန်ဆောင်မိခင်တွေဟာ Mood swings လို့ခေါ်တဲ့ စိတ်ခံစားချက် အပြောင်းအလှဲ တွေ ခံစားရတာဟာ သဘာဝတရားက ဟော်မုန်းအပြောင်းအလှဲတွေ ဖြစ်စေလို့ပါ
ကိုယ်ဝန်ဆောင်ချိန်မှာ estrogen တွေ နဲ့ progesterone level တွေ တက်ပြီး ဦးနှောက်ထဲ က ခံစားချက်တွေကို ထိန်းချုပ်ပေးတဲ့ dopamine တို့ serotonin တို့ကို သက်ရောက်မှုတွေ ဖြစ်စေပါတယ်
ထို့ကြောင့် မေမေများဟာ ညည အိပ်မပျော်ခြင်း၊ စိတ်လှုပ်ရှားနေခြင်း၊ နည်းနည်းလေး လုပ်လိုက်တာနဲ့ နှုံးချိ မောပန်းနေခြင်း တို့ကို ခံစားနေရတတ်ပါတယ်။ ပထမပါတ် ကိုယ်ဝန်ဆောင် ချိန် ၃လ မှာပိုမို ဆိုးရွားနေတတ်ပါတယ် ။ပျို့အန် နှုံးချိနဲ့ အိပ်ပဲ အိပ်နေချင်တတ်ပါတယ်။
ဒီလိုချိန်မှာ မေမေတို့ဟာ ပါတ်ဝန်းကျင်ရဲ့ အားပေးဖေးမမှု လင်ယောကျာ်းသားရဲ့ အားပေးဖေးမမှုကို လိုအပ်နေတတ်ကြပါတယ်
ငါတို့တုန်းကလည်း ကိုယ်ဝန်ဆောင်တာပဲ လို့ ပါတ်ဝန်းကျင်က ပြောတတ်ကြပါတယ်။ ခုခေတ်မေမေ များဟာ ရာသီဥတုဒဏ်၊ ပိုးသတ်ဆေးဝါးတွေ၊ လေထုညစ်ညမ်းမှုတွေ ကို အရင်ခေတ်မေမေတို့ထက် ဆိုးဆိုးရွားရွားခံကြ ရပါတယ်။ဒါ့ကြောင့်လည်း ကလေးရဖို့ခက်ခဲလာတတ်ကြတယ် ကိုယ်ဝန်ပျက်ကျနှုန်းများလာကြတယ်။ တစ်ဦးနဲ့ တစ်ဦး ခန္ဓာချင်းမတူသလို ကျန်းမာရေးချင်းလည်းမတူကြပါဘူး
ခုလို မေမေ တွေကို အားငယ်စေမယ့် စကားတွေ မပြောမိစေပဲ ဖေးမ ပေးကြပါလို့ တိုက်တွန်းရင်း....
04/05/2024
ဒီ page ဟာ ကိုယ်ဝန်ဆောင် မိခင်တွေ ကလေးမွေးထားတဲ့ မေမေ တွေ အမျိုးသမီးတွေ အတွက် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး ဗဟုသုတတွေ ခံစားချက်တွေ ကို မျှဝေ ပေးလိုတဲ့ ဆန္ဒလေးနဲ့ ဖွင့်ဖြစ်သွားတာပါရှင်
Click here to claim your Sponsored Listing.
Category
Website
Address
Lashio