JJ + Size Fashion & OS
Follow Me
Online Shop လဲ မလုပ်တော့တာကြာပြီမို့ ဒီ Page ကို Name Changeချင်ပေမဲ့ ခုထိ မလုပ်တတ် အဖြေရှာမရသောမိမိ🙄
11/01/2025
ရုတ်တစ်ရက်လေဖြတ်ရင်ပြုစုနည်း တဲ့
21/08/2024
သင့်အသက်ကိုကယ်တင်နိုင်မယ့်ဗဟုသုတ(၅)ခု
Photos
15/08/2024
သုံးရောင်ခြယ် ကောက်ညှင်းပေါင်းဆိုလို့
မစားဖူးဘူးအထင်နဲ့ မှာစားလိုက်တာ
ရောက်လာတော့👇👇👇
အရမ်းချစ်တယ် ထားမသွားဘူးတောင် ယုံခဲ့သေးတာပဲ
အေးဆေးပေါ့😬😅😂
17/06/2024
ကိုယ်ကြိုက်တဲ့ ပုံလေး တွေ လာ save တာ😁
photos
02/06/2024
Tulip ပန်းလေးတွေနဲ့ Ph cover photo လှလှလေးထားချင်သူများအတွက်😍
original creators
31/05/2024
You are you.I am me.You don't know about me.Don't judge my life .
05/05/2024
ပန်းပွင့်ပုံလေးတွေ Wallpaper လှလှ လေးထားချင်သူတွေအတွက်😍
20/02/2024
လူတစ်ယောက်ကသူ့ရဲ့ဖြူစင်တဲ့မျက်နှာဖုံးဘာလို့ကွာကျသွားလဲသိလား?
သူ့အပေါင်းအသင်းတွေမစစ်မှန်လို့ဘဲ...
အကျိုးလိုလို့ညောင်ရေသွန်းခံရတာရှိတယ်...
ခိုင်းကောင်းတဲ့နွားမှန်းသိလို့ပေါင်းတာရှိတယ်...
သုံးစားရလို့
သုံးလို့ရနေသေးလို့
သုံးလို့ရတဲ့အရည်အချင်းရှိလို့
အလကားပါ...ငါနိုင်ပါတယ်ဆိုတဲ့ရိုက်ပေါက်နဲ့တစ်ချို့ရှိတယ်...
နားလည်သည်းခံမူကို...လှေကားထစ်လုပ်လိုက်တာပေါ့လေ...
တစ်ချို့ကျတော့လဲ အောက်ဖဲ၊ဝှက်ဖဲ လှန်ချင်လို့ လာရောတာ...
တစ်ချို့ကျတော့ လဲ ကိုယ့်ကိုမယှဥ်နိုင်လောက်အောင်သိမ်ဖျင်းနေလို့ကျရှုံးမူကိုစောင့်ဆိုင်းဖို့လာရောတာ...
ဒါကြောင့် လူတစ်ချို့က တိတ်ဆိတ်သွားတယ်...
အပြုံးအရယ်နည်းသွားတယ်...
ပိုပြီး လျို့ဝှက် တတ်လာတယ်...
ပိုပြီး နေထိုင်တတ်လာတယ်...
ပိုပြီး..ဆက်ဆံရေးတွေ ကျဲ တတ်လာတယ်...
အရင်လို ခရေစေ့တွင်းကျ ဟက်ဟက်ပက်ပက် ရှင်းရှင်းဘွင်းဘွင်းတွေသူ့ဆီမမျော်လင့်နဲ့တော့ ပြန်မရနိုင်တော့ ဘူး
ပြောင်းလဲသွားတယ်နော်တဲ့
မာနကြီးသွားတာလား တဲ့
အဟင့်☺
ထင်ချင်သလိုသာ ထင်လိုက်...
ငါကတစ်ယောက်ထဲလဲတောက်ပတဲ့မိန်းကလေးဖြစ်နေပြီ..😊
20/02/2024
မဟုတ်ဘူး ကွင်းစကွင်းပိတ်နဲ့() ဘာသာပြန်တဲ့ဟာမတွေက ဘာဖြစ်ချင်ကြတာလဲ ဟမ်?🙄
05/02/2024
တိဗက်က သိုးအရမ်းမွေးတယ်။ သိုးတွေကို ဝံပုလွေက လာလာစားတော့ သိုးအုပ်ပိုင်ရှင်က လာစားတဲ့ ဝံပုလွေကို သတ်ဖို့ ညဖက်စောင့်တယ် ။ အဲ့ဒီမှာ အဖြစ် တစ်ခုသွားတွေ့တယ် ။ ညဖက် ဝံပုလွေလာခါနီး သိုးတွေက အနံ့ကြိုရတယ်။ ဂဏာမငြိမ်တွေဖြစ်တယ်။ အော်တယ် ဟိုပြေးသည်ပြေးလုပ်ကြတယ်။
ခဏနေတော့ ဝံပုလွေဝင်လာတယ်။ အေးအေးဆေးဆေးပဲ ဝင်လာတာ။ တစ်ကောင်ထဲပဲ။ သိုးတွေမှာ အော်ပြီး ပြေးကြတယ်။ တစ်ခြံလုံးကို ညံနေတာပဲ။ တကယ်က သိုးအုပ်က ရာချီတယ် အများကြီးပဲ။ တစ်ကောင်တစ်ချက်တက်နင်းရင်ကို ဝံပုလွေ အစအနရှာရမှာမဟုတ်ဘူး။
ဒါပေမယ့် ဝံပုလွေ အနားကို မကပ်ဘူး။ ဝံပုလွေကို မထိရဲဘူး။ အချင်းချင်းပဲ တိုးကြဝှေ့ကြတယ် အချင်းချင်းပဲ တက်ကြနင်းကြတယ်။ ငယ်သံပါအောင်ပဲ အော်နေကြတယ်။ ခဏနေတော့ ဝံပုလွေက သိုးတစ်ကောင်ကို ဖမ်းကိုက်တယ်။
အဖမ်းခံရတဲ့ သိုးခမြာ အော်လိုက်တာ !
ဘေးကသိုးတွေက ကြည့်နေတယ် !
အဖမ်းခံရတဲ့သိုးခမြာ သွေးတွေရွှဲပြီး
ရုန်းလိုက်ကန်လိုက်တာ !
ဘေးကသိုးတွေ ကြည့်နေတယ် !
ခဏနေတော့ အဖမ်းခံရတဲ့သိုး သေသွားတယ် !
အသံငြိမ်သွားတယ် !
ဘေးကသိုးတွေလဲ အသံငြိမ်သွားတယ် !
ဝံပုလွေဟာ သိုးအုပ်အလည်မှာ ကျကျနနထိုင်ပြီး
သူဖမ်းထားတဲ့သိုးကို အေးအေးဆေးဆေး ထိုင်စားတယ်။ ဘေးက သိုးတွေက လဲ မြက်လေးဝါးတဲ့သူကဝါး
ချောင်လေးမှာခွေတဲ့သူကခွေ ဖြစ်ကုန်တယ်။
ခဏကြာလို့ ဝံပုလွေက စားသောက်ပြီး ဗိုက်ဝလို့
ပြန်ထွက်သွားတဲ့အချိန်မှာ တချို့သိုးတွေက ပြန်အိပ်ပြီး ဟောက်တောင်ဟောက်နေပြီ။
သူတို့စိတ်ချတယ်လေ ဒီနေ့တော့ ငါမဟုတ်ဘူး။ ငါအစားမခံရဘူး။ တခြားအစားခံလိုက်ရတဲ့သိုးဟာ ငါမဟုတ်ဘူး
ငါနဲ့မဆိုင်ဘူး။ နောက်နေ့ဝံပုလွေလာရင် ငါမဟုတ်ဖို့ပဲ အရေးကြီးတယ်။ငါနဲ့လွတ်အောင်ငါနေမယ်။ ဝံပုလွေမမြင်ဖို့ မမိဖို့ပဲ လိုတယ်။ ဝံပုလွေမမိဖို့ တခြားသိုးကို နင်းဆိုလဲနင်းမယ်။ ဝှေ့ဆိုလည်း ဝှေ့မယ် ဝံပုလွေကိုတော့ ကြည့်တောင်မကြည့်ရဲ ထိတောင်မထိရဲ ငါနေမယ်။ဒါဟာ တိရိစ္ဆာန်လောကမှာတော့ ဖြစ်နေကျပါပဲ။ မထူးဆန်းပါဘူး။
ဒါပေမယ့်ဒီလိုအဖြစ်မျိုး လူတွေကြားမှာ ဖြစ်လာရင်တော့ အတိုင်းထက်အလွန် ဝမ်းနည်းစရာပဲ။ ကျွန်တော်တို့က လူတွေမဟုတ်လား။ ဒါပေမယ့် အလွန်ကို စိတ်မကောင်းစရာပါ။ ခုလူတွေကြားမှာ သိုးတွေ တွေ့ရပါတယ်။
အချင်းချင်းနင်းတဲ့သိုးတွေ !
ချောင်လေးမှာ ကပ်နေတဲ့သိုးတွေ !
ဝံပုလွေစာ ကိုယ်မဖြစ်ဖို့အရေး !
တခြားသူကို ထိုးကျွေးနေတဲ့သိုးတွေ !
ဝံပုလွေကိုငဲ့ပြီး အချင်းချင်း လက်နက်နဲ့
ရန်ပြုပေးချင်တဲ့သိုးတွေ !
ဝံပုလွေကို ကာကွယ်နေတဲ့သိုးတွေ !
ဖြစ်ရလေဗျာ။ ကျွန်တော်တို့က လူတွေလေ သိုးတွေမှ မဟုတ်ဘဲ။ လူနဲ့ တိရာစ္ဆာန် မှာ ကွာတာက
အသိဉာဏ် စဉ်းစားဉာဏ်ပဲ ရှိပါတယ်။ စဉ်းစားဉာဏ်မရှိပဲ မဆင်ခြင်ဘဲ လုပ်နေမယ်ဆိုရင် လူဟာ တိရိစ္ဆာန်နဲ့မကွာတော့ပါဘူး။
ပြီးတော့လေ တိရိစ္ဆာန်ဝံပုလွေက သိုးကိုသတ်တာ လောလောဆယ် သူစားဖို့ပဲ သတ်တာ သိလား။ သူတစ်ကောင်နဲ့ဗိုက်ဝရင် ဆက်မသတ်တော့ဘူး။ လူဝံပုလွေကတော့
ငါ့ဖို့ ငါ့သားသမီးဖို့ ငါ့မြေးဖို့ ငါ့မြစ်ဖို့နဲ့ လောဘက ဘယ်တော့မှ အတောမသတ်ဘူး။
ဒါအတွက်သတ်ရမယ်ဆိုလဲ တစ်ရာနှစ်ရာ တစ်ထောင်နှစ်ထောင် သူဂရုစိုက်မှာမဟုတ်ဘူး။ စဉ်းစားဖို့ပါ။
နိုင်ငံအသီးအပွင့် 70% လောက်ငါယူမယ်။မင်းတို့ကျန်တဲ့ပြည်သူတွေက ကျန်တဲ့ 30% လောက်ကိုခွဲယူကြကွာ။ အဲ့ဒီမှာ အချင်းချင်း နင်းချင်နင်းကြ၊ ကောက်ကျစ်ချင်ကောက်ကျစ်ကြ၊ ယုတ်မာချင်ယုတ်မာကြ၊ အချင်းချင်း နိုင့်ထက်စီးနင်းလုပ်ချင်လုပ်ကြ၊ အချင်းချင်းခေါင်းပုံဖြတ်ချင်ဖြတ်ကြ ဆိုပြီးအုပ်စိုးတာကို အရိုးအရင်းကိုက်ရလည်း မနည်းဘူးဟ ဆိုပြီး ပြည်သူချင်းချင်းပဲ ရမယ်ရှာချင်တဲ့သူတေပဲ များနေရင်တော့လည်း ကျွန်တော်တို့နိုင်ငံရဲ့ ကံပေါ့ဗျာ။
တစ်ခုတော့ရှိတယ်။အခုတက်ကြွလှုပ်ရှား စစ်အာဏာရှင်ကို ဆန့်ကျင်နေကြသူတွေ အထူးသဖြင့် လူငယ်တွေ
ဟာ မှတ်သားတတ်တဲ့စိတ်ရှိတယ်ဆိုတာ မမေ့ကြပါနဲ့။ သမိုင်းက ခင်ဗျားတို့ အလုပ်တွေကို မှတ်တမ်းတင်ထားပါလိမ့်မယ်။
ကျတော်တို့လည်း မမေ့ကြပါဘူး။
#ကြိုက်ရင်copyယူပါ
ေးရန်မလိုပါ
Click here to claim your Sponsored Listing.
Telephone
Website
Address
Loikaw