Phyoe Skincare Collections
စျေးနှုန်းမှန်ကန်စွာနဲ့ Authenticဖြစ်တဲ့ပစ္စည်းတွေကိုသာရောင်းပါသည်
28/09/2026
Instock🫶
📌Celimax Retinal Shot Dual Creamရဲ့Full Reviewလာပါပြီ။
အရင်ဆုံးပြောချင်တာကအရမ်း အရမ်းကောင်းပါတယ် ဘာကြောင့်သဘောကျရလဲဆိုတာကိုHanတစ်ချက်ချင်းပြောပြသွားမယ်။ သူ့ကိုtubeတောင့်booster ထက်ကိုအများကြီးပိုသဘောကျတယ်။ ဘာကြောင့်လဲဆိုတော့ညဖက်လိမ်းအိပ်ပြီးသွားရင်သုံးရက်လောက်ဆိုအသားရည်ကBaby skinလေးဖြစ်ပြီးအိအိလေးဖြစ်သွားတာ အထူးသဖြင့်ချွေးပေါက်ကျယ်တဲ့သူတွေtryကြည့်သင့်တယ်။ အဓိကMain ingredient အနေနဲ့Retinal 0.05%ရယ် Matrixyl 3% ရယ် Panthenol 5%ပါတယ်။ အရင်ဆုံးပြောချင်တာက Retinal က 0.05%ဖြစ်တာအတွက်ကြောင့်Concentrationပြင်းတဲ့ထဲမှာမပါတာမို့လို့ Retinal လို Vitamin-A ကိုအခုမှအသားရည်နဲ့ထိတွေ့မဲ့beginner တွေနဲ့အရမ်းfriendly ဖြစ်တယ် ဘာလို့လဲဆိုတော့ Celimaxရဲ့ Retinal shot booster (Tubeတောင့်) မှာပါတာက Retinal 0.1% ပါ။ လက်လွန်ကြက်သွန်သုံးမိရင်Skin barrierအတွက်စိုးရိမ်ရတယ်။ နောက်ပြီးတော့ ဒီDual creamမှာပါတဲ့ Matrixyl ကအသားရည်ရဲ့Skin collagenကိုboostလုပ်ပေးနိုင်တဲ့ingredient တစ်မျိုးဖြစ်ပါတယ်။ နောက်ပြီးတော့ Panthenol 5% ကလည်းRetinal ရဲ့ effect ကိုထိန်းပြီးတော့တစ်ဖက်တစ်လှမ်းကနေအသားရည်အစိုဓာတ်အတွက်Supportiveဖြစ်တာမျိုးဖြစ်ပါတယ်။ A-Shot™ Technology ကလည်းသူတို့ရဲ့Exclusive ဖြစ်တဲ့နည်းပညာဖြစ်ပြီးတော့ Liposomed Retinal ဖြစ်ပါတယ်။ သူကတစ်ခုရှိတာကသုံးမယ်ဆိုမသုံးခင်ခင်မှာဘူးကိုအားနဲ့ခါပေးဖို့လိုတယ် မဟုတ်ရင်အပြာရောင်creamတစ်ခုပဲထွက်မှာပါ။ သုံးပြီးရင်လည်းဘူးကိုထောင်ထားပါ ဘူးကိုညှစ်တဲ့အခါမှာလည်းဘူးအလယ်ကနေညှစ်ဖို့လိုပါတယ်။ အဲ့တာကလက်ရှိသုံးနေတဲ့Userတော်တော်များများကြုံတွေ့နေရတဲ့အခက်အခဲတစ်ခုပေါ့နော် ညှစ်တဲ့အခါအားနဲ့ညှစ်ချပါ တွန့်ဆုတ် တွန့်ဆုတ်နဲ့ညှစ်ရင်အပြာရောင်နဲ့အဝါရောင်Creamနှစ်ခုကဆတူမဖြစ်ပါဘူး။
ဟန်ကတော့သူ့ကိုMoisturizerနေရာမှာအစားထိုးပြီးလိမ်းပါတယ်။လိမ်းတဲ့အခါမှ2ခါညှစ်စာကိုတစ်မျက်နှာလုံးလိမ်းပါတယ် သူကRich cream texture မျိုးဖြစ်တဲ့အတွက်လိမ်းပြီးတဲ့အခါမျက်နှာပေါ်မှာလိမ်းထားမှန်းတော့သိရတယ် မိနစ်ပိုင်းကြာမှအသားထဲစိမ့်ဝင်တဲ့ပုံစံမျိူးပါ။ Hydroxy acid family products တွေနဲ့တွဲသုံးလို့မရပါဘူး။ ကိုယ်ကSensitive ဖြစ်တဲ့အသားရည်ဆိုရင်တော့စလိမ်းတဲ့အခါတစ်ရက်ခြားတစ်ခါလိမ်းပါ အသားရည်နဲ့used toဖြစ်သွားရင်တော့ညတိုင်းလိမ်းလို့ရပါပြီ။ ဟန်ရေ သူ့ရဲ့ Boosterနဲ့ရောတွဲသုံးလို့ရလားလို့မေးရင်ရတယ် ဟန်လည်းစမ်းပြီးtryထားတယ် ဒါပေမဲ့dailyမရဘူးနော် တွဲသုံးမယ်ဆိုရင်တစ်ပတ်မှာ3ခါလောက်ပဲလိမ်းတာပိုကောင်းတယ်။ သေချာစွဲပြီးလိမ်းရင်အသားရည်ကသိသာတဲ့resultကိုရပါတယ်။ သေချာတာကဒီCreamက အသားရည်ပေါ်မှာဖောဖောသီသီလိမ်းရတဲ့Creamမျိုးဖြစ်ပါတယ်။ အများကြီးမလိမ်းချင်ရင်လည်း1 pumpလောက်နဲ့မျက်နှာတစ်ခုလုံးအနှံ့လိမ်းလည်းရပါတယ်။ တွဲလိမ်လို့အကောင်းဆုံး Serum / Toner တွေကတော့ PDRN , Niacinamide နဲ့ HA products တွေပဲဖြစ်ပါတယ်။
စျေးကတော့ 69500ks ပါ လိုချင်တယ်ဆိုရင်Celimax Myanmar မှာဝယ်လို့ရပါတယ်။ Han ဝယ်ခဲ့တာက The Beauty Room ကပါ။
Disclaimer - No sponsored to write this post! I bought with my own money.
27/09/2026
Instock 🫶✨
ခရီးသွားတုန်း ရှုပ်ထွေ ကြမ်းထော်နေတဲ့ဆံသားကိုပုံကျအောင်ကယ်ပေးခဲ့တဲ့အသက်သခင်ကျေးဇူးရှင်🥰🥰🥰
ခရီးသွားတုန်း လေထိ/ မိုးထိ ရှူပ်ထွေးပွထ ကြမ်းထော်နေတဲ့ အခြေနေမျိူးမှာတောင် လျော်ချလိုက်တာနဲ့ အိပြီးပျော့စင်းးတဲ့ဆံသားကိုပြန်ရစေတယ်။
ဘယ်လောက်ကြမ်းထော် ရှူပ်ထွေးရှင်းမရဖြစ်နေပါစေ သူနဲ့တစ်ခါလောက်လျော်ကြည့်။
တစ်ခါတည်းနဲ့ကိုသိသာတယ်။
ဆံသားပျော့ပြီး စင်းးနေစေတယ်ပြောင်နေစေတယ်။ ဆံသားအလေးချိိန်လဲရှိပြီး အနံ့လဲမွှေးနေစေတယ်။စျေးလဲသင့်တယ်🤟🏻
https://shop.tiktok.com/th/pdp/1731722031324563438?_t=ZS-9A3UaMjwi8q
26/09/2026
အရမ်းကောင်းပါသော creamလေး Instock🫶
အလှကုန် နဲ့ ဆေးဝါးရဲ့ ကြားမှာရှိတဲ့ Category တစ်ခုက "Functional Cosmetics" ပါ။ ဒါကို ကိုရီးယားရဲ့ MFDS က သတ်မှတ်ပေးထားတာဖြစ်ပြီး... ဒီလို သတ်မှတ်ခံရဖို့အတွက်ကိုလည်း လိုအပ်တဲ့ % မျိုး ထည့်ပေးရတယ်ပေါ့နော်။
ဒီ Centellian24 ရဲ့ Madeca Cream Time Reverse က Functional Cosmetics ဖြစ်ပါတယ်။
< 미백 · 주름개선 기능성화장품 — Pigment အစက်အပြောက်တွေကို ဖျော့စေ၊ အရေးအကြောင်း သက်သာစေတဲ့ functional cosmetic >
📍미백 လို့ ကြေညာချင်ရင် MFDS အသိအမှတ်ပြု active တစ်ခုကို သတ်မှတ်ပမာဏနဲ့ ထည့်ရတယ်။
- Niacinamide ဆိုရင် ၂-၅%
- Arbutin ဆိုရင် ၂-၅%
- Ascorbyl Glucoside ဆိုရင် ၂%
- Magnesium Ascorbyl Phosphate ဆိုရင် ၃%
- Alpha-Bisabolol ဆိုရင် ၀.၅%
အစရှိသဖြင့်ပေါ့နော်။
📍주름개선 (အရေးအကြောင်းအတွက်) လို့ ကြေညာချင်ရင်လည်း သတ်မှတ် active တစ်ခု လိုပါတယ်။
- Retinol ဆိုရင်၂,၅၀၀ IU/g၊
- Retinyl Palmitate ဆိုရင် ၁၀,၀၀၀ IU/g
- Adenosine ဆိုရင် ၀.၀၄%၊ - Polyethoxylated Retinamide ဆိုရင် ၀.၀၅-၀.၂%
ဒီ Madeca Cream - Time Reverse က သူ့ရဲ့ Ingredient List အရက သူ့မှာ Niacinamide, Adenosine, Retinol သုံးမျိုးလုံးပါတယ်။ အတိအကျ မသိရရင်တောင် သတ်မှတ်ထားတဲ့ % ပါတာကြောင့် လည်း MFDS က Functional Cosmetics အဖြစ် သတ်မှတ်ပေးခဲ့တာ ဖြစ်မယ်လို့ ယူဆလို့ရတယ်ပေါ့နော်။
ဆိုတော့ အိတို့ Review ဘက်ကို လှည့်ရအောင်။ ✨💯
‼️ အရင်ဆုံး ပြောချင်တာက ပါဝင်ပစ္စည်း။
တအားများတယ်။ စုစုပေါင်း (၁၀၈) မျိုး။ Cica နဲ့ ပတ်သက်တာ (၁၂) မျိုး၊ Essential Oil/ အနံ့ဆီနဲ့ ပတ်သက်တာ (၁၉) မျိုး... ဖတ်ရင်း မူးလာလို့ အသေးစိတ်တော့ မရေးတော့ဘူး၊ Label Decoration လုပ်ချက်ကတော့ ရက်စက်တယ်။
‼️ နောက် သူ့ရဲ့ Performance...
တည့်ရင် တအား အာနိသင်ကောင်းတဲ့ Cream ပဲ။ အသားအရေရဲ့ အစိုဓါတ်၊ အဆီဓါတ်ကို ကောင်းကောင်း ထိန်းပေးနိုင်ပြီး၊ သူ့ကိုသုံးရင် သိသိသာသာ ဝက်ခြံ နဲ့ သူ့နောက်ဆက်တွဲတွေ မြန်မြန် တာ့တာပြသွားတဲ့ အာနိသင်ပါ ရတယ်။ လိမ်းရင်း လိမ်းရင်း Skin က ပိုပိုပြီးကောင်းလာတာမျိုး... ဒီ Madeca Cream က လုပ်ပေးနိုင်တယ်။
Texture က ပျစ်ပြီး၊ လိမ်းခါစမှာ ပူတယ်၊ ပြီးတော့ မျက်လုံးတဝိုက်ဆိုရင် တခါတလေ အခိုးဟပ်သလို ခံစားချက်မျိုးရတာရှိတယ်။
အဆီပြန်တဲ့သူတွေဆိုရင် ညဘက်ကိုမှ ရက်ခြားလေး သုံးတာကပိုပြီးတော့ အဆင်ပြေနိုင်တယ်။ အိ အသားအရေပေါ်မှာတော့ ညတိုင်း ဆက်တိုက်သုံးရင် အဖုထချင်သလိုဖြစ်တယ်။ တစ်ရက်ခြားလောက်က ကွက်တိပဲ။ နေ့ဘက်မလိမ်းပါနဲ့၊ ညဘက်ပဲသုံးပါ။
သတိထားရမှာက တစ်ခုက Essential Oils နဲ့ ပတ်သက်တာတွေချည်း အများကြီးပါတာမလို့ အနံ့လည်း ပြင်းသလို၊ ဒီ EO တွေရယ် Limonene, Linalool တို့နဲ့ မတည့်ဘူး Allergy ထတယ် ဆိုတာလည်း ဖြစ်နိုင်ခြေကောင်းကောင်းရှိနိုင်တယ်။
Occlusives လည်း ခပ်များများ ပါတာမလို့ ကိုယ်က Routine ကို မညှိနိုင်ရင်ပဲဖြစ်ဖြစ်၊ ကိုယ့်အသားနဲ့အဆင်မပြေရင်ပဲဖြစ်ဖြစ် ချွေးပေါက်ပိတ်လို့အဆီဖုထတာလည်း ကြုံကောင်းကြုံနိုင်တယ်။
လောလောဆယ်က အိ သုံးနေတာ (၄) ပတ်လောက်ပဲရှိသေးလို့ သူ့ရဲ့ Functional Claims တွေကိုတော့ အတည်ပြုပေးနိုင်တာမျိုး မရှိသေးဘူး။
ဝယ်သင့်လားဆိုရင်တော့ — အိတော့ Worth the hype ဖြစ်တယ်လို့ ဆိုချင်တယ်။ အိအတွက် Barrier Cream လိုမျိုး Perform လုပ်ပေးနိုင်တာမြင်ရပေမယ့်၊ Sensitive Skin မလို့ Barrier Cream အနေနဲ့ သုံးမယ်ဆိုရင်တော့ Recommend မလုပ်ဘူး။ Eczema, Rosacea ရှိနေရင်လည်းရှောင်သင့်တယ်။ Anti-aging Cream အနေနဲ့၊ Sensitive သိပ်မဖြစ်တတ်တဲ့သူတွေအတွက်ကတော့ Recommend လုပ်တယ်။
ဒါပါပဲရှင်။
Transparency Statement: Bought with my own money. Not gifted or provided by the brand or a seller. No brand affiliation, no sponsorship, no affiliate links. Written after four weeks of use.
22/09/2026
2မျိုးလုံး ရ🫶
ဒီနှစ်ခုကို dailyမသုံးဖြစ်ဘူး
Emergency timeအတွက်အမြဲဆောင်ထားရတယ်
လက်ထဲရောက်ကာစကတော့
အသကုန်သုံးခဲ့တာ
Performance တပေါက်ကိုသိသွားတော့
အမြဲ ready ..stand byအတွက်
ဖယ်ထားရတယ်
Breakout ဖြစ်လွယ်တဲ့skin
မကြာခန skincare update တွေစမ်းတယ်
Biotin မှီဝဲနေရတော့
ဝက်ခြံနဲ့ကိုယ်က ခွဲလို့တောင်မရဘူး
ထစ်ခနဲရှိမျက်နှာကြီးယောင်နေတာ
Irritationတွေဖြစ်ပီး
ဝက်ခြံဖုတွေနဲ့ မိတ်ကပ်လိမ်းဖို့အဆင်မပြေ
အဲ့လိုနေ့ရက်တွေဆို ခပ်ထူထူလိမ်းအိပ်
မနက်ဆို အယောင်ကျနေပီ
ပေးရတဲ့စျေးနဲ့ တန်တောင်တန်မနေဘူး
ပြောလို့ပြောတာမဟုတ်ဘူး
TSOက customer ပေါ်မှာ
တကယ်တော့စေတနာထားတယ်
(ဒါကတော့ appreciate လုပ်ပေးတာ)
Budget itemsတွေထွက်တာဆိုပေမယ့်
တကယ် ထိထိရောက်ရောက်ဖြစ်အောင်
အမြဲတကွက် ပြပြပေးနေတာ
Soone’ကတော့ 💚🩷seriesနှစ်ခုလုံးtryဖူးတာ
နှစ်ခုလုံး တော်တော်လေးသုံးကောင်းပီး
ပြောရင်ပြောသလို အလုပ်လုပ်ပေးတဲ့
skincare seriesတွေ
Texture ကစလို့ performance & Results ထိ
မိုးကြိုက်တဲ့ Brandထဲပါတယ်
Yoon Skinကတော့ လေးငါးမျိုးပဲtryဖူးတယ်
But ဒီကရာသီဥတု အသားအရေအမျိုးအစားတွေကို သေချာ research လုပ်ပီး
Customers လက်ထဲပို့ပေးထားတယ်လို့မြင်မိတယ်
21/09/2026
Instock 🥰
ရက်ပိုင်းအတွင်းကို skin tone လေး သိသိသာသာ ညီလာပြီး လင်းထင်းလာစေတဲ့ Purito Seoul ရဲ့
TXA6 NIA10 RETINAL Serum ကို ငုံး သုံးတာ တစ်ပတ်ကျော်ပဲ ရှိသေးပေမယ့် မနေနိုင်တော့လို့ လာပြောပြတာဗျ 🤫
✨ Tranexamic Acid 6% နဲ့ Niacinamide 10% ဆိုတဲ့ combination ကြီးက အမဲစက် ၊ အမာရွတ်နဲ့ uneven skin tone ပိုင်းအတွက် တော်တော်စိတ်ဝင်စားစရာကောင်းတဲ့ အပြင်ကိုမှ
ဒီဘူးလေးထဲမှာ လိမ္မော်ရောင် capsule လေးတွေ မြင်ရတယ်နော် အဲ့ဒါလေးတွေက Encapsulated Retinal လေးတွေပါဗျ Retinal 25 ppm ပါလို့ pigmentation care လုပ်ရင်း skin texture နဲ့ fine lines ပိုင်းကိုပါ တစ်ခါတည်း care လုပ်ပေးနိုင်အောင် formula ချထားတာမျိုးဗျ
✨ Retinal က 25ppm ပဲဆိုတော့ beginner friendly ဖြစ်တယ်လို့ ပြောရမယ် irritation ဖြစ်စေတာမျိုး မရှိဘဲနဲ့ Encapsulated ဖြစ်တဲ့အတွက် stable ဖြစ်ဖြစ်နဲ့ skin ပေါ်မှာ ထိထိရောက်ရောက် delivery လုပ်ပေးနိုင်တယ်
ဒါပေမယ့် official website မှာပါ တစ်နေ့ တစ်ကြိမ်ပဲ သုံးပါလို့ ပြောထားတော့ ငုံးကတော့ ညဘက် သုံးဖို့ပဲ recommend ပေးတယ်ဗျ
SPF အပိုင်းကိုလည်း အထူးဂရုပြုရမယ်နော်
✨ Texture ကတော့ serum ဆိုပေမယ့် ခပ်ကျဲကျဲဖြစ်တယ် Retinal Capsules လေးတွေပါ လိမ်းရမှာဆိုတော့ သုံးတိုင်းမှာ shake လုပ်ပေးရတယ်ဗျ Hydration တော့ အားမရလို့ အပေါ်ကနေ သေချာ moisture lock လုပ်ပေးမယ့် moisturizer မျိုးနဲ့ တွဲသုံးစေချင်ပါတယ်ဗျ
✨ Formula ထဲမှာ Ceramide NP, Centella, Allantoin, Bisabolol တို့ပါသေးလို့ active serum ဖြစ်ပေမယ့် skin ကို soothe လုပ်ပေးမယ့် ingredients တွေလည်း တစ်ခါတည်း ထည့်ထားတာတွေ့ရတယ်
✨ အထူးသဖြင့် အမဲစက်၊ ဝက်ခြံအမာရွတ် နဲ့ uneven skin tone တွေကို အဓိကထားပြီး care လုပ်ချင်တဲ့သူတွေအတွက် ဖြစ်တယ် ငုံးကတော့ ရက်ပိုင်းအတွင်း skin tone သိသိသာသာ ကြည်ပြီးလင်းလာတာ အချို့သော spots လေးတွေ မှိန်သွားတာကို သတိထားမိတယ် purging ဖြစ်တာမျိုးလည်း မရှိလိုက်ဘူးဗျ သူက dark spots correcting ပုံစံသွားတာဆိုတော့ အဲ့အပိုင်းကို သေသေချာချာ ဆက်သုံးပြီး စောင့်ကြည့်လိုက်ပါဦးမယ်ဗျ
20/09/2026
Instock✨
18/09/2026
Instock🫶
အိုနှေးချင်တယ် ၊ တစ်သက်တစ်ကျွန်းငယ်ရွယ်နုပျိုချင် အရေးကြောင်းမဖြစ်ချင်ဘူးဆို ရင်နတ်ရေကန်ထဲဆင်းဖို့မလိုဘူး စကင်းကဲရွေးချယ်တာမှန်ဖို့ဘဲလ်ိုတယ်။
ခုလဲ Korean မလေးတွေ ရွေးချယ်မှန် ညွှန်းးကျတဲ့ Eqqual Berry က ခရမ်းဘူးးလေး သုံးဖြစ်နေတယ်။
အသားရေမတင်းရင်း/ချွေးပေါက်ကျယ်/အရေးကြောင်းတွေ ပေါက်စပြုနေပြီးဆို သူလေးကိုသာ သုံးချလိုက်💜
အသားရေကိုတင်းရင်း စိုစိုအိအိလေးဖြစ်စေတယ်။
ချွေးပေါက်တွေလဲကျဉ်းလာစေပြီး အသားရေညက်စမွတ်လာစေတယ်။
အရေးကြောင်းကမဖြစ်သေးပေမဲ့ ပုံမှန်ထက်ဖြစ်နှေးချင်တယ်ဆိုလဲကြိုသုံးထားလို့ရတယ်။
မျက်နှာဘဲကွက်မလိမ်းဘဲ လည်ပင်းပါလိမ်းပေး။
တော်ကြာမျက်နှာတစ်ခုဘဲ ကွက်ပြီး တင်းရင်းနေမယ်။
Texture မစီးကပ်/ လိမ်းရလွယ်/စိမ့်ဝင်လွယ်/ serum ထဲမှာအဖြူအဖတ်သေးသေးလေးတွေပါ။ တစ်ခါလိမ်း ၂ စက်ဘဲ။
https://vt.tiktok.com/ZS9SXYLAx42oc-hD3L8/
Category
Telephone
Website
Address
မတ္တရာမြို့ အမှတ်(၂) ဒင်္ဂါး ရပ်ကွက် ၊ အောင် မုန့်တီဖိုအနီး။
Madaya
Alerts
Be the first to know and let us send you an email when Phyoe Skincare Collections posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.