I'aura Sunscreen & Aloevera Gel
I'aura Sunscreen &Aloe Vera Gel
အဆီကျချင်တဲ့သူတွေအတွက် သဘာဝနည်းလေး😚❤
07/11/2021
ဝက်ခြံတွေ မထွက်အောင် ဒီသုံးချက်ပဲ နေ့စဉ်လုပ်ဖို့လိုတယ်နော်✔️
၁။မနက်တစ်ကြိမ် ညအိပ်ခါနီးတစ်ကြိမ် အစိုဓာတ်ကလေးကျန်ခဲ့ပြီး မျက်နှာခြောက်သွေ့မသွားစေတဲ့မျက်နှာသစ် ကောင်းကောင်းလေးသုံးပါ။
(ကောင်းကောင်းလေးဆိုတာ ဈေးကြီးတာကို မဆိုလိုဘူးနော် ဈေးသင့်ပြီး ကောင်းတဲ့မျက်နှာသစ်လေးတွေ ဈေးကွက်ထဲမှာရှိပါတယ်)မျက်နှာသစ်ပြီးတိုင်း ချွေးပေါက်ထဲက အဆီလေးတွေသန့်ဖို့ အရက်ပျံမပါတဲ့ တိုနာလေးသုံးပေးပါနော်❗️
၂။ သဘာဝပစ္စည်းတွေနဲ့ထုတ်လုပ်ထားတဲ့ Skincare လေးတွေ နေ့စဉ်သုံးပြီး အသားရည်ထိမ်းသိမ်းပါ။
၃။အိပ်ရေးဝအောင် အချိန်မှန်အိပ်ပါ။
ဝမ်းမှန်အောင် အသီး အရွက်များများစားပါ။
အငံ အစပ်နဲ့ အချိုမှုန့်တွေ လျော့စားပါ
အားလုံးပဲ ဝက်ခြံကင်းစင်တဲ့ မျက်နှာလှလှလေးတွေ ပိုင်ဆိုင်နိုင်ပါစေရှင့်❗️
Credit.
05/11/2021
နေပူထဲသွားတာပဲဖြစ်ဖြစ် Skincare steps တွေမှာ Sunscreen ကအရေးအကြီးဆုံး✌
Sunscreen သာမလိမ်းထားရင် နေလောင်ဒဏ်ကြောင့် care ထားတာတွေက သက်ရောက်မှုမရှိပဲ အာနိသင်ပြယ်နိုင်တယ်✅
I'aura Sunscreen က နေလောင်ဒဏ်ကို 8 နာရီကြာ ကာကွယ်ပေးတယ်
မပြာဘူး မကွက်ဘူး မိတိကပ်သားမပါ ❌
Boy & Girl သုံးရတဲ နေကာ✅
Instock✅
09956748461
04/11/2021
“ မျက်နှာသစ်ပြီးမှ သွားတိုက်ပါ ”
သင် နံနက်အိပ်ယာထတဲ့အခါ မျက်နှာသစ်ပြီးမှ သွားတိုက်ပါသလား???
ဒါမှမဟုတ် သွားကို သွားပွတ်တံနဲ့  အရင်တိုက်ပြီး ပလုတ်ကျင်း၊ ခံတွင်း
သန့် စင်ပြီးမှ မျက်နှာသစ်လေ့ရှိသလား။ ဒီလို အကျင့်လုပ်ခဲ့တာကော
နှစ်ပေါင်းကြာပြီလား???
ညအိပ်ပျော်သောအခါတွင် ၀မ်းတွင်းအစာခြေ အင်္ဂါစုများမှာ အနားရလေသည်။
ထိုအခါ အစာဟောင်းအိမ်မှ အပုပ်အခိုးများသည် အကြောများမှတဆင့် အထက်
မျက်နှာ၊ မျက်စိ၊ ဦးခေါင်း အထိ တက်ကြလေသည်။ အစာသစ်အိမ်မှလည်း အစာ
ခြေပြီး ကြွင်းကျန်သည့် အစာခြေဝမ်းမီးခေါ် အက်ဆစ်အခိုးအငွေ့ များသည် လည်
ချောင်းမှတဆင့် သွား၊ သွားဖုံး၊ အာခေါင်များသို့  တက်နေကြလေသည်။
နံနက်ထ၍ မျက်နှာသစ်လိုက်သောအခါတွင် အောင်းနေသော အခိုးအငွေ့ များ
သည် အအေးရှိရာ အပူလာသည်ဆိုသည့်အတိုင်း ရေအေးနှင့် ထိတွေ့ ပွတ်သပ်
ပေးရာ မျက်နှာပြင်သို့  အငွေ့ ပျံပြီး ထွက်သွားကြလေသည်။ ထိုအခါ မျက်စိမှုန်စေ
မည့် အခိုးအငွေ့ များ သွားနှင့် သွားဖုံးတို့ တွင် အောင်းနေသော အခိုးအငွေ့ များ
လည်း ပါသွားကြပြီး ရှင်းလင်းသွားလေသည်။
ထို့ နောက်မှ သွားတိုက်သောအခါတွင် အခိုးကုန်ပြီးသော သွားနှင့် သွားဖုံးတို့ မှာ
ပို၍ သန့် ရှင်းစင်ကြယ်သွားရလေသည်။
မျက်နှာမသစ်ဘဲ သွားတိုက်လျှင် အာခေါင်မှတစ်ဆင့် အပုပ်အခိုးအငွေ့ များသည်
ဦးခေါင်းနောက်စေ့နှင့် မျက်စိအာရုံကြောများအထိ ရောက်သွားခြင်းကြောင့် မျက်စိ
ဝေခြင်း၊ ကြည့်မကောင်းခြင်း၊ အရွယ်မတိုင်မီ မျက်စိမှုန်ခြင်း၊ မျက်မှန်စောစောတပ်
ရခြင်းတို့ ဖြစ်နိုင်လေသည်။
နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ သွား၊ သွားဖုံးနဲ့  ခံတွင်းမှာ
အပုပ်အခိုးရှိရင် အဲဒီ အခိုးအငွေ့ တွေဟာ အာခေါင်ကတဆင့် နှာရိုးရင်းနဲ့  မျက်စိ
အထိတက်ပြီးဒုက္ခပေးတယ်ဆိုတဲ့ တွေ့ ရှိချက်ပါပဲ။ ဒါကြောင့် လူတစ်ယောက်ဟာ
သွားမကောင်းရင် မျက်စိလည်းမွဲတာတွဲပြီး ဖြစ်လေ့ရှိပါတယ်။
“ မဟာစည် ဆရာတော်ကြီးကလည်း မျက်နှာသစ်ပြီးမှ သွားတိုက်ရန် မိန့် ကြား
ခဲ့ဖူးပါသည် ”
မျက်နှာသစ်ပြီးမှ သွားတိုက်ကြပါ...........။
(ကြည်လွင်မြင့်(မုဒြာ)၏ မျက်နှာသစ်ပြီးမှ သွားတိုက်ပါ စာအုပ်မှထုတ်နုတ်ဖော်ပြ
ပါသည်)
အားလုံး သက်ရှည်ကျန်းမာပါစေ 🙏🙏🙏
မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ 🙏🙏🙏
04/11/2021
Sunscreen ဆို I'aura ဖြစ်နေတာ ဘာကြောင့်လဲ?
နေရောင်ခြည်ကလာတဲ့ UV rays တွကနေ ကာကွယ်ပေးတာတင်မဟုတ်❌
နေလောင်ဒဏ်ကြောင့်ဖြစ်စေမယ့် အမည်းစက် အရေးကြောင်းတွေ အသားရေမည်းခြောက်မှုတွေမှလဲ ကာကွယ်ပေးတဲ့နေကာ✅
ဝက်ခြံအဆီဖု တင်းတိပ်သမားတွေအတွက် ပိုအဆင်ပြေစေတဲ့
Boy & Girl သုံးရ
Instock✅
02/11/2021
Skincare တာလဲရောက်ပီး ပေါ့ပေါ့ပါးပါးလေးနဲ့ အဆင်ပြေစေတဲ့ I'aura set လေး
အသားရေခြောက်တတ်တဲ့သူ ဝက်ခြံနဲ့အဆီဖုထွက်တဲ့သူအတွက်အဆင်ပြေစေမယ့်
Mosturizer (gel)💚Collagen လဲပါလို့ အသားရေစိုပြေစေတယ်✅
နေလောင်ဒဏ်တွေကာကွယ်ပေးပီ မျက်နှာော်မှာရှိတဲ့ အရေးအကြောင်းတွေ တင်းတိပ်
အမည်းစက်တွေကိုပါးချင်ရင် Sunscreeen လိမ်းဖို့လိမ်းတယ်✅
အသားရေပြောင်းလဲခြင်းကို ကာကွယိပေးပီး ဝက်ခြံထွက်ခြင်းကို ထိနိးပေးတဲ့
✅
Instock✅
Boy & Girl သုံးရ✅
02/11/2021
ဝက်ခြံတွေခအဆီဖုတွေနဲ့မို့ ဘာမှမလိမ်းချင်အောင်စိတ်ညစ်နေလား?
ဒါဆို ဒီက I'aura sunscreen လေးနဲ့ try ကြည့်✌
နေလောင်ဒဏ်ကာကွယ်ပေးပီး ဝက်ခြံထွက်ပီးကျန်နေတဲ့အမည်းစက်တွေပါ
ပျောက်ကင်းစေတဲ့ နေကာ✅
မင်မင် ကတော့ Sunscreen လေးလိမ်းထားပီး နေပူတည်းလဲသွားတယ်🚶♀️
ချဉ်ငံစပ်တွေလဲစားတယ်😋
အာ့တာ I'aura လေးရှ်နေလို့
တစ္ဘူး 15000
Boy & Girl သုံးရ
Instock✅
01/11/2021
☀️I'Aura Sunscreen ရဲ့ အားသာချက်ကိုပြောပါဆိုရင်✌
✨မိတ်ကပ်သားမပါလို့ လိမ်းလိုက်တိုင်း ပြာခြင်း/ကွက်ခြင်း မဖြစ်စေခြင်း❌
✨Boy or girlသုံးရ✅
✨လိမ်းလိုက်ရင် စေးကပ်မှုမရှိခြင်း❌
✨နေလောက်ဒဏ်မှ ကာကွယ်ပေးခြင်း✅
✨တင်းတိတ်/မှဲ့ခြောက်/ဝက်ခြံ/အမဲစက် ဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း✅
✨Sensitiveသမားတွေအတွက် အဓိကထုတ်ထားတဲ့အတွက်
အသားရေမရွေး ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ခြင်✌
ကဲ...သင်သုံးဖို့ တွေဝေနေချိန်ကြာလေ သင်လှဖို့၁ရက်ပိုနောက်ကြလေ✌
31/10/2021
‼💢 ဝက်ခြံသမားတွေ အတွက် ဝက်ခြံကို ပိုမဆိုးစေတဲ့နည်း
❗ ဝမ်းမချုပ်အောင် လုပ်ပါ။
❗အစားသောက်ပုံစံကို ပြောင်းလဲပါ။
❗ဆီများတဲ့အစားစာနှင့်အစပ်အစားစာတွေကိုတတ်နိုင်သလောက်ရှောင်ပေးပါ။
❗အသီးရွက် ကို များများစားပေးပါ။
❗ရေများများသောက်ပါတနေ့ကိုအနည်းဆုံး2လီတာလောက်လုံလောက်အောင်သောက်ပေးပါ။
❗ကိုယ်က အမြဲလိုလို စိတ်ရှုပ်တတ်တဲ့ သူ ၊ စီတ်ဖိစီးမှု များတဲ့သူ ဆိုရင်အဲ့အကျင့်တတ်နိုင်သလောက်လျော့ပေးပါ။
နောက်ဆုံး အချက်က တော့ အရမ်းအရေးကြီးပါတယ်။
❗ မျက်နှာကို သန့်ရှင်းအောင်ထားပါ။ ****
အဓိက က
ထူတဲ့ မိတ်ကပ်တွေ လိမ်းခြယ်တာကို ရှောင်ပေးပါ။ ❌❌
❗မိတ်ကပ်အလှကုန်တွေမှာ အသားရေကို ယားယံမှု ဖြစ်စေပြီးတော့
ချွေးပေါက်ကို ပိတ်စေတဲ့ အရာတွေ ပါဝင်လို့ ဝက်ခြံကိုပိုလို့ ရောင်ရမ်းစေပါတယ်။
#မိတ်ကပ်ရွေးခြယ်ရာမှာလည်းဝက်ခြံသမားများအတွက်အထူးထုတ်ထားတဲ့ SkinCareကို သာ သုံးစွဲသင့်ပါတယ်။
ဝက်ခြံသမားတွေ အတွက် မိတ်ကပ်ကို ရံဖန်ရံခါ လောက်ပဲ လိမ်းဖြစ်တာ အကောင်းဆုံးပါ။
❌ မျက်နှာ နဲ့ ဝက်ခြံ ရှိတဲ့ နေရာကို လက်နဲ့ တချိန်လုံး မကိုင်ဖို့လည်း အရေးကြီးပါတယ်။ ❌
❗ချွေးပေါက်ပွင့်အောင်လို့ သန့်စင်တဲ့ ရေနွေး သဘက်လေးနဲ့ တပါတ်ကို ၂ကြိမ်-၃ကြိမ် အသာယာ အသုံးပြု နိုင်ပါတယ်။
❗ဝက်ခြံက ပွင့်သွားလို့ရှိရင်လည်း လက်နဲ့ ညှစ်တာမျိုးတွေ မလုပ်ပါနဲ့။
မျက်နှာကို ဝက်ခြံ အတွက် ထုတ်ထားတဲ့ မျက်နှာသစ်နဲ့ သစ်ပေးပါ။
အဲဒါကြောင့်မိုးလိုမျိုးဝက်ခြံပျောက်ခြင်ရင်တော့
ညတိုင်းမိုးလိုskincareပေးနော်
31/10/2021
မျက်နှာပေါ်လုံးဝမတင်သင့်သောအရာများအကြောင်း
********************************************************
ဒီပို့စ်ကိုရေးရခြင်းအကြောင်းက groupတွေထဲမှာ ရော ခွါညို့ကိုလာမေးကြတာရော တွေမှာ DIY တွေ Homemade တွေ နဲ့ ခဏ ခဏ ပြသနာဖြစ်တာတွေ တွေ့လာရလို့ပါ။။
မျက်နှာပေါ် ဘယ်အရာတွေက မတင်သင့်ဘူးလဲဆိုတာ အဆုံးထိကြည့်ပေးပါအုံးနော်။
၁) သံပုရာသီး
***************
- အချဉ်ဓါတ်ပါတဲ့ သံပုရာသီး သံပုယိုသီးစသဖြင့်ပေါ့။
- ဒီ အသီးတွေက vitamin C ကြွယ်ဝစွာ ပါတဲ့ အသီးတွေဖြစ်တာတော့ အမှန်ပါ။
- သို့ပေမယ့် ဒီအသီးတွေဟာ acidic ဖြစ်တဲ့အတွက် မျက်နှာပေါ်လုံးဝမတင်သင့်ပါဘူး။
- အရေပြားစားတတ်ပြီး skin rush ရနိုင်တဲ့အတွက် သေသေချာချာ သတိထားရမှာဖြစ်ပါတယ်။
- မျက်နှာအတွက် သီးသန့်ထုတ်ထားတဲ့ vitamin c တွေကိုသာသုံးသင့်ပါတယ်။
၂) ဆပ်ပြာတုံး
****************
- ဆပ်ပြာတုံး (ကိုယ်တိုက်ဆပ်ပြာတွေဟာ မျက်နှာအတွက်မဟုတ်ပါဘူး။။
- ဆပ်ပြာတုံးတွေဟာ မျက်နှာရဲ့ moisture ဓါတ်ကို ထိစေတာကြောင့် အသားခြောက်ပြီးပျက်စီးတာကိုဖြစ်စေပါတယ်။
- ဆပ်ပြာတုံးလို့ဆိုရာမှာ မျက်နှာအတွက်ထုတ်ထားတာကို ပြောတာမဟုတ်ပါနော်၊
- ကိုယ်တိုက်ဆပ်ပြာကိုတော့လုံးဝသတိထားပါ။
- ခွါညို့တုန်းကတော့ ကာဘော့လိပ်အစမ်းလွန်ပြီး အသားပါလန်တာပါ။
၃) အုန်းဆီ
************
- အုန်းဆီက သဘာဝကပေးတဲ့ အလှအပအတွက် အရမ်းအဖိုးတန်တဲ့ အရာပါ။
- သူ့မှာ Lauric acid အပြည့်ပါဝင်ပါတယ်။
- ဒါပေမယ့် ဒီတိုင်းမျက်နှာပေါ်တင်ဖို့တော့မဟုတ်ပါဘူး။
- သူ့ကိုမျက်နှာပေါ်တင်ရင် အစိုဓါတ်ရတာမှန်ပေမယ့်ချွေးပေါက်တွေကို ပိတ်စေပါတယ်။
- အဲလိုဆို အဆီဖု ဝက်ခြံတွေပြည့်နှက်လာပါလိမ့်မယ်။
- body ကတော့ သုံးလို့ရပါတယ်။
၎) ရေနွေး
***********
- မျက်နှာကိုရက်တိုင်း ရေနွေးနဲ့သစ်တာဟာတော်တော်ကိုအသားရည်ထိခိုက်စေတဲ့ နည်းပါ။
- သူကချွေးပေါက်တွေကိုကျယ်လာစေတဲ့ အပြင် မျက်နှာအစိုဓါတ်ကိုလည်းထိစေပါတယ်။
- အဲဒီအခါ oil glands တွေက အဆီမရှိတော့ဘူးဆိုတဲ့ အသိနဲ့ အဆီဓါတ်ကိုပိုထုတ်ပေးမယ်။
- ဒီလိုကနေ system ကြီးက ကမောက် ကမဖြစ်ပြီး break out တွေဖြစ်လာတတ်ပါတယ်။
- ချွေးပေါက်ကျယ်တာက ကိုယ်တွေ့နော်နှာခေါင်းမှာ ကျယ်နေတာမှစိတ်ပါကုန်တယ်။
- သူများပြောသလို ရေနွေးက ကောင်းတယ်ထင်ပြီးသုံးခဲ့လို့ပါ။
၅) Petroleum jelly’
*********************
- ခွါညိုတို့ မြင်သာအောင်ပြောရမယ်ဆို vasellin gel တို့ကိုဆိုလိုတာပါ။
- ဒီ//ဟာက ခွါညိုတို့ body မှာဆို လိုအပ်တဲ့နေရာ သုံးကြတာ တော်တော်အသုံးဝင်ပါတယ်။
- ဒါပေမယ့် မျက်နှာမှာသုံးရင်တော့ ချွေးပေါက်တွေပိတ်ပြီး အဆီဖု ဝက်ခြံတွေ ပိုးစိုး ပက်စက်ထွက်လာပါလိမ့်မယ်။
၆) Body Lotion
******************
- Body Lotion လို့ရေးထားတာဟာ body အတွက်ဘဲဖြစ်ပါတယ်။
- သူက facial moisturizer တွေထက် ပိုပြီး thick ဖြစ်သလို ပါဝင်တဲ့ ingredients တွေကလည်းမတူကြပါဘူး။
- ဒီတော့ အဆီဖု ဝက်ခြံတွေနဲ့ skin breakout တွေဖြစ်လာနိုင်ပါတယ်။
- မျက်နှာအတွက်ထုတ်ထားသာတာလိမ်းပါ။
- moisturizer ဖိုးသက်သာအောင်လိမ်းခါမှဆင်ဖိုးထက်မြင်းဖိုးကဲဖြစ်နေပါအုံးမယ်။
အဲဒီ ၆ချက်က မျက်နှာ ပေါ်ဘာတွေမတင်သင့်ဘူးလဲဆိုတာပြောပြသွားတာဖြစ်ပါတယ်။
သိချင်တာရှိရင်လည်း comment မှာမေးခဲ့နော်....
လှသထက်ပိုလှကြပါစေရှင်..
ချစ်တဲ့
ခွါညို (Beauty By Emerald) တဲ့အတိုင်း body အတွက်ထုတ်ထားတာပါ။
31/10/2021
Hello ညပိုင်းလေး မျက်နှာ cleansing လုပ်ပီးရင်
ရေဓာတ်ဖြည့်ပေးပီး လိမ်းလိုက်တာနဲ့ အေးအေးလေးနဲ့တညလုံးအိပ်စက်ချင်ရင်😚
Alovera gel လေးကိုဆောင်ထား✅
ဝက်ခြံနဲ့ အဆီဖုပါ ချပ်ပေးတဲ့ Moisturizer (gel type)💚
40ml (price~9900)
Boy & Girl သုံးရ
31/10/2021
Skin Care လိမ်းနည်း
(မနက်ပိုင်းအတွက်)
_________
(၁) Cleanser
(၂) Toner
(၃) Serum
(၄) moisturizer
(၅) Cream (နွေရာသီမှာရှောင်ပါ)
(၆) Skincare finisher
(၇) Sunblock
(၈) Makeup
(ညပိုင်း အတွက်)
_______
(၁) Makeup remover
(၂) Cleanser
(၃) Toner/Mist
(၄) Ampoule
(၅) Serum (essence ထက်ပိုပျစ်ရင်နောက်မှသုံးပါ)
(၆) Sheet mask or gel mask (အေးတဲ့ရာသီမှာနေ့စဉ်သုံးပါ)
(၇) moisturizer(Lotion or Emulsion)
(၈) Night pack or sleeping mask
skin care ဥပဒေသအရ
မနက်ပိုင်းကို
prevention stage လို့ ခေါ်တယ်။
နေလောင်တာ၊ အသားအရေပျက်ဆီးတာကာကွယ်ဖို့ဖြစ်တယ်။
ညပိုင်းကို
repairing stage ခေါ်ပါမယ်။
အရေပြားကို ပြန်လည်ပြုပြင်ဖို့ဖြစ်တယ်။
ဒါ့ကြောင့် ညပိုင်းက step ပိုများသွားတာပါ။
တကြိမ်မှာskin careအဆင့်၂လိမ်းပြီး သုံးရတဲ့ brandတွေ စုံသွားတော့ skin careတမျိုးနဲတမျိုး ပေါင်းသွားပြီး မတည့်တာမျိုးတွေမဖြစ်နိုင်ဘူးလားလို့မေးတတ်သူတွေအတွက်တော့
Skin care တခုနဲ့တခုကြား ၅ မိနစ်ခြားဆိုတဲ့ ဥပေဒသ အမှန်ရှိတယ်။ တချို့က မသိကြတာ။ တချို့က မလိုက်နာနိုင်တာ။ တကယ်တော့ ရောစရာအကြောင်း မရှိဘူး။ အာနိသင်ချင်းမှ မတူတာမို့ပါ လို့ ပြောရပါမယ်။
finisher ဆိုတာ ရှေ့က သုံးထားတဲ့ skin care နဲ့ နောက်မှာဆက်သုံးမယ့် cosmetic ကြားမှာ အလွှာပါးတခု အနေနဲ့ ခြားပေးတဲ့ ပစ္စည်းပါ။
sunblock ပြီးမှ primer >foundation> concealer အဆင့်ဆင့်သုံးလို့ ရပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Taungdwingyi/Taungpyin 1/Hninsi Street
Magway