Beauty Secret
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Beauty Secret, Beauty, cosmetic & personal care, Magway.
14/01/2021
မင်မင်ခုပြောပြမှာကတော့
သဘာဝနည်းလေးနဲ့ဆောင်းတွင်းမှာဖစ်လေ့ဖစ်ထရှိတဲ့
နှာခမ်းကွဲခြင်း/နှာခမ်းသားလန်ခြင်း/နှာခမ်းခြောက်ခြင်းတေကိုသက်သာစေမဲ့နည်းလမ်းလေးပါ
ပထမတကြိမ်လုပ်ရုံနဲ့မသိသာပါဘူးရှင်
တပတ်ကို၂ကြိမ်၃ကြိမ်လောက်လုပ်ပေးရင်တော့
သိသိသာသာအဆင်ပြေလာမှာပါရှင်😍
မင်မင်လည်းသဘာဝနည်းလမ်းကိုမသိခင်တုန်းကတော့
lip balmတေဝယ်တယ်နှာခမ်းနီအဆီတေဝယ်ဆိုးတယ်😖
ဘယ်လိုမှအဆင်မပြေပါဘူးရှင်နှာခမ်းကတော့ခြောက်မြဲခြောက်နေတာပါဘဲ😔
ခုမင်မင်ပြောပြမဲ့သဘာဝနည်းလေးကိုစေချာလိုက်လုပ်ပီး
နှာခမ်းသားလေးတေဖူးဖူးစိုစိုလေးနဲ့လှပလာကြပါစေရှင်😍
1-ရေများများသောက်ပေးပါရှင်(မသောက်ဖစ်ရင်တောင်၃လီတာအထက်သောက်ပေးပါ)
2-အသီးအရွက်များများစားပေးပါရှင့်😍
3-သဘာဝနည်းနဲ့lip balmလုပ်နည်းလေးပြောပြပါမယ်ရှင်
#ပါဝင်ပစ္စည်းများ
1-သကြား(အညိုဖစ်ဖစ်အဖြူဖစ်ဖစ်ရပါတယ်)
2-ပျားရည်
3-ခရမ်းချဥ်သီး
4-vaseline (အပြာ)
အိမ်တွင်းသဘာဝပစ္စည်းတေနဲ့ဆိုတော့အကုန်အကျသ်သာစေပါတယ်
#ပြုလုပ်ပုံ
သကြားလက်ဖက်စားဇွန်းတစ်ဇွန်း
ပျားရည်လက်ဖက်စားဇွန်းတစ်ဇွန်းကို
ပန်းကန်ထဲမှာရောပီးမွှေပါမယ်
ခရမ်းချဥ်သီးတစ်လုံးကိုတစ်ခြမ်းခြမ်းထားပါမယ်
ပီးရင်မွှေထားတဲ့သကြားနဲ့ပျားရည်ကိုခြမ်းထားတဲ့ခရမ်းချဥ်သီးအပေါ်ကိုတင်ပီးနှာခမ်းသားလေးတေအပေါ်မှာ
(၁)မီနစ်ခန့်ပွတ်ပေးပါ
ပီးရင်cotton pad(သို့မဟုတ်)ဂွမ်းစလေးနဲ့
နှာခမ်းသားပေါ်ကိုပွတ်ထားတဲ့သကြား/ပျားရည်နဲ့ခရမ်းချဥ်စီးအရည်တေကိုညင်သာစွာသုတ်ပေးပါ
ပီးရင်cotton pad (သို့မဟုတ်) ဂွမ်းစလေးကိုရေနွေးနွေးလေးမှာစွတ်ပီးနှာခမ်းသားလေးကိုသုတ်ပေးပါ
ပီးရင်vaselineလိမ်းပေးပါ(vaselineကိုမင်မင်ကအပြာရောင်ဘူးသုံးထားပါတယ်ရှင့်တချို့ကlipအတွက်သီးသန့်ဝယ်ထားတဲ့vaselineအနီရောင်သုံးလို့ရပါတယ်နော်)😍
#(မှတ်ချက်။ ။ပျားရည်ကလူတိုင်းနဲ့မတည့်တက်ပါဘူးရှင်
အဲ့တော့ပျားရည်နဲ့မတည့်သူတေကသကြားကိုခရမ်းချဥ်သီးပေါ်မှာဘဲတင်ပီးနှာခမ်းသားကိုပွတ်ပေးပါ😘
ပျားရည်နဲ့တည့်လားမတည့်လားမသိတဲ့သူလေးတေကတော့
ပထမဆုံးပျားရည်ကိုလက်ပေါ်မှာတင်ပီး၃မီနစ်လောက်ထားကြည့်ပါပီးရင်ရေဆေးချလိုက်ပါ
ရေဆေးချပီးတဲ့အချိန်မှာလက်ကနီရဲနေတာစပ်တာအဖုလေးတေဖစ်လာတယ်ဆိုရင်
အဲ့တာပျားရည်နဲ့မတည့်လို့ပါရှင်
နီရဲတာစပ်တာအဖုပေါက်တာမတွေ့ရဘူးဆိုရင်တော့ပျားရည်နဲ့တည့်ပါတယ်ရှင်)
#ခုမင်မင်ပြောပြတဲ့နည်းလေးကိုတပတ်ကို၂ကြိမ်ကနေ၃ကြိမ်အထိလုပ်ပေးလို့ရပါတယ်
ခုနည်းလေးကိုတံတောင်စစ်မဲတာခြေမျက်စိမဲတာဒူးမဲတာတေမှာလည်းအသုံးပြုနိုင်ပါတယ်
မင်မင်ပြောတဲ့နည်လေးကိုလိုက်လုပ်ပီးအဆင်ပြေခဲ့ရင်reviewလေးလည်းတောင်းပါတယ်ရှင်
အဆင်မပြေခဲ့ရင်လည်းchat boxကနေလာရောက်မေးမြန်းလို့ရပါတယ်ရှင့်
14/01/2021
တားမြစ်productsလေးတေပါနော်
အသုံးပြုနေတယ်ဆိုရင်ချက်ခြင်းရပ်ပစ်တာကောင်းပါတယ်ရှင်
ကိုယ်နဲ့ပထမတော့အဆင်ပြေရင်ပြေပါလိမ့်မယ်
နောက်တချိန်ဆိုးကျိုးတေဖစ်လာနိုင်တဲ့အတွက်
သုံးစွဲမှုကိုရပ်တန့်ပစ်တာအကောင်းဆုံးပါဘဲရှင်
13/01/2021
ဝက်ခြံ ပေါက် နေရင် ဒါလေးတွေ မလုပ်ပါနဲ့‼️‼️‼️‼️
❌◾- သနပ်ခါး မလိမ်းပါနဲ့။
❌◾- မိတ်ကပ် တက်နိုင်သလောက် ရှောင်ပါ။
❌◾- ပင်လယ်စာ မစားရ။
❌◾- နို့ထွက် ပစ္စည်း မစားရ။
❌◾- တာရှည်ခံ ပစ္စည်းများ မစားရ ( ဥပမာ - ခေါက်ဆွဲခြောက် )
❌◾- အချိုများသော အစားအစာများ မစားရ။
❌◾- ဝက်ခြံကို မညစ်ပါနဲ့။
✅◾- အိပ်ရေး ၀၀ အိပ်ပါ။
✅◾- ရေများများ သောက်ပါ။
✅◾- မျက်နှာ မနက် တစ်ကြိမ် ည တစ်ကြိမ် သစ်ပါ။
' သင့်ရဲ့ အလှတရားကို သင်ကိုယ်တိုင် ရှာဖွေနိုင်ပါပြီ '
သိချင်တာများလည်းchat boxကလည်းမေးမြန်စုံစမ်းနိုင်ပါတယ်ရှင်
ဝိတ်ချနည်းလေးမှာစာတေမမြင်ရဘူးဆိုလို့မင်မင်ပြန်တင်ပေးပါ့မယ်နော်
အားလုံးကိုတောင်းပါပန်တယ်
12/01/2021
လက်သည်းနဲ့ ပတ်သက်ပြီး ဒါတွေသိထားသင့်ပါတယ်
မိန်းကလေးပဲဖြစ်ဖြစ် ယောက်ျားလေးပဲ ဖြစ်ဖြစ် ခြေသည်းလက်သည်းနဲ့ ပတ်သက်ပြီး ဒီလို လျှို့ဝှက်ချက်လေးတွေကို မဖြစ်မနေသိထားသင့်ပါတယ်။ လျှို့ဝှက်နည်းလေးတွေက အရမ်းတန်ဖိုးရှိလွန်းလို့ လုံးဝသိထားသင့်တယ်ဆိုရင်လည်း မမှားပါဘူးနော်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူက လက်သည်းကို အကျိုးပြုတယ်ဆိုရင် အံ့သြသွားရလောက်တယ်ဟုတ်။ ကြက်သွန်ဖြူမှာဆိုရင် လက်သည်းတွေကို ပိုပြီး မြန်မြန်ရှည်စေနိုင်တဲ့ Selenium ဆိုတဲ့ ဓါတ်ပါဝင်ပါတယ်။
Coconut Oil
မိန်းကလေးတော်တော်များများ ကြုံရတဲ့ ပြဿနာက လက်သည်းပါးပြီးပျော့တာမျိုးတွေပါ။ ဒါပေမဲ့ စိတ်မညစ်ပါနဲ့ လက်သည်းတွေကို ပိုပြီးသန်မာလာစေနိုင်တဲ့ နည်းလမ်းလေးလည်းရှိပါတယ်။ အဲ့နည်းလမ်းလေးကလည်း အရမ်းကို လွယ်ကူပြီးတော့ အကုန်အကျလည်း နည်းပါတယ်။ အဲ့ဒါကတော့ လက်သည်းကို coconut oil လေးနဲ့ လိမ်းပြီးနှိပ်နယ်ပေးတာမျိုးပါ။
ကွကျဥ
ကြက်ဥက လက်သည်းတွေ ရှည်ထွက်စေဖို့အတွက် မရှိမဖြစ်အရာတစ်ခုဆိုရင်လည်းမမှားပါဘူး။ အဲ့ဒါကြောင့် လက်သည်းကို အရှည်မြန်ချင်တဲ့သူလေးတွေဆိုရင် ကြက်ဥကို အသုံးပြုသင့်ပါတယ်။
ရှားစောင်းလတ်ပတ်
ရှားစောင်းလတ်ပတ်ဆိုတာကလည်း လက်သည်းတွေကို ပိုပြီးသန်မာစေဖို့အတွက် မရှိမဖြစ်ပါပဲ။
အသုံးပြုရတဲ့နည်းလမ်းလေးတွေကလည်း လွယ်ကူတဲ့အပြင် ပြုလုပ်ရမယ့် ပါဝင်ပစ္စည်းလေးတွေကလည်း အရမ်းဝယ်ရလွယ်ကူတော့ အရမ်းအထောက်အကူဖြစ်မယ်လို့ထင်ပါတယ်။ အိမ်မှာနေရင်း အကုန်အကျသက်သာအောင် လက်သည်း၊ ခြေသည်းလေးတွေကို ထိန်းသိမ်းချင်ရင်တော့ ဒီလျှို့ဝှက်ချက်လေးတွေကိုတော့ လုံးဝမေ့လို့မရဘူးနော်။
12/01/2021
မတ်တပ် ရပ်နေစဉ် ရေမသောက်သင့်တဲ့
အကြောင်းအရင်းများ
# # # # # # # # # # # # # # # # # # # # # # # # #
ကျန်းမာရေး ကောင်းဖို့အတွက် တစ်နေ့ကို ရေ ၈ခွက်သောက်တာက ပြဿ နာမဟုတ်ပါဘူး ။ ပြဿ နာက ရေသောက်တဲ့အခါ ဘယ်လိုအနေအထားမျိုးနဲ့ သောက်ဖြစ်နေလဲ ဆိုတာပါပဲ ။ လူတော်တော်များများဟာ ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး သိပ်ပြီး မသိရှိကြသလို သတိလည်း မထားမိတတ်ကြပါဘူး ။ သိပ္ပံနည်းကျ လေ့လာတွေ့ရှိချက်တွေအရ ရေသောက်တဲ့အခါမှာ မတ်တပ်ရပ် အနေအထားနဲ့ မသောက်သင့်ဘူးဆိုတာကို အံ့အားသင့်စွာ တွေ့ရှိခဲ့ပါတယ်။
၁။ အဆစ်ရောင်ခြင်းကို ဖြစ်စေနိုင်
မတ်တပ်ရပ် အနေအထားဖြင့် ရေသောက် တဲ့အလေ့အထဟာ ကြာလာတဲ့အခါမှာ အဆစ်ရောင်တဲ့ ဝေဒနာကို ခံစားလာရနိုင်ပါတယ် ။ မတ်တပ်ရပ် ပြီးရေသောက်ခြင်းက ခန္ဓာကိုယ်တွင်းရှိ အဆစ်အဆက်များဆီသို့ အရည်ဓါတ်စီးဆင်းမှုကို အနှောင့်အယှက်ဖြစ်ရာမှတဆင့် အဆစ်ရောင်ရောဂါအတွက် အစာလမ်းကြောင်းကို ဖြစ်စေပါတယ်။
၂။ အစာခြေစနစ်ကို ထိခိုက်စေ
မတ်တပ်ရပ်ပြီး ရေသောက်ခြင်းကြောင့် ရေတွေဟာ အစာအိမ် နံရံတွေမှာ ပိုပြီးမြန်မြန်ဆန်ဆန် စီးဆင်းစေပါတယ် ။ ဒီလိုမျိုး ပုံမှန်မဟုတ်တဲ့ စီးဆင်းမှုဟာ အချိန်ကြာလာတဲ့အခါမှာ အစာအိမ် နံရံကို ထိခိုက်စေကာ အစာခြေစနစ်ကိုပါ အနှောင့်အယှက် ဖြစ်လာနိုင်ပါတယ် ။
၃။ ရေဆာ နေမြဲဖြစ်
မတ်တပ်ရပ်ပြီး ရေသောက်တဲ့အခါမှာ ရေဆာတဲ့စိတ် က မပျောက်ပျက်သွားပါဘူး ။ မကြာခဏ ရေထပ်ထပ် သောက်နေရပါတယ် ။ ဒါ့ကြောင့် ရေသောက်တဲ့အခါ ထိုင်ပြီးသောက်တာက ရေဆာမှုကို ပိုပြီး ပြေလျော့စေပါတယ် အနားမှာ ရေဘူးထားပြီး ထိုင်သောက်တတ်တဲ့ အကျင့်ကို မွေးမြူးထားတာ အကောင်းဆုံးပါ။
၄။ အစာမကြေခြင်း မကြာခဏဖြစ်စေ
နံပါတ် ၂ အချက်မှာ ပြောခဲ့သလိုပါပဲ ။ မတ်တပ်ရပ်ပြီး ရေသောက်ခြင်းကြောင့် အစာအိမ်နံရံကို ထိခိုက်စေကာ မကြာခဏ အစာမကြေခြင်းကို ဖြစ်စေမှာပါ ။ ထိုင်ပြီးရေသောက်တဲ့အခါ သင့်ရဲ့ ကြွက်သားတွေနဲ့ အာရုံကြောတွေကို ပိုပြီးအနားရစေပြီး အစာမြန်မြန်ခြေဖို့ကို အာရုံကြောများက အထောက်အကူဖြစ်စေမှာပါ။
၅။ ကျောက်ကပ်မှကောင်းစွာမစစ်ထုတ်နိုင်ခြင်း
မတ်တပ်ရပ်အနေအထားဖြင့် ရေသောက်ခြင်းက ကျောက်ကပ် ရဲ့ လုပ်ဆောင်ချက်တွေကို များစွာ အနှောင့်အယှက် ဖြစ်စေပါတယ် ။ ဒီလိုသောက်တဲ့အခါမှာ ကျောက်ကပ် မှ ကောင်းစွာစစ်ထုတ်မှု မပြုနိုင်တဲ့အတွက် အညစ်အကြေးတွေဟာ ကျောက်ကပ် နှင့် ဆီးအိမ်မှာ ကျန်ရှိနေနိုင်ပါတယ် ။ထိုမှတဆင့် ဆီးရောဂါဆိုင်ရာ
ပြဿ နာများကိုပါ ခံစားရစေနိုင်ပါတယ်။
၆။ ခန္ဓာကိုယ်ရှိ acid level ကို မလျော့ကျစေ
ပုံမှန် ထိုင်ပြီးရေသောက်တဲ့အခါမှာ ခန္ဓာကိုယ်တွင်းရှိ Acid level ကို ပိုနှေးကွေးပြီး လျော့နည်းစေနိုင်ပါတယ် ။ မတ်တပ်ရပ်သောက်တဲ့အခါမှာတော့ ဒီလုပ်ဆောင်ချက်က အထောက်အကူဖြစ်စေမှာ မဟုတ်ပါဘူး။
၇။ အပူဖု နှင့် ရင်ပူရင်ကယ် ဖြစ်စေနိုင်ခြင်း
မတ်တပ်ရပ်ပြီး ရေသောက်ခြင်းကြောင့် အစာအိမ်နှင့် အစာပြွန်ကြား အဆက်နေရာကို အနှောင့်အယှက် ဖြစ်စေနိုင်တာကာ အစာအိမ်တွင်းရှိ အက်ဆစ်များမှ နောက်ပြန်စီးဆင်းပြီး အစာပြွန်ကို ပူလောင်မှု ခံစားရစေပါတယ် ။ ထို့ကြောင့် ရင်ပူရင်ကယ်ြဖစ်ခြင်းနှင့် ခန္ဓာကိုယ် အပူဖုများ ဖြစ်ပေါ်လာနိုင်ပါတယ် ။
၈။ အာရုံကြောများ ဖိစီးစေ
ထိုင်ပြီး ရေသောက်တဲ့အခါမှာ ကြွက်သား နှင့် အာရုံကြောတွေကို အနားရစေပါတယ် ။ ဒီလိုမဟုတ်ဘဲ မတ်တပ်ရပ်သောက်တဲ့အခါ အာရုံကြောတွေမှာ tension ပိပြီး ဖိအားများ ဖြစ်စေပါတယ်။
ကဲ..ကိုယ့်မိသားစု ၊ သူငယ်ချင်းတွေ မတ်တပ်ရပ်ပြီး ရေသောက်နေတာမြင်ရင် ထိုင်ပြီးသောက်ဖို့ သတိပေးကြ
ပါလို့....
Credit: CHAN (ရွှေအင်းလေး)
#အထွေထွေဗဟုသုတ
12/01/2021
ပေါက်ပန်းဖြူ၏ ကျန်းမာရေးအကျိုးကျေးဇူးများ
====================
====================
ပေါက်ပန်းဖြူကို အင်္ဂလိပ်လို Sesbania Formosa လို့ ခေါ်ပါတယ်။ မြေပြန့်ဒေသနဲ့ ချောင်းနံဘေးတို့မှာ သဘာဝအလျောက် ပေါက်ရောက်ကြပါတယ်။ အရောင်အားဖြင့် အဖြူရောင်၊ အနီရောင်နဲ့ အဝါရောင်ခပ်ဖျော့ဖျော့ ရှိတတ်ပါတယ်။ နေရာဒေပေါ်မူတည်ပြီး အရောင်အနည်းငယ်စီ ကွဲပြားသွားကြပါတယ်။
ပေါက်ပန်းဖြူရဲ့ အစေး၊ အပွင့်၊ အစေ့၊ အရွက်၊ အခေါက်၊ ဥ စသည့် အစိတ်အပိုင်းများ အားလုံးဟာ ဆေးဖက်၀င်ပါတယ်။
(၁) ပေါက်ပန်းဖြူကို စားသုံးခြင်းဖြင့် ဝမ်းမီးကို တောက်စေတယ်။ သုတ်ကို ပွားစေတယ်။ ကျိုးသော အရိုးကို ဆက်စေတယ်။ ဆီးရွှင်စေတယ်။ လေကို ပွားစေတယ်။ သည်းခြေနှင့် သလိပ်ကို နိုင်စေတယ်။ ဆီးပူခြင်း၊ ဆီးအောင့်ခြင်းနှင့် နူနာရောဂါကို ပျောက်ကင်းစေပါတယ်။
(၂) အနာ၊ အဖု အပိမ့်များကို ပေါက်ပင်၏အစေးကို လိမ်းပေးလျှင် ပျောက်ကင်းစေပါတယ်။
(၃) စအိုဝနာခြင်း၊ ဆီးနှင့်ရော၍ သွေးပါခြင်း၊ နှာခေါင်းသွေး ယိုခြင်းတို့အတွက် ပေါက်ပွင့်ကို ရေအေးတွင် တစ်ညလုံးစိမ်၍ နံနက်တွင် သကြားအနည်းငယ် ထည့်၍ သောက်လျှင် ပျောက်ကင်းစေပါတယ်။
(၄) ဆီးချုပ်ခြင်း၊ ဆီးအိမ်ရောင်ခြင်း တို့ဖြစ်လျှင် ပေါက်ပွင့်ကို ရေနှင့်ကျို၍ ခပ်နွေးနွေး ချက်တွင် အုံပေးလျှင် ပျောက်ကင်းစေပါတယ်။
(၅) ပေါက်ပွင့်ခြောက်ကို လက်ဖက်ခြောက်ကဲ့သို့ ရေနွေးတွင် ခပ်၍သောက်သော် မောပန်းခြင်းကို ပြေစေ၍ သွေးသားကို သန့်ရှင်းစေတယ်။
(၆) ပွေး၊ ယားနာတို့ဖြစ်လျှင် ပေါက်စေ့ကို သံပုရာရည်နှင့် ကြိတ်၍လိမ်းပေးပါ။
(၇) ၀မ်းတွင်း သန်ကောင်များရှိနေလျှင် အစေ့ကို ရေတွင်စိမ်၍ အခွံနွှာပြီးလျှင် အတွင်းအဆန်ကို အခြောက်လှန်းကာ ကြိတ်၍ နံနက်၊ ည တစ်နေ့ ၂ ကြိမ်ဆက်စားပြီး (၄)ရက် မြောက်သောအခါ ဝမ်းနုတ်ဆေး (သို့) ဝမ်းပျော့ဆေးစားပါက ကျဆင်းလာမည်။
(၈) အားအင်ကုန်ခမ်း၍ စိတ်မရွှင်လန်းရင် ပေါက်ဥမှုန့်ကို ပျားရည်နှင့်တေ၍ စားပေးပါ။
(၉) အဆစ်ရောင်ရောဂါ ဝေဒနာ ခံစားရပါက ပေါက်ပန်းနီပွင့်၏ အမြစ်ကို ရေနှင့်သွေး၍ မီးဖြင့်နွေးအောင်ပြုပြီး ရောင်သော အဆစ်များကို လိမ်းပေးခြင်းဖြင့် သက်သာစေမည်။
(၁၀) အရိုးကျီးပေါင်း ရောဂါ၊ ကြက်မျက်သင့်ရောဂါဖြစ်ပါက ပေါက်ပန်းဖြူပွင့်ကို ပြုတ်၍ စားပေးနိုင်ပါတယ်။
(၁၁) တုပ်ကွေးဖျား (သို့မဟုတ်) ရိုးရိုးဖျားခြင်းများဖြစ်ပါက
ပေါက်ပန်းဖြူရွက်ကို ကြက်သွန်နီနှင့် ကြော်စားနိုင်ပါတယ်။
(၁၂) ဆီးနီ၊ ဆီးနည်းရောဂါများအတွက် ပေါက်ပန်းဖြူရွက်ကို ဟင်းချက်စား၍သော် လည်းကောင်း၊ အပွင့်ကို ကြော်ချက်စားခြင်းဖြင့်သော်လည်းကောင်း ဆီးရောဂါ သက်သာစေပါတယ်။
(၁၃) အပူလောင်နာကို ပေါက်ပန်းဖြူရွက်သတ္ထုရည်ကို ထည့်ပေး အုံပေးပါက သက်သာစေတယ်။
(၁၄) ထိခိုက်ဒဏ်ရာ ရလျှင် ပေါက်ပန်းဖြူရွက် သတ္ထုရည်ကို လက်ဖက်ရည်အကြမ်းပန်းကန် တစ်လုံးခန့် သောက်ပေးပါက အနာမန်း၀င်ခြင်း ကို ကင်းဝေးစေတယ်။
(၁၅) ကွမ်းစားသူများ၊ သည်းခြေ၊ ကျောက်ကပ်တွင် ကျောက်ရှိ သူများ မကြာခဏ ပြုတ်၍ တို့စားပေးလျှင် ကျောပ်တည်ခြင်း ကင်းဝေးစေပါတယ်။
(၁၆) မီးယပ်ဖြူဆင်းရောဂါ၊ သွေးအန်၊ သွေးကျရောဂါဖြစ်လျှင်
ပေါက်ပန်းဖြူပွင့်ကို သုပ်စားပါ။
ကျန်းမာရေး၀န်ကြီးဌာနမှထုတ်ဝေသော အသုံး၀င်ဆေးပင်များ၊ မြန်မာ့တိုင်းရင်းဆေးနည်းလက်စွဲနှင့် MOI Webportal Myanmar စာမျက်နှာတို့မှ ဖော်ပြချက်များကို ပြန်လည်မျှဝေလိုက်ပါတယ်။
လူသားအားလုံး ကျန်းမာချမ်းသာကြပါစေ။
Beauty Secret pageလေးက
စျေးရောင်းရုံသက်သက်မဟုတ်ဘဲ
အသဲလေးတို့ရဲ့healthy & beautyအတွက်ပါတာဝန်ပေးသွားမှာဖစ်ပါတယ်ရှင်
သိလိုရာရှိရင်လည်းလာရောက်မေးမြန်းလို့ရပါတယ်ရှင့်😍
12/01/2021
Hello Beauty Secretမှကြိုဆိုပါတယ်ရှင့်😍
Click here to claim your Sponsored Listing.
Category
Website
Address
Magway