Shwe Shwe Beauty Bar
Always satisfy
23/01/2023
မင်မင်ဆီမှာ ရရှိနိုင်တဲ့ ပစ္စည်းလေးတွေပါရှင့်
100%ဆေးခန်းသုံးပစ္စည်းလေးတွေဖြစ်လို့ ယုံကြည်စိတ်ချစွာမှာယူနိုင်ပါတယ်ရှင့်
09448058268
15/01/2023
Body filler
Price—cb
14/01/2023
Hiko -130000
Mono-125000
၁၀ထုပ်ကစပြီး လက်ကားဈေးရ
နားလည်သူသာ ဝယ်ယူပါရှင့်
11/01/2023
မျက်နှာ စတီးရွိုက်ထိခြင်း
စတီးရွိုက်ထိလို့ မျက်နှာအသားအရေပျက်ဆီးသူတွေ တော်တော်များနေပါပြီ။ ဒီဖက်ခေတ် တရားဝင်မဟုတ်ဘဲ ဝင်လာတဲ့ အလှကုန်ပစ္စည်းတွေမှာ စတီးရွိုက်အနည်းနဲ့အများ ဆိုသလို ပါလေ့ရှိပါတယ်။ ဒါမှလည်း ဝယ်ယူသုံးစွဲသူသဘောကျ အာနိသင်က ချက်ချင်းသိသာမှာကိုး။ အထူးသဖြင့် အရေပြားလိမ်းဆေးတွေမှာ အသားအရေ ချက်ချင်းချောမွေ့ပြီး ဖြူဖွေးသွားတယ်ဆိုတာ စတီးရွိုက်ပါလို့ဖြစ်ပါတယ်။ ရေတိုမှာတော့ ဝမ်းသာစရာကြီး။ သို့သော် ရေရှည်သုံးရင် ဆိုးကျိုးတွေဖြစ်လာတာ လူသိနည်းတယ်။ ဖြတ်လိုက်တာနဲ့ အရေပြားက ရစရာမရှိအောင် ပျက်ဆီးသွားပါတယ်။ ဘယ်လောက်ပျက်ဆီးမလဲဆိုတာ ပါဝင်တဲ့ စတီးရွိုက်အပြင်းအပျော့နဲ့ဆိုင်ပါတယ်။ ဒီထဲမှာ clobetasol ပါတဲ့ဆေးတွေက အပြင်းဆုံးနဲ့ အရေပြားကို ဒုက္ခအပေးဆုံးပါ။ hydrocortisone ပါတဲ့ဆေးတွေက အဲလောက်မပြင်းထန်ပါ။ မပြင်းတာတောင် သုံးဖို့သတိထားရတယ်။
စတီးရွိုက်ဆေးတွေရဲ့ အာနိသင်က မနည်းလှပါ။ အရောင်ကျစေတယ်။ နေ့စဉ်သုံးရင် အသားအရေပါးပြီး သွေးကြောလေးတွေ ပေါ်လာတတ်တယ်။ အဲဒီထက်ပိုဆိုးတာက အဆီထုတ်လုပ်မှုကို အဆမတန်များစေတာမို့ ဝက်ခြံတွေ ထွက်လာတယ်။ သုံးနေတုန်းတော့ မသိသာဘူး။ ရပ်လိုက်ရင် ဝက်ခြံတွေ ပရပျစ်ထွက်လာလိမ့်မယ်။
စတီးရွိုက်လိမ်းဆေးတွေသုံးပြီး ဖြစ်တဲ့ ဝက်ခြံကို steroid induced rosacea ခေါ်တယ်။ steroid acne ဆိုတာလည်းတခုရှိသေးတယ်။ ဒီ နှစ်ခုက မတူပါ။ steroid acne ဆိုတာ စတီးရွိုက်သောက်ဆေးတွေ အလွန်အကျွံသောက်ပြီး ဖြစ်တာကို ခေါ်တာ။ ဒီနေရာမှာ steroid rosacea အကြောင်း ဦးစားပေးဖော်ပြပါမယ်။
ဆေးပညာမှာ မျက်နှာရဲတာကို rosacea ခေါ်တယ်။ သွေးကြောတွေ ပါးပြီးကျယ်လာ၊ ဖောင်းလာလို့ဖြစ်တယ်။ စတီးရွိုက်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးပါ။ အရင်ဆုံး လိမ်းတဲ့နေရာက ရဲလာလိမ့်မယ်။ နောက်ခြောက်သွေ့ယားလာမယ်။ ဒါစတိီးရွိုက်သုံးသူတိုင်း ဖြစ်တဲ့ ကနဦးပြောင်းလဲမှုပါ။ ပြီးရင် အဆီဂလင်းတွေ ပွားများလာပြီး အဆီထွက်များလာတယ်။ အဆီများတဲ့အသားရေဟာ ဝက်ခြံပေါက်တာ လူတိုင်းသိတယ်။ အဆီနဲ့အတူ ရောဂါ ပိုးမွှား၊ အညစ်အကြေးတွေ ကပ်ညှိလာတယ်။ ဗက််တီးရီးယားနဲ့ ဖုန်တွေက မွှေးညှင်းပေါက်ကိုပိတ်ဆို့စေတယ်။ ဗက်တီးရီးယားတွေ ခိုအောင်းတာနဲ့ ဝက်ခြံဆိုတာ ဖြစ်တယ်။ အရင်ဆုံး pastuleခေါ်တဲ့ ပြည်တည်ဖု သေးသေးလေးတွေ စပေါက်လာတယ်။ သုံးတာကြာတာနဲ့အမျှ ပိုဆိုးလာပြီး မျကိနှာတပြင်လုံးရဲပြီး အဖုပိန့်တွေ ထွက်လာလိမ့်မယ်။ သုံးတာ ဖြတ်လိုက်ရင် ဆိုးကျိုးတွေ သိသိသာသာ ဖြစ်လာပြီ။
အဆီများတဲ့ ဝက်ခြံက သိသာတယ်။ အဖုပိန့် အနီဖုကြီးတွေ ထလာတာမျိုး။ သုံးတဲ့ဧရိယာကျယ်သလောက် မျက်နှာတပြင်လုံးဖြစ်နိုင်တယ်။ ခန္ဓာကိုယ်မှာ ခုခံအားဆိုတာ ရှိတယ်။ ခုခံအားစနစ်မှာ cytokine ထွက်လာရင် ရောင်ရမ်းခြင်းကို ဖြစ်စေတယ်။ ဒါပေမယ့် လောလောဆယ် မသိသာသေးပါ၊ ဘာ့ကြောင့်လဲဆိုတော့ အရောင်ကျစေတဲ့ စတီးရွိုက်သုံးထားတာကိုး။ သုံးတဲ့ဆေးကို ရပ်လိုက်ရင်တော့ ငရဲစကျပါပြီ။ စောစောက မြုံနေတာတွေပြန် ထလာလိမ့်မယ်။ အင်္ဂလိပ်လို rebound flare ခေါ်တယ်။ ဘောလုံးတလုံးကို ပုတ်လိုက်ရင် အပေါ်ပြန်တက်လာတာကို rebound လို့သုံးတယ်။ မြန်မာလို ပြန်ကန်ထွက်လာတာတဲ့။ ဒီအခြေနေက အဆိုးဆုံးပဲ။ မြုံနေတာတွေ ပြန်ကန်ပြီး မျက်နှာတပြင်လုံး ရစရာမရှိအောင် အဖုပိန့်တွေ ထွက်လာလိမ့်မယ်။
လိမ်းတဲ့ ဆေးထဲမှာ အားပြင်းတဲ့ စတီးရွိုက်သုံးလေ အခြေအနေဖြစ်နိုင်ချေပိုများလေပဲ။ ဆေးထဲမှာ clobetasol လို ပြင်အားအများဆုံးသုံးထားရင်တော့ ကုဖို့ ပိုခက်တယ်။ ဒီလို ပြောင်းလဲမှုတွေက စတီးရွိုက်တင်လားဆိုတော့ မဟုတ်ဘူး၊ tacrolimus , pimecrolimus cream လို နှင်းခူအရေပြားမှာ သုံးတဲ့ဆေးတွေလည်း ဒီတိုင်းဖြစ်တယ်။ အဆိုပါဆေးတွေက ပုံမှန်အားဖြင့် နှစ်ပတ်ထက် ပိုသုံးသင့်တဲ့ဆေးတွေ မဟုတ်ကြပါ။ ဆရာဝန်ညွှန်မှ သုံးရတယ်။
ကိစ္စတခု ဖြစ်သွားရင် ကုသဖို့နဲ့ နောင်မဖြစ်ဖို့ပဲ လုပ်ရတော့မယ်။ ဘာဆက်လုပ်မလဲ။ သုံးနေတဲ့ဆေးကို သေချာပေါက် ဖြတ်ပစ်ရမယ်။ ဒါပေမယ့် ဒီတိုင်းဖြတ်လို့မရပါ။ ပညာရှိနည်းနဲ့ ဆေးကို ဖြေးဖြေးချင်း အကြိမ်ရေတွက်လျှော့ပြီး ဖြတ်ပါ။ ဒီနေရာမှာ လိုအပ်ရင် စတီးရွိုက်အပျော့စား hydrocortisone (သို့) bethamethasone အစားထိုးပြီး ဖြတ်လို့ရတယ်။ ပုံမှန်ကတော့ မသုံးသင့်ပါ။ ကြားထဲမှာ အဆီပါတဲ့ဆေး လုံးဝမသုံးရပါ။ အဆီပါတဲ့အစားအသောက်တွေ လုံးဝရှောင်ကြဉ်ရမယ်။ သောက်ဆေးထဲမှာ ပိုးသတ်ဆေး tetracycline (သို့) doxycycline သောက်ဆေးကို အချိန်ကြာစွဲသောက်သင့်တယ်။tetracycline 250mg (သို့) doxycycline 100mg တနေ့နှစ်ကြိမ် အနည်းဆုံး သုံးလသောက်ရမယ်။tetracyclineရဲ့တခြားအားသာချက်က အဆီထုတ်လုပ်မှု လျှော့နည်းစေတာဖြစိတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်မိခင်နဲ့ (၈)နှစ်အောက်ာကလေးတွေမှာ မသုံးရပါ။
မျက်နှာပြင်ရဲတာ ပူတာ အရေပြားခြောကိသွေ့တာ အတွက် ရေဓာတ်အခြေခံ aquaphor oinment သုံးပါ။ အဆီပါတဲ့ မိတိကပ်အောက်ခံ ဘာဆိုဘာမှမသုံးပါနဲ့။ ပုံမှန်အသားအရေဖြစ်တဲ့ထိ ဘာမှမသုံးပဲ ဒီတိုင်းထိထားပါ။ မျက်နှာ ခြောက်သွေ့ရင် ရှားစောင်းလပ်ပက်ကို ထက်ခြမ်းခြမ်းပြီး မျက်နှာပေါ်တင်ပေးပါ။ ကြားထဲမှာ ရေများများ သောက်သင့်တယ်။ မျက်နှာရဲတာအတွက် ရေခဲကို သုံးနိုင်တယ်။ အရေပြားသိပ်ယားယံလာရင် fexofenadine 120mg တနေ့ တလုံးနေ့စဉ်သောက်နိုင်တယ်။အရေပြားသစ်ဖွဲ့စည်းဖို့ vitamin A, C, E ပါတဲ့ antoxyl forte(သို့) Axiona ဆေးမျိုးသောက်ပါ။ Biotin 5mg က အရေပြားအတွက်ကောင်းတယ်။
ကုသနည်း
လေ့လာမှုတွေအရ Tacrolimus ointment 0.03% တနေ့ နှစ်ကြိမ် တစ်လလောက် လိမ်းပြီး doxycycline 100mg တနေ့ နှစိကြိမ် သုံးလ သောက်ရင် အများစု သက်သာလာတယ်။ မသက်သာသေးရင် doxycycline တနေ့တစ်လုံး (၆)လ ဆက်သောက်ရမယ်။ ဒီဆေးနှစ်မျိုးနဲ့ ပြန်ကောင်းလာနိုင်တယ်။ ဒါပေမယ့် ဝမ်းသာအားရမလုပ်ပါနဲ့။ ဆက်ဖတ်ပါဦး။ doxycycline က ပိုးသတ်ဆေးမို့ပြဿနာမရှိပေမယ့် tacrolimusက ခုခံအားကို ကျဆင်းစေတာမို့ တချို့လူနာတွေမှာ ပိုဆိုးလာတာရှိတယ်။ တော်တော်လေး သတိထားရတယ်။ ဒီနေရာမှာ ကျွမ်းကျင်ဆရာဝန်လိုတယ်။ ကိုုယ့်ဘာသာ သောက်ဖို့မစဉ်းစားပါနဲ့။ acne rosaea လို အဆိုးဆုံးဝက်ခြံဖုတွေမှာ isotretinoin(accutane)သောက်ဆေးမျိုး ပေးနိုင်တယ်။ ဒီဆေးက vitamin A toxic dose မို့ အရေပြားဆရာဝန်တွေက လွဲရင် မသုံးသင့်ပါ။
ဆရာဝန်မပြပဲ မိမိဘာသာ ကုသချင်တယ်ဆိုရင် မျက်နှာကို ဘာမှမသုံးပဲ ဒီတိုငိးထားလိုက်ပါ။ နောက်ဆုံး tonar ကအစ မသုံးပါနဲ့။ သောက်ဆေးထဲမှာ tetracycline (သို့) doxycycline သုံးလသောက်ပါ။ လိမ်းဆေးထဲမှာ metrogel တနေ့နှစ်ကြိမ်လိမ်းလို့ရတယ်။ အစိုဓာတ်ထိန်းတဲ့ aquaphor oinment နဲ့ vaseline ကို ညစဉ် ပါးပါးလေးလိမ်းပြီး အိပ်ပါ။ ဘာမှမရှိရင် zinc oxide လိမ်းပါ။ မျက်နှာရဲပြီး အရေပြားခြောက်သွေ့ရင် ရှာစောင်းလက်ပပ်အနှစ်ကို ညဖက် သုံးနိုင်တယ်။ အရေပြား ပူတာမျိုးရှိရင် ရေခဲဝတ်ကပ််လို့ရတယ်။ ဗီတာမင် စီနဲ့အီးပါတဲ့ ဆေးမျိုးထည့်သောက်ပါ။
ဘာတွေရှောင်မလဲ
(၁) နေပူထဲသွားတာရှောင်ပါ၊ အပြင်သွားရင် အဆောင်းအကာ ယူသွားပါ။
(၂) ပူတဲ့စပ်တဲ့ အစားအသောက်၊ အဆီများတဲ့ အစားအစာ လုံးဝရှောင်ပါ။
(၃) အချိုကဲတဲ့အစားအသောက် ရှောင်ပါ။ ကော်ဖီ၊လက်ဖက်ရည်၊ ဂတ်စ်ပါတဲ့အချိုရည်။
(၄) အရက်၊ ဘီယာ၊ဝိုင် လုံးဝမသောက်သင့်ပါ။
(၅) အကြေးခွံပါတဲ့ငါး၊ ပင်လယ်စာ၊ ပုဇွန်စတာတွေ ရှောင်ပါ။
(၆) အဆီပါတဲ့ လိမ်းဆေး လုံးဝမသုံးရပါ။
ပျောက်ကင်းဖို့ဘယ်လောက်ကြာနိုင်လဲ
ပုံမှန်အားဖြင့် သုံးလနေရင် ထူးခြားလာပြီ။ အများစုက ၆လ-၁နှစ်လောက်နေရင် ပျောက်ကင်းနိုင်တယ်။ ဒါကြောင့် ဖြစ်တဲ့သူတွေကို အားပေးချင်တာက စိတ်အားမလျှော့ပါနဲ့။ စနစ်တကျနေထိုင်ကုသရင် သက်သာလာမှာပါ။ အရေပြားတထောက်စာဟာ လူတယောက်အတွက် အရေးကြီးဆုံးဖြစ်တာမို့ နောက်ဆိုဂရုစိုက်သင့်တယ်။
ဒေါက်တာ အေးမင်းထူး
အရေပြားအထူးကုဆရာဝန်
02/01/2023
🎊🎉New year promotion 5.1.2023to 31.1.2023🎉
✅နှာတံမြင့်ကြိုး
✅lip filler
✅chin filler
✅မေးသွယ်/ကြေးခြေရာဖျောက်/အရေးအကြောင်းဖျောက် Botox
✅အသားဖြူဆေးသွင်း
✅တင်/ရင် ကိတ်Gel filler
✅ပါးပင့်တင်ကြိုးကြီး
✅monoကြိုးသေး
✅မျက်တောင်ဆက်
✅အသားပို/မှဲ့/မှဲ့ခြောက်ဖျက်
✅အဆီချဆေးinjစတဲ့ဝန်ဆောင်မှု့တွေကို
ကြိုက်တာပြုပြင်
🎊20%offDiscount 🎊
မင်မင်တို့ဆိုင်မှာရှိတဲ့ ပစ္စည်းတွေက
ပိုးသတ်ပြီးသားတစ်ခါသုံးပစ္စည်းတွေနဲ့ FDAရပြီးသား ဆေးတွေကိုသာ အသုံးပြုပေးတာမို့ ယုံကြည်စိတ်ချစွာ ပြုပြင်လို့ရပါတယ်ရှင့်
🏠Address 🏠
No.34(b)minn street sanchaung
Yangon,Myanmar
☎️09448058268
31/12/2022
2023 ခုနှစ် နှစ်သစ်မှာ ..
Shwe Shweရဲ့ချစ်သောကာစတန်မာများ ၊မိတ်ဆွေများနဲ့တကွ ..
မြန်မာပြည်သူပြည်သားများအားလံုး ပူပင်သောက စိုးရိမ်ကြောင့်ကြ
ကင်းဝေးကြပါစေ ..၊
ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာ ဘေးရန်ကင်းကွာပြီး ကောင်းသောလိုအင်ဆန္ဒမှန်သမျှ ပြည့်ဝကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ..။ ❤️
အသားဖြူဆေးရောင်းပေးပါပြောလို့
ရောင်းပေးနေပါပြီရှင့်
မင်မင်ဆီမှာတော့
၄ကြိမ်စာဆေးတွေပဲရပါမယ်ရှင့်
မှာယူလိုပါက
Cb (သို့မဟုတ်) 09448058268viberသို့ဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်ရှင့်
06/12/2022
%Off
ကြိုက်တာပြုပြင်
လူဦးရေ အကန့်အသတ်နဲ့မလို့ အခုပဲ ဘိုကင်တင်လိုက်တော့နော်
📲09448058268
ဆောင်းရာသီpromotion 20% လက်မလွှတ်သင့်ဘူးနော်(1.12.22)မှ(31.12.22)ထိ
✅ နှာတံမြှင့်ကြိုးထိုးခြင်း(college)
✅ မျက်နာပင့်တင်ကြိုးထိုးခြင်း
✅ မျက်နာကြည်လင်အနာအဆာကင်းmonoကြိုးထိုးပေးခြင်း
✅ မျက်လုံးအောက် လိုင်းဖော် filler ထိုးပေးခြင်း
✅ Lip Filler ထိုးပေးခြင်း
✅ မေးချွန်/မေးသွယ် fillerထိုးခြင်း
✅ မေးရိုးကားခြင်းအတွက် botox ထိုး
🔶 ရင်သားတင်းရင်း Gel Filler
🔶 တင်ကိတ် Gel Filler
🔶 မိန်းမ ကိုယ်ကျဉ်း filler
❇️ မျက်နှာအသားရေးတင်းရင်းဖို့ collagen ကြိုးကြီး/ကြိုးလတ်/ကြိုးသေးထိုးခြင်း
❇️ မေးအောက် /လက်မောင်း/ပေါင်/အဆီဖျော်ခြင်း
ဗိုက်အဆီဖျော်ခြင်း
❇️ ခြေသလုံးသေး botox ထိုးခြင်း
🍀မေးရိုးသွယ် botox ထိုးခြင်း
🍀အရေးအကြောင်း botoxထိုးခြင်း
❇️ အသားဖြူဆေးသွင်းပေးခြင်း
💚အသားပို၊မှဲ့ခြောက်ဖျက်ခြင်း
🍀မျက်တောင်ဆက်
ဆက်သွယ်ရန် ☎️ 09448058268
Booking လေးတော့ တင်ပေးပါ
29/10/2022
နှာတံမြင့်ကြိုးတွေပဲ
အားပေးကြမ်းနေကြတာ
အခုလိုလေးတွေ အားပေးလို့ ကျေးဇူးပါရှင့်
📞09448058268
📞09256810483
27/10/2022
🌸 တင်/ ရင် ကိတ် Gel Filler 🌸 တန်ဆောင်တိုင် 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧𝐬20%
💥 တင်/ရင် ကိတ် လေးအတွက် 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧𝐬 မပေးဘူးလားဆိုတဲ့ သဲလေးတို့အတွက် သတင်းကောင်းလေးနော်💥
🌸ကိတ်ချင်နေလား…
🌸ကိတ်ပီးသားကိုဘဲတွဲကျနေလို့ တင်းတင်းရင်းရင်းလေးဖြစ်ချင်လား…
🌸တင်ပါးဘေးချိူင့်လို့စိတ်ညစ်နေလား…
🌸တင်ပါးလေးကိုမတ်မွန်သီးလေးလိုဖြစ်ချင်လား….
🌸တင်ပါးဘေးကားကားလေးဖြစ်ချင်လား….
🌸ရင်သားလည်း အရမ်းမကိတ်ချင်ဘူးရှိပီးသားလေးကိုဘဲတင်းတင်းရင်းရင်းဖြစ်ချင်တာလား…
🌸ယုံကြည်မူ့ရှိရှိ ကိတ်ချင်တယ်…
🌸လှချင်တယ် ဆွဲဆောင်မူ့ရှိချင်တယ်…
🌸မနာ မကျင် ခွဲစိတ်စရာမလိုဘဲ အခုထိုးအခုကိတ် အခုလှ …
🌸အချိန်အနည်းငယ်ပေးယုံဖြင့် သဲလေးတို့သဘာဝဆန််ဆန် လှသွားစေဖို့ မင်မင်တို့ကတာဝန်ယူပါစေရှင့်…
🌸 FDA လက်မှတ်ရ နိုင်ငံတစ်ကာဆေးရုံသုံး Korea brand ဆေးကိုသာ အသုံးပြုပေးပါတယ်🌸
🌸တစ်ခါသုံး ပစ္စည်းများသာအသုံးပြုပေးပြီး ထုံဆေးလိမ်း ၊ ရေခဲကပ်ပြီးမှ ထုံဆေးလေးထိုးပေးတာမို့ နာကျင်မှာကြောက်တဲ့ သဲလေးတို့အတွက် အဆင်ပြေပြီပဲ 🌸
🌸ဒါ့အပြင်🌸
🌸Body Filler Promotion လေး ချပေးဖို့တောင်းဆိုထားကျတဲ့ သဲလေးတို့အတွက် မင်မင်က
20% Dis လေးချပေးလိုက်ပါပီဆိုတာလေးလည်း သတင်းကောင်းပါးလိုက်ပါရစေရှင်…..
🌸 ခုထိုး ခုကိတ် လှပတဲ့ Body လေးပိုင်ဆိုင်နိုင်ဖို့ ခုပဲ Shwe Shweမှာ Booking တင်လိုက်ကြရအောင် …
အသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းလိုပါက
အောက်ဖော်ပြပါ ဖုန်းနံပါတ်များကို ဆက်သွယ် မေးမြန်း နိူင်ပါသည်ရှင်
👉 Booking phone 📞 09256810483,09448058268
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Natmout Street
Magway