Relax Thai Reflexology

Relax Thai Reflexology

Share

Thai Traditional Family Wellness Center

မိသားစု၊သူငယ်ချင်း၊မိတ်ဆွေများနဲ့အတူ တိတ်ဆိတ်ငြိမ်သက်ပြီး စိတ်အေးချမ်းသာစွာဖြင့်ညောင်းညာမှုတွေဖြေလျော့ချင်တယ်ဆိုရင်တော့ သန့်ရှင်းသပ်ရပ်ပြီး အကောင်းဆုံးသောဝန်ဆောင်မှုတွေ​များစွာပေးနိုင်သည့် ကျမတို့ Relax Foot Reflexology ကိုအရောက်လှမ်းခဲ့ဖို့နွေးထွေးပျူငှါစွာဖိတ်ခေါ်လိုက်ပါရစေရှင့်🙏

20/05/2026

ဘယ်မြို့က Relax Thai Reflexology လဲဆိုရင် မကွေးမြို့ကပါရှင်!
အဆောက်အအုံကြီးကိုလည်း ရှယ်မွမ်းမံထားသလို လိုအပ်တဲ့ ပစ္စည်းတွေကိုလည်း လဲလှယ်ပေးထားပါတယ်။

စိတ်အေးလက်အေးနဲ့ ဇိမ်ခံအနားယူလို့ရအောင် အကောင်းဆုံးဝန်ဆောင်မှူတွေနဲ့ စောင့်ကြိုနေတာမလို့ Relax Thai Reflexoloy လာရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်...♥️

15/05/2026

ဇက်ကြောတွေတက်၊ ပခုံးတွေလေးပြီး တစ်နေကုန် ညောင်းညာကိုက်ခဲနေပြီလား? 😩
Relax Thai Reflexology မှာ Head, Back & Shoulder Massage ကို ၁၀,၀၀၀ ကျပ်တည်းနဲ့ အကောင်းဆုံး ဝန်ဆောင်မှုပေးနေပါတယ်။

ထိုင်းပရုပ်ဆီရဲ့ အေးမြလန်းဆန်းတဲ့ အာနိသင်ကြောင့် ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာနဲ့ ပခုံးနာကျင်မှုတွေကို ချက်ချင်းသက်သာသွားစေပါမယ်။

☘️နှိပ်ပြီးတာနဲ့ တင်းမာနေတဲ့ ကြွက်သားတွေကို သွေးကြောလည်ပတ်မှုကောင်းစေပြီး လူရောစိတ်ပါ ပေါ့ပါးလန်းဆန်းသွားစေမှာပါရှင့်။

ကဲ! ခေါင်း‌ကိုက်၊ ဇက်ကြောတက်၊ နောက်ကျောတွေတင်းနေရင် အခုပဲ လာရောက် အနှိပ်ခံဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ စောင့်ရတာမျိုးမဖြစ်အောင် Booking လေး ကြိုတင်ထားပေးပါရှင့်...

📞 [09-409005858]
📍 တည်နေရာ: [လိပ်စာ -သစ်တောလမ်းမကြီးပေါ်၊မကွေးမြို့]

14/05/2026

မိုးရွာတိုင်း ဇက်ကြောတက်ပြီး အိပ်ရာထဲကမထချင်အောင် လေးလံနေတာကို 'ကြပ်ထုပ်ပူပူလေး' တစ်ခုနဲ့တင် ချက်ချင်းပေါ့ပါးသွားစေရမယ် 🌿⛈️"
​မိုးအေးအေးနဲ့ အိပ်လို့ကောင်းမယ့်အချိန်မှာ အညောင်းမိပြီး တစ်ကိုယ်လုံး ခဲဆွဲထားသလို လေးလံနေလို့ စိတ်ညစ်နေရပြီလားရှင်? 🌧️
​ဒီလိုရာသီမျိုးမှာ လူကြီးမင်းရဲ့ ခန္ဓာကိုယ်က တကယ်တမ်းတောင်းတနေတာက နွေးထွေးတဲ့ အထိအတွေ့နဲ့ ဆေးဘက်ဝင်အာနိသင်တွေပါပဲ။ Relax Spa ရဲ့ "ထိုင်းရိုးရာ ကြပ်ထုပ်ပူပူလေး" က လူကြီးမင်းကို အိပ်ရာထဲကနေ ထချင်စဖွယ်ဖြစ်အောင် လန်းဆန်းမှုကို ပေးစွမ်းနိုင်ပါတယ်။
​✨ ကြပ်ထုပ်ထိုးခြင်းက လူကြီးမင်းကို ဘယ်လိုကူညီပေးမှာလဲ?
​Deep Relief: အခိုးအငွေ့နဲ့ အပူပေးထားတဲ့ ဆေးထုပ်လေးက ကြွက်သားထဲအထိ စိမ့်ဝင်ပြီး တင်းတောင့်နေတဲ့ အကြောတွေကို ချက်ချင်းပြေလျော့စေပါတယ်။
​Blood Flow: သွေးလေလည်ပတ်မှု ကောင်းမွန်စေလို့ တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းပြီး နိုးကြားတက်ကြွသွားစေမှာပါ။
​Flu Prevention: သဘာဝဆေးဘက်ဝင်အပင်တွေရဲ့ ရနံ့က မိုးတွင်းမှာ အဖြစ်များတဲ့ နှာစေး၊ နှာပိတ်နဲ့ အအေးမိတာကိုပါ သက်သာစေပါတယ်။
​🌿 ကျန်းမာရေးကို အလေးထားတဲ့ အသန့်ဆိုင် စစ်စစ်ဖြစ်လို့ စိတ်ချလက်ချ အနားယူဖို့ မကွေးမြို့က ကျွန်မတို့ Relax Spa ကို လှမ်းလာခဲ့ပါရှင်။
​ဧည့်ဝတ်ကျေပွန်တဲ့ ဝန်ဆောင်မှု၊ လက်ရာကောင်းတဲ့ ဆရာမလေးတွေနဲ့အတူ Welcome Drink အဖြစ် ပူပူနွေးနွေး ဂျင်းတီး လေး သောက်ရင်း အညောင်းအညာဖြေဖျောက်ဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ ✨
​(ဆိုင်မှာ လူများတတ်လို့ စိတ်ကြိုက်အချိန်ရအောင် ဖုန်းလေးကြိုဆက်ပြီး Booking ယူပေးပါဦးနော်) ☺️
​✨ ကျွန်မတို့ဆီမှာ အမြဲရှိတဲ့ အထူးအစီအစဉ်များ:
✅ အသက် ၆၀ အထက် ဖိုးဖိုးဖွားဖွားများအတွက် 20% OFF
✅ (၁၀) ကြိမ်ပြည့်လျှင် (၁) ကြိမ် Free
​📞 Booking: [09-409005858]
📍 တည်နေရာ: [လိပ်စာ -သစ်တောလမ်းမကြီးပေါ်၊မကွေးမြို့]
​ #ကျန်းမာရေးအသန့်ဆိုင်

12/05/2026

အကြွေးက နောက်ပေးလည်း ရတာပဲမလား 🫢
ခန္ဓာကိုယ်ညောင်းညာကိုက်ခဲတာ ပြေလျော့ဖို့က အရေးကြီးတယ်လေနော်..♥️

မကွေးမြို့ရဲ့ Relax Thai Reflexology ကိုလာဖို့ အိတ်ကပ်ဖောင်းနေစရာမလိုပါဘူး၊ ၁၂၀၀၀ ရှိတာနဲ့ ရပါတယ်ရှင့်...

09/05/2026

Happy Mother’s Day ❤️💐

မနက်ဖြန်က တနင်္ဂနွေနေ့ ဖြစ်ရုံတင်မကဘဲ "အမေများနေ့" လည်း ဖြစ်နေလို့ မကွေးမြို့ရဲ့ Relax Thai Reflexology ကနေ မေမေတို့အတွက် အထူးလက်ဆောင်တစ်ခု ပြင်ဆင်ပေးထားပါတယ်! 🎁

ကိုယ့်အတွက်ဆို အမြဲအဆင်သင့်ရှိနေပေးတဲ့ မေမေ့ကို ဒီတစ်ခါတော့ အမောအပန်းတွေပြေပျောက်သွားအောင် လက်ဆွဲပြီး Relax Thai ဆီ ခေါ်လာခဲ့လိုက်တော့နော်။
မေမေနဲ့အတူတူ လာရောက်အပန်းဖြေမယ့်သူတိုင်းအတွက် 2 ယောက်လာ 30% OFF
မနက်ဖြန် အမေများနေ့ (၁) ရက်တည်းသာ!

မိသားစုအတွက် တစ်သက်လုံး ပေးဆပ်ခဲ့တဲ့ မေမေ့ရဲ့ ခြေလှမ်းတိုင်းမှာ ဒီနေ့လေးတော့ အညောင်းအညာတွေပြေပြီး ပေါ့ပါးသွားစေဖို့ Relax Thai Reflexology မှာ အမှတ်တရဖန်တီးလိုက်ပါ။

📢 ၁ ရက်တည်းပဲမို့ ခုကတည်းက Booking လုပ်ထားဖို့ မမေ့နဲ့ဦးနော်!

‼️ မကွေးမြို့တစ်ခုတည်းသာ!

06/05/2026

🧐ဆိုင်ကြီးက ဒီလောက်ရှယ်ဖြစ်သွားတော့ ဈေးတွေများ တက်ကုန်ပြီလား?
နိုး.. နိုးပါရှင်! လုံးဝ (လုံးဝ) ဈေးမတက်ပါဘူး။
ဆိုင်ကို အရင်ထက်ပိုပြီး သပ်သပ်ရပ်ရပ်နဲ့ စပါယ်ရှယ် အပြင်အဆင်လေးတွေ မွမ်းမံလိုက်ပေမယ့် ဝန်ဆောင်မှုနဲ့ ဈေးနှုန်းကတော့ အပြောင်းအလဲမရှိ အရင်အတိုင်းပါပဲ။

🛋️ ပင်ပန်းနွမ်းနယ်သမျှတွေကို တစ်ခါတည်း ချန်ထားခဲ့လို့ရအောင် အေးချမ်းပြီး သက်သောင့်သက်သာရှိတဲ့ vibe မျိုး ရအောင် ပြင်ဆင်ထားပါတယ်။

Aircon ကို တစ်နေကုန် အချိန်ပြည့် ဖွင့်ထားပေးတာမို့ ဆိုင်ထဲခြေချလိုက်တာနဲ့ မကွေးအပူဒဏ်ကို မေ့သွားစေမှာပါ။

ဈေးနှုန်းလည်းမတက်၊ အပြင်အဆင်ကလည်း ပိုမိုက်သွားတော့ အခုပဲ သူငယ်ချင်းတွေ၊ မိသားစုတွေကို ခေါ်ပြီး လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်နော်...

ညနေပိုင်းလာမယ်ဆိုရင်တော့ ကြိုတင် Booking ယူပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင်...♥️

Photos from Relax Thai Reflexology's post 04/05/2026

Congratulations 🎉 Lucky Girl

1 Hour Foot massage ကံထူးရှင်လေး (2) ယောက်ထွက်လာပါပြီ။

တစ်နေကုန် မပ်တပ်ရပ်နေရတဲ့ မေမေကိုနှိပ်စေချင်လို့ဆိုတဲ့ "Daw Gyi Honey" acc ပိုင်ရှင်လေးရယ်
စာမေးပွဲတွေကြား stress များနေလို့ Relax လုပ်ချင်တဲ့
"Khin Khin" acc ပိုင်ရှင်လေး နှစ်ယောက်ကံထူးသွားတာပါရှင့်။ ပါဝင်ပေးကြတဲ့တစ်ဦးချင်းစီကိုကျေးဇူးတင်ပါတယ်။

ကံထူးသွားတဲ့သူလေးနှစ်ယောက်က
Giveaway ပေါက်လို့ပါဆိုတဲ့ စာနဲ့အတူ လာနိုင်တဲ့နေ့‌လေးကို Chatbox မှာ appointment လာယူပေးပါနော်...♥️

02/05/2026

" အနှိပ်ခံရတာ ကြိုက်တဲ့ သူငယ်ချင်းလေးအတွက်
Relax မှာ စိတ်ကြိုက်အနားယူဖို့
မွေးနေ့လက်ဆောင် ပေးလိုက်တယ်နော် " ဆိုပြီး ချစ်ရတဲ့ သူငယ်ချင်းလေးအတွက် မမ ၂ ယောက်က Surprise Gift လေး
Relax မှာ လာပေးသွားပါတယ်ရှင် 👏

ခုလို သူငယ်ချင်းကောင်း ပိုင်ဆိုင်ထားတဲ့မွေးနေ့ရှင်မမလဲ မွေးနေ့မှစ အမြဲတမ်း ပျော်ရွှင်ပါစေရှင့်မမ 🙏 အပန်းဖြေ အနားယူဖို့ Relax က ကြိုနေပါတယ်ရှင့်မမ 🩷

01/05/2026

အနှိပ်ခံပြီးတဲ့အခါ ခန္ဓာကိုယ်အနားရစေဖို့နဲ့ အနှိပ်ရဲ့အကျိုးကျေးဇူးကို အပြည့်အဝရရှိစေဖို့ အထူးရှောင်ကြဉ်သင့်တဲ့ ‌(၅)ချက်!

၁။ ရေမသောက်ဘဲ မနေပါနဲ့
အနှိပ်ခံနေစဉ်အတွင်း ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ထွက်လာတတ်ပါတယ်။ အဲ့ဒီအဆိပ်အတောက်တွေကို စွန့်ထုတ်နိုင်ဖို့နဲ့ ရေဓာတ်မခမ်းခြောက်စေဖို့ အနှိပ်ခံပြီးတာနဲ့ ရေများများသောက်ပေးပါ။

၂။ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှု မလုပ်ပါနဲ့
အနှိပ်ခံပြီးနောက် ကြွက်သားတွေက ပြေလျော့နေတဲ့ အခြေအနေမှာရှိပါတယ်။ Gym ဆော့တာ (ဒါမှမဟုတ်) အလေးအပင်မတာမျိုးကို အနည်းဆုံး ၁၂ နာရီကနေ ၂၄ နာရီအထိ နားပေးသင့်ပါတယ်။

၃။ ရေပူနဲ့ ချက်ချင်း ရေမချိုးပါနဲ့
အနှိပ်ခံပြီးခါစမှာ ကြွက်သားတွေက နွေးနေတတ်ပါတယ်။ ရေပူနဲ့ ထပ်မံရေချိုးခြင်းက ကြွက်သားရောင်ရမ်းမှုကို ဖြစ်စေနိုင်တဲ့အတွက် အနည်းဆုံး ၂ နာရီခန့် စောင့်ပြီးမှ ရေချိုးပေးပါ။

၄။ အယ်လ်ကိုဟောနဲ့ ကဖိန်းဓာတ် ရှောင်ပါ
အရက်၊ ဘီယာနဲ့ ကော်ဖီတို့ဟာ ခန္ဓာကိုယ်ကို ရေဓာတ်ခမ်းခြောက်စေပါတယ်။ အနှိပ်ခံပြီးနောက် ဒီအရာတွေက အဆိပ်အတောက် ပြန်ဖြစ်စေနိုင်လို့ ရှောင်ပေးရပါမယ်။

၅။ အစားအစာ အဝမစားပါနဲ့
အနှိပ်ခံပြီးနောက်မှာ ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှုက ကောင်းမွန်နေပါတယ်။ အစာအများကြီး စားလိုက်ရင် ခန္ဓာကိုယ်က အစာခြေစနစ်အတွက်ပဲ အားစိုက်လိုက်ရတဲ့အတွက် အနှိပ်ခံထားတဲ့ အကျိုးကျေးဇူးကို လျော့နည်းစေပါတယ်။ ပေါ့ပေါ့ပါးပါး အစားအစာ ကိုပဲ ရွေးချယ်စားသုံးပါ။

နှိပ်ပြီးတဲ့အခါ ဒီအချက်လေးတွေမလုပ်မိဖို့ အထူးသတိထားတော့နော်...♥️

30/04/2026

ကဆုန်ပြည့်နေ့ ဆုမွန်ကောင်း
ယနေ့ကျရောက်သော ကဆုန်လပြည့် နေ့ထူးနေ့မြတ် အခါသမယမှာ (၇) ရက်သားသမီးများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရ်ျ တောင်းသောလိုရာဆန္ဒများ ပြည့်ဝပါစေကြောင်း ‌Relax Thai Reflexoloy မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်...🙏

#ဆုတောင်း #ကဆုန်လပြည့် #ဗုဒ္ဓနေ့

29/04/2026

တစ်နေ့လုံး လမ်းလျှောက်၊ မတ်တပ်ရပ်ပြီး အလုပ်တွေနဲ့ အားစိုက်ခဲ့ရလို့ သင့်ခြေထောက်လေးတွေ ညောင်းညာနေပြီလား?
(ဒါမှမဟုတ်)
အိမ်အလုပ်တွေနဲ့ တစ်နေ့ကုန် လှုပ်ရှားနေရတဲ့ မိခင်/ဖခင်တွေရဲ့ ခြေထောက်လေးတွေကိုရော အနားပေးဖို့ သတိရမိရဲ့လား?

ဒီပင်ပန်းမှုတွေကို ဖြေဖျောက်ပေးဖို့အတွက် မကွေးမြို့ရဲ့ Relax Thai Reflexology မှာ 1 hour Foot Reflexology (Free)
( 3 ) ဦး ရွေးချယ်ပြီး လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်!

🎁 ဘာကြောင့်ပါဝင်ဖြစ်တာလဲဆိုတာ Comment လေးမန့်‌ခဲ့ပေးရုံပါပဲ။
(ဥပမာ - "တစ်နေ့လုံး ဆိုင်မှာ မတ်တပ်ရပ်ရောင်းရလို့ အညောင်းပြေစေချင်လို့ပါ" စသဖြင့်...)

ပင်ပန်းသမျှကို ခဏမေ့ထားပြီး ထိုင်းရိုးရာအနှိပ်ပညာနဲ့ အနားယူဖို့ အခုပဲ ပါဝင်ကံစမ်းလိုက်ရအောင်နော်။ 🌿

Want your business to be the top-listed Beauty Salon in Magway?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Magway