YanLay

YanLay

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from YanLay, Health/Beauty, Magway.

Visit TikTok to discover videos! 25/09/2023

Visit TikTok to discover videos! Watch, follow, and discover more trending content.

TikTok · CĴ 01/08/2023

TikTok · CĴ 125.3K likes, 283 comments. “နားထောင်ကောင်းလိုက်တာဗျာ...”

TikTok · Shan Lay 31/07/2023

TikTok · Shan Lay 19.7K likes, 315 comments. “ #ရောက်ချင်တဲ့နေရာရောက်👌 #တွေးပြီးမှတင်ပါ ”

TikTok · Shan Lay 28/07/2023

TikTok · Shan Lay 10.9K likes, 204 comments. “ #ရောက်ချင်တဲ့နေရာရောက်👌 #တွေးပြီးမှတင်ပါ ”

TikTok · Shan Lay 28/07/2023

TikTok · Shan Lay 16.9K likes, 167 comments. “ #ရောက်ချင်တဲ့နေရာရောက်👌 #တွေးပြီးမှတင်ပါ ”

TikTok · 🖤ဖီးလ်ခွင့်ပြုပါနော်🖤 10/07/2023

TikTok · 🖤ဖီးလ်ခွင့်ပြုပါနော်🖤 11.4K likes, 232 comments. “🥺🥺”

06/07/2023

#အတွေးလေးတွေကြည့်တွေးကျပေါ့

လူက လူအတွေး၊ နွားက နွားအတွေး
=============================

တခါတုန်းက လူတစ်ယာက်ဟာ
အိမ်နောက်ဘက် ကွက်လပ်မှာ
နွားတစ်ကောင်နဲ့ ဆီဆုံ လှည့်နေရင်း
ခဏ ထားခဲ့ပြီး အိမ်ရှေ့မှာ
ရေနွေးကြမ်း ငှဲ့သောက်နေသတဲ့ ။

အဲဒီတုန်းမှာ လမ်းပေါ်မှာ
လူစိမ်းဧည့်သည်တစ်ယောက် ဖြတ်လာတာ
မြင်လို့ ရေနွေးကြမ်းသောက်
လှမ်းဖိတ်လိုက်သတဲ့။

သူ့အရပ်၊ ကိုယ့်ဒေသ
မိုးလေဝသ အကြောင်း၊
စိုက်ရေးပျိုးရေးအကြောင်း၊
အလ္လာပ သလ္လာပတွေ ပြောနေကြရင်း
အိမ်ရှင်ကကြမ်းပြင်ကို နှင်တံ(နွားကန်)နဲ့
ဗြန်းကနဲ ရိုက်လိုက်တယ်။
ပြီးတော့ စကား ဆက်ပြောကြပြန်တယ် ။

တစ်အောင့်လောက် အကြာ ကြမ်းပြင်ကို ရိုက်လိုက်ပြန်ရော။
ဧည့်သည် လူစိမ်းလည်း အိမ်ရှင်ရဲ့ ထူးဆန်းတဲ့ အပြုအမူကြောင့်
အကြောင်းရင်းကို မေးကြည့်မိသတဲ့။

မေးစမ်းပါရစေဦး နောင်ကြီးရယ်၊
စကားပြောနေရင်း နောင်ကြီးက
ကြမ်းပြင်ကို ခဏခဏ
တဗြန်းဗြန်း ရိုက်နေတာ ဘာသဘောလဲဗျ
ဆိုတော့ အိမ်ရှင်က

ဒီလိုဗျ ။ ကျုပ်က အိမ်နောက်ဖေးမှာ
နွားနဲ့ ဆီပွတ် နေတာလေ။
ခလောက်သံက တိတ်သွားတော့
ဒီနွားက ဆုံမလှည့်ပဲ ရပ်နေလို့
ကျုပ်က နှင်တံရိုက် အသံ ပေးနေရတာ။
ကိုင်း အခု ကျုပ်နွားရဲ့
ခလောက်သံကို မိတ်ဆွေ
ကြားတယ် မဟုတ်လား၊
သူ ဆုံလှည့်နေပြီလေ"။

လူစိမ်းက ဘဝင် မကျသလိုနဲ့
ဒီလိုဖြင့် နောင်ကြီးရယ်..
ခင်ဗျားရဲ့နွားက ဆုံကို ဆွဲချင်ဟန်ဆောင်ပြီး
ခြေစုံ ရပ်နေရင်းက ခေါင်းကို
လှုပ်ရမ်းပြီး ခလောက်သံ ပေးနေရင်ရောဗျာ ..။

ဒီအခါမှာ အိမ်ရှင်က
အခုလို ပြန်ပြောလိုက်ပါတယ်။

ဒါကတော့ မိတ်ဆွေက လူဆိုတော့
လူလို တွေးတာကိုးဗျ။

သူက နွားလေဗျာ..။
နွားလိုပဲ တွေးတော့မှာပေါ့ ....တဲ့။

တိရစ္ဆာန်ဟာ တိရိစ္ဆာန်အတွေးပဲ တွေးတတ်ပြီး တိရိစ္ဆာန်အလုပ်ပဲလုပ်တတ်ပါတယ်။

လူထုဦးလှ မြန်မာ့ရိုးရာ ပုံပြင်များ....

06/07/2023

တနေ့မှာ လူတချို့က ငါ့မကောင်းကြောင်း
ပြောကြလိမ့်မယ် မင်းကလည်း ယုံလိမ့်မယ်

ဒီလိုနဲ့ တချိန်ကျ မကောင်းတဲ့လူက ငါ မဟုတ်ဘူး
ဆိုတာ မင်း ကိုယ်တိုင် သိသွားလိမ့်မယ်

အဲဒီ အချိန်မှာ မင်းက ငါ့ကို အားနာနေမိလိမ့်မယ် ။

လွန်ခဲ့တဲ့ လပိုင်းတုန်းက လူတစ်ယောက်က သူ ပတ်သက်ဖူးတဲ့ လူရဲ့ မကောင်းတဲ့ အချက်တွေကို လာပြောပြတယ် ။

တဖက်လူဟာ အတ္တကြီးကြောင်း ၊ ရိုင်းစိုင်းကြောင်း ၊ လေးစားမှုမရှိကြောင်း စသဖြင့်ပေါ့လေ ။

ကိုယ်ကလည်း နားနှစ်ဖက်ရှိပါရက်နဲ့ သူပြောတာ

ကို ယုံပြီး တဖက်လူအကြောင်း သေချာ မသိဘဲ မကောင်းဘူး လို့ထင်ခဲ့တယ် ။

တဖြည်းဖြည်းနဲ့ သူ့အကြောင်းသိလာတဲ့အခါ
မကောင်းတဲ့လူဆိုတာ သူ ကိုယ်တိုင်ပဲ လို့
သိသွားတယ် ။

သူ့ကိုလည်း အပေါင်းအသင်း မလုပ်တော့ဘဲ
ရှောင်နေလိုက်တယ် ။ အဲဒီတော့မှ ကိုယ့်ဘက်
က သေချာ မသိဘဲ အထင်လွဲခဲ့မိတဲ့ တဖက်လူကို စိတ်ထဲက အားနာနေမိခဲ့တယ် ။

လူတစ်ယောက်ရဲ့ စိတ်ကိုသိဖို့ဆိုတာ
အဲဒီလူတစ်ယောက်ရဲ့ နေရာကို ကိုယ်က
ရောက်ဖူးမှ သိလိမ့်မယ် ။

သူ့လို ခံစားဖူး ၊ သူ့လို ကြုံဖူးမှပဲ သူ့အခြေအနေ
ကို နားလည်နိုင်လိမ့်မယ် ။

အပြစ်တင်မစောဖို့ ၊ ပြောတိုင်း မယုံဖို့
လူတွေကို အယုံကြည် မလွန်စေဖို့ ..

ဖြစ်နိုင်ရင်
လူတစ်ယောက်ရဲ့ တန်ဖိုးကို ဘယ်လောက်လဲ သတ်မှတ်ဖို့

ကိုယ်ရဲ့ တန်ဖိုးကို အရင် ရဲရဲဝံ့ဝံ့ စစ်တမ်းထုတ်
စေချင်ပါတယ် ။

တဖက်သားရဲ့ အားနည်းချက် ၊ မပြည့်စုံမှုတွေကိုပဲ
ထောက်ပြနေတယ် ဆိုတာ ကိုယ့်ရဲ့ ချို့ယွင်းချက် တွေကို

Cover လုပ်ချင်လို့ အခြားလူတွေရဲ့ အာရုံစူးစိုက်မှုကို ကိုယ့်ဆီမရောက်အောင် လွှဲချလိုက်ခြင်းပဲ ဖြစ်တယ် ။

ဒီလို သနားစရာလူတွေ တကယ်ရှိတယ် ။

06/07/2023

လူဟုပင်မခေါ်ဆို ထိုက်သောသူများ
=========================

အမှန်တရားကိုသိပါလျက်နဲ့
မသိချင်ယောင်ဆောင်သူများ

အမှားတွေကိုမှားမှန်းသိပါလျက်နဲ့
မသိချင်ယောင်ဆောင်သူများ

မိမိအကျိုးကိုထိခိုက်မှာစိုးလို့
ရေငုံနှုတ်ပိတ်နေသူများ

မျက်စိရှိပါလျက်
မမြင်ကြသောမျက်ကန်းများ

နားရှိပါလျက်
မကြားကြသောနားကန်းများ

ပါးစပ်ရှိပါလျက်
မပြောနိုင်ကြသောအဆွံ့အအများ

နှလုံးသားရှိပါလျက်
ကိုယ်ချင်းစာစိတ်မရှိသော
အတ္တလူသားများသာဖြစ်ကြပါသည်

လူဟုပင်မခေါ်ဆို ထိုက်သောသူများဖြစ်ကြပါသည်။

Credit #အောင်ဆွေဝင်း (စာပေ ပရဟိတ)

06/07/2023

ငါပြုပြင်နိုင်ဖို့

ငါ ညံ့ရင်
ငါခံရမယ်
သူများကို အပြစ်မတင်ဘူး။

ငါ လဲရင်
ငါ ထရမယ်
တွဲထူမယ့်သူလဲ မမျှော်ဘူး။

ငါ ပျင်းလို့
ငါ ဖျင်းတာ
ကြိုးစားတဲ့သူကို မနာလိုမဖြစ်ဘူး။

ငါ မလေ့လာလို့
ငါ မတတ်တာ
သူများနှိမ်လဲ မနာဘူး။

ငါ့ လိုအပ်ချက်
ငါ ဖြည့်ဆည်းရမယ်
မကူညီရကောင်းလားလို့လဲ မမြင်ဘူး။

ငါ ကောင်းအောင်
ငါ နေရမယ်( ငါမကောင်းတဲ့ အခါ)
အပေါင်းသင်းကြောင့်လို့ ခေါင်းစဉ်မတပ်ဘူး။

ငါ့ အကြောင်းကို
ငါ သိနေရမယ်
ဒါမှ ပြုပြင်ပြောင်းလဲနိုင်မယ်။လို့ ခံယူထားတယ်😁

Want your business to be the top-listed Beauty Salon in Magway?
Click here to claim your Sponsored Listing.

Category

Website

Address


Magway