NYEIN - Personal Branding Expert

NYEIN - Personal Branding Expert

Share

Online Business Knowledge Sharing

Photos from NYEIN - Personal Branding Expert's post 08/02/2021

Test Succeeded!! (စမ်းသပ်အောင်မြင်ပြီး)

Internet ပြန်ပိတ်သွားရင်တောင် Facebook အပါအဝင်တခြားappတွေပါဆက်သုံးလို့ရတဲ့နည်း။

Speedify ကမြန်မာပြည်မှာ Internet ပိတ်ဆို့မှုတွေကို Awareness ရတဲ့အတွက် အစိုးရက အင်တာနက်ဖြတ်တောက်ထားချိန်မှာတောင် သူ့ရဲ့ App ကိုသုံးပြီး Internet အသုံးပြုနိုင်ပါတယ်။ Download လုပ်ပြီးတာနဲ့ 50G free သုံးစွဲခွင့်ရှိပါတယ်။ ချွေတာသုံးဖို့လဲ အကြံပေးချင်ပါတယ်။ နောက်ပိုင်း Visa Master တွေပါပိတ်ပစ်ရင် ဝယ်မရမှာစိုးလို့ပါ။ 1. App ကို အရင် download ပါ။
2. VPN ကိုပိတ်ပြီးမှ App ကိုဖွင့်ပါ။
ဖြစ်နိုင်ရင် download မလုပ်ခင်ထဲက ပိတ်ထားပါ။ iOS user တွေအတွက် Myanmar App Store ဖြစ်ရင် ပိုကောင်းပါတယ်။
3. App ဖွင့်လိုက်တာနဲ့ Free နဲ့ Premium Version တွေရှိကြောင်း ပြပါလိမ့်မယ်။
4. ဘေးကို နောက်ဆုံးရောက်တဲ့အထိ လက်နဲ့ရွှေ့သွားလိုက်ပါ။
5. နောက်ဆုံးမှာ 50G free ရကြောင်း မြင်ရပါမယ်။

အခက်အခဲရှိရင်လည်းကျွန်တော့် chatbox ကိုလာမေးလို့ရပါတယ်။

အများသိအောင် copy ယူပေး share လုပ်ပေးကြပါ။

Photos from NYEIN - Personal Branding Expert's post 04/02/2021

fb သုံးမရဘူး ဆိုသူ​တွေ ဒါလေးလည်း အဆင်ပြေတယ်

ကိုယ်နဲ့အဆင်ပြေ ကိုက်ညီတာလေးကို downပီး သုံးကြနော်

04/02/2021

❗️မြန်မာပြည်တွင်းမှာ Facebook ကျော်ခွသုံးနည်း

Facebook သုံးမရရင် 1.1.1.1 VPN ကို အခမဲ့ သုံးနိုင်တယ်။ ဒီVPN ဟာ စိတ်ချရပြီး အများ အလွယ်တကူ သုံးနိုင်အောင် Cloud Security Company တခုမှ ထုတ်ထားတာပါ။ Android မှာရော IOS မှာရော ရှိပါတယ်။

“အသုံးပြုပုံ”
_______________

1). Play Store မှာဖြစ်ဖြစ် App Store ဖြစ်ဖြစ် "1.1.1.1” ကို ရိုက်ပြီး ရှာပါ။ ပထမဆုံးထွက်လာတဲ့ 1.1.1.1 Faster နာမည်နဲ့ App ကို Install လုပ်ပါ။

2). App ကို စဖွင့်ချင်းမှာ "Accept” ကို ရွေးပါ။

3). Disconnected ဆိုတဲ့ ခလုတ်ကို တွေ့ပါက ဘေးသို့ရွှေ့ပါ။

4). ပထဦးဆုံးအကြိမ် စသုံးပါက VPN Profile ကို သွင်းရန် ခွင့်တောင်းမည်။ "OK” “Allow” စသည့် စာလုံးများကို နှိပ်ပါ။

5). အောင်မြင်သွားပါက Connected ဟု ပေါ်မည်။

6). ထိုအချိန်တွင် Facebook ကို အသုံးပြုနိုင်ပါပြီ။

မလုပ်တတ်သူများကို လုပ်တတ်သူများက ကူညီ လုပ်ပေးလိုက်ပါ။ စိတ်ကြိုက်ဖြန့်ဝေနိုင်သည်။

Credit - Aung Moe

01/01/2021

ဘယ်နားမှာ အနာ ၊ ပြသနာရှိလဲ ⁉️
အဲ့နေရာမှာ ပိုက်ဆံရှိတယ် ✅

29/12/2020

✅ ရှေးလူကြီးတွေ ပြောကြတဲ့ စကားပုံလိုပေါ့ "ဆင်ခြေပေးတဲ့ ပါးစပ် ထမင်းငတ်တတ်တယ်" တဲ့

✅ တကယ်အောင်မြင်နေတဲ့သူတွေ, တကယ်ကိုအောင်မြင်ချင်စိတ် အပြည့်ရှိနေသူတွေကို ကြည့်ကြည့် သူတို့မှာ ဆင်ခြေဆိုတာ လုံးဝမရှိဘူး။ ဒါကို ငါဖြစ်အောင်လုပ်မယ်။ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ စိတ်တွေပဲ ရှိကြတာ။

✅ တနည်းပြောရရင်တော့ ကိုဗစ်ကာလမို့မရောင်းရမှာကြောက်တယ်, အရင်းကထုတ်ပေးမယ့်သူမရှိဘူး, friက သိပ်မရှိလို့ မရောင်းရမှာစိုးတယ်, သူငယ်ချင်းတွေက ကပ်စေးနှဲတွေ စသဖြင့် ဆင်ခြေပေါင်းများစွာ ပေးတတ်သူတွေဟာ "တကယ်ကိုပြင်းပြတဲ့ အောင်မြင်ချင်စိတ်" မရှိကြသေးလို့ပါ။

✅ သူတို့ကို သူတို့ သက်သာရာသက်သာကြောင်း နှစ်သိမ့် ချွေးသိပ်နေကြတာ။

✅ တကယ်ကိုကြိုးစားလာလို့ အောင်မြင်သူတွေရဲ့ postအောက် သွားကြည့်ကြည့် အ့လိုလူမျိုးတွေကပဲ အားကျလိုက်တာ အားကျတယ် နဲ့ အော်နေကြတာ။

✅ ကိုယ့်ဘဝကိုယ်ကျ စိတ်တိုင်းကျ ပုံမဖော်ကြဘူး။ဆင်ခြေအမျိုးမျိုးနဲ့ အပျင်းတစ်နေကြတာ။

✅ တကယ်တော့လေ အရမ်းကိုအောင်မြင်ကြော်ကြားလာသူတွေဟာလည်း "သူ့အလိုလိုရလာတာမဟုတ်သလို, မှော်ဒုတ်တံလေးနဲ့ ဟတ်ချလောင်းဆိုပီး ဝှေ့ယမ်းလိုက်ရုံနဲ့" ရလာတဲ့အောင်မြင်မှုတွေ မဟုတ်ဘူးနော်။

✅ သူတို့မှာ ငါအောင်မြင်ရမယ်, ငါရောင်းကောင်းရမယ် ဆိုတဲ့ မဆုတ်မနစ်နဲ့ လိုရာပန်းတိုင်မရောက်မချင်း ကြိုးစားမယ်ဆိုတဲ့ စိတ်ဓာတ်တွေဟာ အရမ်းကိုပြင်းထန်နေလို့ သူတို့ရည်မှန်းချက်တွေအတိုင်း ဖြစ်လာတာပါ။

✅ အားလုံးပဲ ဆင်ခြေမပေးကြတော့ပဲ အောင်မြင်အောင် အတူတူကြိုးစားကြမယ်နော် fighting💪💪💪

💚

24/12/2020

သိပီးသားသူတွေရှိသလို မသိသေးသူတွေလည်းရှိတာမို့ ပြန်လည်မျှဝေပေးမယ်နော်။ ကိုယ့်ရဲ့အလှပုံ ကိုယ့်ရဲ့productပုံလေးတွေကို ဒီappလေးသုံးပီး သပ်သပ်ရပ်ရပ် လှလှပပလေး ဖြတ်ကြရအောင်နော်။
ခုနောက်ပိုင်း မြင်တွေ့နေရတဲ့ပုံတွေက လုံးဝသပ်သပ်ရပ်ရပ်မရှိပဲ ကြည့်ရဆိုးနေလို့။ ဒီနည်းလေးအတိုင်း ပုံတွေလိုက်ဖြတ်ကြည့်ကြနော်😍😘

နောက်လည်း sharingလေးတွေ ပြန်လည်မျှဝေပေးမှာမို့ pageလေးကို
likeလုပ်ထားဖို့ မမေ့ကြနဲ့နော်။

ချစ်တဲ့
💚NYEIN💚

23/12/2020

ကမ္ဘာကျော် Chanel Brand တံဆိပ် တည်ဆောင်သူ Coco Chanel အမျိုးသမီးအကြောင်း

၁၈၈၃ ခုနစ် ပြင်သစ်နိုင်ငံ Saumar မြို့မှာမွေးဖွားတယ်

Chanel က ဆင်းရဲတဲ့မိသားစုမှမွေးလာတယ်.စားဝတ်နေရေးကျပ်တည်းလို့ အမေ က ဆေးရုံတခုမှာ အဝတ်လျှော်တဲ့သူ လုပ်တယ် အဖေဖြစ်သူကတော့ တနယ်နဲ့တနယ်လှည့်ပြီးအဝတ်အထည်တွေ လေ့လည်ရောင်းတယ်တယ်

သူ့ အသက် ၁၂ နှစ်အတွက်မှာ သူ့အမေဆုံးပါးသွားပြီး သူ့အဖေ လည်း အိမ်ပြန်မလာပဲ စာမလာသတင်းမကြား ပျောက်သွားခဲ့တယ် ဒီလိုနဲ့ပဲ သူ့မောင်နမ တွေအားလုံး မိဘမဲ့ ဂေဟာတခု ပို့ခံလိုက်ရတယ်

ဂေဟာမှာ နေခဲ့စဉ်အတောအတွင်း စက်ချုပ် ပညာ လေ့လာခဲ့ရပြီး စက်ချုပ်ရင်း ပိုက်ဆံရှာခဲ့တယ် နောက်လာမယ့် မိဘမဲ့ကလေးအတွက်ပါ စောင့်ရှောက်ခဲ့ရတယ်

အသက် ၁၈ နှစ်ရောက်တော့ ဂေဟာကနေထွက်လာပြီး စက်ချုပ်ဆိုင်မှာ အလုပ်လျှောက်ပြီး အလုပ်လုပ်တယ်

Chanel က ငယ်စဉ်ကတည်းအသစ်သစ်တွေလေ့လာဖို့ ဝန်မလေးသူ အဝတ်ချုပ်တဲ့နေရာမှာ လက်လာပြောင်မြောက်တယ်
အလုပ်ဆင်းတဲ့ အချိန်မှာအရက် ဘားတခု မှာ သီချင်းဆိုတဲ့ အလုပ် စမ်းလုပ်ဖူးတယ် နောက်ပိုင်း သူသိလာခဲ့တာက သီချင်း ဆိုတဲ့အလုပ်က သူနဲ့မကိုက်ညီမှန်းသိလာတော့ ဒီဇိုင်းထုတ်တဲ့ဘက်ကို အာရုံ စိုက်လာတယ်.

အသက် ၂၃ နှစ်မှာ Etienne Balsan ဆိုတဲ့ လူဂုန်ထန်အမျိုးသားတယောက်နဲ့ လက်ထပ်ခဲ့တယ်
အဲ့ဒီနှစ်မှာပဲ Arthur Capel ဆိုသူနဲ့သိကျွမ်းပြီး Chanel က ဒီဇိုင်းတီထွင်တဲ့နေမှာ လက်ရာပြောင်မြောက်လို့ Arthur Capel က Deauville မြို့မှာ ဆိုင်တဆိုင်ဖွင့်ဖို့ ပြောတယ်
Chanel ရဲ့ ပထမဦးနာမည်ကြီးလာတဲ့ အရာက အမျိုးသမီးဆောင်းဦးထုပ်ဖြစ်ပြီး သူ့ဦးထုပ်ကို အမျိုးသမီး သရုပ်ဆောင် Gabrielle Dorziat က ရုပ်ရှင်းကား ၂ ကားမှာ ဆောင်းခဲ့လို့ အရမ်းနာမည်ကြီးလာခဲ့တယ်

Chanel ဆိုင်မှာ ဦးထုပ်က အကုန်ရောင်းထွက်တဲ့အထိ ရောင်းကောင်းခဲ့တယ် customer တွေလည်း တခြား အဝတ်အထည် အသုံးဆောင်တွေပါမေးလာတော့တယ်

နောက်ပိုင်း သူ့အိမ်ထောင်ရေးကိစ္စ အဆင်မပြေတော့ သူအိမ်ထောင်ကွဲပြီး သူ့ကို ဆိုင်ဖွင့်ခိုင်းသူ Capel နဲ့ လက်ထပ်လိုက်တယ် .

Chanel ဒီဇိုင်းက ခေတ်မှီဆန်းသစ်လို့ အမျိုးသမီးရဲ့ အသသည်းစွဲဖြစ်လာပါတော့တယ်. Chanel ဆိုင်နာမည်နဲ့ တခြားမြို့တွေမှာ ဆိုင်ခွဲတခုပြီးတခု ဖွင့်ပါတော့တယ်

Chanel Brand က အမျိုးသမီး တွေကို ဂါဝန်ကနေ ဘောင်းဘီ တွေ ဝတ်လာအောင် စွဲဆောင်နိုင်ခဲ့တယ်ဆိုတာကော သိကြရဲ့လား????
အရင်ခေတ် အမျိုးသမီး ဖက်ရှင်တွေဟာ ဂါဝန် နဲ့ပဲ ဖြစ်နေတော့
Chanel စဉ်းစာမိတာက အမျိုးသားတွေပဲ အမျိုးသမီး တွေလည်း ဘောင်းဘီဝတ်ရင် လှနိုင်ကြောင်း ကိုယ်ပိုင်အလှ ကိုယ်ပိုင်စတိုင်နဲ့ ကြည့်ကောင်းအောင်လုပ်နိုင်မယ်လို့ယုံကြည်ခဲ့တယ်. အဲ့ကြောင့် အဲ့ခေတ်ရေစီးကြောင်းအလိုက် လှတဲ့ ဘောင်းဘီဒီဇိုင်းအမျိုးမျိုး ထုတ်ရောင်းပါတော့တယ်

Chanel ဆိုင်တွေက ကမ္ဘာစစ် မဖြစ်ခင်ထိ အ‌တော်လေးကို ရောင်းကောင်းခဲ့တယ် .စစ်ပွဲထဲ chanel ဆိုင်တွေ နစ်သွားပေမယ်လည်း သူမ အဆုံးမရှုံးမပေးခဲ့ပါဘူး ဆိုင်တွေ ပြန်ဖွင့်လာနိုင်တဲ့ထိ ကြိုးစားခဲ့တယ်

သူမဘဝရဲ့အလှည့်အပြောင်းအချိန်

၁၉၁၉ ခုနှစ် ယောကျာ်းဖြစ်သူ ကားအက်ဇီးဒက် ဖြင့်ဆုံးသွားတော့ သူယောကျာ်းအပေါ် လွမ်းဆွတ်ဝမ်းနည်းခြင်း အထိမ်းအမှတ် အနေနဲ့ အနက်ရောင် အဝတ်အထည်တွေ ထုတ်ပါတော့တယ်.Paris မြို့သူမြို့သားများလည်း သူမ ထုတ်တဲ့ အနက်ရောင်အဝတ်အစား
တမြို့လုံးဝတ်လာတဲ့ထိ ကြိုက်နှစ်သက်ကြတယ်. ဖက်ရှင် ဒီဇိုင်းဟာ အဝါရောင် ဂါဝန် မဟုတ်ပဲ အနက်ရောင် အကျီဘောင်းဘီနဲ့လည်း ကိုယ်ပိုင်ဟန်နဲ့ လှပနိုင်ကြောင်း ပြသနိုင်ခဲ့တယ်

၁၉၂၁ ခုနစ် Chanel no.5 ရေမွှေး ထုတ်လုပ်တယ်. Chanel ရေမွေး ကမ္ဘာပေါ်မှာ ပထမဆုံး ပိုင်ရှင်နာမည် ထည့်ရိုက်ထားတဲ့ရေမွှေး ဖြစ်ပြီး အထက်တန်းလွှာ အတိုင်းအဝိုင်းထဲ နာမည်ကြီး ပေါက်ကြားလာတယ်. ၃ နှစ်နောက်ပိုင်း ဒီနေ့ဒီချိန်ထိ လူကြိုက်များ နာမည်ကြီး တဲ့ Chanel သားရေလွယ်တွေပါ ထုတ်ခဲ့တယ်. Chanel လွယ်အိတ် ကတော့ Brand ရဲ့ signature တခုဖြစ်လာပါတော့တယ်

၁၉၇၁ ခုနစ်မှာ collection အသစ်ထုတ်ဖို့ အလုပ်ခန်းမှာ အလုပ် လုပ်ရင်း သူမဆုံးပါးသွားခဲ့တယ်. Collection နာမည် " သစ်ရွက်ကြွေတဲ့ရာသီ " နဲ့အတူသေတဲ့ အချိန်ထိ ကိုယ်ချစ်မြတ်တဲ့ အလုပ်ကို လုပ်သွားခဲ့ပါတယ်.

Chanel ဘဝ အကြောင်းဖတ်ပြီး ဘာတွေ သင်ခန်းစာ ရလိုက်လဲ????

အက်မင်အနေ နဲ့ ကတော့

၁/ ကိုယ်ဘာလုပ်ရတာ ကြိုက်လဲ ကိုယ့်ကိုယ်ကို အရင်ဆုံးသိအောင်လုပ်မယ် ကိုယ်လုပ်နေတဲ့ အလုပ်က ကိုယ်နဲ့ မကိုက်ညီရင် ချက်ချင်းပြောင်းတယ်( chanel သီချင်းဆိုတဲ့ပလုပ် ရပ်လိုက်သလိုပေါ့)

၂/ အသစ်သစ်တွေ လုပ်ရဲတယ် စဉ်းစားရဲရမယ်( အမျိုးသမီး ဖက်ရှင် ဂါဝန်ဝတ်တာကနေ ဘောင်းဘီ ဝတ်လည်း လှနိုင်ကြောင်း သက်သေပြနိုင်ခဲ့တယ် လုပ်ထုံးလုပ်စဉ် ကနေ think out of the box စဉ်းစားတတ်ရမယ် )

၃/ အမြဲတမ်း အသစ်သစ်တွေ လေ့လာသင်ယူရမယ်( Chnel လို ဦးထုပ် ထုတ်တာ အောင်မြင်ပြီးနောက် အဝတ်အစား ရေမွှေး လွယ်အိတ် အဆင့်ဆင့် ကိုယ်လုက်နိုင်စွမ်းကို မကန့်သတ်ထားပဲ တဆင့်ပြီးတဆင့် တိုးတက်အောင်မြင်နိုင်ကြောင်း)

Crd. Original Downloader

23/12/2020

Hello

သိပီးသားသူတွေလည်း ရှိကြသလို

မသိသေးသူတွေလည်း ရှိနေမှာမို့

remove bg လေးသုံးပီး သပ်သပ်ရပ်ရပ် လှလှပပလေးဖြစ်အောင် ပုံလေးတွေဖြတ်နည်းလေး ပြောပြပေးမယ်နော်

ခုနောက်ပိုင်း မြင်တွေ့နေရတဲ့အများစုဟာ လက်မနိုင်ပဲပုံဖြတ်တော့ သိပ်မသပ်ရပ်ဘူးဖြစ်နေတယ် ကြည့်ရတာလုံးဝအဆင်မပြေဘူး။ဖြတ်ထားမှန်းအရမ်းသိသာနေတယ်။

အဲ့ဒါကြောင့် လက်ငြိမ်စရာမလို လက်နိုင်စရာမလိုပဲ remove bgလေးသုံးပီး ပုံလှလှလေးတွေ ဖြတ်ကြမယ်နော်။

With Love
💚NYEIN💚

Want your business to be the top-listed Beauty Salon in Magway?
Click here to claim your Sponsored Listing.

Telephone

Website

Address


Magway