Natural Essence Myanmar

Natural Essence Myanmar

Share

We produce and sell 100% organic coffee scrub and sugar wax to the market which can be used by both boys and girls Home Made coffee scrub & sugar wax

Photos from Vlog By Twins's post 22/10/2023

Tysm for supporting us 🙏🏻❤️

16/06/2023

မွှေးကျွတ်နာပြဿနာကိုဘယ်လိုဖြေရှင်းကြမလဲ🤷🏼‍♀️❓

အားလုံးပဲ မင်္ဂလာပါရှင်...🙏🏼

NEM ရဲ့ Questions and Answers အစီအစဉ်
လေးကနေ တစ်ဖန်ပြန်လည် ကြိုဆိုလိုက်ပါတယ်။...🙋🏻‍♀️❤️

1.မွှေးကျွတ်နာဘာကြောင့်ဖြစ်သလဲ...💬❓

အမွှေးကိုရိတ်တာပဲ ဖြစ်ဖြစ် နှုတ်တာပဲ ဖြစ်ဖြစ်မွှေးညှင်းအိတ်လေးတွေကိုထိခိုကိမိသွားရင်မွှေးကျွတ်နာ ဖြစ်တတ်ကြပါတယ်..😥💔

မွှေးညှင်းပေါက်ကတစ်ဆင့် bacteria တွေ ဝင်လာပြီးမွှေးညှင်းအိတ်ရောင်ရမ်းမှုကနေတစ်ဆင့် အရေပြားမှာ နီနီရဲရဲ အနာပေါ်လာတာကို မွှေးကျွတ်နာလို့ခေါ်တာပါ..👀✔️

ဘယ်လိုလူတွေမှာ အဖြစ်များလဲ...❓

🌻 တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိတဲ့သူတွေ

🌻 အထိုင်များတဲ့ သူတွေ

🌻 အမွှေးနှုတ်တာ၊ ရိတ်တာ တွေကို
အကြိမ်ကြိမ်လုပ်ဖူးသူတွေ

🌻 ပွတ်တိုက်မှု ကြိမ်နှုန်းများတဲ့ သူတွေ

(နှုတ်ပြီး၊ ရိတ်ပြီး၊ Waxing ပြီးချိန်မှာ အရမ်းကျပ်ပြီးကပ်တဲ့ အဝတ်အစားဝတ်တဲ့ သူတွေ)

🌻 မသန့်ရှင်းသော ရေကိုသုံးစွဲမိ တဲ့သူတွေ

ဒီလိုလူတွေမှာတော့မွှေးကျွတ်နာအဖြစ်များပါတယ်။

ဒါဆိုမွှေးကျွတ်နာရဲ့လက္ခဏာတွေကဘာတွေလဲ...🤔❓

ပထမဆုံး အရေပြားနီမြန်းပြီး အဖုလေးတွေထလာမယ် 😥။

အဲ့ အဖုလေးတွေက တဖြည်းဖြည်းနာလာပြီး
ပြည်လေးတွေ တည်လာမယ်..😥။

ဒါလေးတွေကမွှေးကျွတ်နာရဲ့ရှေ့ပြေးလက္ခဏာလေးတွေပါ....🙋🏻‍♀️💬။

✅ မွေးကျွှတ်နာဖြစ်ပြီဆိုရင် ဘယ်လိုကုသရမလဲ..🤔❓

- သန့်စင်တဲ့ အဝတ်စ ကိုယူပြီး
- ​ဆားနဲ့ ရေနွေးနဲ့ ရောစိမ်ပြီး
- ​အနာဖြစ်တဲ့နေရာ မှာ မိနစ် (30) ခန့်ကပ်ပေးပါ။

(အနာကျက်မြန်ပြီးမြန်မြန်ပေါက်ထွက်စေပါတယ်။)

တစ်နေ့ နှစ်ကြိမ်လောက် ရေသန့်နဲ့ ပွတ်တိုက်ဆေးကြောပေး
ပါ။

ပိုးသတ်ဆေးလိမ်းပေးပါ။...🚿🧴။

အနာကိုညှစ်တာက ရောဂါပိုးပိုပျံ့စေလို့ အနာကို (လုံးဝ)
မညှစ်ပါနဲ့ ...❌🦠။

အနာကိုဆေးထည့်ပြီးရင်လက်ကိုသေချာဆေးပါ။

အနာနဲ့ထိထားတဲ့အဝတ်တွေကိုသေချာလျှော်ဖွတ်ပါ။ 🧺🧼

ရေခဲကပ်တဲ့ Cool Effect/ရေနွေးအိတ်ကပ်တဲ့ Warm Effect တွေကိုလည်းသုံးလို့ရပါတယ်..🙋🏻‍♀️✅။

✅ ဒါဆို မွှေးကျွတ်နာ မဖြစ်အောင် ဘယ်လိုကာကွယ်ကြ
မလဲ..🤔❓

မွှေးကျွတ်နာ မဖြစ်အောင် အလုံးစုံတော့ ကာကွယ်လို့မရပါဖူး .. 🙅🏻‍♀️။

အသားအရေခြောက်လို့ ဖြစ်တဲ့ ပြဿနာ ဖြစ်တာကြောင့်
အစိုဓာတ်ဖြည့်တဲ့ Lotion (သို့) Cream လိမ်းပေးပါ..🙋🏼‍♀️။

Waxing လုပ်မဲ့သူဆိုရင် Waxing မလုပ်ခင် အသားကိုဆပ်ပြာနဲ့ သေချာဆေးပေးပါ။

(ရေနွေးလေးနဲ့ဆိုရင်အကောင်းဆုံးပါ။)

ဆန်လုံးညို ၊ပေါင်မုန့်ညို ၊လတ်ဆက်တဲ့အသီးအနှံ့တွေစားပေးပါ 🍇🍈။

✅ ကြာမြင့်ချိန် ⏰

ပုံမှန်အားဖြင့် မွှေးကျွတ်နာက (3-5) ရက်ဝန်းကျင်ပဲ ဖြစ်ပြီး
ပျောက်သွားတတ်ကြပါတယ်။

နှစ်ပတ်ကျော်လောက် ကြာရင်တော့ ဆရာဝန်နဲ့ပြသပြီး
ဆေးကုသမှု ခံယူသင့်ပါတယ် 👩‍⚕️💉။

❗မွှေးကျွတ်နာက သေးသေးလေးဆိုပေမဲ့ -

- ပေါ့ဆရင်လမ်းမလျောက်နိုင်တာ

- အဖျားတတ်တာ

- Shock ရတာတွေအထိဖြစ်နိုင်ပါတယ်။

❗ Bacteria 🦠 ကသွေးကြောင်းထဲ အထိစီးဝင်သွားရင် -

- နှလုံးခုန်မြန် တာ၊ချမ်းတုန်တာ

- အရမ်းဖျားတာက တစ်ဆင့်အသက်အန္တရာယ်ကိုပါ စိုးရိမ်းရတာကြောင့် ပေါ့လို့တော့မရဖူးနော်...🙅🏻‍♀️။

ဒါပေမဲ့ နည်းမှန်လမ်းမှန်ကုသပြီး သက်သာ ပျောက်ကင်းတဲ့သူတွေပဲရှိတာမို့ အကြောက်လည်းမလွန်ကြပဲ နီးစပ်ရာကိုယ်စားလှယ်တွေ၊ Page messenger ကတစ်ဆင်မေးမြန်းပါနော်...🙋🏻‍♀️။

လိုအပ်လာလျှင်တော့ NEM ကနေ Customer 💛 တွေကို Free ပေးထားတဲ့ ဆေးကုသမှုခံယူတဲ့ အစီအစဉ်ကို Join လုပ်လို့ရပါတယ်ရှင့်။...😍❤️

ဝယ်ယူအားပေးတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။ 🙆🏻❤

Photos from Natural Essence Myanmar's post 06/03/2023

သိပြီးကြပြီလား ….. 🤷🏼‍♀️❓

10% off ပေးနေပြီဆိုတာကို 🛒🛍

▪️ ဟုတ်ပါတယ်မင်မင်တို့ page မှာဝယ်နေကျမင်မင့်ရဲ့ retail customer လေးတွေအတွက် marchတစ်လလုံး ဝယ်သမျှ ပစ္စည်း ကျသင့်ငွေရဲ့(10%)နှုတ်ပြီးရှင်းရမှာပါ။

▪️ Online payment နဲ့ဝယ်တဲ့သူရော ၊ cash on deli
ဝယ်တဲ့သူရောကိုလျှော့ပေးသွားမှာမလို့ဒီအခွင့်အရေးလေးကို လက်လွှတ်မခံကြဖို့မင်မင့်ရဲ့ customer တွေကိုတိုက်တွန်းပါရစေ ။

▪️Delivery fee ကလည်းရန်ကုန်မြို့တွင်းအိမ်အရောက်ကိုမှ(2000)ကျပ်တည်းမလို့ အိုခေစိုပြေနေရောပဲ ။

▪️ဒါဆိုကြာချိန်ကရော အရမ်းစောင့်ရလားလို့မမေးနဲ့နော် ။ မှာယူပြီးသုံးရက်(72 hours )အတွင်းအိမ်ရောက်ပါတယ် ။

Waxingမလုပ်တတ်ဖူးမင်မင်ရေဆိုရင်လည်းစိတ်ရှည်
လက်ရှည်ရှင်းပြပေးမလို့ buy with confidence ပါရှင်။

05/03/2023

ကဲနောက်ဆုံးမေးခွန်းလေးလာပါပြီပါရှင့် 👻

Edit - မှန်သွားပါပြီ ။ မမှန်းနိုင်လောက်ဖူးထင်တာ မင်မင့် customer တွေအရမ်းတော်သောနော် 😭❤️

Question No (3) : မင်မင့် မေမေရဲ့ဇာတိမြို့ ကိုခန့်မှန်းပေးပါနော် 😻❤️

( Q and A section လေးကိုအပတ်စဉ်တနင်္ဂနွေနေ့တိုင်း လုပ်ပေးနိုင်ဖို့ကြိုးစားပါမယ်နော် ။ customer လေးတွေနဲ့ပျော်ချင်လို့ 💓💓 )

05/03/2023

Questions No (2) : မင်မင်တို့ အိမ်ရှေ့မှာစိုက်ထားတဲ့ ပန်းပင်နာမည် ကို ခန့်မှန်းပေးပါနော် 🤭❤️

ဒီမင်မင်ဘာတွေမေးနေမှန်းမသိဖူးတော့မပြောရဖူးနော် ။ ပျော်ရွှင်စရာတနင်္ဂနွေနေ့လေးဖြစ်ကြပါစေ။

( edit - မှန်သွားပါပြီ။ အဖြေကညမှမွေးတဲ့ညမွေးပန်းလေးပါရှင့် ။ ညညဆို အနံလေးက အိမ်ထဲထိသင်းနေရော ပဲ ။ သဲလေးတို့လည်းအိမ်မှာစမ်းစိုက်ကြည့်ကြနော် )

05/03/2023

Hello ✨

ဒီနေ့က တင်းဂွေနေ့လေဘေးဘေ 🤣❤️

(Edit - မှန်သွားပါပြီ )

အဲ့တော့ မင်မင်က မင်မင့်ရဲ့ customer လေးတွေကိုလက်ဆောင်ပေးသွားချင်လို့ အမေးအဖြေအစီစဉ် ( Q and A ) လေးလုပ်ဖို့စဉ်းစားထားပါတယ် အပျော်ပေါ့နော် ။ မေးခွန်းလေးတွေကလည်းလွယ်ပါတယ် ။ တစ်ခါမှန်ရင် 1500 ရပါမယ်။ မင့်မင့်အချစ်တွေပေါ့နော် ဟီး “

Question No. 1 : မင်မင် အခုလက်တလောသဘောကျနေတဲ့ ကိုရီးယားမင်းသားရဲ့နာမည်ကိုခန့်မှန်းပေးပါနော် 🫢

02/02/2023

ခေတ်ရေစီကြောင်း နှင့် အညီ မြန်မာနိုင်ငံ 🇲🇲 ကို ရောက်ရှိလာတဲ့ Man and Woman Brazilian 🇧🇷 Waxing အကြောင်းတစေ့တစောင်း . . . 💁🏻‍♀️💬
•
•
•
Waxing လုပ်တယ်ဆိုရင် တော်တော်များများက မိန်းကလေး ( 👱🏻‍♀️ )တွေနဲ့ဘဲ သက်ဆိုင်တယ်လို့ တွေးကြမယ်လို့ထင်ပါတယ်။

ဒါပေမဲ့ တကယ်တော့ မဟုတ်ပါဘူးနော် . . .🙅🏻‍♀️
အမွှေးအမျှင်ရှိတဲ့ လူသားတိုင်းနဲ့ သက်ဆိုင်ပါတယ်။

✓ အနောက်နိုင်ငံတွေ မှာ Brazilian 🇧🇷 waxing (Private Area Waxing) ဟာ တော်တော်များများ‌ ခေတ်စားပြီး အကျိုးကျေးဇူး များတာကြောင့် မြန်မာနိုင်ငံမှာဆိုရင်လည်း Spa တွေမှာ ဈေးကြီးပေးပြီး ပြုလုပ်နေကြတဲ့သူတွေ အများကြီးရှိပါတယ်။

✓ အခုနောက်ပိုင်းမှာ Waxing ပြုလုပ်ခြင်းဟာ မြန်မာနိုင်ငံမှာလည်းတဖြေးဖြေး ခေတ်စားလာပြီး Brand များစွာရှိတာကြောင့် Spa မှာဈေးကြီးပေးစရာမလိုဘဲ မိမိအိမ်မှာဘဲ အချိန်ကုန်၊ ငွေကုန် သက်သာစွာ ပြုလုပ်လာနိုင်ပါတယ်။

သို့ပင်မဲ့ Pravite area ကိုမိမိဘာသာ Waxing ပြုလုပ်မယ်ဆိုရင် နည်းလမ်းမှန်မှန်နဲ့ စနစ်တကျ ပြုလုပ်ဖို့ရာ အထူးလိုအပ်ပါတယ်။

ဒါကြောင့် ဒီနေ့မှာ မင်မင်က အမျိုးသား၊ အမျိုးသမီး
နှစ်ဦးစလုံး အတွက် Waxing ပြုလုပ်တဲ့အခါမှာ . . .

✓ ပြင်ဆင်သင့်တာတွေ

✓ ဆောင်ရန် ရှောင်ရန်တွေ

ကို ပြောပြပေးပါမယ်။

———————————————————————

▪️ Waxing မလုပ်ခင် ဘာတွေပြင်ဆင်သင့်လဲ . . . ?

✓ Waxing မပြုလုပ်ခင် ပြုလုပ်မဲ့ Area ကို တစ်ရက်လောက် ကြိုပြီး Scrub တိုက်ပေးထားနိုင်ပါတယ်။ ပြုလုပ်မဲ့ အမွေးက ရှည်လွန်းရင်ဖြစ်စေ တိုလွန်းရင် ဖြစ်စေ နာကျင်မှုရှိနိုင်တာကြောင့် 0.6cm 1.3cm ကြားက Waxing ပြုလုပ်ဖို့ရာအတွက် အသင့်တော်ဆုံး အနေအထားဖြစ်ပါတယ်။

✓ နောက်ပြီးတော့ Wax Paper ကိုလည်း Square Size(2.5 cm square) အနေအထားလေးတွေညှပ်ထားဖို့လိုပါတယ်။
———————————————————————

▪️Private Area ကို Waxing လုပ်ပြီးတဲ့အခါမှာ ဘယ်လိုမျိုး ပြုလုပ်ရမလဲ . . . ?

✓ ပုံမှာ ပြထားတဲ့ နံပါတ်အစဉ်အတိုင်း Waxing ပြုလုပ်ပေးရပါမယ် ။ Waxing ကို သုတ်လမ်းတဲ့အခါမှာလည်း (2.5 cm square or ၁ လက်မ ပတ်လည်ခန့် သာ) သုတ်လိမ်းပြီး နံပါတ်စဉ်အလိုက် ဖြေးဖြေးချင်း ပြုလုပ်ရပါမယ်။

အများကြီး တစ်ပြိုင်နက် သုတ်လိမ်းတာမျိုးကို
လုံးဝ . . ❌ လုံးဝ . . ❌ ရှောင်ရှားရပါမယ်နော်။

✓ Waxing paper ကိုလည်း သေးသေးချင်း ညှပ်ပေးထားပြီး အသုံးပြုလျှင် ပိုအဆင်ပြေပါတယ်။ နောက်ပြီး နံပါတ်အတိုင်းအားလုံးကိုသုတ်လိမ်းပြီးမှ ခွါတာမျိုး မပြုလုပ်ဘဲ နံပါတ်တစ်ခုချင်း တစ်နေရာချင်းစီ လိမ်းလိုက်ခွါလိုက်ပြုလုပ်ရပါမယ်။

▪️ဒါဆိုရင် Waxing မပြုလုပ်ခင်နဲ့ ပြုလုပ်ပြီးမှ ဘာတွေကိုရှောင်ရမလဲ . . . ?

✓ မိန်းကလေးများအနေနဲ့ Period time နဲ့ Period မဖြစ်ခင် တစ်ပတ်အလိုမှာ Waxing ပြလုပ်ခြင်းကို ရှောင်ရပါမည်။ (သာမန်အချိန်ထပ်ပိုမိုနာကျင်နိုင်လို့ပါ)

✓ ယောကျာ်းလေးများအနေဖြင့် Pravite areaကို Waxing ပြုလုပ်ပြီး ရက်အနည်းငယ်အတွင်း အတူနေခြင်း(having s*x )မှရှောင်ကျဉ်ရပါမည်။

✓ Waxing ပြုလုပ်ပြီးတဲ့နေရာကိုလည်း ဆပ်ပြာနဲ့ဆေးဖို့ရာမလိုအပ်ပါဘူး။

✓ ရိုးရိုးရေအေးဖြင့်သာ ဆေးပေးနိုင်ပါသည်။

✓ အများသုံးရေကူးကန်မှာရေကူးတာ ရေနွေးဖြင့် ရေချိုးတာတွေကိုလည်း ရှောင်ရန်လိုအပ်ပါတယ်။

✓ Waxing ပြုလုပ်ပြီးချိန်မျာ Underwear မ၀တ်ဘဲနေခြင်းဟာ အထူးသင့်တော်ပါတယ်။

———————————————————————

▪️Brazilian 🇧🇷 Waxing ပြုလုပ်ရင် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်လဲ . . . ?

✓ Private area ရဲ့အနံ့ဆိုးထွက်ခြင်းမှ သိသိသာသာ လျော့ကျစေပါတယ်။

✓ Cell သေတွေကိုပါ ဖယ်ရှားပေးပြီး အသားအရည်ကို ပိုမို နူးညံလာစေပါတယ်။

✓ Shaving လုပ်သလို အမွှေးကြမ်းတွေ ပြန်မထွက်ဘဲ အမွှေးထွက်နှုန်း ကိုလည်း နှေးစေပါတယ်။

✓ ပုံမှန် Shaving လုပ်ရင် တစ်ပတ်လောက်နဲ့ ပြန်ပေါက်တဲ့လူဆို Waxing ကတစ်လလောက်အထိခံပါတယ်။

တခြားအကျိုးကျေးဇူးတွေကတော့ တစ်ခါလုပ်ဖူးတာနဲ့တင် ဘယ်လောက်အဆင်ပြေမယ်ဆို လုပ်ဖူးတဲ့လူတွေကို အကုန်သိပါတယ်။

ကဲ . . . Brazilian 🇧🇷 Wax ကို

စမ်းကြည့်ချင်သွားပြီ ဟုတ် . . . ?

ဒါဆိုရင်တော့ . . .

🛒 130 g ဘူးသေး တစ်ဘူးအတွက် 4200 ကျပ်၊

🛒320 g ဘူးကြီး တစ်ဘူးအတွက် 7400 ကျပ်

ကို သာယူလာပြီး Page Messenger 💬 ကို အပြေး 🏃🏻‍♀️
လာခဲ့ပါ။ 🤑

ရှင်းပြပေးမဲ့ မင်မင်ချောချောလေး 👱🏻‍♀️ တွေက
Page Messenger 💬 မှာစောင့်နေပါတယ်။

Photos from Natural Essence Myanmar's post 29/01/2023

Natural Essence Myanmar အပေါ် Public Comments များမှ ပြောသော ရင်တွင်းစကားသံများ .... 📢👥💛

🍁 Waxing ကို ပထမ ဆုံး လုပ်ချင်တဲ့သူတွေ။

🍁 အပူလောင်မှာ၊နာမှာ ကြောက်တဲ့သူတွေ။

🍁 ဂျိုင်းမွှေးခဏခဏ ရိတ်ရလို့ စိတ်ညစ်နေတဲ့သူတွေ။

🍁စမ်းသုံးမှာမို့ ဈေးကြီးမသုံးချင်တဲ့သူတွေ။

အစရှိတာတွေကို NEM မှ ကူညီဖြေရှင်းပေးနေတယ်။

- မသုံးတတ်သူများ သုံးရတာအဆင်မပြေတဲ့သူများအနေဖြင့် NEM page ရဲ့ Messenger 👩🏻‍💻 မှာလည်း အခမဲ့ လာရောက် ဆွေးနွေးနိုင်သလို အရောင်းကိုယ်စားလှယ်များ မှလည်း စိတ်ရှည်ရှည်နဲ့ အသေးစိတ်ရှင်းပြပေးနေတယ်။

ဒါကြောင့် လက်ရှိ NEM ရဲ့ Products တွေကို အသုံးပြုနေကြတဲ့ Customer 💛 များရဲ့ ရင်တွင်းစကားသံများကိုဖော်ပြပေးလိုက်ပါသည်။

ဤ မူရင်း Comment များအား အောက်ပါ Link များထဲတွင် ၀င်ရောက်ကြည့်ရှူ့နိုင်ပါသည်။

https://m.facebook.com/story.php?story_fbid=938466620020285&id=100015708662482

https://m.facebook.com/story.php?story_fbid=871358487051589&id=100025323368158

08/01/2023

ချစ်တဲ့ အကြောင်းတွေ နောက်မှပြောမယ်
ယနေ့ Wax လုပ်နေသည်.....

မင်မင်ကတော့ အမွှေးနည်းနည်းရှည်လာရင်မနေတတ်သူမို့ Waxing လုပ်ရမှ နေသာထိုင်သာရှိပါတယ်။🤭❤️

ချစ်တို့ရဲ့ အလှအပကို အနှောက်အယှက်ဖြစ်‌တဲ့ ဂျိုင်းမွှေး၊ခြေသလုံးမွှေး၊လက်မွှေး၊ private area အထိပါ ဖယ်ရှားဖို့‌ဆို NEM sugar wax နဲ့မှ အဆင်ပြေမယ်နော် ။ 😉

အချိန်ကုန်သက်သာ Budget လည်း Save ဖြစ်တဲ့ NEM ရဲ့ Sugar Wax ကို ဘူးသေး [4200] ၊ဘူးကြီး [7400 ]ကျပ်ဖြင့် အမြို့မြို့အနယ်နယ်ရှိ အရောင်းဆိုင်များ၊ကိုယ်စားလှယ်များ ထံတွင်၀ယ်ယူအားပေးနိုင်ပါသည်။

06/01/2023

မြန်မြန်နဲ့မှန်မှန် ချွတ်တတ်စေဖို့....✔️

ဘာချွတ်မလဲ မတွေးပါနဲ့ မလိုအပ်တဲ့ အမွှေးအ
မျှင်မှန်သမျှကို ချွတ်နိုင်ပါတယ်။👀

Sugar Wax ကို မိမိနဲ့ သင့်တော်မဲ့ Color ကိုဘယ်လိုရွှေးချယ်ရမလဲ ဆိုတာကို မင်မင်ကဒီနေ့မှာပြောပြပေးပါမယ်။

မင်မင်တို့ရဲ့ NEM မှာ Sugar Wax ကို Color 3 မျိုး
ဖြင့်ထုတ်လုပ်ပေးထားပါတယ်။

• Sugar Wax Black (Hard Wax)🖤

ချစ်တို့က အမေဇုန်တောအသွင် များပြားထူထပ်လှပြီး မြက်ရိုင်းများပမာ ကြမ်းတမ်းလှသော အမွှေးအမျှင်များကို ဖယ်ရှားချင်ရင်တော့ Black color လေးကိုအသုံးပြုသင့်ပါတယ်။Hard Wax ဖြစ်လို့ အပူပေးဖို့တော့လိုပါတယ်ရှင့်။

• Sugar Wax Yellow (Soft Wax) 💛

သူလေးကတော့ မြက်ခင်းစိမ်းပေါ်က မြက်နုနုလေးတွေကဲ့သို့သော အမွှေးအမျှင်နုနုလေးတွေကို ဖယ်ရှားဖို့အတွက် အသင့်အတော်ဆုံးဖြစ်ပါတယ်။ Ready to use ဖြစ်တာမို့ အပူမပေးဘဲ သုံးနိုင်ပြီး အခုလုပ်အခုချွတ်ပါဘဲနော်။

• Sugar Wax White (Hard Wax)🤍

ချစ်သောတို့ မလိုအပ်တဲ့ အမွှေးအမျှင်တွေက
မြက်ခင်းစိမ်းလောက်လည်း မနည်း အမေဇုန်တောလောက်လည်း မများဘူးဆိုရင်တော့ ဒါလေးကို
ရွှေးချယ်သင့်ပါတယ်။ သူလေးက လည်းHard Wax ဖြစ်တာမို့အပူပေးဖို့လိုအပ်ပါတယ်။

အမေဇုန်တောကြီးကိုတော့ မြက်ရိတ်စက်နဲ့ ရိတ်သိမ်းလို့မရပင်မဲ့ ချစ်တို့ခန္ဓာကိုယ်မှာရှိတဲ့ အမေဇုန်တောလေးကိုတော့ NEM ရဲ့ Sugar Wax လေးနဲ့တင် အပြောင်ရှင်းနိုင်ပါတယ်။

ချစ်တို့လည်း အပြောင်ရှင်းချင်တယ်ဆိုရင်
Page Messenger ကနေမင်မင်တို့စောင့်နေပါတယ်ရှင်။

Sugar Wax (big size ) 320g - 7400 mmk

Sugar Wax (small size) 130g - 4200 mmk

ဗူးကြီးတစ်ဘူးလျှင် Waxing paper အရွက် 50ပါ၀င်ပြီး ဗူးသေးတစ်ဘူးလျှင် Waxing paper 15ရွက်ပါ၀င်ပါသည်။

Want your business to be the top-listed Beauty Salon in Magway?
Click here to claim your Sponsored Listing.

Telephone

Website

Address


Natmauk Street
Magway
04011

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00