COLA POLA fashion & beauty
Where comfort meets elegance
Effortless fashion for every day
Carefully selected pieces ✨
30/01/2026
ပေါ့ပေါ့ပါးပါး ဘယ်သွားသွား ကောက်စွပ်လို့ အဆင်ပြေစေမယ့်
✨GU Barrel Leg Jeans👖
Final sale ချလို့ အရမ်းတန်သော
👉95000ks ပဲ ကျပါတော့မယ်
GU Jeansလေးတွေက အရမ်းဝတ်ကောင်းလို့ adminဘယ်သွားသွား နေ့တိုင်း GU ပါပဲ
အပြင်သွားတိုင်းလဲ နေရာတိုင်းမှာ ဆင်တူအမြဲတွေ့ရ
Waiting time ~ one week & above
28/01/2026
Everyday wear အတွက် အဆင်ပြေစေမယ့်
🤎💚perfect long sleeves top💚🤎
✨H&M sale တုန်းက admin ဝယ်ထားတာ ဝတ်လို့ အရမ်းအဆင်ပြေ
✨ပေါ့ပေါ့ပါးပါးနဲ့ ဘယ်သွားသွား ဝတ်လို့ လှတဲ့ topလေးပါ
💰 Price - 37000ks
Direct from official store
💯 Authentic
Waiting time ~ one week and above
30/12/2021
💜Mise en scene Aging care shampoo💜
သူကဘာတွေကောင်းလဲဆိုတာReviewလေးဖတ်လိုက်နော်
သူလည်းလူကြိုက်များတဲ့shampooလေးပဲ
Review link
https://www.facebook.com/groups/487748755386722/permalink/1042456543249271/
Price-14000(680ml)
(Reviewထဲပါတဲ့serumလေးလည်းinstockရှိပါတယ်နော်)
Direct from Korea
Mdy ဆိုpick upရတယ်နော်😘
အခြားမြို့တွေအိမ်အရောက်ငွေချေရတယ်ရှင့်
27/12/2021
ဒါလေး instock ရပါမယ်နော်🥳
Price - 32000ks
Chemical sunscreenကိုမှ sensitive skinတွေပါ စိတ်ချလက်ချသုံးလို့ရပါတယ်နော်
Best chemical sunscreenဆိုပြီး IGမှာ hypeနေတာလေး တကယ်မိုက်🥰
26/12/2021
🧡Mise en scène Hair Serum🧡
Koreaမှာရောင်းအားကောင်းပြီးဆုတွေအများကြီးရထားတဲ့serumလေး
ဒီserumလေးလူကြိုက်များတော့ဘာတွေများကောင်းလဲဆိုတော့
-ဆံပင်ဖွာတာတွေသက်သာတယ်
-သူ့ရဲ့အဆီကအရမ်းမပြစ်တော့လိမ်းလိုက်ရင်ဆံပင်ကိုကပ်စီးစီးမဖြစ်စေဘဲဖွဖွလေးဖြစ်နေစေတယ်
-သဘာဝအဆီ(၇)မျိုးကနေထုတ်လုပ်ထားလို့ဆံသားပျက်စီးနေတာတွေကိုသက်သာစေတယ်
-ဆံပင်ခြောက်တာ၊အဖျားနှစ်ခွဖြစ်တာတွေပါသက်သာစေတယ်
-ဆံသားခြောက်တဲ့သူတွေရောအဆီပြန်တဲ့သူတွေပါအသုံးပြုနိုင်လို့လူကြိုက်များနေတဲ့serumလေးပါ
Price-12000
Mdyဆိုရင်Pick upရပါတယ်ရှင့်
13/12/2021
instock
Real Techniques ရဲ့ technique essential set လေး 58% saleရှိလို့ 17000ks ပဲနော်😱
Brush ၃ချောင်းအပြင် brush cleansing gel လေးပါ free giftရအုံးမှာပါနော် သဲလေးတို့😉
Preorderပါ
Waiting time - 2လနီးပါးကြာပါမယ် (cargoရောက်တာတောင် ထုတ်မရဘဲ customမှာတင် ၁လနီးပါးလောက်တစ်ခါတစ်လေ ကြာတက်လို့ ကြိုပြောထားတာပါ😔)
Import from Korea
13/12/2021
Real Techniques ရဲ့ limited edition Fresh Face Favorite set 🧡🧡🧡လေး sale priceနဲ့ Preorder ပြန်မှာလို့ရပါပြီနော်😍🔥
အပြင်ပုံလေးတွေလဲ ပြထားပါတယ်နော်
1setထဲ အကုန်ပါတော့ ဒါရှိရင် အေးဆေးပဲနော် triangle sponge 6ခုတောင်ပါတော့ foundationကို spongeနဲ့မှလိမ်းတက်သူတွေလဲ သပ်သပ်ထပ်ဝယ်စရာမလိုတော့ဘူး 🤗
Price - 17000ks (Rt setလိုက်ကို ဒီဈေးနဲ့ရတာကတော့ ရှယ်တန်ပါပဲနော် ဘေဘီတို့ စိတ်ကူးမမှားလိုက်နဲ့ 😉)
အပြင်qualityလေးကို show
Korea Import pr naw
11/12/2021
JayJun maskလေးေတွ ကြိုက်တာ ၃ချပ်ယူ only 4000ks ( ၁ချပ်1500တောင်မကျတော့ဘူးနော်ဘေဘီတို့)😍
ဆောင်းရာသီအေးနေပြီဆိုတော့ အသားအရေတွေ အရင်ကထက် ပိုခြောက်လာပြီမလို့ အစိုဓာတ်ပြည့်ဝအောင် maskလေးကပ်ပြီး skincareလုပ်ကြပါ သဲလေးတို့ရေ 🙆
04/12/2021
Collagen 1000mg pink လေးinstockရပါမယ်နော် 🥳
သောက်လဲ သောက်ချင်တယ် collagenအားအရမ်းများပြီး မသောက်ဘဲ ရပ်လိုက်ရင် ပိုဆိုးလာမှာလဲ ဆိုးတယ်ဆိုတဲ့သူတွေအတွက်🎉
1000mgဆိုတော့ နေ့တိုင်းjuiceသောက်သလိုပဲ
တခြားဟာတွေလို ငါးညီနံ့လဲရဘူး🤗
60pcs - 27500ks ဆိုတော့ တစ်ရက်500ပဲ ကျမှာ 😍
4. Nabi Collagen 😁😅
အသက်ရွယ်က ၃၀ ကျော်လာတော့ collagen သောက်ဖို့လိုနေတာရယ် ဆေးလုံးဆို သိပ်မသောက်ချင်တာကြောင့် Collagen ကို နောက်ပိုင်း ပုလင်းတွေပဲ သောက်ဖြစ်တယ် .. Kinohimitsu သောက်တယ် နောက်တော့ ဒေါ်လာဈေးတွေတက်တာနဲ့ Japan Collagen လေး ထပ် try တယ် အဲ့ဒါလည်း အဆင်ပြေတယ် .. Collagen နဲ့ Placenta ပါလို့ ဝက်ခြံလည်း အထွက်လျော့သွားတယ်လို့ ခံစားရတယ် .. အဲ့ဒီမှာမှ CHAME ကို အရမ်းပြောကြတော့ CHAME သောက်လိုက်သေးတယ် .. CHAME ကို biotin ပါပါတဲ့ collagen 7000 အားသောက်တာ .. ပမာဏများလို့လား မသိဘူး သိသာတယ် အသားရည် ကြည်ဝင်းလာတာ .. ဒါပေမဲ့ Collagen 7000 အားဆိုတော့ အရမ်းများတာရယ် အဲ့လောင်ပမာဏကို နေ့တိုင်း မသောက်ချင်တာရယ်နဲ့ Lemona collagen ပန်းရောင်လေးကို စမ်းသောက်ကြည့်တာ.. သူက Collagen 1000 ရယ် Vit C 120 mg ပါတော့ နေ့တိုင်း သောက်ရင် maintenance လည်းဖြစ် အဆင်ပြေလောက်မယ်ဆိုပြီး စမ်းသောက်ခဲ့တာ.. တနေ့ကို ၂ ထုပ်သောက်တယ်.. ဒါပေမဲ့ ဘာမကောင်းတာလဲဆိုတော့ သူက ရေနဲ့လည်းမပျော်တော့ Probiotic သောက်သလို ဖောက်သောက်ပြီး ရေ ၂ ခွက်လောက် သောက်ချရတာပဲ.. CHAME ဆို ရေထဲမှာပျော်တာ အအေးလေးအတိုင်းပဲမို့ အဆင်ပြေတယ်.. ၂ ခုလုံးကတော့ ချိုတယ်.. ဒါကြောင့် ဆီးချိုသမားတွေ သောက်ဖို့အဆင်မပြေဘူး .. နောက်ပြီး Collagen တွေက ကိုယ်ဝန်ဆောင်နဲ့ ကျောက်ကပ်ရောဂါရှိတဲ့သူ ကျောက်ကပ်မကောင်းရင် မသောက်ရဘူး .. နို့တိုက်မိခင်တွေဆို မသောက်တာ ပ်ိုကောင်းပါတယ် .. ကျန်တဲ့သူတွေကတော့ အသားရေပိုလည်းကောင်းချင်တာရယ် သိသာချင်တယ်ဆိုရင် သောက်ကြည့်ပါလို့ ပြောချင်ပါတယ်..
Collagen ပမာဏလည်း မများတာမို့ အသက် ၂၅ အရွယ်တွေလည်းပြေပါတယ်..
07/11/2021
10mlတောင်ပါတာမလို့ miniလေးဆိုပေမယ့် sleeping maskက၁ပတ်မှ ၂ခါလောက်ပဲသုံးရတာမလို့ ၁လလောက်တော့ ခံပါတယ်နော်😘😘
ဝက်ခြံခနခနထွက်တတ်သူတွေ mini လေး စမ်းသုံးကြည့်ချင်ရင် instock ရှိပါတယ်
1pc-4000ks
Laneige ရဲ့ နောက်ဆုံးထွက်ထားတဲ့ Cica Sleeping mask ကို သုံးနေကြတဲ့သူတွေ ရှိပြီထင်ပါတယ်...
Re ကတော့ launching လုပ်ကတည်းက စိတ်ဝင်စားနေတာမို့ ဝယ်လို့ရကတည်းက ဝယ်ပြီးသုံးနေတာကြောင့် ၁၀ ကြိမ်နဲ့ အထက်သုံးပြီး ဝယ်တာ ၁ လကျော်မှ ဒီ Review ကို ရေးပေးတာပါ...
Warning ⚠️ အနေနဲ့ပြောရရင် bad review လုံးဝမဟုတ်ပါဘူး....
သူ့ product ရဲ့ အဓိက ရည်ရွယ်သူတွေက
💚 အဆီပြန်တတ်သူ
💚မကြာခဏ ဝက်ခြံ ထွက်တတ်သူ
💚 sensitive ဖြစ်ပြီး break out ဖြစ်တတ်တဲ့ အနီစက်တွေနဲ့
💚 ဝက်ခြံအမာရွတ်တွေကို သက်သာစေပြီး
💚 အသားအရည်မှာရှိတဲ့ အညစ်အကြေးတွေကို သန့်ရှင်းပေးနိုင်တယ်လို့ ဆိုပါတယ်...
ပါဝင်ပစ္စည်းတွေကို အောက်က comment ထဲမှာပြထားပေးပါတယ်.. ဒီထဲကTea Tree တို့ forest yeast တို့က ဝက်ခြံသမားတွေနဲ့ မစိမ်းမယ့်အရာတွေပါ...
ဒီတော့ အဆီပြန် sensitive acne skin ကိုယ့်အတွက် အထူးထုတ်ပေးလိုက်တဲ့ product ပါဘဲ...
💚 အနံ့အနေနဲ့ အထွေအထူးပြောရတဲ့ အခြေနေမျိုးမရှိပါဘုး..
အရင် ထွက်တဲ့ product Water Sleeping Mask လို စိတ်ကိုပြေလျှော့ပေးအောင် စွမ်းဆောင်နိုင်တဲ့ အနံ့မဟုတ်တာတော့ သေချာပါတယ်..
💚 4 stars ပါဘဲ ****
💚 Texture အနေနဲ့ ပြောရရင်တော့ 3 stars တောင် တကယ်မပေးချင်တာပါ ( just my point )
ပုံမှန် sleeping mask အများစုလိုအသားထဲစိမ့်ဝင်အောင် circle motions နဲ့ လိမ်းလို့မရပါဘူး...အဲ့လိုလိမ်းရင် အသားပေါ်မှာ cream ပျစ်ပျစ်က တင်ကျန်နေတာမို့ ပုတ်ပူတ်ပြီးလိမ်းပေးမှ အသားထဲ စိမ့်ဝင်တာကြောင့် လိမ်းရတာ အရမ်း heavy ဖြစ်ပါတယ်... ( အဲ့တာကိုမကြိုက်တာပါ )
Cream ပေမယ့် အရမ်းမပျစ်သော်ငြား water Sleeping mask နဲ့တော့ texture ကတခြားစီပါ...အသားထဲစိမ့်ဝင်တာတော့ မြန်ပါတယ်... အနီးစပ်ဆုံးပြောရရင် innisfree ရဲ့ bija cica နဲ့ အရမ်းတူတယ်လို့ ခံစားရတယ်.. cica blam ကို မျက်နှာတစ်ပြင်လုံးလိမ်းထားရင် နည်းနည်းပူပြီး ချွေးထွက်တယ်... ဒါလည်း ဒီလိုပါဘဲ.. break out ဖြစ်ရင် နည်းနည်းစပ်ပါတယ်..လိမ်းပြီးရင် နည်းနည်းလေးချွေးစို့တာမို့ ( ခဏပါဘဲ ) အခုပူတာနဲ့ သူ့ကိုလိမ်းရမှာ ဝန်လေးပါတယ်...
cream ကြီးကို ပူတ်ပူတ်လိမ်းပေးရတာကို တကယ်မကြိုက်လို့ texture ကိုတော့ 3 stars ပါဘဲ..
💚 ***
💚 result ကိုပြောပါဆိုရင်တော့ ဘူးကြီးဝယ်ထားပြီး
လိမ်းရတာမကြိုက်တာတောင် သူများကို ပေးမပစ်တဲ့အကြောင်းအရင်းပါဘဲ...
Re အသားရေက တစ်ခုခုဆိုတုန့်ပြန်တာအရမ်းမြန်လို့ ၂ခါ လောက်တစ်ရက်ခြားသုံးပြီးတာနဲ့ သိသာပါတယ်..
Foundation တွေကြောင့် အနီစက်လေးတွေ white head ပုစိလေးတွေ ကြိုက်သလောက်ထွက် ညမှာသု့ကိုလိမ်းလိုက်ရင် မနက်မှာ make up ထပ်လိမ်းဖို့ skin က တကယ် ready ပါ...
ဝက်ခြံ အရမ်းကြီးရင်တော့ ၂ ပတ်လောက်နေမှ သိသာပါတယ်... အသားရေက သန့်ပြီးကြည်လာတာကတော့၃ ခါလောက်သူံးပြီးရင် သိသာလာပါလိမ့်မယ်...
ဝက်ခြံညှစ်ထားလို့ ကျန်တဲ့ နည်းနည်းကြီးတဲ့ အမာရွတ်ကတော့ Re အတွက် ၃ ပတ်လောက်မှ သိသိသာသာ မှိန်သွားပါတယ်..အခု review ရေးတဲ့အချိန်မှာ နှာခေါင်းဘေးနား ပါးပေါ်မှာ ဝက်ခြံညှစ်လို့ကျန်သွားတဲ့ အမာရွတ်ခပ်သေးသေးလေးကတော့ ပုံမှန်အခြေနေနီးပါးပြန်ရောက်သွားတာတွေ့ရပါတယ်...
ဝက်ခြံဆိုတာထက် break out ခဏခဏဖြစ်တဲ့ Re ရဲ့ sensitive skin ကတော့ သူနဲ့ တအားအဆင်ပြေပါတယ်.. သူသုံးပြီးမှ အသားရေက တော်ရုံတန်ရုံနဲ့ break out မဖြစ်ဘဲ skin care လည်းသုံးရတာ ပိုလည်းအဆင်ပြေလာပါတယ်..
Result ကိုတော့ 5 stars ပါဘဲ.. *****
တစ်လုံးမှ မလျှော့ပါဘူး...
Result ကတော့ သူနာမည်ကြီးတဲ့အတိုင်း တကယ်ကိုကောင်းပါတယ်...ပြောထားတဲ့အတိုင်းလည်း ခံစားရပါတယ်..
Texture ကိုမကြိုက်တာကြောင့် လိမ်းရမှာ ဝန်လေးတာလေးတစ်ခုပါဘဲ...
Product တစ်ခုလူံးကို ခြုံပြောရရင် Re အနေနဲ့ Cica Sleeping Mask ကို 70% လောက်သာ သဘောကျပါတယ်..
Water Sleeping mask ကိုတော့ 95% လောက်သဘောကျတယ်... အနံ့/ Texture မှာ water Sleeping Mask ကပိုအားသာမယ်ထင်ပါတယ်..
Cica Sleeping Mask ကိုတစ်ပတ် ၃ ကြိမ်အများဆုံးသာသုံးပါ... ၂ကြိမ်အနည်းဆုံးသုံးနိင်ပါတယ်..
Cica Sleeping Mask ကို မျက်လုံး areas ကိုမလိမ်းတာကောင်းပါတယ်...
Water Sleeping Mask ကတော့ မျက်လုံး area ကိုပါ လိမ်းလို့ရပါတယ်...
ဝယ်မယ် - try မယ် စဉ်းစားနေရင် Re ရဲ့ review လေးက အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်..
သုံးနေတဲ့သူတွေထဲမှာ Re နဲ့ အမြင်မတူတဲ့သူတွေလည်းရှိကြမယ်ထင်ပါတယ်.. Re တစ်ယောက်တည်းအနေနဲ့အမြင်မို့ လိုအပ်ချက်တွေရှိရင်လည်း ဖြည့်တွေးပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင်....
လှသည်ထက် လှကြပါစေ..
ချစ်တဲ့ Re
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Mandalay