Moe Myint Thu Hair Salon and Cosmestic Store

Moe Myint Thu Hair Salon and Cosmestic Store

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Moe Myint Thu Hair Salon and Cosmestic Store, Health/Beauty, 65st bet 111 & 112 Street, Mandalay.

23/12/2022
22/09/2022

နှစ်ထပ်ကေလေး ချိန်းပေးထား

Photos from Moe Myint Thu Hair Salon and Cosmestic Store's post 22/09/2022

Hair cutting

17/07/2022

ရာသီလာစဉ် ဆောင်ရန်ရှောင်ရန် (၈)ချက်

❌Don'ts (ရှောင်ရန်)
***********************
1. မရှက်ပါနဲ့

တချို့အပျိုဖြန်းလေးတွေကရာသီလာတာကိုသူများသိမှာသိပ်ကြောက် သိပ်ရှက်တတ်ကြပါတယ်။တကယ်တော့ ရာသီလာတာကရှက်စရာမဟုတ်သလိုစိတ်ညစ်စရာလည်းမဟုတ်ပါဘူး။ အရွယ်ရောက်ပြီးတဲ့ အမျိုးသမီးတိုင်း ဖြစ်လေ့ရှိတဲ့ သဘာဝတရားပါ။ ရာသီပုံမှန်မလာတာမှ စိုးရိမ်စရာပါ။ ကိုယ်ဝန်ရှိနေလို့လား တခြားရောဂါတစ်ခုခုကြောင့်လားဆိုပြီးစိုးရိမ်ရမှာပါ။

2. လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်မလုပ်ပါနဲ့

လေ့ကျင့်ခန်းလုပ်တာကတော့ ရာသီလာစဉ်ကိုက်ခဲနာကျင်မှုတွေကို သက်သာစေနိုင်ပါတယ်။ လေ့ကျင့်ခန်းပေါ့ပေါ့ပါးပါးလုပ်လို့ရပေမဲ့ အရမ်း Heavy ဖြစ်တာမျိုးတော့ မလုပ်သင့်ပါဘူး။ လေ့ကျင့်ခန်းအရမ်းလုပ်တဲ့အခါ ကြွက်သားတွေဆီ သွေးတွေရောက်ဖို့လိုအပ်ပါတယ်။ ရာသီလာနေတဲ့အချိန်မှာတော့ လိုအပ်သလောက်သွေးမရောက်နိုင်တော့ပါဘူး။ ကိုယ်ထဲကသွေးတွေလည်း ဆုံးရှုံးနေတာကြောင့် သွေးအားနည်းပြီးအားနည်းနေတတ်ပါတယ်။

3. အငံတွေ အချိုတွေ သိပ်မစားပါနဲ့

အငံစာတွေကဆားတွေပါလို့ ဖောရောင်တာတွေဖြစ်တတ်ပါတယ်။ အချိုစာတွေကတော့ သကြားတွေပါလို့ သွေးထဲမှာသကြားတွေများလာတတ်ပြီးလူကို နှေးကွေးလေးကန်စေနိုင်ပါတယ်။

4. Pad တစ်ခုကိုအကြာကြီးမသုံးပါနဲ့

Pad ပြည့်ပြည့်မပြည့်ပြည့် Pad တစ်ခုကို ၃-၄နာရီထက်ပိုပြီး မသုံးသင့်ပါဘူး။ ပုံမှန်လေးလဲပေးရပါမယ်။ များတဲ့နေ့ဆိုဒီထက်တောင်ပိုလဲပေးရပါမယ်။ အနံ့အသက်တွေမထွက်အောင်၊ ဘက်တီးရီးယားပိုးတွေ တွယ်ကပ်မနေနိုင်အောင်ပါ။ လျှံကျပြီးပေကျံတာမျိုးလည်းမဖြစ်တော့မှာပါ။

✔ Dos (ဆောင်ရန်)
**********************
1. ကောင်းကောင်းအနားယူပါ

သွေးအားနည်းတဲ့အခါ ပင်ပန်းအားနည်းတတ်လို့ ရာသီလာနေတုန်း ကောင်းကောင်းအနားယူရပါမယ်။

2. တကိုယ်ရည်သန့်ရှင်းရေးဂရုစိုက်ပါ

တချို့တွေက ရာသီလာတဲ့အချိန်ရေမချိုးရဘူး။ ခေါင်းမလျှော်ရဘူးထင်ကြတယ်။ တကယ်တော့ ရာသီလာချိန်မှာ တကိုယ်ရည်သန့်ရှင်းရေးကို ပိုတောင်ဂရုစိုက်သင့်ပါသေးတယ်။ ရေမှန်မှန်ချိုးဖို့လိုသလို မိန်းမအင်္ဂါတဝိုက်ကိုလည်း သန့်ရှင်းအောင်မကြာမကြာဆေးရပါမယ်။ ခေါင်းမလျှော်ရဘူးလို့ တားမြစ်တာကြတော့ ရာသီလာချိန်အားနည်းတတ်တော့ ခေါင်းလျှော်ပြီး ဆံပင်အစိုနဲ့ အကြာကြီးနေရင် နေမကောင်းဖြစ်တတ်လို့ပါ။ ဆိုင်မှာလျှော်တာတို့၊ က်ုယ့်ဟာကိုယ်အမြန်လျှော်ပြီး Dryer မှုတ်အခြောက်ခံတာတို့လုပ်မယ်ဆိုရင် လျှော်လို့ရပါတယ်။

3. အကာအကွယ်သုံးဖို့ မမေ့ပါနဲ့

ရာသီလာစဉ်မှာ လိင်ဆက်ဆံလို့လည်း ရပါတယ်။ ဒါပေမဲ့ အကာအကွယ်သုံးဖို့တော့ လိုအပ်ပါမယ်နော်။ သွေးကတဆင့် ရောဂါပိုးတွေ ကူးစက်တတ်တာကြောင့်ပါ။

4. အမျိုးအစားကောင်းတဲ့ Pad သုံးပါ

အရည်အသွေးကောင်းတဲ့ ဂွမ်းထုတ် (Pad) တွေ သုံးပေးပါ။ ပါးရင်တိုရင် လျှံကျမှာ၊ ပေမှာဆိုးရတာ။ ရှည်လွန်းထူလွန်းပြန်ရင်လည်း ပူလှောင်ပြီး နေရခက်ပြန်ရော။ ဒါကြောင့် စုပ်ယူမှုအားကောင်းတဲ့ Pad တွေ နူးညံ့တဲ့ Pad တွေ ရွေးသင့်ပါတယ်။

ဘယ် Pad ကောင်းလဲ ❓
---------------------------
Pad အကြောင်းပြောရင် ညွှန်းပေးချင်တဲ့ Brand တစ်ခုရှိပါတယ်။ မြန်မာလို လော်ရီအေးလို့ ခေါ်တဲ့ Laurier တံဆိပ်ပါ။ Laurier မှာ အမျိုးအစား အမျိုးမျိုးရှိတော့ ကြိုက်တာရွေးလို့ရပါတယ်။ အမျိုးအစားအလိုက် နေ့သုံးနဲ့ညသုံး အရှည်တွေကလည်း အမျိုးမျိုးရှိပါတယ်။

နေ့ဘက်တွေဆိုရင်
*******************
Ultra Slim ကောင်းပါတယ်။ အထူက ၁မီလီမီတာလောက်ပဲရှိတာဆိုတော့ ဝတ်ထားမှန်းမသိရလောက်အောင်ကို ပါးလွှာတာ။ ပါးပေမဲ့ပေါက်မှာလည်း မစိုးရိမ်ရဘူး။ စုပ်ယူမှုအားတအားကောင်းတော့ များများလာရင်တောင် အေးဆေးပါပဲ။ ဆာကူရာပန်းနံ့လေးပါတဲ့ Fresh Control က မွှေးမွှေးလေးနဲ့ကောင်းသလို ပူရှိန်းပါတဲ့ Cool ဆိုတာလေးကလည်း အေးအေးလေးနဲ့ကောင်းတယ်။ ပူရှိန်းက လန်းဆန်းစေလို ကိုက်ခဲတာတွေကိုလည်း ပျောက်စေပါတယ်။

ညဘက်တွေဆိုရင်
*******************
ညဘက်ဆိုရင်တော့ သာမန်ထက် စုပ်ယူမှုအားပိုကောင်းတဲ့ Soft & Safe ညသုံးကိုသုံးပေးနိုင်ပါတယ်။ အရှည်က ၃၀၊ ၃၅၊ ၄၀ စင်တီမီတာဆိုပြီး ၃မျိုးလာလို့ ကြိုက်တာသာရွေး။ ၄၀ဆို အတော်ကြီးကို ရှည်နေပြီရော။ နေ့သုံးရဲ့ ၂ဆလောက်တောင် ရှိနေပါပြီ။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ယိုစိမ့်မှုမရှိအောင် ထိန်းပေးထားနိုင်တာတဲ့လေ။ နောက်ဆုံးပေါ်နည်းပညာဖြစ်တဲ့ Power Square Surface ကြောင့် သာမန်ထက်စုပ်ယူမှုအား၂ဆပိုမြန်ပြီး ခြောက်သွေ့မှုနှုန်း ၅ဆ ပိုမြန်လို့ ယိုစိမ့်မှုမရှိတာတဲ့လေ။ Blockcore ဆိုတာကြောင့် Pad က ကိုယ်နဲ့ Fit ဖြစ်နေလို့ ညဘက်တွေမှာ စိတ်မပူရတော့ဘဲ ကောင်းကောင်းအိပ်လို့ရပါတယ်။
နည်းတဲ့အခါ
ဓမ္မတာပြီးခါနီးရက်တွေမှာဆိုရင်တော့ ပိုပြီးနူးညံ့တဲ့ Padကို သုံးပေးသင့်ပါတယ်။ သွေးဆင်းတာနည်းလာတော့ ခြောက်သွေ့တတ်တာကြောင့်ပါ။ အဲ့ဒီအခါကျရင် Laurier ထဲမှာ Super Gentle Plus ကိုသုံးကြည့်ပါ။ လှိုင်းတွန့်မျက်နှာပြင်အခုံးလေးတွေဆိုတော့ အသားနဲ့ထိတွေ့မှုနည်းပြီး aလဝင်လေထွက်လည်းကောင်းပါတယ်။ နူးညံ့ပြီး ပွတ်တိုက်တာတွေမဖြစ်အောင် ထွင်ထားတော့ ပွန်းတာတွေလည်း မဖြစ်တော့ဘူးပေါ့။

နေ့စဉ်သုံး
***********
နေ့စဉ်သုံး Panty Liner ပါးပါးလေးတွေကိုတော့ ရာသီလာလာမလာလာ နေ့တိုင်းသုံးပေးနိုင်ပါတယ်။ ဒါမှသာတစ်ခုခုဆို အဝတ်အစားတွေ မစွန်းထင်းတော့ဘဲ ညစ်ပတ်ရင်လည်း အလွယ်တကူ လဲပစ်လိုက်လို့ရပါတယ်။

ဒါကတော့ အမျိုးသမီးတွေ ဓမ္မတာပေါ်တဲ့အခါမှာ ဆောင်ရန်ရှောင်ရန် အချက်တွေနဲ့ နုမြတ်ကြိုက်တဲ့ Pad Brand လေးအကြောင်းပါ။ဒီအချက်လေးတွေကိုသာ သတိထားလိုက်မယ်ဆိုရင် ရာသီစက်ဝန်းကို အဆင်ပြေစွာ ကျော်ဖြတ်နိုင်မှာပါနော်။

ချစ်တဲ့
Dr.Nu Myat
Laurier Club Myanmar

Photos from Moe Myint Thu Hair Salon and Cosmestic Store's post 16/07/2022
Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


65st Bet 111 & 112 Street
Mandalay