Yoeyar & KHP
အလှပဆိုင်ရာ မျက်နှာ & ဆံပင်အတွက် သဘာ?
03/01/2022
🌺ချစ်တဲ့ဘေဘီတို့အားလုံးကို ကျတော့်ရဲ့ Pageကနေကြိုဆိုပါတယ် 😘😘😘
🌺အားလုံးအတွက်အလှပနဲ့ပတ်သတ်ပြီ နေ့စဥ်တင်ပေးသွားမှာဖြစ်လို့🥰🥰🥰
🌺ဒီPage လေးကိုLike & Shareပြီးစောင့်မျှော်ကြဖို့ဖိတ်ခေါ်လိုက်ပါသည်။🤷♀️🤷♀️🤷♀️
#မန်းလေးပင်ရင်းတိုက်ရိုက်ကိုယ်စာလှယ်ကြီး
03/01/2022
📌ဗောက်ထခြင်းပြဿနာ💥💥💥
လူတစ်ဦးတစ်ယောက်အနေနဲ့ တစ်ချိန်တစ်ခါမှာ မိမိရဲ့ ဦးခေါင်းမှာ ဗောက်ဖတ်လေးတွေ ထတာကို ကြုံဖူးကောင်း ကြံုဖူးကြမှာပါ။ စိတ်အနှောင့်အယှက်ဖြစ်စရာပါ။ ဒီလို ဦးရေဗောက်ထတာနဲ့ ပတ်သက်လို့ ပြည့်ပြည့်စုံစုံ သိအောင်မေးမြန်း ဆွေးနွေးခဲ့ပါတယ်။
မေး ။ ဗောက်ထတာကို ဆရာတို့ဆေးပညာအရ ဘယ်လို ခေါ်ပါသလဲ ဆရာ။
Seborrheic Dermatitis လို့ ခေါ်ပါတယ်။ နှင်းခူတစ်မျိုးပါ။ ဒီနှင်းခူအပျော့စားကို အရပ်ခေါ်တော့ Dandruff လို့ပဲ အသိများတယ်။
မေး။ ဒီနှင်းခူမျိုးက ဘယ်လိုဖြစ်ရတာလဲ ဆရာ။
Malassezia Furfur လို့ ခေါ်တဲ့ အရေပြားမှိုတစ်မျိုးကြောင့် ဖြစ်ရတာလို့ ယူဆထားကြပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီမှိုမျိုးဟာ သာမန်ထက်ပိုပြီး ဒီရောဂါဖြစ်တဲ့သူတွေမှာ အများအပြား တွေ့ရလို့ပါပဲ။
မေး။ ဦးရေအပြင် ဘယ်နေရာတွေမှာ ဖြစ်နိုင်ပါသေးလဲ ဆရာ။
အရေပြား အဆီအိတ်တွေ များများရှိတဲ့ နဖူး၊ မျက်ခုံး၊ နှာခေါင်းဘေး တစ်ဖက်တစ်ချက်နဲ့ နားအောက်ဘက်တွေမှာလည်း ဖြစ်နို်င်ပါတယ်။ နောက်ကျောနဲ့ရင်ဘတ်အပေါ်ပိုင်းမှာလည်း တွေ့ရတတ်ပါတယ်။
မေး။ ဦးခေါင်းမှာလိုပဲ အခြားနေရာဖြစ်ရင် အကြေးခွံဗောက်ဖတ်တွေ ထွက်တတ်ပါသလား ဆရာ။
မထွက်ပါဘူး။ ဝါကြန့်ကြန့် စေးကပ်ကပ် အကြေးခွံတွေကိုပဲ သေချာကြည့်မှ တွေ့ရတတ်ပါတယ်။
မေး။ ဗောက်ထတိုင်း ယားတတ်သလားဆရာ။
တစ်ယောက်နဲ့တစ်ယောက် မတူဘူး။ တချို့ ဦးခေါင်းယားလို့ ကုတ်လိုက်ရင် ဗောက်ဖတ်တွေ အဖွေးသား ကွာကျလာတာမျိုးလည်း ရှိတယ်။ တချို့ကျတော့ ပုံမှန် ခေါင်းဖြီးတဲ့အခါမှ ဗောက်ဖတ်သေးသေးလေးတွေ ပါလာတာမျိုးလည်း ရှိတယ်။ ချွေးထွက်ရင်တော့ ပိုယားတတ်ပါတယ်။
မေး။ သာမန် ဗောက်ထရုံလောက်က လူ ဘယ်လောက်ထိ ဖြစ်တတ်ပါသလဲဆရာ။
လူ ၁၀၀ မှာ တစ်ဝက်လောက်အထိ အသက် ၂၀ ကျော်ရင် ဖြစ်နေတာပါပဲ။ အမျိုးသားတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဒါပေမဲ့ Sebrrheic Dermatitis နှင်းခူပုံစံမျိုး ဆိုးဆိုးရွားရွား ဖြစ်တာကတော့ လူ ၁၀၀ မှာ လေးငါးယောက်လောက်ပဲ ဖြစ်တတ်တယ်။
မေး။ ဘယ်အသက်အရွယ်တွေမှာ ဒီနှင်းခူအဆင့်အထိ ဖြစ်တတ်ပါသလဲဆရာ။
အသက်အရွယ် မရွေးပါဘူး။ လသားကလေးတွေ အရွယ်ကနေ ဇရာအိုတွေအထိ ဖြစ်နိုင်ပါတယ်။ ကလေးငယ်တွေမှာ ဖြစ်နိုင်ရင်တော့ ဦးခေါင်းမှာ နီရဲရဲ ဝါကြန့်ကြန့် အကြေးခွံ စေးထန်းထန်းတွေ ကပ်နေတာ တွေ့ရပါတယ်။ Cradle Cap လို့ ခေါ်တဲ့ ပုခက်ဂျိုးနာပါ။ လူကြီးမှာလို ဗောတ်ဖတ်တွေ အဖွေးသား ကွာကျတာမျိုး မဟုတ်ဘူး။
မေး။ ဘယ်ရာသီဥတုမှာ ပိုဖြစ်တတ်ပါသလဲ ဆရာ။
နွေမှာအဖြစ်နည်းပြီး မိုးတွင်းကာလမှာ ပိုဖြစ်တတ်ပါတယ်။
မေး။ ဗောက်ထတဲ့သူတွေမှာ ဆံပင်ကျွတ်တတ်ပါသလား။
ဗောက်ထတာ သူ့ဘာသာသူ ပျောက်သွားလိုက် ပြန်ဖြစ်လိုက်နဲ့ လုံးချာလိုက်နေတဲ့သူတွေမှာတော့ ဆံပင်နည်းနည်းပါးပါး ကျွတ်တတ်ပါတယ်။
မေး။ ဘယ်လို ပုဂ္ဂိုလ်တွေမှာ ဗောက်ထခြင်းပြဿနာ တွေ့နိုင်ပါသလဲဆရာ။
စောစောက ဆရာပြောခဲ့သလို သာမန် ဗောက်ဖတ်တွေ ကွာကျတာလောက်ကတော့ လူတော်တော်များများမှာ ဖြစ်လေ့ရှိတာပါပဲ။ ဦးရေ အဆီပြန်တတ်တဲ့ ပုဂ္ဂိုလ်မျိုးတွေ စိတ်ဖိစီးမှုများတဲ့ ပုဂ္ဂိုလ်တွေမှာ ပိုဖြစ်ပါတယ်။ ဒါပေမဲ့ နှင်းခူအဆင့်ထိကျတော့ ခန္ဓာကိုယ်ခုခံအားနည်းတဲ့ အခါမျိုးမှာ အထူးသဖြင့် HIV လူနာတွေမှာ ပိုပြီးဖြစ်တတ်ပါတယ်။ ဖြစ်ရင်လည်း ပိုပြီး ဆိုးဆိုးရွားရွားဖြစ်တတ်ပါတယ်။ ဇင့်ဓာတ်အပါအဝင် အဟာရချို့တဲ့တဲ့ ပုဂ္ဂိုလ်တွေမှာလည်း ဒီနှင်းခူပုံသဏ္ဍာန်မျိုးဖြစ်တာ ရှိပါတယ်။
မေး။ တခြား ဗောက်ဖတ်ကွာတဲ့ရောဂါတွေနဲ့ မမှားနိုင်ဘူးလားဆရာ။
ဒီဗောက်ဖတ်လေးတွေဟာ အခြားရောဂါတွေမှာလည်း ရှိတတ်တာမို့ မှားတတ်ပါတယ်။ ဥပမာ အားဖြင့် ဆိုရီရေးစစ်လို ရောဂါမျိုး (မြန်မာလို ပြောရရင်တော့ ဂျွတ်ပွေးတာပါ။ တကယ်တမ်းကျတော့လည်း ပွေးမဟုတ်ပါဘူး) ဒီရောဂါ ဦးခေါင်းမှာဖြစ်ရင်လည်း အကြေးခွံတွေ ကွာကျပါတယ်။ နောက်ပြီး ဒက်ပေါက်တာ၊ ဒါနဲ့လည်း မှားနိုင်တာပါပဲ။ ဒက်ဆိုတာကတော့ အများသိတဲ့အတိုင်း ခေါင်းမှာပွေးပေါက်တာ၊ ဒီတစ်ခါမှာလည်း အကြေးခွံနုနုလေးတွေ ကွာကျတာမျိုး၊ ဆံပင်ကျွတ်တာမျိုး ရှိတတ်ပါတယ်။
မေး။ သာမန်ဗောက်ထတာကုလို့ရပါသလား ဆရာ။
ကုလို့ရပါတယ်။ ပျောက်လိုက်၊ ပြန်ဖြစ်လိုက်နဲ့ သံသရာလည်တတ်တာမို့ ကုသမှုကို ပုံမှန်ရေရှည်ထိမ််းသိမ်း ဆောင်ရွက်ဖို့ အရေးကြီးပါတယ်။
မေး။ ဘယ်လိုကုသရပါသလဲဆရာ။
သာမန်အဆင့်ကို လွယ်လွယ်နဲ့ ကုနိုင်ပါတယ်။ ဥပမာ - ခေါင်းလျှော်ရည်တွေပါ။ ကီတိုနာဇော Ketoconazole ဆိုတဲ့ မှိုသတ်ဆေးပါဝင်တဲ့ ခေါင်းလျှော်ရည်တွေကို ဗောက်ကင်းစင်အောင် သုံးနေကြတာ ကြာပါပြီ။ ထူးခြားတာက ဒီမှိုသတ်ဆေးက အခြား မှိုသတ်ဆေးတွေထက် ဗောက်ထစေတဲ့ မှို Malassezia Furfur ကို ပိုမို နှိမ်နင်းနိုင်တာပါပဲ။ ဒါပေမဲ့ သုံးစွဲနည်းတော့ မှန်ဖို့လိုပါတယ်။ ရိုးရိုးသုံးနေကြ ခေါင်းလျှော်ရည်တွေနဲ့ လျှော်သလို ခေါင်းမှာ အမြှုပ်တွေထွက်တာနဲ့ ချက်ချင်းရေလောင်းချလိုက်တာမျိုး မလုပ်ရဘူး။ အနည်းဆုံး သုံးလေးမိနစ်လောက် ခေါင်းနဲ့ ရင်ဘတ်မျက်နှာပေါ်မှာ အမြှုပ်တွေနဲ့ လိမ်းကျံပြီးမှ ရေလောင်းချရပါတယ်။
မေး။ အခြား ဗောက်နိုင်တဲ့ ဆေးတွေရော ရှိပါသလား ဆရာ။
အဲဒီ ကီတိုကိုနာဇော မှိုသတ်ဆေးအပြင် အခြား သုံးတဲ့ဆေးတွေကတော့ ဇင့်ဓာတ်ပါတဲ့ Zinc Pyrithione ဆယ်လီနီယမ်ဓာတ်ပါတဲ့ Selinium Sulphide နဲ့ သန့်စင်ထားတဲ့ ကတ္တရာဓာတ်အနည်းငယ်ပါတဲ့ Tar Shampoo ဆိုတာတွေလည်း အများကြီးရှိပါတယ်။ ဒါ့အပြင် ကော်တီကိုစတီးရွိုက်ဓာတ် အပျော့စားလိမ်းဆေးတွေလည်း အသုံးတည့်တယ်။ ဆယ်လစ်စစ်လစ် အက်ဆစ်လိ်မ်းဆေး Salicylic Acid Ointment တို့ ဆာလဖာလိမ်းဆေးတို့လည်း အတိုအလျောက်သုံးလို့ရပါတယ်။
မေး။ ကလေးငယ်တွေမှာ ဖြစ်ရင် ဘယ်လိုကုရမလဲဆရာ။
ကလေးတွေကျတော့ ဆရာပြောခဲ့သလို ဝါကြန့်ကြန့် အနာဖေးတွေကပ်နေတော့ သံလွင်ဆီကို ဦးစွာလိမ်းပေးမှ ခွာပေးရပါမယ်။ နောက်မှ ဘေဘီရှန်ပူတို့၊ ကီတိုကိုနာဇော ခေါင်းလျှော်ရည်နဲ့ လျှော်ရပါမယ်။ ပြီးမှ ဟိုက်ဒရိုကော်တီဆုန်း အပျော့စားလိမ်းဆေး လိမ်းပေးရပါမယ်။
မေး။ ဗောက်ပြန်မထအောင် ဘယ်လိုကုရမလဲဆရာ။
တစ်ကိုယ်ရေသန့်ရှင်းရေးလည်း အရေးကြီးပါတယ်။ မျှတတဲ့ အစားအစာတွေလည်း စားသုံးဖို့လည်း လိုပါတယ်။ အရေးကြီးတာကတော့ စောစောကပြောခဲ့တဲ့ ဗောက်ကင်းစင်တဲ့ ခေါင်းလျှော်ရည်တွေနဲ့ အနည်းဆုံး တစ်ပတ်တစ်ကြိမ်လောက် လျှော်ပေးရပါမယ်။ မသက်သာဘူးဆိုရင် ဒါမှမဟုတ် Seborrheic Dermatitis လို့ခေါ်တဲ့ နှင်းခူပုံသဏ္ဍာန်မျိုးအထိ ဆိုးဆိုးဝါးဝါး ဖြစ်လာပြီဆိုရင်တော့ နီးရာကျွမ်းကျင်တဲ့ ဆရာဝန်များနဲ့ ပြသတိုင်ပင်ပြီး ကုသမှုခံယူပါလို့ အကြံပြုလိုပါတယ်။
#မန်းလေးပင်ရင်းတိုက်ရိုက်ကိုယ်စာလှယ်ကြီး
03/01/2022
📌ဝက်ခြံအကြောင်း သိကောင်းစရာ💥💥💥
========================
၁။ဝက်ခြံဆိုသည်မှာ.......
*အရေပြားရှိ အဆီကျိတ်လမ်းကြောင်းလေးများနှင့်
မွေးညှင်းပေါက်လေးများ၏ ပိတ်ဆို့ရောင်ရမ်းခြင်း
ဖြစ်ပါသည်။
၂။ဝက်ခြံဖြစ်သော နေရာ........
*မျက်နှာ၊လည်ပင်း၊ပုခုံး၊လက်မောင်းအပေါ်ပိုင်း၊
ရင်ဘတ်၊ကျော နှင့် တင်ပါးတို့ဖြစ်ပါသည်။
၃။ဝက်ခြံအထွက်များချိန်........
*အရွယ်ရောက်ချိန် ဖြစ်ပါသည်။
*အသက် ၁၈နှစ်မျှတွင် ဝက်ခြံအထွက်များဆုံးဖြစ်ပါသည်။
၄။ဝကျခွံ၏ လက်ခဏာ..........
*ဝက်ခြံဖုလေးများသည် နာတတ်ပါသည်။
*Comedonesဟုခေါ်သည့် အဖြူဆံ အမည်းဆံများပါ
သော အဖုလေးများဖြစ်ပါသည်။
*အနီဖုလေးများ၊ပြည်ဖုလေးများအနေနှင့်
တွေ့ရတတ်ပါသည်။
*ပြည်တည်နာလည်း တွေ့ရတတ်ပါသည်။
*ဝက်ခြံဖုလေးများဆက်ကာ လမ်းကြောင်းလေးများ
ဖြစ်လာ တတ်ပါသည်။
၅။ဝက်ခြံဖြစ်ရခြင်း အကြောင်းရင်း..........
*အရွယ်ရောက်ချိန်တွင် အင်ဒရိုဂျင် ဟော်မုန်း
အထွက်များလာ ပြီး မျက်နှာပေါ်မှ အဆီကျိတ်လေးများကို အဆီပိုထွက်လာစေ ပါသည်။
*အဆီကျိတ်နှင့် ဆက်နေသော မွေးညှင်းပေါက်လေးများ ပိတ် ဆို့သွားစေပါသည်။
*ဘတ်တီးရီးယားပိုး ဝင်ရောက်လာပါသည်။
*ထို့ကြောင့် အရေပြားရောင်ရမ်းလာပြီး ဝက်ခြံထွက်
လာခြင်း ဖြစ်ပါသည်။
၆။ဝက်ခြံ၏ ဆိုးကျိုးများ........
*အနီရောင်၊အမည်းရောင် အကွက်များဖြစ် ကျန်ခဲ့ခြင်း။
*ပြည်တည်နာကြီးများ ဖြစ်ခြင်း။
*မျက်နှာတစ်ခုလုံး ရောင်ရမ်းလာခြင်း။
*ဖျားလာခြင်း၊အဆစ်နာလာတတ်ခြင်း၊ကြွက်သားများ
နာလာတတ်ခြင်း။
*တစ်ကိုယ်လုံး ပိုးဝင်ခြင်း။
*အချိုင့် အနာရွတ်၊ အဖု အနာရွတ် များဖြစ်ခြင်း။
*စိတ်ဓာတ်ကျခြင်းများ ဖြစ်ပါသည်။
၇။ဝက်ခြံကုသနည်း........
(အနာရွတ် မကျန်ချင်လျှင်စောစော ကုသသင့်ပါသည်)
*လိမ်းဆေး၊စားဆေးများဖြင့် ကုသခြင်း၊
*အရောင်ကျဆေးထိုးခြင်း၊
*ပြည်တည်နာကြီးပါက ခွဲစိတ်ခြင်း၊
*laserဖြင့် ကုသခြင်း၊
*ပြန်မဖြစ်အောင် အရေပြားကိုပုံမှန် ထိန်းသိမ်းခြင်းတို့
ဖြစ်ပါ သည်။
၈။ဝက်ခြံ၏ သက်တမ်း........
*စနစ်တကျ ကုသလျှင်ပင် လချီကြာတတ်ပါသည်။
*ဝက်ခြံသည် အသက်၂၀ခန့်မှာ သူ့အလိုလို
ပျောက်ကင်းတတ် ပါသည်။
*သို့သော် အချို့လူများသည် အသက်၄၀ခန့်အထိ ဝက်ခြံ
ပေါက်တတ်ပါသည်။
၉။ဝက်ခြံကို ပိုဆိုးစေသော အရာများ.........
ဟော်မုန်းပြောင်းလဲခြင်း၊
(၁၀ကျော်သက် အရွယ်ရောက်ချိန်၊ဓမ္မတာလာခါနီးအချိန်များမှာ ဝက်ခြံပိုဆိုးတတ်ပါသည်၊၊
အချို့ကလေးတားဆေးများသည် ဝက်ခြံကို
ပိုဆိုးစေပါသည်။)
မျိုးရိုးဗီဇ။
မိဘမှာ ဝက်ခြံများများထွက်ခဲ့ရင် သားသမီးမှာ
ဝက်ခြံပိုထွက်နိုင်ပါသည်။
ပူပြင်းသောရာသီဥတု။
(ရာသီဥတုပူသောအခါ ဆံပင်ဖုံးထားသော
အရေပြားနေရာမှာ ဝက်ခြံပိုဆိုးတတ်ပါသည်။
အဝတ်ထူထူကြပ်ကြပ် ဝတ်မိသောအခါ ကျောမှာ
ဝက်ခြံထွက်တတ်ပါသည်။)
ဖိအား။
(မျက်မှန်ကိုင်းကြပ်ခြင်း၊ တယ်လီဖုန်းကြာကြာပြော
ခြင်း၊ ဦးထုပ်ကြပ်ကြပ်ဆောင်းခြင်းများ ပြုလုပ်သောအခါ အပူချိန်နှင့် ပွတ်တိုက်သော ဖိအားတို့ကြောင့်
ဝက်ခြံပိုဆိုးစေ ပါသည်။
အဆီများသောအလှပြင်ပစ္စည်း။
(အဆီများသည် မွေးညှင်းပေါက်ကို ပိတ်ဆို့ပြီး
ဝက်ခြံကိုပိုဆိုးစေပါသည်။
အလုပ်အကိုင်။
(အဆီနှင့် ထိတွေ့နေရသူများတွင် ဝက်ခြံပိုဆိုး
တတ်ပါသည်။
ဆေးများ။
(ဥပမာ-တီဘီဆေး၊စတီးရွက် ဆေးများသည်
ဝက်ခြံကို ပိုဆိုးစေပါသည်။)
စိတ်ဖိစီးမူများခြင်း။
(စိတ်ဖိစီးမူများသောအခါ ဓာတုပစ္စည်းတွေ ထွက်လာပြီး ဝက်ခြံထွက်လာစေပါသည်။)
မျက်နှာအရေပြားအားထိခိုက်စေခြင်း။
(ဝက်ခြံကို ညစ်ခြင်း၊ ကုတ်ဖဲ့ခြင်း၊ မကြာခဏ
ကိုင်တွယ်ခြင်းများ၊ ပြုလုပ်ပါက အရေပြားထိခိုက်ပြီး
ဝက်ခြံပိုဆိုးလာပါသည်။ မျက်နှာကို ပွတ်တိုက်ပြီး
မကြာခဏသစ်လျှင် အရေပြားအပေါ်ယံလွှာ
ပျက်စီးသောကြောင့် ဝက်ခြံပိုဆိုးစေပါသည်။
အစား။
(ချောကလက်နှင့်အချို၊ အဆီများသော အစားများသည်
ဝက်ခြံကိုပိုဆိုးစေသည်ဟု သက်သေစာတမ်း ပြုစုထား
ခြင်းကို မတွေ့ရသေးပါ။ သို့သော် ဝက်ခြံထွက်သူများ
သည် အဆီ၊ အချိုနှင့် ပင်လယ်စာကို လျှော့စားသင့်ပါသည်။)
၁၀။ဝက်ခြံထွက်သူများ လိုက်နာရန်
အာဟာရ-ကျန်းမာစေမည့် အာဟာရ စားရပါမည်။ လတ်ဆတ်သော ဟင်းသီးဟင်းရွတ်၊ သစ်သီးများ စားရပါမည်။ လိုအပ်သော ဗိုက်တာမင်များ စားရပါမည်။
အရက်နှင့်ဆေးလိပ်- ရှောင်သင့်ပါသည်။
လေ့ကျင့်ခန်း-ပုံမှန်ပြုလုပ်သင့်ပါသည်။
သန့်ရှင်းမူ-တစ်ကိုယ်ရည်နှင့် အရေပြားကိုဂရုစိုက်ရပါမည်။
စိတ်-ဖိစီးမူကို ရှောင်သင့်ပါသည်။လုံလောက်သော အိပ်စက်အနားယူရပါမည်။
#ပုံမှန် အရေပြားထိန်းသိမ်းရပါမည်။
စနစ်တကျ ဆေးကုသရပါမည်။
ကျေးဇူးတင်ပါသည်....အစအဆုံးဖတ်ဖြစ်သော ချစ်မိတ်ဆွေများ။
ခံစားချက်များကိုလည်း ပြန်လည် reaction ပေးရန်
မျှော်လင့်လျက်။
...........အားလုံးကိုယ်စီ ကျန်းမာလှပ ကြပါစေ။
Credit ......လေးစားစွာဖြင့်
#မန်းလေးပင်ရင်းတိုက်ရိုက်ကိုယ်စာလှယ်ကြီး
03/01/2022
📌မိန်းကလေးတစ်ယောက်အနေနဲ့တစ်ပတ်ကို ခေါင်းဘယ်နှကြိမ်လျှော်သင့်လဲ💥💥💥
လူတိုင်းမှာ မွေးရာပါ အသားအရေအမျိုးအစား မတူညီကြသကဲ့သို့ ဆံသားအမျိုး အစားလည်း ကွဲပြားခြားနားကြပါတယ်။
(က) ကျန်းမာသန်စွမ်းတဲ့ ဆံသား
(ခ) ပုံမှန်(အလယ်အလတ်) ဆံသား
(ဂ) ဆံသားအုံကောင်း (ဆံပင်ထူ)
(ဃ) ခြောက်သွေ ့ (မွဲခြောက်ခြောက်) ဆံသားဆိုပြီးတော့ အခြေခံအားဖြင့် ဆံသားလေးမျိုးရှိပါတယ်။အဲဒီလိုမတူညီတဲ့ဆံသားအမျိုးအစားပေါ်မူတည်၍၊
ခေါင်းလျှော်တဲ့ အကြိမ်နှုန်းဟာလည်း အနည်းအများ ကွာဟမှုရှိပါတယ်။
၁။ ကျန်းမာသန်စွမ်းတဲ့ ဆံသားပိုင်ရှင်များအတွက်
ကျန်းမာတဲ့ဆံသားတွေက အခြားဆံပင်အမျိုးအစားတွေထက် ပို၍အဆီစုပ်ယူမှု အားကောင်းကြတာကြောင့် daily use shampoo(ခေါ်) နေ ့စဉ်သုံးရှမ်ပူအမျိုးအစားကို
သုံးသင့်ပါတယ်။ တစ်ရက်ခြား(သို့)တစ်နေ့တစ်ကြိမ် ခေါင်းလျှော်ပေးနိုင်ပါတယ်။
(အဆီပြန်တဲ့ဆံပင်ကလည်းကျန်းမာသန်စွမ်းတဲ့ဆံသားအမျိုးအစားထဲမှာပါရှိနေပါတယ်။ အဆီအလွန်ပြန်တဲ့ ဆံသားပိုင်ရှင်များကတော့ dry shampoo ကိုသုံး၍ နေ့စဉ်ခေါင်းလျှော်ပေးရမှာပါ။)
၂။ ပုံမှန်ဆံသားပိုင်ရှင်များအတွက်
သဘာဝဆံသားလို ့ခေါ်နိုင်ပါတယ်။ ဒီဆံသားတွေမှာ အပေါ်မှာဖော်ပြထားတဲ့ ကျန်းမာသန်စွမ်းတဲ့ ဆံသားတွေလောက် အဆီသိပ်မရှိတာကြောင့် ရက်သတ္တတစ်ပတ်မှာ နှစ်ကြိမ်(သို့)အများဆုံး သုံးကြိမ် လျှော်ရုံနှင့် လုံလောက်ပါတယ်။ အကယ်၍ အလယ်အလတ်ဆံသားတွေကို နေ့စဉ်ခေါင်းလျှော်မိတဲ့အခါမှာ ဦးရေပြားနှင့် ဆံသားများအဆီခန်းခြောက်စေတတ်လို့ ဆင်ခြင်သင့်ပါတယ်။ (ဗောက်ရှိသူတွေက Anti Dandruff Itchy Scalp ရှမ်ပူကို သုံးသင့်သလို ဆံသားကြမ်းသူများနှင့် ဆံပင်နှစ်ခွရှိသူများက Conditioner Shampoo ကို သုံးပေးဖို့လိုပါတယ်။)
၃။ ဆံသားအုံကောင်း (ဆံပင်ထူ)သူများအတွက်
အမျိုးသမီးအများစုပိုင်ဆိုင်တဲ့ ဆံပင်အမျိုးအစားလေးပါပဲ။ ဆံသားထူပြီး ဆံပင်သဘာဝအကောက်လှိုင်းသား ပါရှိနေလို့ ဦးရေပြားထံမှ အဆီတွေကို ဆံသားတွေဆီသို့ အလွယ်တကူ မပျံ့နှံ့စေတဲ့အတွက်ကြောင့် ရက်သတ္တတစ်ပတ်လျှင် တစ်ကြိမ်သာ ခေါင်းလျှော်ပေးရုံမျှဖြင့် လုံလောက်ပါတယ်။ (အခုလို ဆံသားပိုင်ရှင်တွေကလည်း အမှတ်စဉ် (၂) ကလို အလယ်အလတ် ဆံသားပိုင်ရှင်တွေ သုံးတဲ့ ရှမ်ပူအမျိုးအစားတွေကိုပဲ သုံးနိုင်ပါတယ်)
၄။ ခြောက်သွေ့(မွဲခြောက်ခြောက်)ဆံသားများအတွက်။
ဒီဆံသား အမျိုးအစားက အမှတ်စဉ်(၁)ဆံသားနှင့် ပြောင်းပြန်ဖြစ်ပါတယ်။ ဦးရေပြားမှာ အဆီခန်း၍ ဆံပင်မွဲခြောက်ကာ ဆံသားများ နှစ်ခွ သုံးခွဖြစ်ပြီး ဆံပင်တွေ
ပြတ်ထွက်လေ့ရှိပါတယ်။ဒါကြောင့် နေ့စဉ် ခေါင်းမလျှော်သင့်ပါဘူး။Oily Shampoo တစ်မျိုးတည်းကိုသာသုံးပါ(သို့)ဓာတုပစ္စည်းတွေပါဝင်မှုနည်းတဲ့ ရှမ်ပူကိုရွေးသုံးပါ။ conditioner ပေါင်းဆေးပါတဲ့ ရှမ်ပူကိုသုံးပေးပါ။ (အခုလို ဆံသားပိုင်ရှင်များဟာ ခေါင်းလျှော်ပြီးတဲ့အခါ လေပူစက်ဖြင့်မှုတ်တာမျိုး လုံးဝမလုပ်သင့်ပါဘူး။ ဆံသားခြောက် သွေ့ကြမ်းထော်စေလို့ပါပဲ။ ဒါကြောင့် ပုံမှန်သဘာဝလေဖြင့်သာ အခြောက်ခံခြင်း(သို့) လေအေးပေးပေးစက်ဖြင့် မှုတ်ခြင်းကိုသာ သုံးစွဲပေးပါ။)
- မှတ်ချက်💥💥💥
(၁) မျက်စိကျန်းမာရေးအတွက်သာမက ဘက်ပေါင်းစုံကျန်းမာဖို့အတွက်ဆိုရင် မွန်းလွဲပိုင်းမှစ၍ ခေါင်းမလျှော်သင့်တော့ပါဘူး။
(၂) ရာသီဥတု မည်မျှပင်အေးပါစေ ရေနွေးနဲ ့ခေါင်းမလျှော်သင့်ပါဘူး။ မိမိခန္ဓာကိုယ် အပူရှိန်ထက် ပို၍ပူသောရေနွေးဖြင့် ခေါင်းလျှော်ခြင်းက ဆံသားကိုကာကွယ်ပေးသည့် သဘာဝအဆီဓာတ်ကို ဆုံးရှုံးသွားကာ ဆံသားများခြောက်သွေ့၍ မာဆတ်ဆတ်ဖြစ်စေနိုင်ပါတယ််။
(၃) ခေါင်းလျှော်ပြီးစမှာ နားကို အလွယ်တကူသန် ့စင်နိုင်ပါတယ်။ တစ်ခါသုံး နားကြပ်ဂွမ်းလုံးလေးတွေ သုံး၍ နားထဲရှိ နဖာချေးကို သန့်စင်ပေးနိုင်ပါတယ်။
(၄) ဆံပင်အရှုပ်အထွေးကို ရှင်းလင်းရန်အတွက် ဦးစွာဆံပင်ထိပ်ဖျားပိုင်းမှဖြီးပါ။ ထို့နောက် ဆံသားများကို အသာအယာဆုပ်ကိုင်ပြီး ဆံပင်အရင်းပိုင်း (အမြစ်) မှ အောက်ခြေသို့ ဆွဲချဖြီးပါ။
(၅) ဖြစ်နိုင်ရင် ဆံပင်ကို ရက်သတ္တတစ်ပတ်လျှင် နှစ်ကြိမ် သုံးကြိမ်သာ လျှော်ပေးသင့်ပါတယ်။ ထို့ထက် အကြိမ်ရေပိုလျှော်ခြင်းက ဆံပင်ကျွတ်ထွက်စေပြီး ဦးရေပြားအဆီကိုလည်း ခန်းခြောက်စေပါလိမ့်မယ််။
(၆) ဗောက်ထ၍ ဦးရေပြားယားယံခြင်းကလည်း ဆံပင်ကျွတ်ခြင်း၏ အဓိကသော့ချက်ဖြစ်ပါတယ်။ ဒါကြောင့် ဦးခေါင်းသန့်စင် တစ်ကိုယ်ရေကျန်းမာရေးအတွက် အချိန်ပေး၍ ဆောင်ရွက်ပေးလိုက်ပါ။
(၇) ဗောက်ထ၍ ယားယံသော ဦးရေပြားများအတွက်ကတော့ itchy due to dandruff (သို့) itchy scalp anti dandruff စာတန်းပါတဲ့ ရှမ်ပူအမျိုးအစားကို ရွေးသုံးပါ။
ဗောက်ကိုသတ်ပေးတဲ့ ရှမ်ပူတွေမှာပါရှိတဲ့ ပစ္စည်းများဟာ ဆံသားကို အတန်ငယ်ကြမ်းစေတာကြောင့် ဆံသားကိုနူးညံ့ပျော့ပျောင်းစေရန် ပေါင်းဆေးပါသော ရှမ်ပူ (သို့) smooth & silky စာတန်းပါသော ရှမ်ပူကိုပါ တွဲ၍သုံးပေးသင့်ပါတယ်။
(၈) ပလတ်စတစ်ဘီးဖြင့် ခေါင်းဖြီးခြင်းက ဦးရေပြားပူ၍ ဗောက်ထစေနိုင်၍ သစ်သားဘီးကိုသာ သုံးစွဲသင့်ပါတယ်။
#မန်းလေးပင်ရင်းတိုက်ရိုက်ကိုယ်စာလှယ်ကြီး
03/01/2022
📌ဝက်ခြံအကြောင်းပြောပြမယ်💥💥💥
မျက်နှာပေါ်မှာ ပေါက်နေတဲ့ ဝက်ခြံကိုကြည့်ပြီး အရေပြားဆရာဝန်တွေက လူနာရဲ့ ရောဂါကို ဟောကိန်းထုတ်ကြသလို တရုတ်တိုင်းရင်းသမားတော်တွေကလည်း မျက်နှာအသားအရေနဲ့ ဝက်ခြံကိုကြည့်ပြီး ဆေးကုသရာ ထိရောက်မှု ရှိတယ်လို့ ဆိုကြပါတယ်။ ဒါ Face Mapping ကုသနည်းလေးပါတဲ့။ မျက်နှာပေါ်က ဝက်ခြံအနေအထားကိုကြည့်ပြီး မိမိကျန်းမာရေးအခြေအနေကို တစေ့တစောင်း အကဲခတ်၍ ဝေဒနာကြီးကြီးမားမား မဖြစ်မီ ကြိုတင် ကာကွယ်ထားနိုင်ကြပါရန် အောက်ပါအတိုင်းမျှ ဝေလိုက်ရပါတယ်။
နှဖူးပြင်ပေါ်က ဝက်ခြံများ
ဆီးအိမ်နဲ့ အစာခြေ လမ်းကြောင်းပေါ်မှာ ပြဿနာတစ်ခုခု ရှိနေပါပြီ။ အဲဒီနေရာတွေမှာ မကြာခဏဆိုသလို ဝက်ခြံပေါက်ခဲ့ရင် ရေများများသောက်ပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေ ပိုစားပေးရပါမယ်။ (ဆေးသုတေသီတွေရဲ့ အဆို အမိန့်တွေအရ အမျိုးသမီးတွေမှာ အများဆုံးပေါက်လေ့ရှိတဲ့ နေရာဖြစ်ပါတယ်တဲ့။)
မျက်ခုံးမွှေး နှစ်ခု အလယ်တည့်တည့်က ဝက်ခြံများ
နားရွက် နှစ်ဖက်စလုံးကလည်း ဝဲ၊ ယာ ကျောက်ကပ်တွေနဲ့ ဆက်နွယ်မှု ရှိနေကြပါတယ်။ အကယ်၍ နားရွက်နှစ်ဖက်လုံးနီပြီး ပူထူနေတဲ့အခါ ခန္ဓာကိုယ် ထဲမှာ အဆိပ်အတောက်တွေ များလာပြီမို့ ရေသန့်များများ သောက်ပေးရပါမယ်။ အရက် ၊ ဆော်ဒါတွေအပြင် ကဖိန်းဓာတ် များပြားတဲ့ လက်ဖက်ရည်၊ ကော်ဖီတို့ကို လျော့သောက်ပေးရပါမယ်။
ပါးပေါ်က ဝက်ခြံများ
ပါးပြင်နှစ်ဖက်ကတော့ အသက်ရှူလမ်းကြောင်းနဲ့ သက်ဆိုင်နေပါတယ်တဲ့။ အသက်ရှူလမ်းကြောင်း ပိတ်ဆို့တဲ့ ဝေဒနာရှင်တွေ ၊ Allergic ဖြစ်သူတွေ ၊ အသက်ရှူလမ်းကြောင်းတစ်လျှောက် ဆံခြည်မျှင် သွေးကြောတွေ ပျက်စီးနေသူတွေနဲ့ ဆေးလိပ်စွဲသူတွေမှာ ပါးပေါ်ဝက်ခြံပေါက်လေ့ ရှိပါတယ်။ ပါးရဲ့ အောက်ခြေမှာ ဝက်ခြံပေါက်နေသူတွေက သွားဖုံးရောင်ဝေဒနာနဲ့ ဆက်စပ်မှု ရှိနေပြီမို့ သွားဆရာဝန်နဲ့ပြဖို့ လိုပါတယ်။
နှာခေါင်းပေါ်က ဝက်ခြံများ
နှာခေါင်းပတ်ဝန်းကျင်နဲ့ နှာတံတစ်လျှောက် ဝက်ခြံတွေက နှလုံးနဲ့ သွေးတိုးရောဂါဖြစ်ကြောင်းကို ညွှန်ပြပါတယ်။ လက်ရှိသုံးစွဲနေတဲ့ နှုတ်ခမ်းဆိုးဆေး၊ လိုင်နာတွေနဲ့ ဓာတ်မတည့်တဲ့အခါ ၊ နှာခေါင်းရဲ့ အောက်ခြေ သို့မဟုတ် အပေါ်နှုတ်ခမ်းရဲ့ အထက်ပိုင်းမှာ ဝက်ခြံထွက်လာတတ်လို့ နှုတ်ခမ်းဆိုးဆေး နောက်တစ်မျိုး ပြောင်းလဲဆိုးပေးသင့်ပါတယ်။
မျက်လုံးတစ်ဝိုက်ပေါ်က ဝက်ခြံများ
ကျောက်ကပ် ဝေဒနာသည်များက နားထင်နဲ့ မျက်လုံးပတ်ဝန်းကျင်တွေမှာ ဝက်ခြံထွက်လေ့ရှိကြပါတယ်တဲ့။ မျိုးရိုးဗီဇကြောင့် မျက်ကွင်းညိုသူတွေကို မဆိုလိုသော်လည်း ရံဖန်ရံခါ သို့မဟုတ် မျက်ကွင်းညိုတတ်သူတွေဟာ ခန္ဓာကိုယ်ထဲမှာ ရေဓာတ် ဆုံးရှူံးနေတာကို ဖော်ပြတာကြောင့် ရေများများသောက်ရင်း အရည်ရွှမ်းတဲ့ သစ်သီးတွေ စားပေးဖို့ လိုပါတယ်။
မေးစေ့ပေါ်က ဝက်ခြံများ
မေးစေ့နဲ့ မေးဖျားတစ်ဝိုက် ဝက်ခြံတွေက ခန္ဓာကိုယ်တွင်း ဟော်မုန်းတွေ ဖောက်ပြန်နေပြီ ဖြစ်ကြောင်းကို ဖော်ပြနေတာဖြစ်ပြီး ဓမ္မတာရာသီ လာခါနီးကာလတွေနဲ့ စိတ်ဖိစီးမှုများတဲ့ သူတွေမှာ ပေါက်လေ့ရှိပါတယ်။ ဒါ့အပြင် ဝမ်းချုပ်သူတွေနဲ့ ခန္ဓာကိုယ်တွင်း အပူအပုပ်များသူတွေလည်း မေးစေ့ပေါ်မှာ ဝက်ခြံပေါက်တတ်တာမို့ အမျှင်ဓာတ်များတဲ့ အစားအစာတွေ များများစားပေးသင့်ပါတယ်။
အောက်နှုတ်ခမ်း(သွားရည်စီးကြောင်းတစ်လျှောက်) နှင့် မေးရိုးပေါ်က ဝက်ခြံများ
ဟော်မုန်းမညီမျှသူတွေမှာလည်း အဲဒီလိုနေရာတွေမှာ ဝက်ခြံပေါက်တတ်ပြီး သွားပိုးစားသူတွေ၊ ခံတွင်းပုပ်သူတွေ ၊ ခံတွင်းရောဂါ အမျိုးမျိုးနဲ့ ဆက်စပ်နေတာဖြစ်လို့ မပေါ့ဆသင့်ပါဘူး။ နီးစပ်ရာသွားဆရာဝန်နဲ့ အမြန်ဆုံး ကုသမှု ခံယူသင့်ပါပြီ။
လည်ပင်းတွေ နီမြန်းနေခြင်း
အအေးမိ၊ နှာစေး စတဲ့ ရာသီဖျားနာ တုပ်ကွေးပိုးတွေ ကူးစက်ခံရတဲ့အခါ လည်ပင်းတွေ နီမြန်းလာတတ်ပါတယ်။ အဲဒီအခါမျိုးမှာ အာဟာရပြည့်ဝတဲ့ အစားအစာတွေစားရင်း ကောင်းကောင်းအနားယူပါ။ နေပူထဲ လုံးဝမထွက်ဘဲ ရေများများသောက်ဖို့လဲ အထူးလိုအပ်ပါတယ်။
#မန်းလေးပင်ရင်းတိုက်ရိုက်ကိုယ်စာလှယ်ကြီး
22/12/2021
Hello သဲလေးတို့ရေ...❣❣❣
📌ဒီPageလေအခုမှပြန်လို့ရလို့ပါနော်အားလုံးကိုတောင်းပန်ပါတယ် 🙏🙏🙏
📌ကျတော်ရဲ့ကိုယ်ပိုင်Fb Accထဲမှာဘဲတင်ဖြစ်နေလို့ပါ 🌻🌻🌻
📌သဲလေးတို့ရဲ့Skin Careနဲ့ပတ်သတ်ပြီးသိချင်တာများကိုဝင်ရောက်လေ့လာနိူင်ပါတယ် 🍀🍀🍀
📌Cbကနေတဆင့်လဲလွတ်လွတ်လပ်လပ်နိုင်ပင်ဆွေးနွေးမြန်လို့ရပါတယ်🍁🍁🍁
📌ချစ်တဲ့Customerတိုင်းအတွက်အမြဲတမ်းကြိုးစားလျက်ပါ 🥰🥰🥰
#ရုပ်ဆိုးဆိုးကောင်လေး
#မန်းလေးပင်ရင်းတိုက်ရိုက်ကိုယ်စာလှယ်ကြီး
15/10/2021
ယောင်္ကျားလေးများအတွက်မျက်နှာအသားအရည်ဟာလည်းအရမ်းအရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။
ယောင်္ကျားလေးတစ်ယောက်ရဲ့အသားအရည်ဟာ မိန်းကလေးတစ်ယောက်နဲ့ အများကြီးကွာခြားပါတယ်။ ယောင်္ကျားလေးများရဲ့အရေပြားမှာ ရေဓာတ်ပါဝင်မှုများပြီး အသားအရေလည်း မိန်းကလေးများထက်ပိုပြီးတော့ ကျစ်လစ်ပါတယ်။ နောက်ပြီးမိန်းကလေးများထက် ပိုပြီးတော့လည်းအဆီပြန်တဲ့အသားအရေကို ပိုင်ဆိုင်ကြပါတယ်။ အသားအရေအတွက် နေလောင်ဒဏ် ကာကွယ်တဲ့ပစ္စည်းတွေကိုလည်း လိမ်ပေးသင့်ပါတယ်။ အသားအရည်ထိန်းသိမ်းနည်း၅နည်းကိုပြောပြချင်ပါတယ်။
တစ်နေ့ကိုမျက်နှာ၂ ကြိမ်သစ်ရပါမယ်။
ယောင်္ကျားလေးတစ်ယောက်အတွက် ကိုယ်နေ့တိုင်းအသုံးပြုနေတဲ့ အသားအရေနဲ့ပတ်သက်တဲ့ ပစ္စည်းတွေကလည်း အရမ်းအရေးကြီးပါတယ်။ အမှန်တိုင်းပြောရရင် ယောင်္ကျားလေးတွေဟာ မိန်းကလေးတွေထက်ပိုပြီးတော့ အဆီပြန်တဲ့ အသားအရေကို ပိုင်ဆိုင်ထားပါတယ်။ ယောင်္ကျားလေးတွေရဲ့အသားအရေမှာ ပိုပြီးအဆီတွေဖြစ်ပေါ်လာတဲ့အတွက် စိတ်ညစ်နေကြပါတယ်။ အဲ့လိုတွေမဖြစ်ရအောင် တစ်နေ့ကိုမျက်နှာ ၂ ကြိမ်သစ်သင့်ပါတယ်။ မျက်နှာသစ်တဲ့အခါ အသုံးပြုတဲ့ပစ္စည်းတွေကလိုလည်း အရေအသွေးကောင်းတဲ့ပစ္စည်းတွေကိုပဲ သုံးစွဲသင့်ပါတယ်။ သဘာဝအတိုင်းထုတ်ထားတဲ့ ဆပ်ပြာတွေက အဆီပြန်ခြင်းကို ထိန်းညှိပြီး အသားအရေရဲ့အတွင်းပိုင်းထိကိုသန့်စင်စေပါတယ်။
ရေဓာတ်ပါဝင်တဲ့ပစ္စည်းတွေက အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးပါတယ်။
နေ့တိုင်းရေဓာတ်ပါဝင်မှုများတဲ့ ပစ္စည်းတွေကို အသုံးပြုရင် အသားအရေအတွက်အကျိုးပြုပါတယ်။ ကိုယ်အသုံးပြုနေတဲ့ moisturizer မှာ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်တဲ့ ပစ္စည်းတွေပါဝင်နေရပါမယ်။ ရှားစောင်းလက်ပက်ကို အခြေခံပြီးထုတ်ထားတဲ့ moisturizer ပစ္စည်းတွေကို စမ်းသုံးသင့်ပါတယ်။ အဲ့ပစ္စည်းတွေက အသားအရေမှာရေဓာတ်ကို ထိန်းသိမ်းပေးတဲ့အပြင် ပိုပြီးတော့လည်းငယ်ရွယ်စေပါတယ်။ နောက်ပြီးတော့ နေရောင်ခြည်ကနေ UVA နဲ့ UVB လို့ခေါ်တဲ့ ခရမ်းလွန်ရောင်ခြည်တွေကိုလည်း ကာကွယ်ပေးပါတယ်။
မျက်လုံးနားတစ်ဝိုက်လည်းဂရုစိုက်ရပါမယ်။
မျက်လုံးနားတစ်ဝိုက်မှာရှိတဲ့ အသားအရေဟာ တစ်ခြားနေရာတွေထက်ပိုပါးပြီးတော့ သိမ်မွေ့ပြီး အရေးအကြောင်းအတွန့်တွေ ဖြစ်ပေါ်တက်ပါတယ်။ ရေဓာတ်ပါသဝင်တဲ့ moisturizer ကို မျက်လုံးနားတစ်ဝိုက်မှာရှိတဲ့ အသားအရေကို နေတိုင်းလိမ်းပေးရင် မျက်လုံးအစ်နေတာနဲ့ အရေးအကြောင်းတွေကိုလည်း လျှော့ချပေးပါတယ်။ မျက်လုံးနားတစ်ဝိုက်က အသားအရေကို ထိန်းသိမ်းရင် မျက်လုံးနားတစ်ဝိုက်ကအသားအရေတင်းရင်းပြီး ဆွဲဆောင်မှုရှိစေပါတယ်။
ယောင်္ကျားလေးအလှပြင်ဆိုင်ကိုသွားသင့်ပါတယ်။
အလှပြင်ဆိုင်ကို မိန်းကလေးသာမက ယောင်္ကျားလေးများလည်းသွားသင့်ပါတယ်။ မိန်းကလေးဆိုင်ကိုသွားရမှာ ရှက်ရင် ယောင်္ကျားလေးသီးသန့် ဖွင့်တဲ့ဆိုင်ကိုသွားသင့်ပါတယ်။ အလှအပဟာ ယောင်္ကျားလေးများအတွက်လည်းလိုအပ်ပါတယ်။ မျက်နှာပေါ်မှာရှိတဲ့ ဆဲလ်သေတွေနဲ့ အမာရွတ်တွေကိုလည်း ပျောက်ကင်းအောင်လုပ်သင့်ပါတယ်။ ဆဲလ်သေတွေကိုဖယ်ရှားလိုက်ရင် ဆွဲဆောင်မှုရှိတဲ့မျက်နှာကို ရရှိပါမယ်။
Sunscreen ကိုနေ့တိုင်းလိမ်းပေးသင့်ပါတယ်။
Sunscreen ကိုနေ့တိုင်းလိမ်းဖို့မမေ့သင့်ပါဘူး။ အသားအရေတွန့်ခြင်းနဲ့ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းတို့က နေရောင်ခြည်ဒဏ်ကြောင့်ဖြစ်ပေါ်စေတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ SPF ခရမ်ကိုနေ့တိုင်းလိမ်းပေးရင် အသားအရေကို UV ဒဏ်ကနေကာကွယ်ပြီး အသားအရေပျက်စီးခြင်းကိုကာကွယ်ပေးပါတယ်✅
#ရုပ်ဆိုးဆိုးကောင်လေး
#မန်းလေးပင်ရင်းတိုက်ရိုက်ကိုယ်စားလှယ်ကြီး
11/10/2021
👉အိုမို...🌿ရိုးရာ🌿 ကပြည်တွင်းတင်မကပြည်ပအထိပါရောက်ကုန်ပြီ အရမ်းတွေနံမည်ပေါက်သွားပြီ🥰🥰🥰
#ရုပ်ဆိုးဆိုးကောင်လေး
#မန်းလေးပင်ရင်းတိုက်ရိုက်ကိုယ်စားလှယ်ကြီး
အိုမို..ရိုးရာ နဲ့ KHP တွေဒီရက်ပိုင်းတော်တော် ဆို့အောက်နေပါလာကွယ်..ဘာကြောင့်လို့ထင်ကြလဲဟင်🥰🥰🥰
#ရုပ်ဆိုးဆိုးကောင်လေး
11/10/2021
#ဆံပင်ကျွတ်ခြင်းအတွက်အထိရောက်ဆုံး
👉အရင်ကခေါင်းလျှော်ရည်တွေဟိုဟာကောင်းမလားဒါလေးကောင်းမလားနဲ့သင့်အတွက်အဆင်ပြေခဲ့ရဲ့လားမြန်မာပြည်တွင်းကထွက်တဲ့သဘာဝစစ်စစ်လောက်တော့ကောင်းမယ်မထင်ဘူးးးနော်သုံးကြည့်ပါစွဲးသွားစေရမယ်✅
#ရုပ်ဆိုးဆိုးကောင်လေး
#မန်းလေးပင်ရင်းတိုက်ရိုက်ကိုယ်စားလှယ်ကြီး
11/10/2021
#ဆံပင်ကျွတ်ခြင်းအတွက်အထိရောက်ဆုံး
🌿ရိုးရာ🌿ခေါင်းလျှော်ရည်ထဲမှာ ပျားရည်။ကြက်ဥ။အောင်မဲညို။သံလွင်ဆီကန်စွန်းရိုးနီတို့ ပါဝင်ဖော်စပ် ထုတ်လုပ်ထားတာဖြစ်တဲ့အတွက်✅
👉ဆံသားအသစ်လေးတွေ
ထွက်လာမယ်
ထိပ်ကွက်သူတွေ ပိုလှလာမယ်
ဆံလုံးသေးသူ တုတ်လာမယ်
ဆံပင်အရှည်မြန်လာပါ့မယ်နော်✅
👉သဘာဝစစ်စစ် အော်ဂဲနစ်ပေါင်းဆီလေးနဲ့
တွဲသုံးပေးခြင်းအားဖြင့်
ဆံသားအတွက် ပိုမိုကောင်းမွန်သော ရလဒ်
ရရှိလာစေတာမို့✅
👉ရိုးရာလေးသာ စွဲသုံးပေးလိုက်တော့နော်✅
#ရုပ်ဆိုးဆိုးကောင်လေး
#မန်းလေးပင်ရင်းတိုက်ရိုက်ကိုယ်စားလှယ်ကြီး
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Mandalay