Golden Mandalay Online Shop

Golden Mandalay Online Shop

Share

Online shop

08/01/2021

💢 နှလုံးခုန်မူမမှန်ခြင်း ဖြစ်နိုင်ချေရှိသူများ 💢
=========================
နှလုံးခုန်တာက ပုံမှန်အတိုင်းဖြစ်နေမှ နှလုံးကျန်းမာရေး ကောင်းတဲ့သူတစ်ဦးဖြစ်မှာပါ။ နှလုံးခုန်တာ နှေးနေရင်လည်း မကောင်းသလို မြန်နေရင်လည်း မကောင်းပါဘူး။ ဘယ်လိုလူတွေက နှလုံးခုန် မြန်တတ်ပြီး ဘယ်လိုလူတွေက နှလုံးခုန်နှေးတတ်သလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
💟 နှလုံးခုန်မြန်တတ်သောသူများ 💟
--------------------------------
🔶 လူတစ်ယောက်ဟာ ကိုယ်ကာယ လှုပ်ရှားမှုလေ့ကျင့်ခန်းတွေလုပ်မယ် ၊ စိုးရိမ်ကြောင့်ကြမှုတွေ ရှိလာမယ် စတဲ့အခြေအနေ ရှိလာရင်နှလုံးခုန်တာပုံမှန်ထက် ပိုပြီးမြန်ပါတယ်။
( * ဘာဖြစ်လို့လည်းဆိုတော့ အာရုံကြောနှစ်မျိုးအနက် နှလုံးခုန်တာမြန်အောင် လှုံ့ဆော်ပေးတဲ့ အာရုံကြောများက လှုံ့ဆော်မှုတွေကို ပိုဖြစ်စေကာ နှလုံးကြွက်သားတွေဆီ လျှပ်စစ်စီးကြောင်းမြန်မြန်ရောက်စေပြီး နှလုံးခုန်တအားမြန်စေတာဖြစ်ပါတယ်။)
🔶 နှလုံးအတွင်းမှာ လျှပ်စစ်စီးကြောင်း အပိုပါတဲ့သူများမှာလည်း ပုံမှန်ထက်နှလုံးခုန်မြန်နိုင်ပါတယ်။
🔶 ဆေးဝါးများကြောင့်လည်း နှလုံးခုန်မြန်တတ်ပါတယ်။ (ဥပမာ Atropine ဆေး)
🔶 နှလုံးအားနည်းတဲ့လူနာ (Heart Failure) အတော်များများမှာ သွေးပေါင်ချိန် ကျတတ်ပါတယ်။ အဲဒီလို သွေးပေါင်ချိန်ကျတာကို တက် အောင်လို့၊ ပုံမှန်လှုပ်ရှားနိုင်အောင်လို့ ပြန်လုပ်ပေးရပါတယ်။ အဲဒါကြောင့် ဒီလိုလူနာတွေမှာလည်း နှလုံးခုန်နှုန်း ပိုမြန်လာတတ်ပါတယ်။
💟 နှလုံးခုန်နှေးတတ်သောသူများ 💟
--------------------------------
🔷 လူတစ်ယောက်ဟာ နေ့စဉ် ပုံမှန်သွားလာလှုပ်ရှားနေတာထက် ညအိပ်သွားတဲ့အခါမှာ နှလုံးခုန်နှုန်းက နှေးသွားတတ်ပါတယ်။ ဒါဟာ ပုံမှန်ပါပဲ။
( * ဘာ့ကြောင့်လဲဆိုတော့ အိပ်ရင် နှလုံးခုန်နှေး အောင် လှုံ့ဆော်ပေးတဲ့ အာရုံကြောတွေရဲ့ လှုံ့ဆော်မှုက ပိုပြီးများတယ်။ နှလုံးခုန်နှုန်းမြန်အောင် လှုံ့ဆော်ပေးတဲ့အာရုံကြောတွေရဲ့ လှုံ့ဆော်မှုက ပိုနည်းလို့ဖြစ်ပါတယ်။)
🔷 ဆေးဝါးတွေကြောင့်လည်း နှလုံးခုန်နှေးတတ်ပါတယ်။ (ဥပမာ - Digoxin, ဘီတာဘလော်ကာ၊ Calcium Channel Blocker)
🔷 ညာဘက်နှလုံးသွေးကြောကျဉ်းရောဂါကြောင့်လည်း နှလုံးခုန်နှေးတတ်ပါတယ်။

08/01/2021

အလှပဆုံးဖြစ်နေဖို့ Motion Sickness ဆောင်ထားနော်
**************************************************
ဆေးလည်းမသောက်ချင်သူတေွအတွက်
Motion Sickness Patch လေးလာပါပြီနော်
ကားနဲ့ပဲ သွားသွား🚗 🚗 🚗
မီးရထားနဲ့ပဲ သွားသွား🚂 🚂 🚂
လေယာဉ်ပဲ စီးစီး✈️✈️✈️
သ‌‌ေင်္ဘာပဲစီးစီး
သွားတဲ့ခရီးမှာ ပျော်ရွှင်စွာနဲ့ လန်းဆန်းတက်ကြွနေစေဖို့အတွက်
Motion Sickness Patch လေးကပ်ထားပေးရုံနဲ့
ကား ၊ မီးရထား ၊ လေယာဉ်စီးနေစဉ်မှာ ဖြစ်တတ်သော
အော့အန်ခြင်း
မအီမသာဖြစ်ပြီး ပျို့အန်ခြင်း
မူးဝေခြင်းတို့ကို အကောင်းဆုံး သက်သာ ပေျာက်ကင်းစေပါတယ်နော် 😘 😘 😘
Motion Sickness Patch ကို အမြို့မြို့အနယ်နယ်ရှိ နီးစပ်ရာ ဆေးဆိုင်တေွမှာဝယ်ယူလို့ရနေပါပြီနော် ။
အသုံးပြုပုံ ; ခရီးမသွားခင် ၁၀ မိနစ် အလိုမှာ ချက် သို့မဟုတ် နားရွက်ရဲ့ နောက်နားလေးမှာကပ်ရန် ။
စျေးနှုန်း; ဆယ်ခုပါ တစ်ဗူးကို ၃၅၀၀ ကျပ်
အသေးစိတ်သိရှိလိုပါက ဖုန်း 09 – 671 328 296 ဆက်သွယ်ပြီး စုံစမ်းနိုင်ပါတယ် ။
ကဲ ခရီးသွားရင်မူးတက်လို့ စိတ်ညစ်မနေပါနဲ့တော့နော် ။ အခုပြောခဲ့တဲ့နည်းလမ်းလေးတွေသုံးပြီး ကားမူးတာကို ကာကွယ်လို့ ပျော်ရွှင်စရာခရီးစဉ်လေးတွေကို ဖန်တီးလိုက်ပါ နော် ။
#ခရီးသွားစဉ်မူးဝေခြင်းတို့အတွက်

08/01/2021

ဗိုက်ဗိုက်လေးတွေအတွက် အာဟာရအပြည့်အဝရရှိစေတဲ့ ငှက်ပျောသီးနဲ့ နွားနို့

မေမေလောင်းတို့အတွက်ကော သန္ဓေသားလေးအတွက်ပါ ဗီတာမင်နဲ့ အာဟာရဓါတ်တွေ ရရှိစေပါတယ်။ ပရိုတိန်း၊ ဗီတာမင်၊ အမျှင်ဓါတ်နဲ့ သတ္ထုဓါတ်တွေ အများကြီးရရှိစေပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရပြည့်ဝဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို နေ့တိုင်းစားသုံးပေးရပါမယ်။ ကိုယ်ဝန်ဆောင်ချိန်အတွင် မေမေလောင်းတို့ စားတဲ့ အစားအသောက်တွေထဲမှာ ငှက်ပျောသီးနဲ့ နွားနို့လည်းပါပါတယ်။ ကိုယ်ဝန်ဆောင်ချိန်အတွင်း ငှက်ပျောသီးနဲ့ နွားနို့စားပေးခြင်းရဲ့ အကျိုးကျေးဇူးတွေကို ပြောပြပေးမယ်နော်။

ငှက်ပျောသီးနဲ့ နွားနို့ အကျိုးကျေးဇူးများ

ငှက်ပျောသီး
ငှက်ပျောသီးမှာ ကာဗိုဟိုက်ဒရိုက်၊ ဗီတာမင် C၊ B၊ အမျှင်ဓါတ်၊ ဖက်တီးအက်ဆစ်နဲ့ သတ္ထုဓါတ်တွေ ပါဝင်ပါတယ်။ သန္ဓေသားကျန်းမာရေးကို အထောက်အကူပြုပါတယ်။

အချိန်မတန်မီမွေးဖွားခြင်း
ငှက်ပျောသီးမှာ ဖောလစ်အက်ဆစ်ကြွယ်ဝစွာပါဝင်တာကြောင့် သန္ဓေသားဦးနှောက်နဲ့ အာရုံကြောချို့ယွင်းတာကို ကာကွယ်ပေးပါတယ်။ စောမွေးနိုင်တဲ့ ပြဿနာတွေကိုလည်း နည်းသွားစေပါတယ်။ ဖောလစ်အက်ဆစ်ဟာ သန္ဓေသားရဲ့ ရောဂါတော်တော်များများကို ကာကွယ်ပေးပါတယ်။

သွေးအားနည်းခြင်း
ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားကြီးထွားဖွံ့ဖြိုးဖို့အတွက် သွေးပမာဏ ပိုတိုးလာပါတယ်။ ဒီအချိန်မှာ သွေးအားနည်းတာ ဖြစ်ပွားနိုင်ပါတယ်။ ငှက်ပျောသီးမှာ သံဓါတ်ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်မေမေတွေ သွေးအားနည်းတာကို ကာကွယ်ပေးပါတယ်။

အော့အန်ခြင်း
ကိုယ်ဝန်ပထမသုံးလမှာ အော့အန်တာကို မေမေလောင်းတိုင်း ကြုံရပါတယ်။ ငှက်ပျောသီးမှာ ဗီတာမင် B6 ပါဝင်တာကြောင့် မေမေလောင်းတို့ အေ့အန်တာကို သက်သာစေပါတယ်။

အစာကြေလွယ်ခြင်း
ငှက်ပျောသီးမှာ အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်တာကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းမှန်စေပါတယ်။ ငှက်ပျောသီးဟာဆိုရင် အူလှုပ်ရှားမှုကို အထောက်အကူပြုပါတယ်။

ကိုယ်ခံစွမ်းအား
ငှက်ပျောသီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ခံစွမ်းအား ကောင်းမွန်စေပါတယ်။

စွမ်းအင်
ငှက်ပျောသီးမှာ ဂလူးကိုစ့်၊ fructose နဲ့ စွမ်းအင်တို့ ကြွယ်ဝစွာပါဝင်ပါတယ်။

ဆာလောင်မှုနှေးကွေးခြင်း
ငှက်ပျောသီးမှာ ကာဗိုဟိုက်ဒရိုက်ကြွယ်ဝစွာပါဝင်တာကြောင့် မကြာခဏ ဆာလောင်တာကို သက်သာစေပါတယ်။

သွေးဖိအား
ပိုတက်စီယမ်ပါဝင်တာကြောင့် မေမေလောင်းတို့ရဲ့ သွေးဖိအားကို ထိန်းပေးပါတယ်။

စိတ်ဖိစီးမှု
ကိုယ်ဝန်ဆောင်ချိန်မှာ ကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုတွေကိုလည်း သက်သာစေပါတယ်။

နွားနို့

အရိုးနဲ့သွား
နွားနို့မှာ ကယ်ဆီယမ်ဓါတ်ကြွယ်ဝစွာပါဝင်တာကြောင့် သန္ဓေသားရဲ့ အရိုးနဲ့သွား ဖွံ့ဖြိုးကြီးထွားမှုကို အထောက်အကူပြုပါတယ်။

ပရိုတိန်း
ပရိုတိန်းဓါတ်ဟာ သွေးကို အထောက်အပံ့ပေးတဲ့အပြင် ရင်သားတစ်သျှူးတွေနဲ့ သန္ဓေသားဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ သွေးဖိအားနိမ့်တာကို ကာကွယ်ပေးပါတယ်။

ရင်ပူ
ကိုယ်ဝန်ဆောင်ချိန်မှာ မေမေလောင်းတို့ ကြုံတွေ့ရတဲ့ ရင်ပူတာတွေနဲ့ အစာအိမ်ထဲ အက်ဆစ်ဓါတ်မြင့်မားတာတွေ သက်သာစေပါတယ်။

ရေဓါတ်
မေမေလောင်းတို့ ခန္ဓာကိုယ်ကနေ ဆုံးရှုံးသွားတဲ့ ရေဓါတ်တွေကို ပြန်ပြီးဖြည့်ဆည်းပေးပါတယ်။ ဇီဝဖြစ်စဉ်ကို ကောင်းမွန်အောင် ကူညီပေးပါတယ်။
ဒီလို အာဟာရတွေပေါများကြွယ်ဝတဲ့ ငှက်ပျောသီးနဲ့ နွားနို့ကို တွဲစားမယ်ဆိုရင်
• မေမေလောင်းတို့အတွက်ကော သန္ဓေသားလေးအတွက်ပါ ဗီတာမင်နဲ့ အာဟာရဓါတ်တွေ ရရှိစေပါတယ်။ ပရိုတိန်း၊ ဗီတာမင်၊ အမျှင်ဓါတ်နဲ့ သတ္ထုဓါတ်တွေ အများကြီးရရှိစေပါတယ်။
• ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်တွေ ရရှိစေပါတယ်။

Credit to Original Uploader

#ကိုယ်ဝန်ဆောင်အားတိုးဆေး
#ကိုယ်ဝန်ဆောင်ဗဟုသုတ

08/01/2021

မျက်စိ ကျန်းမာစေဖို့ ဆောင်ရန်၊ ရှောင်ရန်အချက်များ
------------------------------------------------------------

လူသားတိုင်း ကိုယ့်ကျန်းမာရေးကို အမြဲဂရုစိုက်သလို မျက်စိကျန်းမာရေးကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ နေ့စဉ် ကိုယ်ပြုမူလုပ်ဆောင်နေတဲ့ အရာတွေက မျက်စိအပေါ်မှာ သွားပြီး သက်ရောက်မှုရှိနေပါတယ်။ မျက်စိမှုန်တာ၊ မျက်စိအားနည်းတာ အစရှိတဲ့ အမြင်အာရုံဆိုင်ရာ ကျန်းမာရေးပြဿနာတွေ မဖြစ်လာစေဖို့ နေ့စဉ် ဆောင်ရန်၊ ရှောင်ရန်အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

၁။ နေ့စဉ် အစာအာဟာရကို ဂရုစိုက်ပါ။
ကိုယ်ခန္ဓာ ကျန်းမာစေဖို့အတွက်မှ မဟုတ်ပါဘူး။ မျက်စိကျန်းမာရေးအတွက်လည်း အာဟာရဖြစ်စေတဲ့ အစားအစာတွေကို ဂရုစိုက်ပြီး စားသင့်ပါတယ်။ မျက်စိအားကောင်းစေတဲ့ Omega-3 fatty acid ငါးကြီးဆီ၊ ဗီတာမင် A ၊ ဗီတာမင် C နဲ့ ဗီတာမင် E ပါ၀င်တဲ့ အစားအစာတွေကို များများ စားပေးသင့်ပါတယ်။ အစာအာဟာရ မျှတစွာ စားသုံးပေးရင် အ၀လွန်ရောဂါအပြင် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်တဲ့ အမျိုးအစား (၂) ဆီးချိုရောဂါနဲ့ မျက်စိကွယ်ခြင်း မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ကန်စွန်းရွက်၊ ကိုက်လန်ရွက်၊ ပန်းဂေါ်ဖီ၊ မုန်လာဥနီ အစရှိတဲ့ ဟင်းသီးဟင်းရွက်တွေ၊ ဆော်လ်မွန်ငါး၊ တူနာငါး အစရှိတဲ့ Omega-3 fatty acid များတဲ့ ငါးတွေ၊ ပရိုတင်းဓာတ်ကြွယ်၀တဲ့ ဥ၊ ပဲအမျိုးမျိုး၊ အစေ့အဆန်တွေ၊ ဗီတာမင် C ပါ၀င်မှုများတဲ့ လိမ္မော်သီး၊ ချဉ်တဲ့အရသာရှိတဲ့ အသီးအနှံနဲ့ သစ်သီးဖျော်ရည်တွေ၊ ကရုကမာကောင်နဲ့ ၀က်သားတို့ကို သင့်တင်မျှတစွာ စားပေးဖို့ အရေးကြီးပါတယ်။

၂။ ဆေးလိပ်ဖြတ်လိုက်ပါ။
ဆေးလိပ်သောက်လို့ ကိုယ့်ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးကိုမှ မရစေနိုင်ပဲ ခန္ဓာကိုယ်ကိုပါ ဒုက္ခပေးနိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် အသည်း၊ နှလုံး၊ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ၊ အာရုံကြောနဲ့ အမြင်အာရုံကိုပါ ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ပိုမိုကျန်းမာတဲ့ ဘ၀ကို ပိုင်ဆိုင်ရဖို့ ဆေးလိပ်ဖြတ်လိုက်ပါ။ မဖြတ်နိုင်ဘူးဆိုရင်လည်း လျှော့ပြီးသောက်ပါ။

၃။ နေကာမျက်မှန်တပ်ပါ။
နေအရမ်းပူနေတဲ့အချိန် အပြင်ထွက်ရင် အသားအရေအတွက် နေလောင်ကာခရင်မ် လိမ်းပေးရသလို မျက်လုံးကို ကာကွယ်ဖို့အတွက်လည်း နေကာမျက်မှန်တပ်ပေးဖို့ လိုအပ်ပါတယ်။ နေရောင်ခြည်မှာပါ၀င်တဲ့ UV လို့ ခေါ်တဲ့ ခရမ်းလွန်ရောင်ခြည်တွေဟာ အသားအရေကို ပျက်စီးစေတဲ့အပြင် မျက်လုံးကိုပါ ထိခိုက်စေနိုင်ပြီး အမြင်အာရုံချို့ယွင်းတာ၊ မျက်စိမှုန်တာ အစရှိတဲ့ ပြဿနာတွေကိုပါ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်အပြင်သွားတဲ့အချိန် နေအရမ်းပူနေပြီဆိုရင် နေကာမျက်မှန် တပ်ခြင်းဖြင့် မျက်စိမထိခိုက်အောင် ကာကွယ်ပါ။

၄။ ကွန်ပျူတာ၊ ဖုန်း၊ တီဗီမျက်နှာပြင်ကို အကြာကြီး မကြည့်ပါနဲ့။
လျှပ်စစ်ပစ္စည်းတွေရဲ့ မျက်နှာပြင်ကနေ ထွက်လာတဲ့ အလင်းတန်းဟာ အမြင်အာရုံကို ထိခိုက်စေနိုင်ပါတယ်။ ကွန်ပျူတာ၊ ဖုန်းကို အကြာကြီးကြည့်တဲ့အခါမှာ မျက်စိအားစိုက်ရတဲ့အတွက် အမြင်အာရုံေ၀၀ါးလာတာ၊ အဝေးမှုန်လာတာ၊ မျက်လုံးခြောက်သွေ့လာတာ၊ ခေါင်းမူးခေါင်းကိုက်တာတွေ ဖြစ်နိုင်ပြီး မျက်စိအမြင်အာရုံကို ထိခိုက်စေနိုင်ပါတယ်။
ဒါကြောင့် အချိန်အကြာကြီး တီဗီကြည့်တာမျိုး၊ ဖုန်း၊ ကွန်ပျူတာ အသုံးပြုတာမျိုး ရှောင်သင့်ပါတယ်။ ကွန်ပျူတာရှေ့မှာ အကြာကြီးထိုင်ပြီး အလုပ်လုပ်နေရတဲ့သူတွေဆိုရင်လည်း နာရီ၀က်ခြား တစ်ခါ အဝေးတစ်နေရာကို ကြည့်တာမျိုး၊ မျက်စိမှိတ်တာမျိုး ပြုလုပ်ပေးခြင်းဖြင့် မျက်စိအနားပေးသင့်ပါတယ်။

၅။ မျက်စိဆေးခန်းမှာ ပုံမှန်စစ်ဆေးပါ။
ကလေးဖြစ်စေ၊ လူကြီးဖြစ်စေ ဘယ်လိုအသက်အရွယ်မဆို မျက်စိဆေးခန်းမှာ ဆရာ၀န်နဲ့ ပုံမှန်ပြသပြီး ကိုယ့်ရဲ့ မျက်စိအခြေအနေကို သေချာစစ်ဆေးပေးဖို့ လိုအပ်ပါတယ်။ ဘယ်ရောဂါမဆို မဖြစ်ခင် ကြိုတင်ကာကွယ်နိုင်ရင် အကောင်းဆုံးပါပဲ။ မျက်မှန်တပ်ဖို့ လိုလာပြီဆိုရင်လည်း မျက်မှန်ကို ပါဝါတိုင်းပြီး သေချာတပ်ပေးသင့်ပါတယ်

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
မျက်စိ ကျန်းမာစေဖို့ ဆောင်ရန်၊ ရှောင်ရန်အချက်များ

**အရွယ်သုံးပါးမရွေး အမြင်ကြည်လင်ပြတ်သားဖို့အတွက် OmeZeax မျက်စိအားဆေး ကို တနေ့ (1)ကြိမ် သောက်ကြပါစို့ ။

OmeZeaX မျက်စိအားဆေးတွင် မျက်စိကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော
Lutein , Zeaxanthin , Omega 3 ( EPA & DHA ) , Ginkgo Biloba , Vitamin A , Vitamin C , Vitamin E , Vitamin B (1,2,6,12) တို့အပြင် Zinc ပါဝင်သောကြောင့်

• မျိုးရိုးကြောင့်ဖြစ်သော အတွင်းတိမ် ၊ အပြင်တိမ် ၊ ကြက်မျက်သင့် ရောဂါတို့ကို လျော့ချပေးခြင်း ။
• အသက်အရွယ်ကြောင့် အမြင်အာရုံဝေဝါးခြင်း ၊ မျက်လုံးကွယ်ခြင်း ၊ မျက်စိမှုံရောဂါများ ဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း ။
• မျက်ခမ်းစပ်ရောဂါ ၊ မျက်ခမ်းခြောက်ရောဂါ ၊ ကြက်မျက်သင့်ရောဂါ (ညအချိန်တွင် အမြင်အာရုံဝေဝါးသွားခြင်း) ၊
မျက်လုံး ထဲတွင် အနာဖြစ်ခြင်းများကို ကာကွယ်ပေးခြင်း ။
• ခရမ်းလွန်ရောင်ခြည် ၊ စူးရှသည့် အလင်းဒဏ်များကြောင့် အမြင်အာရုံပျက်စီးခြင်းမှ ကာကွယ်ပေးခြင်း။
• အမြင်အာရုံကြည်လင်စေပြီး ၊ မျက်မှန်တပ်ထားရသူများ ပါဝါ ကျလာကာ မျက်မှန်တပ်ထားစရာမလိုတော့သည်အထိ ကောင်းမွန်လာစေခြင်း ။
• ညဘက်တွင် စူးရှသည့်အလင်းဒဏ်ကို ခံနိုင်သည့် အပြင် ကြည်လင်ပြတ်သားစွာ မြင်ခြင်း။
• တက္ကသိုလ်ဝင်တန်းနှင့် တက္ကသိုလ် ကျောင်းသားများအတွက် အမြင်အာရုံ
အားကောင်းစေပြီး ဦးနှောက်သွေးကြောလည်ပတ်မှု့နှင့် မှတ်ဥာဏ်ကို အားကောင်းစေခြင်း ။
• TV ,Telephone ,Computer , LED light တို့မှလာသော အလင်းများကို စစ်ပေးပြီး Eyes Tissues များ မပျက်စီးအောင် ကာကွယ်ပေးပါသည် ။

OmeZeaX မျက်စိအားဆေးကို အမြို့မြို့အနယ်နယ်ရှိနီးစပ်ရာ ဆေးဆိုင်များမှာ ဝယ်ယူရရှိနိုင်ပါပြီ ။
တစ်လစာ အလုံး ၃၀ ပါ တစ်ဗူး =15000 ks.
Hotline: 09770400990 See Less

02/01/2021

ကားမူးတတ်သူတွေအတွက် အသုံးတည့်စေမယ့် နည်းလမ်း ၅ မျိုး
----------------------------------------------------------------------

ခရီးသွားတဲ့အခါ ကားမူးတတ်သူတွေကို ကြုံတွေ့ဖူးကြမှာပါ ။သာမန်လူတွေအတွက်တော့ ကားစီးတာဟာ ရေးကြီးခွင်ကျယ် ကိစ္စမဟုတ်ပေမယ့် ကားမူးတတ်သူတွေ အတွက်တော့ ကားစီးရမှာ ကြောက်တဲ့ အဆင့်ထိဖြစ်နေတတ်ပါတယ် ။ ဒါကြောင့် မို့လို့ ကားမူးတတ်သူတွေအတွက် နည်းလမ်းအချို့ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

၁ ။ ဂျင်း
ဂျင်းဟာ ကားမူးခြင်းကြောင့် ဖြစ်ပေါ်တဲ့ ပျို့အန်ခြင်း ၊ ခေါင်းမူးခြင်း စတာတွေကို အလျှင်အမြန်သက်သာ ပျောက်ကင်းစေနိုင်ပါတယ် ။ ဂျင်းအနည်းငယ်ကို ဝါးစားတာဖြစ်ဖြစ် ၊ Ginger Tea သောက်တာမျိုးပဲ ဖြစ်ဖြစ်ပြုလုပ်ခြင်းဟာ ကားမူးခြင်းကို သက်သာ ပျောက်ကင်းစေနိုင်ပါတယ် ။

၂ ။ Vitamin B6
Vitamin B6 ကိုယ်ဝန်သည်တွေ ကိုယ်ဝန်စဆောင်စဉ်ကာလမှ ဖြစ်တတ်သော ပျို့အန်ပြီး မအီမသာ ဖြစ်ခြင်းကို သက်သာပျောက်ကင်းစေနိုင်သလို ကားမူးတတ်သူတွေမှာ ဖြစ်တဲ့ ပျို့အန်ပြီး မူးဝေခြင်းကိုပါ သက်သာ ပျောက်ကင်းစေပါတယ် ။ ကားမစီးခင် ၁၅ မိနစ်အလိုလောက်ကတည်းက ကြိုပြီးသောက်သုံးပေးခြင်းအားဖြင့် ကားမူးခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါတယ် ။

၃ ။ အစားမစားပဲနေခြင်းကို ရှောင်ကြဉ်ပါ
ကားမူးတတ်သူအများစုဟာ ကားမူးတဲ့အခါ ပျို့အန်မှာကို စိုးရိမ်တာကြောင့် ဘာမှမစားပဲ နေတတ်ကြပါတယ် ။ ဘာမှမစားပဲနေခြင်းဟာ ပျို့အန်တာကို သက်သာစေပေမယ့် မူးဝေခြင်းကိုတော့ မသက်သာစေနိုင်ပါဘူး ။ ဒါကြောင့်မို့လို့ ဆီကြော်အစားအစာတွေကို ရှောင်ကြဉ်ပြီး အသီးအနှံနဲ့ ရေများများသောက်သုံးခြင်းကိုတော့ ပြုလုပ်ပေးသင့်ပါတယ် ။

၄ ။ ကားစီးတဲ့အခါ နေရာကို ဂရုတစိုက်ရွေးချယ်ပါ
ကားမူးတတ်သူတွေအနေနဲ့ ကားစီးတဲ့အခါ နေရာရွေးချယ်တတ်မှု့ကလည်း အရေးကြီးပါတယ် ။ အိမ်ကားစီးသူတွေအနေနဲ့ကတော့ ကားနောက်ခန်းရဲ့အလယ်တည့်တည့် လောက်မှာထိုင်ခြင်းက ကားမူးခြင်းကို သက်သာစေနိုင်ပြီး Express ကားစီးသူတွေ အနေနဲ့တော့ ကားရဲ့အနောက်ပိုင်းကျလွန်းတဲ့ ခုံနေရာတွေအစား အလယ်နားလောက်မှာထိုင်ခြင်းက ကားမူးတတ်သူတွေအတွက် အဆင်ပြေစေပါတယ် ။

၅ ။ ကားမူးတတ်ခြင်းကို အာရုံလွှဲထားပါ
ကားမူးတတ်သူတွေ အနေနဲ့ ကားမူးခြင်းကို အာရုံစိုက်လွန်းနေခြင်းကလည်း ကားမူးခြင်းကို ပိုမိုဆိုးရွာစေနိုင်ပါတယ် ။ ကားစီးတဲ့အခါ ဖုန်းအသုံးပြုခြင်းဟာ ပိုမိုဆိုးရွာစေနိုင်တာကြောင့် သီချင်းနားထောင်တာမျိုး ၊ အသာအယာ မှေးစက်နေတာမျိုးက သက်သာစေနိုင်ပါတယ် ။

Original Uploader.

02/01/2021

ကိုယ်ဝန်ဆောင်မေမေ စိမ်းစားဥ စားလို့ရလား ?

ကိုယ်ဝန်ဆောင်ချိန်မှာ စားလိုက်တဲ့ အစားတလုတ်ကြောင့် ဘေဘီလေး ကို ထိခိုက်သွားမလားဆိုတဲ့ စိုးရိမ်စိတ် ကိုယ်ဝန်ဆောင်မေမေတိုင်းမှာ ရှိပါတယ်။ အခုတစ်ခေါက်တော့ လတ်တလောရဲ့ ရာသီစာဖြစ်နေတဲ့ စိမ်းစားဥကို ကိုယ်ဝန်ဆောင်မေမေတွေ စားလို့ ဖြစ်မလားဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်...

စိမ်းစားဥက ကိုယ်ဝန်ဆောင်မေမေတွေ စားလို့မရတဲ့ အစားအသောက်စာရင်းထဲမှာ မပါပါဘူး။ အတန်အသင့်တော့ စားလို့ရပါတယ်။ ဒီလိုပြောရတာက ကိုယ်ဝန်ဆောင်ချိန်မှာ စိမ်းစားဥစားတာက အခုလို အကျိုးကျေးဇူးလေးတွေကို ရရှိစေနိုင်လို့ပါ။

မေမေရော ဘေဘီလေးပါ အရိုးနဲ့သွားတွေ ကြံ့ခိုင်ဖွံ့ဖြိုးစေတယ်

စိမ်းစားဥမှာ အရိုးနဲ့သွားတွေ ကြံ့ခိုင်ဖွံ့ဖြိုးစေဖို့ လိုအပ်တဲ့ ကယ်လ်ဆီယမ် နဲ့ ဖော့စဖရိတ်ဓာတ်တွေ ပါဝင်နေပါတယ်။ ဒီဓာတ်တွေက ဖွံ့ဖြိုးနေဆဲ ဘေဘီလေးရဲ့ အရိုးတွေကို ကြံ့ခိုင်ဖွံ့ဖြိုးစေသလို သွားတွေကိုလည်း အကောင်းဆုံး ဖွံ့ဖြိုးစေမှာပါ။

နောက်တစ်ခုက စိမ်းစားဥစားပေးတာက ကိုယ်ဝန်ဆောင်မေမေမှာ အရိုးဆုံးရှုံးတာ နဲ့ အရိုးပွတာ၊ အရိုးပါးတာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မေမေရော ဘေဘီလေးကိုပါ ကြံခိုင်ဖွံ့ဖြိုးစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။

ရေဓာတ် ပြည့်ဝစေတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ ရေဓာတ်ပြည့်ဝတာက မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေနိုင်ပါတယ်။ အကြောင်းကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ရေဓာတ်ပြည့်ဝ နေမယ်ဆိုရင် လိုအပ်တဲ့ အာဟာရတွေကို ပိုမိုစုပ်ယူနိုင်မှာဖြစ်သလို ဆီးလမ်းကြောင်း ပိုးဝင်တာ၊ ကိုယ်ဝန်ဆောင်ချိန်မှာ မအိမသာဖြစ်တာ၊ ရေမြွှာရည်နည်းတာအပြင် အရေပြားပြဿနာတွေ ခံစားရနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

စိမ်းစားဥက ရေဓာတ်ကြွယ်ဝစွာပါဝင်နေပြီး မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။ သေချာလေးကြေညက်အောင်ဝါးလို့ စားပေးလို့ရပါတယ်။

အမျှင်ဓာတ် ကြွယ်ဝတယ်

စိမ်းစားဥက အမျှင်ဓာတ်နဲ့ ရေဓာတ်ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင် လေဒီတော်တော်များများ ခံစားရနိုင်တဲ့ ဝမ်းချုပ်မှု ပြဿနာကို ကင်းစေနိုင်သလို ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းပျက်ဝမ်းလျှောဖြစ်တာကို သက်သာစေနိုင်ပါတယ်။ ကိုယ်အလေးချိန်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပြီး ကိုယ်ဝန်ဆောင်ချိန်မှာ အစာခြေစနစ် ပြဿနာကင်းစေမှာပါ။

ဗီတာမင် C ပါဝင်နေတယ်

ဗီတာမင် C က ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေချိန်မှဖျားနာတဲ့ အခါဆေးသောက်လို့မရတာကြောင့် ကိုယ်ခံအားကောင်းနေဖို့က လိုမှာပါ။ ပုံမှန်ဆိုရင်တောင် ကိုယ်ဝန်ဆောင်နေချိန်မှာ ကိုယ်ခံအားက ကျနေစမြဲပါ။

ဒါကြောင့် ကိုယ်ခံအားကောင်းပြီး အရေပြားပြဿနာကင်းလို့ အရိုးနဲ့သွားတွေ ကျန်းမာစေဖို့ ကိုယ်ဝန်ဆောင်ချိန်မှာ စိမ်းစားဥ စားသုံးပေးလို့ ရပါတယ်။

သံဓာတ် ပါဝင်တယ်

ကိုယ်ဝန်ဆောင်ချိန်မှာ သွေးအားနည်းရောဂါဖြစ်တာ၊ သံဓာတ်ချို့တဲ့တာတွေက တော်တော်လေး အဖြစ်များတဲ့ ပြဿနာပါ။ ဒီပြဿနာတွေကို ကင်းစေဖို့ဆိုရင် သံဓာတ်ကြွယ်ဝတဲ့ စိမ်းစားဥ စားပေးလို့ရပါတယ်။

အူတွင်းက အကျိုးပြုဘက်တီးရီးယား အရေအတွက်ကို ထိန်းညှိပေးတယ်

စိမ်းစားဥက အစာခြေစနစ်ကို ကျန်းမာစေတာတင် မကပါဘူး။ အူတွင်းက အကျိုပြု ဘက်တီးရီးယားတွေကိုလည်း အကောင်းဆုံး ထိန်းညှိပေးပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ စိမ်းစားဥစားတာက ကိုယ်ခံအားကောင်းစေဖို့ရော အာဟာရပြည့်ဝဖို့ပါ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။

သွေးပေါင်ချိန်ကို ထိန်းညှိပေးတယ်

စိမ်းစားဥက ပိုတက်ဆီယမ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ သွေးကြောတွေပေါ်က တင်းအားတွေကို လျော့ကျစေပြီး နှလုံးကျန်းမာစေနိုင်သလို ကိုယ်တွင်းက ရေဓာတ်ကို ထိန်းညှိပေးပြီး ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

စိတ်ခံစားမှု ကောင်းစေတယ်

စိမ်းစားဥမှာ ဗီတာမင် B6 ပါဝင်မှုက စိတ်ခံစားမှုကို ကောင်းစေနိုင်ပါတယ်။ စိမ်းစားဥစားပေးတာက ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ စိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးတာ၊ ပင်ပန်းတာ၊ နာကျင်တာတွေကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ခံစားမှုကောင်းချင်တယ်ဆိုရင် စိမ်းစားဥ စားပါ။

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

#ကိုယ်ဝန်ဆောင်အားဆေး
#ကိုယ်ဝန်ဆောင်ကျန်းမာရေး

ကိုယ်ဝန်ဆောင်မေမေ စိမ်းစားဥ စားလို့ရလား

ကိုယ်ဝန်ဆောင်ချိန်မှာ စားလိုက်တဲ့ အစားတလုတ်ကြောင့် ဘေဘီလေး ကို ထိခိုက်သွားမလားဆိုတဲ့ စိုးရိမ်စိတ် ကိုယ်ဝန်ဆောင်မေမေတိုင်းမှာ ရှိပါတယ်။ အခုတစ်ခေါက်တော့ လတ်တလောရဲ့ ရာသီစာဖြစ်နေတဲ့ စိမ်းစားဥကို ကိုယ်ဝန်ဆောင်မေမေတွေ စားလို့ ဖြစ်မလားဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်...

စိမ်းစားဥက ကိုယ်ဝန်ဆောင်မေမေတွေ စားလို့မရတဲ့ အစားအသောက်စာရင်းထဲမှာ မပါပါဘူး။ အတန်အသင့်တော့ စားလို့ရပါတယ်။ ဒီလိုပြောရတာက ကိုယ်ဝန်ဆောင်ချိန်မှာ စိမ်းစားဥစားတာက အခုလို အကျိုးကျေးဇူးလေးတွေကို ရရှိစေနိုင်လို့ပါ။

မေမေရော ဘေဘီလေးပါ အရိုးနဲ့သွားတွေ ကြံ့ခိုင်ဖွံ့ဖြိုးစေတယ်

စိမ်းစားဥမှာ အရိုးနဲ့သွားတွေ ကြံ့ခိုင်ဖွံ့ဖြိုးစေဖို့ လိုအပ်တဲ့ ကယ်လ်ဆီယမ် နဲ့ ဖော့စဖရိတ်ဓာတ်တွေ ပါဝင်နေပါတယ်။ ဒီဓာတ်တွေက ဖွံ့ဖြိုးနေဆဲ ဘေဘီလေးရဲ့ အရိုးတွေကို ကြံ့ခိုင်ဖွံ့ဖြိုးစေသလို သွားတွေကိုလည်း အကောင်းဆုံး ဖွံ့ဖြိုးစေမှာပါ။
နောက်တစ်ခုက စိမ်းစားဥစားပေးတာက ကိုယ်ဝန်ဆောင်မေမေမှာ အရိုးဆုံးရှုံးတာ နဲ့ အရိုးပွတာ၊ အရိုးပါးတာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မေမေရော ဘေဘီလေးကိုပါ ကြံခိုင်ဖွံ့ဖြိုးစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။

ရေဓာတ် ပြည့်ဝစေတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ ရေဓာတ်ပြည့်ဝတာက မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေနိုင်ပါတယ်။ အကြောင်းကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ရေဓာတ်ပြည့်ဝ နေမယ်ဆိုရင် လိုအပ်တဲ့ အာဟာရတွေကို ပိုမိုစုပ်ယူနိုင်မှာဖြစ်သလို ဆီးလမ်းကြောင်း ပိုးဝင်တာ၊ ကိုယ်ဝန်ဆောင်ချိန်မှာ မအိမသာဖြစ်တာ၊ ရေမြွှာရည်နည်းတာအပြင် အရေပြားပြဿနာတွေ ခံစားရနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
စိမ်းစားဥက ရေဓာတ်ကြွယ်ဝစွာပါဝင်နေပြီး မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။ သေချာလေးကြေညက်အောင်ဝါးလို့ စားပေးလို့ရပါတယ်။

အမျှင်ဓာတ် ကြွယ်ဝတယ်

စိမ်းစားဥက အမျှင်ဓာတ်နဲ့ ရေဓာတ်ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင် လေဒီတော်တော်များများ ခံစားရနိုင်တဲ့ ဝမ်းချုပ်မှု ပြဿနာကို ကင်းစေနိုင်သလို ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းပျက်ဝမ်းလျှောဖြစ်တာကို သက်သာစေနိုင်ပါတယ်။ ကိုယ်အလေးချိန်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပြီး ကိုယ်ဝန်ဆောင်ချိန်မှာ အစာခြေစနစ် ပြဿနာကင်းစေမှာပါ။

ဗီတာမင် C ပါဝင်နေတယ်

ဗီတာမင် C က ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေချိန်မှဖျားနာတဲ့ အခါဆေးသောက်လို့မရတာကြောင့် ကိုယ်ခံအားကောင်းနေဖို့က လိုမှာပါ။ ပုံမှန်ဆိုရင်တောင် ကိုယ်ဝန်ဆောင်နေချိန်မှာ ကိုယ်ခံအားက ကျနေစမြဲပါ။ ဒါကြောင့် ကိုယ်ခံအားကောင်းပြီး အရေပြားပြဿနာကင်းလို့ အရိုးနဲ့သွားတွေ ကျန်းမာစေဖို့ ကိုယ်ဝန်ဆောင်ချိန်မှာ စိမ်းစားဥ စားသုံးပေးလို့ ရပါတယ်။

သံဓာတ် ပါဝင်တယ်

ကိုယ်ဝန်ဆောင်ချိန်မှာ သွေးအားနည်းရောဂါဖြစ်တာ၊ သံဓာတ်ချို့တဲ့တာတွေက တော်တော်လေး အဖြစ်များတဲ့ ပြဿနာပါ။ ဒီပြဿနာတွေကို ကင်းစေဖို့ဆိုရင် သံဓာတ်ကြွယ်ဝတဲ့ စိမ်းစားဥ စားပေးလို့ရပါတယ်။
အူတွင်းက အကျိုးပြုဘက်တီးရီးယား အရေအတွက်ကို ထိန်းညှိပေးတယ်
စိမ်းစားဥက အစာခြေစနစ်ကို ကျန်းမာစေတာတင် မကပါဘူး။ အူတွင်းက အကျိုပြု ဘက်တီးရီးယားတွေကိုလည်း အကောင်းဆုံး ထိန်းညှိပေးပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ စိမ်းစားဥစားတာက ကိုယ်ခံအားကောင်းစေဖို့ရော အာဟာရပြည့်ဝဖို့ပါ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။

သွေးပေါင်ချိန်ကို ထိန်းညှိပေးတယ်

စိမ်းစားဥက ပိုတက်ဆီယမ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ သွေးကြောတွေပေါ်က တင်းအားတွေကို လျော့ကျစေပြီး နှလုံးကျန်းမာစေနိုင်သလို ကိုယ်တွင်းက ရေဓာတ်ကို ထိန်းညှိပေးပြီး ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

စိတ်ခံစားမှု ကောင်းစေတယ်

စိမ်းစားဥမှာ ဗီတာမင် B6 ပါဝင်မှုက စိတ်ခံစားမှုကို ကောင်းစေနိုင်ပါတယ်။ စိမ်းစားဥစားပေးတာက ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ စိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးတာ၊ ပင်ပန်းတာ၊ နာကျင်တာတွေကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ခံစားမှုကောင်းချင်တယ်ဆိုရင် စိမ်းစားဥ စားပါ။
ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

#ကိုယ်ဝန်ဆောင်အားဆေး
#ကိုယ်ဝန်ဆောင်ကျန်းမာရေး

02/01/2021

မျက်စိကျန်းမာရေးအတွက် အထောက်အကူပေးနိုင်တဲ့ နည်းလမ်းများ

ဘဝမှာ အောင်မြင်ဖို့ အတွက် မျက်လုံးနှစ်လုံးဟာ မရှိမဖြစ် အရေးပါပါတယ်လို့ တစ်ထစ်ချ မဆိုနိုင်ပေမဲ့ မျက်လုံးနှစ်လုံး မကောင်းတဲ့ အခါမှာ အခက်အခဲ အများကြီး ရှိလာနိုင်မယ်ဆိုတာကတော့ ဘယ်သူမှ ငြင်းကျမယ် မထင်ပါဘူး။ ခန္ဓာကိုယ် မှာ ရှိတဲ့ တစ်ခြားသော ကိုယ်အင်္ဂါအစိတ်အပိုင်းတွေလိုပဲ မျက်လုံးဟာလည်း ပျက်စီးယိုယွင်းမှုတွေ ရှိနိုင်တဲ့ အတွက် ဒီ အဖိုးတန် မျက်လုံးနှစ်လုံးကို မပျက်စီးအောင် ထိန်းသိမ်း ဖို့အတွက် အရေးကြီးပါတယ်။ မျက်လုံးမှာ အသက်ကြီးရင် ရောဂါတွေ ဖြစ်လာနိုင်သလို မျက်လုံးကို လွန်လွန်ကြူးကြူး အပြင်းအထန် အသုံးပြုတာဟာလည်း အမြင်အာရုံကို ပျက်စီးလွယ်စေမဲ့ အကြောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် တစ်သက်တာလုံးအတွက် အရေးပါတဲ့ မျက်လုံးကို ဘယ်လို ထိန်းသိမ်းစောင့်ရှောက်ပေးသင့်တယ် ဆိုတဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော် ...

၁) မျက်စိအတွက် အထောက်အကူဖြစ်စေမဲ့ အစားအစာများကို စားပါ။

အစားအသောက်ကောင်းကောင်းစား တာကလည်း မျက်စိကျန်းမာရေးကို အထောက်အကူ ပြုစေပါတယ်တဲ့။ ဘာတွေပါသလဲ မေးတယ်ဆိုရင်တော့ Omega 3 ၊ Vitamin C နဲ့ E ၊ lutein နဲ့ zinc ဓာတ်တွေပါတယ်လို့ ပြောရပါမယ်။ ဒီဓာတ်တွေကို အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ ၊ ဆော်လမွန် တူနာ နဲ့ ကျန်းမာတဲ့ အဆီဓာတ်များများပါတဲ့ ငါးတွေ ၊ ဥတွေ အခွံမာသီးတွေ ပဲတွေ နဲ့ အသားဓာတ်ပါတဲ့ အစားအစာတွေ ၊ လိမ္မော်သီး အစရှိတဲ့ အချဉ်ဓာတ် ကြွယ်ဝတဲ့ အသီးအနှံတွေ ၊ ဂုံး ကမာ အစရှိတဲ့ ပင်လယ်စာအစားအသောက် အချို့ ကို စားပေးရင် ရမှာပဲ ဖြစ်တယ်။

ဒီအစားအသောက်တွေကို စားပေးမယ်ဆိုရင်တော့ အသက်ကြီးတဲ့ အခါမှာ ဖြစ်လာတတ်တဲ့ အတွင်းတိမ်ရောဂါ နဲ့ မျက်လုံးပျက်စီးတာတွေကို အတန်အသင့် လျော့ချပေးနိုင်ပါတယ်။ Vitamin A ကြွယ်ဝတဲ့ အစားအသောက်တွေကိုလည်း စားပေးရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် Vitamin A ချို့တဲ့ တဲ့အခါ ညဘက်အမှောင်ထဲမှာ မမြင်ရတဲ့ (Night blindness) ကိုခံစားရမှာ ဖြစ်သလို ဒီထက်ပိုဆိုးလာခဲ့ရင် မျက်လုံး လုံးဝ အမြင်မရတော့တဲ့ အထိ ဖြစ်သွားနိုင်လို့ပါပဲ။

သင့်ရဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးတာ ဟာလည်း သွေးချိုကြောင့် ဖြစ်လာနိုင်တဲ့ မျက်စိပျက်စီးမှုတွေ မျက်လုံးမှာ အာရုံကြောစနစ်ပျက်စီးမှု တို့ကို လျော့ချပေးဖို့ အတွက် အကူအညီ တစ်ခုပါပဲ။

၂) ဆေးလိပ်ဖြတ်ပါ။

ဆေးလိပ်သောက်ခြင်းရဲ့ ဆိုးကျိုးတွေကတော့ အလွန်ကို များလှပါတယ်။ ဒါကြောင့် ဆေးလိပ်ဟာ မျက်လုံးကို ပျက်စီးစေတဲ့ အကြောင်းတစ်ခုပါလို့ ပြောတာဟာ အံသြစရာတော့ မဟုတ်ပါဘူး။ ဆေးလိပ်သောက်တာကြောင့် အတွင်းတိမ် အပါအဝင် မျက်လုံးကိုပျက်စီးစေတဲ့ ရောဂါတွေ ဖြစ်စေပါတယ်။ ဒါကြောင့် မျက်လုံးကို ကာကွယ်ဖို့အတွက် ဆေးလိပ်မသောက်ပဲ နေနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

၃) နေပူထဲ သွားတဲ့ အခါ နေကာမျက်မှန်တပ်ပါ။

နေရောင်ခြည်ထဲ မှာ ပါဝင်တဲ့ UV Rays တွေဟာလည်း အသားအရည်ကို သာမက မျက်စိကိုပါ ပျက်စီးစေနိုင်ပါတယ်။ နေပူထဲ အမြဲသွားနေရရင်တော့ မျက်လုံး ပျက်စီးနိုင်ချေဟာ အလွန်ကို များပါတယ်။ ဒါကြောင့် နေ့ခင်းပိုင်းလမ်းလျှောက်တဲ့အခါ ကားမောင်းတဲ့အခါ ဒါမှမဟုတ် ပင်လယ်ကမ်းခြေတွေကို သွားရောက်တဲ့ အခါမှာ ကိုယ်အသားအရေမပျက်စီးအောင် ကာကွယ်ဖို့ suncream တွေလိမ်းသွားသလို မျက်လုံးကိုကာကွယ်ဖို့လည်း နေကာမျက်မှန်တစ်လက်ကို ယူသွားသင့်ပါတယ်။

၅) လိုအပ်တဲ့ အခါ မျက်လုံးအကာအကွယ်ကို အမြဲ အသုံးပြုပါ။

ကိုယ်အလုပ်လုပ်တဲ့နေရာ ကိုယ်နေထိုင်တဲ့ပတ်ဝန်းကျင်မှာ တစ်ခါတစ်ရံ မျက်လုံးကို ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ ပစ္စည်းတွေရှိနေတတ်ပါတယ်။ ဒီလိုအခါမျိုးမှာ မျက်စိကို အကာအကွယ်ပေးနိုင်မဲ့ မျက်လုံးအကာအကွယ်ကို မမေ့သင့်ပါဘူး။

၆) ကွန်ပြူတာ နဲ့ ဖုန်းတွေကို အချိန်တစ်ခုထက်ပိုပြီး မကြည့်သင့်ပါဘူး။

ကွန်ပြူတာ နဲ့ အကြာကြီး အလုပ်လုပ်ရတဲ့သူတွေ မှာ မျက်လုံးဝါးတာတွေ နာတာတွေ ခေါင်းကိုက်တာ ဇက်ကြောတက်တာတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တဲ့ အခါမှာ ခဏတဖြုတ်နားတာမျိုးကို ပြုလုပ်ပေးရပါမယ်။ ဖုန်း မျက်နှာပြင်ကို အကြာကြီး စိုက်ကြည့်ပြီး ဂိမ်းဆော့တာ ရုပ်ရှင်ကြည့်တာတွေဟာလည်း မျက်လုံးကို ပျက်စီးစေတာအမှန်ပါပဲ။ ကိုယ့်မျက်လုံး ကို ဂရုစိုက်မယ်ဆိုရင်တော့ ဒါတွေကို အကြာကြီးမလုပ်မိဖို့ လိုပါလိမ့်မယ်။

ကျန်းမာတဲ့ မျက်စိအမြင်အာရုံကို ပိုင်ဆိုင်နိုင်ကြပါစေ။
Original_Uploader

#မျက်စိအားဆေး
#မျက်စိကျန်းမာရေး
[ Unicode ]
မျက်စိကျန်းမာရေးအတွက် အထောက်အကူပေးနိုင်တဲ့ နည်းလမ်းများ

ဘဝမှာ အောင်မြင်ဖို့ အတွက် မျက်လုံးနှစ်လုံးဟာ မရှိမဖြစ် အရေးပါပါတယ်လို့ တစ်ထစ်ချ မဆိုနိုင်ပေမဲ့ မျက်လုံးနှစ်လုံး မကောင်းတဲ့ အခါမှာ အခက်အခဲ အများကြီး ရှိလာနိုင်မယ်ဆိုတာကတော့ ဘယ်သူမှ ငြင်းကျမယ် မထင်ပါဘူး။ သင့် ခန္ဓာကိုယ် မှာ ရှိတဲ့ တစ်ခြားသော ကိုယ်အင်္ဂါအစိတ်အပိုင်းတွေလိုပဲ မျက်လုံးဟာလည်း ပျက်စီးယိုယွင်းမှုတွေ ရှိနိုင်တဲ့ အတွက် ဒီ အဖိုးတန် မျက်လုံးနှစ်လုံးကို မပျက်စီးအောင် ထိန်းသိမ်းရမှာ ကတော့ ကိုယ့်တာဝန်ဖြစ်ပါတယ်။

မျက်လုံးမှာ အသက်ကြီးရင် ရောဂါတွေ ဖြစ်လာနိုင်သလို မျက်လုံးကို လွန်လွန်ကြူးကြူး အပြင်းအထန် အသုံးပြုတာဟာလည်း အမြင်အာရုံကို ပျက်စီးလွယ်စေမဲ့ အကြောင်းတစ်ခုပဲ ဖြစ်ပါတယ်။
ဒီနေ့တော့ သင့်ရဲ့ တစ်သက်တာလုံးအတွက် အရေးပါတဲ့ မျက်လုံးကို ဘယ်လို ထိန်းသိမ်းစောင့်ရှောက်ပေးသင့်တယ် ဆိုတဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော် ...

၁) မျက်စိအတွက် အထောက်အကူဖြစ်စေမဲ့ အစားအစာများကို စားပါ။

အစားအသောက်ကောင်းကောင်းစား တာကလည်း မျက်စိကျန်းမာရေးကို အထောက်အကူ ပြုစေပါတယ်တဲ့။ ဘာတွေပါသလဲ မေးတယ်ဆိုရင်တော့ Omega 3 ၊ Vitamin C နဲ့ E ၊ lutein နဲ့ zinc ဓာတ်တွေပါတယ်လို့ ပြောရပါမယ်။ ဒီဓာတ်တွေကို အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ ၊ ဆော်လမွန် တူနာ နဲ့ ကျန်းမာတဲ့ အဆီဓာတ်များများပါတဲ့ ငါးတွေ ၊ ဥတွေ အခွံမာသီးတွေ ပဲတွေ နဲ့ အသားဓာတ်ပါတဲ့ အစားအစာတွေ ၊ လိမ္မော်သီး အစရှိတဲ့ အချဉ်ဓာတ် ကြွယ်ဝတဲ့ အသီးအနှံတွေ ၊ ဂုံး ကမာ အစရှိတဲ့ ပင်လယ်စာအစားအသောက် အချို့ ကို စားပေးရင် ရမှာပဲ ဖြစ်တယ်။

ဒီအစားအသောက်တွေကို စားပေးမယ်ဆိုရင်တော့ အသက်ကြီးတဲ့ အခါမှာ ဖြစ်လာတတ်တဲ့ အတွင်းတိမ်ရောဂါ နဲ့ မျက်လုံးပျက်စီးတာတွေကို အတန်အသင့် လျော့ချပေးနိုင်ပါတယ်။ Vitamin A ကြွယ်ဝတဲ့ အစားအသောက်တွေကိုလည်း စားပေးရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် Vitamin A ချို့တဲ့ တဲ့အခါ ညဘက်အမှောင်ထဲမှာ မမြင်ရတဲ့ (Night blindness) ကိုခံစားရမှာ ဖြစ်သလို ဒီထက်ပိုဆိုးလာခဲ့ရင် မျက်လုံး လုံးဝ အမြင်မရတော့တဲ့ အထိ ဖြစ်သွားနိုင်လို့ပါပဲ။

သင့်ရဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးတာ ဟာလည်း သွေးချိုကြောင့် ဖြစ်လာနိုင်တဲ့ မျက်စိပျက်စီးမှုတွေ မျက်လုံးမှာ အာရုံကြောစနစ်ပျက်စီးမှု တို့ကို လျော့ချပေးဖို့ အတွက် အကူအညီ တစ်ခုပါပဲ။

၂) ဆေးလိပ်ဖြတ်ပါ။

ဆေးလိပ်သောက်ခြင်းရဲ့ ဆိုးကျိုးတွေကတော့ အလွန်ကို များလှပါတယ်။ ဒါကြောင့် ဆေးလိပ်ဟာ မျက်လုံးကို ပျက်စီးစေတဲ့ အကြောင်းတစ်ခုပါလို့ ပြောတာဟာ အံသြစရာတော့ မဟုတ်ပါဘူး။ ဆေးလိပ်သောက်တာကြောင့် အတွင်းတိမ် အပါအဝင် မျက်လုံးကိုပျက်စီးစေတဲ့ ရောဂါတွေ ဖြစ်စေပါတယ်။ ဒါကြောင့် မျက်လုံးကို ကာကွယ်ဖို့အတွက် ဆေးလိပ်မသောက်ပဲ နေနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

၃) နေပူထဲ သွားတဲ့ အခါ နေကာမျက်မှန်တပ်ပါ။

နေရောင်ခြည်ထဲ မှာ ပါဝင်တဲ့ UV Rays တွေဟာလည်း အသားအရည်ကို သာမက မျက်စိကိုပါ ပျက်စီးစေနိုင်ပါတယ်။ နေပူထဲ အမြဲသွားနေရရင်တော့ မျက်လုံး ပျက်စီးနိုင်ချေဟာ အလွန်ကို များပါတယ်။ ဒါကြောင့် နေ့ခင်းပိုင်းလမ်းလျှောက်တဲ့အခါ ကားမောင်းတဲ့အခါ ဒါမှမဟုတ် ပင်လယ်ကမ်းခြေတွေကို သွားရောက်တဲ့ အခါမှာ ကိုယ်အသားအရေမပျက်စီးအောင် ကာကွယ်ဖို့ suncream တွေလိမ်းသွားသလို မျက်လုံးကိုကာကွယ်ဖို့လည်း နေကာမျက်မှန်တစ်လက်ကို ယူသွားသင့်ပါတယ်။

၅) လိုအပ်တဲ့ အခါ မျက်လုံးအကာအကွယ်ကို အမြဲ အသုံးပြုပါ။

ကိုယ်အလုပ်လုပ်တဲ့နေရာ ကိုယ်နေထိုင်တဲ့ပတ်ဝန်းကျင်မှာ တစ်ခါတစ်ရံ မျက်လုံးကို ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ ပစ္စည်းတွေရှိနေတတ်ပါတယ်။ ဒီလိုအခါမျိုးမှာ မျက်စိကို အကာအကွယ်ပေးနိုင်မဲ့ မျက်လုံးအကာအကွယ်ကို မမေ့သင့်ပါဘူး။

၆) ကွန်ပြူတာ နဲ့ ဖုန်းတွေကို အချိန်တစ်ခုထက်ပိုပြီး မကြည့်သင့်ပါဘူး။

ကွန်ပြူတာ နဲ့ အကြာကြီး အလုပ်လုပ်ရတဲ့သူတွေ မှာ မျက်လုံးဝါးတာတွေ နာတာတွေ ခေါင်းကိုက်တာ ဇက်ကြောတက်တာတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တဲ့ အခါမှာ ခဏတဖြုတ်နားတာမျိုးကို ပြုလုပ်ပေးရပါမယ်။ ဖုန်း မျက်နှာပြင်ကို အကြာကြီး စိုက်ကြည့်ပြီး ဂိမ်းဆော့တာ ရုပ်ရှင်ကြည့်တာတွေဟာလည်း မျက်လုံးကို ပျက်စီးစေတာအမှန်ပါပဲ။ ကိုယ့်မျက်လုံး ကို ဂရုစိုက်မယ်ဆိုရင်တော့ ဒါတွေကို အကြာကြီးမလုပ်မိဖို့ လိုပါလိမ့်မယ်။

ကျန်းမာတဲ့ မျက်စိအမြင်အာရုံကို ပိုင်ဆိုင်နိုင်ကြပါစေ။
Original_Uploader

#မျက်စိအားဆေး
#မျက်စိကျန်းမာရေး

01/01/2021

❤️ကိုဗစ် နှင့် နှလုံးကျန်းမာရေး❤️
❤️❤️ ယခုလို တစ်ကမ္ဘာလုံး ကပ်ရောဂါကြုံတွေ့ရင်ဆိုင်နေရတဲ့ ကာလမှာ မိမိတို့ရဲ့ နှလုံးကျန်းမာရေးကိုလည်း မေ့မထားသင့်ပါဘူးနော်။
ကမ္ဘာ့နှလုံးကျန်းမာရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် World Heart Federation ၏ ထုတ်ပြန်ချက်အရ- ကျန်းမာရေးနှင့် ညီညွတ်စွာ မနေထိုင်ကြသူများ၏ သေဆုံးရခြင်း အဓိိကအကြောင်းအချက်မှာ နှလုံးနှင့် ပတ်သက်သော ရောဂါများကြောင့် ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ထို့ကြောင့် ယနေ့ကျရောက်သော ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ (၂၀၂၀) အထိမ်းအမှတ်
အဖြစ် ကိုဗစ်ကာလအတွင်း နှလုံးကျန်းမာရေးအတွက် လုပ်ဆောင်သင့်သည့် အချက်များကို ဖော်ပြပေးလိုက်ပါတယ်။
❤️ ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်ပါ။
ယနေ့ခေတ်တွင် လူအများစု စားသောက်ကြသည့် အစားအစာများသည် နှလုံးရောဂါဖြစ်ရခြင်း၏ အဓိက အခြေခံ အကြောင်းပြချက်ဖြစ်ကြောင်း ယင်းအဖွဲ့အစည်းမှ ဖော်ပြထားပါသည်။
ထို့ကြောင့်
- အဆီနှင့် အငန်အစားလျှော့စားပါ။
- ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်ပါ။
- အသင့်စား စားသောက်ဖွယ်ရာများ စားသုံးခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
- လတ်ဆတ်သော အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များ
- မပြည့်ဝဆီသုံး၍ ချက်ပြုတ်ထားသော ကြက်သားနှင့် ငါးအမျိုးမျိုး
- ပဲအမျိုးမျိုး
- နို့နှင့် နို့ထွက်ပစ္စည်းများ စသည်တို့ကို စားသုံးသင့်ပါသည်။
❤️ စိတ်ဖိစီးမှုကို လျှော့ချပါ။
ယခုလို ကိုဗစ်ကာလတွင် ရောဂါကူးစက်မည်ကို စိုးရိမ်ကြောင့်ကြရခြင်း၊ အလုပ်အကိုင်များ ဆုံးရှုံးရသူများအနေဖြင့် စိတ်ပူပန်ရခြင်း၊ အိမ်တွင် နေရချိန် ကြာမြင့်လာသောအခါ အထီးကျန်လာခြင်း စသည်ဖြင့် စိတ်ပိုင်းဆ်ိုင်ရာ ထိခိုက်မှုများ ရှိတတ်ကြပါသည်။
ထို့ကြောင့်-
ထို နှလုံးကျန်းမာရေးအတွက် စိတ်ဖိစီးမှုများကို လျှော့ချရန်-
- တရားထိုင်ပါ။ (တစ်နေ့လျှင် အနည်းဆုံး ၁၅မိနစ်)
- ရုပ်ရှင် (သို့မဟုတ်) သီချင်းများဖြင့် မိမိစိတ်ကို ပျော်ရွှင်အောင် ထားပါ။
- စာအုပ်ဖတ်ခြင်းဖြင့် စိတ်အာဟာရ ရယူပါ။
- အရေးကြီးဆုံးအချက်အနေဖြင့် မိမိ ခံစားနေရသော အကြောင်းအရာများကို မိမိ သူငယ်ချင်း (သို့) ရင်းနှီးရသူများကို မျှဝေပါ။
❤️ လေ့ကျင့်ခန်း လုပ်ပါ။
လေ့ကျင့်ခန်းလုပ်ခြင်းသည် ကိုယ်ကာယ ကျန်းမာရေးကိုသာမက စိတ်ပျော်ရွှင်အောင်လည်း ဖန်တီးပေးနိုင်သည်ဟု ကမ္ဘာ့သိပ္ပံ ပညာရှင် အများအပြားမှ အတည်ပြုထားကြပါသည်။
ထို့ကြောင့် ယခုလို အိမ်မှာနေနေရချိန် တစ်နေ့လျှင် အနည်းဆုံး ၄၅မိနစ်ခန့် အိမ်တွင်း ကိုယ်ကာယလေ့ကျင့်ခန်း ပြုလုပ်ပါ။ (သို့မဟုတ်)
တစ်နေ့လျှင် ခြေလှမ်းပေါင်း ၁၀၀၀ မှ ၁၀၀၀၀ ကြား လမ်းလျှောက်ပေးခြင်းဖြင့်လည်း နှလုံးကျန်းမာရေးကို အထောက်အကူ ပြုနိုင်ပါသည်။
❤️ ညတွင် လုံလောက်စွာ အိပ်စက်ပါ။
အရွယ်ရောက်ပြီးသော လူတစ်ယောက်အတွက် တစ်နေ့လျှင် (၈)နာရီခန့် အိပ်စက်ခြင်းသည် နှလုံးကျန်းမာရေးနှင့် ကိုယ်ခန္ဓာ ခုခံအားစနစ်ကို အကောင်းဆုံး ထောက်ပံ့ပေးပါသည်။
ကိုဗစ်ကာလအတွင်း Stay home နေကြချိန် နေ့ခင်းနေ့လည်အိပ်စက်ဖြစ်ပြီး ညအချိန်တွင် မအိပ်စက်ဖြစ်ပါကလည်း ကိုယ်ခန္ဓာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။
ထို့ကြောင့် ညတွင် လုံလောက်စွာ အိပ်စက် အနားယူပါ။
❤️ ပုံမှန် ကျန်းမာရေး စစ်ဆေးခြင်းများ ပြုလုပ်ပါ။
အထက်ပါ အကြောင်းအရာများကို တိကျစွာ လိုက်နာပြီး ကျန်းမာသော နှလုံး၊ ကျန်းမာသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရန် ခြောက်လတစ်ကြိမ် ပုံမှန် ကျန်းမာရေး စစ်ဆေးခြင်းများ ပြုလုပ်ပါ။
အဓိကအားဖြင့် အသက် ၅၀ နှင့်အထက် လူကြီးပိုင်းများ ပြုလုပ်ရန် တိုက်တွန်းလိုပါသည်။
💝💝လူသားအားလုံး ကျန်းမာသော နှလုံး၊ ကျန်းမာသော ကိုယ်ခန္ဓာကို ပိုင်ဆိုင်နိုင်ကြပါစေ။
#သက်ရှည်ကျန်းမာ_မန္တလာ

01/01/2021

ဆေးလိပ်သောက်ခြင်းဟာ အမြင်အာရုံ အပေါ်ဘယ်လိုထိခိုက်မှု့ ဖြစ်စေသလဲ ?
---------------------------------------------------------------

ဆေးလိပ်မသောက်နဲ့ အဆုတ်ထိခိုက်မယ်၊ ဆေးလိပ်ငွေ့တွေ မရှူမိစေနဲ့ အဆုတ်ပျက်စီးမယ် ဆိုတာ အရင်တည်းကသိကြပြီးသား အကြောင်းအရာပါ။ ဒီတစ်ခါတော့ ဆေးလိပ်ငွေ့ကြောင့် အမြင်အာရုံကို ထိခိုက်စေနိုင်တယ်ဆိုတာကို သုတေသနအသစ်က သက်သေပြခဲ့ပါတယ်။

ဆေးလိပ်အရမ်းသောက်တဲ့သူတွေဟာ အရောင်ခွဲခြားနိုင်စွမ်းပြဿနာရှိနိုင်ပြီး အလင်းရောင်မှိန်ရင် သိပ်မမြင်နိုင်တာမျိုး ဖြစ်လာနိုင်တယ်လို့ သုတေသီတွေက ဖော်ပြခဲ့ပါတယ်။

သုတေသနမှာ ဆေးလိပ်မသောက်တတ်သူ ၇၁ ဦးနဲ့ တစ်နေ့ကို အလိပ် ၂၀ ထက်မက သောက်တတ်တဲ့သူ ၆၃ ဦးကိုလေ့လာခဲ့တာဖြစ်ပါတယ်။ သူတို့ထဲမှာ အမြင်အာရုံပုံမှန်ရှိသူတွေနဲ့ မျက်မှန်တပ်ရသူတွေပါဝင်ပြီး အသက် ၂၅ နှစ်ကနေ ၄၅ နှစ်အတွင်းရှိသူတွေဖြစ်ပါတယ်။

ဆေးလိပ်ငွေ့တွေကြားမှာ ပျော်မွေ့တဲ့ ဆေးလိပ်အရမ်းသောက်သူတွေဟာ အရောင်ခွဲခြားနိုင်စွမ်းမှာ သိသိသာသာပြောင်းလဲလာတာ တွေ့ရပြီး အလင်းမှိန်တဲ့နေရာမှာ ပြတ်သားစွာမြင်နိုင်စွမ်း အခက်အခဲပိုရှိနေတာတွေ့ရပါတယ်။

ဘာကြောင့်လဲ ?
စီးကရက်သောက်လွန်းတာ ဒါမှမဟုတ် ဆေးလိပ်မှာပါတဲ့ ဒြပ်ပေါင်းတွေနဲ့ ကြာရှည်ထိတွေ့မှုများနေတာက အမြင်အာရုံထင်ရှားပြတ်သားနိုင်စွမ်းမှာ ထိခိုက်စေတယ်လို့ လေ့လာမှုရလဒ်တွေက ညွှန်ပြနေပါတယ်။ စီးကရက်မှာ ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ ဒြပ်ပေါင်းတွေအများကြီးပါတယ်။ ဦးနှောက်ရဲ့အလွှာတွေကို ထူထဲမှုလျော့စေတယ်၊ ဦးနှောက်ထိခိုက်မှုတွေနဲ့ဆက်နွှယ်နေပါတယ်။ ” လို့ Rutgers University Behavioral Health Care မှ ဒါရိုက်တာဖြစ်တဲ့ တွဲဖက်သုတေသီ Steven Silverstein ကပြောပါတယ်။

အရင်သုတေသနတွေမှာတော့ ကာလကြာရှည် ဆေးလိပ်သောက်ခြင်းက အသက်အရွယ်ကြောင့်ဖြစ်တဲ့မျက်စိမှုန်ခြင်းကို ဖြစ်နိုင်ခြေပိုများ၊ ပိုမြန်စေပြီး မျက်စိရောင်ရမ်းခြင်းတွေဖြစ်စေနိုင်တယ်လို့ တွေ့ရှိခဲ့တာပါ။

နီကိုတင်းနဲ့ ဆေးလိပ်သောက်ခြင်းက သွေးလည်ပတ်မှုစနစ်ကို ထိခိုက်စေပြီး မြင်လွှာမှာ ရှိတဲ့ သွေးကြောနဲ့ အာရုံကြောဆဲလ်တွေကိုထိခိုက်စေနိုင်တယ်လို့ တွေ့ရှိထားပါတယ်။

ဒီသုတေသနကို Psychiatry Research ဂျာနယ်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။
ဒါ့ကြောင့် ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးကိုထိခိုက်နိုင်တာ အဆုတ်ကိုပဲ မဟုတ်ပါဘူး။ ကောင်းကျိုးမပေးတဲ့ ဆေးလိပ်ကို ဖြတ်နိုင်အောင်မကြိုးစားနိုင်တောင် လျှော့သောက်ဖို့ သတိထားသင့်ပါတယ်။

**အရွယ်သုံးပါးမရွေး အမြင်ကြည်လင်ပြတ်သားဖို့အတွက် OmeZeax မျက်စိအားဆေး ကို တနေ့ (1)ကြိမ် သောက်ကြပါစို့ ။

OmeZeaX မျက်စိအားဆေးတွင် မျက်စိကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော
Lutein , Zeaxanthin , Ginkgo Biloba , Vitamin A ,Vitamin E , Vitamin B1 , Vitamin B2, Vitamin B6, Vitamin B12 တို့အပြင် Zinc ပါဝင်သောကြောင့်

1. မျိုးရိုးကြောင့်ဖြစ်သော အတွင်းတိမ် ၊ အပြင်တိမ် ၊ ကြက်မျက်သင့် ရောဂါတို့ကို လျော့ချပေးခြင်း ။

2. အသက်အရွယ်ကြောင့် အမြင်အာရုံဝေဝါးခြင်း ၊ မျက်လုံးကွယ်ခြင်း ၊ မျက်စိမှုံရောဂါများ ဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း ။

3. မျက်ခမ်းစပ်ရောဂါ ၊ မျက်ခမ်းခြောက်ရောဂါ ၊ ကြက်မျက်သင့်ရောဂါ (ညအချိန်တွင် အမြင်အာရုံဝေ ဝါးသွားခြင်း) ၊ မျက်လုံး ထဲတွင် အနာဖြစ်ခြင်းများကို ကာကွယ်ပေးခြင်း ။

4. ခရမ်းလွန်ရောင်ခြည် ၊ စူးရှသည့် အလင်းဒဏ်များကြောင့် အမြင်အာရုံပျက်စီးခြင်းမှ ကာကွယ်ပေးခြင်း။

5. အမြင်အာရုံကြည်လင်စေပြီး ၊မျက်မှန်တပ်ထားရသူများ ပါဝါကျလာကာ မျက်မှန်တပ်ထားစရာမလိုတော့သည်အထိ ကောင်းမွန်လာစေခြင်း ။
6. ညဘက်တွင် စူးရှသည့်အလင်းဒဏ်ကို ခံနိုင်သည့် အပြင် ကြည်လင်ပြတ်သားစွာ မြင်ခြင်း။

7. တက္ကသိုလ်ဝင်တန်းနှင့် တက္ကသိုလ် ကျောင်းသားများအတွက် အမြင်အာရုံ အားကောင်းစေပြီး ဦးနှောက်သွေးကြောလည်ပတ်မှု့နှင့် မှတ်ဥာဏ်ကို အားကောင်းစေခြင်း ။

8. မျက်လုံး အားစိုက်ပြီး အလုပ်လုပ်ရတဲ့သူတွေမှာ ဖြစ်တတ်သော မျက်ရိုးကိုက်ခြင်း ၊ မျက်စိ အောင့်ခြင်း ၊ ခေါင်းကိုက်ခြင်းများကို ကာကွယ်ပေးခြင်း ။

9. TV ,Telephone ,Computer , LED light တို့မှလာသော အလင်းများကို စစ်ပေးပြီး Eyes Tissues များ မပျက်စီးအောင် ကာကွယ်ပေးပါသည် ။

ဒါ့အပြင် OmeZeaX မျက်စိအားဆေးတွင် အခြား မျက်စိအားဆေးတွေမှာ မရှိတဲ့ အထူးသီးသန့်အ ဖြစ် Omega 3 fatty acids နှစ်မျိုးဖြစ်သော ( EPA & DHA ) လည်းပါဝင်ပါတယ် ။

ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေ ၊ ဆရာဝန်တွေ ကိုယ်တိုင်ကပါ Omega 3 ( EPA & DHA ) ကို အသက်အရွယ် မရွေး သောက်သုံးသင့်တယ်လို့ ညွှန်းပေးကြတဲ့ Omega 3 ( EPA & DHA ) ဟာဆိုရင်
ဦးနှောက်ဥာဏ်ရည် အတွက်သာမက အမြင်အာရုံနဲ့ နှလုံးကျန်းမာရေးကိုလည်းကောင်းမွန်စေပါတယ် ။

Omega 3 ( EPA & DHA ) ကို မျက်လုံးခြောက်ခြင်း၊ ရေတိမ်၊ အသက်ကြီးတဲ့သူတွေမှာ အဖြစ်များပြီး ပြင်းထန်တဲ့ အခြေအနေတစ်ခုဖြစ်တဲ့ age-related macular degeneration အတွက်လည်း အသုံးပြုကြပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာကတော့ ကိုယ်ခန္ဓာက omega-3 fatty acids တွေ ထုတ်လုပ်ခြင်းမရှိပါဘူး။
ဒါတင်သာမက အနောက်ပိုင်းစားသောက်ပုံတွေမှာ တွေ့ရတတ်တဲ့ omega- fatty acids တွေကလည်း omega-3 fatty acids တွေအဖြစ် ကိုယ်ခန္ဓာက မပြောင်းလဲနိုင်ပါဘူး။

Omega- 3 fatty acids နှစ်မျိုးဖြစ်တဲ့ EPA နဲ့ DHA တွေဟာ ငါးကြီးဆီ ဖြည့်စွက်စာတွေမှာ ပါဝင်တဲ့အတွက် မှတ်ဥာဏ်အားကောင်းစေပြီး သင့်ကို မကြာခဏ သတိမမေ့ စေဖို့ ကူညီပေးပါတယ် ။

လူတစ်ယောက်အတွက်တစ်နေ့လျှင် EPA နဲ့ DHA ပမာဏ 250 – 500 mg လိုအပ်ပါတယ်လို့ ကျွမ်းကျင် ပညာရှင်များက အကြံပေးထားကြတာမို့ OmeZeaX မျက်စိအားဆေးဟာဆိုရင် အမြဲဆောင်ထားသင့်တဲ့ အားဆေးတစ်ခုပါ ။

(မြန်မာနိုင်သို့ တရားဝင်တင်သွင်း ဖြန့်ချီရန်အတွက် FDA ထောက်ခံစာအမှတ် - IR-F/2017-B1/2225)
OmeZeaX မျက်စိအားဆေးကို အမြို့မြို့အနယ်နယ်ရှိနီးစပ်ရာ ဆေးဆိုင်များမှာ ဝယ်ယူရရှိနိုင်ပါပြီ ။
တစ်လစာ အလုံး ၃၀ ပါ တစ်ဗူး = 15000 ks.
Hotline: 09770400990

#မျက်စိအားဆေး

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address

No (D-7) , Yadanar Mandalay Housing , 60 Street, Bet 30 ​* 32 Streets
Mandalay

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30