K.O'Lava Online Mart

K.O'Lava Online Mart

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from K.O'Lava Online Mart, Beauty, cosmetic & personal care, 33street, bet 73*74, Mandalay.

Photos from K.O'Lava Online Mart's post 15/02/2023

မင်တို့ဆီမှာ အရမ်းကိုreviewကောင်းတဲ့ Foot Maskလေးတွေ instock ရှိပါတယ်နော်

Photos from K.O'Lava Online Mart's post 15/12/2022

အရမ်းဝတ်ကောင်းတဲ့Style pant လေးတွေမှာလို့ရပါပြီ
S/M (16500)
L/Xl(17500)

Size Chart
S-ခါး22-24" တင် 35"
M-ခါး25-28" တင်38"
L-ခါး29-32" တင်40"
Xl-ခါး33-34" တင်41"


Preorder (2-3Weeks)

Photos from K.O'Lava Online Mart's post 25/07/2021

KF94 mask
Surgical mask လက်လီလက်က္ကားရပါမယ်

Photos from K.O'Lava Online Mart's post 25/07/2021

Hand Gelဘူးကြီးတွေလိုသလောက်းပါပြီ
Made in Thailand

Photos from K.O'Lava Online Mart's post 24/07/2021

SpO2 မီတာကတကယ်ကောင်းတဲ့အခါ 1%လောက်ပဲကွာပြီး အခြားအရာတွေထည့်ရင် မဖတ်တော့ပါဘူးခင်ဗျ K.O Martကရောင်းချပေးတဲ့ Oximeter လေးတွေကိုယုံကြည်စိတ်ချစွာမှာယူအားပေးနိုင်ပါတယ် ဗျ

Photos from K.O'Lava Online Mart's post 24/07/2021

Oximeter (Made in India)
Instock
Mdy





Oximeter on right middle finger
အောက်စီမီတာ တိုင်းနည်း 🔹🔶🔹

ဆရာခင်ဗျား 🙏🙏🙏

O2 တိုင်းတဲ့အခါ လက်ညိုးမှာ ၉၃ ပြပြီး လက်ခလယ်မှာ ၉၆ ပြပါတယ်။ ပြန်တိုင်းလဲ ဒီလိုအဖြေပဲထွက်ပါတယ်။ ဘယ်လက်ချောင်းမှာတိုင်းရမယ် သတ်မှတ်ချက်ရှိလား။ ဘယ်လက်ချောင်းက အမှန်ဆုံးလဲ သိချင်ပါတယ်။

၁။ Which finger is best for the pulse oximeter? The right middle finger and right thumb have statistically higher value, making them perfect for a pulse oximeter.
Oximeter ကို ဘယ်လက်ချောင်းမှာ တိုင်းတာ အကောင်းဆုံးလဲ။

#ညာဘက်လက်ခလယ်နဲ့ညာဘက်လက်မတွေကအဖြေမှန်နဲ့အနီးစပ်ဆုံးရတယ်။

၂။ Is 94 blood oxygen level low? Any reading between 94 - 99 or higher reflects normal oxygen saturation.

#94ကအောက်စီဂျင်နည်းနေပါသလား။

#94ကနေ99အထိအဖြေရတာပုံမှန်ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ

Edit >>> Oximeter အသုံးပြုပုံပြုနည်း
-------------------------------
Oximeter နဲ့ အောက်ဆီဂျင်တိုင်းမယ်ဆိုရင်
(၁) လက်သည်းနီဆိုးထားရင်ဖျက်ပါ။ လက်သည်းတုတပ်ထားရင် ဖယ်ပါ။
(၂) လက်အေးနေရင် နွေးအောင် လက်နှစ်ဖက်ကို ပွတ်လိုက်ပါ။
(၃) မတိုင်းမီ ၅ မိနစ်လောက် ငြိမ်ငြိမ်နေပါ။
(၄) လက်ကို ရင်ဘတ်၊ နှလုံးနဲ့တစ်တန်းထဲနေရာမှာထားပြီး ငြိမ်နေပေးပါ။
(၅) Oximeter ခလုတ်ကို ဖွင့်ပြီး လက်ညှိုး (သို့) လက်ခလယ်ထည့်တိုင်းပါ။ လက်ချောင်းကို မှောက်လျှက်ထည့်ရပါမယ်။ ကလေးလက်လေးသေးလွန်းရင် လက်မထည့်ပေးလည်း ရပါတယ်။
(၆) အဖြေဖတ်ဖို့ အချိန်အနည်းငယ် ယူပါလိမ့်မယ်။ တစ်မိနစ်လောက် အနည်းဆုံး ငြိမ်ငြိမ်လေးနေပေးပါ။
(၇) အဖြေပေါ်လာတဲ့အခါ အမြင့်ဆုံးအဖြေကို ဖတ်ပါ။
(၈) တစ်နေ့ကို နှစ်ကြိမ်တိုင်းပေးပါ။ တစ်နေ့နဲ့တစ်နေ့ တိုင်းတဲ့အချိန်တူပါစေ။

Oximeter ဖတ်နည်း
-------------------------
Oximeter က စက္ကန့်ပိုင်းအတွင်း ကိုယ်တွင်း အောက်ဆီဂျင်ပမာဏ(SPO2) အပြင် သွေးခုန်နှုန်း (BPM) ပါ တိုင်းပေးပါတယ်။
🔹SP02 % ဆိုတာ အောက်ဆီဂျင်ပမာဏပါ။ ပုံမှန်ဆိုရင် 95% အထက်ရှိသင့်ပါတယ်။ နာတာရှည်အဆုတ်ရောဂါသည်တွေနဲ့ Sleep Apnea ရှိသူတွေမှာတော့ 90% ဝန်းကျင်မှာ ရှိတတ်ပါတယ်။ 90% အောက်ဆို စိုးရိမ်ရပါပြီ။
🔹PR & BPM ဆိုတာကတော့ သွေးခုန်နှုန်းပါ။ တစ်မိနစ်မှာ ဘယ်နှချက်ခုန်လဲဆိုတာ တိုင်းပေးတာပါ။ 70 ကနေ 100 ကြားဆို ပုံမှန်ပါ
🔹PI% ဆိုတာကတော့ သွေးခုန်အားပါ။ 0-5 ဆိုရင်အားပျော့ပြီး 5ထက်ကျော်ရင် အားပြင်းပါတယ်။

🙏အားလုံးဘဲ Mask တပ်လက်ဆေးပြီး Covid ကင်းဝေးကြပါစေရှင်။
Crd

Photos from K.O'Lava Online Mart's post 24/07/2021

KF 94 mask -3000
Surgical mask 3 လွှာ (50ခု) (made in Thailand) -2200
Instock

23/07/2021

🦠 ကိုဗစ်ကနေ #နလန်ထလာပြီးချိန်မှာမပေါ့ကြပါနဲ့။

ကိုဗစ်ကိုအနိုင်ယူပြီးလို့နလန်ထလာချိန်မှာ #နောက်ဆက်တွဲသွေးခဲမှုပြဿနာနဲ့ သေဆုံးသူတွေများပြားလာပါတယ်။

❌ ကိုဗစ်ကနလန်ထပြီးချိန်မှာ ခရီးထွက်တာလုံးဝမလုပ်ပါနဲ့။

❌ ကိုဗစ်ကနလန်ထပြီးချိန်မှာ အားကစားလုံးဝမလုပ်ပါနဲ့။

❌ ကိုဗစ်ကနလန်ထပြီးချိန်မှာ ဝရံတာထွက်ပြီးအအေးခံတာလုံးဝမလုပ်ပါနဲ့။

❌ ကိုဗစ်ကနလန်ထပြီးချိန်မှာ ပြင်းပြင်းထန်ထန်လှုပ်ရှားမှု လုံးဝမလုပ်ပါနဲ့။

စင်ကာပူမှာအသက် (၄၁) နှစ်အရွယ်အမျိုးသားတစ်ယောက်ဟာ ကိုဗစ်ကနေပြန်ကောင်းလာပြီး #ဆေးရုံဆင်းတာနှစ်ပတ်ကျော်ပြီးမှ အဆုတ်မှာသွေးခဲပြီးသေဆုံးသွားခဲ့ပါတယ်။

အဆုတ်ထဲက pulmonary artery ထဲမှာ thromboembolism သွေးခဲလေးကသွားပိတ်တာပေါ့ဗျာ။

စင်ကာပူ NTU တက္ကသိုလ်က သုသေသနပညာရှင်များဟာ ကိုဗစ်ကနေပြန်ကောင်းလာတာ တစ်လလောက်ရှိပြီဖြစ်တဲ့ လူနာအယောက် (၃၀) ကို သွေးနမူနာယူစစ်ဆေးကြည့်ခဲ့ပါတယ်။

သိပ္ပံဂျာနယ် eLife မှာတင်ပြထားရာမှာ အဲ့ဒီလူနာအယောက် (၃၀) စလုံးမှာ သွေးကြောတွေပျက်စီးထားတာတွေ့ရပါတယ်တဲ့။

ဒါဟာ ကိုဗစ်ကိုပြန်တိုက်ရင်း lingering immune response ကနေ သွေးခဲလေးတွေဖြစ်စေခဲ့ပုံရပါတယ်တဲ့

အဲ့ဒီကိုယ်ခန္ဓာထဲမှာကိုဗစ်ကိုတိုက်ရင်း ရှိနေတဲ့သွေးခဲသေးသေးလေးဟာ ရုတ်တရက်ပြုတ်ထွက်သွားပြီး တနေရာမှာသွားပိတ်ရင် အသက်အန္တရာယ်ရှိပါတယ်။

သဘောကဗျာ အဲ့ဒီသွေးခဲလေးဟာ နှလုံးသွေးကြောမှာသွားပိတ်ရင် heart attack ရုတ်တရက် နှလုံးထိခိုက်တာဖြစ်ပြီး အသက်ဆုံးနိုင်တယ်။

ဦးနှောက်ထဲမှာသွားပိတ်ရင် ရုတ်တရက် လေဖြတ်နိုင်တယ်။ အသက်ဆုံးနိုင်တယ်။

အခြားကိုယ်အင်္ဂါတစ်ခုခုမှာ သွားပိတ်ရင် အဲ့ဒီကိုယ်အင်္ဂါပျက်စီးပြီးအသက်ဆုံးရှုံးနိုင်ပါတယ်။

အဲ့ဒီတော့ ကိုဗစ်ကနေ ပြန်ကောင်းလာပြီးရင်လည်း ဂရုစိုက်ကြပါ။ အထူးသဖြင့် နှလုံး၊ သွေးတိုး၊ ဆီးချိုရှိသူတွေ အဝလွန်သူတွေပိုသတိထားကြပါခင်ဗျား။

ကဲ .. လူတွေအပေါ်စေတနာနဲ့ရေးဖို့ မနက်ကဖုန်းဆက်ပြီးတိုက်တွန်းခဲ့တဲ့ ညီလေး ကိုစိုးထိုက် Ko Soe Htike PhaDo ရော၊ အရင်ရက်ကတည်းကရေးဖို့ လူတွေအတွက်စိတ်ပူပြီးရေးဖို့ တိုက်တွန်းခဲ့တဲ့ ကိုစိုး Soe Thiha Naung တို့ရဲ့ ကျေးဇူးနဲ့ရေးပေးလိုက်ပါတယ်ခင်ဗျား။

Richard Myo Thant
23-July-2021

12/07/2021

Oxygen အိုး အချိန်ဘယ်လောက်ခံ/ကျန် မလဲတွက်နည်း

Oxygen ပြတ်ပြီး သေနေတာတွေဟာ Oxygen ရှာရခက်လို့/ Oxygen ဘယ်လောက်ပဲ ကြာကြာခံတော့မယ်ဆိုတာ ကြိုတင်မတွက်ဆထားကြလို့ ဒုက္ခရောက်ကြတာ များပါတယ်.

ခုချိန်မှာ Covid ကြောင့် Oxygen level နည်းနေတဲ့လူနာကို တစ်နေရာကနေ တစ်နေရာကို လွှဲပြောင်းတော့မယ်ဆိုရင် ခုလက်ရှိ Tank ထဲက Oxygen ဟာ ဘယ်လောက် အချိန်အတိုင်းအတာထိပဲ လုံလောက်မှုရှိမယ်ဆိုတာ တွက်ချက်ထားရပါမယ်. မတွက်ထားပေးရင် Oxygen ပြတ်ပြီး လူနာသေပါလိမ့်မယ်.

မြန်မာပြည်မှာ များသောအားဖြင့် သုံးနေတဲ့ Oxygen tank တွေဟာ များသောအားဖြင့် Tank D လို့ခေါ်တဲ့ အိုးပု (Oxygen ပမာဏ 400 L ဝန်းကျင်) နဲ့ Tank E လို့ခေါ်တဲ့ အိုးရှည် (Oxygen ပမာဏ 600 L ဝန်းကျင်) တွေ ဖြစ်ပါတယ်.

လူနာရှူနေတဲ့ Oxygen flow rate နဲ့ ရှေ့ခရီးဆက်ရင် Tank ထဲက Oxygen ဘယ်လောက်မိနစ်ပဲ ကြာကြာခံတော့မယ်ဆိုတာ မြန်မြန်သိချင်ရင် သင်္ချာအခြေခံ ( နုတ်, မြှောက်, စား) ကို အခြေခံဝန်ထမ်းတစ်ယောက်အနေနဲ့ သိနေရပါမယ်.

1) Tank pressure ကို ညွှန်ပြတဲ့ လက်တံလေးကို ဖတ်လိုက်, eg. 1200 PSI)
2) ပြီးရင် ဖတ်လို့ရတဲ့ အဖြေထဲက 200 နုတ်လိုက် (eg. 1200-200 = 1000 PSI)
3) ပြီးရင် ကိန်းသေနဲ့ မြှောက်ပါဦး (ဖြတ်လမ်းအားဖြင့် အိုးတိုအတွက်ဆို ကိန်းသေ 0.16, အိုးရှည်အတွက်ဆို ကိန်းသေ 0.28 ဆိုတာကို မှတ်ထား)
4) မြှောက်လို့ရလာတဲ့ အဖြေကို Oxygen flow rate နဲ့ စားလိုက်ပါ (eg. 5 L/min)

ဒီတော့ အပေါ်က Eg မှာ သယ်ရလွယ်တဲ့ အိုးတိုအတွက်ဆိုရင်
1200-200 = 1000
1000 * 0.16 = 160
160÷5 = 32 (မိနစ်) ပဲ ခံပါတော့မယ်. ၃၂ မိနစ်ပြီးရင် Oxygen ကုန်ပါပြီ.

ဒီတော့ ခြုံငုံပြောရရင် ခရီးအကွာအဝေးအလိုက် Oxygen ကို လူနာတင်ကားပေါ်မှာ လုံလောက်စွာ သယ်သွားရပါမယ်. Oxygen ကုန်သွားမှ မျက်လုံးပြူး မျက်ဆန်ပြူး Oxygen လိုက်ရှာနေရင် ကိုယ့်ရှေ့မှာတင် လူနာဟာ မချိမဆန့် သေသွားနိုင်ပါတယ်.

ခုခေတ်လူတိုင်းနီးပါးရဲ့ ဖုန်းမှာ Calculator ရှိပါတယ်. တွက်ရတာ လွယ်လွန်းပါတယ်. ခက်လည်း မခက်ပါဘူး. ဒါလည်း Covid ကာလမှာ လူနာအသက်ကယ်နည်းတစ်မျိုးပါပဲ. အရေးကြီးပါတယ်. အားလုံးအဆင်ပြေကြပါစေ.

crd to original post
https://m.facebook.com/story.php?story_fbid=10226157255466176&id=1482350351

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


33street, Bet 73*74
Mandalay