All about Fitness by Oishi

All about Fitness by Oishi

Share

Whenever you want to know about Fitness
Just come here

22/02/2022

Client's one month Weight Gain Transformation

Workout Programs+Diet Plan=Goal Achieved

31/01/2022

အမျိုးသမီး​များနှင့် အ​လေးကစားခြင်း

အ​လေးကစားခြင်းဟာ အမျိုးသားများနှင့်သာ
သက်ဆိုင်တဲ့ အားကစားလို့ ​တော်​တော်များများက
အမှတ်မှား​​လေ့ ရှိတတ်ကြပါတယ်။

အမျိုးသား​တွေလို ဗလ​တွေ ထွက်လာမယ်အထင်နဲ့
မ​ဆော့ခင်တည်းက ​ကြောက်​နေကြတဲ့ မိန်းက​လေး​တွေလည်း ဒုနဲ့​ဒေး ရှိ​နေသည်။ ဘယ်သူက စလိုက်တဲ့ ဂျင်းရယ်​တော့မသိပါ.....

အ​လေးကစားခြင်းဟာ အမှန်တကယ်​တော့ အမျိုးသမီး​တွေအတွက် ဘယ်လိုသက်​ရောက်မှု​တွေ
ရှိ​နေလဲဆိုတာ ​လေ့လာကြည့်ရ​အောင်။

၁။ အဆီကျ​​စေခြင်း

အမျိုးသမီးများဟာ သဘာဝဖွဲ့စည်းပုံအရ အမျိုးသားများထက် အဆီတက်နိုင်နှုန်း ပိုမိုမြင့်မားပါတယ်။အ​လေးကစားခြင်းဖြင့် ခန္ဓာကိုယ် ကျစ်လစ်မှု
ရှိလာ​စေပြီး Metabolic Rate ကို
မြန်​ဆန်​စေတဲ့အတွက် မလိုအပ်တဲ့ အဆီပို​တွေကို​လျှော့ချ​ပေးနိုင်ပါတယ်။

၂။စိတ်ခံစားမှု​ကောင်းမွန်​စေခြင်း

အ​လေးကစားခြင်း​ကြောင့် endorphins နဲ့ dopamine ကဲ့သို့ စိတ်ခံစားမှုကို​ ​ကောင်းမွန်​စေတဲ့
​ဟော်မုန်း​တွေ ထွက်လာ​​စေပါတယ်။ဒီ​ဟော်မုန်း​တွေက စိတ်ဖိစီးမှုကို သက်သာ​စေပြီး မိမိကိုယ်ကိုလည်း
ယုံကြည်မှု ပိုတိုး​စေပါတယ်။Mental Health အတွက်လည်း အကူအညီဖြစ်​စေပါတယ်။

၃။ခန္ဓာကိုယ်ကို ကြံ့ခိုင်​စေခြင်း

အမျိုးသမီး​များ၌ အမျိုးသားများရဲ့
ကျား​ဟော်မုန်း ၁၀%သာပါရှိတဲဲ့အတွက် အ​လေးကစားခြင်းဖြင့် အမျိုးသားများကဲ့သို့ မာဆယ်​ကြီး​တွေ ထွက်မလာနိုင်​ပေမဲ့ ခွန်အားနှင့်ကြံ့ခိုင်မှု​ကို​တော့ တိုးတက်လာ​စေပါတယ်။

၄။Joint Injury များ ​လျော့နည်း​စေခြင်း

အ​လေးကစားခြင်း​သည် ကြွက်သားများ သန်စွမ်း​စေရုံသာမက အရိုးသိပ်သည်းဆကိုလည်း တိုးပွား​စေတဲ့အတွက် ဒူးနာ၊ခါးနာနှင့် အခြားအရိုးအဆစ်နှင့်ဆိုင်​သော ပြသနာများကို ​လျော့နည်း​စေပါတယ်။

၅။နှလုံး​နှင့်​ဆီးချို​ရောဂါ ကာကွယ်​ပေးခြင်း

အ​လေးကစားခြင်းဟာ မ​ကောင်းတဲ့ ကိုလက်စထ​ရော​တွေ ​လျော့ကျ​စေတဲ့အတွက် နှလုံးကျန်းမာ​ရေးကို အ​ထောက်အကူဖြစ်​စေပါတယ်။အလားတူပဲ
ခန္ဓာကိုယ်တွင်း သကြားဓါတ်က်ို ထိန်းညှိ​ပေးတဲ့အတွက် ဆီးချို​ရောဂါ ဖြစ်ပွားနိုင်​ချေကိုလည်း ​လျော့နည်း​စေပါတယ်။

ဒါဆိုရင်
မိမိရဲ့ခန္ဓာကိုယ်​ကော စိတ်​ကော ကျန်းမာ​ကြံ့ခိုင်ဖို့
အမျိုးသမီး​တွေအ​နေနဲ့ အ​လေးကစားဖို့ကို
​တွေ​ဝေ​နေစရာ လို​တော့မယ် မထင်ပါဘူး။

Training Programs/Diet&Nutrition လမ်းညွှန်ချက်များနှင့် Personal Training Service ရယူလိုပါက
Ph-09793144555 / Chatbox သို့
ဆက်သွယ်​မေးမြန်းနိုင်ပါသည်။

20/01/2022

စနစ်တကျ ဝိတ်ကျချင်သလား?

​ဒီအချက်အလက်​တွေကို သိထားသင့်ပါတယ် ။

1.Calories Deficit(ကယ်လိုရီ​လျှော့စားခြင်း)
နည်းလမ်းကို အသုံးပြုပါ

-ကယ်လိုရီ ​၃၅၀၀ လောင်ကျွမ်းတိုင်း ကိုယ်​လေးချိန် ၁​ပေါင်ကျနိုင်သည့်အတွက် ​တစ်ရက်ကို ကယ်လိုရီ ၅၀၀ ​လျှော့စားပါက တစ်ပတ်ဆိုလျှင် တစ်​ပေါင်ကျနိုင်ပါတယ်။ဒါဟာကျန်းမာ​ရေးနဲ့ညီညွတ်တဲ့ ပမာဏဖြစ်ပါတယ်။

2.Resistance Training ပြုလုပ်ပါ

-Weightကစားခြင်းဟာ ကြွက်သားကြီးထွားမှုကို
အား​ပေးတဲ့အတွက် ကြွက်သားပမာဏ တိုးလာ​လေ​လေ အဆီဆဲလ်​တွေအတွက် ​နေရာနည်းလာ​လေ​လေ
ဖြစ်ပါတယ်။

3.Cardio Exercise အလွန်အကျွံ ပြုလုပ်ခြင်းကို
​​ရှောင်ရှားပါ

-Cardio Exerciseသည် နှလုံးကျန်းမာ​ရေးနှင့် ဝိတ်ချခြင်းကို အ​ထောက်အကူပြုနိုင်​သော်ငြားလည်း
အလွန်အကျွံ ပြုလုပ်ပါက မလိုအပ်​သော Injuryများ
ရရှိနိုင်ပြီး ကျစ်ကျစ်လျစ်လျစ် ဝိတ်ကျဖို့အတွက်
ခဲယဥ်းပါလိမ့်မယ်။ထို့​ကြောင့် Resistance Trainingနှင့် Cardioကို မျှမျှတတ ကစားပါ။

4.​​ရေရှည်ကျင့်သုံးနိုင်မည့် Diet Plan ကိုသာရွေးချယ်ပါ

-​အစာအငတ်ခံပြီး ​ဝိတ်ချခြင်းနှင့် Ketoကဲ့သို့
Popular ဖြစ်​သော ​ရေတိုDietများကို ​
ရေရှည်ကျင့်သုံးပါက Vitamin၊သတ္ထုဓါတ် နှင့် အခြားအာဟာရဓါတ် ချို့တဲ့မှုများ ဖြစ်လာနိုင်ပါတယ်။
ထို့​ကြောင့် အာဟာမျှတ​သော၊​ရေရှည်ကျင့်သုံးနိုင်​သော Dietမျိုးကိုသာ ​ရွေးချယ်ပါ။

5.တစ်​နေ့ကို အိပ်ချိန်၆နာရီ အနည်းဆုံး ထားရှိပါ

-အိပ်​ရေးမဝပါက ကိုယ်ခံအားကျဆင်းပြီး ဝိတ်တက်​စေနိုင်ပါတယ်။ည၁၂နာရီ ​နောက်ဆုံးထားပြီး
တစ်​နေ့ကို၆နာရီ အနည်းဆုံးအိပ်ပါ။

အားလုံးပဲ စနစ်တကျ ဝိတ်ချနိုင်ကြပါ​စေ😉

More Info about Training Programs & Diet Plans
Contact Me Via
ChatBox (or) Ph-09793144555

Currently , I am providing
Personal Training Services for you guys !

14/01/2022

Gym စ​ဆော့မယ့် Beginner​ တွေ
သိထားသင့်​​သော အကြောင်းအရာများ

ကျန်မာ​ရေး(Health) ၊ အဆီလျော့ချ ဖို့ (Fat Loss) နဲ့ ကြွက်သားထုတင်ဖို့(Hypertrophy)
စတဲ့ ယေဘုယျ အချက်(၃)ချက်​ကြောင့် Gym စ​ဆော့ဖြစ်တတ်ကြပါတယ်

ဘယ်လိုအ​ကြောင်း​ကြောင့်ပဲ စ​ဆော့​ဆော့
Gym ကစားခြင်းဟာ အမူအကျင့်​ကောင်းတစ်ခုကို
အစပျိုးတယ်လို့ပဲ မှတ်ယူပါ။

စတင်ချိန်မှာ​တော့ ​ယောင်လည်လည်နဲ့ လမ်း​ပျောက်သလို ဖြစ်တတ်ကြတာသဘာဝပါ။
မစိုးရိမ်ပါနဲ့။
Gym ခန်းမထဲ က Poster​တွေမှာ ​တွေ့ရ​လေ့ရှိတဲ့ ကာယဗလသမားကြီး​တွေလည်း အလားတူအ​ခြေ​နေမျိုး ဖြတ်​ကျော်လာခဲ့ရတာပါ။

Beginner​တွေအ​နေနဲ့ ကစားနည်း​တွေနဲ့ပတ်သက်ပြီး ဘာ​တွေသိထားသင့်လဲ?

-စတင်​လေ့ကျင့်ချိန်မှာ Free Weight ကစားနည်း​တွေထက် Machine​တွေကို ဦးစား​ပေးကစားပါ။
(မိမိ​ဆော့တဲ့ ကစားနည်းအလိုက် အသုံးပြုရတဲ့ ကြွက်သားကို ခံစားတတ်/ညှစ်တတ်ရန် တစ်နည်းအားဖြင့် Mind-Muscel Connection ရရှိဖို့အတွက် Machine​တွေက ပိုမိုလွယ်ကူ​စေလို့ပဲ ဖြစ်ပါတယ်)

-အမြင်ဆန်းတဲ့ Workout တွေထက် Basicကစားနည်း​​တွေကို ပိုင်နိုင်​အောင် အရင်​​လေ့ကျင့်ပါ။
-ကစားနည်းတိုင်းမှာ Exercise Form မှန်ကန်ဖို့ကိုသာ ဦးစား​ပေးပါ။

-မိမိလိုချင်တဲ့ Fitness Goal အတွက်ကိုက်ညီတဲ့
Training Program ထားရှိပါ။(မဟုတ်ရင် ခရီးမ တွင်ပဲ မိမိလိုချင်တဲ့ ​ပြောင်းလဲမှုကို မရပဲဖြစ်တတ် ပါ တယ်။)

-တစိုက်မတ်မတ် ကစားပါ။Gymကစားခြင်းမှာ
Overnight Miracle မရှိပါ။ Consistency ကသာအဓိကျပါတယ်။

Diet/Supplement ​တွေနဲ့ ပတ်သက်ပြီး ဘာ​တွေသိထားသင့်သလဲ?

-အာဟာရမျှတတဲ့ Whole Food​တွေကို အဓိကဦးစား​ပေးစား​ပါ/အချိန်မှန်စားပါ။

-အစွန်း​ရောက်တဲ့ Dietမျိုးကို ​ရှောင်ကြဥ်ပါ။

-Popularဖြစ်တဲ့ Diet​တွေထက် မိမိနဲ့အမှန်တကယ် ကိုက်ညီမယ့် Dietမျိုးကိုသာ ​ရွေးချယ်ပါ။

-Supplement​တွေအ​ပေါ် ယုံကြည်မှု မလွန်ကဲပါ​စေနဲ့။ (Supplement​ကြေညာ​တွေကို ​ ကြွက်​သား​တွေ အ​မြှောင်း​မြှောင်း​ပေါ်​နေတဲ့ Proကစားသမား​တွေနဲ့ ​ကြေညာ​လေ့ရှိပါတယ်။ထိုသူ​တွေဟာ ကစားချိန်များစွာ ​ကြိုးစားဆော့ထားရတယ်ဆိုတာ နဲ့ Steroid User​တွေ ဖြစ်တဲ့အချက်ကို​ရော သတိပြု​ပေးပါ။)

-မိမိအတွက် အမှန်တကယ် လိုအပ်မည့် Supplementကိုသာအသုံးပြုပါ။
( ဖြည့်စွက်စာဆိုတာက လိုအပ်တဲ့အာဟာရဓါတ်ကို တကယ့်အစားစာက​နေ ဖြည့်တင်းဖို့ အခက်ကြုံတဲ့အခါမှသာ အစားထိုးသုံးစွဲဖို့သာ ဖြစ်ပါတယ်။)

ဒီအချက်​လေး​တွေကို သိရှိထားတယ်ဆိုရင်​တော့
Beginnerအတွက် အ​ထောက်အကူဖြစ်မယ်လို့ ​မျှော်လင့်ပါတယ်။

Training Programs/Diet&Supplement နဲ့ပတ်သက်ပြီး ပိုမိုသိရှိချင်တယ် ဆိုရင်တော့
Ph-09793144555 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Currently,I am providing Personal Training Services for those in need.

14/01/2022

Fitness is all about delivering the healthy lifestyle for everyone !

11/01/2022

BCAA တကယ်ပဲ အလုပ်ဖြစ်သလား ?
ဂျင်းလား?

သိချင်ရင်​တော့ ဆက်ဖတ်ဖို့ အကြံပြုပါရ​စေ။

BCAA(Branched-Chain Amino Acids)ဆိုတာ
ကျ​နော်တို့ Fitnessနယ်ပယ်မှာ Popularအဖြစ်ဆုံး
Supplement​တွေထဲက တစ်ခုဆို​တာ​တော့
ငြင်းလို့မရပါဘူး။

BCAA ဆိုတာဘာလဲ?🤔

BCAAဆိုတာက​တော့ ကြွက်သားတည်​ဆောက်တဲ့​နေရာမှာ
Buliding Block​လေး​တွေအဖြစ် ကူညီ​ပေးကြတဲ့
Essential Amino Acid 9မျိုးထဲမှာ အပါအဝင်ဖြစ်တဲ့
Leucine,Isoleucineနဲ့Valineတို့ဖြင့် ဖွဲ့စည်းထားတဲ့
Amino Acid အစုအ​ဝေး ဖြစ်ပါတယ်။

BCAAကို Supplement Company​ တွေက ဘယ်လိုClaimလုပ်​လေ့ရှိသလဲ?🤫

-ကြွက်သားတည်​​ဆောက်ရာမှာ ကူညီ​ပေးတယ်။
-ကြွက်သားနာကျင်ခြင်းကို သက်သာ​စေတယ်။
-ကြွက်သား​တွေ ဆုံးရှုံးမှုနည်း​အောင် ကာကွယ်​ပေးတယ်။
-ကြွက်သားRecovery ဖြစ်​​အောင် ကူညီ​ပေးတယ်။
-ကစားအား​ကောင်း​စေတယ်။

ဒီအချက်အလက်​တွေက တကယ်ပဲလား?🤔

တကယ်တမ်း​ပြောရရင်​တော့ အခုချိန်ထိ
ဒီအချက်အလက်​တွေ တကယ်အလုပ်ဖြစ်ပါတယ်လို့
Scientifically Proven လုပ်ထားခြင်း
မရှိ​သေးပဲ ​ဝေဝါး​နေဆဲပါပဲ။

ဒါဆိုဘာလို့ BCAAက Popularဖြစ်​နေရတာလဲ?🤔

👉အဓိကအချက်က​တော့ Fitness Infulencer​တွေနဲ့
Supplement Company​တွေ​ပေါင်းပြီး ​
စျေးကွက်ဖြန့်​နေလို့လို့ပဲ ​ကောက်ချက်ဆွဲပြီး ​
ပြောလို့ရပါတယ်
(၂ဦး၂ဖက် စီးပွား​ရေးအရ အကျိုးရှိကြတာကိုးဗျ)

👉သုံးစွဲတဲ့သူ​တွေဘက်က
ကြည့်ရင်လည်း ကိုယ်အားကျရတဲ့
Fitness Influencer​တွေက ​ကြေညာတာဆို​တော့
ယုံကြည်မိတဲ့ အပိုင်းလည်း ရှိတာ​ပေါ့ဗျာ။

BCAAမှ မဟုတ်ပါဘူး ​အလားတူSupplementမျိုးကို
​ပြောပြရရင် Testosterone Boosterလို​
ကောင်​​တွေလည်း ပါပါတယ်။
သူလည်းအလားတူ Marketing Strategyမျိုးနဲ့
​စျေးကွက်ထဲမှာ ​ရောက်​နှင့်ပြီးဖြစ်ပါတယ်။
(အခြားSupplement​တွေလည်း ကျန်ပါ​သေးတယ်)

ဒါဆိုBCAAအစား ဘာ​တွေသုံးသင့်သလဲ?🤔

-Proteinကြွယ်ဝတဲ့ Whole Food Diet​တွေကို
ဦးစား​ပေးစားပါ။(သူတို့မှာ Essential Amino Acid
၉မျိုးလုံးအပြင် အခြားအာဟာရဓါတ်​တွေလည်း ပါပါတယ်)
-BCAAအစား Essential Amino Acid 9မျိုးစလုံးပါတဲ့
EAAကိုသုံးပါ။
-တကယ်အလုပ်ဖြစ်တဲ့ (Whey Protein,Creatine,
Preworkout)တို့လို Supplement​တွေကို အစားထိုးပြီး
သုံးစွဲပါ။

ဒါဆိုရင် BCAAအ​ကြောင်းကို အကြမ်းဖျဥ်း
နားလည်သွားမယ်လို့ ယူဆပါတယ်။

Save your Money guys!

အဆုံးထိဖတ်​ပေးလို့ ​ကျေးဇူးတင်ပါတယ်ဗျ။

Supplementနဲ့Dietအတွက်ပဲဖြစ်ဖြစ်
Body Transformationအတွက် Personal Trainer
လိုအပ်ရင်ပဲဖြစ်ဖြစ် ကျ​​နော်အ​နေနဲ့
PT Service​ပေး​နေပါတယ်ဗျ။

Contact Me Via CB/Ph-09793144555

May everyone achieve Fitness Goals😉

11/01/2022

ညကျရင် BCAAအ​ကြောင်း တင်​ပေးပါ့မယ်ဗျာ😄

Photos from All about Fitness by Oishi's post 07/01/2022

ညဘက် ​ကောင်း​ကောင်း အိပ်မ​ပျော်ဘူးလား 🤔

ဒါဆိုရင်​တော့ ဒီ Postက သင့်အတွက် အကူအညီဖြစ်မယ်လို့

​မျှော်လင့်ပါတယ်။

ညဘက်​နှစ်ခြိုက်စွာ အိပ်မ​ပျော်ခြင်း/အချိန်ကြာမြင့်စွာ အိပ်စက်​သော်ငြားလည်း နိုးထချိန်မှာ လန်းဆန်းမှုမရှိဘဲ ပင်ပန်းနွမ်းနယ်​နေပြီ ဆိုရင်တော့
ဒါဟာ Insomnia​ ကြောင့်ဖြစ်နိုင်ပါတယ်။

🤔 Insomnia က အ​ခြေ​နေ ၂ရပ်​ကြောင့် ဖြစ်နိုင်ပါတယ်။

1. စိတ်/ရုပ်ပိုင်းဆိုင်ရာ ကျန်မာ​ရေး အ​ခြေ​နေတွေ ဖြစ်တဲ့

-စိတ်ဖိစီးခြင်း ၊ စိတ်ကျ​ ခြင်း ၊ အခြားစိတ် နှင့်
သက်ဆိုင်​သောရောဂါများရှိခြင်း။

-Sleep Apnea
( အိပ်​နေစဥ် အသက်ရှူ ရပ်တန့်တတ်​သောရောဂါ) ရှိခြင်း။

-နာတာရှည်​ရောဂါများအတွက် ​ဆေးဝါးသုံးစွဲရခြင်း
စတာတွေကြောင့်ဖြစ်နိုင်သလို

2. ( Healthy Life Style ) ကျန်းမာတဲ့ ‌စားသောက်
နေထိုင်ခြင်းမရှိပဲ လွဲမှားသော အပြုမူများဖြစ်တဲ့

-အစား စား ချိန်မမှန်ခြင်း။
အာဟာရမျှတစွာ စား​သောက်မှုမရှိခြင်း​။
ဆီကြော်စာများနှင့် Junk Food များ
အလွန်အကျွံ စားသုံးခြင်းကြောင့် ​ဟော်မုန်းမညီမျှမှု
ဖြစ်ပြီး Vitaminနှင့်သတ္ထုဓါတ်များ ချို့ယွင်းကာ
အိပ်စက်ချိန်တွင် အသည်းကလိုတာထက်ပို၍
အလုပ်လုပ်​နေရခြင်း။

-ကိုယ်လက်လှုပ်ရှားမှု အလွန်နည်းပါးခြင်း။

-တစ်​နေ့တာ Screen Time များလွန်းခြင်း။

-နေ့ခင်းဘက် တ​ရေးတ​မော အိပ်စက်မှု ကြာလွန်းခြင်း။

-​ကော်ဖီ/လက်ဖက်ရည်နှင့် Energy Drinkကဲ့သို့
ကဖိန်းပါ​သောအရာများ အ​သောက်များခြင်း။

Insomniaရဲ့ဆိုးကျိုး​တွေက😬

-မိမိ​ရဲ့​နေ့စဥ် လုပ်ငန်း​​ဆောင်တာ​တွေမှာ စွမ်း​ဆောင်ရည်
ကျဆင်းခြင်း။

-ကိုယ်ခံအားစနစ် အားနည်းလာခြင်း။

-အဝလွန်ခြင်း။

-နှလုံး၊ဆီးချိုနှင့်အခြား​သော နာတာရှည်​ရောဂါများ၊
စိတ်ဖိစီးမှုနှင့်စိတ်ကျန်းမာ​ရေးနှင့်ပတ်သက်​သော
​ရောဂါများ အစပျိုးလာနိုင်ခြင်းနှင့် အခြားကျန်းမာ​ရေး
ဆိုင်ရာ ချို့ယွင်းချက်များ ဖြစ်လာနိုင်ပါတယ်။

ဒါ​တွေမဖြစ်​အောင် ဘယ်လိုဆင်ခြင်​နေထိုင်ကြမလဲ?🤔

-ကိုယ်လက်လှုပ်ရှား အားကစားနည်း တစ်ခုခုကို တစ်ရက်မှာ
အနည်းဆုံး နာရီဝက်​လောက်လုပ်ပါ။

-အာဟာရမျှတတဲ့ အစားစာ​တွေကို အချိန်မှန်စားပါ။

-တစ်​နေ့တာScreen Time​လျှော့ချပြီး ညအိပ်ခါနီး
၄၅မိနစ်​လောက်အလိုမှာ Phoneနဲ့အခြား
Blue Lightဖြာထွက်တဲ့ ElectronicDevice​တွေ
မသုံးပဲ​​နေပါ။

-Meditationနဲ့Yogaလုပ်ပါ။

-ည၁၂နာရီ​နောက်ဆုံးထားပြီး အိပ်ယာဝင်ပါ။

-ကျန်းမာ​ရေးဆိုင်ရာ အ​ခြေအ​နေများ​ကြောင့် အိပ်မ​ပျော်တာ
ဆိုရင်​တော့ ဆရာဝန်နဲ့ ​ဆွေး​နွေးတိုင်ပင်ပါ။

Extra Tip - ရည်းစားပူမိလို့ အိပ်မရဘူးဆိုရင်​တော့
ကိုယ့်ထိုက်နဲ့ကိုယ့်ကံပါဗျ🤣

ဒီ​လောက်ဆိုရင်​တော့ Insomniaကို ရင်ဆိုင်​ကျော်လွှားဖို့
​ဆောင်ရန်/​​ရှောင်ရန်​လေး​တွေကို အနည်းနဲ့အများ
နားလည်သွားမယ် ​မျှော်လင့်ပါတယ်​နော်😊😊😊

အားလုံးပဲ ​ကောင်းမွန်အိပ်စက်ခြင်းကို
ညတိုင်းရရှိကြပါ​စေဗျ

05/01/2022

👉Day Split ​အ​ကြောင်း သိချင်ရင် ဝင်ဖတ်သွားပါ👈

Gym စ​ဆော့ပြီဆိုရင် သိကိုသိသင့်တဲ့ထဲမှာ Day Split
အ​ကြောင်းက မပါမဖြစ်​ပေါ့

ဒီ​တော့ Day Splitဆိုတာဘာလဲ ?

👉ဘယ်​နေ့မှာ ဘယ်ကြွက်သားကို ​လေ့ကျင့်မလဲ ဆိုတာကို
​နေ့ရက်ပိုင်းခြားထားတဲ့ အချိန်ဇယားတစ်ခု​ပါ

ဒီpostမှာ​တော့ ကျ​နော်က လူသိများတဲ့ Day Split
၂ခုအ​ကြောင်းကို ​ပြောပြသွားမှာပါ

👉ပထမတစ်ခုက​တော့ ​တော်​တော်များများနဲ့ ရင်းနှီး​နေမယ့်
Bro Split အ​ကြောင်းပါ

👉Bro Split ဆိုတာဘာလဲ?

👉သူက​တော့ ကြွက်သားအုပ်စုတစ်ခုကို တစ်ရက်နှုန်းနဲ့ ​
​လေ့ကျင့်တဲ့ စနစ်ပါ
👉ဥပမာ-Chestဆိုရင် Chest Workout​တွေချည်းပဲ
တစ်ရက်တည်း ​ဆော့တဲ့သ​ဘောမျိုးပါ
Chest/Back&Traps/Shoulders/Biceps&Triceps/Legs တစ်ရက်ချင်းစီ ​လေ့ကျင့်တဲ့စနစ်ပါ

👉Bro Splitက Beginner​တွေ အတွက်​တော့
​တုံ့ပြန်အား​ကောင်းတဲ့ စနစ်တစ်ခုပါ
👉အားသာချက်က ကြွက်သားတစ်ခုချင်းစီကို
Detail လိုက်ကစားနိုင်တာပါ
👉 အားနည်းချက်က​တော့ ​ဆော့သက်အနည်းငယ်
ရလာတဲ့အခါ ကြွက်သားတက်နှုန်း ​နှေးသွားတတ်ပါတယ်
ပြိုင်ပွဲဝင်ကာယဗလသမား​တွေအတွက် အဆင်​ပြေ​ကောင်း
​ပြေနိုင်​ပေမဲ့ သာမန်ကစားသမား​တွေအတွက်
အခက်​တွေ့နိုင်ပါတယ်

​နောက်ထပ်Day Splitတစ်ခုက​​တော့
Push-Pull-Legs ဖြစ်ပါတယ်

👉Push-Pull-Legs ဆိုတာဘာလဲ

👉Push(အတွန်း)/Pull(အဆွဲ)/Legs(​အောက်ပိုင်း)

👉Push Dayမှာ အတွန်းကြွက်သား​တွေဖြစ်တဲ့
CHEST/SHOULDERS/TRICEPSတို့ကို​
လေ့ကျင့်ရပါတယ်
👉Pull Dayမှာ အဆွဲကြွက်သား​တွေဖြစ်တဲ့
​BACK/BICEPS တို့ကို​လေ့ကျင့်ရပါတယ်
👉Legs Dayမှာ​တော့ ​အောက်ပိုင်း​ကစားနည်း​တွေ ​
လေ့ကျင့်ရပါတယ်
ဒီ​တော့သူက ၃ရက်ကစား ၁ရက်နား ပြီးရင်၃ရက်ပြန်ကစား
တဲ့ ပုံစံဖြစ်ပါတယ်

👉အားသာချက်က​တော့ ကြွက်သားတစ်ခုကို တစ်ပတ်မှာ
၁ရက်ထပ်ပိုပြီး ​ကစားရတဲ့အတွက်
ကြွက်သားအတက်မြန်​စေပါတယ်
👉အားနည်းချက်က Detailကျ​အောင် ကစားဖို့​တော့ အခက်​ တွေ့​စေနိုင်ပါတယ်

ဒါက​တော့ ကျ​​နော့်အ​နေနဲ့ အကြမ်းဖျဥ်း​ ​ပြောပြထား​​တာပါ

မိမိနဲ့သင့်​လျော်မယ့်
Day Split နဲ့Workout Program​ကောင်းတစ်ခု
ရှိ​နေဖို့က​တော့ အ​ရေးကြီးပါတယ်

ဒါမှသာ Progress​ကောင်း​ကောင်း ​တွေ့ရမှာပါ

👉မိမိနဲ့ကိုက်ညီတဲ့Workout Programလိုချင်ရင်ပဲဖြစ်ဖြစ်
Diet&Nutrient Guidance လိုအပ်​နေရင်ပဲဖြစ်ဖြစ်
Individualsအတွက် Training Programနဲ့
Diet&Nutrient Knowledge ​တွေကို ကျ​နော့်အ​နေနဲ့
Personal Training Service​ပေး​နေပါတယ်ဗျာ

New Year
New Body&Mind

Contact Me Via
Chatbox / ☎️09793144555

29/12/2021

Covid ကာလအတွင်းမှာ ကျန်းမာ​ရေးရဲ့ အ​ရေးပါပုံကို အားလုံးသတိချပ်မိမယ် ထင်ပါတယ်ဗျ
အားကစားလိုက်စားမှု လုံးဝမရှိတဲ့သူ​တွေမှာ
Covidရဲ့ရိုက်ခက်မှုက ပိုပြီးသပ်​ရောက်မှုကြီးတာကိုလည်း သိသိသာသာ ​တွေ့ရပါတယ်
ဒီ​တော့ ကျန်းမာသန်စွမ်း​နေဖို့ ဘယ်အားကစားကို ​ရွေးချယ်ကစားသင့်လဲ?
Gymမှာ Weight/Resistance Training ကစားတာကို
​ရွေးချယ်ဖို့ အကြံပြုပါရ​စေ

Gymကစားတယ်ဆိုတာဟာ ​ရေတိုအားကစားမဟုတ်ပဲ သင်တို့အတွက် Lifetime Sportပါခင်ဗျ
ဘာလို့ဒီလို​ပြောရလဲဆို​တော့ ကျ​နော်တို့ အိုမင်းလာတဲ့အချိန်မှာ ချိနဲ့လာရခြင်းရဲ့ အဓိကအ​ကြောင်းအရင်းက​တော့ ခန္ဓာကိုယ်မှာ ကြွက်သား​တွေဆုံးရှုံးသွားတဲ့အတွက် ဖြစ်ပါတယ်

Weight Trainingနဲ့ Muscleတည်​ဆောက်ခြင်းအားဖြင့် အသက်ရလာတဲ့ခါ တခြားရွယ်တူတန်းတူ​တွေထက်
ပိုပြီး​တော့ သန်စွမ်းဖျတ်လတ်မှာက​တော့
အ​သေအချာပါပဲ

ဒါ​ကြောင့်သင်တို့ဘဝအတွက် LifeTime Sportလို့​
ပြောရခြင်း ဖြစ်ပါတယ်ဗျ
ဘယ်အားကစားပဲဖြစ်ဖြစ် (ဥပမာ-Football,Basketball .etc) Weight Trainingနဲ့
မလွတ်ကင်းပါဘူးဗျ ကစားကိုကစား​ပေးရပါတယ်
သက်ဆိုင်ရာအားကစားအလိုက် အသုံးပြုရတဲ့ ကြွက်သား​တွေ သန်စွမ်းမှုရှိဖို့အတွက်ပါ

Weight Trainingအ​ကြောင်းပဲ ​ပြော​နေလို့
Cardiovascular Exercise​တွေက​ကော
အ​ရေးမပါဘူးလားဆို​တော့

ခန္ဓာကိုယ်​ပေါ်က ကြွက်သား​တွေသန်စွမ်းဖို့ အ​ရေးပါသလို ခန္ဓာကိုယ်တွင်းက နှလုံးသားကြွက်သား သန်စွမ်းဖို့လည်း
အ​ရေးကြီးပါတယ်

Cardiovascular Exerciseဆိုတာ သူ့ရဲ့နာမည်အတိုင်းပဲ နှလုံးကျန်းမာ​ရေးအတွက် အခရာကျပါတယ်
Weight​နဲ့Cardioကို သင့်တင့်မျှတစွာ ကစားဖို့လည်း လိုအပ်တယ်ဆိုတာကို ​သ​ဘော​ပေါက်မယ်လို့ ထင်ပါတယ်

ဒီ​လိုဆိုရင်
-အဝလွန်​နေလို့ အဆီကျ ကျစ်လျစ်ချင်ရင်ပဲဖြစ်ဖြစ်
-ဘယ်​လောက်စားစား ဝိတ်မတက်လို့ စိတ်ညစ်​နေရင်ဖြစ်ဖြစ်
-ကျန်းမာ​ရေးအတွက်ပဲဖြစ်ဖြစ်
-​Gymဆော့တာ​တော့ကြာပြီ ဘာမှ​ပြောင်းလဲမှု
မရှိဘူးဆိုရင်ပဲဖြစ်ဖြစ်
-New Yearမှာ New Bodyနဲ့ လန်းချင်လို့ပဲဖြစ်ဖြစ်

သင်တို့လိုချင်တဲ့ Body Goal​ပေါ် မူတည်ပြီး​တော့
ကိုယ်နဲ့ကိုက်ညီတဲ့ Training(Weight/Cardio)Program​တွေနဲ့ Diet Plan​တွေကို ကျွန်​တော်က
Personal Training Service​ ပေးသွားမှာပါ

ကျွန်​တော့်ဆီမှာ လာ​ရောက်​ဆွေး​နွေးကြည့်ပါ
လိုအပ်​နေတာ​တွေကို အ​ဖြေရှာနိုင်ဖို့ ကူညီပါရ​စေ

Contact Me Via
CB/09793144555

24/12/2021

Whey Proteinသုံးဖို့ စဥ်းစား​နေတဲ့သူ တစ်​ယောက်လား?
ဒါဆိုရင် ဒီpostကို ​အရင်ဖတ်သွားဦး​နော်

-Whey Protein ဘယ်က​နေရသလဲ?

နွားနို့မှာ proteinအမျိုးအစား ၂မျိုးပါပါတယ်
Casein(80%) နဲ့ Whey (20%) ပါဝင်ပါတယ်
Wheyက​တော့ Cheeseထုတ်လုပ်တဲ့အချိန်မှာ ကြွင်းကျန်တဲ့
အရည်ကြည်အစိတ်အပိုင်းမှ ရရှိပါတယ်

-Whey Protein ကိုဘာအတွက်သုံးကြသလဲ

Proteinကို တကယ့်အစားအစာ(Whole food)က​နေ
ကိုယ့်အတွက် ​လုံ​လောက်တဲ့ ပမာဏကို ပြည့်မီ​အောင် စားဖို့ အခက်အခဲရှိတဲ့သူ​တွေအတွက် ဖြည့်စွက်စာအ​နေနဲ့
သုံးစွဲကြပါတယ်

ဒီ​နေရာမှာ သတိချပ်ရမှာက ဖြည့်စွက်စာဆိုတာကိုပါ
Whole food​တွေမှာ ပါဝင်​တဲ့ တခြားအာဟာရဓါတ်​တွေကို​တော့ ဖြည့်စွက်စာက​နေ မရရှိနိုင်ပါဘူး

ဆိုလိုချင်တာက ကိုယ့်Protein Intakeရဲ့ ၃ပုံ၂ပုံကို
တကယ့်အစားအစာက​နေ ရရှိ​အောင်စားသင့်ပါတယ်
ကျန်တဲ့၁ပုံ​လောက်ကိုပဲ ဖြည့်စွက်စာအကူအညီယူပါ

-Whey Proteinကဘယ်လိုလူ​တွေအတွက် အဆင်မ​ပြေ
ဖြစ်​စေနိုင်သလဲ?

Wheyကိုနွားနို့က​နေ ထုတ်လုပ်ထားတာ
ဖြစ်တဲ့အတွက်​ကြောင့် နွားနို့မှာပါဝင်တဲ့ သကြား(lactose)နဲ့ ဓါတ်မတည့်တဲ့သူ​တွေ အ​နေနဲ့​ကတော့ အဆင်မ​ပြေနိုင်ပါဘူး
ဒါ​ကြောင့် တခြားProtein Source(ဥပမာ-ပဲက​နေထုတ်တဲ့ Vegan Protein Powder) က​နေရတဲ့ Proteinမျိုးကို အစားထိုးသုံးစွဲနိုင်ပါတယ်

-Whey Protein ရဲ့ ​ကောင်းကျိုး​တွေကဘာ​တွေလဲ
အဆီကျ​ဖို့ အကူအညီ​ပေးတယ်ကြွက်သားတက်​​ဖို့ အ​ထောက်အပံ့ ဖြစ်​စေတယ်Cholesterol Levelကို ​လျော့ကျ​စေပါတယ်HIV ​ရောဂါသည်​တွေအတွက် ကိုယ်အ​လေးအချိန် အလွန်အမင်း ကျဆင်းတာမဖြစ်​အောင် ကူညီ​ပေးပါတယ်

-Whey Protein အမျိုးအစား ဘယ်​လောက်ရှိသလဲ?

ကျွန်​တော်တို့အ​နေနဲ့ ​စျေးကွက်ထဲမှာ ​လေ့လာကြည့်မယ်ဆိုရင် အများ​သောအားဖြင့် ​အောက်​ဖော်ပြပါ
အမျိုးအစား၃မျိုးကို ​တွေ့နိုင်ပါတယ်

1.Whey Proein Concentrate

Protein 70-80% အထိပါဝင်ပြီး Lactoseနဲ့ အဆီပါဝင်မှု အနည်းငယ် ရှိပါတယ်
အရသာအ​ကောင်းမွန်ဆုံးနဲ့ ​စျေးအသက်သာဆုံး ဖြစ်ပြီး​တော့ သင်ဟာWeight Lossသမား မဟုတ်ဘူးဆိုရင်​တော့
ဒီအမျိုးအစားက သင့်အတွက် ကိုက်ညီမှုရှိနိုင်ပါတယ်

2.Whey Protein Isolate

Protein 90%နဲ့အထက် ပါဝင်ပြီး Lactoseနဲ့အဆီပါဝင်မှုနှုန်းက Concentrateထက် နည်းပါတယ်
Concentrateထက် ​အစာအိမ်က ​ချေဖျက်စုပ်ယူနိုင်စွမ်း
ပိုမို​ကောင်းမွန်ပြီး​တော့ ​စျေးအနည်းငယ် ပိုများပါတယ်
Lean Muscle & Weight Loss သမားများအတွက် ပိုပြီးသင့်​လျော်ပါတယ်

3.Whey Protein Hydrolysate

Proteinပါဝင်မှုနှုန်းက​တော့ Isolateနဲ့အတူတူ​လောက် ဖြစ်ပြီး​တော့ အမျိုးအစား၃မျိုးထဲမှာ ​စျေးအကြီးဆုံးပါ
ဘာလို့​စျေးအကြီးဆုံး ဖြစ်ရသလဲဆို​တော့ကာ သူက pre-digestedဖြစ်ပြီး တခြားwhey​တွေထက် အစာအိမ်က အမြန်ဆုံး စုပ်ယူ​ချေဖျက်နိုင်လို့ပါ

ဒါဆိုရင် Wheyရဲ့အ​ကြောင်းကို ထိုက်သင့်သ​လောက် နားလည်သ​ဘော​ပေါက်မယ်လို့ ယူဆမိပါတယ်ခင်ဗျား

အခြားသိချင်တာရှိရင်လည်း လာ​ရောက်​မေးမြန်းနိုင်ပါတယ်

ယခုလို Dietနဲ့Supplementအ​ကြောင်း​တွေဖြစ်​ဖြစ်
Fat Loss နဲ့ Muscle Gain အတွက်
Training နဲ့ Diet ​​​Plan တွေအကူအညီလိုရင်ဖြစ်​ဖြစ်
သင်တို့ရဲ့Fitness Goal​တွေ ဖြစ်​မြောက်​အောင်
ကျ​နော်က Personal Training Service​ ပေး​နေပါတယ်ဗျ

Contact me via
Chatbox or Ph-09793144555

Have a nice day Everyone!

Category

Telephone

Website

Address


Mandalay

Alerts

Be the first to know and let us send you an email when All about Fitness by Oishi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Mandalay.