Yande skincare & cosmetics
Skincare & Cosmetics Retail & Wholesale
08/04/2026
07/01/2026
Hello hello ရှင်တို့ရဲ့ ဘာစျေးမှ မရောင်းတာကြာပြီဖြစ်တဲ့ admin ပါ 🫣🫰🏻
ဒီနေ့ကတော့ page ကနေ စျေးမရောင်းဘဲ sharing is caring လုပ်မှာဖြစ်ပါတယ် 🥳
Ivy က လက်ရှိထိုင်းမှာနေနေပေမယ့် ထိုင်းစကားမပြောတတ်ဘူးဆိုတော့ ဆံပင်လုပ်ချင်ရင်တို့ တခုခုဆို communication အဆင်မပြေမှာစိုးနေတာနဲ့ မသွားချင် မလုပ်ချင် အမြဲဖြစ်တယ်ပေါ့နော် ဒါပေမယ့် မနေ့ကတော့ ဆံပင်ဆိုင်တစ်ခုမှာ ဆံပင်ဆေးသွားဆိုးခဲ့ပါတယ် အဲ့အကြောင်းလေး share ချင်တာပါရှင် 🤩
အရင်ဆုံး ဆိုင်လေးနာမည်ကတော့ KIKI beauty space လို့ခေါ်ပါတယ် Ivy သွားခဲ့တဲ့ဆိုင်ကတော့ Siam square မှာရှိတဲ့ဆိုင်ပါ တခြားဆိုင်ခွဲတွေလဲရှိသေးပေမယ့် သေချာတော့ မသိဘူးပေါ့နော်
Ivy က အစိမ်းရောင်ဆိုးချင်တာမို့ အရင်ဆုံး ဆံပင်ကို ချွတ်ဆေးသုံး bleach ပါတယ် ၂ ကြိမ်ချွတ်ပြီးနောက်မှာတော့ ဆံပင်ဟာ ပြောင်းးးဖူးးးမွေးးး😭
ဒါမယ့်လဲ လှချင်တော့ မမှုပါဘူး ဟိဟိ
Ivy ခနခန ခေါင်းကစပ်တယ်ပြောနေတော့ Hairdresser ကောင်မလေးကလဲ စိတ်ပူ အဆင်ပြေလားကို တဖွဖွမေးပြီး scalp care product ကို သေချာလေးသုံးပေးတယ်ပေါ့နော် service ကတော့ တကယ်စိတ်တိုင်းကျခဲ့ရပါတယ် ဆံပင်ကိုင်တာတွယ်တာလဲ သေသပ်တယ် စိတ်လဲရှည်ကြတယ်
Hygiene လဲ ဂရုစိုက်တယ် ပြီးတော့ မြန်မာစကားပြောတတ်တဲ့ဝန်ထမ်းလဲရှိတယ် English လိုလဲ ကောင်းကောင်း communicate လုပ်လို့ရခဲ့တယ်
စျေးနှုန်းကတော့ အရမ်းများတယ်လို့တော့ မခံစားရဘူးပေါ့နော် ဒါမယ့် နည်းလဲမနည်းဘူး ပုံမှန်ထိုင်းဆိုင်တွေရဲ့ စျေးနှုန်းလောက်ပါပဲ
ဆိုင်က service အနေနဲ့ကတော့ ရေလေးပဲ တိုက်တာမို့ ဒါလေးတစ်ခုတော့ရှိ🙄
Overall rating အရ 9/10 for me ပါ
Anyway နောက်ဆုံးမှာတော့ အဆင်ပြေစွာ စိတ်တိုင်းကျစွာနဲ့ အစိမ်းရောင်လေး ဆိုးပြီးသွားခဲ့ပါတယ်ရှင် ကျမရဲ့ ကောင်မလေးတွေလဲ ဆံပင်ညှပ်ဆိုင်အဆင်ပြေတာလေး ရှာနေတယ်ဆိုရင် သွားကြည့်ကြပါလို့ recommend ပါရစေ😚
Page link- https://www.facebook.com/profile.php?id=100089568377968
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay