Lwin May Snail Skin Care &Fairy
Korea Made FDA Approved ဖြစ်၍ ယုံကြည်စွာအသုံးပြုနိုင်ပါတယ် မိတ်ဆွေ
07/01/2025
ဘယ်လောက်နေရမလဲမသိတဲ့
လက်ကျန်နေ့ရက်လေးတွေမှာ
ဘယ်သူ့ကိုမှ စိတ်မဆိုးဘဲ နေချင်တယ် ။
Credit
စိတ်အရမ်းပူတတ်တဲ့သူက
ဘာမှ ဝင်မပြောတော့တဲ့အထိ
တိတ်ဆိတ်သွားတာမျိုး တွေ့ခဲ့ဖူးလား။
မပြောဖြစ်တော့ဘူးဆိုတာ
ပြောလဲ ထူးမှာ မဟုတ်တော့ဘူးဆိုတဲ့
အသိတရား ရသွာခဲ့တာပါ
ဒါကြောင့်ပဲ
ပြောချင်တဲ့ စိတ်တွေရှိပေမယ့်
မပြောပဲ နေလိုက်တာပါ ။
အရမ်းချစ်ပြခဲ့ပြီး
ခုမှ ဘာလို့ ဆက်ပြီးမချစ်တော့တာလဲတဲ့
နာကျင်ရလို့လို့ပြောရင် ယုံပါ
နေရာတကာ စိတ်ပူပေးခဲ့
နေရာတကာ စိုးရိမ်ပေးခဲ့တာတွေဟာ
အနှောင့်အယှက်မှန်းသိလာတဲ့အခါ
မနှောင့်ယှက်ပဲ နေဖြစ်လာတယ် ။
ပြီးတော့...
အချိန်အကြာပြီး ပစ်ထားခံရပြီးမှ
နေသားကျလာတာပါ
လွယ်လွယ်လေးနဲ့ နေနိုင်လာတာမဟုတ်ဘူး
နေနိုင်အောင် ပစ်ထားခဲ့ပြီး
နေနိုင်သွားတဲ့အခါမှ
ငါ့အပြစ်ဆိုပြီး အပြစ်တွေမဖွဲ့ပါနဲ့
အဲ့လိုနေတတ်လာအောင်
မင်းတို့ကိုယ်တိုင်ပဲ သင်ပေးခဲ့တာ။
MK Book Store & စင်္ကာပူ
08/09/2023
ဆိုက်ရောက်လာခြင်းကို
ငါတို့ ပျော်ရွှင်စွာကြို ဆိုခဲ့ကြဖူးရင်
ထွက်ခွာသွားခြင်းကိုလည်း
ငါတို့ ကျေးဇူးတင် ကျန်နေရစ်သင့်တယ် မဟုတ်လား ။
#လင်းမာအို
04/09/2023
ချစ်ခြင်းမေတ္တာနဲ့ပက်သက်လာရင်
နွေးထွေးတဲ့ကရုစိုက်မှုလေးတွေပေးရင်း
တစ်ယောက်က Moti ပေးလို့
တစ်ယောက်ကကြိုးစားနေတာမျိုး ။
ဘယ်သူကမှားတယ် မှန်တယ်ဆိုတာထပ်
ဘယ်လိုပြုပြင်သွားကြမယ်ဆိုတာမျိုး ။
တစ်ယောက်ကလဲကျရင်
တစ်ယောက်ကပြန်ထူပေးနေတာမျိုး ။
ကိုယ်လိုချင်တာ အဲ့လိုချစ်ခြင်းမေတ္တာမျိုး ။
ကိုယ်ကလဲပေးမယ် ကိုယ်တိုင်လဲပြန်ရချင်တယ်
ရိုးရိုးရှင်းရှင်းမျှမျှတတလေးပါပဲ ။
25/07/2023
ချစ်တတ်ပါတယ်
ချစ်ခြင်းမေတ္တာကိုလည်း တန်ဖိုးထားတယ် ။
ချစ်ခြင်းမေတ္တာအပေါ် သစ္စာဖောက်ဖို့
စိတ်ကူးမရှိသလို
ကိုယ်ချစ်ရတဲ့ တစ်စုံတစ်ဦးအပေါ်မှာလည်း ဖောက်ပြန်ဖို့ စိတ်ကူးလုံးဝ မရှိပါဘူး ။
မကောင်းတဲ့အချက်တွေ ရှိချင်ရှိမယ်
အမှားလုပ်မိတဲ့အချိန်တွေလည်း ရှိလိမ့်မယ်
ဒါပေမယ့်
ကိုယ်ကျင့်သိက္ခာကတော့
သန့်သန့်ရှင်းရှင်းပါပဲ ။
အေးအေးနေတတ်ရုံကလွဲရင်
မာနကြီးတာမဟုတ်သလို ၊ ချေမိုးနေတာလည်းမဟုတ်ဘူး ဒီအတိုင်း ဟန်ဆောင်မှုတွေကို
သဘောမကျလို့ပါ ။
လူတွေအပေါ်လေးစားမှုလည်း ရှိသလို
ကိုယ့်လိုလူမျိုးက ကိုယ်ချင်းစာတရားလည်း
အပြည့်အဝရှိပါတယ် ။
အေးစက်သင့်ရင် အေးစက်ရမယ်
ပြောင်းလဲသင့်ရင် ပြောင်းလဲရမယ်
စွန့်လွှတ်သင့်ရင် စွန့်လွှတ်ရမယ်
ကိုယ်က တန်ဖိုးရှိတဲ့လူမို့ တန်ဖိုးမသိတဲ့ ရပ်ဝန်းမှာ
ငယ်ရွယ်မှုနဲ့ပျော်ရွှင်မှုကို ဖြုန်းပစ်ဖို့ လုံးဝကို
မတန်ပါဘူး ။
#ဖားစည်ရည်ကျော်
၂၅.၇.၂၀၂၃
22/07/2023
အရှိန်နဲ့သွားတဲ့ကား
ဘယ်တော့မှမတားပါနဲ့...။
ခရီးသယ်လိုချင်တဲ့ကား
ကိုယ့်ရှေ့ကိုဆိုက်ဆိုက်မြိုက်မြိုက်ကြီး
ရောက်လာပါလိမ့်မယ်..။
ကျောခိုင်းထွက်သွားတဲ့ကား
ဘယ်တော့မှပြေးမလိုက်နဲ့..။
သရုပ်ပျက်တယ်..မောလိမ့်မယ်။
ဘယ်တော့မှလည်းရပ်ပေးမှာမဟုတ်ဘူး။
အရေးတကြီး
လက်ပြပေမဲ့...ရပ်မသွားတဲ့ကားတွေရှိတယ်။
ဒီသဘောတရားလေးအတိုင်းပါပဲ။
ကိုယ့်ကိုမခေါ်တင်သွားလို့လည်း
ဖနောင့်စောင့်တောက်ခေါက်ပြီးစိတ်မတိုပါနဲ့။
တစီးပြီးတစီးဒီလမ်းကြီးမှာဒီခရီးအတွက်
အသွားအလားတွေရှိနေကြမြဲပါ...။
ကိုယ့်ကိုမချစ်တဲ့သူကိုလည်း
အတင်းမတားပါနဲ့..ပေးသွားလိုက်ပါ။
မလိုချင်လို့ပဲထားထား..ခရီးသယ်ပြည့်လို့ပဲချန်ချန်
ကိုယ့်ကိုလိုချင်တဲ့သူကတော့ဟက်ယားထိုးနေမှာဘဲ
မူမှန်မှန်လေးပဲရှင်သန်ပါ...အပူမဆန်ပါနဲ့..။
ချစ်ခြင်းအတွက်နဲ့သောကရိုက်ရတယ်ဆိုတာ
သဘောတရားတွေကိုနားလည်မှုမပေးပဲ
ငါတကော..ကောနေလို့..ငါမောနေရတာ
အခုတော့ငါမမောအောင်..နေပြလိုက်ပါ..။
အရာရာမှာ..သူ့တန်ဖိုးနဲ့သူ..တင့်တယ်နေကြတာပဲလေ။
ဟုတ်တယ်မဟုတ်လား...?
သံသာရှင်းထက်
နှလုံးသားအဟာရ(page)
မူရင်းအမည်အားမဖျက်စီးပဲcopyယူနိုင်ပါသည်။
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay