H & H Natural Handmade Soap and Shampoo
သဘာဝအသီးအရွက်များကိုသာ အသုံးပြုထားကြောင်း အာမခံပါသည်။
01/05/2026
ဒီရက်ပိုင်း ခဏခဏလူမေးများနေတဲ့ H&H ကထုတ်တဲ့ ကျောက်ချဥ်ဆပ်ပြာခဲလေးတွေ လိုချင်သလောက်မှာလို့ရပါပြီနော်။
ကျောက်ချဥ်ဆပ်ပြာခဲရဲ့ အားသာချက်ကတော့ လိုအပ်သလို စိတ်တိုင်းကျ အသုံးပြုနိုင်တာပါပဲ။
- မျက်နှာသစ်ဆပ်ပြာခဲအဖြစ် သုံးရင်လဲအဆင်ပြေပါတယ်။
* ဝက်ခြံတွေပျောက်ပြီး အသားလေးချောသွားစေမယ်။
- ကိုယ်တိုက်ဆပ်ပြာအဖြစ်သုံးမလား၊ ဒါလဲရပါတယ်။
* ချွေးနံ့ဆိုးတွေ၊ ဂျိုင်းချွေးနံ့တွေကို သက်သာစေပါတယ်။
- Private Area (မိမိရဲ့ သီးသန့်နေရာ) အတွက်သုံးချင်တာလား၊ ပိုကောင်းတာပေါ့။
* မလိုလားအပ်တဲ့အနံ့ဆိုးတွေကင်းပြီး ပိုးသတ်သန့်စင်ပြီးသားဖြစ်လို့ ကျန်းမာရေးအတွက်ပါအထောက်အကူဖြစ်စေပါတယ်။
ကြိုက်သလိုသုံး၊ လိုရာသုံး၊ သုံးချင်တဲ့နေရာသာသုံး။
စျေးကလဲတန်မှတန်နော်။
နာမည်ကြီးနေတဲ့ကျောက်ချဥ်ဆပ်ပြာခဲတခဲကို တခြားသူတွေရောင်းနေကြတာ ၁၂၀၀၀ တဲ့။
H&H ရဲ့ ဓာတုလျှော့ချ သဘာဝကျောက်ချဥ်ဆပ်ပြာခဲ 100g အခဲကြီးတခဲကိုမှ ၆၀၀၀ ပဲနော်။
ဘက်စုံလဲသုံးလို့ရမယ်၊ စျေးကလဲ သူများနဲ့ယှဥ်ရင် ထက်ဝက် ခေါက်ချိုးသက်သာနေတာဆိုတော့ ဘာမှစဥ်းစားမနေတော့ပဲ 097950500 ကိုသာ Hello လုပ်လိုက်ပါနော် 🥰
သြော် မေ့တော့မလို့ ....
အမြှုပ်ထွက်အားကောင်းအောင် အောက်ကပုံလေးထဲကအတိုင်း ဇာပိုက်အိတ်လေးလဲ လက်ဆောင်ပါသေးတယ်နော်။
04/04/2026
မင်္ဂလာပါ ချစ်မိတ်ဆွေတို့ရေ
မြန်မာနှစ်သစ်ကူးအချိန်အခါသမယကို မကြာခင်ရောက်ရှိလာတော့မှာဖြစ်ပါတယ်။
နှစ်ဟောင်းက အညစ်အကြေးတွေကို ကောင်းစွာဆေးကြောသန့်စင်ပြီး ကျက်သရေမင်္ဂလာအပေါင်းနဲ့ပြည့်စုံစွာ နှစ်သစ်ကူးပြောင်းဖို့အတွက် H&H က ကူညီပါရစေ။
H&H ရဲ့ သဘာဝ ခေါင်းလျှော်ရည်ဆိုတာကလေ ဓာတုပစ္စည်းတွေကို 80% လောက်အထိလျှော့ချထားပြီး သဘာဝအသီးအရွက်စစ်စစ်တွေကို pH7 သောက်ရေသန့်နဲ့ ကြိုချက်ထားတာဖြစ်လို့ ဘေးထွက်ဆိုးကျိုးလုံးဝမရှိဘဲ ဦးရေပြားနဲ့ ဆံသားအတွက်အထူးကောင်းမွန်တဲ့ ခေါင်းလျှော်ရည်ပါ။
မြန်မာတို့ရဲ့ဓလေ့ထုံးစံအရ မဟာသင်္ကြန်အတက်နေ့ သို့မဟုတ် မြန်မာနှစ်ဆန်း ၁ ရက်နေ့တို့မှာ H&H ရဲ့ သဘာဝခေါင်းလျှော်ရည်နဲ့သာ ဦးခေါင်းဆေးမင်္ဂလာပြုလုပ်မယ်ဆိုရင်တော့ အပေါ်မှာပြောခဲ့သလိုမျိုး ဘေးထွက်ဆိုးကျိုးမရှိတဲ့အပြင် ကင်ပွန်းသီးကို အဓိကအခြေခံပြီး ထုတ်လုပ်ထားတာဖြစ်လို့ အယူတော်မင်္ဂလာအရလဲ ဘုန်းကျက်သရေတိုးတက်စေမှာပါ။
ကျက်သရေ မင်္ဂလာပြည့်စုံစွာနဲ့ မြန်မာနှစ်သစ်ကိုကြိုဆိုချင်တယ်ဆိုရင်တော့ H&H သဘာဝကင်ပွန်းသီး ခေါင်းလျှော်ရည်လေးနဲ့ ခေါင်းဆေးမင်္ဂလာပြုကြပါနော်။
097950500 ကို ဆက်သွယ်မှာယူနိုင်ပါတယ်။
02/03/2026
2026 နှစ်သစ်မှာ ထုပ်ပိုးမှုပုံစံအသစ်နဲ့ ထုတ်လုပ်လိုက်တဲ့ ဆေးဘက်ဝင်သဘာဝတင်းတိတ်ပျောက် မျက်နှာသစ်ဆပ်ပြာခဲလေးပါ။ တင်းတိတ်မရှိသော်လည်း နေ့စဥ်အသုံးပြုပေးမယ်ဆိုရင်တော့ တပါတ်လောက်အတွင်းမှာပဲ အသားအရေကြည်လင်တောက်ပလာခြင်းကို သိသာစေမှာပါ။
ပါဝင်ပစ္စည်းတွေကတော့ -
ဆေးဘက်ဝင်အရွက် ၄ မျိုး (ထောလပတ်ရွက်၊ တမာရွက်၊ မြင်းခွာရွက်၊ ကြိတ်မှန်ရွက်) တို့ကို ရေစင်စင်ဆေး၊ ကြိတ်ချေပြီးရလာတဲ့သတ္တုရည်နဲ့အတူ သဘာဝပျားရည်စစ်စစ်၊ အလှဆီ (glycerine) တို့ဖြင့်စီမံဖော်စပ်ထားပါတယ်။
ဓာတုပစ္စည်းများ 80%လောက်ထိလျှော့ချထားလို့ မည်သည့်အသားအရေမျိုးမဆို ယုံကြည်စိတ်ချစွာအသုံးပြုနိုင်ပါတယ်။
H&H ရဲ့ သဘာဝတင်းတိတ်ပျောက်ဆပ်ပြာခဲလေးက တခဲကိုမှ မြန်မာငွေ ၆၅၀၀ ထဲပါရှင်။ တန်ဖိုးအားဖြင့်မများပေမယ့် မျက်နှာအသားအရေအတွက်တော့ ကျေနပ်တဲ့ရလဒ်မျိုးကိုရရှိစေမှာပါ။
စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ ဖုန်းနံပါတ် 0979505006 သို့ ဆက်သွယ်မှာယူနိုင်ပါတယ်နော်။
01/03/2026
၂၀၂၆ မှာ ထုပ်ပိုးမှုပုံစံအသစ်နဲ့ထုတ်လုပ်လိုက်တဲ့ H&H ရဲ့ ဓာတုလျှော့ချသဘာဝမျက်နှာသစ်ဆပ်ပြာခဲလေးတွေပါ။
ဆပ်ပြာခဲတမျိုးချင်းစီမှာ သဘာဝအသီးအရွက်တွေရဲ့ အာနိသင်တမျိုးစီနဲ့စီမံထုတ်လုပ်ထားပါတယ်။
အောက်မှာ အမျိုးအစားအလိုက်ပုံတပုံချင်းစီနဲ့ ရရှိမယ့် အကျိုးအာနိသင်တခုချင်းစီကိုလဲဖော်ပြထားလို့ မိမိကြိုက်နှစ်သက်ရာ၊ မိမိရဲ့ အသားအရေနဲ့သင့်တော်ရာအမျိုးအစားကိုရွေးချယ်ဝယ်ယူနိုင်ပါတယ်နော်။
H&H ရဲ့ မျက်နှာသစ်ဆပ်ပြာခဲတွေမှာ အလှဆီ (glycerine) ကို အခြေခံပြီး ဆေးဘက်ဝင် သဘာဝအသီးအရွက်စစ်စစ်များကိုသာအသုံးပြုထားတဲ့အတွက် ဓာတုပစ္စည်းတွေရဲ့ဘေးထွက်ဆိုးကျိုးအန္တရာယ်လုံးဝမရှိပါ။ ဒါ့အပြင် သဘာဝမျက်နှာသစ်ဆပ်ပြာခဲ တခဲချင်းစီကို မြန်မာငွေ ၅၀၀၀ ပဲရှိလို့ ဘတ်ဂျက်အရလဲ တွက်ခြေကိုက်ပါတယ်နော်။
"တခဲလောက်ပဲစမ်းသုံးကြည့်ပါ၊ သင်ကြိုက်နှစ်သက်မှာသေချာပါတယ်"
မှာယူချင်တယ်ဆိုရင်တော့
ဖုန်းနံပါတ် 09795050026 ကို Hello လိုက်နော်။
Viber ကနေလဲ Hi လို့ရပါတယ်။
13/02/2026
H&H ကထုတ်တဲ့ ဓာတုလျှော့ချ သဘာဝဆန်ဆပ်ပြာလေးနဲ့ မျက်နှာသစ်ပါ။
မျက်နှာပေါ်က အမဲစက်နဲ့ နေလောင်ကွက်တွေလျော့ပါးပြီး အသားအရေလေးကြည်လာတာကို တပါတ်အတွင်း သိသိသာသာသတိထားမိလာပါလိမ့်မယ်။
အမြှုပ်အိတ်လေးလဲပါလို့ မျက်နှာပေါ်ဖွဖွလေးပွတ်လိုက်တာနဲ့ ဂျီးလဲပြောင် အမြှုပ်တွေလဲထ၊ သဘာဝဆံတဲ့ ဆန်နံ့သင်းသင်းလေးကြောင့်စိတ်ကိုလဲကြည်လင်လန်းဆန်းသွားစေတယ်။
H&H ကထုတ်တဲ့ ဓာတုလျှော့ချ သဘာဝဆန်ဆပ်ပြာခဲလေးတွေက တခဲကိုမှ မြန်မာငွေငါးထောင်ထဲဆိုတော့လေ ဘတ်ဂျက်လဲချွေတာရာရောက်တာပေါ့နော်။
တခဲလောက်လေးပဲ စမ်းသုံးကြည့်လိုက်ပါ၊ သေချာပေါက်ကြိုက်သွားစေရမယ် 😍
သုံးကြည့်ချင်တယ်ဆိုရင်တော့
09795050026 ကိုသာ Hello လိုက်နော်။ Viber ကနေလဲ လာ Hi လို့ရပါတယ်ရှင်။
17/01/2026
အခုလိုဆောင်းရာသီ ခေါင်းခဏခဏမလျှော်ဖြစ်တတ်တဲ့အချိန်တွေမှာ ဒုက္ခအပေးဆုံးကတော့ ဦးရေပြားယားယံပြီး ဗောက်ထတာပါပဲ။ လူတကိုယ်လုံး အပျံစားနဲ့စတိုင်ကျ လှပနေသော်လဲ ခေါင်းပေါ်မှာ ပြာမှုန့်တွေဖြူးချထားသလို ဗောက်ဖတ်တွေတဖွားဖွားထပြီး ရှိုးပဲ့ရတာမျိုးမြင်ဖူးကြတယ်မဟုတ်လား။ အဲလို ဗောက်ထတဲ့ပြဿနာကိုဖြေရှင်းဖို့အတွက်ဆိုရင်တော့ H&H ကထုတ်တဲ့ သဘာဝခေါင်းလျှော်ရည်ကိုသာ သုံးကြည့်လိုက်ပါ။ H&H ရဲ့သဘာဝခေါင်းလျှော်ရည်ကိုသာ ပုံမှန်အသုံးပြုနေရင် ရာသီဥတုကြောင့်ပဲဖြစ်ဖြစ်၊ အလုပ်မအားလို့ပဲဖြစ်ဖြစ် တပါတ်လောက်ခေါင်းမလျှော်ဖြစ်ရင်တောင်မှ ခေါင်းယားတာ၊ ဗောက်ထတာ လုံးဝဖြစ်မလာစေရဘူးလို့ အာမခံပေးနိုင်ပါတယ်။ ဒါ့အပြင် ဆံပင်ကျွတ်လဲ သက်သာတယ်ဆိုတဲ့ သိသာတဲ့ရလဒ်မျိုးရရှိမှာပါ။
မြန်မာငွေ တသောင်းမကျော်တဲ့စျေးလေးနဲ့ ဆံသားနဲ့ဦးရေပြားအတွက် ရလဒ်ကောင်းတွေရလာမှာဆိုရင် ပျော်စရာကြီးပါနော်။
"ဆံပင်ကျွတ်သက်သာ၊ ဗောက်ပြဿနာဖြေရှင်းဖို့ H&H Herbal Shampoo သုံးကြစို့"
08/01/2026
တောင်ငူအမှာလေး ဒီနေ့ပို့ပါပြီ။
- ခေါင်းလျှော်ရည် (500 ml) ဘူး ၂၀၊
- H&H ရဲ့ အထူးသီးသန့် တင်းတိတ်ပျောက်ဆပ်ပြာ အခဲ ၂၀၊
- ကော်ဖီ Scrub၊ မန်ကျည်းသီး Scrub၊ ကင်ပွန်းသီး Scrub (တမျိုး ၅ ဘူးစီ) ၁၅ ဘူး၊
- ချွေးနံ့ဆိုးတွေဖယ်ရှားပေးမယ့် ကျောက်ချဥ်ဆပ်ပြာ အခဲ ၂၀၊
တောင်ငူမြို့ရဲ့ H&H ကိုယ်စားလှယ်ကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ဒီထက်မက ရောင်းအားတက်ပါစေရှင်။
ပုံမှန် အမြဲအားပေးတဲ့ တောင်ငူနယ်တဝိုက်က customer တယောက်ချင်းစီတိုင်းကိုလဲ H&H မိသားစုက လှိုက်လှဲစွာ ကျေးဇူးတင်ပါတယ်။
06/01/2026
နှစ်သစ်မှာ H&H ရဲ့ ထုတ်ကုန်အသစ်လေးတခုနဲ့မိတ်ဆက်ပေးပါရစေ။
Roll on တွေတောင်မနိုင်အောင် ဂျိုင်းချွေးနံ့တွေအရမ်းပြင်းရင် ကျောက်ချဥ်တုံးလေးရေဆွတ်ပြီး ဂျိုင်းကိုပွတ်ရတယ်လို့ လူကြီးတွေပြောစကားကြားဖူးကြမှာပေါ့နော်။ အခု အဲဒီ ချွေးနံ့ဆိုးတွေကိုပျောက်စေတဲ့ ကျောက်ချဥ်တုံးကိုအမှုန့်ကြိတ်ပြီး လာဗင်ဒါပန်းရနံ့မွှေးမွှေးလေးနဲ့ စီမံထုတ်လုပ်ထားတဲ့ H&H Natural Handmade Soap & Shampoo ကထုတ်တဲ့ ကျောက်ချဥ်ဆပ်ပြာခဲလေး ရပါပြီ။
မူလထုတ်ကုန်ဖြစ်တဲ့ ဓာတုလျှော့ချသဘာဝ မျက်နှာသစ်ဆပ်ပြာခဲတွေက ဆန်ဆပ်ပြာ၊ မန်ကျည်းဆပ်ပြာ၊ ရှားစောင်းဆပ်ပြာ၊ ကော်ဖီဆပ်ပြာ၊ ပျားရည်ဆပ်ပြာ နဲ့ တမာဆပ်ပြာဆိုပြီး အမျိုးအစား (၆) မျိုးရှိပါတယ်။
အခုအသစ်ထုတ်တဲ့ ကျောက်ချဥ်ဆပ်ပြာခဲက ကိုယ်တိုက်ဆပ်ပြာအနေနဲ့ ရည်ရွယ်ထုတ်လုပ်ထားလို့ H&H က ထုတ်နေကြ ဓာတုလျှော့ချ မျက်နှာသစ်ဆပ်ပြာခဲတွေထက် အရွယ်အစားပိုကြီးပြီး၊ အလေးချိန် (gram) အနေနဲ့လဲ ပိုပါတယ်နော်။
ဒါပေမယ့် စျေးအနေနဲ့တော့ အတူတူပဲရောင်းပေးမယ်ဆိုရင် ချစ်ရတဲ့ဖောက်သည်တို့ပျော်မယ်မဟုတ်လားရှင်။
ဘယ်ဆပ်ပြာခဲအမျိုးအစားပဲဖြစ်ဖြစ် တခဲကို ၅၀၀၀ ပါနော်။
ဖောက်သည် (လက်ကားစျေး သီးသန့်ရှိပါတယ်)
မှာယူလိုပါက 097950500 ကို Hello လိုက်ပါ။ Viber ကနေလဲ ဆက်သွယ်လို့ရပါတယ်နော်။
30/11/2025
ဒီနေ့ (30-11-25) H&H သဘာဝခေါင်းလျှော်ရည် (500 ml) ၂၅ ဘူး မုံရွာသို့ ပို့ပေးလိုက်ပါပြီ။
***မုံရွာမှ H&H သဘာဝခေါင်းလျှော်ရည် customer များရှင် အောင်သပြေဦးကွမ်းဆိုင် (ဖုန်းနံပါတ် - 09 952 133258) သို့ ဆက်သွယ်ဝယ်ယူနိုင်ပါကြောင်း။
ဝယ်ယူသုံးစွဲသူတဦး တယောက်ချင်းစီနှင့် တဆင့်ပြန်လည်ရောင်းချသူကိုယ်စားလှယ်များ ပျော်ရွှင် ကျန်းမာကြပါစေကြောင်း H&H (Happy & Healthy) မိသားစုမှ ဆုတောင်းမေတ္တာပို့သပါတယ်။
11/11/2025
H&H ကထုတ်တဲ့ ဓာတုလျှော့ချ သဘာဝခေါင်းလျှော်ရည်ဆိုတာက ဓာတုပစ္စည်းတွေတတ်နိုင်သမျှလျှော့ချထားပြီး သဘာဝဆေးဖက်ဝင်အသီးအရွက်များနဲ့ စီမံဖော်စပ်ထားတာဖြစ်ပါတယ်။
ပါဝင်ပစ္စည်းတွေအနေနဲ့...
၁။ ကန်ပွန်းသီးခြောက်
၂။ လ္ဘက်စိမ်းရွက်
၃။ ထောလပတ်ရွက်
၄။ မာလကာရွက်
၅။ ပိတောက်ရွက်
၆။ သံလွင်ဆီ/အုန်းဆီ
၇။ ပျားရည်
၈။ အိမ်သုံးဆား
၉။ N 70 (Sodium Lauryl Ethyl Sulphate) gel တို့ကို အချိုးကျပေါင်းစပ်ထုတ်လုပ်ထားတာပါ။
ပါဝင်ပစ္စည်းတွေထဲက (နံပါတ် ၈ နဲ့ ၉) နှစ်မျိုးထဲသာ သဘာဝအတိုင်းမဟုတ်တဲ့ ဓာတုပစ္စည်းတွေဖြစ်ပါတယ်။ မဖြစ်မနေထည့်ရတဲ့ ဓာတုပစ္စည်း ၂ မျိုးပါဝင်နေလို့ Chemical free လို့ မသတ်မှတ်ဘဲ ဓာတုလျှော့ချအဖြစ်ပဲ ရည်ညွှန်းထားတာဖြစ်ပါတယ်။ ဒါကြောင့် ၈၀% သဘာဝအသီးအရွက်များဖြင့်ထုတ်လုပ်ထားပါတယ်ရှင်။
H&H ရဲ့ ဓာတုလျှော့ချ သဘာဝခေါင်းလျှော်ရည်ထဲမှာ သဘာဝအတိုင်းမဟုတ်ဘဲ လူလုပ်ဓာတုပစ္စည်း/ဓာတုဆေးဝါး (ဥပမာ - ပျော့ဆေး၊ ပေါင်းဆေးကဲ့သို့သော) များ မပါဝင်သည့်အတွက် ခေါင်းလျှော်လိုက်လျှင် ပိုးသားကဲ့သို့ နူးညံ့ပျော့ပြောင်းခြင်း၊ မဲမှောင်တောက်ပြောင် အရောင်ထွက်ခြင်းရလဒ်မျိုးကို ချက်ချင်း လက်ငင်းရရှိမည်ဟုတော့ အာမမခံနိုင်ပါ။
သို့သော် H&H ရဲ့ ဓာတုလျှော့ချ သဘာဝခေါင်းလျှော်ရည်မှာပါဝင်တဲ့ ဆံသားနဲ့ ဦးရေကို အကျိုးပြုပြီး အားဖြည့်ပေးနိုင်တဲ့ ဆေးဖက်ဝင်အသီးအရွက်များရဲ့အာနိသင်ကြောင့် ရေရှည်အသုံးပြုသော်လဲ ဘေးထွက်ဆိုးကျိုးမရှိခြင်း၊ ဆံသားနီကြောင်ခြင်း၊ ခြောက်သွေ့နှစ်ခွဖြစ်ခြင်းမရှိ၊ ဆံပင်ကျွတ်သက်သာပြီး ဦးရေပြားယားယံဗောက်ထခြင်း (လုံးဝ) ပျောက်ကင်းနိုင်ကြောင်းကိုတော့ အာမခံနိုင်ပါတယ်ရှင်။
စျေးနှုန်းအနေနဲ့လဲ နိုင်ငံခြားဖြစ်ပစ္စည်းတွေကို မြန်မာငွေ သိန်းဂဏန်းနီးပါး(တချို့ သိန်းကျော်) ပေးဝယ်နေရချိန်မှာ (500 ml) ဘူးကြီးတဘူးကို မြန်မာငွေ တသောင်းမကျော်တဲ့စျေးလေးနဲ့ရရှိနိုင်မှာဖြစ်လို့ ပေးရတဲ့စျေးနဲ့ ရနိုင်တဲ့အကျိုးအာနိသင်က တန်နေပါပြီနော်။
သုံးကြည့်ပါ၊ သေချာပေါက် ကြိုက်သွားပါလိမ့်မယ်။
(500 ml) ဘူးကြီး (8500)
(300 ml) ဘူးသေး (6500)
အများစျေး သီးသန့်ရှိပါတယ်။
စိတ်ဝင်စားရင် ဖုန်းနံပါတ်
09795050026 သို့ Hello ပါရှင်။
14/08/2025
ဓာတုပစ္စည်းတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကိုကြောက်လို့ သဘာဝခေါင်းလျှော်ရည်စစ်စစ်ကို ရှာနေတယ်ဆိုရင်တော့ H&H ကထုတ်တဲ့ သဘာဝခေါင်းလျှော်ရည် ရှိတယ်နော်။
H&H (Happy & Healthy) ရဲ့ သဘာဝခေါင်းလျှော်ရည်က ဓာတုပစ္စည်းတွေကို အတတ်နိုင်ဆုံးလျှော့ချထားပြီး သဘာဝအသီးအနှံတွေကိုအခြေခံထုတ်ထားတာဖြစ်ကြောင်း ရာနှုန်းပြည့်အာမခံပေးနိုင်ပါတယ်။
၃ ကြိမ်လောက်လျှော်ကြည့်ပြီးရင် ဆံပင်ကျွတ်သက်သာတယ်၊ ဗောက်ပျောက်တယ်၊ ဆံသားလေးပျော့ပြောင်းသွားလို့ ခေါင်းလျှော်ပြီး ဆံပင်ဖြီးရင် ရှုပ်နေ ငြိနေတာတွေမဖြစ်ဘူး၊ စတဲ့အချက်တွေကို သိသိသာသာသတိထားမိလာမှာပါ။
တဘူးကုန်လို့ နှစ်ဘူးမြောက်ဆိုရင်တော့ ဆံပင်အသစ်လေးတွေပြန်ပေါက်လို့ ဆံပင်အုံထူလာတာ၊ အသက်ကြီးလို့ ဆံပင်ဖြူသူတွေ ထပ်တိုးမလာတော့ဘဲ ဆံပင်ဖြူနှုန်းနှေးသွားတာ၊ အသက်အရွယ်ကြောင့်မဟုတ်ဘဲ ငယ်ငယ်ရွယ်ရွယ်ဖြူသူတွေတော့ တဖြေးဖြေးချင်း ဆံသားနက်မှောင်လာတာတွေ သတိထားမိလာပါလိမ့်မယ်။
ဒီ admin က စျေးရောင်းနေကြမဟုတ်တော့ ကိုယ့်ပစ္စည်းကိုယ် အမွှမ်းတင်ပြီး စျေးဘန်းခင်းရမှာရှက်သလိုလိုမို့ ဘာတွေ ဘယ်လိုကောင်းလဲသေချာရေးမပြဖြစ်ခဲ့ဘူး။ အပေါ်ကအချက်တွေအကုန်လုံးက သုံးဖူးသူတွေကလာပြောပြကြတာပါနော်။ ဟိုနေ့က customer အသစ်တယောက်က ဘာတွေကောင်းလဲ အန်တီလို့ မေးလာလို့ ရေးပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့
၁။ အမြှုပ်ထွက်အားကောင်းပြီး ဆံပင်မှာကပ်ငြိနေတဲ့ ဖုန်မှုန့်တွေ၊ ဂျီးတွေကို ပြောင်စင်စေတဲ့ #ကင်ပွန်းသီးတောင့်
၂။ ဆံပင်အုံထူပြီး ဆံပင်သန်စေတဲ့ #ထောလပတ်ရွက်
၃။ ဆံသားကို တောက်ပြောင်စေတဲ့ #လ္ဘက်စိမ်းရွက်
၄။ ဆံသားကို ပျော့ပြောင်း နူးညံ့စေတဲ့ #ရှားစောင်း
၅။ ဆံပင်ဖြူခြင်းကို ကာကွယ်ပေးတဲ့ #မာလကာရွက်
၆။ ဦးရေပြားဗောက်ထခြင်းကင်းဖို့ #ပိတောက်ရွက်၊
၇။ ဆံသားခြောက်သွေ့ခြင်းမဖြစ်ဖို့ #သံလွင်ဆီ
၈။ ဦးရေပြားကို အားဖြည့်ပြီး ဆံပင်အသစ်တွေထွက်နိုင်တဲ့ #ပျားရည်
၉။ ဖုန့်မှုန့်တွေနဲ့အတူ လေထဲကပါလာနိုင်တဲ့ ဘက်တီးရီးယားပိုးတွေ ဖယ်ရှားပေးနိုင်ဖို့ #အိမ်သုံးဆား စတဲ့ အမျိုးအစား ၉ မျိုး အချိုးကျ ပေါင်းစပ်ပါဝင်ပါတယ်။
(အရေပြားအတွက်အန္တရာယ်ဖြစ်စေတဲ့ Sodium Lauryl Sulfate လုံးဝမပါဝင်ကြောင်း 100% အာမခံပါတယ်)
* 300 ml တဘူး ၇၀၀၀
* 500 ml တဘူး ၈၅၀၀ ဆိုတော့လေ ဒီခေတ်ကြီးထဲမှာ တသောင်းမပြည့်တဲ့ငွေပမာဏလေးနဲ့ ဆံနွယ်လေးတွေသိပ်လှသွားစေဖို့ 097950500 ကိုသာ Hello လေးလုပ်လိုက်ကြပါနော်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Mandalay