Ko Nay Online Shop

Ko Nay Online Shop

Share

အလွအပေရးရာနွင့္က်န္းမာေရးဗဟုသုတမ်ားမ်ှေဝရာ

14/10/2025

🍃 ဆီးဖြူသီး- သဘာဝကပေးသော က’င်ဆာကို တိုက်ဖျက်သည့် ဆေးစွမ်းကောင်း
ဆီးဖြူသီးဟာ ဗီတာမင်စီ အဓိကပါဝင်တဲ့အပြင် ဂယ်လစ်အက်ဆစ်၊ တန်နင်နဲ့ ဖလာဗိုနွိုက်လို အရေးပါတဲ့ ဓာတ်ပစ္စည်းများစွာနဲ့ ပြည့်ဝနေပါတယ်။
အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေတဲ့ အောက်ဆီဂျင်ဆန့်ကျင်ဓာတ်ကို အားကောင်းစွာ တိုက်ထုတ်ပေးပါတယ်။ရောင်ရမ်းမှုတွေကို လျှော့ချပေးပါတယ်။ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။
🔥 ဒါတွေဟာ က’င်ဆာဆဲလ်တွေ မဖြစ်ပေါ်အောင် ကာကွယ်ပေးတဲ့ အဓိက ယန္တရားတွေပဲ ဖြစ်ပါတယ်။
• ဆီးဖြူသီးမှ ထုတ်ယူထားတဲ့ ဓာတ်ပစ္စည်းတွေဟာ က’င်ဆာဆဲလ်တွေ ကြီးထွားမှုကို တားဆီးပေး နိုင်ပါတယ်။
• အသည်းမှာရှိတဲ့ အကျိတ်တွေရဲ့ အရွယ်အစားကို လျှော့ချပေးပြီး၊ ကျန်းမာတဲ့ တစ်ရှူးတွေ ပျက်စီးခြင်းကနေ ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။
• ပိုပြီးအရေးကြီးတာကတော့၊ ကင်ဆာကို ကုသတဲ့ ဆေးဝါးတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်သလို၊ ဆေးတွေကြောင့် ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း လျှော့ချပေးနိုင်တယ်လို့ တွေ့ရှိရပါတယ်။
🌿 ဒါကြောင့်မို့လို့၊ “ဆီးဖြူသီး” ဟာ ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာကို က’င်ဆာရောဂါရန်ကနေ သဘာဝအတိုင်း အားဖြည့်ကာကွယ်ပေးနိုင်တဲ့ လက်တစ်ကမ်းက ဆေးဖက်ဝင် အသီး
တစ်မျိုးပါပဲ။

08/10/2025

မျက်မှန်တပ်ရတာ မကြိုက်တဲ့သူတွေအတွက် သက်သေပြပြီးသား အိမ်တွင်းနည်းလမ်းကောင်း တစ်ခုကို မျှဝေပေးချင်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း မျက်မှန်တပ်ရတဲ့ဒုက္ခကို သိသူပါ။ မျက်မှန်တပ်လိုက်တိုင်း အဆင်မပြေတာ၊ မျက်လုံးညောင်းတာ၊ တစ်ခါတလေ ခေါင်းပါကိုက်တာမျိုးတွေ ကြုံခဲ့ရဖူးပါတယ်။ 💛💛
ဒါပေမဲ့ ဒီနည်းလမ်းကို စမ်းပြီးတဲ့နောက်မှာတော့... မျက်လုံးတွေ သိသိသာသာကို ကြည်လင်လာတာ လက်တွေ့ပါပဲ!
ပိုကောင်းတာက ဒီပစ္စည်းတွေအားလုံးဟာ အိမ်ထဲမှာ အလွယ်တကူရှိနေတာမို့ အပြင်ထွက်ဝယ်နေစရာ မလိုပါဘူး။ 💛💛

နည်းလမ်း ( ၁ )
မျက်လုံးကြည်လင်စေမယ့် ပိုးစာရွက် ကြက်ဥပြုတ် 🥚🌿
ဒါက လွယ်ကူပြီး စိတ်ကျေနပ်စရာအကောင်းဆုံး နည်းလမ်းလို့ ပြောလို့ရပါတယ်။
📌 ပါဝင်ပစ္စည်းများ....
* ကြက်ဥ ၂ လုံး
* ပိုးစာရွက် ၄-၅ ရွက်
* ရေသန့် ၂ လီတာခန့်💛💛

💡 ပြုလုပ်နည်း
ပိုးစာရွက်ကို ရေ ၂ လီတာနဲ့အတူ အနံ့မွှေးလာတဲ့အထိ အရင်ဆုံး ပြုတ်ပါ။
ပြီးနောက် ကြက်ဥ (၂ လုံး) ကို တစ်ခါတည်းထည့်ပြီး ကျက်အောင် ပြုတ်လိုက်ပါ။
ကြက်ဥကျက်သွားရင် သင်းပျံ့တဲ့အနံ့လေးနဲ့ "ပိုးစာရွက်ပြုတ် ကြက်ဥ" ကို ရရှိပါပြီ။💛💛
✨ စားသုံးပုံ
မနက်တစ်လုံး၊ နေ့လယ်တစ်လုံး စားသုံးကြည့်ပါ။
နှစ်ရက် လောက် စမ်းကြည့်ရုံနဲ့ မျက်လုံးတွေ စတင်ကြည်လင် တောက်ပလာတာကို အံ့အားသင့်စွာ တွေ့ရမှာပါ။💛💛

နည်းလမ်း ( ၂ )
လန်းဆန်းစေမယ့် ပိုးစာသံပရာဆေးဖက်ဝင်ဖျော်ရည် 🍋☕️
လန်းဆန်းစေမယ့် ဖျော်ရည်ပုံစံမျိုးကို ပိုကြိုက်သူတွေအတွက် ဒီနည်းလမ်းကို စမ်းကြည့်သင့်ပါတယ်။
📌 ပါဝင်ပစ္စည်းများ.....
* ပိုးစာရွက် ၃-၅ ရွက်
* အရွယ်တော် သံပရာသီး ၁ လုံး
* ရေသန့် ၂-၃ လီတာခန့်
💡 ပြုလုပ်နည်း
ပိုးစာရွက်ကို ရေနဲ့ပြုတ်ပြီး အနံ့နဲ့အရသာ ပြင်းပြင်းရလာအောင် ပြုလုပ်ပါ။💛💛
ပြီးရင် ခွက်တစ်ဝက်ခန့် ခပ်ယူပါ။ ရေနွေး (သို့) ရေကျက်အေး အနည်းငယ်ထပ်ဖြည့်ပါ။
သံပရာသီးတစ်ခြမ်းကို အရည်ညှစ်ထည့်ပြီး နွေးနွေးလေး သောက်လိုက်ပါ။ မွှေးပြီး လန်းဆန်းစေပါတယ်။
✨ သောက်သုံးပုံ
တစ်ရက် (သို့) နှစ်ရက် လောက် သောက်ကြည့်ရုံနဲ့ မျက်လုံးတွေ ပေါ့ပါးသွားသလို ခံစားရပြီး HD ပုံရိပ်လိုမျိုး ပိုမိုကြည်လင်စွာ မြင်ရတယ်လို့တောင် ဆိုနိုင်ပါတယ်။💛💛

နိဂုံးချုပ်
ဒီအိမ်တွင်းနည်းလမ်းတွေဟာ အလုပ်ဖြစ်တယ် လို့ ကျွန်မယုံကြည်ပါတယ်။ အိမ်တွင်းပစ္စည်းလေးတွေနဲ့ ပြုလုပ်တာဖြစ်ပေမယ့် ရလဒ်ကတော့ လုံးဝမခေဘူးနော်! ကိုယ်တိုင်စမ်းကြည့်ဖို့ အကြံပြုချင်ပါတယ် 🌿💚။💛💛

MON SOUNG

13/09/2025

သွေးလွန်တုပ်ကွေးနဲ့ သွေးလန့်ခြင်း လက္ခဏာ

သွေးလွန်တုပ်ကွေးလက္ခဏာတွေ သတိပြုပါ။ အဖျားကြီးခြင်း၊ အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ အနီစက်ထွက်ခြင်း၊ မျက်နှာနဲ့လည် ပင်းအသားတွေနီလာခြင်း၊ အစားသောက်ပျက်ခြင်း၊ ဝမ်းလျောခြင်း တွေဟာ သွေးလွန် တုပ်ကွေးလက္ခဏာတွေဖြစ်ပါတယ်။

ဒီလိုလက္ခဏာတွေတွေ့ရပြီဆိုရင်တော့ ဆရာဝန်ဆီသွားပါ။ အရေးကြီးဆုံးကတော့ အရည်များများသောက်ဖို့ဖြစ်ပါတယ်။

သွေးလွန်တုပ်ကွေးကူးစက်ခံရပြီး သွေးလန့်တဲ့အခါ အသက်အန္တရာယ်ရှိပါတယ်။

အဖျားကြီးနေရာက ရုတ်တရတ်အဖျားကျပြီး ခြေဖျား၊ လက်ဖျားတွေအေးစက်ကုန်တာ၊ နှလုံးခုန်မြန်တာ၊ မကြာခဏအော့အန်တာ၊ အညိုရောင်အရည်တွေ အန်တာ၊ အစားမဝင်တာ၊ ကလေးက မှိန်းလွန်းတာ၊ ကတ္တရာစေးရောင် ဝမ်းအမည်းတွေသွားတာ၊ သွားဖုံးအသားနုတွေကနေ သွေးထွက်တာ စတဲ့လက္ခဏာတွေဟာ သွေးလန့်တဲ့လက္ခဏာတွေဖြစ်ပါတယ်။

14/08/2025

အမျိုးသမီးအများစုက မိန်းမကိုယ်ယားယံခြင်းကို ရှက်စရာလို့ထင်နေကြတာကြောင့် ဘယ်သူကိုမှအသိမပေးဘဲ တစ်ယောက်တည်းဖြေရှင်းဖို့ ကြိုးစားတတ်ကြပါတယ်။

မိန်းမကိုယ်ယားယံခြင်းဆိုတာ ကျန်းမာရေးပြဿနာတစ်ခုသာဖြစ်ပြီး ရှက်စရာလုံးဝမဟုတ်တာကြောင့် မိန်းမကိုယ်ယားယံခြင်းအကြောင်းကို လူတိုင်းသိထားသင့်ပါတယ်။ 🤗

မိန်းမကိုယ်ယားယံခြင်းဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့—

🔹မှိုပိုးဝင်ခြင်း
မိန်းမကိုယ်မှာရှိတဲ့ ကျန်းမာရေးအကျိုးပြုဘတ်တီးရီးယားအရေအတွက် မညီမမျှဖြစ်တဲ့အခါ မှိုပိုးတွေအလွန်အမင်းပေါက်ဖွားလာပြီး မိန်းမကိုယ်ယားယံတတ်ပါတယ်။ ပိုးသတ်ဆေးသောက်နေချိန်၊ ဟော်မုန်းအပြောင်းအလဲဖြစ်ချိန်၊ ကိုယ်ခံအားနည်းနေချိန်၊ ကိုယ်ဝန်ဆောင်ချိန်နဲ့ ဆီးချိုမထိန်းနိုင်တဲ့အချိန်တွေမှာ ပိုဖြစ်တတ်ပါတယ်။

🔹သန့်ရှင်းရေးပြုလုပ်မှုအမှားများ
မိန်းမကိုယ် pH balance ပျက်စေတဲ့ဆပ်ပြာ၊ သန့်ရှင်းဆေးရည်တွေသုံးတာ၊ အဝတ်လျှော်ဆပ်ပြာမှုန့်တွေနဲ့ထိတွေ့မိတာ၊ ဓာတုပစ္စည်းတွေပါတဲ့ တစ်ရှူးတွေသုံးတာနဲ့ သန့်ရှင်းရေးအားနည်းတာတွေကြောင့် မိန်းမကိုယ်ယားယံနိုင်ပါတယ်။

🔹ဟော်မုန်းအပြောင်းအလဲ
‌ရောဂါတွေ၊ ဆေးဝါးတွေကြောင့် ဟော်မုန်းအပြောင်းအလဲများချိန်၊ နို့တိုက်ကာလတွေနဲ့၊ သွေးဆုံးကာလတွေမှာ အီစထရိုဂျင်ဟော်မုန်းနည်းသွားတတ်လို့ မိန်းမကိုယ်ပိုမိုခြောက်သွေ့ပြီး ယားယံနိုင်ပါတယ်။

🔹အရေပြားရောဂါတွေ
မိန်းမကိုယ်ပိုးဝင်တာ၊ ရေယုန်၊ နှင်းခူနဲ့ အခြားအရေပြားရောဂါတွေကြောင့်လည်း မိန်းမကိုယ်ယားယံနိုင်ပါတယ်။

🔹လိင်မှတစ်ဆင့်ကူးစက်သော ရောဂါတွေ
ဂနို၊ ဆစ်ဖလစ်နဲ့ အခြားလိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါတွေကြောင့်လည်း မိန်းမကိုယ်ယားယံနိုင်ပါတယ်။

မိန်းမကိုယ်ယားယံတာက အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပြီး သေချာကုသမှုမခံယူရင် ခဏခဏပြန်ဖြစ်တာ၊ ပိုးဝင်တာ၊ ဖျားတာတွေပါဖြစ်နိုင်လို့ မပေါ့ဆသင့်ပါဘူး။ 🚨

မိန်းမကိုယ်ယားယံတာအတွက်ဆို ဆရာဝန်နဲ့သေချာတိုင်ပင်ကုသမှု စောစောခံယူတာ အကောင်းဆုံးပါပဲ။🧑‍⚕️

လိုအပ်တဲ့ သောက်ဆေး၊ လိမ်းဆေး၊ မိန်းမကိုယ်တွင်းထည့်ဆေးတောင့်တွေနဲ့ သေချာကုသမှုခံယူရင် အလွယ်တကူပျောက်ကင်းနိုင်ပါတယ်။ 🤗

အခုလောက်ဆို မိန်းမကိုယ်ယားယံခြင်းအကြောင်း ပိုသိသွားလောက်မယ်ထင်ပါတယ်နော်။ 🥰

အားလုံးပဲ ကျန်းကျန်းမာမာရှိကြပါစေ။ ✨

#မိန်းမကိုယ်ယားယံခြင်း
crd to KKMM

18/05/2025

"တတိယလှိုင်း ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများ"

ကူးစက်ခံရပြီး ၁ ရက်မှ ၃ ရက်
၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။
၂။ လည်ချောင်းအနည်းငယ်နာသည်။
၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရှိ။
၄။ ပုံမှန်အတိုင်း အစားအသောက်မပျက်။

၄ ရက်မြောက်နေ့
၁။ အာသီးအနည်းငယ်ယောင်သည်။
၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။
၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5C ဖြစ်သည်။
သို့သော် အစားသောက်မြိုချရာတွင် အခက်အခဲရှိသည်။
ခေါင်းအနည်းငယ်ကိုက်မည်။
၄။ light belly အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့
အနည်းငယ် မူးဝေနေမည်။

၅ ရက်မြောက်နေ့
၁။ လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။
၂။ ကိုယ်အပူချိန် 36.5-36.7C တွင်ရှိမည်
၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။

၆ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37 C+ အထက်ရောက်လာသည်။
၂။ သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည်။
၃။ စကားပြောတိုင်း အစာစားတိုင်း လည်ချောင်း
နာကျင်နေမည်။
၄။ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။
၅။ ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။
၆။ inches feel pain ခြေချောင်းများ နာကျင်လာမည်။
၇။ ဝမ်းလျှော၍ အော့အန်မည်။

၇ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37.4-37.8C ရှိလာသည်။
၂။ ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များ
ထွက်နေမည်။
၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲနာကျင်နေ
မည်။
၄။ အပြင်းအထန် ဝမ်းလျှောမည်။
၅။ အော့အန်မည်။

၈ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 38C +++ အထက်ထိရောက်လာပြီး
အပြင်းအထန်ဖျားလာမည်။
၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။
၃။ ချောင်းအဆက်မပြတ်ဆိုးမည်။
၄။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများ
နာကျင်မည်။
၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး
ကိုက်ခဲနာကျင်မည်။

၉ ရက်မြောက်နေ့
၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။
၂။ အပြင်းအထန် အဖျားတက်လာမည်။
၃။ အချို့ရောဂါလက္ခဏာများ သက်သာလာမည်။
၄။ သို့သော် အသက်ရှူရန်အတွက် အပြင်းအထန်
ကြိုးစားလာရမည်ဖြစ်သည်။ ထိုအနေအထားသို့
ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန်
လိုအပ်လာပြီဖြစ်သည်။

ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။

အကြံပြုချက်များ
***************
၁။ မတ်(စ်)တပ်ပါ
၂။ လက်ကို ဆပ်ပြာဖြင့် စက္ကန့် (၂၀) ဆေးပါ
၃။ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာနေပါ
၄။ ထိတွေ့ပြီးတိုင်း ပိုးသတ်ဆေးဖြင့် ဖြန်းပါ
၅။ လက်ဆွဲနှုတ်ဆက်ခြင်းမှ ရှောင်ကြင်ပါ
၆။ အပြင်သွားလျှင် လက်အိတ်ဝတ်ပါ ___________________________________ တဆင့်ပြန်လည်မျှဝေပါတယ်။

12/02/2025

မျက်ရည်ခိုင်မှဖတ်ပါမဖတ်ရသေးသော သူငယ်ချင်းများအားလုံးအတွက်
မိခင်မေတ္တာဖွဲ့ ဒီဝတ္ထုတိုလေးကို ပြန်တင်ပေး
လိုက်ပါတယ်….........

#ရင်ခြွေမိုး
************
ဒီနေ့လစာထုတ်ရက်…
ကိုသောင်း တက်တက်ကြွကြွနှင့်အိမ်ပြန်လာခဲ့သည်။ မိန်းမဖို့ကဘယ်၍ သားဖို့ကဘယ်လောက်
သမီးဖို့က ဘာလေး စိတ်ထဲမှာ ခွဲတမ်းလေးချလို့
ပီတိစိတ်လေးနဲ့အိမ်ပေါ်ကိုလှမ်းတက်ရုံရှိသေး

"ထွီ"

သလိပ်တွေ အခဲလိုက်နဲ့စီးထွေးခံလိုက်ရတော့
ကိုသောင်း အပျော်စိတ်တွေ ဘယ်ရောက်ကုန်မှန်း
မသိတော့ချေ…ပုဆိုးကို ဖြည်ဝတ် ခါချရင်းက…

"အမေကတော့ လုပ်ချလိုက်ပြန်ပြီ
အိမ်ပေါက်ဝလေးဘာလေး ကြည့်ပါအုန်းဗျ…
ကျွန်တော့ပုဆိုးတွေပေကုန်ပြီ…
ညစ်ပတ်လိုက်တာ…တကယ်ပဲ"

အမေအိုက မျက်ကလူးဆန်ပျာနဲ့…

"အမေမမြင်မိလို့ပါသားရယ်…
ချောင်းတွေ တအားဆိုးနေတာ
သလိပ်ဟက်လို့ရတုန်းလေးမို့
အမြန်ထွေးချလိုက်မိတာ…
အမေပြန်သုတ်ပေးပါ့မယ်
လူလေး လာ လာ အပေါ်တက်ခဲ့"

"နေပါအမေရာ…ကိုယ်ဘာသာကိုယ်.
မိန်းမ ရေ … မောတယ်ကွာ
ရေခပ်ခဲ့အုန်း"

ကိုသောင်း အမေ့လက်တွေကို ဖယ်လိုက်ပြီး အိမ်ပေါ်က
ပက်လက်ကုလားထိုင်ပေါ်လှဲချလိုက်ရင်း…သူ့မိန်းမနဲ့
ကလေးတွေ တန်းစီခေါ်နေတော့၏။ရလာတဲ့လစာနှင့်
တကွ ဝယ်ခြမ်းလာသည်များကို ခွဲတမ်းချနေတုန်း
ကိုသောင်း အမေ့ဆီတစ်ချက် လှမ်းကြည့်လိုက်မိ၏။
အမေက ဘုရားစင်ရှေ့မှာဘုရားရှိခိုးရင်းက
ချောင်းတဟွတ်ဟွတ် ဆိုးနေလေသည်။

"မိန်းမ အမေ ချောင်းတွေ တအားဆိုးနေပါ့လား
ဆေးလေးဘာလေး ဝယ်မတိုက်ဘူးလား"

"ရှင့်အမေ က ဒီဆေးလည်းမကြိုက်
ဟိုဆေးဆိုလည်းဘာဖြစ်နဲ့ နေပါစေ
ဒီလောက်အဆိုးကြီးလည်းမဟုတ်ပါဘူး
မနက်ကျမှ အဆုတ်ပုံလေး ဘာလေး
ဝယ်တိုက်လိုက်မယ်"

ကိုသောင်း ဘာမှမပြောတော့ သူ့မိန်းမပြောတာလဲ
ဟုတ်မှာပါလေ ရှေးရိုးဆန်တဲ့သူ့အမေအကြောင်း
သူသာအသိဆုံးမို့လား…သူတို့မိသားစုဘဝက
ကုမ္ပဏီ လခစားသူ့ဝင်ငွေနှင့်အကျပ်တည်းကြီး
မဟုတ်ပေမယ့် သိပ်အချောင်လည်ကြီးလည်းမဟုတ်…

အဖေမရှိကတည်းက သားအမိနှစ်ယောက်တည်း ရုန်း
ကန်လာရင်း သူအိမ်ထောင်ပြုတော့ အမေ့ကိုအပါခေါ်ရ
သည်ပေါ့။
အိမ်ငှါးဘဝနှင့် သူတို့သားအမိကို အိမ်ပေါ်
တက်နေခွင့်ပြုခဲ့တဲ့ သူ့မိန်းမကိုပဲကျေးဇူးတင်နေမိရ
သည်။
ယောက္ခထီး ယောက္ခမကမရှိကြတော့ သူ့အမေကို
မိန်းမက အမေလိုသဘောထားမှာမလွဲနိုင်ပါပေ။
နေ့စဉ်နှင့်အမျှသူက အိမ်မှာမရှိပေမယ့် သူပြန်လာ
တိုင်း အမြဲပြုံးရွှင်နေတတ်တဲ့အမေ…
မျက်နှာကို ကြည့်တာနှင့်သူသိနိုင်သည်ပဲ။
အမေ့ဆီက တစ်ခါမှ တိုင်သံတောသံကြားရဖို့ဝေးလို့အမေ
ပျော်နေတဲ့ အကြောင်းကိုသာ
အမြဲကြားရတတ်သည် လေ။

သူ့ရုံးပိတ်ရက်ရောက်လို့မိသားစု တစ်နေရာရာကို
အလည်အပတ်သွားတိုင်း အမေဘယ်တော့မှ
လိုက်လေ့ မရှိ။
သားတစ်ယောက်အနေနဲ့ ခေါ်ရမည့်တာဝန်က
ရှိပေမယ့် ခေါ်တိုင်းငြင်းဆန်လေ့ရှိတဲ့ အမေ့ကြောင့်
သူမခေါ်ဖြစ်ခဲ့တာ ကြာပါပြီကော။
ခုတစ်လောလေး သူအနည်းငယ်သတိထားမိခဲ့သည်မှာ
အမေ့ကြည့်ရတာ အတော်လေး ပိန်သွားပုံရ၏။
ချောင်းဆိုးသံ မကြားရတော့ပြီမို့ နေကောင်းသွားပြီ
ဟုယူဆပြီး ဒီအတိုင်း နေမိခဲ့လေသည်။

* * * * * * *

ဒီနေ့သူအလုပ်ကပြန်လာတော့…
မရောက်တာ ကြာပြီဖြစ်တဲ့ အမေ့အခန်းလေးထဲ
သူဝင်သွားခဲ့ပါ၏။အမေကလက်ထဲမှာ အဝတ်တစ်ခု
ကို သည်းကြီးမည်းကြီး ချုပ်နေ၏။နှစ်ပေမီးချောင်းလေးက သိပ်အထင်းလင်းကြီးမဟုတ်တော့ အမေမျက်စိ
ပျက်တော့မှာပဲ ဟူသောစိတ်ဖြင့် စိတ်ထဲအနည်းငယ်
တိုသွားမိရင်း…

"အမေ ညကြီးမင်းကြီး ဘာတွေ ဒီလောက်ချုပ်
နေတာလဲ ကိုယ့်အသက်လဲကိုယ်ကြည့်အုန်း
မမြင်မစမ်းနဲ့အမေရာ ချထား ချထား အခု"

သူ့အသံက စိတ်ထဲကစိုးရိမ်မိပေမယ့်ပြောနေကျ
အတိုင်း လေသံကခပ်မာမာ ဖြစ်သွားမိ၏။
ရုတ်တရက်မို့အမေလည်းလန့်သွားပုံရသည်။

"ဘာမှမဟုတ်ပါဘူးသားရယ်…
အမေအင်္ကျီအပြဲလေး ဘာလေးချုပ်နေတာပါ"

"ဒါအမေ့အင်္ကျီမဟုတ်ပါဘူး…
ကျွန်တော့်မိန်းမအင်္ကျီလည်းမဟုတ်ဘူး"

သူဆတ်ခနဲ အမေ့လက်ထဲက ဆွဲယူကြည့်လိုက်တော့
အမျိုးသမီးရင်ဖုံးအဖြူလေးကို နှိပ်စေ့လေးတွေ တပ်
နေခြင်း ဖြစ်နေသည်။

"အမေ ဒါဘာလုပ်တာလဲသူများအင်္ကျီတွေဘာလို့
ကြယ်သီးယူတပ်နေတာတုန်း
အမေ့မှာဘာသုံးစရာရှိလို့တုန်းဘယ်လောက်များ
ရလို့လဲအမေရာ မချုပ်နဲ့ ကိုယ့်အသက်လည်း
ကြည့်အုန်း…၇၀ကျော်နေပြီ သူများတွေမြင်ရင်
ကျွန်တော်နွားဖြစ်အောင်လို့လား အမေက "

ပြောရင်းသားနှင့်လေသံတွေ မာသွားမိတော့ အမေက
မျက်ရည်လည်သော မျက်ဝန်းတွေနှင့် သူ့ကိုငေးကြည့်
နေရှာ၏။

"အေးပါ သားရယ် မလုပ်နဲ့ဆိုလည်း အမေမလုပ်
တော့ပါဘူး အမေ့ကြောင့်ငါ့သားဂုဏ်မပျက်စေရ
ပါဘူးကွယ် အမေ ကတိပေးတယ်နော်သား
သွား သွား သားပင်ပန်းလာတယ် နားချည်တော့"

"အင်း ဒါဆိုလဲပြီးရော နောက်တစ်ခါထပ်မမြင်ရ
စေနဲ့နော် အမေ ဒါပဲ"

သူ အမေ့အခန်းထဲက ထွက်လာတော့ ချောင်းတစ်ချက်
ဟန့်သံကြားလိုက်သလိုမို့.…

"မိန်းမ မင်းမပြောဘူးလား ငါ့အမေမမြင်မစမ်းနဲ့
ဘယ်တုန်းကတည်းက ယူယူချုပ်နေမှန်းမသိ
ငါလဲမသိရပါလား"

"အဲ့ဒါပြောတာပေါ့ ကျွန်မပြောလည်း
ရှင့်အမေကပြောရမှာမို့လို့လား ကျွန်မလည်း ကိုယ့်အိမ်အလုပ်နဲ့ကိုယ် မအားရတဲ့ကြားထဲ
နေရာတကာတော့ ဘယ်လိုက်ကြည့်နေနိုင်မလဲ ရှင့်သားသမီးတွေက………………………"

သူ့မိန်းမရဲ့ ညည်းချင်းတွေကို ဆက်နားမထောင်တော့
ပဲ သူအိပ်ပစ်လိုက်တော့သည်။
အဲ့အမေတစ်ယောက်ကလေ ဘာတွေလုပ်နေမှန်း
ကိုမသိဘုး အေးဆေးနေလို့ရရဲ့သားနဲ့မနေနိုင်ဘူး
ဟူးးးး
သက်ပြင်းမှုတ်ထုတ်လိုက်ရင်း သူအိပ်ပျော်သွားခဲ့
တော့သည်။
* * * * * * *

ဒီနေ့ကိုသောင်းအိမ်ပြန်လာတော့သူ့မိန်းမက စီးပြော
ပါ၏။

"ကိုသောင်းရေ…ကျွန်မအမျိုးတွေနဲ့
ဘုရားဖူးထွက်မလို့ ကလေးနှစ်ယောက်
ခေါ်သွားမယ်…စားရေးသောက်ရေးအတွက်
ကျွန်မတူမလေး ခေါ်ထားပေးခဲ့ရမလား"

"ဘယ်တော့လဲကွ မင်းဟာက ဗြုန်းစားကြီး
ငါကတော့လိုက်မရပါဘူး မင်းတို့သားအမိ
တွေပဲလား …အမေရော…"

သူ့စကားမဆုံးခင် အမေက ဝင်ပြော၏။

"ချွေးမက ခေါ်ပါတယ်သားရယ် …
အမေမလိုက်နိုင်တာပါ… ခရီးပမ်းတဲ့ဒဏ်
မခံနိုင်ဘူးလေ…"

သူ့မိန်းမကတော့ ဘာတစ်ခွန်းမှ ဝင်မပြော ဘောက်
ဆတ်ဆတ်နဲ့သူ့လက်ထဲကအိတ်ကိုဆွဲယူပြီးအခန်းထဲ
ဝင်သွားတော့၏။
အမေကထုံးစံအတိုင်း ဘုရားဆက်
ရှိခိုးလို့ပေါ့…ပြေးလွှားဆော့နေတဲ့ သူ့သားနဲ့သမီးက
ဖွားအေကိုပတ်ပြေးနေ၏။

အမေက ဘုရားဝတ်ပြုပြီး…သူ့အနားသို့လျှောက်
လာရင်း…

"သားလဲ လိုက်ချင်လိုက်သွားပါလား…
မိသားစုပျော်ပျော်ပါးပါး ခရီးရှည်သွားရခဲတယ်…
အမေ့အတွက် ဘာမှမပူနဲ့ တူမလေးလာမယ်
ပြောထားတယ်…သား အလုပ်ရှင်ကိုခွင့်တောင်း
ကြည့်ပါလား…"

"နေပါစေအမေရာ…မလိုက်တော့ပါဘူး
သူ့အမျိုးတွေနဲ့ သူတို့ဘာသာသွားပါစေ
နောက်ကြုံမှမိသားစု သက်သက်သွားမယ်"

အမေက ဘာမှထပ်မပြောရှာတော့…အဲ့ဒိညက
အမေ့အခန်းလေးဆီက ချောင်းသံတွေ အဆက်မပြတ်
ကြားရလေသည်။
သူ ကြားပေမယ့် တနေကုန်ပင်ပန်း
လာသောကြောင့် မျက်လုံးတွေက မဖွင့်နိုင်တော့…
မိန်းမကတော့ ခရီးသွားဖို့ ညလုံးပေါက်ပြင်ဆင်ချက်
ပြုတ်နေပေတော့သည်။
တရေးနိုးတော့ အမေ့ချောင်းသံ မကြားရတော့ချေ
အမေသက်သာပြီထင်ပါသည်
ခေါင်းအုံးပေါ် ခေါင်းပြန်ချလိုက်တော့ သူပြန်၍အိပ်ပျော် သွားပါတော့သည်။

* * * * *

နောက်တစ်နေ့မနက် မိန်းမနှင့်ကလေးတွေ ခရီးထွက်
သွားကြတော့ အမေကသူ့အတွက်ထမင်းချိုင့် ပြင်ဆင်
ပေးနေလေသည်။

"အမေ ညကချောင်းသံကြားတယ် နေမကောင်း
ရင် ဆေးခန်းလေးဘာလေး သွားထားပါလား
ဘေးအိမ်က မကြူသမီးလေး အဖော်ခေါ်သွားလေ
ဒါမှမဟုတ် ကျွန်တော် ပြန်လာခဲ့ရမလား.…"

"သက်သာနေပါပြီ သားရယ်…
အမေ့အတွက်မပူနဲ့…ကဲ သွား သွား…"

သူလည်း အမေပြင်ဆင်ပေးသည့် ထမင်းချိုင့်ဆွဲ၍ အလုပ်ကို ထွက်လာခဲ့ပါတော့၏။
တစ်နေ့လုံး အလုပ် ထဲမှာ စိတ်နစ်နေတာနှင့် အမေ့ကိုသတိမရနိုင်တော့…။
ညနေ အလုပ်ပြီးလို့ပြန်ခါနီး ကားမှတ်တိုင်တွင်
ကားစောင့်နေစဉ်မှာပဲ…

"ဗျို့ ကိုသောင်း ခင်ဗျားမိန်းမ မရှိတော့
လွတ်လပ်ရေးရနေတာပေါ့လေ ဟုတ်လား
ဟားးဟားး"

"ဟားးဟား မဟုတ်ရပါဘူးဗျာ ခင်ဗျားကတော့
ပြောတော့မယ်… ဒါနဲ့ခင်ဗျားလက်ထဲက
ကော်ဖီမစ် အထုတ်ကြီးတွေ နှစ်ထုတ်သုံးထုတ်နဲ့
များလှချည်လားဗျ …ဒီလောက်အများ
ကြီး ဘာလုပ်ဖို့တုန်း… ဧကန္တ အိမ်ကမိန်းမကို မျက်နှာလုပ်ဖို့ထင်တယ်…"

"အဟားး မိန်းမဖို့ မဟုတ်ပါဘူး အိမ်က
အမေအတွက်ပါဗျာ…မနက်ဖြန်
ဆွမ်းလေးလောင်းချင်တယ်ဆိုလို့ …
မိန်းမကိုပြောမနေတော့ပါဘူးဗျာ…
ကိုယ့်အမေတွက် ကိုယ်ပဲဝယ်ပေးရမှာပေါ့…
မဟုတ်ဘူးလား..…"

ကိုသောင်းစိတ်ထဲ ဘာရယ်မဟုတ် အမေ့ကို ပြေးမြင်မိ
သွား၏။ကိုဝင်းမြင့်နှင့်သူသည် လခစားဘဝတူချင်း
ဖြစ်သည့်အပြင် ကိုယ့်ထက်ပင် သားသမီးဦးရေ
များပြား၍ သူ့ထက် အနည်းငယ် ကျပ်တည်းရှာသူ…

"သွားအုန်းမယ် ကိုသောင်းရေ…
ခင်ဗျားအမေရော နေကောင်းလား
မတွေ့တာကြာပြီ ကျွန်တော်မေးတဲ့
အကြောင်း ပြောလိုက်ပါအုန်း…"

သူ ခေါင်းငိုက်စိုက်နှင့် လိုင်းကားပေါ်အရောက်တွင် အတွေးတွေ ခေါင်းထဲမှာ အလုအယက်
တိုးဝင်နေတော့၏။
အမေ…အမေသည် သူအိမ်ထောင်ကျပြီးသည့်
နောက်ပိုင်းတစ်ခါမျှ ဤသို့မမှာဖူးသလို ဘာလိုချင်
သည် ညာလိုချင်သည် မပူဆာခဲ့ဖူးပါ။
သူကလည်း မမေးမိခဲ့…မိန်းမလက်ထဲ ပိုက်ဆံထိုးအပ်
လိုက်လျှင် သင့်သလို စီမံပေးလိမ့်မည်ဟု သူမှတ်ယူ
ခဲ့သည် မဟုတ်လားး…နောက်ပြီး အိမ်ပေါ်တွင်
မပူမပင် မကြောင့်မကျ နေနေရတော့ အမေ့လို
သက်ကြီးရွယ်အို အတွက် ဘာမှ လိုအပ်မည်ဟု သူမထင်မိခဲ့ပါ…။
အမေ့အပေါ်တွင် တာဝန်မကျေသလို ခံစားမှုတွေက
ရင်ထဲကိုတင်းကျပ်လာစေသလို ရှက်စိတ်တွေတရိပ်ရိပ်
ထိုးတက်လာမိတော့၏။

လမ်းတလျှောက် စျေးဆိုင်တန်းတွေ ငေးကြည့်ရင်း
သစ်သီးတန်းတွေကို မြင်တော့ နီးရာမှတ်တိုင်မှာ
ဆင်း၍ပန်းသီးအလုံးလှလှ ၅လုံးခန့် ဆင်းဝယ်
ခဲ့တော့သည်။
ဒီနေ့အမေ့နားမှာ သူအချိန်ကုန်မည် ပန်းသီးတွေကို ကိုယ်တိုင်စိပ်၍ကျွေးမည်။
အမေအိပ်ခါနီး အမေ့ကိုနင်းနှိပ်ပေးရင်း မပြောဖြစ်တာကြာပြီဖြစ်သော
သူငယ်စဉ်ကအကြောင်းတွေ ပြောရင်းအမေ့ကို ပျော်
ရွှင်စေမည်။
အတွေးနဲ့တင် သူ့ရင်ထဲကတင်းကျပ်မှု
တွေ ချက်ချင်းလွင့်ပါးသွားသလို အိမ်အပြန်ခြေလှမ်း
တွေက ပေါ့ပါးသွက်လက်နေတော့သည်။
အမေရယ်… သားအမေ့ကို ပစ်ထားခဲ့မိတဲ့ အချိန်တွေ အတော်ကြာနေပြီပဲ …သားအမေ့ကို မချစ်လို့ မဟုတ်တာတော့ သေချာပါတယ်အမေ…ဒီနေ့ကစ
သားနဲ့အမေ အရင်လို နွေးနွေးထွေးထွေးနေကြမယ်…
ကိုသောင်း၏ မျက်နှာပြင်ဝယ် လန်းဆန်းရွှင်မြူးရိပ်တွေ
အထင်းသားနှင့်အိမ်ပေါ်လှမ်းအတက်မှာတော့…

"ကိုသောင်း ခင်ဗျားအမေ သွေးတွေအန်လို့
ဆေးရုံကိုခုပဲသွားပို့ခဲ့ရတယ်…
ခင်ဗျားဆီ ဆက်သွယ်လို့မရတာနဲ့
ကျွန်တော်လည်း ခုရောက်ရောက်ချင်း
ခင်ဗျားကိုလာပြောတာ…"

"ဗျာ.."

ကိုသောင်းရင်ဝကို ဆီးအကန်ခံလိုက်ရတာမျှ သက်သာ
အုန်းမည် ထင်ပါသည်။လေးညှို့က ပစ်လိုက်သည့် မြားတစ်စင်းနှယ်…သူချက်ချင်းတဟုန်ထိုး ဆေးရုံသို့
လိုက်သွားတော့၏။

"ကိုသောင်း လာပြီဟေ့ …ဖယ်ပေးလိုက်
ဖယ်ပေးလိုက်..…"

အိမ်နီးချင်းတွေက မျက်နှာမကောင်းစွာဖြင့် သူ့ကို
လမ်းဖယ်ပေးကြ၏။
အမေ့ကို သူမြင်လိုက်ရတဲ့ အချိန်တွင်အမေ့အင်္ကျီရင်ဘတ် တစ်ခုလုံး သွေးစ
သွေးနတွေ ပျံ့ကျဲလျက် …

"အမေ…ဘယ်လိုဖြစ်တာလဲအမေရယ်
ဒီလောက်ဖြစ်နေတာ သားမသိခဲ့ရပါလား…
သားကိုဘာလို့မပြောတာလဲ အမေရယ်…
လုပ်ကြပါအုန်းဗျာ ဒေါက်တာ ဒေါက်တာတွေ
ဘယ်မှာလဲ ကျွန်တော့အမေ ဘာဖြစ်တာလဲ
ဘယ်သူမှ လာမကြည့်ကြဘူးလားဗျ…"

စကားတွေဗလုံးဗထွေးနှင့် ဆို့နင့်အက်ကွဲနေသည့် သူ၏အသံကို နားထောင်ရင်း အိမ်နီးချင်းအမျိုးသမီး
တွေဆီကရှိုက်သံတွေ ထွက်လာတော့သည်။
အမေ၏ ဖြူဖျော့နေသော မျက်နှာထက်မှ မျက်ရည်ပြည့် နေသည့်မျက်ဝန်းအစုံသည်
သူ့ကို စိတ်မချသလို ငေးစိုက်ကြည့်နေရှာလေသည်။

သွေးစွန်းနေသော အမေ့နှုတ်ခမ်းများသည် မဟတစ်ဟ
နှင့် တစ်ခုခုပြောရန် အားယူနေသည့့်နှယ်…

"ကိုသောင်း ခင်ဗျားအမေ ခင်ဗျားမလာ
ခင်လေးတင် အသက်ထွက်
သွားရှာတယ်ဗျာ…ကျွန်တော်တို့ဆေးရုံ
ကိုအပို့နောက်ကျသွားတယ် ခင်ဗျား
အိမ်မှာ ဘယ်အချိန်ထဲက ဖြစ်နေတယ်
မသိဘူး ဆန်ခံသီလရှင်လေးတွေက
ဒကာမကြီး ထွက်လောင်းနေကျ မလောင်းလို့
စိတ်ပူပြီး အိမ်ထဲဝင်ကြည့်မှ ကျွန်တော်တို့တွေ သိရတာ…ဆေးရုံကိုရောက်တဲ့အထိတော့
အသက်ပါလာသေးတယ် ခုနလေးကမှ.…"

စကားသံတွေ သူ့နားထဲတွင် မကြားတစ်ချက်
ကြားတစ်ချက်…အမေ့ရင်ခွင်ထဲကို ခေါင်းထိုးရင်း အံကိုကြိတ်ခဲ၍ မျက်ရည်တွေတွေကျနေမိတော့၏။

သူ့နှလုံးသားလဲ တစ်စစီ ကြွေကျသကဲ့သို့ ဆို့နင့်မှုကို
နှိုင်းပြစရာ ရှာမတွေ့တော့ပြီ…

"အမေရယ် သားမိုက်ကိုခွင့်မလွှတ်ပါနဲ့
အမေ သားကြောင့်ခုလိုဖြစ်ရတာ…
သူများကတောင် ကိုယ့်အမေကိုဂရုစိုက်မေးဖော်
ရခဲ့ပေမယ့် သားမေးဖို့သတိမရခဲ့ဘူး…
သားပြန်လာတဲ့အထိလေးများ ခဏဖြစ်ဖြစ်စောင့်ပါအုန်းတော့လား
အမေရယ်…အမေ့သလိပ်တွေ ဆီးတွေ
ဝမ်းတွေ သားမရွံတော့ပါဘူး…
သားမိုက်ရဲ့မျက်နှာတည့်တည့်ကို ထွေးပစ်လိုက်စမ်းပါအမေရယ်…"

နဘေးက ကြည့်နေသူများလဲ မျက်ရည် မဆည်နိုင်
တော့ပြီ…

"ကိုသောင်းရေ လုပ်စရာရှိတာလေးတွေ
ဆက်လုပ်ရအောင်ပါ…ဖြစ်ပြီးမှတော့
ဘာမှမတတ်နိုင်တော့ဘူးလေ
ဖြေသိမ့်နိုင်အောင်သာ ကြိုးစားပါတော့ဗျာ…"

အမေ့အပေါ် တာဝန်ကျေဖို့ သူဆုံးဖြတ်မိခဲ့သည့်နေ့
တွင်မှအမေသည်…သူ့ကိုစွန့်ခွါသွားခဲ့လေပြီ
အမေ့ကို ကျစ်ကျစ်ပါအောင် ဖက်ထားသော သူ့အား
အိမ်နီးချင်းများက အတင်းဆွဲခွါကြတော့…အမေ့လက်
ကလေးက ခုတင်အောက်သို့ တွဲလောင်းလေး ထွက်ကျလာပါ၏။

"ကိုသောင်း ရှင့်အမေလက်မှာ ချိတ်ထားတဲ့ အိတ်ထုတ်လေးက ဘာလဲမသိဘူး ဖြည်ကြည့်ပါအုန်းလားး…"

သူသည် အမေ့နားမှာ ဒူးထောက် ထိုင်ချလိုက်ရင်း အမေ့လက်ကောက်ဝတ်မှာ ချိတ်ရက်သားအိတ်ထုတ်
လေးကို ကြေကွဲစွာဖြင့်ဖြည်ကြည့်မိပါတော့သည်။

အားလုံးကလည်း ဘာလေးဖြစ်မည်ကို သိချင်ကြသဖြင့်
ကိုသောင်းကို အာရုံစိုက်ငေးနေကြစဉ်…

"အ…မေ.…ရယ်…"

" #0ုန်း…"

ဟူသော အသံတို့နှင့်အတူ ကိုသောင်း၏ခန္ဓာကိုယ်ကြီး
သည်ဆေးရုံကြမ်းပြင်ပေါ်သို့ အရုပ်ကြိုးပြတ် နောက်
ပြန် ပစ်လဲကျသွားပါတော့၏။

"ဟာ ဟဲ့ ဟဲ့ ဘာဖြစ်တာလဲ
ကိုသောင်း ကိုသောင်း သတိထားလေ"

ကိုသောင်းကို ပြေးပွေ့သူက ပွေ့လိုက်ကြပြီး သူ၏
အမေလက်ထဲက အိတ်ထုတ်လေးကို သိချင်စိတ်ဖြင့် ဖြန့်ကြည့်ကြသောအခါ…

"သားကြီး၃၂နှစ်ပြည့်မွေးနေ့လှူဖို့အမေ့ချွေးနဲစာလေး"
ဟူသော စာတန်းပါ စာအိတ်လေးတစ်အိတ် သွေးစွန်း
နေသော အပ်ချည်လုံးနှင့် အပ်ကလေးတစ်ခု စိပ်ပုတီး
လေးတစ်ကုံးနှင့်အတူ စာအိတ်ကိုဖွင့်ကြည့်လိုက်တော့ တစ်ထောင်တန်ခပ်နွမ်းနွမ်းလေးငါးရွက်က
ထပ်ရက်သား…

အားလုံး၏ မျက်ဝန်းအိမ်တို့သည် မတိုင်ပင်ရပါဘဲနှင့်
မျက်ရည်မိုးတို့သည်းထန်စွာ ရွာသွန်းမိကြလေတော့
သည်တကား…။

[ပြီးပါပြီ]

မနှောင်းစေချင်
***************
မိဘရှိစဉ် မြူတစ်မျှင်မျှ
ငြိုငြင်ကြနှင့် ။

ကြွေးဟောင်းမဟူ မေတ္တာတူမျှ
ကြည်ဖြူကြသင့် ချိန်မလင့်စေ
မိုက်တွေဝေသော် ရင်ကြွေနောင်တ
မျက်ရည်ကျမြဲ တလည်း မထနိုင်တော့ပြီ။

တစ်ဆင့် ပြန်လည်ဖော်ပြပါသည်။

👉မှန်ရင် Like & share &Followed ပေးသွားပါ။👈 ᠌

Credit.to.original

မေတ္တာဖြင့် AungAung ( kpg)

Photos from Ko Nay Online Shop's post 10/02/2025

ကျောက်ဆို ကြောက်ကိုမကြောက်တော့တာ …

သူရှိနေလို့ ခါးနာခါးအောင့်
ဖြစ်နေတာ …

အခုတော့ သူထွက်ကျလာခဲ့ပါပြီ…

အချိန်က…ယနေ့ည
၁၁နာရီ၁၀မိနစ်ခန့်ကဖြစ်သည် …

ဘယ်ဘက်က ခါးတစ်ခြမ်းကိုက်နေတာ နှစ်လသုံးလ
လောက်ရှိနေပါပြီ…

ဆီကျောက်တည်ရောဂါနဲ့ရင်ပါးနေပြီဖြစ်သောကြောင့်…
မကြောက်ရွံ့တော့ပေ…

ဒီကျောက်ကြီးရှိနေမှန်းသိနေတာတော့…
သုံးလေးလခန့်ရှိနေပါပြီ…

ဒီတစ်ခါကျောက်က အသက်ရှုရင်တောင်
အောင့်အောင့်လာတယ်…

ခါးအောင့်အောင့်နေလို့ ဘယ်ဘက်ကိုစောင်းအိပ်လို့
မရဖြစ်နေပါတယ်…

သူရှိနေရင်…
ခါးကတင်ပြီးနာနေတယ်…

ဘယ်ဘက်ခြမ်းဆီးခုံကို လက်နဲ့အဖိမခံနိုင်ဘူး…
တော်တော်နာပါတယ်…

ဆေးရုံသွားဓာတ်မှန်ရိုက်ကြည့်တော့..…
သေချာပေါက်သူ့ကို တွေ့သည် …

ဆရာဝန်က ချေဖို့ သို့မဟုတ် ခွဲထုတ်ဖို့
ပြောပါသည်…

ကြီးလွန်းလို့သူ့ဘာလို မထွက်ကျနိုင်ကြောင်း
ပြောပြပါသည်…

နေလို့ရရင် နေနေလိုက်သည်…

နေလို့မရအောင်နာလာရင်တော့ လက်သုံးဆေးကို
အသုံးပြုရတော့သည်…

ထိုဆေးက လွယ်လွယ်လေးပါ…

ကျောက်ဖရုံသီးကို သခွါးခြစ်နဲ့ခြစ်ပြီး…

ရှာလကာရည်…
အနည်းငယ်ထည့်၍ …

အလယ်တည်ပန်းကန်နဲ့
တစ်ဝက်လောက်ကို…
တစ်ရက် နှစ်ရက်နဲ့
အကုန်စားပေးလိုက်ရုံပါပဲ…

အဲဒီလို သုံးခါလောက်လုပ်စားလိုက်တာနဲ့
အခုမြင်တွေ့ရတဲ့ကျောက်ကြီးလည်း…

မနေနိုင်တော့ပဲ ဆီးလမ်းကြောင်းကနေ
ဒလိမ့်ခေါက်ကွေး ထွက်ကျခဲ့ရတော့တာပါပဲ…

ရံဖန်ရံခါ အုန်းရေလဲ အဝသောက်ပေးဖို့…
လိုပါသည်…

ကျောက်တည်တတ်တဲ့ဝေဒနာရှင်များအတွက်
ူသတင်းကောင်းပေးလိုက်ပါတယ်

ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း ကျောက်ထွက်ကျလာလို့
ပုံနှင့်တကွ ရေးတင်ခဲ့ဘူးတာရှိပါတယ်

ကျောက်ဖရုံသီးနဲ့ ရှာလကာရေနဲ့ ရောစပ်ထားတာပါ
ဟင်းစားဇွန်းနဲ့ မောက်မောက်ခပ်၍ တစ်နေ့သုံးကြိမ်လောက်စားပေးပါ စားလို့ကောင်းပါတယ်…


Ko Nay Online Shop

28/01/2025

💪ကိုယ်ခံအားကို မြင့်တက်စေတဲ့ ကြက်သွန်နီ သံပုရာဆမ်း🌰🍋

အလွန်ရိုးရှင်းပြီး လုပ်ရလွယ်ကူတဲ့ မီးဖိုချောင်ထဲက ဆေးနည်းတစ်မျိုးကို ကျန်းမာရေးသတင်းများစာမျက်နှာမှ မျှဝေပေးချင်ပါတယ်။ အဲဒါကတော့ ကြက်သွန်နီ သံပုရာဆမ်း ဖြစ်ပါတယ်။

(၁) ကြက်သွန်နီကို ဖင်ဖြတ်၊ ခေါင်းဖြတ်၊ အခွံခွါပါ။

(၂) အကွင်းလိုက် လှီးထားပါ။ ရေမဆေးပါနဲ့။

(၃) ကြက်သွန်နီပေါ်ကို သံပုရာသီးညှစ်ထည့်ပါ။

(၄) ချိုတဲ့အရသာပေါ်လာပါမည်။ မွန်တဲ့အနံ့များ ပျောက်သွားမည်။

(၅) ၄င်းကြက်သွန်နီသံပုရာဆမ်းကို မကြာခဏ စားပေးပါ။ ထမင်းနှင့်သော်၄င်း၊ အခြားအစားအစာများနှင့်သော်၄င်း တွဲစားနိုင်ပါသည်။

ဒီနည်းကတော့ ထမင်းစားခါနီး ၂ မိနစ်အတွင်း အလွယ်တကူ ပြုလုပ်၍ စားသုံးနိုင်တဲ့ အလွယ်နည်း ဖြစ်ပါတယ်။ ဒီထက်ပိုအချိန်ပေးပြီး လုပ်နိုင်ပါက ကြက်သွန်နီကို ပါးပါးလှီး၍ သံပုရာသီးညှစ်ထည့်၊ ဆား၊ ငရုတ်သီးစိမ်းတို့ကို အနည်းငယ်စီထည့်၍ ကြက်သွန်နီသုပ်ကို လုပ်၍ စားသုံးနိုင်ပါသည်။ ကြက်သွန်နီစားပြီး ပါးစပ်မနံအောင် မြေပဲဆန် ၃ စေ့ခန့် ဝါးစားပါ။ ဖန်ရည်ရေနွေးကြမ်းဖြင့် ပလုတ်ကျင်းပါ။

ကြက်သွန်နီသံပုရာဆမ်းကို စားသုံးပေးခြင်းဖြင့်

(၁) ကိုယ်ခံအားကို မြင့်တက်စေမည်။

(၂) လေထဲတွင်ကူးစက်နိုင်သော တုပ်ကွေးစသည့်ရောဂါများကို ကာကွယ်ပေးနိုင်သည်။

(၃) ပိုးမွှားများကို သေစေနိုင်ပါသည်။

(၄) ဆီးချိုသွေးချိုရောဂါများကို သက်သာစေပါသည်။

(၅) ဂျိုင်းနံ့ဆိုးသူများ၊ ခံတွင်းနံ့ဆိုးသူများကို သက်သာစေပါသည်။

(၆) အိမ်ထောင်သည်များအတွက် ခွန်အားကို တိုးပွါးစေပါသည်။

(၇) ရင်ပူခြင်း၊ ရေငတ်ခြင်းများကို သက်သာပျောက်ကင်းစေပါသည်။

(၈) ခန္ဓာကိုယ်မှာ ပိုလျှံနေတဲ့ အဆီများကိုလည်း လျှော့ချပေးနိုင်ပါသည်။

ရိုးရှင်းလွယ်ကူသော ကြက်သွန်နီသံပုရာဆမ်းနည်းကို အလွယ်တကူ ပြုလုပ်၍ စားသုံးခြင်းဖြင့် ရောဂါများ သက်သာပျောက်ကင်းနိုင်ကြပါစေ။
crd

Ko Nay Online Shop

23/01/2025

🌻Good Morning 🌞 သွေးကျဲ ဓါတ်စာအမြဲစားပါ

သွေးပျစ်ခြင်း ဟာ
မကောင်းဘူး

သွေးကျဲ နေမှပဲ
နေလို့ ထိုင်လို့ ကောင်းတယ်
သွေးပျစ် နေရင်
သွေးတိုး
သွေးကြော ပိတ်
သွေးခဲ
ဆီးချို
ကိုယ်လက်ကိုက်ခဲ လေးလံ
ထိုင်းမှိုင်း စသည်ဖြင့်
ရောဂါ အမျိုးမျိုး
ဖြစ်ဖို့ သိပ်လွယ်တယ်။

ဒါကြောင့်
သွေးကို ခပ်ကျဲကျဲပဲ
ထားရမှာ ဖြစ်တယ်။

သွေးကျဲ
နေဖို့ လိုအပ်တဲ့အတွက်
သွေးပျစ်သူ တွေဟာ
သွေးကျဲဆေး
သောက်နေ ကြရလေ့ရှိတယ်။

အဂ်လိပ်ဆေး ကို
နေ့တိုင်း မသောက်
ချင်ကြတဲ့
သူတွေကတော့
သဘာဝဆေး
ကိုတောင်း ကြပါတယ်။

(အစာလည်း ဆေး-
ဆေးလည်း အစာ)

သဘာဝ အစားအစာ
ထဲက သွေးကျဲအောင်
လုပ်ပေး နိုင်တာကတော့
#နေကြာစေ့ပဲ ဖြစ်ပါတယ်။

နေကြာစေ့က
ဘာကြောင့်
သွေးကျဲ အောင်
လုပ်ပေး နိုင်တာလဲ။

နေကြာစေ့ အဆံထဲမှာ
ဆီတွေ ရှိနေပါတယ်။

အဲဒီ ဆီထဲမှာ
ဗီတာမင် E
အပြည့် ပါပါတယ်။

ဗီတာမင်E
က သွေးကျဲအောင်
အဓိက
လုပ်ပေးတာဖြစ်တယ်။

အနောက် နိုင်ငံက
လူတွေ နှလုံးသွေးကြော
မပိတ်အောင်
ဗီတာမင် Eကို
အဓိက သောက်ကြတယ်။

သွေးကျဲ ဖို့နဲ့
သွေးကြော ထဲမှာ
Block မဖြစ်ဖို့၊
သွေး လည်ပတ်မှု ကောင်းဖို့တွေ အတွက်ဖြစ်တယ်။

#နေကြာစေ့ကို

ရှမ်း လူမျိုးတွေ
အမြဲစား ကြလေ့ရှိတယ်။

ရာသီဥတု
အရမ်း အေးတဲ့
အချိန် မျိုးမှာတောင်
နေကြာစေ့ က
သွေး မပျစ်အောင်
သွေး မခဲအောင်
လုပ် ပေးနိုင်တယ်။

အရင်ခေတ်က
နှလုံးရောဂါ သည်တွေ

သွေးကြော မပိတ်အောင်
သွေးကျဲအောင်
နေကြာစေ့
စားကြ လေ့ရှိပါတယ်။

နေကြာစေ့ စားတာဆိုပေမဲ့
အပူပြင်းပြင်းနဲ့
လှော်ထားတဲ့
နေကြာစေ့ မျိုးတော့မစားနဲ့။

ဘာလို့လဲ ဆိုရင်
ဗီတာမင်E က
အပူပေးတာ များရင်
ပျက်စီးသွား
တတ်လို့ ဖြစ်ပါတယ်။

မီးနဲနဲ နဲ့
လှော်ရင်တော့ မပျက်စီးဘူး။

ကောင်းတာကတော့
နေကြာစေ့
အစိမ်း ဝယ်ပြီး
ကိုယ့်ဟာ ကိုယ်
လှော်စား သင့်တယ်။

အိမ်ကျမှ
မီးပါးပါးနဲ့ ဒယ်အိုးထဲ
ထည့်လှော် စားတယ်။

ချက်ချင်းလှော်
ချက်ချင်းစားတာ သိပ်စား
လိူ့ ကောင်းပါတယ်။

သွေးကျဲဖို့ အတွက်
နေကြာစေ့ ဓါတ်စာအပြင်
ရေများများ
သောက်ဖို့လည်း လိုတယ်။

ရေသောက် နဲရင်
သွေး ပျစ်တယ်
သွေး ချိုတယ်
သွေး ငန်တယ်
သွေး ညစ်တယ်။

ဒါကြောင့်
50Lbကို
ရေတစ်လီတာ
နှုန်း သောက်ရမယ်။

ဥပမာအားဖြင့်
ပေါင်၂၀၀ရှိတဲ့ သူဟာ
နေ့စဉ် ရေ၄ ပုလင်း
အနဲဆုံး သောက်ရမယ်။

ရာသီဥတု ပူရင်
ဒီထက်
ပိုသောက် ဖို့လိုပါတယ်။

သွေးကျဲဖို့ အတွက်
အချဉ်အရသာ၊
ကြက်သွန်ဖြူနီ၊
နနွင်း၊
ကြွက်နားရွက်မှို
တွေ ကိုလည်း
စားပေး ဖို့လိုတယ်။

ဒီလိုNetwork
နဲ့လုပ်သွားရင်
သွေးကျဲပြီး အမြဲ
ကျန်းမာနေပါလိမ့်မယ်။

ရောဂါ ခပ်သိမ်း
ကင်းဝေး ကြပါစေ......

Crd
#ကျန်းမာရေးဖြည့်စွက်စာများ
Ko Nay Online Shop

18/01/2025

သွားကိုက်ခြင်း သွားပိုးစားခြင်းနဲ့ သွားဖုံးရောင်ခြင်း
ဝေ ဒ နာ များ ခံစားနေရပါက ဤနည်းလမ်းအား ....
အသုံးပြုကုသခြင်း ဖြင့်...
နာရီပိုင်းအတွင်း သက်သာစေနိုင်မည်။

ဆေးနည်း။ ။

ဗမာကြက်သွန်ဖြူ ၅တက် မှ ၇ တက်အား
(အရွယ်အစား)ပေါ်မူတည်ပြီး ကြီးရင်ကြီးသလို
သေးရင်သေးသလို အသုံးပြုပြီး ထောင်းပါ။
လဖက်စားဇွန်း တစ်ဇွန်းခန့် ဆားကြမ်းအားလှော်ပြီး...
ထောင်းထားသော ကြက်သွန်ဖြူနဲ့အတူ ရောပြီး..
ဝေ ဒ နာ ခံစားရသော နေရာအား အုံပေးပြီး..
၅ မိနစ် ၁၀မိနစ်ခန့် သိပ်ပေးထားခြင်း...
ဝေဒနာ သက်သာ

ချစ်ခြင်းမေတ္တာဖြင့်...
👤လယ်တွင်းသား
(ပန်းလောင်မြေ)

Crd
Ko Nay Online Shop

17/01/2025

အစာအိမ်ရောဂါအတွက် ဆေးအမျိုးမျိုး သုံးပြီး မသက်သာလို့ စိတ်ညစ်နေသူများ အောက်ပါ သဘာဝ ဆေ:နည်းလေးကို သုံးကြည့်နိုင်ပါတယ် ဖတ်ချိန်တမိနစ်ထဲပါ
_________________
လက်တွေ့ သက်သာပျောက်ကင်းတဲ့ ဆေးနည်းလေးဖြစ်လို့ ပြန်လည်မျှဝပေးလိုက်ပါတယ်။

ပါ၀င်သော ပစ္စည်းများ အာလူးစိမ်း၊ ဂျင်း၊ ပျားရည်

ပြုလုပ်နည်း
၁။ အာလူး ၁၅-ကျပ်သား(၃/၄ လုံးခန့်) ကို ရေစင်အောင်ဆေ:ပြီး အခွံမခွာဘဲ နုပ်နုပ်စင်းလိုက်ပါ။

၂။ ရေအနည်းငယ်ဖြင့် ဆန်ပြုတ် ပြုတ်သကဲ့သို့ ပြုတ်ပေးပါ။

၃။ ဂျင်းအနည်းငယ်ကို ထည့်ပေးပါ။(ရင်ပြည့်ရင်ကယ် မဖြစ်စေရန်)

၄။ အဲဒီ အာလူးပြုတ်ရည်ကို ပျားရည်စစ်စစ် တစ်ဇွန်းခန့်ထည့်ပြီး သောက်ပါ။

၂-ပတ်ကို တစ်ကြိမ်ခန့် သောက်ပေးပါက အစာအိမ်ရောဂါ ပျောက်ကင်းသွားပါလိမ့်မယ်။

သတိပြုရန်

၁။ အစိမ်းရောင်ဖြစ်နေသော အားလူးများကို လုံး၀ မသုံးရပါ။ အစိမ်းရောင်ဖြစ်နေသော နေရာများကို ကွင်းပြီး ထုတ်ပစ်ရမည်။

၂။ အားလူးမှာ ကစီဓာတ် များစွာပါ၀င်နေတဲ့အတွက် ဆီးချို၊ သွေ:ချိုသမားများအတွက် သောက်ရန် မသင့်ပါ။
မိမိပြုသောကံမိမိထံပြန်လာမည်
မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ်
နောက်ထပ် ဆရာကြီးများရဲ့တန်ဖိုးရှိလှတဲ့ဆေ:နည်းများ.တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

+++++++++++
လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
🙏🙏🙏
ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုlikeလုပ်ထားဖို့အကြံပေးပါရစေpageထဲလဲဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ...
Ko Nay Online Shop

16/01/2025

ကျန်းမာရေးညီညွတ်စေရန် ဂျင်းပြုတ်ရည်နေ့တိုင်းသောက်ပါ

ဂျင်းကို ၁၀ ခြမ်းခန့်လှီးပြီး ရေ ၁ လီတာဖြင့် ပြုတ်ပါ ရလာတဲ့ဂျင်းပြုတ်ရည်ကို ဖန်ခွက်ထဲလောင်းထည့်ပြီး သံပရာသီးတလုံးကို ပါးပါးခြမ်းပြီး ဂျင်းပြုတ်ရည်ထဲ ၃ မိနစ် ခန့်စိမ်ထားပြီးရင် ဂျင်းပြုတ်ရည်နွေးနွေးလေးကို မနက်အိပ်ယာထတိုင်း နေ့စဥ်ပုံမှန်
ကော်ဖီတခွက်စာဖြင့် သောက်ပေးပါက အဆီတွေ လောင်ကျွမ်းစေပြီး ခန္ဓာကိုယ်မှာကျန်နေတဲ့ အဆိပ်အတောက်တွေ ဖယ်ရှားပေးတယ် အစာခြေစနစ်ကိုအထောက်အကူပြုပေးပြီး အအေးမိခြင်း နှင့်လည်ချောင်းနာခြင်းကိုလည်းသက်သာစေတယ် ဆဲလ်များယိုယွင်းမှုကို နှေးကွေးစေတယ် လုပ်ရလည်းလွယ်ကူတာမို့ စမ်း​သောက်ကြည့်နော်


Crd

Ko Nay Online Shop

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address


Mandalay