Wai Yan Mdy Online Sale

Wai Yan Mdy  Online  Sale

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Wai Yan Mdy Online Sale, Beauty, cosmetic & personal care, Mandalay.

06/07/2021

သတိပြုရန်များ... COVID-19

ကြောက်စိတ်မဝင်ပါနဲ့ စိတ်အေးစွာနဲ့ ရင်ဆိုင်ပါ အဖြစ်အပျက်သဘောကို နားလည်ထားပါ။

ခေါင်းအရမ်းထိုးကိုက်တာ၊ အပူငွေ့ငွေ့နဲ့ စ ဖျားတာဆို သတိဝင်လိုက်ပါတော့။ အဲဒါ စ ကူးရင် ပြတတ်တဲ့ လက္ခဏာပါ။ လုံးဝအပြင်မထွက်ပါနဲ့။ အိမ်ထဲကလူတွေနဲ့ ခွဲနေပြီး mask တပ်ပါ။

ဖျားပြီး ၂ ရက်လောက် ကြာတဲ့အခါ ရုတ်တရက် အနံ့ပျောက်သွားတတ်ပါတယ်။ အရမ်းစိတ်လှုပ်ရှားတဲ့ အချိန်ပါ။ သတိဝင်ပါ။ စိတ်ကို တည်ငြိမ်အောင် ထားရမယ်ဆိုတာကို။

အနံ့ပျောက်ပြီး ၃ ရက်ခန့်အကြာမှာ O2 ကျပြီး အသက်ရှုရခက်တတ်ပါတယ်။ ဆေးရုံမသွားနိုင်ခဲ့ရင် covid-19 call centre (2019) ကို ဖုန်းဆက်ပါ။ လိုအပ်တာတွေ လမ်းညွှန်ပေးပါတယ်။ (ညနေ 5 နာရီထိ)

စ ဖြစ်ပြီး ၇ ရက်မြောက်နေ့ကနေ ၁၀ ရက်မြောက်နေ့ထိ ဟာ ပြန်လည်သက်သာလာတတ်တဲ့ recovery ရက်တွေဖြစ်ပါတယ်။ အဲဒီရက်တွေမှာ အားပိုရှိအောင် လုပ်ပါ။

အနံ့ပျောက်ခြင်းဟာ ၁၀ ရက်ထက်လည်း ကျော်သွားတတ်သလို အနည်းငယ်မောတာဟာလည်း ဆက်ရှိနေတတ်ပါတယ်။ အားရှိဖို့ကို ဂရုစိုက်ပါ။

လည်ချောင်းနာတဲ့ လက္ခဏာဟာ လူတိုင်းမှာ မပြပါဘူး။ ချောင်းခြောက် နေ့တိုင်းဆိုးနိုင်ပါတယ်။ ဝမ်းအရည်သွားတတ်ပါသေးတယ်။

ကိုယ့်ကို စိတ်ဓာတ်ခွန်အားပေးနိုင်မယ့် မိတ်ဆွေ ၂ ဦး၊ ၃ ဦး နဲ့ စ ဖြစ်ကတည်းက ဆက်သွယ်ပြီးခွန်အားယူပါ။ လူတွေအများကြီးနဲ့ အဆက်အသွယ်မလုပ်ပါနဲ့။ Depression ရနိုင်ပါတယ်။

တိုက်တွန်းလိုသည်များ
++++++++++++++++++++++++++++++

- ရေနွေးငွေ့ထဲ ကွမ်းရွက်ထည့်ခြေပြီး ရှူပါ။

- ထမင်းငွေ့ရှူပါ။

- အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။

- Aircon, ပန်ကာ ပိတ်ထားပါ။

- ပြတင်းများ ဖွင့်ထားပါ။

- ကြက်ပေါင်းရည်/ ငှက်သိုက် သောက်ပါ။

- အသီးအနှံစားပါ။

- အစောပိုင်းဖျားတဲ့ 2 ရက်ခန့်မှာ ထမင်း မစားပါနဲ့။
ဓာတ်ဆားရည်သောက်ပါ။

- ရေဓာတ်အတတ်နိုင်ဆုံး ဖြည့်ပါ။
ရေများများသောက်ပါ။ အောက်ဆီဂျင် တက်ပါတယ်။

- Multivitamin ရေဆူဆေးပြားသောက်ပါ။

- အနံ့မရလို့ထမင်းမစားဘဲ မနေပါနဲ့။

- မနက်၊ နေ့၊ ညနေ ဝင်သလောက် စားပေးပါ။

- ကြက်ဥ တစ်နေ့လေးလုံး၊ နွားနို့ ၂ ခွက် သောက်
ပေးပါ။

- အိပ်ရေးဝအောင် အိပ်ပါ။ အိပ်မပျော် ဖြစ်တတ်ပါသည်။

- တရားနားထောင်ပါ။
ဖြစ်နိုင်လျင် တရားထိုင်ပါ။

- စိတ်ကို ငြိမ်အောင်ထားပါ။

- အသား၊ ငါး၊ ဥ၊ အသီးအရွက် ရသလောက် စားပေးပါ။

- အသင့်စားအစားအသောက်တွေ အတတ်နိုင်ဆုံး မစားပါနှင့်။

- အချိုရည်တွေ မသောက်ပါနဲ့။

- ပူပူနွေးနွေးစားပါ။

- အလုပ်တွေ တတ်နိုင်သလောက် မလုပ်ပါနဲ့။

- ဦးနှောက်သုံးစဉ်းစားရမယ့်ကိစ္စတွေလည်း ရှောင်
ပါ။ လုပ်နိုင်တယ်ဆိုပြီးလုပ်ရင် အားကုန်၊ ကိုယ်ခံ
အား ကျပါတယ်။

- အနားယူနေပါ။ စိတ်ရှုပ်မခံပါနဲ့။

- ဟိုတွေး ဒီတွေး တွေးနေတတ်ရင် ဟာသ
ဇာတ်ကားများ ကြည့်နေလိုက်ပါ။

- အရင်းနှီးဆုံး မိတ်ဆွေများနှင့် စကား မကြာခဏ
ပြောပါ။ သူတို့ဆီကလည်း အကြံကောင်းတွေ ရနိုင်ပါတယ်။

- ၇ ရက် ကျော်လာရင် ပြန်ကောင်းတော့မှာလို့ ယုံကြည်လိုက်ပါ။

- ဖျားတာ၊ အနံ့မရတာက တော်တော်များများ ဖြစ်တာဖြစ်ပြီး မောတာ၊ ရင်ဘတ်အောင့်တာ၊ အသက်ရှုခက်တာတွေဟာ သတိထားရမယ့် လက္ခဏာပါ။ အဲဒီအခြေအနေမှာ လိုအပ်ရင် ဆေးရုံသွားဖို့ သတိထားပါ။

မေတ္တာဖြင့်

မေနှင်းဆီ

အားလုံး ရောဂါကပ်ဆိုးကြီးမှ ကင်းဝေးကြပါစေ။
Pho ~~~fbမှစုစည်းပြီး
မေနှင်းဆီနှင့်အတူ crdပါ

06/07/2021

မဂ်လာပါအပေါင်းနှင့်ပြည့်စုံသောနေ့ရက်များကို ပိုင်ဆိုင်ပါစေဆုတောင်းရင်း ကျွန်တော် Page လေးကို Like & Follow လေလုပ်းပေးပါဦးဗျ 🙏🙏🙏

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Website

Address


Mandalay