Bare Beauty Myanmar

Bare Beauty Myanmar

Share

Dare to Bare with Bare Beauty

08/09/2026

ခဏခဏ အမွှေးရိတ်နေရလို့ အသားအရေလေး မည်းသွားတာ၊ အမွှေးတွေ ပိုသန်ပြီး အဖုအပိန့်တွေ ထွက်လာလို့ စိတ်ညစ်နေရတဲ့ ငယ်လေးတို့အတွက် Waxing အကြောင်းလေး ပြောပြချင်ပါတယ်နော်! 🩵🥰

🩵 Waxing ဆိုတာ ဘာလဲ?
Waxing ဆိုတာ အသားအရေပေါ်က အမွှေးတွေကို ဓားနဲ့ ရိတ်တာမျိုး မဟုတ်ဘဲ Wax (ဖယောင်း) အပျော့/အမာလေးတွေကို အသုံးပြုပြီး အမွှေးတွေကို အမြစ်ကနေ စနစ်တကျ သန့်စင်ပေးတာ ဖြစ်ပါတယ်ရှင်။

ဒါဆို ဘာကြောင့် ငယ်လေးတို့ Waxing ကို လုပ်သင့်တာလဲ?💡
၁။ အမွှေး ပြန်ထွက်တာ ကြာသွားမယ် ⏳✨ 🩵
အမွှေးတွေကို ရိတ်ရင် ၂ ရက်၊ ၃ ရက်ဆို ပြန်ထွက်လာပေမဲ့ Waxing က အမြစ်ကနေ ကျွတ်သွားတာမို့လို့ ၃ ပတ်ကနေ ၄ ပတ်အထိ ချောမွေ့တဲ့ အသားအရေကို ထိန်းထားပေးနိုင်ပါတယ်နော်။

၂။ အမွှေးတွေ ပိုပါးပြီး အသားအရေက ပိုနူးညံ့လာမယ် 🩵
ခဏခဏ Waxing လုပ်ပေးရင် နောက်ပိုင်း ပြန်ထွက်လာတဲ့ အမွှေးလေးတွေက အရင်လို မသန်တော့ဘဲ ပိုပြီး ပါးပါးလေးနဲ့ နူးညံ့သွားပါတယ်ရှင်။

၃။ ဆဲလ်သေတွေကိုပါ တစ်ခါတည်း ချွတ်ပေးတယ် 🩵✨
Waxing လုပ်လိုက်တာနဲ့ အမွှေးတင် မဟုတ်ဘဲ အသားအရေပေါ်က ဆဲလ်သေ (Dead Skin Cells) တွေကိုပါ အလိုအလျောက် Exfoliation လုပ်ပေးတာမို့ အသားအရေလေးက ပိုပြီး ဖြူဝင်း ချောမွေ့သွားစေတယ်လေ။

၄။ အသားအရေ ပျက်ဆီးတာနဲ့ Ingrown Hair မဖြစ်တော့ဘူး 🩵🌸
ဂျိုင်းနဲ့ အခြား Private နေရာတွေကို ရိတ်ရင် အသားအရေ ကွက်တာနဲ့ မည်းညစ်သွားတာနဲ့ အဖုအပိန့် ထွက်တတ်ပါတယ်။ Waxing စနစ်တကျ လုပ်ပေးရင်တော့ ဒီဒုက္ခတွေကနေ လုံးဝ ကင်းဝေးသွားမှာပါနော်။

Bare Beauty ရဲ့ Waxing Series တွေဟာ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး FDA Approved ရရှိထားတဲ့ Brand ဖြစ်တာကြောင့် ထိခိုက်လွယ်တဲ့ sensitive အသားအရေရှိသူတွေပါ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။

"ငယ်လေးတို့ရဲ့ ယုံကြည်မှု Bare Beauty နှင့် အစပြု" 🦋
Bare Beauty Myanmar (မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး FDA Approved Waxing Brand)
Dare to bare with Bare Beauty... 🩵

🌐 Explore to see the products - https://www.barebeautymm.com
📍 Address - ၇၇C လမ်း၊ ၃၂ x ၃၂A ကြား၊ မန္တလေးမြို့။
📞 Hotline - 09888000805

31/08/2026

ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ Glow Up ဖို့ အဝတ်အစားတစ်ခုတည်းနဲ့တင် မလုံလောက်ဘူးဆိုတာ ငယ်လေးတို့ သိလား... 🕊️✨
ငယ်လေးတို့ရေ ... ဝတ်စုံလှလှလေးတွေ ဝတ်ထားပေမဲ့ ခန္ဓာကိုယ်ရဲ့ တစ်နေရာရာမှာ အမွှေးအမျှင်တွေ စိတ်မရှင်းတာ၊ အသားအရေ မပြောင်ရှင်းတာမျိုးကြောင့် ကိုယ့်ကိုယ်ကို သိမ်ငယ်သလို ခံစားဖူးကြတယ်မလား။ 💭
မိန်းကလေးတစ်ယောက်ရဲ့ စစ်မှန်တဲ့ Self-Confidence (ယုံကြည်မှု) ဆိုတာ ပြင်ပအဆင်တန်ဆာတွေထက် ကိုယ့်အသားအရေပေါ်မှာ လွတ်လပ်ပေါ့ပါးနေတဲ့ ခံစားချက်ကနေ အစပြုတာပါ။ 🩵
Bare Beauty က ငယ်လေးတို့အတွက် ရိုးရှင်းပေမဲ့ အထိရောက်ဆုံးဖြစ်မယ့် Body Waxing Solutions လေးတွေကို မျှဝေပေးချင်ပါတယ်ရှင်။
✨ Smooth & Glowing Skin
Waxing လုပ်လိုက်တဲ့အခါ အမွှေးအမျှင်တွေကို သန့်စင်ပေးရုံတင်မကဘဲ အပေါ်ယံက ညှိးနွမ်းနေတဲ့ ဆဲလ်သေတွေကိုပါ ဖယ်ရှားပေးလို့ အသားအရေလေးက ချက်ချင်း ကြည်လင်ဝင်းပသွားစေပါတယ်။
✨ Long-Lasting Neatness
Shaving လုပ်တာနဲ့ မတူဘဲ အမွှေးအမျှင်ရဲ့ အမြစ်ကနေ ဖယ်ရှားပေးတာမို့ အမွှေးအမျှင် ထွက်နှုန်းကို နှေးကွေးစေပြီး အမြဲတမ်း Clean & Neat ဖြစ်နေတဲ့ Feeling ကို ကြာရှည်စွာ ခံစားရစေမှာပါ။
✨ FDA Approved Quality Care
Bare Beauty ရဲ့ Waxing Series တွေဟာ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး FDA Approved ရရှိထားတဲ့ Brand ဖြစ်တာကြောင့် ထိခိုက်လွယ်တဲ့ sensitive အသားအရေရှိသူတွေပါ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။
ကိုယ့်ရဲ့ Body Care Routine ကို အကောင်းဆုံး ပြုစုပျိုးထောင်ပေးတာဟာ ကိုယ့်ကိုယ်ကို တန်ဖိုးထားကြောင်း ပြသတဲ့ အလှပဆုံး Self-Love Action တစ်ခုပါပဲ... ✨
"ငယ်လေးတို့ရဲ့ ယုံကြည်မှု Bare Beauty နှင့် အစပြု" 🦋
Bare Beauty Myanmar (မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး FDA Approved Waxing Brand)
==================
Dare to bare with Bare Beauty... 🩵
🌐 Explore to see the products - https://www.barebeautymm.com
📍 Address - ၇၇C လမ်း၊ ၃၂ x ၃၂A ကြား၊ မန္တလေးမြို့။
📞 Hotline - 09888000805

24/08/2026

Underarms နဲ့ Bikini line လို နုနယ်ပြီး Sensitive ဖြစ်တဲ့ နေရာလေးတွေဆိုရင် "Waxing လုပ်ရမှာ ကြောက်တယ်..." ဆိုပြီး စိုးရိမ်နေတုန်းပဲလား ငယ်လေးတို့ရေ... 🫣🩵
Shaving လုပ်တာက In-grown hair တွေ ဖြစ်စေပြီး အသားအရေကို မည်းညစ်ကျန်ခဲ့စေတာမို့... Sensitive Skin လေးတွေအတွက် သီးသန့် အဆင်ပြေစေမယ့် Bare Beauty Premium Hard Wax Set လေး ရှိပါတယ်နော်! 🩵

Hard Wax Set ကို ဘာလို့ ရွေးချယ်သင့်တာလဲ? ✨
🩵 Skin-Friendly Formula နဲ့ Waxing Area အသားကို ကပ်ဆွဲတာမျိုး မဟုတ်ဘဲ အမွှေးအမျှင်တွေကိုပဲ သီးသန့် အမြစ်ကနေ ကျစ်ကျစ်ပါအောင် ဆွဲယူပေးတာမလို့ မလိုအပ်ဘဲ နာကျင်တာမျိုး မရှိပါဘူး။
🩵 ချွေးပေါက်တွေကို အပူဓာတ်နွေးနွေးလေးနဲ့ အသာအယာ ပွင့်စေတာမလို့ နီမြန်းယားယံခြင်းနဲ့ In-grown Hair တွေကို ကာကွယ်ပေးပါတယ်။
🩵 Wax Pot လေးပါ ပါဝင်လို့ အိမ်မှာတင် အကြိမ်ကြိမ် ပြန်သုံးလို့ရပြီး ဆိုင်သွားစရာမလိုဘဲ အကုန်အကျ သက်သာစေပါတယ်။
🩵 မြန်မာနိုင်ငံ၏ ပထမဦးဆုံး FDA Approved ရရှိထားတဲ့ Waxing Brand မလို့ ဘေးကင်း စိတ်ချရမှု ၁၀၀% အာမခံပါတယ်ရှင်!

Bare Beauty ရဲ့ Hard Wax Set ထဲမှာ ဘာတွေပါလဲဆိုတော့
✅Smart Wax Pot
✅Premium Hard Wax Beans
✅Wooden Spatulas
✅Pre & Post Treatment Oils တို့ပါဝင်ပါတယ်။
အမွှေးအမျှင် ကင်းစင်ပြီး ကတ္တီပါလို ချောမွေ့ပြောင်ရှင်းတဲ့ အသားအရေလေးနဲ့ ယုံကြည်မှုရှိသွားဖို့ Hard Wax Set လေးကို အခုပဲ မှာယူလိုက်တော့နော်... 🥰

Bare Beauty Myanmar (မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး FDA Approved Waxing Brand)
==================
Dare to bare with Bare Beauty... 🩵
🌐 Explore to see the products - https://www.barebeautymm.com
📍 Address - 77C လမ်း၊ 32 x 32A ကြား၊ မန္တလေးမြို့။
📞 Hotline: 09-888000805

18/08/2026

မိန်းကလေးတစ်ယောက်နဲ့ တစ်ယောက် Waxing လုပ်ရတဲ့ သဘာဝနဲ့ လိုအပ်ချက်ခြင်း မတူကြဘူး မဟုတ်လား ငယ်လေးတို့ရေ... 🩵

ဒါကြောင့် Bare Beauty မှာ ငယ်လေးတို့ရဲ့ ကွဲပြားတဲ့ Lifestyle တိုင်းနဲ့ ကွက်တိကျသွားအောင် Waxing Solution တွေကို စုံစုံလင်လင် ဖန်တီးပေးထားတာပါရှင်... ✨

✨ အိမ်မှာ အေးဆေး သီချင်းလေးနားထောင်ရင်း Self-Care ဇိမ်ယူချင်သူများအတွက်
နူးညံ့တဲ့ Wax Bean လေးတွေကို Wax Pot အိုး ထဲမှာ အရည်ပျော်အောင် စောင့်ရင်း ဇိမ်ယူလို့ရမယ့် Premium Hard Wax Set လေး

✨ ခရီးခဏခဏ ထွက်တတ်သူနဲ့ မြန်မြန်ဆန်ဆန် လွယ်လွယ်သုံးချင်သူများအတွက်
Cartridge Heater လေးနဲ့ အလွယ်တကူ လိပ်ပြီး သုံးရုံနဲ့ အချိန်မကုန်ဘဲ လှသွားစေမယ့် Cartridge Wax Set

✨ အရေးပေါ် သန့်စင်ချင်သူနဲ့ Starter လေးများအတွက်

ရိုးရှင်းပြီး အသုံးပြုရ လွယ်ကူတဲ့ 2 Way Wax Set နဲ သီးသန့် အိတ်ဆောင် Waxing Paper, Stick Pack လေးများ 🩵

✨ Salon & Spa မမတို့အတွက်
အဝသုံး စိတ်ချလက်ချ အသုံးပြုနိုင်မယ့် Wax Can ဗူးကြီးများ အပြင် Wax မလုပ်ခင်နဲ့ လုပ်ပြီး အသားအရေကို ဖေးမပေးမယ့် Pre & Post Treatment Oil အထိ တစ်နေရာတည်းမှာ အစုံအလင် ရနိုင်ပါတယ်နော်…

ကိုယ့် Lifestyle နဲ့ အလိုက်ဖက်ဆုံး Waxing Kit လေးကို ရွေးချယ်ပြီး ဘယ်နေရာမှာမဆို ယုံကြည်မှုအပြည့်နဲ့ လှပလိုက်တော့နော်... 🥰
"ငယ်လေးတို့ရဲ့ ယုံကြည်မှု Bare Beauty နှင့် အစပြု" 🦋
Bare Beauty Myanmar (မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး FDA Approved Waxing Brand)
==================
Dare to bare with Bare Beauty... 🩵
🌐 Explore to see the products - https://www.barebeautymm.com
📍 Address - 77C လမ်း၊ 32 x 32A ကြား၊ မန္တလေးမြို့။
📞 Hotline - 09888000805

11/08/2026

အလှတရားဆိုတာ ဝတ်စားဆင်ယင်မှုတစ်ခုတည်း မဟုတ်ဘဲ... ကိုယ့်အသားအရေလေးကို စိတ်ချလက်ချ ထိတွေ့ခွင့်ရတာမျိုးပါ ငယ်လေးတို့ရေ... 💭

မျက်နှာပေါ် လိမ်းမယ့် Skin Care တစ်ခု အမျိုးအစားပြောင်းလဲတော့မယ်ဆိုရင်တောင် Ingredient တွေ သေချာဖတ်၊ ဘေးထွက်ဆိုးကျိုးတွေ လေ့လာပြီးမှ သုံးတတ်ကြတဲ့ ငယ်လေးတို့အတွက်... ခန္ဓာကိုယ်အသားအရေအတွက် သုံးနေတဲ့ Waxing ပစ္စည်းက တကယ်ရော စိတ်ချရရဲ့လားလို့ တွေးမိဖူးလား?

Waxing လုပ်ရင် အသားအရေ ပျက်စီးမလား၊ နီမြန်းပြီး အဖုတွေ ထွက်လာမလား၊ ကြာရင် အသားအရေ မည်းသွားမလား ဆိုတဲ့ စိုးရိမ်စိတ်လေးတွေကြောင့် အလှစစ်ကို ဖွင့်ဟဖို့ တွန့်ဆုတ်နေခဲ့ရတယ် မဟုတ်လား... 😉

ကိုယ့်ကိုယ်ကိုယ် ချစ်မြတ်နိုးတာဟာ အသေးစိတ် မိမိကိုယ်ကိုယ် ဂရုစိုက်ခြင်းကနေ စတင်ပါတယ်... ✨🩵

Waxing Routine တစ်ခုမှာ Skin Barrier မပျက်စီးဘဲ အသားအရေ ကို သဘာဝအတိုင်း လှပစေဖို့ဆိုတာ Safety Standardization အပြည့်ရှိဖို့ အရေးကြီးပါတယ်။

ဒါ ကြောင့်မို့လို့ Bare Beauty က ငယ်လေးတို့ရဲ့ စိုးရိမ်စိတ်မှန်သမျှကို လုံးဝ မရှိရအောင်

မြန်မာနိုင်ငံမှာ ပထမဦးဆုံး FDA Approved Waxing Brand အဖြစ် တရားဝင် အသိအမှတ်ပြုမှု ရယူထားပြီး
ဆရာဝန်တွေ ကိုယ်တိုင် Formula တွက်ချက်ထားတဲ့အပြင် သဘာဝ ပါဝင်ပစ္စည်းတွေနဲ့ ပေါင်းစပ်ထုတ်လုပ်ထားတာဖြစ်လို့
ငယ်လေးတို့ရဲ့ Sensitive Skin လေးတွေအတွက်ပါ စိတ်ချလက်ချ သုံးစွဲနိုင်ပါတယ်ရှင်။ 🩵
ဒါကြောင့် အသားအရေ ပျက်စီးမှာကို ကြောက်နေစရာ မလိုတော့ဘူးနော်...

Bare Beauty Myanmar
--------------------------
ငယ်လေးတို့ရဲ့ ယုံကြည်မှု... Bare Beauty နဲ့ အစပြု... 🩵
🌐 Explore to see the products: https://www.barebeautymm.com
📍 Address: ၇၇C လမ်း၊ ၃၂ x ၃၂A ကြား၊ မန္တလေးမြို့။
📞 Hotline: 09-888000805

07/08/2026

စုံလင်လင် … Bare Beauty ရဲ့ Waxing Accessories 🩵

Waxing Routine တစ်ခု ပြီးပြည့်စုံဖို့အတွက် Main Set တွေ ရှိရုံတင်မကဘဲ Accessories လေးတွေပါ အဆင်သင့် ရှိနေဖို့ လိုတယ်မဟုတ်လား ငယ်လေးတို့ရေ... 💭
Bare Beauty Myanmar မှာ Main Wax Sets တွေအပြင် Waxing နည်းလမ်းမျိုးစုံအတွက် လိုအပ်တဲ့ Accessories & Essentials မှန်သမျှကို မိမိစိတ်ကြိုက် သီးသန့် ခွဲဝယ်လို့ ရအောင် စုံစုံလင်လင် ပြင်ဆင်ပေးထားပါတယ်ရှင်... ✨

တစ်ကိုယ်ရည်သုံး အိတ်ဆောင် Waxing Accessories များ အနေဖြင့်
🩵 Wax Paper အတွက်ဆို BB Wax Paper နဲ့ ABS Paper ဆိုပြီး နှစ်မျိုးရှိပါတယ်။
🩵 Wax Stick Pack အတွက်ဆိုရင် ၁၀ ခုပါတဲ့ BB Wax Stick အထုပ်သေးအပြင် အခု (၁၀၀) ပါတဲ့ အထုတ်ကြီးပါရှိပါတယ်ရှင့်။
နောက်ပြီး Tratment Care အတွက်ဆို
🩵 Pre & Post Treatment Care အတွက် Pre-Wax Oil (60ml) နဲ့
Post-Wax Oil (60ml) ဆိုပြီး ထုတ်လုပ်ပေးထားပါတယ်။
🩵 Wax Bean အတွက် ဆို တကိုယ်ရည်အသုံးပြုဖို့အတွက် Wax Bean (250g) နဲ့ Waxing Cartridge ဆိုရင် (100g) ပါဝင်ပြီးကို Strawberry, Honey, Aloe, မိမိ နှစ်သက်ရာ ရနံ့ကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်ရှင့်။
ဒါတင်မကသေးဘူး ✨
Spa & Salon ဆိုင်ရှင် မမတို့အတွက်
🩵 Wax Bean (500g & 1kg) ကို Milk, Rose, Lavender, Candy Bean ကြိုက်နှစ်သက်ရာရွေးချယ်နိုင်သလို
🩵 Wax Can (800ml): Professional Salon Size Wax Cans ကိုလည်း ဝယ်ယူနိုင်ပါတယ်ရှင့်။
FDA Approved ရရှိထားတာမလို့ ငယ်လေးတို့ရဲ့ အသားအရေအတွက် စိတ်ချလက်ချ အသုံးပြုနိုင်မယ့် Bare Beauty ရဲ့ Waxing Accessories တွေကို Page Messenger မှာ အခုပဲ မေးမြန်း မှာယူလိုက်တော့နော်... 🥰✨
Bare Beauty Myanmar
ငယ်လေးတို့ရဲ့ ယုံကြည်မှု... Bare Beauty နဲ့ အစပြု... 🩵
🌐 Explore to see the products: https://www.barebeautymm.com
📍 Address: ၇၇C လမ်း၊ ၃၂ x ၃၂A ကြား၊ မန္တလေးမြို့။
📞 Hotline: 09-888000805

31/07/2026

"Skin Care သေချာလုပ်သလောက် Body Care ကိုကျ မေ့ထားမိတယ်မလား ငယ်လေးတို့..." 🦋

ငယ်လေးတို့ရေ ... မျက်နှာပေါ်က အသားအရေအတွက် Toner, Serum တွေ အဆင့်ဆင့် လိမ်းပြီး ဂရုစိုက်လေ့ရှိပေမဲ့... ခန္ဓာကိုယ် အသားအရေ အပြင် တကိုယ်ရည်သန့်ရှင်းဖို့ကျတော့ မေ့လျော့နေမိတတ်ကြတယ်မလား။ 💭
တကယ်တော့ မိန်းကလေးတစ်ယောက်ရဲ့ ယုံကြည်မှု (Self-Confidence) ဆိုတာ မျက်နှာအပြင်အဆင်နဲ့ အဝတ်အစားတင် မဟုတ်ပါဘူး။ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်း သန့်ရှင်းချောမွေ့နေတဲ့အခါ စိတ်ထဲကနေ သဘာဝအတိုင်း ရလာတဲ့ "ပေါ့ပါးမှုနဲ့ လွတ်လပ်မှု" ကမှ စစ်မှန်တဲ့ Confidence ကို ပေးစွမ်းနိုင်တာပါ။ 🩵
Body Waxing ဆိုတာ သာမန် အမွှေးအမျှင် ဖယ်ရှားရုံတင် မဟုတ်ဘဲ အသားအရေအတွက် ရရှိမယ့် Knowledge လေးတွေကို မျှဝေပေးချင်ပါတယ်။
✨ ဆဲလ်သေ (Dead Cells) တွေကို ဖယ်ရှားပေးတယ်
Waxing ဟာ အမွှေးအမျှင်တင် မဟုတ်ဘဲ အသားအရေပေါ်က ဆဲလ်သေတွေကိုပါ တစ်ပါတည်း ဖယ်ရှားပေးတာမို့ အသားအရေကို ပိုပြီး ချောမွေ့ စိုပြည်သွားစေပါတယ်။
✨ ထွက်လာမယ့် အမွှေးအမျှင်တွေကို ပိုမို နူးညံ့စေတယ်
Shaving လုပ်တာလိုမျိုး ထိပ်ဖျားကိုပဲ ဖြတ်တာမဟုတ်ဘဲ အမြစ်ကနေ သန့်စင်ပေးတာမို့ နောက်ထပ် ထွက်လာတဲ့အခါ ပိုပြီး ပါးလွှာနူးညံ့သွားစေပါတယ်။
✨ Skin Barrier ကို မထိခိုက်ဘဲ သန့်ရှင်းစေတယ်။
မှန်ကန်တဲ့ Body Care Routine နဲ့ ပြုစုပေးတာဟာ ခန္ဓာကိုယ် အသားအရေကို မပျက်စီးစေဘဲ အမြဲတမ်း Clean & Smooth ဖြစ်နေစေမှာပါ။
ကိုယ့်ကိုယ်ကို မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ သေချာ ပြုစုပေးတာဟာ မိန်းကလေးတစ်ယောက်အတွက် အလှပဆုံး Self-Love Routine တစ်ခုပါပဲနော်... ✨
"ငယ်လေးတို့ရဲ့ ယုံကြည်မှု Bare Beauty နှင့် အစပြု" 🦋
Bare Beauty Myanmar (မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး FDA Approved Waxing Brand)
==================
Dare to bare with Bare Beauty... 🩵
🌐 Explore to see the products - https://www.barebeautymm.com
📍 Address - 77C လမ်း၊ 32 x 32A ကြား၊ မန္တလေးမြို့။
📞 Hotline - 09888000805

29/07/2026

“သန္ဓေ တောထွက် ဓမ္မစက် တချက်ပြာဋိဟာ မိန့်မြွက်သံချို လဝါဆို” 🙏🏻

ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့မှာ ကောင်းခြင်း မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း Bare Beauty Myanmar မိသားစုမှ ဆုတောင်း မေတ္တာ ပို့သအပ်ပါသည်။ 🙏🏻 🩵


#ဝါဆိုလပြည့် #ဓမ္မစကြာနေ့

23/07/2026

ငယ်လေးတို့ရေ... 🩵
Social Media ပေါ်မှာ တခြားကောင်မလေးတွေ Bikini အတိုအပြတ်လေးတွေနဲ့ အလန်းစားပုံတွေ တင်နေတဲ့အခါ ကိုယ်တိုင်လည်း အလှကြီးလှချင်ပေမယ့်... Bikini Line နားက Body Hairs တွေကြောင့် ပူပန်နေရဖူးလား။ 🤔

Shaving လုပ်ပြန်ရင်လည်း In-grown Hairs တွေကြောင့် အသားအရေမဲညစ်သွားမှာ စိုးရိမ်၊ "အဲဒီနေရာကို Wax လုပ်ရင် အရမ်းနာမှာပဲ" ဆိုပြီး တွေးကြောက်နေတဲ့ ငယ်လေးတို့အတွက်...
“Bare Beauty” ရဲ့ Waxing Product တွေက မြန်မာပြည်ရဲ့ ပထမဦးဆုံး FDA Approve local Waxing Product တွေဖြစ်လို့ 😉

🩵 နုနယ်တဲ့ အသားအရေပိုင်းအတွက် သဘာဝ ကုန်ကြမ်းပစ္စည်းတွေကို Quality အကောင်းဆုံးနဲ့ အထူးထုတ်လုပ်ထားတာမလို့ အသားကို ဆွဲခွာသလို နာကျင်တာမျိုးမရှိဘဲ ယားယံတာ၊ နီမြန်းတာတွေကိုပါ အပြည့်အဝ ကာကွယ်ပေးတယ်၊ ✨

နောက်ပြီး Private Area ကို Waxing လုပ်မယ်ဆို Bare Beauty ရဲ့ Premium Hard Wax Set လေး နဲ့
Wax Can ကို အကြံပြုပါတယ်ရှင့်။

🩵Premium Hard Wax Set က Body area အစုံကို wax လုပ်လို့ရတဲ့ အပြင် Wax Bean လေးတွေကလည်း မိမိစိတ်ကြိုက် ရွေးချယ် ဝယ်ယူလို့ရပါတယ်။

🩵 Wax Can လေးတွေကလည်း တစ်ခါဝယ်ပြီး အကြာကြီးသုံးလို့ရတဲ့ အတွက် ဆိုင်သမားတွေရော၊ တကိုယ်ရည်သုံးတဲ့ သမားတွေအတွက်ပါ ပိုပြီး အဆင်ပြေစေမှာပါ။

“ငယ်လေးတို့ရဲ့ ယုံကြည်မှု Bare Beauty နဲ့ အစပြု” 🩵

🌐 Explore to see the products: https://www.barebeautymm.com

Bare Beauty Myanmar
==================
Dare to Bare with Bare Beauty. (FDA Approve)
Address - 77C လမ်း၊ 32 x 32A ကြား၊ မန္တလေးမြို့။
Hotline - 09888000805

17/07/2026

"အကုန်အကျ သက်သာဆုံးနဲ့ အလွယ်တကူ Waxing လုပ်စို့... 🩵"
ဆိုင်သွားပြီး Waxing လုပ်ဖို့ အချိန်လည်းမအား၊ ပိုက်ဆံလည်း အများကြီးမသုံးချင်တဲ့ ငယ်လေးတို့အတွက် အိမ်မှာတင် အလွယ်တကူနဲ့ အကုန်အကျအသက်သာဆုံး Waxing လုပ်လို့ရမယ့် Cartridge Wax Set လေး ရှိတယ်နော်။

သုံးရတာ တကယ်ကို ရိုးရှင်းပြီး အချိန်ကုန်သက်သာပါတယ်။ Wax Cartridge လေးကို Heater ထဲထည့် အပူပေးပြီးတာနဲ့ ကိုယ် Waxing လုပ်ချင်တဲ့နေရာကို လှိမ့်ဆွဲ၊ ပြီးရင် Waxing Paper လေးကပ်ပြီး ဆွဲခွာလိုက်ရုံပဲမလို့ ဘယ်သူမဆို အလွယ်တကူ သုံးတတ်စေမှာပါ။

တစ်ခါဝယ်ထားရုံနဲ့ အကြိမ်ကြိမ် စိတ်ကြိုက် Waxing လုပ်နိုင်လို့ ဆိုင်ခဏခဏသွားရတာထက်စာရင် ပိုက်ဆံကို အများကြီး သက်သာစေမှာ အသေအချာပါပဲ။
အကုန်အကျလည်း အသက်သာဆုံး၊ သုံးရတာလည်း အလွယ်ကူဆုံးဖြစ်တဲ့ Bare Beauty ရဲ့ Cartridge Wax Set လေးနဲ့ဆိုရင်တော့... Waxing အတွက် လုံးဝ စိတ်သာချလိုက်တော့နော်... 🥰 ✨
Bare Beauty Myanmar
==================
Dare to bare with Bare Beauty... 🩵
🌐 Explore to see the products - https://www.barebeautymm.com
📍 Address - 77C လမ်း၊ 32 x 32A ကြား၊ မန္တလေးမြို့။

📞 Hotline - 09888000805

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


77(A) လမ်း၊ 31x32 ကြား
Mandalay

Opening Hours

Monday 08:30 - 19:00
Tuesday 08:30 - 19:00
Wednesday 08:30 - 19:00
Thursday 08:30 - 19:00
Friday 08:30 - 19:00
Saturday 08:30 - 19:00
Sunday 08:30 - 19:00