Tun Lin Aung Hair Salon

Tun Lin Aung Hair Salon

Share

114လမ်း၊51×52ကြား
မနော်ဟရီလမ်းတောင်ဘက်၊မြရည်နန္ဒာမြို့သစ်
မန္တလေးမြို့။

28/07/2023

သည်းခံတတ်တဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ စိတ်အေးတတ်လာတယ်..

ကြင်နာတတ်တဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ နှလုံးသားသိမ်မွေ့လာတယ်..

တန်ဖိုးထားတတ်တဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ အရာရာကို တလေးတစား
လုပ်တတ်လာတယ်..

ကိုယ်ချင်းစာတတ်တဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ စာနာတတ်လာတယ် ။

ပျော်ပျော်နေတတ်တဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ ပျော်ချင်စိတ်တွေပေါက်လာတယ်..

ကြိုးစားတတ်တဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ တိုးတက်ချင်စိတ်တွေ
မွေးဖွားလာတယ်..

မေတ္တာထားတတ်တဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ မေတ္တာနဲ့နေတတ်လာတယ်..

သတိရှိတတ်တဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ အသိ သတိတွေနဲ့
နေ့ရက်တိုင်းကို ဖြတ်ကျော်တတ်လာတယ်..

ရိုးသားတဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ အစစ်အမှန်တွေကို
ထုတ်သုံးတတ်လာတယ်..

နာခံတတ်တဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ နာခံတတ်လာပြီး
အကောင်း/အဆိုးကိုခွဲခြားနိုင်လာတယ်..

စိတ်နှလုံးကောင်းတဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ သူတော်ကောင်းစိတ်တွေ
မွေးမြူလာတယ်..

#တကယ်တော့
အကြောင်းတရားကောင်းမှ
အကျိုးတရား လှတာပါ ။

Photos from Tun Lin Aung Hair Salon's post 28/07/2023

မတင်ဖြစ်တာလေးတွေ ခုမှာသတိရလို့ တင်လိုက်ပြီး☺️

Photos from Tun Lin Aung Hair Salon's post 05/07/2023

တစ်ဆိုင်လုံး ဒီနေ့အမှတ်တရပုံလေး တစ်ချို🥰🤭
အရမ်းပျော်ခဲ့ရပါတယ်

30/06/2023

လူရယ်လို့ ဖြစ်လာရင်..
သင့်ကို အားကျတဲ့လူ ရှိသလို၊ အမြင်ကပ်တဲ့လူလည်းရှိမယ်။
သင့်ကိုမနာလိုတဲ့ လူရှိသလို၊ အထင်သေးတဲ့လူလည်းရှိမယ်။
ဒါ ဖြစ်လေ့ဖြစ်ထ သဘာ၀ပါ။
သင်ဘယ်လောက်ပဲ ကောင်းအောင်လုပ်လုပ်
သင်ဘယ်လောက်ပဲ အနှစ်နာခံ ကျိုးစားကျိုးစား..
လူတိုင်းကို ကျေနပ်အောင်တော့ သင်မစွမ်းဆောင်နိုင်ပါဘူး၊
ဒါကြောင့်မို့လို့၊ သူများအကြိုက်ကိုဆောင်ဖို့
သင့်ရဲ့ပင်ကိုယ်တန်ဖိုးကို အထိခိုက်မခံပါနဲ့။
သင့်ခံယူချက်အပေါ် သင်ကာကွယ်သင့်ပါတယ်။

သိထားဖို့က
သူများပါးစပ်ဖျားပေါ်က သင် ဟာ
ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ
သင်အစစ်အမှန် မဟုတ်ပါဘူး။

လူဆိုတာ.
မျက်စိချင်းတူသော်ငြားလည်း၊ အမြင်ချင်း မတူပါဘူး၊
နားပေါက်ချင်းတူသော်ငြားလည်း၊ ကြားပုံချင်းမတူပါဘူး၊
ပါးစပ်ချင်းတူသော်ငြားလည်း၊ ပြောဆိုပုံချင်း မတူပါဘူး၊
ဦးနောက်ချင်းတူသော်ငြားလည်း၊ အယူအဆချင်းမတူနိုင်ပါဘူး၊
လူချုင်းတူသော်ငြားလည်း၊ အသက်ရှင်နေထိုင်ပုံချင်း မတူပါဘူး၊

ဒီအတွက်ကြောင့်.
သင်ဘယ်လောက်ပဲ ထူးချွန်ထူးချွန်၊ နားလည်တဲ့လူနဲ့ တွေ့ဦးမှ
သင်ဘယ်လောက်ပဲ ပေးဆပ်ပေးဆပ်၊ ကျေးဇူးတင်တတ်တဲ့လူနဲ့ တိုးဦးမှ..
သင်ဘယ်လောက်ပဲ ရိုးသားရိုးသား၊ သံသယ နည်းတဲ့လူနဲ့ ဆုံဦးမှ...
သင်ဘယ်လောက်ပဲ နှိမ့်ချ နှိမ့်ချ၊ တန်ဖိုးထားတတ်တဲ့လူနဲ့ ကြုံဦးမှ

နောက်ဆုံးတော့
သိတာလည်း အားလုံးမပြောနဲ့
မြင်တာလည်း အားလုံးမယုံနဲ့.
သင်ဘယ်သူ့ကို ဘယ်လောက်ချစ်တယ်ခင်တယ်ပဲ ဆိုဆို
ကိုယ့်အတွက် အသက်ရှင်ဖို့ လည်းမမေ့ပါနဲ့.။

12/06/2023

"တပည့် ( ၄ ) မျိုး"

၁။ ဆရာဖြစ်သူရဲ့အတင်းအဖျင်းကို အရသာခံပြောတတ်တဲ့ အရှက်မဲ့ကျေးဇူးမသိတတ်သော
#တင်းပည့်။

၂။ အတတ်ပညာလေး မတောက်တစ်ခေါက်စုံလာတော့
ဆရာကိုယှဉ်ပြိုင်အံတု နေရာယူဖို့ကြိုးစားတတ်သော
#တုပည့်။

၃။ အရာရာမှာ အလိုက်သိတာဝန်ကျေပြီး ၊ ပညာကိုသာ အလေးထားဆည်းပူးသင်ယူသဖြင့် ဆရာဖြစ်သူ၏ ချီးမြှောက်ပသမှုခံယူရသော
#သပည့်။

၄။ အနေအထိုင်ပိရိ၊ ပညာလည်းကြိုးစား၊ ဆရာသမား၏ကွယ်ရာမှာကော ရှေ့မှာပါ စိတ်ချရသဖြင့် အမြဲတသတမ်းတနေရမည့်
#တပည့်။

ဤတပည့် လေး မျိုးထဲမှာ (၁) နဲ့ (၂) တပည့်တွေက မက္ခပလာပ ကျေးဇူးတရားဖျက်စီးစော်ကားသူတွေ ဖြစ်တာကြောင့် "သက်ရှည်လို့ဘုန်းမကြီး ဘုန်းကြီးလို့သက်မရှည်" ဖြစ်တတ်တယ် ရှောင်ကြဉ်ကြ။

နံပါတ် (၃) (၄) တပည့်မျိုးတွေဖြစ်အောင် အကောင်းဆုံးပြုပြင်နေထိုင်ကြ။

ကိုယ်ကတပည့်ကောင်းဖြစ်ခဲ့ဖူးမှ နောင်တစ်ချိန်မှာ ဆရာကောင်းပြန်ဖြစ်နိုင်တယ်။

ဥုးမဟောသဓာပဏ္ဍိတာလင်္ကာရ
(အမေရိကန်၊သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ပိဋကတ်တိုက်မှူးဟောင်း) စာချရင်းပြောခဲ့ဖူး တဆင့်ကြားဖူးသည်ကား
စစ်ကိုင်းသက်တော်ရှည်ရွှေဟင်္သာ
ဆရာတော်ကြီးသြဝါဒပါ ...

#အရှင်ဣန္ဒာသိရီ(မန္တလေး)ပြန်လည်မျှဝေပါသည်..DNTZ

Photos from Tun Lin Aung Hair Salon's post 10/06/2023

🙋ဆံပင်ပံုအတိုကို လိုက်တဲ့ပုံ‌ညှပ်ပေးခိုင်လို့💇 ညှပ်ပေးထားသာ အရမ်းလှပြီး ဆံပင်ကေ ကြိုက်သွားတဲ့ ချစ်မလေး🧏 ဆိုင်ကိုလာရောက်အားပေးတဲ့အတွက် ကျေး‌ဇူးပါ ဒီထက်မက အလှတရားတွေတိုးပါစေရှင့်🥰💁
#ထွန်းလင်းအောင်hairdressing ဆိုင်မှာအားလုံးကို နွေးထွေးစွာကြိုဆိုလျှက်ပါရှင့်🙋

04/06/2023

ရှောင်နေလိုက်ပါ မိတ်ဆွေ ....

သူ့စိတ်ဓါတ်ကို ကိုယ်သိရပြီ ဆိုရင်
တိုက်ရိုက် သွားမပြောနဲ့ ။
မသိသလို နေပေးပြီးတော့
နောက်ဆို ကိုယ်က ရှောင်နေလိုက်ပါ ။

သူ့အကျင့်ကို ရိပ်မိနေပြီမလား ?
သွားပြီး ပေါက်ကွဲမပြနဲ့ ။
မသိသလို နေပေးပြီး
နောက်ဆို ကိုယ်က ဆင်ခြင်လိုက်ပါ ။

နင်က ဘယ်လို ငါက ဘယ်လို ဆိုပြီး
စကားလုံးတွေနဲ့ စစ်တိုက်နေဖို့ မလိုပါဘူး ။

ရိုးသားချင်ယောင်ဆောင်နေတဲ့ သူ့အကြောင်းကို
ကိုယ်က နားလည်နေပြီမလား ?

ဆက်ပြီး အပေါင်းအသင်း မလုပ်နဲ့ ။
တဖြည်းဖြည်း ရှောင်နေလိုက်ပါ ။
ရှေ့ဆက်သွားရင် ကိုယ့်ကိုပါ
ထိခိုက်စေနိုင်တာမို့ပါ ။

တစ်ခါတစ်လေတော့
ကိုယ်သိတဲ့ အရာတစ်ခုဟာ
ကိုယ်စိတ်ထဲမှာ မှတ်သားထားဖို့ပဲ လိုတာပါ ။
လုံးဝ မပတ်သက် မဆက်ဆံရဘူးလို့
မပြောလိုဘူး ။

မဖြစ်သာလို့ ဆက်ဆံနေရအုံးမယ် ဆိုရင်လည်း
ကိုယ်ပေါင်း စိတ်ခွာနဲ့ ပေါင်းသင်းနိုင်ပါတယ် ။

ရိုးသားချင်ယောင်ဆောင်
သဘောကောင်းသလို ဟန်ပြ
ကွယ်ရာမှာ နောက်ကောက်ချနင်း
ကိုယ့်ရဲ့ မကောင်းသတင်းကို
အလံတလူလူ လို လေလွှင့်

ခွင့်ရရင် ရသလို ဖဲ့ညှစ်
အရာရာကို သူ့အပြစ် မဟုတ်ဘူးလို့
ဟန်ဆောင်ကာ မျက်နှာဖုံး စွပ်ထားတဲ့ လူမျိုးကို
ဒီတစ်သက် သင်တွေ့ဆုံခဲ့ရင်
ကင်းနိုင်သလောက် ရှောင်ဖယ်ကာ နေလိုက်ပါ ။
#ဘဝရဲ့ခရီးသည်
Crd..

Photos from Tun Lin Aung Hair Salon's post 04/06/2023

နောက်ကျမှသိရတဲ့ ဘဝသင်ခန်းစာများ 💯

Photos from Tun Lin Aung Hair Salon's post 31/05/2023

အရင်ကလုပ်ထားသာတွေ ပျက်ကျပြီး ပျက်စီနေတဲ့ ဆံပင်ကို ရေးဓာတ်၊အဆီးဓာတ်တွေ မရှိတဲ့ဆံပင်ကို ကာလာတွေချိန်ပြီး ရေးဓာတ်အဆီဓာတ်သွင်းပေးဖြစ် အမ‌က ဆံပင်လေးကြည့် ကျေနပ်နေလို့ပျော်မိ☺️🤭🤗

12/05/2023

စာလေကိုသေချာလေး ဖတ်သွားပါ friတို့‌ေတွ တစ်စုံတစ်ခုရမယ်ဆိုတာ ယုံကြည်ပါတယ်

“ မမေးဘဲ မပြောနဲ့ ”

ဘယ်လောက်သန့်ရှင်းတဲ့ ဆံပင်ဖြစ်နေပါစေ။ စားစရာထဲ ရောက်သွားရင် ရွံစရာဖြစ်သွားတယ်။ အဲ့ဒီစားစရာတွေကို ဘယ်သူမှ မစားချင်တော့ဘူး။

ဘယ်လောက်အဖိုးတန်တဲ့ဖိနပ်ဖြစ်ဖြစ် ဘယ်သူက ခေါင်းမှာ ပန်းရိုးထုံးစံရှိလို့လဲ။ ဖိနပ်ဆိုတာ ခေါင်းမှာ ပန်ဆင်စရာ ပစ္စည်းမှ မဟုတ်တာကိုး။

သဘောကတော့ အရာအားလုံးဟာ သူ့နေရာနဲ့သူရှိရမယ်၊ နေတတ် ထိုင်တတ်ရမယ်၊ ကိုယ့်နေရာ ကိုယ်သိရမယ်ဆိုတာပဲ။

အလုပ်လုပ်တဲ့အခါ စည်းနဲ့ကမ်းနဲ့ လုပ်ရမယ်။ စကားပြောတဲ့အခါ စည်းရှိကမ်းရှိပြောရမယ်။ ရမ်းမပြောနဲ့။ တစ်ခုခု ထလုပ်တော့မယ်ဆိုရင် ကြိုတင်မတွေးထားဘဲ ဘာအလုပ်မှ မလုပ်နဲ့။

ပတ်ဝန်းကျင်ဆိုတာ ကျွန်တော်တို့ကို အမြဲစောင့်ကြည့်နေတတ်တဲ့ မုဆိုးတစ်ယောက်နဲ့ တူတယ်။ ဒါကြောင့် ကိုယ့်နေရာနဲ့ကိုယ် နေတတ်အောင် နေပါ။ စကားကို မေးလာမှ ပြောပါ။ အလုပ်ကို တွေးပြီးမှ လုပ်ပါ။

“ ဘဝကို စည်းနဲ့ဘောင်နဲ့မနေနဲ့၊ စည်းနဲ့ကမ်းနဲ့ နေပါ။ ”
.............

ဓာတ်ပုံစာသားသည် ဆရာမကြီး ခင်ဆွေဦး၏ ဒဿနာကို လေးစားသမှုပြုကာ ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါသည်။

12/05/2023

ဟုတယ်မလား🤭😜

Photos from Tun Lin Aung Hair Salon's post 06/05/2023

🙋ကာလာလေးလာချိန်တဲ့ညီမလေး💁 အရမ်းကြိုက်သွားလို့ 🥰ပျော်နေမိ🥰🤭
🧏ဆိုင်ကနေ စိတ်ကျေနပ်မှုရှိမှာ ပြန်ရမယ်နော်😺
💁ပေးလိုက်ရတဲ့ငွေနဲ့💸 ပြန်ရလိုက်ရတဲ့ အလှအပက💇💆တန်နေရပါမယ်နော်😺သဲလေးတို့🥰🤗🤭

Want your business to be the top-listed Hair Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address


Mandalay