Cowdeys DHA Omega-3 Salmon Oil

Cowdeys DHA Omega-3 Salmon Oil

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Cowdeys DHA Omega-3 Salmon Oil, Health/Beauty, Mandalay.

Photos from ဒေါက်တာဖြိုး ကလေးကျန်းမာ's post 28/03/2026
05/03/2026

📌ဓာတ်ဆားကို ဘယ်အချိန်မှာ တိုက်သင့်လဲ?
•••••••••••••••••••••••••••••••••••••••••••••••
ကလေးဝမ်းပျက်ရင် Probiotics အထုပ်လေးတွေပဲတိုက်နေကြပြီး ဓာတ်ဆားတိုက်ဖို့မေ့နေကြလို့ ဒီဆောင်းပါးကိုရေးပါတယ်ရှင်။

၅နှစ်အောက်ကလေးများတွင်ဝမ်းပျက်ဝမ်းလျှောဖြစ်ရသောအကြောင်းရင်းများအကြောင်းကို အရင်ဆုံးရေးသားပေးချင်ပါတယ်။

💠ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်ပိုးများကူးစက်ခံရခြင်း

Parasites ခေါ် ကပ်ပါးကောင်များနှင့် နဲ့ မှိုရောဂါ
ကျန်းမာရေးနှင့်မညီညွတ်သောအပြုအမူများ
အထူးသဖြင့် နို့ဘူးသောက်တဲ့ကလေးငယ်တွေမှာ နို့ဘူးကိုအသုံးပြုပြီး သေချာသန့်စင်ဆေးကြောမှုမပြုမိခြင်းကြောင့် ဝမ်းပျက်တာပိုဖြစ်လွယ်ပါတယ်။ ကလေးဖြည့်စွက်စာစားချိန်မှာ ပန်းကန်ခွက်ယောက်သန့်ရှင်းမှုလိုအပ်ခြင်းနဲ့အသားငါးတွေကို သန့်ရှင်းလတ်ဆတ်စွာမကိုင်တွယ်ခြင်းတို့ဆိုရင်လည်း ဝမ်းပျက်တတ်ပါတယ်။ ဒါ့အပြင်ရေကိုကျိုချက်ပြီးမသောက်သုံးခြင်း၊ Toddlers အရွယ် မတ်တပ်ပြေးကလေးများဟာ ဆော့ကစားပြီး အညစ်အကြေးတွေကိုင်တွယ်ပြီးတဲ့အချိန်၊ ဝမ်းသွားပြီးချိန် ၊ အစားမစားခင်အချိန်များမှာ လက်မဆေးခြင်းစတဲ့အပြုအမူတွေကြောင့်လည်း ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ပါတယ်။

💠ကလေးများဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ ဓာတ်ဆားရည်တိုက်ရာတွင် သိထားသင့်သောအချက်များ

ကလေးများမှာ ဝမ်းပျက်ဝမ်းလျှောရောဂါဟာ အလွန်အဖြစ်များတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ ကလေးဝမ်းပျက်တဲ့အခါ ဝမ်းအရည်များသွားခြင်းနဲ့အတူ အော့အန်ခြင်းပါတွဲဖက်နေတတ်ပါတယ်။

💠မိဘများမဖြစ်မနေသိသင့်သော ရေဓာတ်ဆုံးရှုံးမှုဆန်းစစ်ခြင်း

ကလေးငယ်တစ်ဦးဝမ်းပျက်တဲ့အခါ ရေဓာတ်ဆုံးရှုံးမှုရှိမရှိကို ဆန်းစစ်ရပါတယ်။ ရေဓာတ်ဆုံးရှုံးမှုမရှိသောအခြေအနေမှာ အောက်ပါအချက်များပါဝင်ပါတယ်။

▪️ကလေးဟာ နို့ကောင်းကောင်းစို့နေခြင်း
▪️လန်းဆန်းနေခြင်း
▪️မျက်ကွင်းချိုင့်မှုမရှိခြင်း
▪️ရေကိုလည်းပုံမှန်ပဲသောက်ခြင်း
▪️အရေပြားကို လက်ညှိုး၊လက်မနဲ့ဆွဲကြည့်တဲ့အခါ လျင်မြန်စွာပြန်ကပ်သွားခြင်းများ စသည်တို့ဖြစ်ပါတယ်။

ဒီလိုအခြေအနေဆိုရင် အိမ်မှာစနစ်တကျပြုစုကုသလို့ရပါတယ်။ ဝမ်းတစ်ခါသွားပြီးတိုင်းမှာ
အသက် ၂နှစ်အောက် - အရည် 50-100ml
၂နှစ်မှ ၁၀နှစ် - အရည် 100~200ml တိုက်သင့်ပါတယ်။

💠တိုက်သင့်သောအရည်များ

▪️ORS - Oral Rehydration Salt ဓာတ်ဆား
▪️မိခင်နို့
▪️ကြက်စွပ်ပြုတ်/ ဟင်းရွက်စွပ်ပြုတ်
▪️ဒိန်ချဉ်
▪️အုန်းစိမ်းရည်
▪️အချိုမပါသောအသီးဖျော်ရည်လတ်လတ်ဆတ်ဆတ်များ စသည်တို့ဖြစ်ပါတယ်။

💠နောက်တစ်ခုကတော့ ကလေးဟာ ဝမ်းသွားပြီးရေဓာတ်ဆုံးရှုံးမှုလက္ခဏာအနည်းငယ်ရှိတဲ့အခြေအနေပါ။ ဒီလိုအခြေအနေမှာ ဆေးရုံ/ဆေးခန်းကို မဖြစ်မနေသွားရောက်ပြသရမှာပဲဖြစ်ပါတယ်။

▪️ဝမ်းသွားနေတဲ့ကလေးဟာ
▪️ဂဏာမငြိမ်ဖြစ်နေခြင်း
▪️စိတ်မကြည်မလင်နေခြင်း
▪️မျက်တွင်းချိုင့်နေခြင်း
▪️ရေကိုအငမ်းမရသောက်ခြင်း
▪️ဗိုက်အရေပြားကို လက်ညှိုး လက်မနဲ့ဆွဲပြီး ပြန်လွှတ်တဲ့အခါ အရေပြားက ဖြည်းညှင်းစွာကပ်သွားခြင်း စတဲ့အခြေအနေတွေရှိရင် ရေဓာတ်ခမ်းခြောက်မှုအနည်းငယ်ရှိတယ်လို့သတ်မှတ်နိုင်ပါတယ်။ ဆရာဝန်ပေးတဲ့ဆေးကုသမှုကို သေချာခံယူရမှာဖြစ်ပါတယ်။

💠ဝမ်းလျှောတဲ့ကလေးကို ဓာတ်ဆားရည်တိုက်တဲ့အခါ သိသင့်တဲ့အခြေခံအချက်များ

ဝမ်းပျက်နေတဲ့အချိန် ရေဓာတ်ဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းဖို့တိုက်ရတဲ့ဓာတ်ဆားဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ World Health Organization (WHO)မှ သတ်မှတ်ထားတဲ့အချိုးအဆ (Formula)နဲ့အညီ ဖော်စပ်ထားတဲ့ ဓာတ်ဆားထုပ်မျိုး ဖြစ်ရပါမယ်။

💠ဖျော်စပ်နည်း

ဓာတ်ဆားထုပ်တွေမှာ ဖျော်ရမယ့်ရေပမာဏကို ရေးထားပါတယ်။ ရေ 1000ml သို့မဟုတ် 200ml စသဖြင့် ဖျော်ရမယ့် ပမာဏရှိပါတယ်။ အဲဒီအချိုးအစားအတိုင်း တိကျစွာဖျော်ဖို့အရေးကြီးပါတယ်။ သေချာမသိရင် ဝယ်ယူထားတဲ့ဆေးဆိုင်ကို ပြန်မေးသင့်ပါတယ်။ အချိုးအစားမှားပြီးဖျော်မိရင် ကလေးကိုကုသမှုမှာ ထိရောက်မှုမရှိပါဘူး။ ဒါ့အပြင် 1000ml နဲ့ဖျော်ရမှာကို 200ml နဲ့ဖျော်မိတဲ့အခါ ဆားဓာတ်တွေများသွားတာမျိုးဖြစ်နိုင်ပါတယ်။

💠လသားကလေးဝမ်းလျှောရင်ရော ဓာတ်ဆားတိုက်လို့ရလား?

အသက် ၆လအထိ ကလေးကို မိခင်နို့တစ်မျိုးတည်းတိုက်ရမယ်လို့ သိထားကြတဲ့အတွက် လသားကလေးဝမ်းပျက်တဲ့အခါ ဓာတ်ဆားတိုက်လို့ရမရ ဇဝေဇဝါဖြစ်ကြပါတယ်။ တကယ်က ဝမ်းပျက်တဲ့အခါမှာတော့ ဓာတ်ဆားရည်တိုက်လို့ရပါတယ်။ WHO Formula အသစ်ဓာတ်ဆားဆိုရင် ပိုမိုသင့်တော်ပါတယ်။

📌မိဘများသတိထားသင့်တာက ဓာတ်ဆားဖျော်တဲ့အခါ ရေ 1000ml နဲ့ဖျော်ပြီးရင် မကုန်မှာကို နှမြောကြတဲ့အတွက် ဓာတ်ဆားတစ်ထုပ်ကို နှစ်ခါ၊သုံးခါ ခွဲဖျော်တာမျိုး မြင်ဖူးပါတယ်။ အဲဒီလိုလုပ်တာဟာ မှားယွင်းပါတယ်။ ဓာတ်ဆားတစ်ထုပ်လုံးကို ရေသန့် 1000ml နဲ့ တခါတည်းဖျော်ရမှာဖြစ်ပါတယ်။ ဓာတ်ဆားရည်ကို ဖျော်ပြီး ၂၄နာရီအတွင်းသာ တိုက်ရမှာဖြစ်ပြီး ၂၄နာရီကျော်တာနဲ့ လွှင့်ပစ်ရမှာဖြစ်ပါတယ်။

💠ကလေးကိုဓာတ်ဆားဘယ်လိုတိုက်မလဲ?

▪️ဇွန်း သို့မဟုတ် ခွက်လေးနဲ့တိုက်ပေးရမှာပါ။ နို့ဘူးထဲထည့်မတိုက်သင့်ပါဘူး။ ကလေးငယ်လွန်းရင် ဆေးထိုးအပ်ကို အပ်ခေါင်းဖြုတ်ပြီး စုပ်ပါ။ ပြီးရင် အစက်ချတိုက်ပေးလို့ရပါတယ်။
▪️၂နှစ်အောက်ကလေးများကတော့ လက်ဖက်ရည်ဇွန်းနဲ့ နည်းနည်းစီတိုက်ပါ။ ကလေးကြီးများကိုတော့ ခွက်နဲ့ပဲသောက်ခိုင်းလို့ရပါတယ်။ အန်တဲ့အခါ ၅-၁၀မိနစ်ပြန်စောင့်ပြီးမှ နည်းနည်းစီနဲ့ ဖြည်းဖြည်းချင်းပြန်တိုက်ပေးပါ။

📌အထူးသတိပြုဖို့ကတော့
ကလေးများဝမ်းပျက်တဲ့အခါ ဝမ်းပိတ်ဆေးများမတိုက်ရပါဘူး။ရေဓာတ်ဆုံးရှုံးမှုရှိတာနဲ့ ဆေးရုံ၊ဆေးခန်းပြရပါမယ်။

ဓာတ်ဆားဆိုတာ ကလေးများဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း၊ အော့အန်ခြင်းများကြောင့် ရေဓာတ်ခန်းခြောက်တဲ့ အန္တရာယ်ကနေ အဓိကကယ်တင်ပေးနိုင်တဲ့ အရာဖြစ်ပါတယ်။ ဒါကြောင့် မှန်ကန်စွာ တိုက်ကျွေးနိုင်ဖို့အတွက် အခြေခံကျပါတယ်။ ဓာတ်ဆားကသာ အသက်ကယ်ပေးနိုင်မှာဖြစ်ပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)မာမီ

✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်။

Photos from Cowdeys DHA Omega-3 Salmon Oil's post 07/02/2026

Salmon oil Omega 3 DHA လေးကအရပ်ကောရှည်စေလား?
အရပ်ရှည်ဆေးမဟုတ်ဘူး❌ဒါပေမယ့် အစားအသောက်အားကောင်းစေတဲ့အတွက် ကလေးတွေထွားမြန်မယ်ကျန်းမာသန်စွမ်းမယ်ဉာဏ်ရည်လဲတိုးစေပါတယ် ပြီးတော့တခြားကောင်းကျိုးတွေရရှိစေမှာဖြစ်ပါတယ်ရှင့်😊

27/01/2026

ကဲ 🎉🎉ပစ္စည်း လက်ကျန်လေးလည်း ဒါပဲ ရှိတော့တာမို့ လက်ဦးသူပဲ ရပါမယ်ရှင့်

ဒီစျေးနဲ့ ဒီတခါပဲရတော့မှာမို့ အမြန်လေး လာဝယ်ထားပါနော်

Cowdeys Salmon oil(1)ဘူး-35000ကျပ်ဖြင့် ပစ္စည်းလက်ကျန်လေး ရှိသလောက် ရောင်းပေးနေပါတယ်ရှင့်

ထပ်ဝင်ဖို့လည်းအချိန်လေး ကြာမှာမို့ ပစ္စည်း လက်ကျန်လေးရှိတုန်း ဝယ်ထားပါနော်

17/01/2026
16/01/2026
13/01/2026

Salmon Oil ငါးကြီးဆီလေး အရေအတွက် အနည်းငယ်သာကျန်ပါတော့တယ်နော်
မှာယူမယ်ဆို Cbမှာ အမည် ၊ဖုန်း၊ လိပ်စာ ချန်ထားပေးပါနော် 😍😍

ပုံမှန်ဈေး ၄၉,၀၀၀ ကျပ် လက်ရှိ #ပရိုမိုးရှင်းဈေး ၃၅,၀၀၀ ကျပ်ပါရှင့်
Exp dateလေးကတော့ 11.3.2026 ပါရှင့်

~ဖုန်း- 09256203578 , 09798372840
DHA Salmon oil Omega-3

Photos from Cowdeys DHA Omega-3 Salmon Oil's post 10/01/2026

Salmon oilဘူးရှိသလောက်လေးပဲ ရမယ့် အခွင့်အရေး

Dateလေးလည်း နီးနေလို့ လိုအပ်သူများအတွက်လျော့စျေးပရိုမိုးရှင်းလေးနဲ့ ရောင်းပေးပါမယ်ရှင့်
(11-3-2026)dateလေးပါနော်

Cowdeys Salmon oil(1)ဘူး-35000ကျပ်ဖြင့် ပစ္စည်းလေး ရှိသလောက် ရောင်းပေးနေပါတယ်ရှင့်
ဘူးအများကြီး မရှိလို့ မြန်မှရပါမယ်နော်

ဒါလေး ကုန်ရင်တော့ ပစ္စည်းလည်း မရှိသလို ပစ္စည်းအဝင်လေးလည်း ကြာပါအုံးမယ်ဒီစျေးနဲ့လည်း မရတော့ပါဘူးနော်

ကဲ တန်နေတုန်းလေး အမြန် လာဝယ်ထားတော့နော်

Cowdeys DHA Salmon oil Omega-3

25/12/2025

🎄Merry Christmas 🎄

20/12/2025

Salmon oil တိုက်ကျွေးတဲ့ ကလေးမေမေဆီက Review လေး ✨🤩
Cowdeys Salmon oilကိုယုံယုံယုံကြည်ကြည်နဲ့ တိုက်ကျွေးပေးတဲ့အတွက် ကျေးဇူးပါ မေမေ 🙏🏼💖. 🙏🏼💖.

---------------------------------------

17/12/2025

Salmon Oil ငါးကြီးဆီလေး အရေအတွက် အနည်းငယ်သာကျန်ပါတော့တယ်နော်
မှာယူမယ်ဆို Cbမှာ အမည် ၊ဖုန်း၊ လိပ်စာ ချန်ထားပေးပါနော် 😍😍

~ဈေးနှုန်း- ၄၉,၀၀၀ ကျပ် (၃၀လုံး ပါဝင်ပါတယ်)
~ဖုန်း- 09256203578 , 09798372840
DHA Salmon oil Omega-3

14/12/2025

Cowdeys Salmon Oil ငါးကြီးဆီ Review ✨🤩
သောက်သူတိုင်းကို စိတ်ချမ်းသာစေချင်တာ Cowdeysရဲ့ဆန္ဒမွန်ပါရှင့်🙏🙏🙏
---------------------------------------

Category

Website

Address


Mandalay

Alerts

Be the first to know and let us send you an email when Cowdeys DHA Omega-3 Salmon Oil posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Mandalay.