Eagle Fitness Gym
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Eagle Fitness Gym, Health/Beauty, အမရပူရ မန္တလေး, Mandalay.
19/01/2026
Eagle Gym🦅🦅
လွန်းထိုးတောင်တက်ခရီးစဉ်လေး🧗🏻♀️🧗🏻♂️🧗🏻♂️
18.1.2026
01/01/2026
အမျိုးသမီးများ ဘယ်အရွယ်မှာ
GYM ကစားသင့်လဲ❓
1️⃣ အသက် 14 နှစ်အရွယ်မှာ
မိမိရဲ့ ခန္ဒာကိုယ် ဖွံ့ထွားလှပနေဖို့အတွက်
ဒီအရွယ်မှာ GYM စကစားသင့်ပါတယ်
2️⃣ အသက် 20 အရွယ်
ဒီအရွယ်က လှသွေးကြွယ်တဲ့အချိန်
ဒါပေမဲ့ အလှတွေတော့ မပြည့်စုံသေးပါဘူး
ဒီ 20 အရွယ်မှာ လေ့ကျင့်ခန်းတွေ
တစ်စိုက်မက်မက် လုပ်ပါက
အလှတွေပြည့်စုံလာမှာ သေချာပါတယ်
3️⃣ အသက် 25 အရွယ်
ဒီအရွယ်က စတင်တည်ငြိမ်လာတဲ့အရွယ်ပါ
ဘာလုပ်လုပ်တင့်တယ်နေတယ်ဆိုရင်
မမှားပါဘူး
ဒီအရွယ်တွေက GYM မှာပြင်းပြင်းထန်ထန် လေ့ကျင့်နိုင်တဲ့အရွယ်တွေပါ
ဒီအရွယ်မှာ သင်ဟာ GYM မှာ
သေချာလေ့ကျင့်ထားရင် သင့်ရဲ့
ကျန်းမာ သန်စွမ်းမှုက ရေရှည်အတွက်
ကောင်းကျိုးတွေဖြစ်လာမှာပါ
4️⃣ အသက် 30 အမျိုးသမီးတွေအတွက်
အလွန်အရေးပါတဲ့ အရွယ်ရောက်နေပါပြီ
အသက် 30 ကျော်လာရင်
အမျိုးသမီးအများစုဟာ အကျပိုင်းကို
ရောက်လာတော့မှာပါ
စိတ်ဓာတ်တွေ ခံနိုင်ရည်အားတွေ
လေ့ကျင့်မှုတွေနဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာတွေက
စတင်လျော့ရဲလာမှာပါ
ဒီအရွယ်မှာ သင်ဟာ လေ့ကျင့်ခန်းတွေ
မထိန်းထားရင် ရုပ်ပိုင်းဆိုင်ရာ
အကျမြန်လာမှာ သေချာပါတယ်
5️⃣ အသက် 40 အရွယ်အမျိုးသမီးတစ်ယောက်
အတွက်အရေးပါဆုံးအရွယ်ပါ
ဒီအရွယ်မှာ အမျိုးသမီးတိုင်းရဲ့ဖြစ်စဉ်က
အရိုးတွေ ပွလာတာတွေ့ရမှာပါ
အရိုးတွေပွလာမယ် လေးလံလာမယ်
အလိုလိုနေရင်း ဒေါသတွေစဖြစ်လာမယ်
ဒီလိုအရွယ်တွေမှာ လေ့ကျင့်ခန်းလုပ်ပါ
ဘယ်လိုလေ့ကျင့်ခန်းတွေလဲ❓
** ဖြည်းဖြည်းနဲ့ မှန်မှန်လေးလုပ်ပါ
ဇွဲရှိရှိနဲ့ အချိန်ယူတည်ဆောက်ပါ **
6️⃣ အသက် 50 အရွယ်
ဒီအရွယ်အမျိုးသမီးတွေက ကျွန်မတို့
နိုင်ငံမှာဆို အလွန်အရွယ်ကျတဲ့
အသက်အရွယ်ပါ
စိတ်ဓာတ်တွေကျမယ်
ခန္ဒာကိုယ်က လျော့ရဲလာမယ်
ဘာမှလုပ်ချင်ကိုင်ချင်စိတ်တွေမရှိတော့ဘူး အလိုလိုနေရင်း ဒေါသတွေဖြစ်လာမယ်
အရာရာကို စိတ်တိုင်းမကျဖြစ်နေတတ်တယ်
ဒါတွေမဖြစ်အောင်
ဘယ်လိုကာကွယ်နိုင်မှာလဲ❓
အရိုးရှင်းဆုံးနည်းလမ်းတွေက... ⏬
▪ လေ့ကျင့်ခန်းတွေလုပ်ပါ..
▪ GYM ကစားပါ..
▪ လမ်းလျှောက်ပါ..
▪ တရားထိုင်ပါ..
▪ စိတ်ကိုကြည်အောင်ထားပါ..
▪ မနာလိုစိတ်တွေကင်းအောင်နေပါ...။
Credit
...
...
မဂ်လာ မနက်ခင်းလေးမှာ
အကြောလျော့ လေ့ကျင့်ခန်းများ ပြုလုပ်
25/12/2024
ပီတိဖြာမိတာလေးကို
ကျနော်ရဲ့အောင်မြင်မှု့လို့
ကျနော်သတ်မှတ်ပါတယ်
မေမေက Eagle gym မှာ လာကစားပါတယ်
အမြင်ရှိတဲ့ မိဘဆိုတော့ သားလေးကိုပါ
ခေါ်ပြီး လာကစားပါတယ်
ပြီးတော့ ယုံကြည်မှု့အပြည့်နဲ့
သားလေးကို ပွဲထုတ်ကြည့်တယ်
ပွဲဦးထွက်လေးမှာ good luck 👍
ပြီးတော့ မေမေလည်း ကျန်းမာလှတိုး😊👍
Eagle Fitness Gym ကို လာရောက်ကစားကြတဲ့
သူတွေ ဝမ်းသာပီတိဖြစ်တာ တွေ့ရရင်
ကျနော်က ဝမ်းသာပီတိဖြစ်လျှက်ပါ ခင်ဗျာ💗
ခန္ဓာကိုယ်ကို
-ဝိတ်အမြန်ကျစေဖို့ အတွက် ဖိအားမပေးပါ
-ကြွက်သားတွေ အမြန်ထွက်စေဖို့အတွက်
ဖိအားမပေးပါ
-အဆီများ အမြန်ကျစေဖို့အတွက် ဖိအားမပေးပါ
-ဆေးဝါးများနဲ့ ဖိအားမပေးပါ
ကျန်းမာရေးကို ပထမဦးစားပေးပြီး
လေ့ကျင့်ပေးပါသည်
Eagle Gym
25/11/2024
အသက် 24 နှစ်ကတည်းက ခါးနာနေခဲ့တဲ့
အသက်31 နှစ် အရွယ် အမျိုးသမီး တစ်ယောက် ဟာ
ကျနော့်ဆီ Gym လာကစားပါတယ်
သိပ်မကြာခင်မှာပဲ သူက ပြောတယ်
သူ့ ဗိုက်ကလေး ချပ်ပြီး ကျချင်တယ်တဲ့
ကျနော်လည်း သူ့ကို မေးခွန်းလေးတခု မေးလိုက်ပါတယ်
တန်ခိုးရှင်တစ်ယောက်က ညီမလေးကို
ဗိုက်ခေါက်ချပ်ပြီးကျသွားတာ ယူမလား
ခါးနာဝေဒနာပျောက်ကင်း သက်သာသွားတာ
ယူမလား မေးရင်
ညီမလေး ဘာဆုကို ယူချင်လဲလို့ မေးတော့
ခါးနာပျောက်တာ ယူမှာပေါ့တဲ့
မှန်ပါတယ် ခင်ဗျာ
ကျနော်တို့လေ့ကျင့်ခန်းလုပ်ရတဲ့ ရည်ရွယ်ချက်ထဲမှာ
လှပမှု့ထက် ပိုတဲ့ အနှစ်သာရများစွာ
အများကြီး
ရှိနေတယ်ဆိုတာ သိစေချင်လို့ပါ🤝🤝🤝
ကျေးဇူးတင်ပါတယ်ခင်ဗျာ🤗
06/11/2024
ကျန်းမာသန်စွမ်းသော ကိုယ်ခန္ဓာ
တည်ဆောက်ချင်သူများအတွက် Eagle Gym ရှိပါတယ်
ယူထားတဲ့ စျေးနှုံးနဲ့ စက်ပစ္စည်းတွေကို ကြည့်လိုက်ရင်
စေတနာတွေကိုမြင်တွေ့နိူင်သလို
အချိန်တိုအတွင်း
တိုးတတ်ပြောင်းလဲလာတဲ့ ခန္ဓာကိုယ်တွေကို ကြည့်ရင်
နည်းစနစ်ပိုင်းတွေကို သင်သိရှိနိူင်ပါလိမ့်မယ် ခင်ဗျာ
လေ့ကျင့်ခန်းလုပ်တယ်ဆိုတာကလည်း
စီးပွါးရေးလုပ်သလိုပဲ မကျွမ်းကျင်ပဲနဲ့ လုပ်ရင်
အကြွေးပါ တင်သွားသလိုမျိုး
Click here to claim your Sponsored Listing.
Category
Website
Address
အမရပူရ မန္တလေး
Mandalay
Opening Hours
| Monday | 06:00 - 19:00 |
| Tuesday | 06:00 - 19:00 |
| Wednesday | 06:00 - 19:00 |
| Thursday | 06:00 - 19:00 |
| Friday | 06:00 - 19:00 |
| Saturday | 06:00 - 19:00 |