Nay Chi Nway

Nay Chi Nway

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nay Chi Nway, Beauty, cosmetic & personal care, Mandalay.

25/03/2024

♥️♥️ကျွန်မ ဘဝမှာ ယောင်္ကျား (၃) ယောက်ကို
တစ်ပြိုင်ထဲချစ်ရမဲ့ချိန်ရှိလာလိမ့်မယ်♥️♥️

♥️ပထမ ♥️ယောက်ျားက
သမီးရေလို့ခေါ်တဲ့ ကျွန်မဖေဖေဖြစ်ပြီး

♥️ဒုတိယ ♥️ယောင်္ကျားက
မိန်းမရေလို့ခေါ်တဲ့ ကျွန်မအမျိုးသားလေးနဲ့

♥️တတိယ♥️ယောင်္ကျားက
မေမေရေလို့ခေါ်တဲ့ ကျွန်မသားလေးဖြစ်လိမ့်မယ်…🤍


#ဖေဖေ
#အမျိုးသား
#သားသား

18/03/2024

💦💦💦အုန်းဆီနဲ့ ကုသတာ✅✅

အုန်းဆီက အကြောပြတ်ရာတွေကို မြန်မြန်ဆန်ဆန်လျော့ပါးသွားအောင် ကူညီပေးနိုင်ပါတယ်။ အုန်းဆီက အနာတရတွေကို ကုသပေးနိုင်တဲ့ဂုဏ်သတ္တိရှိပြီး အရေပြားက ဒဏ်ရာတွေကို ကုသဖို့အတွက် အချိန်အနည်းငယ်သာယူရတယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။ ဘယ်လိုအသုံးပြုရမလဲဆိုရင် အကြောပြတ်ရာတွေမှာ အုန်းဆီကို တစ်နေ့ (၂) ကြိမ် လိမ်းပေးရုံပါပဲ။

18/03/2024

💧💧ရေများများသောက်ပါ။

အကြောပြတ်ရာတွေ ပေါ်ကာစဆိုရင် ဒီပျက်စီးသွားတဲ့ အရေပြားတစ်သျှူးကို အမြန်ဆုံး ပြုပြင်ဖို့ အရေပြားက ရေဓါတ်ပြည့်ဝနေဖို့ လိုပါတယ်။ ရေဓါတ်ဟာ ခန္ဓါကိုယ်ရဲ့ အပူချိန်ကို ထိန်းညှိပေးနိုင်တဲ့အပြင် ပျက်စီးနေတဲ့ ဆဲလ်တွေကိုလည်း အသစ်အတိုင်းဖြစ်အောင် ကူညီပေးတယ်။ ကော်လဂျင်ဆဲလ်ထုတ်လုပ်မှုနှုန်းကို မြှင့်တင်ပေးလို့ အသားအရေကို ဖြူစင်ဝင်းပစေနိုင်ပါတယ်။ ပြီးတော့ ရေဓါတ်ခမ်းခြောက်တဲ့ အသားအရေဟာ အကြောပြတ်ရာထင်ဖို့ ပိုလွယ်ကူတယ်ဆိုတာကိုလည်း သတိထားသင့်ပါတယ်။ ဒါကြောင့် ရေသန့်ကို တစ်နေ့ ၃လီတာခန့် အနည်းဆုံးသောက်ပေးဖို့တော့ လိုမယ်နော်။

Crd # # #

18/03/2024

♥️♥️မိန်းကလေးတစ်ယောက်ဘဝမှာ🧕🧕
📌အဓိပ္ပာယ်ရှိရှိ ရှင်သန်ဖို့
ဒါတွေကလိုအပ်ပါတယ်နော်✅✅💯

#မိန်ကလေးတို့
#ကိုယ်ကိုယ်ကိုချစ်ဖို့လိုအပ်တယ်နော်

18/03/2024

📌📌အမာရွတ်ရာတွေကြောင့်
အတိုအပြတ်မဝတိရဲသူလေးတွေကြည့်သွား✅✅

17/03/2024

ကိုယ့်ရဲ့အနာဂတ်ကလေးပါ♥️♥️♥️

17/03/2024

💥💥မဲနေတဲ့နေရာတွေ 📌📌၂ ပတ်အတွင်း📌📌
ဖြူချင်ရင်⛔⛔

17/03/2024

အကြောပြတ်ရာတွေကို တစ်တွဲထဲနဲ့သိသာ
လာခဲ့တယ်နော်♥️♥️

#အရမ်းကြိုက်

Photos from Nay Chi Nway 's post 17/03/2024

💥💥လေ့ကျင့်ခန်းလုပ်တာကြောင့်ဖြစ်တဲ့ အကြောပြတ်ရာတွေကို ဘယ်လိုကာကွယ်ကြမလဲ ⁉️

ကိုယ်ဝန်ကြောင့်၊ ကိုယ်အလေးချိန် အပြောင်းအလဲကြောင့် နဲ့ ကြွက်သားတွေတက်လာတာကြောင့်ဆိုပြီး အကြောင်းအမျိုးမျိုးကြောင့် အကြောပြတ်ရာတွေ ပေါ်လာလေ့ရှိပါတယ်။ ဒီလို ကိုယ်အလေးချိန်တက်လာတော့ ဝိတ်ပြန်ချဖို့ လေ့ကျင့်ခန်းတွေပြန်လုပ် အဲဒီမှာ တစ်ခါထပ်ပြီး အကြောကပြတ်နဲ့ သံသရာဆုံးတော့မှာ မဟုတ်ပါဘူး။ အကြောပြတ်ရာတွေဆိုတာလည်း တစ်ခါဖြစ်ဖူးရင် တစ်သက်လုံးဆက်ရှိနေမယ့်အရာတွေပါ။ အကြောပြတ်ရာတွေက ကျန်းမာရေးကို ဘာထိခိုက်မှုမှ မပေးပေမယ့် အကျည်းတန်တယ်ဆိုတာတော့ အားလုံးသိကြမှာပါ။ ဒီတော့ ဒီလို လေ့ကျင့်ခန်းလုပ်တာကြောင့်ဖြစ်တဲ့ အကြောပြတ်ရာတွေကို ဘယ်လိုကာကွယ်ကြမလဲ ။ ။

လေ့ကျင့်ခန်းလုပ်တာကြောင့်ဖြစ်တဲ့ အကြောပြတ်ရာတွေကို ဘယ်လိုကာကွယ်ကြမလဲ ။ ။
လေ့ကျင့်ခန်းလုပ်တာကြောင့်ဖြစ်တဲ့ အကြောပြတ်ရာတွေကို ဘယ်လိုကာကွယ်ကြမလဲ ဆိုတော့

ကျန်းမာရေးနဲ့ ညီညွတ်မျှတတာတွေစားပါ ။ ။

အသီးအရွက် တွေ၊ အစေ့အဆံတွေနဲ့ အဆီမပါတဲ့ အသားတွေဟာ ကျန်းမာရေးအတွက် တကယ်ကိုအကျိုးပြုတဲ့ အစားအစာတွေပါ။ အကြောပြတ်ရာတွေဖြစ်တာဟာ အရေပြားဆွဲဆန့်တာများတာနဲ့ ကော်လာဂျင်နည်းတာကြောင့် ဖြစ်တာဖြစ်တဲ့အတွက် ဗီတာမင် A၊ ဗီတာမင် C၊ ဗီတာမင် E လိုမျိုး အသားအရေအတွက်ကောင်းတဲ့ ဗီတာမင် တွေရယ် ကော်လာဂျင်များတဲ့ အစားအစာတွေရယ် စားပေးသင့်ပါတယ်။

ကိုယ်မနေတဲ့ ဝိတ်တုံးတွေရဲ့ အလေးချိန်ကို လျှော့လိုက်ပါ။ ။

လေ့ကျင့်ခန်း လုပ်တဲ့အခါ ဇောမကြီးပါနဲ့။ ဖြည်းဖြည်းချင်း တိုးပြီး လုပ်သွားပါ။ အလေးမမယ်ဆိုလည်း ဒီလိုပါပဲ။ တန်းပြီး အလေးတုံးအကြီးတွေကို မမလိုက်ပါနဲ့။ အရေပြားနဲ့ ကြွက်သားမျှင်တွေကို ဆွဲဆန့်လိုက်သလို ဖြစ်ပြီး အကြောပြတ်ရာတွေ ဖြစ်လာတတ်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပြီး အကြောလျှော့ပါ။ မလုပ်ခင်လည်း အကြောလျှော့ပါ။

လေ့ကျင့်ခန်းကို တန်းပြီးလုပ်တာထက်စာရင် လေ့ကျင့်ခန်း မလုပ်ခင် သွေးပူအောင် အရင်လှုပ်ရှားမှုလေးတွေလုပ်ပြီး အကြောလျှော့ပါ။ ပြီးမှ ကိုယ်လုပ်ချင်တဲ့ လေ့ကျင့်ခန်းကိုလုပ်ပါ။ လေ့ကျင့်ခန်း အားလုံးလုပ်ပြီးတဲ့ အချိန်မှာလည်း အကြောပြန်လျှော့ဖို့ မမေ့ပါနဲ့။ အကြောတွေတင်းနေတဲ့အခါ အရေပြားကို ရုတ်တရက် ဆွဲဆန့်လိုက်တာ၊ ကြွက်သားမျှင်တွေ ပြတ်တာဖြစ်တတ်ပြီး အကြောပြတ်ရာတွေ ပေါ်လာတတ်ပါတယ်။

ရေများများသောက်ပါ။

အသားအရေက ရေဓာတ်ပြည့်ဝနေရင်လည်း အကြောပြတ်ရာတွေ ဖြစ်နိုင်ခြေနည်းပါတယ်။ ခြောက်သွေ့နေတဲ့ အသားရေက ရေဓာတ်ပြည့်ဝနေတဲ့ အသားအရေထက်စာရင် အကြောပြတ်ရာ ဖြစ်လွယ်ပါတယ်။

အရေပြားဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

အကြောပြတ်ရာတွေ ထိန်းလိုက်မရအောင်ပေါ်လာပြီဆိုရင် ဆေးခန်းသွားပြီး ဆရာဝန်နဲ့ တိုင်ပင်ကာ tretinoin cream လိမ်းပေးလို့ရပါတယ်။ စိတ်ရှည်ရှည်နဲ့ ဖြစ်တဲ့နေရာကို ဆေးမှန်မှန် လိမ်းပေးဖို့တော့လိုပါလိမ့်မယ်။ လိမ်းဆေးတွေက ဖြစ်နေတဲ့ အကြောပြတ်ရာတွေကို အရှင်း မပျောက်စေပေမယ့် ထင်းနေတဲ့ အကြောပြတ်ရာတွေကို မှိန်စေပြီး နောက်ထပ် အကြောပြတ်ရာတွေ ထပ်ဖြစ်မလာအောင် တားဆီးပေးမှာပါ။

အသားအရေထိန်းလိမ်းဆေးတွေ သုံးပေးလို့ရပါတယ်။

လေ့ကျင့်ခန်း မလုပ်ခင်၊ လုပ်ပြီးလို့ ရေချိုးပြီးချိန် နဲ့ အိပ်ရာဝင်ချိန် တိုင်းမှာ အကြောပြတ်ရာတွေကို ကာကွယ်ပေးမယ့် လိမ်းဆေး အဆီတွေ မှန်မှန် လိမ်းပေးပါ။

အကြောပြတ်ရာတွေ နဲ့ပတ်သက်ပြီး နောက်ထပ်သိထားသင့်တဲ့အချက်တွေကတော့

အချိန် ကြာလာတာနဲ့အမျှ အကြောပြတ်ရာတွေက တဖြည်းဖြည်း မှိန်သွားပါလိမ့်မယ်။ တစ်ခုရှိတာက မှိန်ပဲမှိန်မှာပါ။ အပြီးပျောက်မှာ မဟုတ်ပါဘူး။
နေရောင်ခြည်ထဲက ခရမ်းလွန်ရောင်ခြည် တွေက အကြောပြတ်ရာတွေကို ပိုထင်းစေတဲ့ အတွက်ကြောင့် အကြောပြတ်ရာတွေ ကောင်းကောင်းမသက်သာသေးခင် နေရောင်ခြည်ကို အတတ်နိုင်ဆုံး ရှောင်ပါ။ အပြင်သွားတိုင်း နေလောင်ကာခရင်မ်လိမ်းပါ။
ကိုယ်ဝန်ကြောင့်လည်းမဟုတ်၊ လေ့ကျင့်ခန်းကြောင့်လည်း မဟုတ်ဘဲနဲ့ အကြောပြတ်ရာတွေ ပေါ်လာခဲ့ပြီ ဆိုရင် ဆရာဝန်ဆီ သွားပြီး သေချာဆွေးနွေးပါ။ အကြောပြတ်ရာတွေက အခြား ကျန်းမာရေးတွေကြောင့်လည်း ပေါ်လာတတ်ပါတယ်

Crd # #

Photos from Nay Chi Nway 's post 17/03/2024

ပေးရတာနဲ့အရမ်းကိုတန်ပီး🥰🥰
ယုံကြည်မှုအပြည့်အဝရစေတဲ့😍
အမျိုးသားရောအမျိုးသမီးပါသုံးသင့်တဲ့♥️♥️
PURE လေးပါနော်

17/03/2024

ကိုယ်ဝန်ဆောင်မေမေတွေ ကလေးမွေးပီးဖြစ်တတ်တဲ့
အကြောပြတ်ရာနဲ့ မဲညစ်နေတတွေအတွက်အရမ်းသင့်တော်တဲ့ အတွဲလေးရှိတယ်နော်

Photos from Nay Chi Nway 's post 17/03/2024

🧕🧕အမျိုးသမီးတိုင်းမှာ
ကိုယ်ပိုင်အချိန်ဆိုတာရှိရမယ်
ကိုယ့်ကိုယ်လည်းချစ်တတ်ဖို့လိုသေးတယ်နော်💯💯

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Website

Address


Mandalay